Latest News

Dropdown Menu

Showing posts with label ပုန်းထွန်ချောင်း. Show all posts
Showing posts with label ပုန်းထွန်ချောင်း. Show all posts

Friday, April 12, 2013

တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စုပိုင် မယ်ဆိုင်ချောင်းတွင် မတ်လ(၂၃)ရက်နေ့မှစ၍ ဧပြီလ(၂၃)ရက်နေ့အထိ ပွဲဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချလျှက်ရှိရာ ၎င်းပွဲဈေးအတွင်း စားသောက်ဆိုင်၊ ကလေးကစားစရာနှင့် အ၀တ်အထည်များ ရောင်းချသည့် ဆိုင်ခန်းပေါင်း(၄၀)ကျော် ဖွင့်လှစ်ထားကြောင်း သတင်းရရှိသည်။


ဆိုင်ခန်းတစ်ခန်းလျှင်(၂၀ပေx၄၀ပေ)ရှိပြီး ဆိုင်ခန်းခအား ဆိုင်ခန်းနေရာပေါ်မူတည်၍ ထိုင်းဘတ်ငွေ ငါးရာမှ ခုနှစ်ထောင်အထိ ပေးသွင်းရပြီး ပွဲဖြစ်မြောက်ရေးကော်မတီမှ လွယ်တော်ခမ်းကျေးရွာအုပ်စု ရံပုံငွေအတွက် ဘတ်ငွေနှစ်သိန်း ပေးသွင်းရကြောင်း ရရှိသည့် ရံပုံငွေအား ကျေးရွာအုပ်စု၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဘာသာရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး အသုံးစရိတ်များတွင် အသုံးပြုကြောင်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအားဂျာမှ ပြောကြားပါသည်။

ဈေးပွဲသို့ အပန်းဖြေအနားယူရန် လာရောက်ကြသော လုပ်သားပြည်သူများ၏ လုံခြုံရေး၊ ကားနှင့်ဆိုင်ကယ်များကိုလည်း လွယ်တော်ခမ်းကျေးရွာအုပ်စုမှ နေ့စဉ်ပြည်သူ့စစ်အင်အား(၄၀)ကျော်ဖြင့် စောင့်ရှောက်လျှက်ရှိပြီး ထိခိုက်ဒဏ်ရာများရရှိပါကလည်း တာချီလိတ်မြို့ရှိ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များမှ ကျန်းမာရေးစောင့်ရှောက်မှုပေးလျှက်ရှိကြောင်း သိရှိရပါသည်။

{ ဗီဒီယိုမှတ်တမ်း}

အာခါတိုင်းရင်းသား အမျိုးသားညီလာခံကိုယ်စားလှယ် ဦးအာဇေးမှ သက္ကရာဇ်(၂၀၀၀)ခုနှစ်တွင် စတင်၍ အဆိုပါဈေးဆိုင်ခန်းများ ရောင်းချခြင်းကို ဖွင့်လှစ်ကြီးကြပ်ပေးခဲ့ပြီး အဆက်ဆက်သော ဥက္ကဌများနှင့် အုပ်ချုပ်ရေးမှူးများ လက်ဆင့်ကမ်း ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရပါသည်။ "ကျွန်တော်တို့ ဒီဈေးပွဲတော်ကို နှစ်စဉ် ဆောင်ရွက်ရခြင်းရဲ့ ရည်ရွယ်ချက်က ရပ်ဝေးရပ်နီးမှ လုပ်သား ပြည်သူတွေ စိတ်အေးချမ်းစွာ လာရောက်အပန်းဖြေ ရေကစားနိုင်မယ်၊ ဈေးဆိုင်ခန်း ဖွင့်လှစ်ရောင်းချသူတွေလည်း အဆင်ပြေမယ်၊ ကျေးရွာအုပ်စုအတွင်း နေထိုင်ကြတဲ့ ရွာသူရွာသားတွေလည်း အလုပ်အကိုင် အခွင့်အလမ်းရမယ်၊ ကျွန်တော်တို့ နေ့စဉ်လုံခြုံရေးများနှင့် စောင့်ကြည့်ကူညီပေးနေတာက အပန်းဖြေအနားယူကြတဲ့ လုပ်သားပြည်သူတွေ စိတ်အေးချမ်းသာစွာ ပျော်ရွှင်စေချင်လို့ပါ"ဟု အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူ တစ်ဦးမှ ပြောကြားသည်။

"အမြတ်အစွန်းရချင်လို့ ဒီပွဲကို ကန်ထရိုက်ယူတာမဟုတ်ပါဘူး၊ ပွဲပြီးလို့ရတဲ့ အမြတ်ငွေကိုလည်း လွယ်တော်ခမ်းကျေးရွာအုပ်စုရဲ့ ဘာသာရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေးစတဲ့ ကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ အများဆုံးလှူဒါန်းသွားတာပါ၊ ကျေးရွာအုပ်စုရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကိုလည်း တစ်ဖက်တစ်လမ်းက ကူညီရုံသက်သက်ပါပဲ"ဟု ဦးမျိုးဝင်းလှိုင်(ခ) ဦးကြက်မွှေးမှ ပြောကြားပါသည်။

"ဒီပွဲဈေးမှာ ဈေးဆိုင်ခန်းဖွင့်လှစ်သူ အများစုက နှစ်စဉ်နှစ်တိုင်း ရောင်းချသူတွေပါ၊ ဆိုင်ခန်းအနေအထား၊ ချောင်းအနေအထားက ကျယ်တော့၊ အပန်းဖြေအနားယူကြတဲ့ သူတွေလည်း အဆင်ပြေတယ်၊ ချောင်းထဲမှာ လုံခြုံရေးလည်းရှိနေတော့ စိတ်ချမ်းသာစွာ ရောင်းရပါတယ်"ဟု ဆိုင်ခန်းပိုင်ရှင် တစ်ဦးမှ ပြောကြားသည်။
သတင်းပေးပို့သူ။   ။ ကိုထွန်း (တာချီလိတ်)

ပုံများကိုကြည့်ရန်

Tuesday, April 9, 2013

ဧပြီလ(၈)ရက်နေ့ နေ့လည်(၁)နာရီခန့်က တာချီလိတ်မြို့မှာ သင်္ကြန်ကာလအတွင်း ရေကစားနေကြ နေရာဖြစ်တဲ့ ပုန်းထွန်ချောင်းမှာ လူတစ်ဦး ရေနစ်သေဆုံးကြောင်း သိရပါတယ်။


သေဆုံးသူသည် အသက်(၂၈)နှစ်အရွယ် မျိုးကျော်သူ(ခ)ရာဇာ ဖြစ်ကြောင်း သိရပြီး ၎င်းအနေဖြင့် အရက်မူးကာ ကျောက်ဆောင်ပေါ်မှ ရေထဲသို့ ဒိုင်ဗင်ထိုးအချ ရေထဲမှ ကျောက်တုံးနှင့် နဖူးသွားရိုက်မိပြီး နဖူးကွဲသွားကာ ရေထဲမှာပဲ သတိလစ်ပြီး ရေစီးကြောင်းအတိုင်း မျှောပါရင်း ရေမွမ်းသေဆုံးသွားဟန်ရှိကြောင်း ချောင်းအတွင်း
 ရေကစားနေသူများက ဆိုပါတယ်။

ရေထဲမှာ နဖူးကွဲသွားပြီး သတိလစ်သွားကာ ရေစီးကြောင်းအတိုင်း ပါသွားခဲ့တာကြောင့် ဖြစ်ဖြစ်ချင်းမှာ ချောင်းအတွင်းရှိလုံခြုံရေး တာဝန်ရှိသူများက ရေထဲသို့ ဆင်း၍ရှာဖွေသော်လည်း တော်တော်နှင့်မတွေ့ရပဲ (၂၄)နာရီခန့်ကြာပြီးနောက် ယနေ့ နေ့လည်(၁)နာရီဝန်းကျင်မှာ သေဆုံးသူရဲ့ အလောင်းကို အဆိုပါချောင်းအတွင်းမှ ပြန်လည် ရှာဖွေတွေ့ရှိကာ ဆယ်ယူနိုင်ခဲ့ကြတာဖြစ်ကြောင်း သိရပါတယ်။

{13.4.2012က ရေနစ်သွားသူအား ရှာဖွေနေပုံ}

ယခု သေဆုံးသွားတဲ့နေရာဟာ ပြီးခဲ့သော ၂၀၁၂ခုနှစ် ဧပြီ (၁၃)ရက်နေ့က ကလေးလေးတစ်ယောက် ရေနစ်မျှောပါသေဆုံးသွားတဲ့ နေရာရဲ့ အနီးအနားမှာဖြစ်ကြောင်း သိရပါတယ်။ ရေနစ်သေဆုံးသူကို ရှာဖွေတွေ့ရှိပြီးနောက် ဆေးရုံသို့ သယ်ယူသွားကာ ရင်ခွဲစစ်ဆေးခြင်းများပြုလုပ်ပြီး သေဆုံးသူရဲ့ နာရေးကိစ္စကို တာချီလိတ်မြို့ရှိ မဇ္ဈိမလူမှုကူညီရေးအသင်းမှ ကူညီဆောင်ရွက်ပေးမှာဖြစ်ပြီး နက်ဖြန်မှာ သင်္ဂြိုဟ်မှာ ဖြစ်ကြောင်းသိရပါတယ်။

လွန်ခဲ့သောတစ်နှစ်က ရေထဲမျှောပါသေဆုံးသွားတဲ့ ကလေးလေးအကြောင်းအား သရုပ်ဖော်ရေးသားထားတဲ့ ဆောင်းပါးအား ဖတ်ရှုလိုလျှင် ---> ရေထဲကျသွားတဲ့ မျက်ရည်

ပုံများကိုကြည့်ရန်

Update News: ( 10.4.2013)
မနေ့က ရေနစ်သေဆုံးသူ ကိုရာဇာ ဟာ ရေငုပ်ကျွမ်းကျင်သူဖြစ်ပြီး လွန်ခဲ့သော တစ်နှစ်က ပုန်းထွန်ချောင်းမှာ ရေနစ်သေဆုံးသွားတဲ့ ကလေးလေးရဲ့ အလောင်းကို ဆယ်ယူပေးခဲ့သူဖြစ်ကြောင်း သိရပြီး ၎င်းအနေဖြင့် ရေကူး ရေငုပ် ကျွမ်းကျင်သော်လည်း ယခုအခါမှာတော့ ကျောက်တုံးနဲ့ သွားရိုက်မိတဲ့ ဒဏ်ကြောင့် ရေထဲမှာ သတိလစ်ပြီး မျောပါသွားခဲ့တဲ့အပြင်  ရှာဖွေတွေ့ရှိမှုနောက်ကျသွားတာကြောင့် အခုလို သေဆုံးရတာဖြစ်တယ်လို့ သေဆုံးသူရဲ့အသိမိတ်ဆွေများက ပြောပါတယ်။

ပုန်းထွန်ချောင်းမှာ ရေနစ်သေဆုံးသူဟာ  နှစ်စဉ်လိုရှိနေပြီး အန္တရာယ်ရှိသည် ဆိုတဲ့ နေရာရဲ့ အထက်မှာ ဆိုင်ခန်းများ ဖွင့်လှစ်ပေးထားခြင်းကြောင့် စားသုံးသူများအနေနဲ့ ရေဆင်းကစားရာကနေ အခုလို မဖြစ်သင့်တာတွေဖြစ်တာလို့လည်း ဆိုပြန်ပါတယ်။
Tachileik Online News

Friday, April 13, 2012


ဒီနေ့က သင်္ကြန်အကျနေ့ဆိုတော့ ဓါတ်ပုံတွေကိုလည်း တင်ထားပေးပါတယ်။ ခု vdo လေးကတော့ ပုန်းထွန်ချောင်းမှာ သောက်စားပျော်ပါးရေဆော့ကစားနေကြတာလေးတွေကို ဖုန်းနဲ့ပဲရိုက်လာခဲ့ပါတယ်။ ပုန်းထွန်ချောင်းရဲ့ အကျယ်အ၀န်းနဲ့ လာလည်သူတွေကိုလည်း vdo ထဲမှာ တွေ့မြင်နိုင်ပါတယ်။ ဆက်လက်ကြည့်ရှုနိုင်ပါသည် :)




ပုံများကို ကြည့်လိုလျှင် နိပ်ပါ
တာချီလိတ်သင်္ကြန် အကျ ( ၁၃.၄.၂၀၁၂ ) 69 photos


ကျေးဇူးတင်ပါသည်
Tachileik
www.tachileik.net
တာချီလိတ်မြို့ရဲ့ သင်္ကြန်အခါတော်တွင်းမှာ လည်စရာများများစားစားမရှိလှပါဘူး။ ပုန်းထွန်ချောင်းမှ မယ်ဟုတ်ချောင်းထိသာရှိပါတယ်။ မြို့ထဲက မဏ္ဍပ်တွေမှာတော့ ရေပက်နေကြတာတွေကို တွေ့ရပါတယ်။ ထုံးစံအတိုင်းမြို့တွင်းရေပက်ခံထွက်ပြီး ပုန်းထွန်ချောင်းမဟုတ်ရင် မယ်ဟုတ်ချောင်းကို ဦးတည်ကြပါတယ်။

ဒီနေ့တော့ တစ်ချို့နေရာတွေကို ဓါတ်ပုံရိုက်ရင်း ပုန်းထွန်ချောင်းဆီကို ရောက်သွားခဲ့ပါတယ်။

စည်ပင်သင်္ကြန်မဏ္ဍပ်
* * * * ** * * * ** * * * ** * * * *

အကောက်ခွန်သင်္ကြန်မဏ္ဍပ်
* * * * ** * * * ** * * * ** * * * *

ထွေထွေအုပ်ချုပ်ရေးရုံးရှေ့
* * * * ** * * * ** * * * ** * * * *

အလှဆင်ထားသော သုံးဘီး
* * * * ** * * * ** * * * ** * * * *

ပုန်းထွန်ချောင်းဟုခေါ်သည်
* * * * ** * * * ** * * * ** * * * *

ရေနစ်မျောပါသွားသော ကလေးငယ်အား ရှာနေကြပုံ
* * * * ** * * * ** * * * ** * * * *
ပုန်းထွန်ချောင်းမှာ ကလေးတစ်ယောက်ရေနစ်မျောပါ
အချိန်က ၁၃.၄.၂၀၁၂ ညနေ ၃နာရီ၅၀မိနစ်ခန့်မှာ (၆)နှစ်သားအရွယ် ယောကျာ်းလေးတစ်ယောက် ရေထဲမျောပါနစ်မြုပ်သေဆုံးသွားခဲ့ပါတယ်။
သင်္ကြန်အတွင်းအထူးသတိထားဖို့လိုသည်မှာ ရေချောင်းရောက်ပြီဆိုတာနှင့် မိမိကိုယ်ကိုယ်ရော မိမိနှင့်သက်ဆိုင်သူကိုပါ အထူးသတိထားစောင့်ကြည့်ဖို့လိုပါသည်။ ရေနစ်ရာသို့လည်းကောင်း ကျောက်ဆောင်ပေါ်သို့လည်းကောင်း မသွားရောက်ရန် သတိပေးသင့်သည်။ အကြောင်းမှာ ရေထဲမျှောပါသွာနိုင်ခြင်း ရေနစ်နိုင်ခြင်းတို့ကြောင့်ဖြစ်သည်။ ယခုလ အတွင်း၌ မယ်ဟုတ်ချောင်းတွင် မိန်းကလေး(ကလေး)တစ်ယောက် ရေနစ်သေဆုံးသွားသကဲ့သို့ ပုန်းထွန်ချောင်းတွင်လည်း ယောကျာ်းလေး(ကလေး) တစ်ယောက်ရေနစ်သေဆုံးသွားခဲ့သည်။ အပျော်သွားရမှာ သောကရောက်တတ်သည်ဖြစ်တာကြောင့် သင်္ကြန်အတွင်း မယ်ဟုတ်ချောင်းနှင့် ပုန်းထွန်ချောင်း သွားကြသည်အခါ ရေနစ်ရေမျော မဖြစ်စေရန်အထူး သတိထားရန် လိုပါကြောင်း ကျွန်တော်တို့ တာချီလိတ်အွန်လိုင်းစာမျက်နှာ အဖွဲ့သားများမှ သတိပေးနှိုးဆော်လိုက်ပါသည်။

ပုံများကို စုံလင်စွာကြည့်လိုလျှင်နိပ်ပါ

ကျေးဇူးတင်ပါသည်
Tachileik
www.tachileik.net

Friday, April 6, 2012

သင်္ကြန်ရောက်ပြီဆိုရင်ဖြင့် တာချီလိတ်မှာ သင်္ကြန်မကျရောက်မှီ (၁)လအလိုလောက်ကနေ သွားရောက်လည်ပတ်တဲ့နေရာလည်းဖြစ်၊ သင်္ကြန်မှာ လည်စရာအဖြစ် တာချီလိတ်မြို့ရဲ့ အစ ပုန်းထွန်ချောင်းနဲ့ တာချီလိတ်မြို့ရဲ့အဆုံး မယ်ဟုတ်ချောင်းတွေပဲဖြစ်ပါသည်။

အဲ့ဒီ ပုန်းထွန်ချောင်းနဲ့မယ်ဟုတ်ချောင်းဟာ သင်္ကြန်ကာလအတွင်းအတွက် ဈေးဆိုင်ခန်းများ စားသောက်ဆိုင်များ အများအပြားဖွင့်လှစ်ထားကြပြီး လာရောက်လည်ပတ်သူ မိသားစုများ အပေါင်းအသင်းမိတ်ဆွေ အုပ်စုလိုက်ဟာ စားသောက်ရင်းဖြင့် ရေဆော့ကစားတတ်ကြသည်။

ပုန်းထွန်ချောင်းဟာ တာချီလိတ်မြို့ထဲနဲ့နီးတာကြောင့် သင်္ကြန်မကျမှီလည်း သွားရောက်လည်ပတ် ရေဆော့ကစားသူများမှာ များပြာလှပါတယ်။ မယ်ဟုတ်ချောင်းကတော့ တာချီလိတ်မြို့ပြင်ဘက်ပြီး မယ်ဟုတ်တံတားအနီးကနေ သွားရပါတယ်။ မြို့ထဲနဲ့ဝေးတာကြောင့် သင်္ကြန်ရောက်မှသာ ပို၍စည်ကားလှသည်။

တာချီလိတ်မြို့လေးဟာ ကျဉ်းတာကြောင့် သင်္ကြန်အတွင်း အရေပတ်ခံထွက်တဲ့အခါ အိမ်က စထွက်တာနဲ့ ပုန်းထွန်ချောင်းကို ဦးတည်ထွက်ကြပြီး အဲ့ဒီကနေမှ မယ်ဟုတ်ချောင်းကို သွားကြတာများသည်။


ကျောက်တုံးအောက်က ရေအနစ်၏အတိုင်းအတာမှာ မှန်းဆ၍ မရပါ။
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

ရေဆော့ကစားရချောင်းနှင့် စားသောက်ဆိုင်ခန်းများကို အပေါ်စီးမှတွေ့မြင်ရပုံ
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

မိသားစု/အပေါင်းအသင်း/များ သင်္ကြန်မကျရောက်နှင့်
သင်္ကြန်အတွင်းဤ သို့လာရောက်တတ်ကြသည်
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦


ကား/ဆိုင်ကယ်အပ်နေရာ၌သာ အပ်နှံရန်
------------------------------------------
အောက်တွင်ထား၍ ပျောက်ဆုံးပါက တာဝန်မယူ
ဆိုင်ကယ်တုံကင်ပျောက်လျှင် ၂၀၀ ဘတ်တဲ့ :)
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

ပုန်းထွန်မှထွက်သော တာချီလိတ်မြို့အထွက်ဖြစ်ပြီး
မိုင်းတွင်း/မိုင်းဆတ် ဘက်သွားသောလမ်းဖြစ်သည်
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

အထူးသတိပြုရန်....
ပုန်းထွန်ချောင်းတွင် သင်္ကြန်အတွင်း နှစ်စဉ်လိုလိုပင် လူတစ်ယောက်စ နှစ်ယောက်စ ရေနစ်သေဆုံးတာများ ဖြစ်တတ်သလို ယခင်နှစ်များဆီကလည်း သေဆုံးတာများရှိခဲ့သည်။ ထို့ကြောင့် သင်္ကြန်အတွင်း ပုန်းထွန်ချောင်းသွားလည်ရာ၌ အရက်မူးနေလျှင် ရေကူးရာ၌ ဆင်ခြင်ဖို့လိုပါသည်။ မိန်းကလေးများ ရေနစ်ရာနေရာသို့ ရေမကူးရန် သတိပေးလိုပါသည်။ အပျော်ကြူးက အသက်ဆုံးရှုံးရသည်ဆိုရာမှာ မူးလွန်း၍သော်လည်း၊ ရေမကူးတတ်ပဲ ရေနစ်ရာနေရာ၌ ကျွတ်(ဘော)စီး၍သော်လည်း ဖြစ်တတ်သောကြောင့် ရှောင်ကျဉ်စေချင်ပါသည်။

ပုန်းထွန်ချောင်းရှိ ဈေးဆိုင်ခန်းများကို ဆယ်တန်းစာမေးပွဲအပြီးမှာ စတင်ပြီး သင်္ကြန်အပြီး (၁)ပတ်လောက်တွင်ဆိုင်ခန်းများ သိမ်းတတ်ကြပါသည်။

ပုံများကို စုံလင်စွာကြည့်လိုလျှင် အောက်တွင်နိပ်ပါ
ကျေးဇူးတင်ပါသည်
Tachileik
www.tachileik.net