Latest News

Dropdown Menu

Showing posts with label အသိပညာပေးဆောင်းပါး. Show all posts
Showing posts with label အသိပညာပေးဆောင်းပါး. Show all posts

Tuesday, November 5, 2013

ကာလ ဒေသပေါ်မူတည်ပြီး ကျွန်တော့်အနေနဲ့ ရေးမိလိုက်တဲ့ ဆောင်းပါလေးကတော့ အသင်းအဖွဲ့ ဆိုင်ရာ စိတ်ဓါတ်နဲ့ အသင်းအဖွဲ့တွေဆိုတာ ဘာအတွက်ကြောင့် လုပ်နေကြတယ် ဘာကြောင့် ပေါ်ထွက်လာရတယ် ဆိုတာလေးပါ...


ကျွန်တော်တို့ အသင်းအဖွဲ့တွေမှာ ဘာကြောင့် စ၀င်ပြီး အခမဲ့ လုပ်အားပေးရလဲဆိုတာကနေ  စတင် စဉ်းစားကြည့်ရအောင်။ ကျွန်တော်တို့ အသင်းအဖွဲ့တွေထဲဝင်ပြီး အခမဲ့ လုပ်အားဒါနပေးကြတယ်၊ဘာ့ကြောင့်လဲ ကျွန်တော်တို့ သေရင်ပါဖို့လား၊ ကုသိုလ်လိုချင်လို့လား၊ သေချာတာ စဉ်းစားရင် ဒါတွေက စဉ်းစားစရာမလိုတဲ့ အရာတွေပါ ကျွန်တော်တို့တွေဟာ စိတ်သန့်ရှင်းစွာနဲ့ ပေးဆပ်ရတဲ့ အတွက် သေရင် ပြောစရာမလိုအောင် ပါလာမှာပါ၊ ဒီလိုဘဲ ကုသိုလ်လဲပါမှာဘဲ၊ ဒါဆို နည်းနည်း အဆင့်မြှင့်ပြီး စဉ်းစားကြည့်ရအောင်၊ သေချာတာက ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ လိုအပ်နေတဲ့ လူ့အဖွဲ့အစည်း။

လူ့အဖွဲ့အစည်းကို ပြောင်းလဲချင်ကြလို့ပါဘဲ၊ ကျွန်တော်တို့ ဒီနေ့ခေတ်မှာ ပြောပြောနေကြတဲ့ "ဒီမိုကရေစီ"ဆိုတဲ့ ခေါင်းစဉ်အောက်နဲ့ လူ့အခွင့်အရေး၊ လူ့ယဉ်ကျေးမှုကို ပြောင်းလဲချင်ကြလို့ပါဘဲ၊ ကမ္ဘာ့ခေါင်းဆောင်တွေလဲ Change ဆိုတဲ့ စကားလုံးကို ရေလဲ သုံးစွဲနေကြပါတယ်။ ပြောင်းလဲခြင်းဖြစ်စဉ်ကို ဖြစ်ဖို့အတွက် အဆင့် (3)ဆင့် လိုပါတယ်....
  • (၁)    Knowledge (ဗဟုသုတ)
  • (၂)    Atttribute (ပင်ကိုယ်အရည်အချင်း)
  • (၃)    Behaviour (အမှုအကျင့်)
ဒီ(၃)ခု လိုအပ်ပါတယ်။ ပြောင်းလဲခြင်းမှာ ဒီ(၃)ခုနဲ့ ဖြတ်ကျော်ပြောင်းလဲရမှာပါ၊  ဘာဖြစ်လို့လဲဆိုတော့
လူတစ်ဦးတစ်ယောက်ဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုလုံးဖြစ်ဖြစ် ပြောင်းလဲဖို့အတွက် ဗဟုသုတ၊ အသိဥာဏ်လိုပါတယ်၊ ဒီအသိဥာဏ်ကမှ ဟုတ်တယ်မှန်တယ်လို့ လက်ခံတဲ့ ကိုယ်ပိုင် အရည်အချင်း ကျင့်ဆောင်မှုဖြစ်မယ်၊ နောက်ဆုံးအနေနဲ့ သတိကပ်စရာ မလိုဘဲ ကိုယ်ပိုင်အမှုအကျင့် ကိုယ်ပိုင်ဟန် ဖြစ်လာမှာပါ။

                 ကျွန်တော်တို့အသင်းအဖွဲ့ထဲမှာ စတင်လုပ်ကိုင်စဉ်က ဘာမှသိပ်မသိခဲ့ဘူး၊ ဒါပေမယ့် ပတ်ဝန်းကျင်ကို ပြင်ရမယ်၊ ပတ်ဝန်းကျင်ကို ပြင်ဖို့အတွက် ကိုယ်တိုင်ပြုပြင်ဖို့လည်း လိုတယ်ဆိုတာကို သိမြင်လာတယ်။ ကျွန်တော်တို့ကို အသိဥာဏ်ဖွင့်ပေးတာ စာပေဟောပြောပွဲတွေကပါ၊ တာချီလိတ်မြို့ကို စာရေးဆရာတွေ ဟောပြောပွဲလာပြီးနောက်၊ ဆရာတော်တွေ တရားလာဟောပြီးနောက် တာချီလိတ်မြို့မှာ အသင်းအဖွဲ့ အသီးသီး ထွက်ပေါ်လာပြီး ကျွန်တော်တို့မြို့ရဲ့ လိုအပ်နေတဲ့ လူ့ပတ်ဝန်းကျင်ကို တတ်နိုင်သလောက် ဖြည့်တင်း ပြုပြင်လာကြတယ်၊ လူငယ်အသီးသီးကလဲ ငါတို့လက်ထက်မှ ပြုပြင်ပြောင်းလဲမှု မလုပ်ရင် ငါတို့သားသမီးတွေ နောင်မျိုးဆက်သစ်တွေ ငါတို့လို ဘာမှမသိဘဲ ဖြစ်လိမ့်မယ်ဆိုတဲ့ အသိစိတ်တွေ ၀င်လာကြတယ်၊ မသိလိုက် မသိဘာသာဆိုတာကို ပြောင်းလဲလာကြတယ်။

                   အရင်တုန်းက လမ်းမှာဆိုင်ကယ်တိုက်လို့ လဲနေရင်တောင် အမှုတွဲထဲမပါချင်လို့ မကူညီကြတဲ့ လူတွေ အခုဆိုပြေးထူ၊ ဆေးရုံပို့၊ ဒါလောက်တော့ လုပ်လာကြတယ်။ ကျွန်တော်တို့ ဘာကြောင့် ဒီလိုလုပ်တာလဲ ဆိုတော့ ပထမဆုံး အဆင့် knowledge တွေ တိုးပွားလာလို့၊ နောက်ပြီး Attribute (ကိုယ်ပိုင်အရည်အချင်းတွေ) တိုးပွားလာလို့ဘဲ၊ နောက်ဆုံးတော့ ကျွန်တော်တို့ဟာ အမှုအကျင့်တွေပါ ပြောင်းလဲပြီး ပတ်ဝန်းကျင်က လူတွေကိုပြောင်းလဲ လာအောင်၊ သူတို့ကိုယ်တိုင်လဲ ပြောင်းလဲချင်တဲ့စိတ် ဖြစ်လာအောင် ကျွန်တော်တို့ ကိုယ်တိုင်ပြောင်းလဲကြတာပါ။ ဒီလိုဘဲ ကျွန်တော်တို့ အသင်းအဖွဲ့ထဲ ကလူတွေဟာ စိတ်တူ၊ ဆန္ဒတူတွေဖြစ်တဲ့အတွက် ပြောင်းလဲခြင်းကို အတူတူ လုပ်ဆောင်နေကြတာပါ။

                       ကျွန်တော် အဓိကပြောချင်တာကတော့ ကျွန်တော်တို့ ကိုယ်တိုင်လုပ်နေကြတာဟာ နောက်ဘ၀အတွက် လှည့်ကြည့်စရာမလိုအောင် စိတ်သဒ္ဒါသန့်ရှင်းစွာနဲ့ အများအကျိုးဆောင်ရွက်နေတဲ့ အတွက် ကုသိုလ်ရပြီးသားပါ၊ အားလုံးဒီထက်ပိုပြီး စဉ်းစားမိစေချင်လို့ ဒီဆောင်းပါးလေးကို ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။
ဆောင်းပါးရှင်။     ။ စောလှမင်း ( မဇ္ဈိမလူမှုကူညီရေးအသင်း )

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~