Latest News

Dropdown Menu

Showing posts with label မူလွန်ကျောင်း. Show all posts
Showing posts with label မူလွန်ကျောင်း. Show all posts

Sunday, September 16, 2012

၂၀၁၂ စက်တင်ဘာ(၁၇)ရက်နေ့ နံနက်(၉)နာရီတွင် တာချီလိတ်မြို့ ဟောင်လိတ်ကျေးရွာအုပ်စုဝင် ပါလျံ(၁) ရန်အောင်မြေ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ကြသည်။




ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့   အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး၊  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း နှင့် ခရိုင်အုပ်ချုပ်ရေးဖက်မှ တာဝန်ရှိသူများ၊ ပညာရေးဘက်မှ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ နှင့် ဆရာ/ဆရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးနှင့် ရန်အောင်မြေ အခြေခံပညာမူလတန်းလွန်ကျောင်း
 ကျောင်းအုပ်ဆရာကြီးတို့မှ ပညာရေးနှင့်ပတ်သက်၍ အကြောင်းအရာများ ကျေးဇူးတင်စကားများ
 ပြောကြားပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ခဲ့ကြသည်။ အခမ်းအနားအစီစဉ်အား နံနက် (၉း၂၀)မှာပင် ပြီးမြောက်စေခဲ့ပါသည်။

ပုံများကိုကြည့်ရန်