Latest News

Dropdown Menu

Showing posts with label ကျေးရွာသတင်း. Show all posts
Showing posts with label ကျေးရွာသတင်း. Show all posts

Sunday, February 16, 2014

တာချီလိတ်မြို့ပေါ်တွင် ရပ်ကွက်ပေါင်း (၆)ရပ်ကွက်ရှိရာ ယခုအခါ ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ထုတ်ပြန်ချက်အရ ထပ်မံ၍ ရပ်ကွက်(၅)ရပ်ကွက် တိုးလာမှာဖြစ်ပြီး စုစုပေါင်း မြို့ပေါ်(၁၁)ရပ်ကွက် ရှိလာမှာ ဖြစ်သည့်အတွက် ပြည်ထဲရေးဝန်ကြီးဌာန၏ တရားဝင် ထုတ်ပြန်ချက်တွင် ပါရှိသော ဆန်ဆိုင်း(ခ)ရပ်ကွက်အတွက် ယနေ့ ဖေဖော်ဝါရီလ(၁၆)ရက် နံနက်ပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေးအတွက် ရပ်မိရပ်ဖ (၅)ဦး ကော်မတီကို ဦးစွာရွေးချယ်သည့် အခမ်းအနားအား သီရိမင်္ဂလာဆန်ဆိုင်းကျောင်းတိုက်မှာ ပြုလုပ်ခဲ့ကြသည်။


ရပ်ကွက်အုပ်ချုပ်ရေးမှူး တာဝန် ခန့်အပ်နိုင်ရေးအတွက် ရွေးချယ်သည့်အခါ စီစစ်ကြပ်မတ်ပေးနိုင်ရန်အတွက် လိုအပ်သည့် ရပ်မိရပ်ဖ (၅)ဦး ကော်မတီ ရွေးချယ်ရာမှာ ဆန်ဆိုင်း(ခ)ရက်ကွက် အတွင်းမှ အိမ်ထောင်စု အရေအတွက် (၁၇၀)ကျော် တက်ရောက်လာခဲ့ကြပြီး ရပ်မိရပ်ဖအဖြစ် ရွေးချယ်လိုသူများကို တက်ရောက်လာသူများက အဆိုပြုတင်သွင်းကြသည်။

အဆိုပြုထားသူများထဲတွင် ဦးစိုင်းဝန်းယင်း၊ ဦးစိုင်းနန်ဥ၊ ဦးစိုင်းလုံဟောင်၊ ဦးငယ်ငယ်ထွန်း၊ ဦးအွန်ဆော့၊ ဦးတိုးလှိုင်၊ ဦးစိုင်းနော်ခမ်း နှင့် ဦးစိုင်းထွန်းစိန် စသည့် (၈)ဦးပါဝင်ပြီး (၅)ဦးအား ရွေးချယ်နိုင်ရန်အတွက် ထပ်မံ၍ မဲပေးစနစ်ဖြင့် ပြုလုပ်ရာ ဦးစိုင်းထွန်းစိန် (၁၅၃)မဲ၊ ဦးစိုင်းလုံဟောင်(၁၄၉)မဲ၊ ဦးငယ်ငယ်ထွန်း(၁၃၇)မဲ၊ ဦးအွန်ဆော့(၁၂၈)မဲ နှင့် ဦးတိုးလှိုင်(၁၁၀)မဲ တို့ဖြင့် အဆိုပါ မဲအများဆုံးရရှိသူ (၅)ဦးအား ရပ်မိရပ်ဖ(၅)ဦးကော်မတီအဖြစ် သတ်မှတ်ရွေးချယ်ခဲ့ကြသည်။


အဆိုပါ ရွေးချယ်မှုအား တာချီလိတ်မြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ မြို့နယ်လ၀က ဦးစီးမှူး ဦးသိန်းလွင်၊ မြို့နယ်အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကြည်မြင့် နှင့် အထောက်ကူပြုအဖွဲ့ဝင်များ နှင့် ဆန်ဆိုင်း(ခ)ရပ်ကွက်၏ ယာယီ အုပ်ချုပ်ရေးမှူး ဦးစိုင်းကျောက် နှင့် အဖွဲ့ဝင်များမှ ကြီးကြပ် ဆောင်ရွက်ခဲ့ကြသည်။


ဆက်လက်၍ ယခုရွေးချယ်ထားသော ရပ်မိရပ်ဖ အမည်စာရင်းများအား အဆိုပါကြီးကြပ်အဖွဲ့မှ မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြသွားမှာဖြစ်ပြီး ယင်းနောက် ဆန်ဆိုင်း(ခ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်မှုကို ယခုအတိုင်းပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
ဆန်ဆိုင်း(ခ)ရက်ကွက်၌ ရပ်မိရပ်ဖ ၅ ဦးရွေး
50 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသရှိ တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ်တစ်ခုလုံးအား ရပ်ကွက် (၁၃)ရပ်ကွက်ဖြင့် ဖွဲ့စည်းထားရာမှ ယခုအခါမှာ ရပ်ကွက်(၁၈)ရပ်ကွက်အဖြစ် တိုးချဲ့ပြင်ဆင် ဖွဲ့စည်းတော့မည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ်(၁၁၁၂/၂၀၁၃)အရ သိရသည်။

တာချီလိတ်ခရိုင်အတွင်း တာချီလိတ်မြို့၌ (၆)ရပ်ကွက်၊ ကျိုင်းလပ်မြို့နယ်ခွဲ၌ (၃)ရပ်ကွက် နှင့် တာလေမြို့နယ်ခွဲတွင်(၄)ရပ်ကွက် စုစုပေါင်း (၁၃)ရပ်ကွက်ရှိပြီး ကျေးရွာအုပ်စုပေါင်းမှာ (၇)စုရှိရာ ယခုအခါမှာ ကျေးရွာအုပ်စု(၇)စုအနက် တာချီလိတ်မြို့နယ်အတွင်း သတ်မှတ်နယ်နိမိတ်ကျယ်ပြန့်သည့် ဟောင်လိတ်ကျေးရွာအုပ်စုအား ပြောင်းလဲပြင်ဆင်၍ ရပ်ကွက်(၄)ရပ်ကွက် တိုးချဲ့မည်ဖြစ်သည့်အတွက် တာချီလိတ်မြို့၌ (၆)ရပ်ကွက်ရှိရာမှ ဆန်ဆိုင်း(ခ)ရပ်ကွက် အပါအ၀င် ယခုအခါမှာ (၁၁)ရပ်ကွက် ရှိလာတော့မည်ဖြစ်သည်။

ဟောင်လိတ်ကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း (၁၄)ရွာရှိခဲ့ပြီး ယင်း(၁၄)ရွာထဲမှ ရပ်ကွက်(၄)ခုနှင့် ကျေးရွာအုပ်စု(၁)ခုအဖြစ် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းလိုက်ရာ ဆေခမ်းရပ်ကွက်၊ ရန်အောင်မြေရပ်ကွက်၊ ပါဆတ်ရပ်ကွက်နှင့် ၀ိန်းကျောက်ရပ်ကွက် စုစုပေါင်း (၄)ရပ်ကွက် ထွက်ပေါ်လာမည်ဖြစ်ပြီး ကျေးရွာအနေဖြင့် ၀မ်လုံးကျေးရွာအုပ်စု

အဖြစ် သတ်မှတ်ကာ ၀မ်လုံးကျေးရွာထဲတွင် ၀မ်လုံရွာ၊ ဟွေခိုက်ရွာ၊ ၀ိန်းဝရွာ၊ ဖာတမာကုန်းရွာ၊ လွယ်စတုံ(အထက်) နှင့် လွယ်စတုံ(အောက်)ရွာစသည့် ရွာများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် တာချီလိတ်မြို့ပေါ်ရှိ တိုင်းရင်းသား ပြည်သူများအနေဖြင့် သိထားသည်မှာ ဆန်ဆိုင်းရပ်ကွက်သည် ဆန်ဆိုင်း(အထက်) နှင့် ဆန်ဆိုင်း(အောက်)ဟူ၍ တရားဝင် သတ်မှတ်ပေးထားသည်ဟု သိထားကြသော်လည်း အမှန်စင်စစ်မှာ ပြည်ထဲရေးဝန်ကြီးဌာနက ဆန်ဆိုင်း(အထက်) နှင့် ဆန်ဆိုင်း(အောက်)ဟူ၍ သတ်မှတ်ပေးထားခြင်းမရှိပဲ ဆန်ဆိုင်းရပ်ကွက် ဟူ၍သာ ရှိထားသည်ဖြစ်ရာ ယခုမှသာ အဆိုပါ အမိန့်ကြော်ငြာစာအရ ဆန်ဆိုင်းရပ်ကွက်အား ဆန်ဆိုင်း(က) နှင့် ဆန်ဆိုင်း(ခ)ဟူ၍ တရားဝင် အသိမှတ်ပြုကာ ဖွဲ့စည်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်းလည်း သိရသည်။

တာချီလိတ်မြို့ပေါ်တွင် ရပ်ကွက်အရေအတွက်အရ ပုန်းထွန်၊ တာလော့၊ ၀မ်ကောင်း၊ မကာဟိုခမ်း၊ မယ်ခေါင်၊ ဆန်ဆိုင်း(က)၊ ဆန်ဆိုင်း(ခ)၊ ရန်အောင်မြေ၊ ပါဆတ်၊ ၀ိန်းကျောက် နှင့် ဆေခမ်း စသည့် ရပ်ကွက်ပေါင်း (၁၁)ရပ်ကွက် ရှိလာတော့မည်ဖြစ်ကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Friday, June 29, 2012

တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ရန်ကုန်ရွာ/၀မ်ကောင်းရွာ(၂)/တွင်ရှိသော "ကောင်းသောသိုးထိန်းသီလရှင်ကျောင်း"မှ တက္ကသိုလ်ဝင်တန်းဖြေဆိုသူ (၁၄)ဦးအနက် (၁၀)ဦးမှာ အောင်မြင်စွာ ဖြေဆိုနိုင်သည်ဖြစ်တဲ့အတွက်ကြောင့် ၃၀.၆.၂၀၁၂ ( ၁၁ )နာရီတွင် ဂုဏ်ပြုအခမ်းအနားကို ကျင်းပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။


မိုင်းကိုးကျေးရွာအုပ်စုတွင် သျှမ်းတိုင်းရင်းသားများအပြင် အာခါတိုင်းရင်းသားများနှင့် လားဟူတိုင်းရင်းသားများတို့ အများအပြား နေထိုင်ကြသော နေရာဒေသဖြစ်သည်။


တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net