Latest News

Dropdown Menu

Showing posts with label ရှမ်းစာပေနှင့်ယဉ်ကျေးမှု. Show all posts
Showing posts with label ရှမ်းစာပေနှင့်ယဉ်ကျေးမှု. Show all posts

Wednesday, December 4, 2013

ရှမ်းတိုင်းရင်းသားလူမျိုးများ၏ သက္ကရာဇ် (၂၁၀၈)ခုနှစ်မြောက် ရှမ်းနှစ်သစ်ကူးပွဲတော်ကို ရှမ်းပြည်နယ် အသီးသီးရှိ မြို့များအပြင် ရှမ်းတိုင်းရင်းသားများ အများအပြားနေထိုင်သည့် ဒေသများနှင့် ရှမ်းတိုင်းရင်းသားများ ရှိသော နိုင်ငံခြားတို့တွင် ကျင်းပပြုလုပ်လေ့ရှိပြီး ထိုနည်းတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ၌ အဆိုပါ ပွဲတော်အား ဒီဇင်ဘာလ (၄)ရက်နေ့မှ စ၍ ဒီဇင်ဘာလ (၆)ရက်နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ ပွဲတော်ဖွင့်ပွဲအား ယနေ့ ဒီဇင်ဘာလ(၄)ရက် ည (၇:၃၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြသည်။


ပွဲတော်ဖွင့်ပွဲ၌ တာချီလိတ်စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်စွာလင်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဌ အလှူရှင် ဦးစိုင်းယီဆာ တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ပွဲတော်ဖွင့်လှစ်ခြင်း အဖွင့်သီချင်းကို သီဆိုကာ စတင်ခဲ့ကြသည်။


ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးမှ ပွဲတော်အဖွင့်မိန့်ခွန်းကို ပြောကြားပြီး ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဌ ဦးစိုင်းလုံမား က ပွဲတော်သို့ ကြွရောက်ချီးမြှင့်သည့် ဧည့်သည်တော်များနှင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအား ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။ တဆက်တည်းမှာပင် အခမ်းအနားမှူး မှ နှစ်သစ်ကူးပွဲတော် ကျင်းပခြင်း သမိုင်းကြောင်းကို ရှမ်း - မြန်မာ နှစ်ဘာသာဖြင့် ရှင်းလင်း တင်ပြသွားသည်။

ဆက်လက်၍ ပွဲတော်သို့ လာရောက်ကြသူများအား ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ အဖွဲ့ဝင်များက ရှမ်းတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် ကိန္နရီ ကိန္နရာ၊ တိုးနယား၊ လက်သိုင်း၊ ဓါးသိုင်း၊ တုတ်သိုင်းအက စသည်တို့ဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြသည်။

ယခု ကျင်းပပြုလုပ်သည့် ပွဲတော်အား တာချီလိတ်မြို့နယ်၊ ဟောင်လိတ်ကျေးရွာအုပ်စု၊ ၀မ်လုံရွာရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီအပိုင် နေရာ၌် ကျင်းပတာဖြစ်ကြောင်း သိရသည်။

ပုံများကိုကြည့်ရန်
၂၁၀၈နှစ်မြောက် ရှမ်းနှစ်သစ်ကူးပွဲတော် တာချီလိတ်မြို့၌ ကျင်းပ
78 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


Monday, December 2, 2013

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ ဟောင်လိတ်ကျေးရွာအုပ်စု၊ ၀မ်လုံရွာရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီအပိုင် နေရာ၌် ရှမ်းတိုင်းရင်းသားများ စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ကြီးမှူးကျင်းပသည့်  (၂၁၀၈)နှစ်မြောက် ရှမ်းနှစ်သစ်ကူးပွဲတော်အား ၂၀၁၃ခုနှစ် ဒီဇင်ဘာလ (၄)ရက်မှ (၆)ရက်နေ့ထိ (၃)ရက် ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။


အဆိုပါနှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအဖြစ် ဒီဇင်ဘာလ (၄)ရက် ည(၇)နာရီခွဲအချိန်တွင် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်မှာဖြစ်ပြီး၊ ဒီဇင်ဘာလ (၅)ရက်နေ့မှာ (၂၁၀၈)နှစ်မြောက် ရှမ်းနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် အဖြစ် မိတ်ဆုံ ညစာ စားပွဲကို ည(၇)နာရီ အချိန်မှာ စတင်၍ ကျင်းပပြီးနောက် ဒီဇင်ဘာလ (၆)ရက် နံနက်(၁၀)နာရီ အချိန်မှာ ၀မ်လိ(ပါဆတ်)ဘုန်းတော်ကြီးကျောင်း၌ (၂၁၀၈)နှစ်မြောက် ရှမ်းနှစ်သစ် ကောက်သစ်လှူဒါန်းပွဲနှင့် ကောက်သစ်စားပွဲ ပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။

ပွဲတော်အတွက် နိုဝင်ဘာလ အလယ်လောက်ကတည်းက ပြင်ဆင်နေကြတာဖြစ်ပြီး ယနေ့ ဒီဇင်ဘာလ(၂)ရက်နေ့တွင်လည်း ဆိုင်ခန်းနေရာများ၊ ဈေးသည်များ နှင့် ဗဟိုမဏ္ဍပ်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။

ပုံများကိုကြည့်ရန်
တာချီလိတ်၌ (၂၁၀၈)နှစ်မြောက် ရှမ်းနှစ်သစ်ကူး ပွဲတော်အတွက် ပြင်ဆင်
14 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


Wednesday, February 6, 2013

၂၀၁၃ခုနှစ် ဖေဖော်ဝါရီ(၇)ရက်နေ့ နံနက်(၈)နာရီမှ (၉း၃၀)ထိ တာချီလိတ်မြို့ အောင်မြတ်ခန်းမမှာ  (၆၆)နှစ်မြောက် ရှမ်း(သျှမ်း)ပြည်နယ်နေ့ အခမ်းအနားကို တိုင်းရင်းသားရိုးရာအကများဖြင့် အခမ်းအနားပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

အခမ်းအနားသို့  တာချီလိတ်ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ပုဂ္ဂိုလ်များ၊ တာချီလိတ်မြို့ရှိ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားများ နှင့် ရပ်ကွက်ပိုင်းဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်လာခဲ့ကြတာကို
 တွေ့ရပါတယ်။ အခမ်းအနားမှာ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက
 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်ထံမှ (၆၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် သ၀ဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။

ဆက်လက်၍ (၆၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ ဂုဏ်ပြုအစီအစဉ်အဖြစ် တိုင်းရင်းသားများမှ စုပေါင်းသီချင်းဆိုခြင်းအပြင် တိုင်းရင်းသားရိုးရာအကများဖြင့် ကပြဖျော်ဖြေရာမှာ တာလေမြို့နယ်ခွဲ နားယောင်းဘက်ရှိ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ ကန္နရီကိန္နရာအက၊
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တိုးနယား အကအလှ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရှမ်းရိုးရာဓါးသိုင်း အကအလှ၊ အ.ထ.က(တာချီလိတ်)မှ မြန်မာ့ရိုးရာ နှစ်ပါးသွား အက နှင့် "ဦးရွှေရိုး၊ ဒေါ်မိုး"အက၊ ဆန်ဆိုင်းရပ်ကွက်မှ ရှမ်းလှပျိုဖြူလေးများ၏ ရိုးရာ အကအလှ၊ အာခါတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းမှ လှပျိုမယ်လေးများ၏ နှစ်သစ်ကူး
 ကောက်သစ်စားပွဲတော် အဓိပ္ပာယ်ရသော "ပေါ်ချန်တု"အကအလှ နှင့် ရိုးရာကိုထိန်းသိမ်းကြစို့ အဓိပ္ပာယ်ရသော "ဖွီဖိကျာမအန်းထာခိုဝ်မား"အကအလှအပြင် လားဟူတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းမှ မောင်မယ်လေးများ၏ နှစ်သစ်ကူးပွဲတော် အဓိပ္ပာယ်ရသည့် "ခေါ်ကြားပွဲ"အကအလှ စသည့် ရိုးရာအကအလှများဖြင့် ဂုဏ်ပြုတင်ဆက်ခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။



အခမ်းအနားအပြီးတွင် တာချီလိတ်ခရိုင်/မြို့နယ်ဌာနဆိုင်ရာများကိုယ်စား တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးမှ  (၆၆)နှစ်မြောက် ရှမ်း(သျှမ်း)ပြည်နယ်နေ့ကို ဂုဏ်ပြုဖျော်ဖြေတင်ဆက်ပေးသော အကအဖွဲ့အား ဆုတော်ငွေအဖြစ် ထိုင်းဘတ်ငွေ(၁၀၀၀၀)တိတိကို ချီးမြှင့်ခဲ့ပါတယ်။


အဆိုပါအခမ်းအနား ဖြစ်မြောက်ရန်အတွက် တာချီလိတ်မြို့ရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းအနေဖြင့်  ဌာနဆိုင်ရာများနှင့် ပူးပေါင်းက ကျင်းပတာဖြစ်ကြောင်း သိရှိရပါတယ်။

ပုံများကိုကြည့်ရန်