Writen by
Tachileik News Agency
8:17 PM
-
0
Comments
ဖေဖော်ဝါရီ(၃)ရက်နေ့ နံနက်(၁၀း၃၀)ခန့်က တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရက်ကွက်၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သတင်းရရှိပါတယ်။
တာချီလိတ်မူးယစ်(အထူး)အဖွဲ့မှ ရဲအုပ် မြင့်လွင် နှင့်အတူ ဒုရဲအုပ် အောင်ကျော်စိုး နှင့် မူးယစ်(အထူး)တပ်ဖွဲ့အပါအ၀င် ပူးပေါင်းဖွဲ့တို့သည် ဆန်ဆိုင်း(က)ရက်ကွက် အတွင်းရှိ နေအိမ်တစ်ခုသို့ မူးယစ်ဆေးဝါး သတင်းအရ ၀င်ရောက်ရှာဖွေစစ်ရာနေအိမ်အောက်ထပ်ရှိ အိပ်ခန်းအတွင်းမှ အမျိုးသမီးလက်ကိုင်အိတ် အညိုရောင်ထဲတွင် ထည့်ထားသော အိုက်စ် ဟု ယူဆရသည့် အဖြူရောင်ပုံဆောင်ခဲ အလေးချိန်(၁၀၀)ဂရမ်ခန့်စီပါ(၃)ထုပ်၊ စုစုပေါင်းအလေးချိန်(၃၀၀)ဂရမ်၊ Sponsor စာတမ်းပါ ဖန်ပုလင်းဖြင့်ထည့်ထားသော ဘိန်းဖြူဟုယူဆရသည့် အဖြူရောင်အမှုန့် (၂၀)ဂရမ်ခန့်ပါ (၁)ပုလင်း နှင့် Methadone HCLဟု ယူဆရသော အ၀ါရောင်ဆေးရည် (၁၅၀)မီလီလစ်တာပါ ပလပ်စတစ်ဗူး(၁)ဗူး၊ (၁၀၀)မီလီလစ်တာပါ(၁)ဗူး စုစုပေါင်း အလေးချိန်(၂၅၀)မီလီလစ်တာ တို့ကို တွေ့ရှိသိမ်းဆည်းရရှိပြီး ဆက်လက်၍ ရှာဖွေရာမှာ နေအိမ်အပေါ်ထပ်ရှိ အိပ်ခန်းအတွင်းတွင် Sponsor စာတမ်းပါ ဖန်ပုလင်းဖြင့် ထည့်ထားသော ဘိန်းဖြူဟု ယူဆရသည့် အဖြူရောင်အမှုန့်(၁၀)ဂရမ်ခန့်ပါ (၁)ပုလင်းနှင့် ရှမ်းစက္ကူဖြင့် ထုပ်ထားသော ဘိန်းစိမ်း အမဲရောင်အစေး အလေးချိန်(၁၀၀)ဂရမ်ခန့်စီပါ (၂)ထုပ် တို့အား ထပ်မံရှာဖွေသိမ်းဆည်းရမိပါတယ်။
မူးယစ်ဆေးဝါးများဖြင့် ဖမ်းဆီးရမိသူ မ.....၏ ထွက်ဆိုချက်အရ အိုက်စ်များအား မယ်ခေါင်ရပ်ကွက်အတွင်းရှိ မိတ်ဆွေတစ်ဦးထံမှ ၀ယ်ယူရရှိတာဖြစ်ကြောင်း ၀န်ခံထွက်ဆိုသောကြောင့် ဒုရဲအုပ် အောင်ကျော်စိုး နှင့် အဖွဲ့တို့သည် အဆိုပါနေအိမ်သို့ သွားရောက် ရှာဖွေဖမ်းဆီးရာ အိုက်စ်များကို ရောင်းချသူ ကို..... အား ဖမ်းဆီးရှိမိခဲ့သော်လည်း ၎င်း၏ နေအိမ်တွင် မူးယစ်ဆေးဝါးတစ်စုံတစ်ရာမှ မတွေ့ရှိခဲ့ကြောင်း သိရှိရပါတယ်။
ဆက်လက်၍ ဖမ်းဆီးရမိသော တရားခံများအား ဥပဒေအရ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပတယ်။
Social Buttons