Latest News

Dropdown Menu

Showing posts with label မီးလင်းရေး. Show all posts
Showing posts with label မီးလင်းရေး. Show all posts

Saturday, December 14, 2013

တာချီလိတ်မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများအနက် မကာဟိုခမ်းရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား ယခုအခါမှာ မြို့နယ်မီးလင်းရေးကော်မတီမှ ဆောက်လုပ်လှူဒါန်း ပေးလိုက်သည့်အတွက် အဆိုပါ ရုံးသစ်ဖွင့်လှစ်ခြင်း ဖဲကြိုးဖြတ်အခမ်းအနား နှင့် အပ်နှံပွဲ အခမ်းအနားကို မကာဟိုခမ်းရပ်ကွက်၊ မေဖလားဝါးကွင်းအ၀င်ရှိ ရုံးတည်ရှိရာ နေရာတွင် ယနေ့ ၂၀၁၃ခုနှစ် ဒီဇင်ဘာလ (၁၅)ရက် နံနက်(၉း၂၀)နာရီ အချိန်က ပြုလုပ်ကျင်းပခဲ့ကြသည်။


ရုံးသစ်ဖွင့်လှစ်ခြင်းအဖြစ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်တင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် ရပ်မိရပ်ဖ ဦးမောင်လေး တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်မီးလင်းရေးကော်မတီ အတွင်းရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးမှ ရပ်ကွက်ရုံးအဆောက်အဦအား လွှဲပြောင်းခြင်းအဖြစ် လွှဲပြောင်းမှုဆိုင်ရာအချက်အလက်များအား ပေးအပ်ရာ ရပ်မိရပ်ဖ ဦးမောင်လေးက လက်ခံယူရသည်။


ဆက်လက်၍ မကာဟိုခမ်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းခမ်းဟိန်းက အဆိုပါရပ်ကွက်ရုံးသစ် ဆောက်လုပ်ပေးသည့် မြို့နယ်မီးလင်းရေးကော်မတီနှင့် မြေနေရာ လှူဒါန်းပေးသော
မြန်မာတိုးနယားကုမ္ပဏီတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး အထူးပင်ကျေးဇူးတင်ရှိပါကြောင်း စသည်ဖြင့် ကျေးဇူးတင်စကားပြောကြားသည်။

ဖွင့်ပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ မြို့နယ်မီးလင်းရေးကော်မတီ ဒုတိယ ဥက္ကဌ ဦးကြည်မြင့် နှင့် ရပ်မိရပ်ဖ ဦးမောင်လေးအပါအ၀င် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်လာခဲ့ကြသည်ကို တွေ့ရှိရသည်။

ယခုအသစ် တည်ဆောက်ထားသည့် မကာဟိုခမ်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား မြို့နယ်မီးလင်းရေးကော်မတီမှ ကျပ်သိန်းပေါင်း(၄၅၀)၀န်းကျင် အကုန်အကျခံကာ ဆောက်လုပ် လှူဒါန်းပေးတာဖြစ်ပြီး မြေနေရာကိုတော့ မြန်မာတိုးနယားကုမ္ပဏီက လှူဒါန်းပေးထားတာဖြစ်ပြီး အကျယ်အ၀န်းမှ (၀.၀၅၀)ဧက ရှိကြောင်းသိရှိရသည်။

ယခင်က မကာဟိုခမ်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနေရာမှာ ရွှေတိဂုံဘုရားလမ်းရှိ မြို့နယ်မီးလင်းရေးရုံး၏ အပေါ်ထပ်တွင် ဖွင့်လှစ်ခဲ့ပြီးနောက် ယခုအခါမှာတော့ မြို့နယ်မီးလင်းရေးကော်မတီမှ
ဆောက်လုပ်လှူဒါန်းပေးလိုက်သည့် အတွက် အဆိုပါ ရပ်ကွက်ရုံးမှာ မေဖလားဝါးကွင်းအ၀င်သို့ ပြောင်းရွှေ့ ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သိရှိရပါသည်။

ပုံများကိုကြည့်ရန်
မီးလင်းရေးကော်မတီမှ ကျပ်သိန်း၄၅၀ ခန့်ရှိ ရပ်ကွက်ရုံး ဆောက်လုပ်လှူ
38 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


Wednesday, November 13, 2013

တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌ ၂၄နာရီ လျှပ်စစ်မီး ရရှိစေရန်အတွက် တာချီလိတ် မြို့နယ်မီးလင်းရေးကော်မတီမှ တာဝန်ရှိသူများက ကျေးရွာအတွင်း သွားရောက်၍ လျှပ်စစ်မီးသွယ်တန်းနိုင်ရန် ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၈ရက်နေ့က စတင်ပြီး ဓါတ်မီးတိုင်များအား ချထားပေးနေပြီ ဖြစ်ကြောင်း သိရသည်။


မီးလင်းရေးကော်မတီမှ မိုင်းကိုးကျေးရွာအုပ်စု၌ မီးလင်းရေးကိစ္စနှင့် ပတ်သက်၍ "ကျေးရွာများ မီးလင်းစေရေးအတွက် ပြည်နယ်လျှပ်စစ်ဝန်ကြီး ဦးစိုင်းထွန်းရင်၊ လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း တို့နှင့် အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ အထက် အကြီးအကဲများ၏ ညွှန်ကြားချက်များကို အလေးထားကာ အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ထို့အတွက်ကြောင့် ၂၀၁၃ နှစ်ကုန်ပိုင်းတွင် အဆိုပါ ကျေးရွာများအားလုံး မီးရရှိတော့မှာ ဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့ကြောင်း သိရသည်။


မိုင်းကိုးကျေးရွာအုပ်စုအတွင်း ဓါတ်မီးတိုင်များ ချထားပေးခြင်းမပြုမီ နိုဝင်ဘာလ ၄ရက်နေ့က ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် မီးလင်းရေးကော်မတီ ဒု-ဥက္ကဌ ဦးကြည်မြင့်တို့ အပါအ၀င် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တာဝန်ရှိသူများနှင့် ကျေးရွာမီးလင်းရေးကော်မတီ ဥက္ကဌ ဦးနေဇာ နှင့် အဖွဲ့ဝင်များ မိုင်းကိုးကျေးရွာအုပ်စုတွင် တွေ့ဆုံ ခဲ့ကြပြီး ကျေးရွာအတွင်း မီးရရှိရန်အတွက် ဓါတ်မီးတိုင်များ ချထားပေးခြင်း ကိစ္စနှင့် ကျေးရွာအတွင်းရှိ နေအိမ်များမှ လျှပ်စစ်မီးရလိုမှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။


မိုင်းကိုးကျေးရွာအုပ်စု၌ လျှပ်စစ်မီး သွယ်တန်းရန်အတွက်  နိုဝင်ဘာလ ၈ရက်နေ့က ဓါတ်မီးတိုင်များအား သွားရောက် ချထားပေးနေသည်ကို ကျေးရွာသား/သူများက လျှပ်စစ်မီးရရှိတော့မည့် ပျော်ရွှင်မှုမျိုးဖြင့် ပြုံးရွှင် ပျော်မြူးနေကာ ကြည့်နေကြသည်ကို တွေ့ရှိရကြောင်း မီးလင်းရေးကော်မတီမှ သိရသည်။


မြို့နယ်မီးလင်းရေးကော်မတီမှ မိုင်းကိုးကျေးရွာအုပ်စု၌ မီးလင်းရေးကိစ္စအတွက် ဆောင်ရွက်ပေးနေသလို လွယ်တော်ခမ်းကျေးရွာအုပ်စု၌လည်း မကြာမီ လျှပ်စစ်မီးသွယ်တန်းပေးတော့မှာ ဖြစ်ပြီး လျှပ်စစ်ဓါတ်အား ပိုမိုရရှိစေရန်အတွက် လာမည့် နိုဝင်ဘာလ ၂၀ရက်နေ့မှာ ထိုင်းနိုင်ငံ နှင့် ထပ်မံ၍ စာချုပ် ချုပ်ဆိုသွားမှာ ဖြစ်ကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


Friday, August 16, 2013

ပြီးခဲ့သော ရက်များအတွင်းက မိုးများရွာသွန်းမှုကြောင့် တာချီလိတ်မြို့နယ် အပါအ၀င် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့များ၌ ရေလွှမ်းမိုးမှုများနှင့် မိုးဒဏ်လေဒဏ်များကြောင့် သစ်ကိုင်းများ သစ်ပင်များ၏ ကျိုးကျမှုဒဏ်ကြောင့် ဓါတ်တိုင်များ၊ ဓါတ်ကြိုးများပေါ်ရှိ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းရန်အတွက် တာချီလိတ်မြို့နယ်တွင် ယနေ့ နေ့လည်ပိုင်းက ခေတ္တမီးပျက်တောက်သွားခဲ့ပါသည်။


မြန်မာနိုင်ငံ တာချီလိတ်မြို့ဘက်သို့ လျှပ်စစ်မီးပေးထားသော မယ်ဆိုင်မြို့မှ ထရန်စဖော်မာ တစ်လုံးမှာ အနည်းငယ် ချို့ယွင်းနေသည့်အတွက် နက်ဖြန် (၁၇.၈.၂၀၁၃)မှာ နံနက် ၈ နာရီမှ ညနေ ၄ နာရီအချိန်ထိ မီးအားအနည်းအငယ် ကျမည်ဖြစ်ကြောင်း သိရသည်။

" မယ်ဆိုင်ဘက်က ထရန်စဖော်မာတစ်လုံး ပြင်မှာဆိုတော့ တာချီလိတ်ကို မီးမပျက်သွားစေဖို့ ကျင်းဆန်ဘက်က မီးခဏ ပေးသုံးထားမှာဖြစ်တဲ့အတွက် မီးပျက်မှာတော့ မဟုတ်ပါဘူး၊ မီးအားနည်းမှာပါ၊ မနက် ၈ နာရီကနေ ညနေ ၄ နာရီအထိပဲ၊ မီးအားနည်းမယ်ဆိုတော့ အဲယားကွန်းတို့၊ မီးအားဆွဲစေမဲ့ လျှပ်စစ်ပစ္စည်းတွေ သုံးလို့ မရနိုင်ပါဘူး"ဟု မီးလင်းရေးကော်မတီမှ လူမှုဆက်ဆံရေး တာဝန်ခံ ဦးစိုင်းခမ်းမွန်းက တာချီလိတ်အွန်လိုင်းသို့ ပြောကြားလာသည်။

"မီးလုံးဝ ပျက်သွားမှာမဟုတ်ပေမဲ့ မီးအားအနည်းအငယ် ကျမှာဆိုတော့ မီးအားဆွဲစေမဲ့ လျှပ်စစ်ပစ္စည်းတွေ သုံးစွဲရင် သတိထားစေချင်ပါတယ်၊ ညနေ ၄နာရီ ကျော်သွားရင်တော့ ပုံမှန်အတိုင်း ပြန်သုံးစွဲလို့ရသွားမှာပါ"ဟု မြို့နယ်အုပ်ချူပ်ရေးမှူး ဦးရဲထူးက တာချီလိတ်အွန်လိုင်းသို့ အသိပေးပြောကြားလာသည်။


Wednesday, August 14, 2013

တာချီလိတ်မြို့နယ် မိုင်းဖုန်း(က)ကျေးရွာအုပ်စုရှိ ကျေးရွာများအတွင်း လျှပ်စစ်မီး ရရှိစေရေးအတွက် သြဂုတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် တာချီလိတ်မြို့နယ် မီးလင်းရေးကော်မတီ ဒု-ဥက္ကဌများ ဖြစ်သော ဦးကြည်မြင့် နှင့် ဦးကျော်ငြိမ်း အပါအ၀င် လူမှုဆက်ဆံရေး တာဝန်ခံ ဦးစိုင်းခမ်းမွန်းတို့နှင့် အတူ အဆိုပါကျေးရွာအုပ်စုရှိ မိုင်းဖုန်း(က) ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းဆွန်လစ်နှင့် ၀မ်တုံ၊ ဖတ်ဟိ၊ ပါခါ နှင့် ၀မ်ပုံ စသည့် ကျေးရွာလူကြီးများ တွေ့ဆုံခဲ့ကြပြီး လျှပ်စစ်မီးလင်းရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။



မိုင်းဖုန်း(က)ကျေးရွာအုပ်စုဖြစ်သော ပါခါ မှ ၀မ်ပုံ အထိ လျှပ်စစ်မီးရရှိရေး ကိစ္စရပ်များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး က မိမိအနေဖြင့် လျှပ်စစ်မီးကို မြို့ရော၊ ကျေးလက်တွေပါ တန်းတူရရှိနိုင်စေရန်နှင့် လျှပ်စစ်မီးရရှိပြီဆိုလျှင် လူနေမှုအဆင့်အတန်း ပြည့်ဝလာမှာဖြစ်သလို
ရွှေတြိဂံဒေသဖြစ်တဲ့ ၀မ်ပုံဟာလည်း လောနိုင်ငံနှင့် ယှဉ်နိုင်မှာဖြစ်တာကြောင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကိုပါ အထောက်အကူပြု လာနိုင်တော့မှာဖြစ်ပါကြောင်း၊ မိုင်းဖုန်းဒေသ ကားလမ်းမ တစ်လျှောက် ကတ္တရာလမ်းဖြစ်လာတော့မှာမို့ မရှိမဖြစ် အဓိက လိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်မီးရရှိရေးကို ဦးစားပေး လုပ်ဆောင်ပေးရန်အတွက် မိမိတို့ အဖွဲ့လာခဲ့တာဖြစ်ကြောင်း၊ လမ်းနဲ့မီး ရရှိပြီးပါက
ပြည်သူတွေရဲ့ လိုအပ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး နှင့် လူမှုကိစ္စတွေပါ ဆောင်ရွက်နိုင်မှာဖြစ်လို့၊ မကြာခင် မိုင်းဖုန်း(က) ၀မ်ပုံဟာ အဆင့်တဆင့်တိုးမြှင့်လာနိုင်မှာ ဖြစ်ပါကြောင်း စသည်ဖြစ် အကျယ်တ၀င့် ကျေးရွာလူကြီးများနှင့် ရင်းရင်းနှီးနှီး ဆွေးနွေးကာ ရှင်းလင်းပြောကြားခဲ့ကြသည်။


ဆက်လက်ပြီး တာချီလိတ်မြို့နယ် မီးလင်းရေးကော်မတီ ဒု-ဥက္ကဌများဖြစ်သော ဦးကြည်မြင့် နှင့် ဦးကျော်ငြိမ်းတို့မှလည်း ကျေးရွာတွေရဲ့ လိုအပ်ချက်များအား နားလည် သဘောပေါက်ပါကြောင်း၊ ဒါ့ကြောင့် အထက်ကို တင်ပြပြီး၊ တိုင်တာရေး အင်ဂျင်နီယာအဖွဲ့အား အမြန် စေလွှတ်ပေးသွားမှာဖြစ်သလို
ကျေးရွာဖက်မှလည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ကျေးရွာလူကြီးများအား ရှင်းလင်းပြောကြားခဲ့ကြသည်။


ယင်းနောက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းဆွန်လစ်က မိမိတို့ မိုင်းဖုန်း(က)ကျေးရွာအုပ်စု လူထုကိုယ်စား ယခုလို ပါခါ မှ ၀မ်ပုံအထိ မီးလင်းရေးအတွက် ကူညီဆောင်ရွက်ပေးမည့် အကြောင်းကို သိရှိရ၍ များစွာ ၀မ်းသာပီတိဖြစ်ရပြီး အထူးကျေးဇူးတင်ပါကြောင်း ရွာသူ ရွာသားများကိုယ်စား
ကျေးဇူးတင်စကား ပြောကြားလာသည်။

တာချီလိတ်မြို့နယ် မီးလင်းရေးကော်မတီမှ ပြီးခဲ့သော ဧပြီလ ၁၀ ရက်နေ့က မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု အတွင်းရှိ ပါကောင်၊ ပါခုတ်၊ နမ့်လုတ်(ရွာသစ်) နှင့် နမ့်လုတ်(ရွာဟောင်း) အစရှိသည့် ကျေးရွာ(၆)ရွာအား ၂၄ နာရီ လျှပ်စစ်မီး သွယ်တန်းပေးနိုင်ခဲ့ကြောင်းလည်း သိရှိရသည်။