Latest News

Dropdown Menu

Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Tuesday, February 18, 2014


တာချီလိတ်မြို့ရှိ "အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ"အဖွဲ့ကြီးမှ ပေါက်ဖွားလာသော "ဇီဝက"အခမဲ့ဒါန ကုသိုလ်ဖြစ် ဆေးကုသခန်းအတွက် သုံးထပ်ဆောက်အဦဆောက်လုပ်ရန် စတင် ပန္နရိုက်အခမ်းအနားကို ယနေ့ဖေဖော်ဝါရီလ(၁၉)ရက် နံနက် (၉)နာရီအချိန်က ၀မ်ကောင်းရပ်ကွက်၊ ဘိုးဘွားရိပ်သာအနီးမှာ ပြုလုပ်ရာ ရွှေည၀ါဆရာတော်မှ ကြွရောက်ပြီး ပန္နတော်ရိုက်ပေးခဲ့ကြောင်း သိရသည်။

ပန္နရိုက်အခမ်းအနားသို့ ရွှေည၀ါဆရာတော် အရှင်ပညာသီဟ နှင့် မြေကွက်အလှူရှင် မိသားစုအပါအ၀င်၊ "အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ"အဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များ တက်ရောက်လာခဲ့ကြပြီး ဆရာတော်မှ တရားတော်များပွားများ၍ ပန္နတော်ရိုက်ပေးခဲ့သည်။

( လုပ်ဆောက်မည့် ပုံကြမ်း )

 "ဇီဝက"အခမဲ့ဒါန ကုသိုလ်ဖြစ် ဆေးကုသခန်းအတွက် လိုအပ်နေသည့် မြေကွက်အား ဦးထွန်းနေဦး + ဒေါ်ခင်ခင်ချို ( ဟိုတယ်တာချီလိတ် ) မိသားစုမှ လှူဒါန်းတာဖြစ်ပြီး အကျယ်အ၀န်းမှာ အလျား ပေ(၇၀) နှင့် အနံ (၂၅)ပေ ရှိကြောင်း နှင့် ယနေ့ ပန္နရိုက်အခမ်းအနားတွင် သုံးထပ်ဆေးခန်း တည်ဆောက်ရန်အတွက် မတည်အလှူငွေများအဖြစ် စေတနာရှင် အလှူရှင်များမှ လှူဒါန်းလာကြရာ စုစုပေါင်းအလှူငွေ (၃၀၇၅၀၀)ဘတ် အပြင် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်  ဦးဝီလ်ဆင်မိုးမှ ဘိလပ်မြေအိတ် ( ၅၀၀) နှင့် ဦးစိုင်းလုံးတစ်တို့မှ အုတ်အလုံး(၃၀၀၀)ကို လှူဒါန်းသွားကြောင်း သိရသည်။


"ဇီဝက"အခမဲ့ဒါန ကုသိုလ်ဖြစ် ဆေးကုသခန်းအနေဖြင့် မရှိနွမ်းပါးနှင့် အခက်အခဲဖြစ်နေသူများအား အခမဲ့ဆေးကုသပေးခြင်းကို ၂၀၁၃ခုနှစ် မတ်လ (၃၀)ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး ယနေ့ထိတွင် ကုသပေးခဲ့သည့် လူနာများမှာ (၂၈၀၀)ကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။


လက်ရှိတွင် ဆေးခန်းအား ဘိုးဘွားရိပ်သာအနီးရှိ တိုက်ခန်းမှာ ဖွင့်လှစ်၍ ဆေးဝါးကုသပေးနေပြီး အဆိုပါ အခမဲ့ဆေးကုခန်းမှာ ဒေါက်တာ ပြည့်မြင့်မြတ် နှင့် ဒေါက်တာ မျိုးသွယ်သွယ်ဦး အပါအ၀င် ဆေးအကူ(၂)ဦးနှင့် "ဇီဝက"အခမဲ့ဒါန ကုသိုလ်ဖြစ် ဆေးကုသခန်းအဖွဲ့ဝင် ၀န်ထမ်းများဖြင့် လည်ပတ်၍ ဆေးဝါးကုသပေးနေပြီး ရံဖန်ရံခါ၌  သမားတော်ကြီး ဒေါက်တာဖြိုးထက်ဦး မှလည်း လာရောက်၍ အခမဲ့ကုသပေးကြောင်း သိရှိရသည်။

ရွှေည၀ါ ဆရာတော်သည် တာချီလိတ်၌ ဖေဖော်ဝါရီလ(၁၇)ရက်နှင့်(၁၈)ရက် ညများမှာ တရားတော်ဟောကြားရန်အတွက် ကြွရောက်လာခဲ့ရင်း ယခုလို အကျိုးပြုလုပ်ငန်းအနေဖြင့် "ဇီဝက"အခမဲ့ဒါန ကုသိုလ်ဖြစ် ဆေးကုသခန်းအတွက် အဆောက်အဦးဆောက်လုပ်ရန် ပန္နရိုက်၍ ချီးမြှင့်ခြင်းဖြစ်သည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Monday, February 10, 2014

ဒီဇင်ဘာလ(၉)ရက်နေ့ က ထိုင်းနိုင်ငံတွင် ပြုလုပ်သော ကျန်းမာရေးအစည်းအဝေးမှာ ထိုင်းနိုင်ငံ ကျန်းမာရေးအတွင်းဝန် ဒေါက်တာ နလုံးဆဟထားဖတ်က ကမ္ဘာအနှံ့တွင် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသောလူနာမှာ တစ်နှစ်လျှင် အယောက်(၅၀၀၀၀)ကျော်ရှိပြီး ပြီးခဲ့သော (၂၀၁၃)ခုနှစ်က ထိုင်းနိုင်ငံအတွင်း ခွေးရူးပြန်ရောဂါကြောင့် သေဆုံးခဲ့ရသူမှာ (၆)ဦးရှိခဲ့ရာ သေဆုံးရသည့် အကြောင်းအရင်းမှာ ခွေးကိုက်ခံရပြီး ကာကွယ်ဆေးမထိုးသောကြောင့် သေဆုံးခဲ့ကြရတာဖြစ်ကြောင်း ပြောကြားသွားသည်။


ခွေးရူးပြန်ရာဂါနှင့် ပတ်သက်၍ ထိုင်းနိုင်ငံအတွင်း ဒေသအနှံ့အပြားတွင် ခွေးရူးပြန်ရောဂါ အနိမ့်ဆုံး (၈၀)ရာခိုင်နှုန်း ကျဆင်းစေရန် ဆောင်ရွက်ကြရမှာဖြစ်ပြီး မိမိတို့၏ အိမ်မွေးတိရစ္ဆာန် နို့တိုက် သတ္တ၀ါတို့၏ လက်သည်း၊ ခြေသည်းနှင့် ကုတ်ခြစ်မိခြင်း၊ တိရစ္ဆာန်များ၏ တံတွေးများအား မိမိတို့၏ အနာများနှင့် ထိတွေ့ခြင်းများ ဖြစ်ပေါ်ခဲ့ပါက ခွေးရူးပြန်ရာဂါ ကူးဆက်နိုင်ခြေ ရှိကြောင်းကိုလည်း ထိုင်းနိုင်ငံ ကျန်းမာရေးအတွင်းဝန်မှ အဆိုပါ အစည်းအဝေး၌ ပြောကြားသွားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဖြစ်သည့် World Health Organization က (၂၀၁၆)ခုနှစ်အတွင်း ကမ္ဘာ့နေရာအနှံ့ ခွေးရူးပြန်ရောဂါ ပပျောက်ရေးကို ဒေသခံကျန်းမာရေးဌာနများနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးတို့ ပူးပေါင်း၍ ကြိုးစားလုပ်ဆောင်ကြရန် လုပ်တိုက်တွန်းထားကြောင်းကိုလည်း သိရှိရသည်။

Photo: thaitravel
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Sunday, January 19, 2014

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း ဦးဆောင်မှုဖြင့်  ကျိုင်းတုံမြို့ ပြည်နယ်
အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး နှင့်  တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတို့မှ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများအဖွဲ့(၂၁)ဦးပါဝင်သည့်   နယ်လှည့်ကွင်းဆင်း ဆေးသရေးအဖွဲ့သည် မိုင်းဖြတ်မြို့နယ်ရှိ  ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးမှု လုပ်ငန်းများကို ဇန်န၀ါရီ (၁၉)ရက်၊ နံနက်(၉)နာရီက  ပြည်သူ့ဆေးရုံ၌  ကျင်းပပြုလုပ်သည်။


နယ်လှည့်ကွင်းဆင်း ဆေးကုသရေးအဖွဲ့မှ အထွေထွေရောဂါကုသလူနာ(၂၀၂)ဦး၊အရိုးကုသလူနာ(၁၁၆)ဦး၊ မျက်စိကုသလူနာ(၇၆)ဦး၊ ကလေးလူနာ (၄၆)ဦး၊  ခွဲစိတ်ကုသလူနာ (၃၄)ဦး၊ သွားဘက်ဆိုင်ရာကုသလူနာ(၂၈)ဦး၊ သားဖွားမီးယပ်ကုသလူနာ(၁၉)ဦး စုစုပေါင်း လူနာ(၅၂၁)ဦး တို့အား ဆေးကုသမှုပြုလုပ်ပေးခဲ့ပြီး၊ အထူးကုဆရာဝန်ကြီးများမှ  ပြည်သူ့ဆေးရုံတွင်   ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ   ဒေသခံပြည်သူ (၁၅၀)ဦးခန့်တက်ရောက်ကြောင်း သိရသည်။

သတင်းပေးပို့သူ။ ။ ဝေယံလင်း(မိုင်းဖြတ်)

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
တာချီလိတ်မြို့နယ်၏ ပထမဦးဆုံးသော (၂၄)နာရီ ကျန်းမာရေးဝန်ဆောင်မှုအဖြစ် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ မဟာမြတ်မုနိဘုရားကြီးကျောင်း မြောက်ဘက်မုခ်ဦး အနီး၌ ဖွင့်လှစ်ထားသည့် "အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်း"မှ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးမှ ဦးဆောင်၍ ဖွင့်လှစ်ထားသော တာချီလိတ်မြို့ ဘိုးဘွားရိပ်သာမှ ဘိုးဘွားများအား ကုသိုလ်ပြု(ပြင်ပလူနာ)အဖြစ် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးသွားမှာ ဖြစ်ကြောင်း သိရသည်။


"အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်း"သည်  (၂၄)နာရီ ကျန်းမာရေး ၀န်ဆောင်မှုအား ပုဂ္ဂလိကအကျိုးစီးပွားအဖြစ် လုပ်ကိုင်လျှက်ရှိသော်လည်း တစ်ဖက်တစ်လမ်းမှ  ရဟန်းသံဃာများနှင့် ဘာသာခြား သာသနာပြု ပုဂ္ဂိုလ်များအတွက် ရာသက်ပန် ဇီဝိတဒါန အခမဲ့ ကုသပေးနေသလို ယခုလည်း ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်သစ် တစ်ရပ်အနေဖြင့် တာချီလိတ်မြို့ ဘိုးဘွားရိပ်သာမှ ဘိုးဘွားများအနေဖြင့် နာမကျန်းဖြစ်လာပါက ဆေးဝါးကုသမှုများ နှင့် ကျန်းမာရေးစစ်ဆေးမှုများ လိုအပ်လာပါလျှင် အဆိုပါ အထူးကုဆေးခန်းမှ ကုသိုလ်ပြုအဖြစ် အခမဲ့ ကုသပေးသွားမှာ ဖြစ်ကြောင်း သိရသည်။

 အဆွေတော်မိသားစု (၂၄)နာရီ အထူးကု ဆေးခန်းတွင် နား၊ နှာခေါင်း၊ လည်ချောင်း၊ နှလုံး၊ အရိုးအကြော၊ သားဖွား နှင့် အထွေထွေရောဂါများအား အထူးကု ဆရာဝန်ကြီးများဖြင့် ကုသပေးလျှက်ရှိရာ လူနာများအတွက် အဆင်ပြေချောမွေ့စေရန် နှင့် စိတ်ကျေနပ်မှု ရှိစေရန်အတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးနေသော  တာချီလိတ်မြို့၏ ပထမဦးဆုံး (၂၄)နာရီ အဆင့်မြင့် အထူးကုဆေးခန်းဖြစ်ပြီး အဆိုပါ ဆေးခန်းအား တာချီလိတ်မြို့၊ မဟာမြတ်မုနိ ဘုရားကြီးကျောင်းတိုက် မြောက်ဘက်မုခ်ဦးအနီး၊ မဟာဗောဓိကုန်းနှင့် ရွှေတိဂုံအတက်လမ်း မကာဟိုခမ်းရပ်ကွက်မှာ ဖွင့်လှစ်ထားကြောင်း သိရှိရပါသည်။

"အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်း"၏ လစဉ်အလိုက် အထွေထွေ အခမဲ့ ဆေးဝါးကုသမှုများ၏ စာရင်းများကိုလည်း ဖော်ပြပေးလိုက်ပါသည်။







~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

Friday, January 17, 2014

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ဦးဆောင်ပြီး ပြည်နယ်ကျန်းမာရေးဦးစီးမှူး
ဒေါက်တာသန်းထွဋ်ဦး ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်မေထွန်းနှင့် အထူးကုဆရာဝန်ကြီးများ ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေး
ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါ်နွေးနွေးလင်းနှင့်အဖွဲ့ဝင်များ ၊ ကျန်းမာရေးဝန်ထမ်းများ၊ သတင်းမီဒီယာများ ပါဝင်သော အဖွဲ့သည် ယနေ့ ဇန်န၀ါရီ (၁၈)ရက် နံနက်ပိုင်းမှ စတင်ကာ တာချီလိတ်မြို့နယ် မိုင်းဖုန်း(က)ကျေးရွာအုပ်စု ပိန်းညောင်ရွာ အခြေခံပညာမူလတန်းကျောင်းတွင် ဒေသခံ ပလောင်တိုင်းရင်းသားများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ကြသည်။


အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အထူးကုဆရာဝန်ကြီးများမှ သွားနှင့်ခံတွင်း၊ သားဖွား/မီးယပ် ၊ မျက်စိအထူးကု ၊ ကလေးအထူးကုနှင့် အထွေထွေရောဂါကုသမှုများအား ဆောင်ရွက်ပေးခဲ့ကြပြီး တာချီလိတ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အိုင်အိုဒင်းဆားနှင့် ကြက်ဥများ၊ အာဟာရဖြည့်စွက် အစားအစာများအား လှူဒါန်းပေးခဲ့ကြပါသည်။

     ယင်းနောက် ပြည်နယ် လူမှုရေးဝန်ကြီးသည် ပြည်နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာ သန်းထွဋ်ဦး ၊ တွဲဖက်ပြည်နယ် ပညာရေးမှူး ဦးခွန်စိန်မြင့်၊  ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့်တာဝန်ရှိသူများ လိုက်ပါလျှက် ရွှေတြိဂံပါရာဒိုက်စ်ဟိုတယ်၊ မြန်မာ-လာအို-ထိုင်း နယ်နမိတ်ကျောက်တိုင် ၊ ၀မ်ပုံကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် ၀မ်ပုံပြည်သူ့ဆေးရုံတို့အား ကွင်းဆင်းစစ်ဆေးကြည့်ရှုကာ လိုအပ်ချက်များအား ဖြည့်ဆည်း ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

သတင်းပေးပို့သူ။         ။ မောင်ယဉ်ကျေး

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

Friday, January 10, 2014

နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်ဒေသ ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းများဆောင်ရွက်နေချိန်တွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် မြန်မာ - ထိုင်း ရေရှည်တည်တံ့သော အစားထိုး အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေးစီမံကိန်း မှ ကျေးလက်ဆေးခန်းများအတွက် ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းပွဲကို ဇန်န၀ါရီ (၉)ရက် နံနက် (၁၁)နာရီခွဲတွင် မိုင်းဆတ်မြို့နယ် မိုင်းထလန်းကျေးရွာအုပ်စု ယောင်ခတိုက်နယ်ဆေးရုံ၌ပြုလုပ်သည်။

အခမ်းအနားသို့ မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၊ မိုင်းဆတ်ခရိုင်ကျန်းမာရေးဦးစီးမှူး ဒေါက်တာ အောင်ဇေယျ၊ စီမံကိန်းမန်နေဂျာ ဦးအာဗေးလား၊ နယ်စပ်ဒေသ နှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းထွဋ်ဦးနှင့် ကျေးရွာမှ တာဝန်ရှိသူများ ကျန်းမာရေးဝန်ထမ်းများတက်ရောက်ကြသည်။


အခမ်းအနားတွင် မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်က မိုင်းဆတ် မြို့နယ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။ ဆက်လက်ပြီး စီမံကိန်းမန်နေဂျာ ဦးအာဗေးလား က ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းရသည့်ရည်ရွယ် ချက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ငွေကျပ် သိန်းလေးဆယ်ကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများလှူဒါန်းရာ ခရိုင်ဆရာဝန်ကြီး ဒေါက်တာအောင်ဇေယျ ကလက်ခံရယူသည်။ ထိုမှတစ်ဆင့် မိုင်းတွင်း ကျေးလက်ဆေးပေးခန်းသို့ သွားရောက်ပြီး အလားတူ ဆေးနှင့်ဆေးပစ္စည်းများ သွားရောက်လှူဒါန်းသည်။ ဇန်န၀ါရီ (၁၀)ရက်နေ့တွင် တာချီလိတ်မြို့နယ် စန်းလုကျေးရွာ သို့သွားရောက်လှူဒါန်း မည်ဖြစ်သည်။ ထို့ပြင် တာချီလိတ် ပြည်သူ့ ဆေးရုံတွင်လည်း ငွေကျပ် ၄၅ သိန်း တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်း များ လှူဒါန်းမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်းပေးပို့သူ။         ။ မောင်ဆွေငြိမ်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Sunday, January 5, 2014

တာချီလိတ်မြို့ရှိ အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေးမှ ကိုယ်ပွားတစ်ခုအဖြစ် ဖွဲ့စည်းတည်ထောင်ထားသည့် "ဇီဝက"အခမဲ့ဒါန ဆေးကုသခန်းမှ တာချီလိတ်ခရိုင်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု ခက်ခဲသည့် ကျေးလက်/တောရွာများသို့ သွားရောက်၍ Mobile Clinic အဖြစ် ကုသပေးမှုများကို အလှူရှင် ပေါ်ပေါက်လာသည့် အခါတိုင်း၌ သွားရောက် ကုသပေးမှုများကို ပြုလုပ်လေ့ရှိရာ ယခုအကြိမ်သည် စတုတ္ထအကြိမ်မြောက်အဖြစ် (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ ၂၀၁၄ခုနှစ် ဇန်န၀ါရီလ (၄)ရက် နံနက်ပိုင်းမှ ညနေပိုင်းထိ တာလေမြို့နယ်ခွဲ အတွင်းရှိ ကျေးရွာပေါင်း (၈)ရွာမှ လူနာပေါင်း (၁၄၃)ဦးတို့အား ဆေးဝါးများ အခမဲ့ ကုသပေးကြခြင်းဖြင့် ဇီဝိတဒါန ပြုခဲ့ကြကြောင်း သိရသည်။


"ဇီဝက"အခမဲ့ဒါန ဆေးကုသခန်းမှ ဒေါက်တာ ပြည့်မြင့်မြတ် နှင့် ဒေါက်တာ မျိုးသွယ်သွယ်ဦးတို့ ဦးဆောင်သည့် နာစ့်များနှင့် အဖွဲ့ဝင် စုစုပေါင်း (၂၀)၀န်းကျင် ပါဝင်ပြီး တာလေမြို့နယ်ခွဲမှ အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေး(တာလေ)မှ ဦးညိမ်းအဖွဲ့ အပါအ၀င် အင်အား(၃၀) ၀န်းကျင်တို့က ကျကူနီ၊ ပူဟိုမိန်း၊ ပူဟိုလျံ၊ အားဖော်၊ ပါနော့ဟောင်း၊ ပါလောင်း၊ သီရိ နှင့် လော်ခါး စသည့် ကျေးရွာ (၈)ရွာမှ တိုင်းရင်းသား ကလေး/လူကြီး အပါအ၀င် (၁၄၃)ဦးတို့အား ဆေးဝါးများ အခမဲ့ကုသပေးရာအဖြစ်များသော ရောဂါများမှာ၊ အစာအိမ်ရောဂါ၊ သွေးတိုး နှင့် ကူးစက်ရောဂါများလည်း အဖြစ်များကြောင်း သိရသည်။


"စိုးရိမ်ရတဲ့ လူနာကတော့ ကျွန်တော် ကြည့်ရတဲ့ လူနာတွေထဲမှာ ကလေးတစ်ယောက်ပါတယ်၊ လူကြီးတစ်ယောက်ပါတယ်၊ လူကြီးတစ်ယောက်ကတော့ တော်တော်ဆိုးတယ်၊ နောက်ထပ်လူကြီးတစ်ယောက်လည်း ရှိသေးတယ်"ဟု ဒေါက်တာ ပြည့်မြင့်မြတ် က တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

"အခုလို သွားရောက်ပြီး အခမဲ့ ဆေးကုပေးလို့ သူတို့တွေ ပျော်နေကြတယ်၊ သူ့တို့အတွက် အဓိက လိုအပ်ချက်တွေထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုကလည်း အရေးကြီးတယ်လေ၊ သူတို့တွေ ဆေးဝါးကုသဖို့ မြို့ထဲသွားမယ်ဆို အခက်တွေ အများကြီးရှိတော့ လက်လှမ်းမီတဲ့ နည်းနဲ့ပဲ ကုကြတဲ့အခါ အန္တရာယ်ရှိစေတာပေါ့.."ဟု အဖွဲ့ဝင် တစ်ဦးမှ ပြောပြသည်။

အဆိုပါ ကျေးရွာ(၈)ရွာ၌ ရှိသော နာမကျန်းဖြစ်နေသည့် ဒေသခံ တိုင်းရင်းသားများအား  "ဇီဝက"အခမဲ့ဒါန ဆေးကုသခန်းမှ အခမဲ့ဆေးဝါးကုသပေးနိုင်ရန်အတွက် ဟိုတယ်တာချီလိတ် ပိုင်ရှင် ဦးထွန်းနေဦး + ဒေါ်ခင်ချိုချို မိသားစုတို့က လှူဒါန်းပေးသည့်အတွက် ယခုလို သွားရောက်၍ ကုသပေးနိုင်တာဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ပင် စေတနာရှင်အလှူရှင်များမှလည်း "ဇီဝက"အခမဲ့ဒါန ဆေးကုသခန်းသို့လည်း လာရောက် ကြည့်ရှု၍ လှူဒါန်းနိုင်ကြောင်း သိရသည်။

အဆိုပါ "ဇီဝက"အခမဲ့ဒါန ဆေးကုသခန်းအား တာချီလိတ်၌ ၂၀၁၃ခုနှစ် မတ်လ(၃၁)ရက်နေ့က ဆေးခန်းဖွင့်ပွဲအဖြစ် ကျင်းပပြုလုပ်ရာ ဆေးခန်းအား ရွှေည၀ါဆရာတော်မှ ကြွရောက်၍ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး၊ ဆေးခန်းကို နေ့စဉ်ဖွင့်လှစ်ထားရှိပြီး မရှိနွမ်းပါးများအား အခမဲ့ ဆေးကုသပေးနေလျှက်ရှိကြောင်းနှင့် ဆေးခန်းအား ၀မ်ကောင်းရပ်ကွက်၊ ဘိုးဘွားရိပ်သာအနီး၊ ဟိန်းထက်အောင်ကုမ္ပဏီတိုက်တန်း တွင် ဖွင့်လှစ်ထားရှိကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
တာလေမှ ကျေးရွာပေါင်း ၈ရွာရှိ တိုင်းရင်းသားများအား အခမဲ့ဆေးကုသပေး
87 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


Sunday, December 15, 2013

တာချီလိတ်မြို့တွင် ပထမဦးဆုံး (၂၄)နာရီ ကျန်းမာရေး စောင့်ရှောက်မှုအဖြစ် ဖွင့်လှစ်ထားရှိသော အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်းတွင် ပြင်ပလူနာအဖြစ် လာရောက် ကုသကြသော ဗုဒ္ဓဘာသာအနွယ်ဝင် သက်တော်ရှည် ဆရာတော်ဘုရားကြီးများ၊ ရဟန်းသံဃာတော်များ၊ သီလရှင်ဆရာလေးများ အပါအ၀င် အခြား ဘာသာရေးအဖွဲ့အစည်းများမှ သိက္ခာတော်ရ ဆရာတော်ကြီးများ၊ သင်းအုပ်ဆရာများ၊ ဘာသာရေးအသင်းအဖွဲ့များမှ ဆရာတော်များကို ဇီဝိတဒါနအဖြစ် ရာသက်ပန် အထွေထွေ ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး အခမဲ့ ကုသပေးနေကြောင်း သိရသည်။


အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်းအား ဖွင့်လှစ်လာခဲ့သည်မှာ တစ်နှစ်ကျော်ပြီဖြစ်ပြီး ပြီးခဲ့သော အောက်တိုဘာလအတွင်းက တစ်နှစ်ပြည့်သွားခဲ့ပြီဖြစ်ရာ ယခုကဲ့သို့ သာသနာပြု ရဟန်းသံဃာတော်များအား ဇီဝိတဒါန ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် တစ်နှစ်အတွင်း လူနာပေါင်း (၁၀၁၈)ဦး တို့ကို  အခမဲ့ ကုသပေးခဲ့ရာ ကုန်ကျစရိတ် စုစုပေါင်း ထိုင်းဘတ်ငွေ ၁၃သိန်း နီးပါးခန့် ကုသိုလ်ယူဒါနပြု ကုသဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်း ပိုင်ရှင်ဖြစ်သူ ဦးတင်လှိုင်၏ ပြောကြားချက်အရ သိရသည်။


{တစ်နှစ်ပြည့် အခမ်းအနားမှ ရုပ်သံမှတ်တမ်းအား ပြန်လည်ဖော်ပြပေးလိုက်ပါသည်} 

ထိုသို့ အခမဲ့ လာရောက် ကုသမှုခံယူရာတွင် မျက်စိဝေဒနာရှင်များအတွက် မျက်စိခွဲစိတ်အထူးကု ဆရာဝန်ကြီးကိုယ်တိုင် မျက်စိစမ်းသပ်ဆေးမှုကို အခမဲ့ ဆောင်ရွက်ပေးပြီး မျက်မှန်တပ်ရန် လိုအပ်ပါက နိုင်ငံတကာအဆင့်မီပစ္စည်းများကို (၃၀)ရာခိုင်နှုန်း ဈေးနှုန်းဖြင့် လျော့ချပေးသွားမှာ ဖြစ်ကြောင်း သိရသည်။


" အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်းအနေနဲ့ ဆေးခန်းကြီးတည်ရှိနေသမျှ ကာလပတ်လုံး သာသနာပြု ဆရာတော်များ၊ ရဟန်းသံဃာတော်များအပြင် အခြားဘာသာရေးခေါင်းဆောင်တွေကိုလည်း အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးသွားဖို့ စီစဉ်ထားပါတယ်၊ အဲ့ဒီအတွက်လည်း ဘုန်ကြီးကျောင်းတွေ နဲ့ သက်ဆိုင်ရာ နေရာအသီးသီးတွေမှာ အသိပေး ကြော်ငြာစာရွက်တွေ ဝေနေပါတယ်"ဟု အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်း ပိုင်ရှင်ဖြစ်သူ ဦးတင်လှိုင်က တာချီလိတ်အွန်လိုင်းသို့ ရှင်းပြသည်။

အဆွေတော်မိသားစု (၂၄)နာရီ အထူးကု ဆေးခန်းတွင် နား၊ နှာခေါင်း၊ လည်ချောင်း၊ နှလုံး၊ အရိုးအကြော၊ သားဖွား နှင့် အထွေထွေရောဂါများအား အထူးကု ဆရာဝန်ကြီးများဖြင့် ကုသပေးလျှက်ရှိရာ လူနာများအတွက် အဆင်ပြေချောမွေ့စေရန် နှင့် စိတ်ကျေနပ်မှု ရှိစေရန်အတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးနေသော  တာချီလိတ်မြို့၏ ပထမဦးဆုံး (၂၄)နာရီ အဆင့်မြင့် အထူးကုဆေးခန်းဖြစ်ပြီး အဆိုပါ ဆေးခန်းအား တာချီလိတ်မြို့၊ မဟာမြတ်မုနိ ဘုရားကြီးကျောင်းတိုက် မြောက်ဘက်မုခ်ဦးအနီး၊ မဟာဗောဓိကုန်းနှင့် ရွှေတိဂုံအတက်လမ်း မကာဟိုခမ်းရပ်ကွက်မှာ ဖွင့်လှစ်ထားကြောင်း သိရှိရပါသည်။

"အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်း"၏ လစဉ်အလိုက် အထွေထွေ အခမဲ့ ဆေးဝါးကုသမှုများ၏ စာရင်းများကိုလည်း ဖော်ပြပေးလိုက်ပါသည်။








~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

Thursday, December 5, 2013

ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားကို ယနေ့ ဒီဇင်ဘာလ ( ၅ ) ရက် နံနက် ( ၉ )နာရီက တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် ကျင်းပသည်။ အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက အမှာစကားပြောကြားပြီး၊ ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းက AIDS ရောဂါအကြောင်း ရှင်းလင်းဟောပြောသည်။


ယင်းနောက် ASG ဥက္ကဋ္ဌ ဒေါက်တာမြင့်အောင်က နှစ်စဉ် သတ်မှတ်ခဲ့သော ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ဆောင်ပုဒ်များ၏ အဓိပ္ပါယ် ကိုရှင်းလင်း တင်ပြသည်။ ဆက်လက်ပြီး AIDS ဝေဒနာရှင် မောင်စောလှမင်းက“ မိမိဝေဒနာကို ဆရာဝန် များက အားပေးနှစ်သိမ့်ခြင်း၊ ဆေးဝါးများ ကုသပေးသဖြင့် ယနေ့အထိ အသက်ရှင်ရပ်တည်နေနိုင်ကြောင်း၊ လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း၊ ဘ၀တူ ဝေဒနာရှင်များကို အားပေးကူညီလျက်ရှိကြောင်း မိမိဘ၀ကို မိမိရပ်တည်လျက်ရှိကြောင်း”စသည်ဖြင့် ရင်တွင်းစကားများပြောကြားသည်။

ဆက်လက်ပြီး မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပရာ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူ (၆)ဦးတို့က “ခွဲခြားနှိမ့်ချကင်းစင်ဝေး ကူးစက် သေဆုံးမရှိရေး A.R.T ဖြင့်ကုသပေး“ ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။

ပြိုင်ပွဲတွင် တာလော့အခြေခံပညာမူလတန်းလွန်ကျောင်းမှ စတုတ္ထတန်းကျောင်းသူ မမေမိုးထက်လှိုင်က ပထမရရှိသွားသည်။ ယင်းနောက် ကဗျာ ရွတ်ဆိုပြိုင်ပွဲ၊ စာစီစာကုံးနှင့် ပန်းချီ ၊ ပိုစတာပြိုင်ပွဲ ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ကြောင်းသိရှိရသည်။

သတင်းပေးပို့သူ။    ။ မောင်ဆွေငြိမ်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~

Tuesday, November 5, 2013

၂၀၁၃ခုနှစ် နိုဝင်ဘာလ ၄ရက်၊ နံနက် (၁၀း၀၀)နာရီ တွင် တာချီလိတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်နွေးနွေးလင်း နှင့် တာချီလိတ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်ရွှေမိုးသူဇာ တို့ ဦးဆောင်သောအဖွဲ့သည် တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဝှေလေလန် အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ရေကောင်းရေသန့် ဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း ၊ရေကောင်းရေသန့်အသုံးပြုရန် လက်တွေ့သရုပ်ပြခြင်း၊ သန့်ရှင်းရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ခြင်း၊ ကျောင်းတွင် လိုအပ်လျှက်ရှိသော သန့်ရှင်းရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။



ရေကောင်းရေသန့်ဆိုင်ရာ အဓိက လိုက်နာဖွယ်ရာများကို တာချီလိတ်ခရိုင်ဆေးရုံကြီးမှ အထူးသူနာပြုဆရာမကြီး က ဟောပြောခဲ့ပါသည်။ အဆိုပါဟောပြောပွဲများ ၊ လုပ်ငန်းများတွင် ကျောင်းအုပ်ဆရာကြီး ဦးမြင့်ဝင်းလှနှင့် လက်ထောက်ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ၀မ်းမြောက်ပျော်ရွှင်စွာ တက်တက်ကြွကြွ စိတ်ပါဝင်စားမှုအပြည့်ဖြင့် ပါဝင်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းပေးပို့သူ - မြတ်မျိုးမြင့်မာန်

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


Tuesday, October 29, 2013

တာချီလိတ်မြို့တွင် ပထမဦးဆုံးဖွင့်လှစ်လိုက်သည့် အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်းသည် ယခုအခါမှာ တစ်နှစ်ပြည့်သွားပြီဖြစ်သည့်အတွက် တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားအား အောက်တိုဘာလ ၂၈ရက် ည ၇နာရီအချိန်က တာချီလိတ်မြို့ရှိ ဆုံဆည်းရာ စားသောက်ဆိုင်မှာ ကျင်းပပြုလုပ်ခဲ့ကြသည်။


နှစ်ပတ်လည်အခမ်းအနားတွင် တာချီလိတ်စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်စွာလင်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး အပါအ၀င် ဖိတ်ကြားထားသည့် အထူးဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားအား စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်စွာလင်း နှင့် အဆွေတော်မိသားစုမှ ဦးမောင်လေး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။


ဆက်လက်၍ အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် ခရိုင်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းတို့က အဆွေတော်မိသားစု (၂၄)နာရီအထူးကုဆေးခန်း ဖွင့်လှစ်ထားခြင်းနှင့် ပတ်သက်၍ ၀မ်းမြောက်ဂုဏ်ယူကြောင်း နှင့် (၂၄)နာရီ ဖွင့်လှစ်ထားခြင်းကြောင့် ညရေးညတာ အရေးပေါ် ကျန်းမာရေးအခြေအနေများ ဖြစ်ပွားလာပါက ပြည်သူများအတွက် အဆင်ပြေစေကြောင်း စသည့်ဖြစ် ဂုဏ်ပြုအမှာစကားပြောကြားသွားခဲ့သည်။

{  အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်း ပိုင်ရှင် ဦးတင်လှိုင် }

ယင်းနောက် အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်း ပိုင်ရှင် ဦးတင်လှိုင်မှ အခမ်းအနားတွင် "ကျွန်တော်တို့ (၂၄)နာရီ အထူးကုဆေးခန်း ဖွင့်လှစ်ခဲ့သည့် ကာလအတွင်း လုပ်ငန်း အရှုံး/အမြတ်ကို ပဓာနမထားဘဲ တစ်လလျှင် ပြင်ပလူနာနှင့် အတွင်းလူနာ (၂၀၀၀)ကျော်ခန့်ကို ကုသဆောင်ရွက် ပေးနိုင်ခဲ့သည့် အနက်မှ တစ်နှစ်အတွင်း လူနာပေါင်း (၁၀၁၈)ဦးတို့ကို အခမဲ့ ကုသပေးနိုင်ခဲ့ပြီး ကုန်ကျစရိတ် စုစုပေါင်း ထိုင်းဘတ်ငွေ ၁၃သိန်း နီးပါးခန့် ဒါနပြု ကုသဆောင်ရွက်ပေးနိုင်ခဲ့သည့် အတွက် ကျွန်တော်တို့ အဆွေတော်မိသားစုမှ ၀မ်းမြောက်စွာ ဂုဏ်ယူမိပါတယ်ခင်ဗျာ၊ ဒါ့အပြင် သာသနာ့ဝန်ထမ်း ရဟန်းတော်များနှင့် သီလရှင် ဆရာလေးများကိုလည်း အခမဲ့ ကုသဆောင်ရွက်ပေးနိုင်ခဲ့ပြီး လိုအပ်ပါက အာရုဏ်ဆွမ်း၊ နေ့ဆွမ်းများပါမကျန် ဆပ်ကပ်လှူဒါန်းနိုင်သည့်အပြင် တာချီလိတ်မြို့ပေါ်ရှိ ပရဟိတအသင်းအဖွဲ့ များအားလုံးကိုလည်း ယခင်က ၃၀ ရာခိုင်နှုန်းသာ လျော့ပေါ့ပေးနိုင်ခဲ့ပြီး ယခုအခါမှာ ၄၀ ရာခိုင်နှုန်းအထိ ထပ်မံတိုးမြှင့် လျော့ပေါ့ပေးသွားမည်ဖြစ်ပါကြောင်း" ပြောကြားသွားခဲ့သည်။

ဆက်လက်၍ အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်း တစ်နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် တာချီလိတ်မြို့ရှိ လူမှုရေးအသင်းအဖွဲ့များဖြစ်သည့် တာချီလိတ်ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မေတ္တာရှင်နာရေးကူညီမှုအသင်း၊ တာချီလိတ်နာရေးကူညီမှုအသင်း၊ အလင်းရောင်ပရဟိတအသင်း၊ မဇ္ဈိမလူမှုကူညီရေးအသင်း၊ ဓမ္မစကူးလ်ကျောင်းတော်(တာချီလိတ်)၊ မဟာမြတ်မုနိဘုရား ဆွမ်း၊ကွမ်း၊ ဝေယျာဝစ္စအဖွဲ့ နှင့် မကာဟိုခမ်း ဆွမ်း၊ကွမ်း၊ဝေယျာဝစ္စအဖွဲ့(၁+၂)တို့အား အလှူငွေ များအသီးသီး ပေးအပ်လှူဒါန်းရာ စုစုပေါင်း အလှူငွေမှာ ဘတ် ၉၅၀၀၀ ရှိကြောင်း သိရသည်။


၂၀၁၃ ဆီးဂိမ်းသို့ တာချီလိတ် မှ နေပြည်တော်သို့ စက်ဘီးစီးနင်း၍ သွားရောက်မည့် "တာချီလိတ် ရှမ်းအရှေ့ စက်ဘီးအသင်း"အား အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်း မှ  main sponsor အဖြစ် ထိုင်းဘတ်ငွေ ၄၆၀၀၀ တန်ဖိုးရှိသည့်  ၀တ်စုံ အစုံ ၄၀ နှင့် ရန်ပုံငွေ ကျပ် ၅ သိန်းတို့အား စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်စွာလင်းမှ ပေးအပ်လှူဒါန်းပေးခဲ့သည်။



{ အခမ်းအနား ရုပ်သံ}

အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်း၏ တစ်နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် လူမှုရေးအသင်းအဖွဲ့များနှင့် စက်ဘီးအဖွဲ့အား လှူဒါန်းရာ စုစုပေါင်း တန်ဖိုးငွေမှာ ထိုင်းဘတ် ၁၅၀၀၀၀ ကျော်ရှိပြီး ဓမ္မစကူးကျောင်းတော်(တာချီလိတ်)သို့လည်း လစဉ် ထိုင်းဘတ်ငွေ ၅၀၀၀ လှူဒါန်းလေ့ရှိကြောင်း သိရသည်။

{ အဆွေတော်မိသားစု (၂၄)နာရီ အထူးကု ဆေးခန်း }

အဆွေတော်မိသားစု (၂၄)နာရီ အထူးကု ဆေးခန်းတွင် နား၊ နှာခေါင်း၊ လည်ချောင်း၊ နှလုံး၊ အရိုးအကြော၊ သားဖွား နှင့် အထွေထွေရောဂါများအား အထူးကု ဆရာဝန်ကြီးများဖြင့် ကုသပေးလျှက်ရှိရာ လူနာများအတွက် အဆင်ပြေချောမွေ့စေရန် နှင့် စိတ်ကျေနပ်မှု ရှိစေရန်အတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးနေသော  တာချီလိတ်မြို့၏ ပထမဆုံး (၂၄)နာရီ အဆင့်မြင့် အထူးကုဆေးခန်း ဖြစ်သည်။

ပုံများကိုကြည့်ရန်
အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်း တစ်နှစ်ပြည့် နှစ်ပတ်လည်
28 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


Tuesday, August 13, 2013

တာချီလိတ်မြို့ရှိ အဆွေတော်မိသားစု (၂၄)နာရီ အဆင့်မြင့် အထူးကုဆေးခန်းမှ ကျန်းမာရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာအလိုက် ကျွမ်းကျင်ပညာရှင်များအား အဆိုပါ ဆေးခန်းတွင် ခန့်ထားနိုင်ရန်အတွက် ၀န်ထမ်းလျှောက်လွှာများအား ခေါ်ယူနေလျှက်ရှိရာ တာချီလိတ်မြို့တစ်မြို့တည်းက မဟုတ်ပဲ မြန်မာနိုင်ငံအတွင်းရှိ အမြို့မြို့၊ အနယ်နယ်မှ မည်သူမဆို လာရောက်၍ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ဆက်သွယ် လျှောက်ထား စုံစမ်းနိုင်ကြောင်း သိရပြီး လျှောက်ထားသူများကို ဦးစားပေးစနစ်ဖြင့် ခန့်အပ်မှာဖြစ်ကြောင်း သိရသည်။

အဆွေတော်မိသားစု (၂၄)နာရီ အဆင့်မြင့် အထူးကုဆေးခန်း၌ ခန့်အပ်ရန်အတွက် လိုအပ်နေသည့် ၀န်ထမ်းများမှာ-
 ၁။ 
 ဓါတ်ခွဲကျွမ်းကျင် ပညာရှင် 
 ( Laboratory ) 
 ( ၁ ) ဦး 
၂။ ဓါတ်မှန်ကျွမ်းကျင် ပညာရှင် 
 ( X-Ray )
( ၁ ) ဦး
၃။
 ဆေးဝါးကျွမ်းကျင်
 ( Pharmacy )
( ၂ ) ဦး
၎။
 ကွန်ပျူတာ ကျွမ်းကျင်
 ( Casher Computer ) 
( ၂ ) ဦး
၅။
 သူနာပြုဆရာမ
 ( Staff Nurse )
( ၃ ) ဦး
၆။
 သူနာပြုဆရာမ
 ( Traim Nurse )
( ၃ ) ဦး
တို့ဖြစ်ပြီး ဓါတ်ခွဲ/ဓါတ်မှန် ၀န်ထမ်းများအနေဖြင့် ပညာရှင်အဆင့်ဖြစ်ရမှာဖြစ်ပြီး သူနာပြုဆရာမများမှာ အစိုးရ၀န်ထမ်း အတွေ့အကြုံရှိသူ အနည်းဆုံး လုပ်သက် ၃ နှစ်နှင့်အထက် ရှိရမှာဖြစ်သလို ပုဂ္ဂလိကဆေးရုံများတွင် လုပ်ငန်းအတွေ့အကြုံရှိဖူးသူများ ဖြစ်ရမှာဖြစ်ကြောင်း သိရသည်။



"၀န်ထမ်းလစာကိုတော့ ညှိနှိုင်းလို့ရပါတယ်၊ ဦးလှိုင်တို့ဘက်က အဆင်ပြေအောင် ဆောင်ရွက်ပေးမှာပါ၊ ၀န်ထမ်းလျှောက်ထားတာနဲ့ ပတ်သက်ပြီး ဘယ်မြို့နယ်က လျှောက်လျှောက် လက်ခံပါတယ်။ နိုင်ငံခြားက ပြန်လာပြီး လျှောက်မယ်ဆိုလည်းရပါတယ်၊ တစ်ခုရှိတာက တကယ့်ကျွမ်းကျင်ပညာရှင်ဖြစ်ဖို့လိုပါတယ်၊ အခုလက်ရှိ ဦးလှိုင်တို့ ဆေးခန်းမှာ စင်္ကာပူက ပြန်လာပြီး အလုပ်ဝင်တဲ့ လူတွေလည်း ရှိနေပါတယ်။"ဟု အဆွေတော်မိသားစု (၂၄)နာရီ အဆင့်မြင့် အထူးကုဆေးခန်းပိုင်ရှင် ဦးတင်လှိုင်မှ တာချီလိတ်အွန်လိုင်းသို့ ရှင်းပြပါသည်။

အဆွေတော်မိသားစု (၂၄)နာရီ အဆင့်မြင့်အထူးကုဆေးခန်းတွင် မျက်စိကုသခြင်းနှင့် ပတ်သက်၍ ၀ါတွင်းကာလအတွင်း စက္ခုဒါနအဖြစ် (၃၆)ဦးအား ဦးစားပေးစနစ်ဖြင့် အခမဲ့ ခွဲစိတ်ကုသပေးလျှက်ရှိပြီး နား၊ နှာခေါင်း၊ လည်ချောင်း၊ နှလုံး၊ အရိုးအကြော၊ သားဖွား နှင့် အထွေထွေရောဂါများအား အထူးကု ဆရာဝန်ကြီးများဖြင့် ကုသပေးလျှက်ရှိရာ လူနာများအတွက် အဆင်ပြေချောမွေ့စေရန် နှင့် စိတ်ကျေနပ်မှု ရှိစေရန်အတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးနေသော  တာချီလိတ်မြို့၏ ပထမဆုံး (၂၄)နာရီ အဆင့်မြင့် အထူးကုဆေးခန်း ဖြစ်ကြောင်း သိရှိရသည်။


ဆက်သွယ်စုံစမ်းရန်
မြန်မာဖုန်း။ 09 5242155 ၊ 09 36042540၊ 09 36042546

တည်နေရာ
အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်း
မဟာမြတ်မုနိဘုရားကြီးကျောင်း(မြောက်ဘက်မုခ်ဦးအနီး)
မဟာဗောဓိကုန်းနှင့် ရွှေတိဂုံဘုရားတက်လမ်း
မကာဟိုခမ်းရပ်ကွက်၊ တာချီလိတ်မြို့။
ဖုန်း။    ။ 084-51491 | 084-51895 | 084-52901

Flag Counter