Latest News

Dropdown Menu

Showing posts with label ရှမ်းသမိုင်း. Show all posts
Showing posts with label ရှမ်းသမိုင်း. Show all posts

Monday, February 3, 2014

၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် ကျရောက်မည့် (၆၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့အား ဂုဏ်ပြုသော အထိမ်းအမှတ်ပွဲတော်ကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဟောင်လိတ်ကျေးရွာအုပ်စု၊ ၀မ်လုံရွာရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီအပိုင် နေရာ၌် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရန်နှင့် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုနေ့ အခမ်းအနားတို့အတွက် ယနေ့ ဖေဖော်ဝါရီလ(၃)ရက် မွန်းလွဲ(၁း၂၀)နာရီအချိန်ခန့်က တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ စည်းဝေးခန်းမမှာ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြသည်။


ထိုသို့ပြုလုပ်ရာတွင် ပြည်သူ့/အမျိုးသား/ပြည်နယ် စသည့် တာချီလိတ်မြို့ မှ လွှတ်တော်ကိုယ်စားလှယ် သုံးဦးအပါအ၀င် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး ပါဝင်သည့် ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး ပါဝင်သည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အထောက်အကူပြု ကော်မတီများ၊ တိုင်းရင်းသားများ၊ လူမှုကူညီရေး အသင်းအဖွဲ့များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်လာခဲ့ကြပြီး ရှမ်းပြည်နယ်နေ့ ပွဲတော်ဖြစ်မြောက်ရေးအတွက် ကော်မတီဖွဲ့စည်းခြင်းနှင့် ပွဲတော်အတွင်း ပြုလုပ်မည့် ကိစ္စရာရပ်များကို ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။


ယင်းကဲ့သို့ ဆွေးနွေးတိုင်ပင်ကြရာမှာ ကျင်းပပြုလုပ်မည့် ရှမ်းပြည်နယ်နေ့ပွဲတော်အား ရှမ်းတိုင်းရင်းသား တစ်မျိုးတည်းဖြင့် ကျင်းပမှာမဟုတ်ပဲ တာချီလိတ်မြို့နယ်အတွင်းရှိ အာခါတိုင်းရင်းသား နှင့် လားဟူတိုင်းရင်သားတို့ဖြင့်လည်း စုပေါင်း၍ သက်ဆိုင်ရာ တိုင်းရင်းသားရိုးရာဝတ်စုံများ ၀တ်စုံ၍ စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ပွဲတော်အား သတ်မှတ်ကာလအားဖြင့် ဖေဖော်ဝါရီလ (၅)ရက်မှ ဖေဖော်ဝါရီလ(၇)ရက်နေ့ထိ (၃)ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ပွဲတော်အတွင်း ပျော်ပွဲရွှင်ပွဲအဖြစ် ချောတိုင်တက်ပွဲ အပါအ၀င် ကစားနည်း (၅)မျိုးခန့် ထည့်သွင်းထားကြောင်းနှင့် ပွဲတော်သို့ မိုင်းလား၊ မိုင်းတုံ၊ မိုင်းဖြတ် နှင့် မိုင်းပျဉ်း၊ တာလေမြို့နယ်ခွဲ စသည့် မြို့နယ်များမှလည်း လာရောက်၍ ဆင်နွှဲကြမှာဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ရှမ်းပြည်နယ်နေ့ကို နှစ်စဉ်ကျင်းပလေ့ရှိသော်လည်း အခမ်းအနားမျိုးဖြင့် ၂၀၁၃ခုနှစ်က စတင်၍ အောင်မြတ်ခန်းမ၌ ပထမအကြိမ်အဖြစ် ကျင်းပပြုလုပ်ခဲ့ပြီး ယခုအခါမှာ ဒုတိယအကြိမ် စည်ကား သိုက်မြိုက်စွာဖြင့် ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီအပိုင် နေရာမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Wednesday, January 8, 2014

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်း စသည့် ရှမ်းပြည်တစ်ဝန်းလုံးတွင် နေထိုင်ကြသည့် ရှမ်းတိုင်းရင်းသား လူဦးရေစာရင်း ကောက်ယူရေးနှင့် ရှမ်းပြည်နယ်အတွင်းနေထိုင်သူ စုစုပေါင်း လူဦးရေစာရင်း ကောက်ယူရေးစသည်တို့အတွက် "ရှမ်းပြည်နယ် ရှမ်းတိုင်းရင်းသားများ လူဦးရေစာရင်း ကောက်ယူရေးကော်မတီ"(ဗဟို)မှ သင်ကြားပို့ချသော သင်တန်းကို ယနေ့ ဇန်န၀ါရီလ(၈)ရက် နံနက်ပိုင်းမှစ၍ တာချီလိတ်မြို့ ဟောင်လိတ်ကျေးရွာအုပ်စုရှိ ၀မ်လုံဘုန်းကြီးကျောင်းထဲ၌ စတင်ပို့ချလျှက်ရှိကြောင်း သိရသည်။


အဆိုပါ သင်တန်းအား "ရှမ်းပြည်နယ် ရှမ်းတိုင်းရင်းသားများ လူဦးရေစာရင်း ကောက်ယူရေးကော်မတီ"(ဗဟို)မှ အဖွဲ့ခေါင်းဆောင်ဖြစ်သူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းမောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန့်ဇင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံဖေ နှင့် အဖွဲ့မှ လာရောက်သင်ကြားပို့ချပေးတာဖြစ်ပြီး ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ မြို့နယ်နှင့် မြို့နယ်ခွဲ (၁၄)မြို့နယ်တို့မှ သင်တန်းသား/သူ အယောက်(၁၀၀)၀န်းကျင်တို့မှ မိမိတို့၏ မြို့နယ်များတွင် ပြန်လည်၍ ဆင့်ပွားသင်တန်းပေးနိုင်ရန်အတွက် လာရောက် လေ့လာသင်ယူတာ ဖြစ်ကြောင်း သိရသည်။


"ရှမ်းပြည်နယ်ထဲက ရှမ်းတိုင်းရင်းသားတွေရဲ့ စာရင်းကို ရှမ်းပြည်တစ်ပြည်လုံးကောက်မှာပါ၊ ရှမ်းတိုင်းရင်းသား အမှန်ဖြစ်စေရေးအတွက်ပါ၊ တစ်ချို့က ရှမ်းဖြစ်ပြီး၊ မှတ်ပုံတင်မှာ အဖွဲ့အစည်းတွေရဲ့ ဆွဲသွင်းခံရမှုကြောင့် ရှမ်းကနေ ပအိုဝ်းလို့ အမည်ခံထားရတာမျိုး၊ ဗမာလို့ အမည်ခံထားပြီး ဖြည့်ထားတာမျိုးတွေ ရှိနေပါတယ်၊ ရှမ်းဆိုရင် ရှမ်းပဲဖြစ်ရမှာပါ၊ အဲ့လိုမျိုးတွေကို စိစစ်ကောက်ယူပြီးတော့ ရှမ်းလူမျိုးဆို ရှမ်း အဖြစ်၊ ပအိုဝ်းဆို ပအိုဝ်း စသည်ဖြင့် အမှန်ပြန်ပြင်ပေးဖို့ဖြစ်ပါတယ်"ဟု အဆိုပါအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဖြစ်သူ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသန်းမောင် က တာချီလိတ်အွန်လိုင်းသို့ ရှင်းပြသည်။

"ခုချိန်ထိ ရှမ်းပြည်နယ်ထဲမှာ အိမ်ထောင်စု စာရင်းတွေ မှတ်ပုံတင်တွေ မလုပ်ရသေးတဲ့ လူတွေရှိသေးတယ်၊ တော်တော်ဝေးတဲ့ ရွာတွေထဲမှာပေါ့၊ ကျွန်တော်တို့ ကော်မတီက စာရင်းကောက်လို့ရပြီဆိုရင် မှတ်ပုံတင်မရှိသေးတဲ့ လူတွေ အိမ်ထောင်စုစာရင်း မရှိသေးတဲ့ လူတွေကို ဆောင်ရွက်ပေးဖို့ ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြသွားမှာဖြစ်ပါတယ်"ဟု ၎င်းမှာ ဆက်လက်ရှင်းပြသည်။

ရှမ်းပြည်နယ်အတွင်း၌ အဆိုပါ ကော်မတီမှ လူဦးရေစာရင်း ကောက်ယူရာတွင် ရှမ်းတိုင်းရင်းသား တစ်မျိုးတည်းအတွက်ကို မဟုတ်ပဲ ရှမ်းပြည်နယ် အတွင်း၌ နေထိုင်လျှက်ရှိသည့် ကျန်တိုင်းရင်းသားများကိုလည်း စာရင်းပြုစုသွားမှာဖြစ်ပြီး အများနှင့် လက်လှမ်းဝေးနေသည့် ဒေသများရှိ ရွာများမှ လူဦးရေများကိုလည်း အတိအကျရရှိရေးနှင့် မှတ်ပုံတင်မရှိက ပြုလုပ်ပေးရေး စသည်တို့ကို အဓိက ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာရင်းကောက်ယူမှုကို ဇန်န၀ါရီလ၏ နောက်ဆုံး အပတ်တွင် စတင်၍ ဆောင်ရွက်တော့မှာဖြစ်ပြီး ဖေဖော်ဝါရီလ (၁)လလုံး အထူးကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် သတ်မှတ်ကာလကိုတော့ သုံးလလျာထားကြောင်း အဖွဲ့ခေါင်းဆောင် ဦးစိုင်းသန်းမောင်၏ ပြောဆိုချက်အရ သိရသည်။

ရှမ်းပြည်နယ် ရှမ်းတိုင်းရင်းသားများ လူဦးရေစာရင်း ကောက်ယူရေးအတွက် ဗဟိုမှ ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ၌ သင်တန်းပို့ချရာ သင်တန်းသား သင်တန်းသူ (၂၁၆)ဦးရှိခဲ့ပြီး ရှမ်းပြည်နယ် တောင်ပိုင်း နမ့်ဆမ် မှာတော့ သင်တန်းသား သင်တန်းသူ (၂၅၁)ဦး နှင့် ယခု ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့၌ ကျင်းပပြုလုပ်ရာ သင်တန်းသား သင်တန်းသူ (၁၀၀)၀န်းကျင် လာရောက် လေ့လာသင်ယူခဲ့ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း ရှမ်းတိုင်းရင်းသားများ လူဦးရေစာရင်း ကောက်ယူရေးအတွက် ကုန်ကျမည့် ငွေကြေးနှင့် ပတ်သက်၍ "ရှမ်းပြည်နယ် အတွင်းမှာ ရှိတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ကုမ္ပဏီကြီးတွေ ဥပမာ KBZ တို့လိုပေါ့၊ ရှမ်းပြည်နယ်အတွင်း အကြီးစားလုပ်ငန်းရှင်းတွေ ကနေ လိုအပ်တဲ့ ငွေကြေးအတွက် အကူအညီတောင်းပြီး ဆောင်ရွက်သွားမှာပါ၊ ကျွန်တော်တို့ တစ်မြို့နယ်ကို (၃)လအတွင်း ခန့်မှန်း ကျပ် သိန်း(၂၀)အသုံးပြုဖို့ လျာထားပါတယ်။ ရှမ်းပြည်နယ်တစ်ခုလုံး (၈၄)မြို့ဆိုတော့ ကျပ်သိန်းပေါင်း ထောင့်ခြောက်ရာကျော် လောက် ကုန်နိုင်ဖွယ်ရှိပါတယ်"ဟု အဖွဲ့ခေါင်းဆောင် ဦးစိုင်းသန်းမောင်မှ ရှင်းပြသည်။

တာချီလိတ်မြို့နယ်တွင် ပြုလုပ်သော အဆိုပါ သင်တန်းအား ဇန်န၀ါရီလ(၈)ရက်မှ (၁၀)ရက်နေ့ထိ သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး သင်တန်းပြီးမြောက်သွားပါက ယင်းကိစ္စအား ယခုလ၏ နောက်ဆုံးအပတ်၌ စတင်မှာ ဖြစ်ကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Sunday, March 28, 2010


ImageShack, free image hosting, free video hosting, image hosting, video hosting, photo image hosting site, video hosting site

လူတို့သည် လူမှုရေးအတွက် နေ့စဉ်အမျှ လှုရှားသွားလာလျက် စားသောက်နေထိုင်ရေး ကိစ္စရပ်များ၊ ဖွံ့ဖြိုးတိုးတက်မှု ကိစ္စရပ်များ၊ အမျိုးအနွယ်အလိုက် အပေါင်းအသင်း ဆက်ဆံရေးနှင့် ယုံကြည်ကိုးကွယ်မှု ကိစ္စရပ်များ၊ တဦးနှင့်တဦး ရေမြေ တောတောင် ဘယ်လိုပင်ခြားသော်လည်း တောတောင် ရှိုမြောင်များအကြား အခက်အခဲ အမျိုးမျိုးဖြင့် ဖြတ်ကျော်သွားလာခဲ့သည်မှာ လွယ်ကူသည့် ကိစ္စမျိုးမဟုတ်ပါချေ။

အခက်အခဲကြားမှ ကျော်လွှားဖြေရှင်းခဲ့သည့် ရှေးယခင်က အပြုအမူ လိမ္မာယဉ်ကျေးမှု (Civilization) အဆင့် အတန်းကို ဆိုလိုခြင်းဖြစ်သည်။

သျှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင် လုပ်ကိုင်စားသောက်လျက်ရှိကြကုန်သော တိုင်းရင်းသား လူမျိုးများသည် ခေတ်စဉ်ကိုလိုက်၍ ၄င်းတို့ သုံးစွဲခဲ့သော လူသုံးပစ္စည်းအမျိုးမျိုးမှ သုတေသနပြုလုပ်လျက်တွေ့ရှိသော အချက်အလက်များအရ မှတ်တမ်းတင်ခဲ့ပေသည်။ ထိုကဲ့သို့ သုတေသန ပြုလုပ်ခဲ့ရာမှ တွေ့ရှိချက်များ၊ လှည်းလမ်း၊ ကားလမ်း မရှိသေးသည့်ခေတ် သမယ၌ အသုံးပြုခဲ့သော နွားဝန်တင် နှင့်ခေါင်းလောင်းသံ အကြောင်းကို ဖောက်သည်ချရသည်သာလျှင်--
သျှမ်းတို့သည် လှည်းလမ်း ပေါ်သေးခင် ကုန်ကူးရာ၌ ရှေ့ဆောင်နွား၊ ရှေ့သွားဥဿဖ မှာ နွားဝန်တင်များအထဲမှ ရှေ့ဦးဆုံး အမြဲသွားတတ်ကြသော နွားအရွယ်ကောင်း ရုပ်ကောင်း အင်အားကောင်းတစ်ကောင်မှ သုံးကောင်အထိရွေးချယ်၍ ၄င်းတို့အား အသိအလိမ္မာရှိအောင်၊ အထူးသဖြင့် ခရီးသွားနေစဉ် ဘယ်ရှောင် ညာရှောင်၊ ရှေ့သွား နောက်ဆုတ်၊ အသွား အလာ အရပ် အနား အတွက် သူ့နည်းသူ့ဟန်နှင့် သုံးနှုံးသည့် လူ့စကားလုံးကို လိုက်နာအောင်သင်ကြားလေ့ကျင့်ပေးရ၏။
ခရီးသွားဖန်များသော် မိမိ၏နွားအုပ်မှ ၄င်းတို့ သုံးနှုံးသော စကားလုံးများကို နားလည်၍ လိုက်နာသော နွားတကောင်ကို ရွေးထုတ်၍ ရှေ့ဆောင်လမ်းညွှန်အဖြစ် (ပိုးနမ်း) ဟုသတ်မှတ်လျက် ထိုနွားအား အခြားနွားများထက် အခွင့်အရေးပေးပြီး အထူးတန်ဆာ ဆင်ပေးလိုက်သည်။
ဆင်အပ်သောတန်ဆာများမှာ-

နွားနဖူးစီး၊ နွားဦးကင်းတပ်ဆင်သည့် ရောင်စုံပန်းခက် ပန်းနွယ်၊ မှန်စီရွှေချ၊ ပိုးကြိုး၊ ဖဲကြိုး၊ ကတ္တီပါကြိုး များချယ်လှယ်ထား၏။ အခြားသော ဝန်တင်နွားများကဲ့သို့ ပစ္စည်းထည့်သည့် ခြင်းများမပါ။ ဦးစီးခေါင်းဆောင်ဖြစ့်သည့် လူကြီး၏ အဖိုးတန်ပစ္စည်းများစောင်နှင့် အခြားသော ပစ္စည်းများကို ကျောကုန်းပေါ်တင်လျက် ရှေ့စီးနောက်စီးကြိုးများဖြင့် မြဲအောင် ချည်နှောင်ထားပါသည်။
ImageShack, free image hosting, free video hosting, image hosting, video hosting, photo image hosting site, video hosting site
(ဝိုးတံး-ဝိုးလံး) ဟူ၍ နောက်လိုက် နွားနှစ်ကောင်ထားရသေးသည်။ ပထမ (ဝိုးနမ်း) ရှေ့ဆုံးသွားနွား ကဲ့သို့ နွားနှစ်ကောင်ရွေးချယ်၍ ၄င်းတို့အား ထိုက်သင့်ရာ တန်ဆာဆင်ပေးလျက် ၄င်းတို့၏ ကျောကုန်းပေါ် ခေါင်းလောင်းကြီး တလုံးစီ တင်ပေးလိုက်၏။ (ဝိုးနမ်း) ၏နောက်သို့ ထပ်ကြပ်မကွား အမြဲတစေ လိုက်ရသည့် ဒုတိယ နွားဆောင် ဖြစ်သည်။
ခေါင်းလောင်းကြီး နှစ်လုံးမှာ မတိမ်းမယိမ်း အစဉ်လိုက်၍ အကြီး အငယ်ခွဲခြားထား၏။ အသံမှာလည်း လွန်စွားငြိမ့်ညောင်း သာယာနာဖွယ် ကောင်းလှ၏။ ငါးမိုင်အဝေးသို့ အသံလွှင့်၏။ (ဝါ) ငါးမိုင်တာဝေးမှ ကြားရသည်။ နွားဝန်တင် အသင်းအဖွဲ့ အသီးသီး ရှိကြသေး၏။ ဒေသအလိုက် ရွာအလိုက် နွားဝန်တင်အုပ်စုဟု ဖွဲ့စည်းထားတတ်ကြသေး၏။ အချို့လည်း တသီးပုဂ္ဂလအနေဖြင့် နွားဝန်တင်အအုပ်လိုက် ထား၏။ ထိုအသင့်းအဖွဲ့များမှ ခေါင်းလောင်းကြီး လုံးကြီး၊ လုံးငယ် အသွယ်သွယ်၊ အလုံးလှ အလုံးကောင်း၊ အသံကောင်း ဟူ၍ အသီးသီး တန်ဖိုးထား၍ အချင်းချင်း ဂုဏ်ယူကြသေး၏။

ImageShack, free image hosting, free video hosting, image hosting, video hosting, photo image hosting site, video hosting site
                    
                    အစဉ်တစိုက် ခရီးသွားသည့်အခါ၊ ရှေ့ဆုံးနွား (ဝိုးနမ်း) နောက်မှ ပစ္စည်းများ အပြည့် တင်ဆောင်သည့် နွားဝန်တင်အုပ်ကြီး ဖြစ်သည်။ နွားဝန်တင်အုပ်ကြီးမှာ နွားအကောင်ရည် အစိတ်မှ ငါးရာအထိ ပါရှိသည်။
ပစ္စည်းများ တင်ဆောင်သည့်အခါ နွားဝန်တင်များ၏ အင်အားကိုလိုက်၍ ပစ္စည်းများ တင်ပေးလိုက်သည်။ အချို့ကိုလည်း ပစ္စည်းမျှပြီး တင်ပေးလေ့ရှိသည်။

နွားဝန်တင်အုပ်ကြီး၏ အလယ်၌ သွားလေ့ရှိသော နွားအလှ နှစ်ကောင်အား ရွေးချယ်လျက် ခေါင်းလောင်းကို တလုံးစီတင်ပေးပြီး လိုက်ပါစေခဲ့သည်။ ခေါင်းလောင်းကြီး၏ အသံမှာ အကြီးအငယ်လိုက်၍ အသံကောင်းပါသည်။
ImageShack, free image hosting, free video hosting, image hosting, video hosting, photo image hosting site, video hosting site
ထိုကဲ့သို့ပြုလုပ်ခြင်းမှာ အစဉ်အလာအရ ဖြစ်သည်။ ပစ္စည်းပျောက်ဆုံးခြင်း နွားများ၏ အကျင့်ပျက်ပြားခြင်းမှ ကာကွယ်သည့် သဘောပင်ဖြစ်သည်။ နောက်တကြောင်းလည်း နောက်လိုက် လုပ်ဖော်ငယ်သားများအတွက် အလွယ်တကူ နွားအုပ်ကြီးအား ထိန်းကွပ်နိုင်ပါသည်။

                                                                                                               ရှေ့ဆောင်နွားအတွက် ရံဖန်ရံခါ ခြေထောက်နာခြင်း၊ ဝမ်းလျှောခြင်း၊ ရောဂါတခုခုဖြင့် မသွားနိုင်ပါက အရံနွား (ဝိုးနမ်း) ထားရပါသည်။ ရှေ့ဦးဆုံး အမြဲတစေ သွားလေ့ရှိသည့် နွားကိုသာ ရွေးချယ်ရပါသည်။

                                 ရှေ့ဆောင်နွားမရှိလျှင် မဖြစ်ပါ။ ရှေ့ဦးဆုံးသွားရသော နွားကိုကြည့်ပြီး ဝန်တင်နွားအားလုံး လိုက်သွားရခြင်းဖြစ်သည်။

 ရှေ့ဆောင်နွား၊ ညွှန်ရာသွားရာ လိုက်သွားရသဖြင့် တောင်တောင်ရှိုမြောင်များ ဖြတ်ကူးသွားလာခြင်း စသောအမှုကို ရှေဆောင်နွား၏ ရဲစွမ်းသတ္တိကြောင့် အောင်မြင်ခဲ့ပေသည်။
ထို့ကြောင့် ထိုရှေ့ဆောင်နွားကောင်းမှ နောက်လိုက်ကြသည့် ဝန်တင်နွား အားလုံးကောင်းသွားပါမည်။ ရောက်လိုသည့်နေရာ စခန်းသို့ ရောက်ရှိနိုင်ပါသည်။
မှတ်ချက် ။ ။ မူရင်းစာအရေးအသားမှ ရှေးယခင်က အရေးအသားဖြစ်သောကြောင့် Shan History Group မှ အနည်းငယ်ပြင်ဆင်ထားပါသည်။ 
မူရင်းရေးသားသူနှင့် မူရင်းစာအုပ်ကို မဖော်ပြနိုင်ခြင်းအတွက် တောင်းပန်ပါကြောင်း …..
Shan History Group

Post By:


ရှမ်းအမျိုးသားများက မိမိတို့သည် ကမ္ဘာဦး အစကပင် ရှိနေပြီးသော လူမျိုးများ ဖြစ်သည်ဟု ယုံကြည်ကြသည်။ ရှမ်းဆိုသော စကားလုံးသည် ပါဠိစကားမှ သက်ဆင်းလာသော ပါဠိပျက်စကား ဖြစ်သည်ဟု အဆိုရှိသည်။

ရှမ်းအမျိုးသားတို့က မိမိတို့ကိုယ်ကို မိမိတို့ တိုင်း ဟု ခေါ်သည်။ တိုင်း အဓိပ္ပာယ်မှာ တောက်ပခြင်း ဖြစ်သည်။ ရှမ်းရှမ်းဆောက်ပသည်။ မီးခိုးမီးလျှံ (ရှမ်း) စသော စကားများတွင် ရှမ်းစကားလုံးမှာ တောက်ပခြင်း ပြည့်ဝခြင်း သဘောအဓိပ္ပာယ်ကို ဆောင်သည်။

ရှမ်းပြည်ကို မိန်းတိုင်း၊ ရှမ်းလူမျိုးကို ကွန်းတိုင်း၊ ရှမ်းစကားကို ကွမ်းတိုင်းဟု ရှမ်းဘာသာဖြင့် ခေါ်သည်။

မြန်မာစာပေ၊ မြန်မာသမိုင်းများတွင်း ရှမ်းမျိုးအစ မိုင်းမောက ဟူ၍လည်းကောင်း၊ ရှမ်းမင်းအစ ဘိန္ဒက ဟူ၍လည်းကောင်း ဆိုရိုးလင်္ကာများ ရှိခဲ့သည်။

မောဟူသော စကားမှာ မင်းဟူ၍ အဓိပ္ပာယ်ရသည်။ ရွှေလီမြစ်ကို ရှမ်းအခေါ်ဖြင့် နမ့်မောင်းဟု ခေါ်သည်။ ရှေးအခါက ရွှေလီမြစ်ဝှမ်းတစ်လျှောက်တွင် ရှမ်းကိုးပြည်ထောင် တည်ထောင်နေထိုင်ရာမှ ရှမ်းဒေသကို ရွှေလီမြစ်အား အစွဲပြု၍ မောကိုးပြည် (မောင်းကိုးပြည်) ဟုခေါ်ကြသည်။

မြန်မာသမိုင်းများတွင် မိုင်းမော ပြည်ကြီးအား အနောက်မဇ္ဈိတိုင်းသား သကျသာကီဝင်မင်းမျိုး ဘိန္ဒကရာဇာ မင်းကြီးက စတင် တည်ထောင်ခဲ့သည်။ ယင်း၏ သားစဉ်မြေးဆက်များ ပြန့်ပွားသွားပြီး ပြည်ပေါင်းကိုးပြည်ထောင်နှင့် အရံမြို့ပေါင်း ၉၉ မြို့သော ကိုးပြည်ထောင်စုကြီးကို တည်ထောင်ကြသည်ဟု ပါရှိသည်။

ရှမ်းရိုးရာစကားအရဆိုသော် သကျသာကီဝင် မင်းမျိုးအနွယ်ဖြစ်သော ခွန်လူးမင်းခေါ် မင်းတပါးက မိုင်းကောပြည်ကြီးကို စတင် တည်ထောင်အုပ်စိုးသည်ဟု ဆိုသည်။

ထိုမင်းပေါက်ဖွားသော မင်းဆက်များသည် အောက်ပါမြို့ကြီး ကိုးမြို့နှင့် အရံမြို့များတွင် မင်းပြုခဲ့ကြသည် ဆို၏။

စဉ် မောကိုးပြည်ထောင် မြို့များ အရံမြို့များ အရေအတွက်
မိုးကောင်းမြို့ ၉၉ မိုင်း (မြို့ငယ်)
မိုးညှင်း ၃၇ ။ (မြို့ငယ်)
သောင်သွပ် ၂၈ ။ (မြို့ငယ်)
ညောင်ရွှေမြို့ ၃၉ ။ (မြို့ငယ်)
သိန္နီမြို့ ၄၉ ။ (မြို့ငယ်)
အုန်းပေါင် (သီပေါ)မြို့ ၂၉ ။ (မြို့ငယ်)
မိုးမိတ်မြို့ ၄၉ ။ (မြို့ငယ်)
မိုးနဲမြို့ ၃၇ ။ (မြို့ငယ်)
မိုးပဲမြို့ ၃၉ ။ (မြို့ငယ်)

Post By: