Latest News

Dropdown Menu

Showing posts with label သဘာဝဘေး. Show all posts
Showing posts with label သဘာဝဘေး. Show all posts

Sunday, January 19, 2014

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းသည်  လားဟူတိုင်းရင်းသားရေးရာဝန်ကြီး
ဦးရှာမွေလရှဲန်၊ တာချီလိတ်မြို့မှ  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်  ဒေါ်တင်မေထွန်း၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွဋ်ဦးနှင့် ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေတို့နှင့်အတူ မိုင်းဖြတ်မြို့ ပြည်သူ့ဆေးရုံသို့  ဇန်န၀ါရီလ (၁၉) ရက် ၊ နံနက် (၉)နာရီ က   ရောက်ရှိရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်  ဦးစိုင်းညွန့်ဝင်းနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းတို့က ကြိုဆိုနှုတ်ဆက်ပြီး၊ ဆေးရုံအားလှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။


ထိုမှတဆင့်  ၀န်ကြီးနှင့်အဖွဲ့သည် နံနက် (၁၀)နာရီခွဲတွင်  ၀မ်မိုင်ရပ်ကွက်ရှိ   မိုင်းဖြတ်ခရိုင်ပညာရေးမှူးရုံး ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး၊   ဆက်လက်ထွက်ခွာလာရာ  (၁၁) နာရီ(၂၀) တွင်  ဘူရှီးကျေးရွာသို့ရောက်ရှိပြီး   ကျေးလက်ကျန်းမာရေးဆေးပေးခန်းနှင့်   အခြေခံပညာမူလတန်းကျောင်းတို့ကို     ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများ က  ရှင်းလင်းတင်ပြပြီး ၀န်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းညှိနှုင်းဆောင်ရွက်ပေးသည်။


ထို့နောက်  ၀န်ကြီးနှင့်အဖွဲ့သည်   နမ့်ပန်ကျေးရွာအုပ်စု၊ နမ့်ဝိုးထောင်ကျေးရွာသို့ ရောက်ရှိပြီး   ၊  ဇန်န၀ါရီ ( ၂ ) ရက်က မီးဘေးသင့်ခဲ့သည့်  အိမ်ထောင်စုဝင်များအား တွေ့ဆုံ အားပေးစကားပြောကြားကာ ငွေကျပ် (၂၅၅၀၀၀) တန်ဖိုးရှိ ဆန်(၁၀)အိတ်ကိုလည်းကောင်း ၊       အတူလိုက်ပါလာသည့်  လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွေလရှဲန်  က  ငွေကျပ် (၄၅၅၄၀၀)တန်ဖိုးရှိ  စားဆီ(၂၃)ပုံးကို လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ  ငွေကျပ် (၁၂၈၈၀၀၀) တန်ဖိုးရှိ သွပ်အချပ် (၄၆၀)ချပ်ကို လည်းကောင်း၊ တာချီလိတ်မြို့မှ  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်  ဒေါ်တင်မေထွန်း နှင့် ခရိုင်၊မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ    ငွေကျပ် (၃၃၀၀၀၀)တန်ဖိုးရှိ စောင်(၃၈)ထည်နှင့်  စားသောက်ဖွယ်ရာများကို လည်းကောင်း၊ လူမှုကူညီရေးအသင်း (ရွှေတာချီခရီးသွားလုပ်ငန်း)မှ ဥက္ကဋ္ဌ ဦးစိုင်းကျော်ဇံ နှင့်အဖွဲ့က  ငွေကျပ် (၇၅၀၀၀၀)တန်ဖိုးရှိ သွပ်အချပ်(၂၃၀) ချပ်ကိုလည်းကောင်း၊ တာချီလိတ်မြို့မေတ္တာရှင် သာရေးနာရေး ကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဘိုစံ  နှင့် အဖွဲ့က  ငွေကျပ် (၇၈၀၀၀၀)တန်ဖိုးရှိ  စားသောက်ကုန်ပစ္စည်းမျိုးစုံ ကိုလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းခဲ့ပြီး၊ ကျေးရွာနေပြည်သူများအား  ကျန်းမာစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရရှိသည်။

သတင်းပေးပို့သူ။         ။ ဝေယံလင်း(မိုင်းဖြတ်)
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Wednesday, January 8, 2014

ယနေ့ ဇန်န၀ါရီလ(၉)ရက် နံနက် (၁၀း၃၅)နာရီဝန်းကျင်က တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမဘေး၊ အ.ထ.က(တာချီလိတ်)ကျောင်းရှေ့ရှိ ကွမ်းယာဆိုင်တစ်ဆိုင်တွင် ဓါတ်ဆီပုံး ဖလှယ်ရာမှ ဘေးရှိမီးဖိုမှ ဓါတ်ဆီပုံအား မီးဟပ်ရာမှ အသေးစား မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါ ကွမ်းယာဆိုင်ရှိ မိသားစုမှ ချက်ပြုတ်နေသော မီးဖို၏ မနီးမဝေးတွင် ဓါတ်ဆီပုံးကြီးထဲမှ ရောင်းချရန်အတွက် ဓါတ်ဆီပုလင်းငယ်များ အတွင်းသို့ ဓါတ်ဆီများ ဖလှယ်ရာမှ ရုတ်တရက်မီးဟပ်ပြီး လောင်သွားရာ အနီးအနားရှိ လူများက ဆိုင်ခန်းအတွင်း မီးလောင်နေသော ဓါတ်ဆီပုံးကြီးအား ကားလမ်းမပေါ်သို့ အလျင်အမီ ပစ်ထုတ်နိုင်ခဲ့ပြီး ဆိုင်ခန်းအတွင်း လောင်နေသော မီးအနည်းငယ်ကို ကွမ်းယာဆိုင်ဘေးရှိ ဆိုင်ကယ်ပြင်ဆိုင်မှ ဆိုင်ကယ်ပြင်သည့် လူများက DCP မီးသတ်ဆေးဗူးဖြင့် အလျင်အမီ ငြိမ်းသတ်နိုင်ခဲ့၍ မီးဘေးအန္တရာယ်မှ ကင်းလွတ်ခဲ့ကြတာ ဖြစ်ကြောင်း သိရသည်။

"ဘယ်သူလည်းတော့ မသိဘူး မီးလောင်နေတဲ့ ဆီပုံးကို သယ်ထုတ်ပြီး လမ်းမပေါ်လွှင့်ပစ်လိုက်လို့ အဲ့လို မသယ်ထုတ်နိုင်ခဲ့ရင် ဆိုင်ခန်းတစ်တန်းလုံး မီးလောင်ကိန်းပဲ"ဟု အနီးအနားရှိ ဆိုင်ခန်းမှ ဈေးသည်တစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

"မြို့တွင်းမှာ ဓါတ်ဆီရောင်းတာတွေ အလွန်အန္တရာယ်များတယ်၊ ခုလို အသေးစား ဓါတ်ဆီဆိုင်တွေအနေနဲ့ မသိသာပေမဲ့ မီးလောင်ရင်တော့ အလွန်အန္တရာယ်များတယ်လေ၊ မြို့တွင်းထဲက ဆီပန်ခ့်တွေလည်း မဖြစ်သေးလို့ ဖြစ်လိုက်ရင် တစ်မြို့လုံးပြောင်ကိန်းမို့ အလွန် အန္တရာယ်များတယ်၊ ဓါတ်ဆီရောင်းတဲ့  ဈေးသည်တွေလည်း သတိဝီရိယလေးနဲ့ လုပ်ကြရင် ကောင်းမယ်"ဟု မြို့မိမြို့ဖ တစ်ဦးမှ လည်း မီးဘေးအတွက် ဆိုးရိမ်မှုဖြင့် ပြောလာသည်။

အဆိုပါ မီးလောင်မှုကြောင့် ဓါတ်ဆီ (၃)ဂါလန် မီလောင်ကျွမ်းသွားခဲ့ရာ မီးငြိမ်းသတ်ယာဉ်(၂)စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ DCP မီးသတ်ဆေးဗူး (၆)Kg (၂)ဗူး၊ (၃)Kg (၂)ဗူး၊ စုစုပေါင်း(၄)ဗူး သုံးစွဲ၍ ငြိမ်းသတ်ခဲ့ရကြောင်း နှင့် ထိုသို့ ဖြစ်ပွားရာသို့ ကြက်ခြေနီတပ်ဖွဲ့မှလည်း လိုအပ်သည်များကို ကူညီပေးနိုင်ရန်အတွက် ရောက်ရှိခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်၍  ကွမ်းယာဆိုင်မှ တာဝန်ရှိသူ အား တာချီလိတ်မြို့မရဲစခန်းမှ (ပ)၁၁/၂၀၁၄၊ ပုဒ်မ(၂၈၅)ဖြင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Tuesday, January 7, 2014

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ နမ့်ပန်ကျေးရွာအုပ်စု၊ နမ့်ဝိုးထောင်ကျေးရွာတွင် ဇန်န၀ါရီလ (၂)ရက်နေ့ ညပိုင်းက လူနေအိမ်ခြေများ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာမှ အိမ်ခြေ (၃၈)အိမ်ရှိသည့်အနက် (၂၃)အိမ် မီးလောင်ပြာကျသွားခဲ့ရာ ယခုအခါမှာ ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် မိုင်းဖြတ်မှ ဒေသဆိုင်ရာ အုပ်ချုပ်ရေးများ အလှူရှင်များအပြင် တာချီလိတ်မြို့မှ မဇ္ဈိမလူမှုကူညီရေးအသင်းမှလည်း အများမှ လှူဒါန်းထားသော ဆိုင်းငံ့ဝတ်စုံ အထည်(၁၀၀၀)အား သွားရောက် ကူညီပံ့ပိုး လှူဒါန်းခဲ့ကြောင်း သိရသည်။


မီးလောင်မှုဖြစ်ပွားသည့် အချိန်တွင် မီးအားငြိမ်းသတ်ရန်အတွက် တောင်ကျရေများရှိသော်လည်း ရေပုံးရေခွက် လုံလောက်မှု မရှိသည့်အပြင် သက်ကယ်၏ မီးလောင်အားကြောင့်လည်း ဖြစ်ဖြစ်ခြင်း အလျင်အမြန် မငြိမ်းသတ်နိုင်တာဖြစ်ကြောင်း သိရသည်။

{ မှတ်တမ်းဗီဒီယို}

"သူတို့ အခုလိုအပ်နေတာတွေက ၁လက်မ ၂လက်မ ရေပိုက်အပြာ အချောင်း(၅၀)လောက်နဲ့၊ ဓါး၊ ပုဆိန်၊ မီးခြစ်၊ ရေပုံး၊ ရေခွက် အဲ့ဒါတွေ လိုနေကြတယ်၊ လာမဲ့ (၁၀)ရက်နေ့လောက် အစ်ကိုတို့ သွားရောက် လှူဒါန်းပေးဖို့ အစီအစဉ်ရှိတယ်။"ဟု အ၀တ်အထည် အထည်(၁၀၀၀)အား သွားရောက်လှူဒါန်းကြသည့် မဇ္ဈိမလူမှုကူညီရေးအသင်းမှ ဥက္ကဌဖြစ်သူ ဦးတင့်ဆွေက တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။


၎င်းမှ ဆက်လက်၍ "အဓိက ကတော့ မဇ္ဈိမလူမှုကူညီရေးအသင်းက ဆိုင်းငံ့ဝတ်စုံတွေကို လုံးဝ ၀တ်စရာ မကျန်တော့တဲ့ အဲ့ဒီရွာလေးထဲက ရွာသူ၊ ရွာသားတွေကို ပြန်လည်လှူဒါန်းပေးဖြစ်တယ်၊ ၀တ်စုံတွေနဲ့ ပတ်သက်ပြီး အဲ့ဒီက လူတွေက အထည် (၁၀၀၀)ဆိုတော့ ငွေအားဖြင့် တန်ဖိုးဘယ်လောက်ရှိလည်းလို့ မေးကြတယ်၊ အစ်ကိုလည်း ကျွန်တော်တို့က မြို့သူ၊ မြို့သားတွေကနေ အလှူခံထားတာပါ၊ သူတို့ မ၀တ်တော့တဲ့ အ၀တ်တွေပါသလို အသစ်တွေလည်း ပါတဲ့အကြောင်းနဲ့ လုံးဝတန်ဖိုးဖြတ်လို့မရတဲ့ အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်၊ အခုလို အသင်းက ဆိုင်းငံ့ဝတ်စုံ ကဏ္ဍလေးကို အကောင်အထည်ဖော်လိုက်တော့ အ၀တ်အထည် လှူဒါန်းတဲ့ လူတွေလည်း ကုသိုလ်အများကြီးရတာပေါ့၊ မီးဘေးသင့် ပြည်သူတွေနဲ့ ပတ်သက်လို့ အသင်းကနေ မြ၀တီမီးဘေး နဲ့ အခု မိုင်းဖြတ်မီးဘေး မှာလည်း လှူဒါန်းပေးဖြစ်ခဲ့ပါပြီ"ဟု ပြောပြသည်။


မိုင်းဖြတ်မှ မီးဘေးသင့် ရွာသူရွာသားများအား ရှမ်းပြည်နယ်အစိုးရ အဖွဲ့နှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အကြီးအကဲများ အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်များ၊ အလှူရှင်များမှ ပြီးခဲ့သည့် ရက်က စုစုပေါင်း တန်ဖိုး ကျပ်သိန်း(၉၀)၀န်းကျင်ရှိသည့် အသုံးအဆောင်များကို ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း နှင့် လက်ရှိတွင် ၎င်းတို့အတွက် တဲများ ပြန်ဆောက်ရန်အတွက် လိုအပ်နေပြီး ရေရရှိရေးအတွက် ရေပိုက်များ၊ ရေပုံး၊ ရေခွက် နှင့် အိုးခွက်များ လိုအပ်နေကြောင်းလည်း သိရှိရသည်။

ပုံများကိုကြည့်ရန်
မိုင်းဖြတ် မီးဘေးသင့် ရွာသူရွာသားများ အကူအညီလိုအပ်နေသေး
86 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~ 
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Sunday, January 5, 2014

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ  မိုင်းဖြတ်မြို့နယ်၊ နမ့်ပန်ကျေးရွာအုပ်စု၊ နမ့်ဝိုးထောင်ကျေးရွာတွင် ယခု လ(၂)ရက်နေ့က လူနေအိမ်ခြေများ မီးလောင်ကျွမ်းခဲ့မှုကြောင့် မီးဘေးသင့် ကျေးရွာနေပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ပွဲကို  ဇန်န၀ါရီ  (၄) ရက်၊ မွန်းလွဲ (၁) နာရီက အဆိုပါ ကျေးရွာ၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်က ထောက်ပံ့ပေးရခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။


အခမ်းအနားတွင်  ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေကျပ် ၅၀၀၀၀/-နှုန်းဖြင့် အိမ်ထောင်စု(၂၃)စုအတွက် ငွေကျပ် ၁၁၅၀၀၀၀/-ကိုလည်းကောင်း၊ မိုင်းဖြတ်တပ်နယ်မှ   ငွေကျပ် ၃၀၀၀၀၀  တန်ဖိုးရှိ ဆန်၊ဆီ၊စောင်များကို လည်းကောင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဌာနချုပ်မှ ငွေကျပ် ၂၃၀၀၀၀၀ သိန်း တန်ဖိုးရှိ မိုးကာတဲ၊ အခင်းများကို လည်းကောင်း၊ ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ ငွေကျပ် ၄၆၀၀၀၀ တန်ဖိုးရှိ  အသုံးအဆောင် ပစ္စည်းများကို လည်းကောင်း၊  ခရိုင်နှင့် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ငွေကျပ်  ၃၅၀၀၀၀ တန်ဖိုးရှိ
စားသောက်ဖွယ်ရာများကို လည်းကောင်း၊ နမ့်ယွန်း ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးကျစိုးဘို က အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၁၃၀၀၀၀ နှုန်းဖြင့် အိမ်ထောင်စု (၂၂)စု အတွက် ငွေကျပ် ၂၈၆၀၀၀၀ ကိုလည်းကောင်း၊ မိုင်းဖြတ်လားဟူအသင်းတော်မှ  ငွေကျပ် ၄၅၀၀၀၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို လည်းကောင်း၊ NLD ပါတီ၊ NDF ပါတီ၊ ဌာနဆိုင်ရာများ၊ ပြည်သူများမှ  ငွေကျပ် ၈၃၅၀၀၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများ၊ အ၀တ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများကို လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။



ထို့အတူ ဇန်န၀ါရီ  ၅ ရက်၊ ညနေ (၃)နာရီက ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း မိသားစုမှ ငွေကျပ် တစ်သိန်းတန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊  ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဒေါ်နန်းဆိုင်စိန် နှင့် အဖွဲ့ဝင်များက ငွေကျပ်တစ်သိန်းတန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ တာချီလိတ်မြို့ မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ  ဦးတင့်ဆွေ  နှင့် အသင်းဝင်များက အ၀တ်အထည်များကို လည်းကောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျောက်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့်  ဦးစိုင်းညွန့်ဝင်းနှင့် ဦးမောရှည် ၊ ပြည်နယ်ပြည်ခိုင်ဖြိုး
ပါတီမှ ဦးထွန်းရွှေ နှင့် ခရိုင်၊မြို့နယ်ပါတီဝင်များက  စားသောက်ဖွယ်ရာ၊ စောင်နှင့် ဖျာ များကို ထောက်ပံ့ပေးခဲ့သည်။

ယနေ့အထိ  အဆိုပါ နမ့်ဝိုးထောင်ကျေးရွာနေ မီးဘေးသင့်ပြည်သူများသို့ အသုံးအဆောင်ပစ္စည်းများ၊စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ အပါအ၀င် စုစုပေါင်း တန်ဖိုးမှာ ငွေကျပ် သိန်း ၉၀ ကျော် တန်ဖိုးရှိကြောင်း သိရသည်။
သတင်းပေးပို့သူ              ။ ဝေယံလင်း(မိုင်းဖြတ်)

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


Friday, January 3, 2014

ရှမ်းပြည်နယ်၊ မိုင်းဖြတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ နမ့်ပန်ကျေးရွာအုပ်စု၊ နမ့်ဝိုးထောင်ကျေးရွာတွင် ဇန်န၀ါရီ (၂)ရက်၊ ညနေ ( ၃ )နာရီ ( ၁၅ )မိနစ်ခန့်က လူနေအိမ်ခြေများ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။


ဖြစ်စဉ်မှာ အဆိုပါကျေးရွာနေ ဦးလော်တား၏ သားဖြစ်သူ မောင်ကျမူး (၃)နှစ်သားက မီးခြစ်ဖြင့် သက်ကယ်ပုံမီးရှို့ဆော့ကစားရာမှ မီးကူးစက်ကာ လူနေအိမ်ခြေများ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ မီးသတ်တပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ကျေးရွာနေပြည်သူများက ၀ိုင်းဝန်းမီးငြိမ်းသတ်နိုင်ခဲ့သဖြင့်  ညနေ (၅) နာရီခွဲတွင် မီးညွန့်ကျိုးသွားခဲ့သည်။



ယင်းကျေးရွာတွင်  လူနေအိမ်ခြေ (၃၆)အိမ်ရှိရာ မီးလောင်ကျွမ်းမှုကြောင့် ပျဉ်ကာသွပ်မိုး
(၆)အိမ်၊ ပျဉ်ကာသက်ကယ်မိုး(၁၃)အိမ်၊ ၀ါးကာသက်ကယ်မိုး (၄)အိမ် စုစုပေါင်း (၂၃)အိမ် မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ စုစုပေါင်း ခန့်မှန်ငွေကျပ် (၇၁)သိန်းကျော်ဖြစ်သည်။


ဒဏ်ရာရသူ အနည်းငယ်ရှိပြီး ၊ သေဆုံးသူ မရှိကြောင်းနှင့် မီးဘေးသင့်ကျေးရွာနေ ပြည်သူများအား   မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်၊ မြို့နယ်ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များ ပံ့ပိုး ကူညီပေးလျက်ရှိကြောင်း သိရသည်။
သတင်းပေးပို့သူ ။         ။ ဝေယံလင်း(မိုင်းဖြတ်)

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Friday, December 13, 2013

ယနေ့ ဒီဇင်ဘာလ (၁၃)ရက် နံနက် (၈)နာရီ (၂၀)မိနစ်အချိန်ခန့်က တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ ငွေစေတီလမ်းရှိ အိမ်အငှားတစ်လုံးတွင် မီးဖို မီးကြွင်းမီးကျန်မှ တဆင့် ထရံသို့ ကူးစက်ကာ မီးလောင်မှုဖြစ်ပွားရာ အဆိုပါ အိမ်ငှားတစ်လုံးလုံး မီးလောင်ကျွမ်းသွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါ နေအိမ်ငှားအား မအေးxxxမှ တံခါးပိတ်၍ အပြင်သို့ သွားနေသည့်အတွက် အိမ်ထဲတွင် လူတစ်ဦးတစ်ယောက်မှ မရှိသောကြောင့် မီးလောင်ကျွမ်းရာတွင် ထိခိုက်ဒဏ်ရာ ရရှိမှုများ မရှိကြောင်းနှင့် မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် (၅၀၀၀၀)ခန့်သာ ရှိကြောင်း သိရသည်။ မီးလောင်သည့် နေရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့မှ သွားရောက် ငြိမ်းသတ်ရာ နံနက်(၈း၃၅)နာရီအချိန်မှာ လုံးဝ မီးငြိမ်းသတ်နိုင်ခဲ့ပြီး ရေဂါလန် (၇၅၀)ခန့်  အသုံးပြုခဲ့ရကြောင်းလည်း သိရှိရသည်။

"အိမ်က သွပ်မိုး ထရံကာ ဆိုတော့ မီးလောင်တာ ခဏလေးနဲ့ ပြာကျသွားတယ်၊ အထဲမှာလည်း အတွင်းပစ္စည်းဘာမှ သိပ်မရှိဘူးလို့တော့ သိရတယ်ဗျ၊ အဲ့မှာ နေတဲ့ လူက မီးဖိုခဲ့ပြီး အပြင်သွားတာလို့လည်း နဘေးက လူတွေက ပြောကြတယ်၊ မီးလောင်မှုကတော့ ကောက်ရိုးမီးလိုပဲ ခဏလေးနဲ့ တစ်အိမ်လုံး ပါသွားတာကို တွေ့ရတယ်"ဟု အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ သွားရောက် ကြည့်ခဲ့သူမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

ဆက်လက်၍ မီးဘေးပေါ့ဆမှုကြောင့် အိမ်ငှား မအေးxxx အား တာချီလိတ်မြို့မရဲစခန်းမှ (ပ)၂၄၉/၂၀၁၃၊ ပုဒ်မ(၂၈၅)ဖြင့် အရေးယူထားရှိကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


Friday, September 6, 2013

စက်တင်ဘာလ ၅ ရက်နေ့ ညက မိုးရွာသွန်းမှုကြောင့် စက်တင်ဘာလ ၆ ရက်၊ နေ့လည်ပိုင်းမှစ၍ ညနေထိ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုရှိ ဆီလီငေါ့ နှင့် အနီးအနားရှိ ကျေးရွာများအတွင်း ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့ရာ အချို့နေရာများတွင် အမြင့် ၅ ပေခန့်ရှိပြီး အချို့နေရာများတွင် အမြင့် ၃ပေခန့် ရှိရာ တာချီလိတ်မြို့ရှိ အုပ်ချုပ်ရေးဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ နှင့် နိုင်ငံရေးပါတီများက ရေဘေးသင့် ကျေးရွာသူ၊ ကျေးရွာသားများအား သွားရောက်ပံ့ပိုးကူညီ ကယ်ဆယ်ထားတာကို တာချီလိတ်အွန်လိုင်းမှ ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။


▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
စက်တင်ဘာလ ၅ ရက်နေ့ ညက မိုးရွာသွန်းမှုကြောင့် စက်တင်ဘာလ ၆ ရက်၊ နေ့လည်ပိုင်းမှစ၍ ညနေထိ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုရှိ ဆီလီငေါ့ နှင့် အနီးအနားရှိ ကျေးရွာများအတွင်း ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့ရာ အချို့နေရာများတွင် အမြင့် ၅ ပေခန့်ရှိပြီး အချို့နေရာများတွင် အမြင့် ၃ပေခန့် ရှိကြောင်း သိရသည်။


ရေလွှမ်းမိုးမှုဖြစ်ပွားရာ ကျေးရွာများသို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေမျိုးထွဋ် ၊ ခရိုင်လ၀က ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာလွင် နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးတို့ ဦးဆောင်သော သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ တာချီလိတ်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ အပါအ၀င် လူမှုကူညီရေးအသင်းအဖွဲ့များ စသည့်အဖွဲ့များမှ သွားရောက်ပြီး ရေသန့်ဗူးများ နှင့် ခေါက်ဆွဲခြောက်များ၊ ကြက်ဥများ ပေးဝေခဲ့ကြပြီး လိုအပ်သည့် ကယ်ဆယ်မှုများကိုလည်း ဆောင်ရွက်ခဲ့ကြသည်။


ရေဘေးသင့် ကျေးရွာသား/သူများအား သောက်ရေသန့်များ ပေးဝေငှနိုင်ရန်အတွက် တာချီလိတ်မြို့ သောက်ရေသန့်လုပ်ငန်းရှင်များအသင်းမှ သောက်ရေသန့် ၂၅၀ ကဒ် နှင့် အဆွေတော်မီနီမတ်မှ ခေါက်ဆွဲခြောက်များကို တဆင့် ပေးအပ်လှူဒါန်းကြပြီး နိုင်ငံရေးပါတီများ နှင့် လူမှုကူညီရေး အသင်းများမှလည်း အစားအစာများ ပေးအပ်ကာ ကူညီမှုများ ဆောင်ရွက်ပေးနေကြသည်ကိုလည်း တွေ့ရှိရသည်။
{ မီးသတ်တပ်ဖွဲ့ဝင် နှင့် ရဲတပ်ဖွဲ့ဝင်မှ ကျောင်းသား/သူများအား ဖောင်ဖြင့် ပို့ဆောင်ပေး }

"နှစ်စဉ်လိုလို ရေကြီးခဲ့ပေမဲ့ အခုလို ဆိုးဆိုးရွာရွားကြီးတော့ မကြီးဖူးဘူး၊ ဒီတခါ ရေကြီးတာ တော်တော်များတယ်၊ တစ်ချို့နေရာတွေဆိုရင် ရေမြုပ်တာ လည်ပင်းထိရှိတယ်"ဟု ဆီလီငေါ့ရွာသားတစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောလာသည်။

မိုင်းကိုးကျေးရွာအုပ်စုတွင် နှစ်စဉ်ရေကြီးသော်လည်း ယခုလို ဆိုးဆိုးရွားရွား မဟုတ်ပဲ အနည်းငယ်သာကြီးကြောင်းနှင့် ယခုလို ရေကြီးမှုသည် မိုင်းကိုးကျေးရွာအုပ်စု၏ ဒုတိယအကြိမ်မြောက် ရေလွှမ်းမိုးမှု ဖြစ်ကြောင်း သိရသည်။

ယခုလို ရေလွှမ်းမိုးမှုကြောင့် လူနေအိမ်များနှင့် အိမ်မွေးတိရစ္ဆာန်များ ပျက်စီး၊ ပျောက်ဆုံး၊ သေဆုံးခြင်း မရှိကြောင်းလည်း သိရှိရသည်။


ပုံများကိုကြည့်ရန်
မိုင်းကိုးကျေးရွာအုပ်စု၌ ရေလွှမ်းမိုးမှုဖြစ်ပေါ် (၂)
124 photos
ဒုတိယအကြိမ်အဖြစ် မိုင်းကိုးကျေးရွာအုပ်စု၌ ရေလွှမ်းမိုးမှုဖြစ်ပေါ် 
90 photos
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Thursday, September 5, 2013

တာချီလိတ် - မိုင်းဆတ်သွားလမ်း၊ ဖဟိကျေးရွာအနီးရှိ ကားလမ်းတစ်နေရာတွင် စက်တင်ဘာလ ၅ ရက်နေ့ ညက မိုးရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ရာ တောင်ကျရေများကြောင့် ချောင်းငယ်အတွင်း ရေလျှံပြီး လမ်းပေါ်သို့ ရေများရောက်ရှိလာမှုကြောင့် စက်တင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းမှာ လမ်းတစ်ဖက် မြေသားပြိုကျ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ လတ်တလောတွင် ကားကြီးများသွားလာလို့ မရကြောင်း သိရှိသည်။


ထိုသို့ဖြစ်ပွားရာသို့ ရွာသားများ၏ အသိပေးမှုကြောင့် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး အပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက် ကြည့်ရှု့ခဲ့ကြပြီး လမ်းအား ပုံမှန်အတိုင်း သွားလာလို့ ရရှိနိုင်ရန်အတွက် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ထိုသို့မဆောင်ရွက်မီ လတ်တလောတွင် ကားနှင့်ဆိုင်ကယ်များ သတိရှိစေရန်အတွက် အနီးအနား ဖြတ်သန်းသွားလာသော ရွာသားများ၏ အကူအညီရယူကာ ကျောက်တုံးများဖြင့် ပြိုကျနေသော လမ်း၏ ဘေးပတ်လည်အား အန္တရာယ်ရှိကြောင်း သတ်မှတ်စေခဲ့ကြသည်။


{ သတင်းမှတ်တမ်း ဗီဒီယို}

တာချီလိတ် - မိုင်းဆတ်သွားလမ်းတွင် ပြီးခဲ့သော သြဂုတ်လ ၁၁ ရက်နေ့က မိုးများ ဆက်တိုက်
ရွာသွန်းမှုတို့ကြောင့် တောင်ပြိုမှုလည်း ဖြစ်ပေါ်ခဲ့ဖူးကြောင်း သိရှိရသည်။

ပုံများကြည့်ရန်
တာချီလိတ် - မိုင်းဆတ်သွားလမ်းတစ်နေရာ၌ လမ်းတစ်ခြမ်းပြို
12 photos

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Thursday, August 29, 2013

သြဂုတ်လ ၂၉ရက်နေ့ ညနေ ၄နာရီ မိနစ်၂၀အချိန်ခန့်က တာချီလိတ်မြို့တွင် မိုးနှင့်အတူ လေပွေတိုက်ခတ်မှုကြောင့် အမှတ်(၃၃၁)ခြေမြန်တပ်ရင်း  နှင့် မိုင်းယွန်း ဆီပန့်အနီးရှိ ကျွန်းပင် ၁၅ ပင်ခန့် အမြစ်ပါကျွတ်ထွက်သွားပြီး လဲကျမှုများနှင့် အချို့သစ်ပင်များမှာ လျှပ်စစ်မီးကြိုးများပေါ်တွင် လဲပြိုကျသွားခဲ့သည့်အပြင် ဓါတ်မီးတိုင်အချို့မှာလည်း လဲကျကျိုးပဲ့မှုများဖြစ်ပေါ်ခဲ့ရာ လျှပ်စစ်မီး တစ်မြို့လုံး ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။


{ သတင်းဗီဒီယို }



ထိုသို့ဖြစ်ပွားရာသို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး အပါအ၀င် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်/မြို့နယ်သစ်တောဦးစီးဌာနနှင့် တာချီလိတ်မြို့နယ် မီးလင်းရေး နှင့် မီးလင်းရေးမှ မီးပြုပြင်သော ထိုင်းနိုင်ငံသားများအပြင် လူမှုအဖွဲ့အစည်းများက လမ်းပေါ်တွင် ပိတ်ဆို့နေသည့် သစ်ပင်များ၊ မီးကြိုးပေါ်တွင် ပြိုကျနေသည့် သစ်ပင်များ နှင့် မြို့ပြင်တွင် လဲကျကာ လမ်းတစ်ခြမ်းပိတ်သွားသည့် အားကစား ဆိုင်းဘုတ်အား ဖယ်ရှားပေးမှုများ ပြုလုပ်ခဲ့ကြသည်ကို တွေ့ရှိရသည်။



" မိုးဆက်တိုက်ရွာလို့ ရေလွှမ်းမိုးတာနဲ့၊ ခု ခဏလေးအတွင်းမှာ မိုးကြီးလေကြီးလေးဖြစ်လိုက်တာ ခိုင်ပါတယ်ဆိုတဲ့ ကျွန်းပင်ကြီးတောင် အမြစ်ပါကျွတ်ထွက်တယ်ဆိုတော့ တာချီလိတ်မှာကလည်းဗျာ ဖြစ်လိုက်ရင် အဆန်းတွေပါပဲ၊"ဟု ဟောင်လိတ်ကျေးရွာအုပ်စုနေသူ အမျိုးသားတစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောကြားလာသည်။

ယခုလို ဖြစ်စဉ်နှင့်ပတ်သက်၍ ညနေ ၄နာရီ ၂၀မိနစ်မှစ၍ မီးများပြတ်တောက်သွားခဲ့ရာ မြို့တွင်း၌ ည ၇နာရီခွဲဝန်းကျင်မှာ လျှပ်စစ်မီးပြန်လာခဲ့ပေမဲ့လည်း၊ သစ်ပင်များလဲပြိုပြီး မီးကြိုးများပေါ် ကျိုးကျမှုကြောင့် လျှပ်စစ်မီးပြုပြင်မှုများ လုပ်ဆောင်ရန်ရှိသည့်အတွက် သြဂုတ်လ ၃၀ ရက်နေ့ ညနေ ၃နာရီ နောက်ပိုင်းမှသာ ဟောင်လိတ်ကျေးရွာအုပ်စုတွင်  ပြုပြင်မှုပြီးစီးနိုင်မှာ ဖြစ်သည့်အတွက် လျှပ်စစ်မီးပြန်လည် သုံးစွဲနိုင်ဖွယ်ရှိကြောင်း သိရသည်။

ပုံများကိုကြည့်ရန်
မိုးနှင့်အတူ လေဗွေတိုက်ခတ်မှုကြောင့် ကျွန်း၁၅ပင်ခန့် အမြစ်ပါကျွတ်
28 photos
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Thursday, August 15, 2013

တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးဘေးရှိ အနော်ရထာ
(ဓမ္မဒါနတရားခွေအငှား)ဆိုင်တွင် သြဂုတ်လ ၁၆ ရက် သန်းခေါင်ယံ ၂ နာရီအချိန်ခန့်က ၀ါယာကြိုးမှ တဆင့် လျော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဆိုင်အတွင်း တီဗွီတင်စင်အနီးရှိ မီးပလပ်ခုံ တစ်ခု အပူလွန်ကဲရာမှ မီးလောင်တာဖြစ်ပြီး မီးလောင်ကျွမ်းရာတွင်  စာအုပ်များနှင့် ဗွီစီဒီတိပ်ခွေများ လောင်ကျွမ်းသွားရာ ပျက်စီးဆုံးရှုံးမှု အနည်းအငယ်သာ ရှိကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်
ပွားရာသို့  မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်နိုင် ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် ၁၂ ဦး၊ အရန်တပ်ဖွဲ့ဝင် ၂၀ ဦးတို့ သွားရောက်ပြီး မီးသတ်ယာဉ် ၃ စီးဖြင့် ငြိမ်းသတ်ခဲ့ကြရာ စာအုပ်နှင့် ဗွီစီဒီတို့၏ လောင်ကျွမ်းမှုအရှိန်အား ခဏလေးအတွင်းမှာ ငြိမ်းသတ်နိုင်ခဲ့ကြကြောင်း သိရသည်။

"ကျွန်တော်တို့ ရောက်သွားတော့ အထဲက စာအုပ်တွေ၊ ဗွီစီဒီခွေတွေ မီးလောင်နေတာကို အပြင်က တွေ့နေရတယ်။ တံခါးကို ခတ်ထားတဲ့ သော့ကို ရိုက်ဖြတ်တာ ဖြတ်လို့မရလို့ တံခါးကို ဖျက်ဝင်ပြီးမှ မီးငြိမ်းသတ်ခဲ့ရပါတယ်"ဟု မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်နိုင်က တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

 
{ ရုပ်သံ }

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင်ရှင်ဖြစ်သူအား သက်ဆိုင်ရာမှ ဥပဒေအရ အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Sunday, August 11, 2013

၂၀၁၃ခုနှစ် သြဂုတ်လ ၁၁ ရက် ၁၅း၀၀ နာရီခန့်က တာချီလိတ် - မိုင်းဆတ်သွားလမ်း၊ တာချီလိတ်အထွက်တွင် ရက်ပိုင်းအတွင်းက မိုးများရွာသွန်းမှု ဒဏ်များကြောင့် မြေများပျော့လာကာ တောင်ပြိုမှုဖြစ်ပွားခဲ့ရာ လမ်းပိတ်သွားခဲ့သည့် မြင်ကွင်းအား တာချီလိတ်အွန်လိုင်းမှ ရိုက်ကူး တင်ဆက်ထားတာ ဖြစ်ပါတယ်။



ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသများဖြစ်သည့် မြို့နယ်တော်တော်များ၌ မိုးရွာသွန်းမှုများအပြင် တောင်ကျရေများ နှင့် ချောင်းရေများကြောင့် လူနေအိမ်များအတွင်း ရေ၀င်ရောက်မှုများ ဖြစ်ပေါ်ခဲ့ရာ တာလေမြို့နယ်ခွဲရှိ ကျေးရွာများတွင် ရေဘေးဒဏ်ခံသူများ များပြားကြောင်းသိရ၍ တာချီလိတ်မြို့ရှိ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ အပါအ၀င် လူမှုကူညီရေး အသင်းအဖွဲ့များ နှင့် စေတနာရှင် အလှူရှင်များမှ သွားရောက် ကယ်ဆယ် ပံ့ပိုး လှူဒါန်းခဲ့ကြကြောင်း သိရသည်။


ရေဘေးဒဏ်ခံလိုက်ရသော တာလေမြို့နယ်ခွဲရှိ ၀မ်ဝိန်းကျေးရွာမှ အိမ်ခြေ ၄၈ အိမ် နှင့် တာကြန့်ကျေးရွာမှ အိမ်ခြေ ၈၈ အိမ်တို့မှ ကျေးရွာသူ၊ ကျေးရွာသားများအား တာချီလိတ်မြို့နယ်မှ အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ အပါအ၀င် နိုင်ငံရေးပါတီများ၊ လူမှုကူညီရေးအသင်းအဖွဲ့များဖြစ်သည့် "အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ" တရားပွဲဖြစ်မြောက်ရေးအဖွဲ့၏ အဖွဲ့ခွဲဖြစ်သော ဇီဝက အခမဲ့ ဒါန ဆေးကုသခန်းမှ ဆရာဝန်များမှလည်း ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့သည့်အပြင် စေတနာရှင်များမှ မိသားစုအလိုက်၊ မိတ်ဆွေသူငယ်ချင်း အုပ်စုအလိုက် သွားရောက်ကာ လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ စေတနာရှင် အသင်းအဖွဲ့များနှင့် သက်ဆိုင်ရာများ အနေဖြင့် ခေါက်ဆွဲခြောက်များ၊ ရေသန့်ဗူးများ နှင့် ထမင်းဗူးများအပြင် အခြားစားစရာများကို အဓိကထား ပေးအပ် ကူညီ ထောက်ပံ့ခဲ့ကြသည်။


"အစ်မတို့ ရောက်သွားလို့ သူတို့တွေ ပျော်နေကြတယ်၊ အရမ်းဖြူစင်တဲ့ အပြုံးနဲ့ အမတို့ကို လက်ဆွဲနှုတ်ဆက်ကြ ကြိုဆိုကြပေါ့၊ ရွာကဘုန်းကြီးကျောင်း ၃ ကျောင်းကို ကန်တော့ခဲ့တယ်၊ အလှူပစ္စည်းတွေကိုလည်း ကာယကံရှင်‌ ရွာသူ၊ ရွာသား‌တွေရဲ့ လက်ထဲ အပ်ခဲ့တယ်"ဟု  ဇီဝက အခမဲ့ ဒါန ဆေးကုသခန်းမှ မရွှေစင်ခက်က တာချီလိတ်အွန်လိုင်းသို့ ပြောကြားလာသည်။

ပြီးခဲ့တဲ့ရက်များက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တာလေချောင်း ရေလျှံတက်မှုများဖြစ်ပေါ်ခဲ့ရာ အနိမ့်ပိုင်း၌ ရှိသော ကျေးရွာများမှာ ရေကြီး ရေလျှံခဲ့ခြင်းကြောင့် သောက်သုံးရေများ အဓိကလိုအပ်နေတာကို တွေ့ရှိရကြောင်း အဆိုပါဒေသသို့ သွားရောက် ထောက်ပံ့လှူဒါန်းခဲ့သူ အလှူရှင်တစ်ဦးမှ ပြောကြားလာသည်။

ပုံများကိုကြည့်ရန်
တာလေ ရေဘေးသင့် ပြည်သူများဆီသို့ တာချီလိတ်မြို့မှ သွားရောက်
38 photos

ယနေ့ သြဂုတ်လ ၁၁ ရက် ၁၅း၀၀ နာရီခန့်က တာချီလိတ် - မိုင်းဆတ်သွားလမ်း၊ တာချီလိတ်အထွက်တွင် ရက်ပိုင်းအတွင်းက မိုးများရွာသွန်းမှု ဒဏ်များကြောင့် မြေများပျော့လာကာ တောင်ပြိုမှုဖြစ်ပွားခဲ့ရာ လမ်းပိတ်သွားခဲ့သည့်အတွက် သက်ဆိုင်ရာမှ ပိတ်ဆို့နေသော မြေများအား အမြန်ဆုံး ဖယ်ရှားနိုင်ရန်အတွက် သွားရောက်ခဲ့ကြကြောင်း သိရသည်။


မြေများ လမ်းပေါ်သို့ပြိုကျနေသည်မှာ အမြင့် ၇ ပေကျော် ရှိပြီး အလျားမှာ ပေ ၆၀ခန့် ရှိတာကို တွေ့ရသည်။ မြေများရုတ်တရက် ပြိုကျလာနေစဉ်အတွင်း ဖြတ်သွား ဖြတ်လာ ခရီးသွား ဆိုင်ကယ်များ၊ ကားများ ပါဝင်သွားခြင်း ရှိမရှိကို ပိတ်ဆို့နေသည့် မြေများကို ဖယ်ရှားပြီးမှသာ သိရှိနိုင်မှာဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးက ပြောကြားလာသည်။


"မိုင်းဆတ်ဘက်က ခုနကမှ ပြန်လာတာ ဘာမှမဖြစ်သေးဘူး၊ နာရီဝက်လောက်ပဲ ရှိသေးမယ်ထင်တယ် ချက်ချင်းပဲဗျာ တော်တော်ကြောက်ဖို့ ကောင်းတယ်။ ကျွန်တော် အပြန်မှာ ခုလို မပြိုကျတာ ကံကောင်းတယ်"ဟု ရွှေတာချီခရီးသွားလုပ်ငန်းမှ အငှားဆိုင်ကယ်ပြေးဆွဲသူ တစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောကြားလာသည်။


{ ဗီဒီယို သတင်း မှတ်တမ်း}

အဆိုပါနေရာသို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး အပါအ၀င်  လွယ်တော်ခမ်းကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များမှ ရောက်ရှိလာပြီး မြေများအား ဖယ်ရှားနိုင်ရန်အတွက် ဆောင်ရွက်စေခဲ့ကြရာ သော်တာဝင်း ဆောက်လုပ်ရေး ကုမ္ပဏီမှ စက်ယန္တရားများဖြင့် မြေများကို ဆက်လက်၍ ဖယ်ရှားနေသည်ကို တွေ့ရှိရသည်။

ယခုရက်ပိုင်းအတွင်း၌ တာချီလိတ်မြို့တွင် သဘာဝဘေးဒဏ်များ ကျရောက်နေရာ
ရေလွှမ်းမိုးမှုများ နှင့် တောင်ပြိုမှုများ ဖြစ်ပွားခဲ့သည့်အပြင် တာလေမြို့နယ်ခွဲ တစ်ဝိုက်တွင်လည်း ရေလွှမ်းမိုးမှုများကြောင့် တာချီလိတ်မြို့ရှိ စေတနာရှင်များ လူမှုရေးအသင်းအဖွဲ့များက သွားရောက် ကယ်ဆယ်ထောက်ပံ့မှုများ ပြုလုပ်လျှက်ရှိကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
တာချီလိတ် - မိုင်းဆတ်သွားလမ်း၌ တောင်ပြိုမှုဖြစ်ပွား
11 photos



Saturday, August 10, 2013

သြဂုတ်လ ၁၀ ရက်နေ့က တာချီလိတ်မြို့နယ်အတွင်း ရေလွှမ်းမိုးမှုများ  ဖြစ်ပေါ်နေသည့်
  နေရာများသို့ သက်ဆိုင်ရာမှ အရေးပေါ်ကယ်ဆယ်မှုများ ပြုလုပ်နိုင်ရန်အတွက် သွားရောက် လှည့်လည်ခဲ့ကြသည်ကို တာချီလိတ်အွန်လိုင်းမှ ရိုက်ကူးတင်ဆက်ထားပါသည်။


ရေလျှံမှုများနှင့် ရေလွှမ်းမိုးမှုများကြောင့် တက်လာသော ရေများမှာ ဆက်လက်ရှိနေသည့် နေရာသို့ သြဂုတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းက ​တြိ​ဂံ​ဒေ​သ​တိုင်း ​စစ်​ဌာ​န​ချုပ် ​တိုင်း​မှူး ​ဗိုလ်​ချုပ် ​သန်း​ထွန်း​ဦး၊ တာချီလိတ်စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သောင်းထိုက်ရွှေ နှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး အပါအ၀င် စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရေလွှမ်းမိုးမှုကြောင့် အခက်အခဲဖြစ်နေသူများအား ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် သွားရောက်သည့် မြင်ကွင်း...



မယ်ခေါင်ရပ်ကွက် မယ်ခေါင်ဘုန်းကြီးကျောင်း အနောက်ဘက်ရှိ ချောင်းတွင် ရုတ်တရက် လွယ်စတုံဘက်မှ ပြင်းထန်စွာ စီးဆင်းလာသော ရေဒဏ်ကြောင့်  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး အနီးကပ်ကြီးကြပ်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ရွှေတာချီခရီးသွားလုပ်ငန်း(လူမှုကူညီရေးအသင်းသားများ) နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက အရေးပေါ် ကူညီကယ်ဆယ်မှုများ...

ရက်ပိုင်းအတွင်း မိုးရွာသွန်းမှုများနှင့် တောင်ကျရေများအပြင် မြန်မာ-ထိုင်း နယ်စပ်ချောင်းဖြစ်သည့် မယ်ဆိုင်ချောင်းမှ ရေကြီးရေလျှံမှုများကြောင့် တာချီလိတ်မြို့ရှိ ရပ်ကွက်တော်တော်များများ၌ ယခင်နှစ်နှင့်မတူ ရေလွှမ်းမိုးမှုများ ဆက်တိုက်လိုလို ဖြစ်ပေါ်နေလျှက်ရှိရာ ရေလွှမ်းမိုးမှုကြောင့် ရေဘေးသင့် ပြည်သူများနှင့် အိုးအိမ်များအား ကယ်ဆယ်ရွှေ့ပြောင်းပေးနိုင်ရန် အဆင်သင့် ဖြစ်နေစေရေးအတွက် ဒေသအာဏာပိုင် အကြီးအကဲများ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများက လှည့်လည် စစ်ဆေးကြည့်ရှု့မှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။


ရေလျှံမှုများနှင့် ရေလွှမ်းမိုးမှုများကြောင့် တက်လာသော ရေများမှာ ဆက်လက်ရှိနေသည့်နေရာသို့ သြဂုတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းက ​တြိ​ဂံ​ဒေ​သ​တိုင်း ​စစ်​ဌာ​န​ချုပ် ​တိုင်း​မှူး ​ဗိုလ်​ချုပ် ​သန်း​ထွန်း​ဦး၊ တာချီလိတ်စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သောင်းထိုက်ရွှေ နှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး အပါအ၀င် စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရေလွှမ်းမိုးမှုကြောင့် အခက်အခဲဖြစ်နေသူများအား ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် သွားရောက် လှည့်လည်ကြည့်ရှု့ခဲ့ကြသည်။


ထို့အတူ တာချီလိတ်မြို့ရှိ လူမှုကူညီရေးအသင်းအဖွဲ့များဖြစ်သည့် မေတ္တာရှင်(သာရေး/နာရေး) ကူညီမှုအသင်း၊ အလင်းရောင်ပရဟိတအသင်း၊ မဇ္ဈိမလူမှုကူညီရေးအသင်း၊ရွှေတာချီခရီးသွားလုပ်ငန်း(လူမှုကူညီရေးအသင်း) နှင့် ကျန် လူမှုကူညီရေးအသင်းအဖွဲ့များမှလည်း အရေးပေါ်ကယ်ဆယ်မှုများ ဆောင်ရွက်နိုင်ရန်အတွက် လှည့်လည်ကြည့်ရှု့နေကြကြောင်း သိရသည်။


သြဂုတ်လ ၉ ရက်နေ့ နံနက်ပိုင်းက ဆန်ဆိုင်းရပ်ကွက်နှင့် မယ်ခေါင်ရပ်ကွက်တို့တွင်
ရေလွှမ်းမိုးမှုကြောင့် ရေများအိမ်ထဲသို့ ၀င်ရောက်နေမှုများဖြစ်ပေါ်နေလျှက်ရှိရာ အဆိုပါ ကယ်ဆယ်ရေးအဖွဲ့များက သက်ကြီးရွယ်အို အဖိုး/အဖွားများ၊ မွေးကင်းစ ကလေးငယ် နှင့် မိခင် အပါအ၀င် အိမ်မွေးတိရစ္ဆာန်များအား ဖေးမကူညီကာ ရေနှင့်လွတ်ရာသို့ ပို့ဆောင်ပေးခြင်းနှင့် အိမ်သုံးပစ္စည်းများ၊ ယာဉ်များအား သယ်ယူရွှေ့ပြောင်းပေးမှုများကို ပြုလုပ်ပေးခဲ့ကြသည်။


ဆက်လက်၍ မယ်ခေါင်ရပ်ကွက် မယ်ခေါင်ဘုန်းကြီးကျောင်း အနောက်ဘက်ရှိ ချောင်းတွင် ရုတ်တရက် လွယ်စတုံဘက်မှ ပြင်းထန်စွာ စီးဆင်းလာသော ရေဒဏ်ကြောင့်  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး အနီးကပ်ကြီးကြပ်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ရွှေတာချီခရီးသွားလုပ်ငန်း(လူမှုကူညီရေးအသင်းသားများ) နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက အရေးပေါ် ကူညီကယ်ဆယ်မှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
တာချီလိတ်မြို့နယ် ဆန်ဆိုင်း/မယ်ခေါင်ကွက်တို့၌ ရေလွှမ်းမိုး
67 photos