Latest News

Dropdown Menu

Showing posts with label နိုင်ငံရေး. Show all posts
Showing posts with label နိုင်ငံရေး. Show all posts

Tuesday, November 26, 2013

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ ( United Nationalities Federal Council ) မှ ခေါင်းဆောင်များသည်  ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ ညီနောင်တိုင်းရင်းသားပါတီများ ဖယ်ဒရေးရှင်းအဖွဲ့အပါအ၀င် အချို့သော နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ရန်အတွက် ထိုင်းနိုင်ငံမှ တဆင့် တာချီလိတ်မြို့သို့ နိုဝင်ဘာလ ၂၃ရက်နေ့က ရောက်ရှိလာခဲ့ပြီး ထိုမှတဆင့် ရန်ကုန်မြို့သို့ ထွက်ခွာသွားရာ ယနေ့ နိုဝင်ဘာလ ၂၆ရက်နေ့ မွန်းလွဲ ၂နာရီခွဲ အချိန်ခန့်က တာချီလိတ်မြို့သို့  ပြန်လည်ရောက်ရှိ လာခဲ့ကြသည်။


အဆိုပါအဖွဲ့မှ ရောက်ရှိလာမှုကို တာချီလိတ်မြို့ရှိ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့မှ တာချီလိတ်လေဆိပ်သို့ သွားရောက် ကြိုဆို၍ လေဆိပ်မှ တဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှတဆင့် ချင်းလိုင်းခရိုင် မဲ့ကျန်းမြို့အထိ လိုက်လံပို့ဆောင်ပေးမှာ ဖြစ်ကြောင်း သိရှိရသည်။

ဓါတ်ပုံ။    ။ စည်သူမောင်
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


Saturday, August 3, 2013

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးမှ ဥက္ကဌ ရဲဘော် သံခဲ နှင့် အဖွဲ့ဝင် ၂၄ဦးတို့သည် အပစ်အခတ်ရပ်စဲရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တွေ့ဆုံ ဆွေးနွေးရန် သြဂုတ်လ ၃ရက်နေ့ နေ့လည်ပိုင်းက တာချီိလိတ်မြို့သို့ ရောက်ရှိလာပြီး ထိုမှတဆင့် သြဂုတ်လ ၄ရက်နေ့တွင် ရန်ကုန်သို့ ထွက်ခွာမှာဖြစ်ကြောင်း သိရသည်။

အဆိုပါအဖွဲ့အနေဖြင့် တာချီလိတ်မြို့သို့ ခဏတာရောက်ရှိနေစဉ်အတွင်း Tachileik Online News မှ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးမှ ဥက္ကဌ ရဲဘော် သံခဲ နှင့် တွေ့ဆုံမေးမြန်းခဲ့သည်ကို ဖော်ပြလိုက်ပါသည်။

Tachileik Online News ။    ။ အခု ဥက္ကဌကြီးအနေနဲ့ပေါ့နော်၊ မြန်မာနိုင်ငံကို လာတဲ့ အကြောင်းအရင်းလေးကို တစ်ချက်လောက် ပြောပြပေးလို့ရမလားခင်ဗျာ။


ရဲဘော်သံခဲ။      ။ ဟုတ်ကဲ့ပါ..၊ ကျွန်တော်တို့ ဒီခရီးစဉ်က မကဒတ ABSDF ကျောင်းသားတပ်မတော်နဲ့ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တရားဝင် တွေ့ဆုံဆွေးနွေးဖို့အတွက် ကျွန်တော်တို့ ကိုယ်စားလှယ်အဖွဲ့ လာရောက်ခဲ့ခြင်းဖြစ်ပါတယ်၊ အထူးသဖြင့်ကတော့ ဒီနေ့ ပြောဆိုနေကြတဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို ကျွန်တော်တို့ ဆွေးနွေးဖို့အတွက် ရန်ကုန်မြို့မှာ လာမဲ့ သြဂုတ်လ ၅ရက်နေ့မှာ ဆွေးနွေးနိုင်ဖို့အတွက် ကျွန်တော်တို့ ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိလာခြင်းဖြစ်ပါတယ်။

Tachileik Online News ။    ။ အဲ့လိုမျိုးအတွက်ဆိုရင် သဘောတူညီလက်မှတ်ထိုးဖို့ အခြေအနေက ဘယ်လိုရှိလဲ..

ရဲဘော်သံခဲ။      ။ ဒါကတော့ဗျာ ကျွန်တော်တို့ အထူးသဖြင့်ကတော့ ဒီလုပ်ငန်းစဉ်ဟာ ၂၀၁၂ခုနှစ်က စခဲ့တာဖြစ်ပါတယ်။ တစ်နှစ်ကျော်နီးပါး ကျွန်တော်တို့ တဆင့်ပြီးတဆင့် အချိန်ယူပြီးတော့မှ စဉ်းစားခဲ့ကြတယ်၊ အချိန်ယူပြီးတော့မှ စကားတွေလည်း ပြောခဲ့ကြတယ်။ မကဒတ အနေနဲ့က စကားပြောပွဲတွေ စပြီးပြောတယ်ဆိုကတည်းက နိုင်ငံရေးအရ ရည်ရွယ်ချက် ၃ခု ထားပါတယ်။ အထူးသဖြင့်ကတော့...
၁။  ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး
၂။ အင်အားစုအားလုံးပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေး
၃။ ဒီမိုကရေစီအရေး၊ လူ့အခွင့်ရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဒါန်းခွင့်ကို အာမခံချက်ရှိတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတစ်ခု ပေါ်ပေါက်ရေးအပါအ၀င် အားလုံး လက်ခံနိုင်တဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ရေးအတွက်ဆိုရင် စေ့စပ်ညှိနှိုင်းရေး အခါကျတော့မှ တစ်ဖက်နဲ့တစ်ဖက် နိုင်ငံရေးစကားတွေ၊ အားလုံးပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်ဖို့အတွက် ကြိုးပမ်းတဲ့ ကြိုးပမ်းမှုတစ်ရပ်လို့ ပြောရင်လည်း ဖြစ်ပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ မြင်တာကတော့ ဒီတစ်ခေါက် ဆွေးနွေးပွဲမှာ ကျွန်တော်တို့ အပစ်အခတ်ရပ်စဲရေး အပါအ၀င် ရှေ့ဆက်ပြီးတော့မှ တက်လှမ်းရမဲ့ နိုင်ငံရေး ဆိုင်ရာ ကိစ္စရပ်တွေကိုလည်း တစ်ပြိုင်နက်တည်း ဆွေးနွေးမယ်၊ အဲ့
ဒီ ဆွေးနွေးမှု အခြေအနေမှာ မူတည်ပြီးတော့ပဲ ဒါကို ကျွန်တော်တို့ ဆုံးဖြတ်ရမယ်လို့ ပြောချင်ပါတယ်။

Tachileik Online News ။    ။ နောက်မေးခွန်းတစ်ခုအနေနဲ့က အကျဉ်းကျနေတဲ့ ရဲဘော်တွေနဲ့ရော နောက်ကျန်ရှိနေသေးတဲ့ ရဲဘော်တွေအတွက်ရော ဘယ်လိုမျိုး သီးခြားအစီအစဉ်တွေ ဘာတွေရှိသေးလည်း ဆိုတာကိုလည်း သိချင်ပါသေးတယ်ခင်ဗျ၊

ရဲဘော်သံခဲ။      ။ အထူးသဖြင့်ကတော့ ဒါက နိုင်ငံရေးအကျဉ်းသားတွေနဲ့ ဆိုင်တဲ့ ကိစ္စရပ်ပါ၊ တစ်ဖက်အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့နဲ့ စတင်ဆွေးနွေးတဲ့ အထဲမှာ ကျွန်တော်တို့ ရဲဘော်တွေ၊ အကျဉ်းကျနေတဲ့ ရဲဘော်တွေ အပါအ၀င် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးဟာ ကျွန်တော်တို့ရဲ့ ဦးစားပေး တောင်းဆိုချင်လို့ပြောရင် ဖြစ်ပါတယ်။ ဒီတော့ ဒီတောင်းဆိုချက်အတိုင်းပဲ ဒီကနေ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကို ကျွန်တော်တို့ ဆက်ပြီးတော့မှ ဒီဆွေးနွေးပွဲမှာ တင်ပြမယ်၊ ဒီလွတ်မြောက်ရေးဟာ ကျွန်တော်တို့အားလုံး ရှေ့ဆက်ရမဲ့ ယုံကြည်မှုအတွက်၊ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုအတွက်၊ တစ်တိုင်းပြည်လုံး ပြည်သူပြည်သားတွေအတွက် အင်မတန်မှ အရေးကြီးတဲ့ အဆင့်ဖြစ်တဲ့အတွက်မလို့ ကျွန်တော်တို့ အများကြီး မျှော်လင့်ထားပါတယ်။

Tachileik Online News ။    ။ ABSDF အနေနဲ့ ရှေ့ဆက်ပြီးတော့ ဘယ်လိုတွေ လုပ်ဆောင်သွားဖို့ရှိတယ်၊ ရည်ရွယ်ချက်တွေက ဘယ်လိုရှိတယ်ဆိုတာလေးရော တစ်ချက်လောက် ဖြေပေးပါ။

ရဲဘော်သံခဲ။      ။ ရှိပါတယ်၊ ကျွန်တော်တို့ ပြောချင်တာက နိုင်ငံရေးဖြစ်စဉ်တွေဟာ ဘာပဲပြောပြော ကျွန်တော်တို့ အားလုံးအတွက် တစ်ဖက်က ကြည့်ရင် ၂၀၁၁-၂၀၁၂ကျော် ခု ၂၀၁၃ကာလဟာ ကျွန်တော်တို့ အားလုံးအတွက် အထူးစိတ်ဝင်စားစရာ နိုင်ငံရေး အခင်းအကျင်းလို့ ပြောရင် ဖြစ်ပါတယ်။ ဘာလို့ ပြောရလည်းဆိုရင် ဥပမာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လွတ်တော်ထဲမှာ စည်းဝါးနဲ့ စကားတွေပြောနေကြပြီ၊ ၈၈ကျောင်းသား ခေါင်းဆောင်တွေ အကျဉ်းကျပြီးတော့ လွတ်မြောက်လာတယ်၊ အခု ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေ၊ လူမှုရေးလုပ်ငန်းတွေ စသည်ဖြင့် လုပ်ကိုင်နေကြတယ်၊ နိုင်ငံရေးအကျဉ်းသား တစ်ချို့ လွတ်မြောက်လာကြတယ်၊ နိုင်ငံရေးအကျဉ်းသား စကားလုံးတွေပြောလာတယ်၊ နောက် မီဒီယာတစ်ချို့သော အကန့်အသတ်နဲ့ လွတ်လပ်ခွင့်တွေ ပေးလာတာတွေရှိတယ်၊ ပြင်ပနိုင်ငံက ခေါင်းဆောင်တွေ နိုင်ငံရေးလှုပ်ရှားသူတွေကို အကန့်အသတ်နဲ့ ၀င်ခွင့်ပြုနေတာတွေရှိတယ်၊ ဒါတွေကို ခြုံပြီးပြောရရင် ဒါတွေဟာ ကျွန်တော်တို့ သတိထားပြီးတော့မှ အပြုသဘောနဲ့ ကြိုဆိုနိုင်တယ်။
                  သေချာတာတစ်ခုကတော့ ဖြစ်နေတဲ့ ဖြစ်စဉ်ကြီးဟာ ကျွန်တော်တို့ အားလုံး ယုံယုံကြည်ကြည်နဲ့ လက်ခံပြီးတော့မှ လိုက်နေတဲ့ ဖြစ်စဉ်တော့ မဟုတ်သေးဘူး။ တစ်ဖက်နဲ့တစ်ဖက် ယုံယုံကြည်ကြည် လက်ခံနိုင်တဲ့အဆင့် အားလုံး လက်ခံတဲ့ ပြောင်းလဲတဲ့ ပြုပြင်ပြောင်းလဲရေးကို လုပ်နေတယ်လို့ အားလုံးက လိုက်ပါနိုင်တဲ့ အခင်းအကျင်းဖြစ်ဖို့တော့ လိုသေးတယ်လို့ ထင်ပါတယ်။ ငြိမ်းချမ်းရေး၊ နိုင်ငံရေးဆွေးနွေးပွဲ မပါတဲ့ ပစ်ခတ်ရပ်စဲရေးဟာ  ပြည့်စုံတယ်လို့ ကျွန်တော် မယူဆပါဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ တောင်းဆိုတာက ပစ်ခတ်ရပ်စဲရေးနဲ့ မလုံလောက်ဘူး နိုင်ငံရေးဆွေးနွေးပွဲတွေဟာလည်း နှစ်ဦးနှစ်ဖက် အားလုံး ပြည်သူလူထု ယုံကြည်နိုင်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်ဖို့အတွက် အထူးသဖြင့် အစိုးရမှာပဲ တာဝန်ရှိတယ်လို့ ထင်ပါတယ်။

ဆက်လက်၍ တွေ့ဆုံမေးမြန်းမှု အပြည့်အစုံကို အောက်ပါ ဗီဒီယိုကို နိပ်၍ ကြည့်ရှုနိုင်ပါသည်။



Saturday, June 9, 2012


၆.၆.၂၀၁၂ နံနက် ၉နာရီ၃၅မိနစ်တွင် ကိုမင်းကိုနိုင် အပါအ၀င် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် (၈)ဦးတို့ တာချီလိတ်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ သွားရောက်ပြီး NLDအဖွဲ့များကို တစ်ဦးချင်းစီအလိုက် မိတ်ဆက်ပြီး နိုင်ငံရေးအသိအမြင်များကို ပြောကြသွားတဲ့ ဗီဒီယိုမှတ်တမ်းဖြစ်ပါတယ်။ ( ၄၅ )မိနစ်စာခန့်ရှိသော ဗီဒီယိုမှတ်တမ်းကို (၃)ပိုင်းခွဲပြီး တင်ပေးထားပါသည်...။

ဗီဒီယို မှတ်တမ်းများကို ဖုန်းနဲ့ရိုက်ထားတာတွေဖြစ်တာကြောင့် တုန်ခါမှုများ မကြည်လင်မှုများရှိခဲ့ပါက သီးခံကြည့်ရှုပေးကြပါ။



အပိုင်း ( ၁ )


အပိုင်း ( ၂ )


အပိုင်း ( ၃ )



ကျေးဇူးတင်ပါသည်
တာချီလိတ်အွန်လိုင်းစာမျက်မှာ
www.tachileik.net

Thursday, June 7, 2012



၅.၆.၂၀၁၂ရက်နေ့ ညပိုင်းတွင် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များမှ တာချီလိတ်မြို့ရှိ ပါလျှံရပ်ကွက် လွမ်းမွန်းဘုန်းကြီးကျောင်း၌ တာချီလိတ်သား/သူများ နှင့် ပွင့်လင်းလွတ်လပ်စွာ ပြောဆိုဆွေးနွေးထားသော ဗီဒီယို မှတ်တမ်းကို တင်ပေးလိုက်ပါသည်။

ဗီဒီယိုကို ကြည့်တဲ့အခါ သည်းခံကြည့်ရှုပေးဖို့ ဦးစွာ ပြောလိုပါသည်။ အကြောင်းမှာ မှတ်တမ်း ဗီဒီယိုများကို ဖုန်းဖြင့်ရိုက်ထားတာကြောင့်ဖြစ်ပါသည်။

(၁)နာရီခွဲခန့်ရှိသော မှတ်တမ်းဗီဒီယိုများကို အပိုင်း(၆)ပိုင်းခွဲ၍ တင်ပေးထားပါသည်။

အပိုင်း ( ၁ )


အပိုင်း ( ၂ )


အပိုင်း ( ၃ )


အပိုင်း ( ၄ )


အပိုင်း ( ၅ )


အပိုင်း ( ၆ )

❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦


ကျေးဇူးတင်ပါသည်
တာချီလိတ် အွန်လိုင်းစာမျက်နှာ
www.tachileik.net

6.6.2012 နံနက်ပိုင်း၌ တာချီလိတ်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(တာချီလိတ်)၏ အဖွဲ့ဝင်များ တွေ့ဆုံရာ မီဒီယာပိုင်းနှင့်ပတ်သက်၍ တာချီလိတ်မြို့မှ တာချီလိတ်အွန်လိုင်းစာမျက်နှာ ရှိတာ ဒီကိုရောက်မှ သူတို့အနေဖြင့် သိရကြောင်းနှင့် တာချီလိတ်သတင်းအနေနဲ့ ဆက်လက်တိုးချဲ့ လုပ်ဆောင်သွားနိုင်ရန်အတွက် အားပေးအမှာစကားပြောကြားသွားသည့် ဗီဒီယိုမှတ်တမ်းဖြစ်ပါသည်။



ကျေးဇူးတင်ပါသည်
တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net

Wednesday, June 6, 2012

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် (၈)ဦးတို့သည် ၆.၆.၂၀၁၂ နံနက်ပိုင်း (၁၁)နာရီတွင် တာချီလိတ်မြို့ရှိ ပုဂ္ဂလိက အာခါဈေး၌ အာခါတိုင်းရင်သားခေါင်းဆောင်းများနှင့် အာခါတိုင်းရင်းသားများကို သွားရောက်တွေ့ဆုံ၍ အပြန်အလှန်မိတ်ဆက် ပြောဆို ဆွေးနွေးခဲ့ကြသည်။

ထိုတွေ့ဆုံခြင်းအခမ်းအနားတွင် အခါတိုင်းရင်းသားနှင့်ပတ်သက်၍ ကိုမင်းကိုနိုင်သည် ကျိုင်းတုံထောင်အတွင်းရှိနေစဉ်က သူကြုံခဲ့ဖူးသော အာခါတိုင်းရင်းသားလေး တစ်ယောက်အကြောင်း ကို ပြောကြားခဲ့သည်။

ဆိုလိုရင်းမှာ တိုင်းရင်းသားလူမျိုးများသည် ဟန်ဆောင်မှုကင်းကြောင်း ခိုးဝှက်လိုစိတ် သူတစ်ပါးအပေါ် ခေါင်းပုံဖြတ်တတ်တဲ့စိတ် မတွေ့ဖူးခဲ့ကြောင်း တိုင်းရင်းသားလူမျိုးများသည် ရိုးသားစိတ်ရှိကြကြောင်းကို ပြောကြားခဲ့သည်။ ထို့အပြင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တို့သည် ၎င်းတို့၏ နိုင်ငံအရေးအတွေးအကြုံများ ပြည်သူများအနေဖြင့် ရဲဝံ့မှန်ကန်စေလိုသော ရည်ရွယ်ချက်များ စသည်ဖြင့် ပြောဆိုဆွေးနွေးခဲ့ကြသည်။











ထို့နောက် ကိုဂျင်မီမှ ပြောဆိုရာတွင် တာချီလိတ်မြို့တွင် ပုဂ္ဂလိက အာခါဈေးရှိနေသည်ကို တွေ့မြင်ရ၍ သူ၏ စိတ်၌ အံ့သြမိခဲ့ကြောင်း ဤသို့ အခါတိုင်းရင်းသားတို့၏ ကိုယ်ပိုင်ဈေးရှိခြင်းအတွက်လည်း ဂုဏ်ယူမိပါကြောင်း ပြောကြားခဲ့သည်။ ကိုဂျင်မီမှ အာခါဈေးအား ဖွင့်လှစ်ခဲ့သည်မှာ မည်မျှကြာမြင့်ခဲ့ကြောင်း ပြန်၍မေးရာ အာခါခေါင်းဆောင်တစ်ဦးဖြစ်သူမှ ၄.၁.၂၀၁၂ လွတ်လပ်ရေးနေ့၌ ဖွင့်လှစ်ခဲ့ကြောင်းကို ဖြေကြားခဲ့ကြသည်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် အာခါတိုင်းရင်းသားများ တစ်ဦးချင်းစီအပြန်အလှန် ဆွေးနွေးကြရာတွင် အသိပညာ အတတ်ပညာနှင့်ပတ်သက်၍ အာခါတိုင်းရင်းသားတစ်ဦးမှ ၎င်းတို့အနေဖြင့် အာခါတိုင်းရင်းသားတို့သည် ကြောက်တတ်ကြကြောင်း၊ ပွဲလမ်းသဘင်၊ လူရှေ့သူရှေ့၊ အခမ်းအနားများ စသည့်နေရာများသို့ သွားလာရမည်ကို ကြောက်တတ် ရှက်တတ်ကြောင့် တစ်နည်းပြောရလျှင် လူတောတိုးရမည်ကို ရှက်ရွံ့တတ်ကြကြောင်း ဤသို့ဖြစ်ရခြင်းမှာ ပညာမတတ်၍ ဖြစ်ရသည်ဟု မြင်မိပါကြောင်း ထို့ကြောင့် အာခါတိုင်းရင်းသားအတွက် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များအနေဖြင့် နောက်များ တာချီလိတ်သို့ ရောက်လာဖို့ အစီအစဉ်ရှိခဲ့ပါလျှင် အသိပညာပေး အတတ်ပညာပေး သင်တန်းတစ်ခုခု ပြန်လည်ပို့ချပေးစေလိုပါကြောင်း အာခါတိုင်းရင်းသာတစ်ဦးမှ တောင်းဆိုခဲ့သည်။ ထိုသို့ တောင်းဆိုချင်းကို ကိုမင်းကိုနိုင်မှ ပြန်လည်ဖြေကြားသွားပြီး ၁၁နာရီ ၅၅မိနစ်တွင် အခမ်းအနားအစီအစဉ်ပြီးဆုံးခဲ့ပါသည်။
ပုံများကို ကြည့်ရန်

ကျေးဇူးတင်ပါသည်
တာချီလိတ် အွန်လိုင်းစာမျက်နှာ
www.tachileik.net
၆.၆.၂၀၁၂ နံနက် ၉နာရီ၃၅မိနစ်တွင် ကိုမင်းကိုနိုင် အပါအ၀င် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် (၈)ဦးတို့သည် တာချီလိတ်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ သွားရောက်၍ တစ်ဦးချင်းစီအလိုက် မိတ်ဆက်၍ အပြန်အလှန်ပြောဆိုဆွေးနွေးကြရင်း တာချီလိတ်မြို့တွင် ၎င်းတို့အတွက် ပွဲဖြစ်မြောက်အောင် ပြုလုပ်ကျင်းပပေးသည့်အတွက် ကျေးဇူးအထူးတင်ကြောင်း ပြောကြားခဲ့ကြသည်။






အလှန်အပြန်ပြောဆိုဆွေးနွေးပွဲတွင် တာချီလိတ် အမျိုးသားဒီမိုကရေစီအဖွဲ့ဝင် တစ်ဦးမှ NLD နှင့် National League for Democracy အပြင် ဒီချုပ် စသည့်အခေါ်အဝေါ်ကို ရှင်းလင်းပြောကြားပေးပါရန် တောင်းဆိုသောအခါ ကိုမင်းကိုနိုင်မှ သိရှိနားလည်ထားသလို ပြန်လည်ရှင်းပြခဲ့သည်။

ထို့နောက် တာချီလိတ် အမျိုးသားဒီမိုကရေစီအဖွဲ့ဝင် တစ်ဦးမှလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပါရှိသော အာဏာသိမ်းနိုင်သည့် ကိစ္စနှင့် ပတ်သက်သည့်အကြောင်းအရာကို မေးမြန်းသည့်အခါ ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်နှင့် ကိုဂျင်မီတို့မှ လေးနက်စွာပြန်လည်ဖြေကြားပေးခဲ့ကြသည်။

ထိုဖြေကြားမှုတွင်လည်း ကိုဂျင်မီမှ မီဒီယာပိုင်းနှင့်ပတ်သက်၍ ကျွန်တော်တို့ တာချီလိတ်အွန်လိုင်းစာမျက်နှာ အကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။ ပြောကြားခဲ့သည့်အကြောင်းအရာမှာ တာချီလိတ် website ရှိနေတာ ကောင်းမွန်ကြောင်း တစ်ပတ်တစ်ခေါက် ဂျာနယ်အသေးစားလေးမှ အကြီးသည့် ထုတ်နိုင်ရင် ကောင်းမွန်ကြောင်း ထည့်သွင်းပြောကြား အကြံပေးသွားခဲ့ပါသည်။


ကျွန်တော်တို့တာချီလိတ်အွန်လိုင်းစာမျက်နှာ အနေဖြင့်လည်း ဤသို့စိတ်ကူးရှိပါသည်။ အကောင်အထည်ဖော်နိုင်အောင်လည်း ကြိုးစားနေလျက်ဖြစ်ကြောင်း ပြောလိုက်ပါရစေခင်ဗျာ......။
တာချီလိတ် အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်များနှင့်တွေ့ဆုံခြင်းအခမ်းအနားကို ၁၀နာရီမိနစ်၄၀တွင် ပြီးဆုံးစေခဲ့သည်။

ပုံများကိုကြည့်ရန်

မှတ်တမ်း ဗီဒီယိုအား တင်ပေးသွားပါမည်.....

ကျေးဇူးတင်ပါသည်
တာချီလိတ် အွန်လိုင်း စာမျက်နှာ
www.tachileik.net

Tuesday, June 5, 2012

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုပြုံးချို၊ ကိုဂျင်မီ၊ ကိုထွန်းမြင့်အောင်၊ ကိုသက်ဇော်၊ မနီလာသိန်းနှင့် မမီးမီးတို့သည် မနက်ပိုင်းတွင် တာချီလိတ်မြို့မှ ရှေ့နေများနှင့် အလင်းရောင်ပရဟိတအသင်း တို့အား တွေ့ဆုံ၍ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို တာချီလိတ်မြို့ရှိ ပါလျှံရပ်ကွက် လွမ်းမွန်းဘုန်းကြီးကျောင်း၌ ညနေ (၄)နာရီတွင် ကျင်းပမည်ဟု ရည်ရွယ်ထားသော်လည်း တာချီလိတ်မြို့ရှိ ရုံးဝန်ထမ်းများ၊ ကျောင်းကြိုပို့ မိဘများ၊ လက်လုပ်လက်စားသမားများ၏ တောင်းဆိုချက်အရ ညနေ(၅)နာရီခွဲလုမှသာ ကျင်းပဖြစ်ခဲ့သည်။







ထိုခမ်းအနားတွင် ရပ်နီးရပ်ဝေးမှ ပြည်သူ ပြည်သား အတော်တော်များများ တက်ရောက်ခဲ့ကြပြီး ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၏ ဟောပြောချက်များကို အားတက်တရော နားထောင်ကြပြီး လက်ခုပ်တီး၍ ထောက်ခံကြသူများ၊ ၀မ်းနည်းဝမ်းသာ ပီတိမျက်ရည်ကျကြသူများကိုလည်းတွေ့ရသည်။ လာရောက်နားထောင်သူများ၏ ပြောကြားချက်များတွင် “သူတို့တွေရဲ့ ပြောတဲ့စကားလုံးတွေက အရမ်းထိမိတာပဲ၊နားထောင်ရတာ ကြက်သီးမွှေးညှင်းတွေတောင်ထတယ်” စသည်ဖြင့် တစ်ယောက်တစ်မျိုးပြောဆို ချီးမွမ်းသံများကိုလည်း ကြားခဲ့ရသည်။

၎င်းတို့၏ ဟောပြောချက်များတွင် ပြည်သူများအနေဖြင့် မှန်ကန်သည့်လုပ်ရပ်များပေါ်တွင် မကြောက်ရွံ့စေရေး၊ ၀န်ထမ်းများအနေဖြင့် ပြည်သူများအပေါ်မျှတစွာ အုပ်ချုပ်စေရေး၊ တရားစီရင်သူများအနေဖြင့် မျှတသော တရားစီရင်ရေး၊ ကျောင်းအုပ်ကြီးနှင့်တကွ ကျောင်းဆရာ ဆရာမအနေဖြင့် ကျောင်းသားများအပေါ် မတရားမပြုကျင့်စေရေး နှင့် ပြည်သူများ လွတ်လွတ်လပ်လပ် ပြောဆိုနေထိုင်နိုင်ပြီး မိမိအနေဖြင့် မှန်ကန်သည်များကို ရဲဝံ့စွာပြောနိုင်စေရေးစသည်ဖြင့် နိုင်ငံရေးအသိအမြင် ဗဟုသုတများကို ပြောဆိုသွားခဲ့သည်။



❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
တာချီလိတ်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် မိတ်ဆက်
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

ကချင် မြန်မာငြိမ်းချမ်းရေးအတွက် လက်မှတ်ထိုးတောင်းဆို
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

ထို့နောက် တာချီလိတ်မြို့သူ မြိုသားများနှင့် အပြန်အလှန် လွတ်လပ်စွာပြောဆိုကြရာတွင် တာချီလိတ်မြို့သူ မြို့သားဘက်မှ
  1. ပေါ်တာဆွဲသောကိစ္စ၊
  2. ကျောင်းဆရာ ဆရာမများ အလှူငွေကောက်ခံသည့်ကိစ္စ၊
  3. မီတာကိစ္စ၊
  4. မြေကွက်ကိစ္စ၊
  5. တရားစီရင်ရေးကိစ္စ နှင့်
  6. ဘာသာရေးဖြစ်သော တရားပွဲပြုလုပ်ရာတွင် လျှောက်လွှာများကို ဌာနအသီးသီးသို့ လျှောက်လွှာတင်နေရာခြင်းကိစ္စ
စသည်များကို တစ်ဦးတစ်ယောက်ချင်းစီ ထပြောကြသောအခါ ကိုမင်းကိုနိုင် ဦးဆောင်၍ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များမှ လိမ္မာပါးနပ်စွာ ဖြေကြားခဲ့ကြသည်။ ထိုဖြေကြားချက်သည် ပြည်သူများအတွက် အားရကျေနပ်ဖွယ်ဖြစ်သည်ဟု ကြားသိရသည်။ အပြန်အလှန် တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ယခုလို ပွဲကြီးဖြစ်မြောက်အောင် ကူညီပေးခဲ့ကြသည် တာချီလိတ်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တာချီလိတ်မြို့သူ မြို့သားများကို ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်မျာမှ မိတ်ဆက်ပေးခဲ့ကြပြီး ပြည်တွင်းစစ်တစ်ခုဖြစ်သော ကချင်ပြည်နယ်စစ်ပွဲအား စစ်သလင်းမှ ငြိမ်းချမ်းရေးစီသို့ အမြန်ဆုံးရောက်ရှိစေရန်အတွက် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များမှ တဆင့် တာချီလိတ်မြို့သူ မြို့သားများက လက်မှတ်ထိုး တောင်းဆိုခြင်းကိုလည်း ပြုလုပ်ခဲ့ကြသည်။

ယနေ့ပြုလုပ်သော အခမ်းအနားသည် အကြောက်တရားမှ မကြောက်တရားသို့ ဟောပြောသော တာချီလိတ်မြို့၏ ပထမဦးဆုံးသော ပွင့်လင်းစွာပြောကြဆိုကြသည့် ပွဲကြီးတစ်ပွဲဖြစ်စေခဲ့ပါသည်။

ပုံများကို ကြည့်ရန်

ဆွေးနွေးပွဲမှတ်တမ်း ဗီဒီယိုကို မကြာခင်တင်ပေးပါမည်။
ကျေးဇူးတင်ပါသည်
တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net

Monday, June 4, 2012

ယနေ့နံနက် (၉)နာရီတွင် ကိုမင်းကိုနိုင်ပါဝင်သော ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များသည် တာချီလိတ်မြို့ရွှေတိဂုံဘုရားသို့ သွားရောက် ဖူးမျှော်ပြီး ၎င်းတို့တည်းသော ရွှေရေကန်ဟိုတယ်တွင် တာချီလိတ်မြို့ရှိ ရှေ့နေများအား နံနက် ၁၀ နာရီခန့်မှစ၍ ၁၁နာရီဝန်းကျင်ထိ ပွင့်လင်းလွတ်လပ်စွာ အပြန်အလှန်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။




ထို့နောက် ၎င်းတို့သည် တာချီလိတ်မြို့ရှိ လူမှုအဖွဲ့အစည်းများ၊ ပရဟိတအသင်းများနှင့် တွေ့ဆုံရာ တာချီလိတ်မြို့ရှိ အလင်းရောင်ပရဟိတအသင်းတွေ့ဆုံဆွေးနွေးအကြံပေးကြပြီး ၁၁နာရီမိနစ်၄၀ခန့်တွင် ထိုတွေ့ဆုံခြင်း ပြီးဆုံးခဲ့ပါသည်။





တာချီလိတ်မြို့မှ ရှေ့နေများနှင့် အမှတ်တရ
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

အလင်းရောင်ပရဟိတအဖွဲ့ဝင်များနှင့် အမှတ်တရ
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

တာချီလိတ်မြို့ရှိ ရှေ့နေမျုားနှင့်တွေ့ဆုံရာတွင် တရားစီရင်ခြင်းနှင့် ပတ်သက်သည့်အကြောင်းအရာများကို မျှတမှန်ကုန်တိကျစေလိုသည်ကို ရည်ညွှန်းအကြံပေးပြောဆို ဆွေးနွေးခဲ့ကြသည်။

၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်များနှင့် တာချီလိတ်မြို့ရှိ ရှေ့နေများ၏ ဗီဒီယိုမှတ်တမ်းအားကြည့်ရန်---


အလင်းရောင်ပရဟိတအသင်းနှင့်ပတ်သက်၍ ပရဟိတလုပ်ငန်းလုပ်စဉ်များ မည်သို့မည်ပုံလုပ်ရမည် ဘာတွေလိုအပ်နေသည် စသည့် အကြောင်းအရာများအဓိက အပြန်အလှန်ပြောဆို အကြံပေးဆွေးနွေးခဲ့ကြသည်။

၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်များနှင့် အလင်းရောင်ပရဟိတအဖွဲ့ဝင်များ၏ ဗီဒီယိုမှတ်တမ်းအားကြည့်ရန်---



ပုံများကို ကြည့်လိုပါက

အမှားပြင်ဆင်ချက် နှင့် တောင်းပန်ခြင်း
ယခုတွေ့ဆုံပွဲသို့ တာချီလိတ်မြို့ရှိ တရားသူကြီးများလည်း သက်ရောက်ခဲ့သည်ဟု မှားယွင်းစွာ ဖော်ပြမိသည့်အတွက် ကျွန်တော်တို့ တာချီလိတ် အွန်လိုင်းစာမျက်နှာမှ အနှုးညွှတ်တောင်းပန်အပ်ပါသည်။ ထိုတွေ့ဆုံပွဲတွင် တာချီလိတ်မြို့ရှိ ရှေ့နေ (၁၀) ဦးခန့်သာ သွားရောက်တွေ့ဆုံခဲ့ကြပါသည်။

ကျေးဇူးတင်ပါသည်
တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net

တာချီလိတ်မြို့သို့ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အပြန်အလှန် တွေ့ဆုံဆွေးနွေးပွဲ၌ ဟောပြောဆွေးနွေးဖို့ရန်အတွက် ကိုမင်းကိုနိုင်ဦးဆောင်သည့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်(၈)ဦးတို့သည် 4.6.2012 နေ့လည် ၂း၃၀မိနစ်တွင် တာချီလိတ် လေဆိပ်သို့ရောက်ရှိသည်။







ကြိုဆိုသောဗီဒီယိုကို ကြည့်လိုပါက အောက်တွင် ကြည့်ပါ


၎င်းတို့အား တာချီလိတ်မြို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးမှူး ဦးကျော်ဆွေခေါင်းဆောင်သည့် အဖွဲ့ဝင်ဦးရေ(၅၀)ခန့်တို့နှင့်အတူ တာချီလိတ်မြို့ရှိ လူငယ်များမှလည်း တာချီလိတ်လေဆိပ်သို့ သွားရောက် ကြိုဆိုခဲ့ကြပြီး ရွှေရေကန်ဟိုတယ်သို့ လိုက်လံပို့ဆောင်ခဲ့ကြသည်။

ပုံများကို အပြည့်အစုံကြည့်လိုက်က နိပ်ပါ

ကျေးဇူးတင်ပါသည်
တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net

Saturday, June 2, 2012

တာချီလိတ်မြို့တွင် ၅.၆.၂၀၁၂ ( အင်္ဂါနေ့)ညနေ (၄)နာရီတွင် ပါလျှံရပ်ကွက်ရှိ လွမ်းမွန်းဘုန်းကြီးကျောင်းတွင် ကျင်းပပြုလုပ်မည့် ပွင့်လင်းလွတ်လပ်သော အတွေး အသိ အမြင် ဟောပြောပွဲတစ်ခုဖြစ်သည့် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတွေ့ဆုံဆွေးနွေးပွဲကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များမှ လာရောက်၍ ဟောပြောမှာဖြစ်ကြောင်း သတင်းရရှိပါသည်။


ထိုဟောပြောပွဲတွင် လာရောက်ကြမည့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များမှာ-
  1. ကိုမင်းကိုနိုင်
  2. ကိုဌေးကြွယ်
  3. ကိုပြုံးချို
  4. ကိုမြအေး
  5. ကိုဂျင်မီ
  6. ကိုသက်ဇော်
  7. ကိုထွန်းမြင့်အောင်
တို့ဖြစ်ကြသည်။

တွေ့ဆုံဆွေးနွေးပွဲပြုလုပ်မည့် အချိန်နှင့်တည်နေရာ
နေ့ရက်။ ။ ၅.၆.၂၀၁၂ ( အင်္ဂါနေ့ )
အချိန်။ ။ ညနေ ( ၄ ) နာရီ
နေရာ။ ။ လွမ်းမွန်းကျောင်း၊ ပါလျှံရပ်ကွက်၊ တာချီလိတ်မြို့။
မှတ်ချက်
အချိန်နှင့်တည်နေရာ အပြောင်းအလဲရှိပါက တာချီလိတ်အွန်လိုင်းစာမျက်နှာ၏ facebook နှင့် ဤနေရာ၌ အသိပေးသွားပါမည်။

Update:
4.5.2012 နေ့လည် တာချီလိတ်လေဆိပ်မှာ သွားရောက်ကြိုဆိုကြမှာဖြစ်ပြီး။ 6.5.2012 တွင် တာချီလိတ်မြို့မှ ပြန်လည်ထွက်ခွာမည်ဟု သိရသည်....။

ကိုမြအေး မပါဝင်ပဲ ၎င်းနေရာတွင် မနီလာသိန်းနှင့် မမီးမီးတို့ပါဝင်ပါသည်။



ကျေးဇူးတင်ပါသည်
တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net