Latest News

Dropdown Menu

Showing posts with label ကျားဖြူပါတီ. Show all posts
Showing posts with label ကျားဖြူပါတီ. Show all posts

Tuesday, January 1, 2013

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)၏ ဒုတိယအကြိမ် ပါတီညီလာခံကို တာချီလိတ်မြို့ ပါလျှံအတွင်း တရုတ်ဘုံကျောင်း မင်္ဂလာခန်းမတွင် ဇန်န၀ါရီလ(၂)ရက်နေ့မှ (၄)ရက်နေ့ထိ ပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။

ညီလာခံသို့ အဆိုပါ ပါတီမှ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ နှင့် မြန်မာတစ်ပြည်လုံးရှိ ကျားဖြူပါတီမြို့နယ်ရုံးများမှ ညီလာခံတက်ခွင့်ရ ပါတီဝင်များ အပါဝင် (၆၀၀)ကျော် တက်ရောက်လာခဲ့တာကိုတွေ့ရပါတယ်။ ညီလာခံ၏ အဖွင့်တွင် ပါတီ၏ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းမှ အမှာစကားပြောခဲ့ပါတယ်။ ၎င်း၏ ပြောကြားချက်များအနက် လွှတ်တော်ကိုယ်စားလှယ် ပါတီဝင်လူငယ်များအနေဖြင့် နိုင်ငံခြားသို့ သွားရောက်ပညာသင်ကြားသည့်အခါမှာ အဆင့်သင့်ဖြစ်နေစေရန်အတွက် နိုင်ငံကူးစာအုပ်များကို ကြိုတင်ပြုလုပ်ထားပါက အကောင်းဆုံးဖြစ်မည့်အကြောင်းနှင့် ကျားဖြူပါတီအနေဖြင့် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေသည်မှာ ပါတီအတွက်အင်အားဖြစ်စေရန်ရည်ရွယ်၍ လုပ်ကိုင်တာဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။


ဆက်လက်၍ တက်ရောက်လာသော ညီလာခံကိုယ်စားလှယ်တော်များမှ သက်ဆိုင်ရာအလိုက် တင်ပြဆွေးနွေးမှုများကို ဇန်န၀ါရီလ(၄)ရက်နေ့ထိပြုလုပ်မှာဖြစ်ပြီး တာချီလိတ်မြို့တွင် ပြုလုပ်သော ဒုတိယအကြိမ် ပါတီညီလာခံကို ကျားဖြူပါတီ၏ ဗဟိုအလုပ်အမှုဆောင် ရှမ်းအရှေ့ပိုင်း တာဝန်ခံ ဒေါ်နန်းငွေမြ နှင့် တာချီလိတ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသိန်းအောင် တို့မှ ဦးဆောင်ပြီး ဒေသခံများ၏ ဆန္ဒနှင့်အညီ ပြုလုပ်တာဖြစ်ကြောင်း သိရှိရပါတယ်။

သတင်းဓါတ်ပုံများကိုကြည့်ရန်


Thursday, October 25, 2012

အောက်တိုဘာ(၂၆)ရက်နေ့ နံနက် (၁၀)နာရီက တာချီလိတ်မြို့ ထွေ/အုပ်ရုံးရှိ အစည်းအဝေးခန်းမမှာ တာချီလိတ်ခရိုင်/မြို့နယ် ကော်မရှင်အဖွဲ့ခွဲများနှင့် တာချီလိတ်မြို့နယ်ရှိ နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ကြပါတယ်။


အဆိုပါ အခမ်းနားသို့ တာချီလိတ်ခရိုင်/မြို့နယ် ကော်မရှင်အဖွဲ့ခွဲများ အဖွဲ့ဝင်များအပါအ၀င် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးပါတီ(တစည) နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) တို့ တက်ရောက်လာခဲ့ကြတာကို တွေ့ရပါတယ်။


အခမ်းအနားအစီအစဉ်အရ ခရိုင်/မြို့နယ် ကော်မရှင် ဥက္ကဌ နှစ်ဦးမှ အမှာစကားပြောကြားစေခဲ့ပါတယ်။ မြို့နယ် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ အနေဖြင့် အမှာစကားပြောကြားရာမှာ  ကော်မရှင်အဖွဲ့ခွဲများနဲ့ပါတီများ ရင်းနှီးနွေးထွေးမှုများရှိရန် လိုအပ်ကြောင်း အထူးပြောကြားပြီး ပါတီများအနေဖြင့် သိသင့်သည်များကို ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး  ကော်မရှင်အဖွဲ့ခွဲများ မှ တက်ရောက်လာသောပါတီများအနေဖြင့် လိုအပ်ချက်များ အခက်အခဲများ ဆွေးနွေးနိုင်ကြောင်း ပြောကြားရာ ကျားဖြူပါတီမှ ဒေါ်နန်းငွေမြ မှ ပြီးခဲ့သော ၂၀၁၀ ရွေးကောက်ပွဲတုန်းကလို မဲရုံအမှတ်စဉ်(၁)နဲ့(၂) မှားထည့်ကြပြီး မဲ(၆၀၀)ပယ်ခဲ့ရတဲ့ ဖြစ်ရပ်မျိုးနဲ့ လူတစ်ဦးထဲမှ မိသားစုကိုယ်စား ပါတီတစ်ခုတည်းကို (၁၂)မဲထည့်သွားသည့်ကိစ္စမျိုးတွေကို နောက်လာမဲ့ ၂၀၁၅မှာ မဖြစ်စေရန်အတွက် ပြင်ဆင်မှုများပြုလုပ်နိုင်ရန်အတွက် အကြံပြုတင်ပြသွားခဲ့ပါတယ်။ ၎င်းနောက်မှာတော့ ပြည်ခိုင်ဖြိုးပါတီမှ ဆက်လက်တင်ပြပါတယ်။


တဆက်တည်းမှာပဲ NLD ပါတီမှ ဆွေးနွေးတင်ပြရာမှာ ကွင်းဆင်းမှုနဲ့ပတ်သက်ပြီး လုပ်ဆောင်ရမည့် အချက်အလက်များကို တင်ပြဆွေးနွေးတဲ့အခါ ကော်မရှင်အဖွဲ့ခွဲမှ ပြန်လည်ဖြေကြားရာမှာ ကွင်းဆင်းမှုများ ပြုလုပ်ရန်အတွက် ၎င်းတို့ထံ တပတ်အလို ကြိုတင်၍ စာတင်စေလိုကြောင်း ဖြေကြားခဲ့ပါတယ်။


ကော်မရှင်အဖွဲ့ခွဲများနဲ့ တက်ရောက်လာတဲ့ပါတီတို့ အပြန်အလည်တင်ပြဆွေးနွေးမှုများအပြီးမှာတော့ နံနက်(၁၀း၄၅)နာရီမှာ အခမ်းအနားကို ပြီးမြောက်စေခဲ့ပါတယ်။