Latest News

Dropdown Menu

Showing posts with label အခမ်းအနား. Show all posts
Showing posts with label အခမ်းအနား. Show all posts

Tuesday, July 16, 2013

ဇူလိုင်လ(၁၉)ရက်နေ့၌ ကျရောက်မည့် (၆၆)နှစ်မြောက် အာဇာနည်နေ့အား တာချီလိတ်မြို့တွင် ဌာနဆိုင်ရာများနှင့် ဦးတင့်ဆွေ(မဇ္ဈိမလူမှုကူညီရေးအသင်း - ဥက္ကဌ)၊ ဦးအောင်ဖြိုးရှိန် (မြို့နယ်သတင်းထောက်) နှင့် ဦးအောင်မျိုးဝင်း (ရှင်အရဟံနှင့်အနော်ရထာအဖွဲ့)တို့ ဦးဆောင်သော လူငယ်အဖွဲ့တို့ ပူးပေါင်းကာ အခမ်းအနားအား အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။


အခမ်းအနား၏ အစီအစဉ်အရ ဇူလိုင်လ(၁၉)ရက်နေ့ နံနက်(၇)နာရီမှ စတင်ကာ တစ်ဦးချင်းစီသော် လည်းကောင်း၊ မိသားစု အလိုက်သော် လည်းကောင်း၊ အသင်းအဖွဲ့ အလိုက်သော် လည်းကောင်း ပွင့်လင်း လွတ်လပ်စွာ လွမ်းသူ့ပန်းခွေများ/ပန်းခြင်းများကို အခမ်းအနားကျင်းပရာ အောင်မြတ်ခန်းမရှေ့တွင် အာဇာနည်ကြီးများအား ရည်စူးကာ ဂါရ၀ပြုနိုင်ကြောင်း သိရသည်။

"နှစ်ပေါင်း(၂၀)ကျော်ကြာ သမိုင်းတကွေ့မှာ တိမ်မြုပ်ပျောက်ကွယ်ခဲ့ရတဲ့ မြန်မာ့သမိုင်းကို ပြန်လည်ဖေါ်ထုတ်ဖို့နဲ့ နောင်လာနောင်သားများ အနေဖြင့် အာဇာနည်ခေါင်းဆောင်ကြီးတွေလို တိုင်းပြည်နဲ့လူမျိုးရဲ့အကျိုးစီးပွားအတွက် အသက်-သွေး-ချွေးတို့ကို ပေးဆပ်ကာ တာဝန်ကျေပွန်ခဲ့မှုများအား စံနမူနာပြုနိုင်စေရန် ရည်ရွယ်ပါတယ်၊ ဒါ့အပြင် အချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်နိုင်ငံရယ်လို့ ကမ္ဘာ့အလည်မှာဝင့်ထည်စွာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားအား မိမိတို့တတ်စွမ်းသမျှ အောက်မေ့သတိရစွာဖြင့် ကျေးဇူးဆပ်တဲ့သဘောလဲဖြစ်ပါတယ်"ဟု အာဇာနည်နေ့ အခမ်းအနားဖြစ်မြောက်ရေးအဖွဲ့မှ  ဦးအောင်ဖြိုးရှိန် က ရှင်းပြသည်။

အခမ်းအနားဖြစ်မြောက်ရေးအဖွဲ့မှ အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက် ဂါရ၀ပြုနိုင်ရန်အတွက် ပြည်သူများအား အသိပေးကြေငြာအဖြစ် ပြုလုပ်ထားသော လက်ကမ်းစာရွက်တွင် "ဇူလိုင်လ(၁၉)ရက်နေ့ နံနက်(၁၀)နာရီ (၃၇)မိနစ် အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဆိုင်ကယ်များ၊ ကားများ(၁)မိနစ် ဟွန်းရှည်တီး၍ လည်းကောင်း၊ နိုင်ငံတော်အလံအား တိုင်ဝက်လွှင့်ထူခြင်းဖြင့် လည်းကောင်း ခေတ္တငြိမ်သက်၍ လည်းကောင်း အလေးပြုကြပါရန်"ဟု ရေးသားကြေငြာထားသည့်ကို တွေ့ရှိရသည်။

တာချီလိတ်မြို့တွင် ပြီးခဲ့သော ၂၀၁၂ခုနှစ်က အာဇာနည်နေ့ အခမ်းအနားအား အ.ထ.က(တာချီလိတ်)တွင်သာ ကျင်းပနိုင်ခဲ့သည့်အတွက် ယခုနှစ်မှာတော့ အားလုံးပူးပေါင်းကာ အောင်မြတ်ခန်းမ၌ ကျင်းပမှာဖြစ်ကြောင်းသိရသည်။


Friday, September 7, 2012

တာချီလိတ်မြို့နယ် ရပ်ကွက်များအတွင်း မှု့ခင်းကင်းစင်ရက်သတ္တပတ် ( Crime Free Week ) စီမံချက်အဖြစ် ၂၀၁၂ခုနှစ် ဇူလိုင်(၁၀)ရက်နေ့မှစ၍ ပြုလုပ်နေလျက်ရှိရာ ယခုအကြိမ်သည် စတုတ္တအကြိမ်မြောက်ဖြစ်ကြောင်း သိရှိရသည်။


မှု့ခင်းကင်းစင်ရက်သတ္တပတ် ( Crime Free Week ) စီမံချက်ရဲ့ စတုတ္တမြောက်အဖြစ် မကာဟိုခမ်းရပ်ကွက် တွင် စက်တင်ဘာ(၈)ရက်နေ့မှ စက်တင်ဘာ(၁၄)ရက်နေ့ထိ ပြုလုပ်မည်ဖြစ်သည်။



ယခု မှု့ခင်းကင်းစင်ရက်သတ္တပတ် ( Crime Free Week ) စီမံချက်၏ တွေ့ဆုံဆွေးနွေးဟောပြောပွဲ အခမ်းအနားသို့ လူကုန်ကူးမှုတားဆီးနိမ်နင်းရေးအဖွဲ့မှ ဒုရဲမှူး ယဉ်ယဉ်အေး၊ မြို့နယ် စခန်းမှူး ရဲအုပ် အောင်ဇင်၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေးမှ ဒုရဲအုပ် ရွှေလင်း၊ မြို့နယ်လ၀ကမှ ဒုလ၀ကမှူး စိန်လင်း၊ နယ်ထိန်းတပ်ဖွဲ့မှ တပ်ကြပ်ကြီး အောင်စိုးမိုး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချူပ်ရေးမှူး ဦးစိုင်းခမ်းသြ နှင့် မကာဟိုခမ်းရပ်ကွက်အတွင်းရှိ ပြည်သူ့စစ်များ အပါအ၀င် ရပ်ကွက်အတွင်းတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


အဆိုပါအခမ်းအနားတွင် ၎င်းတို့မှ ရပ်ကွက်အတွင်းပြည်သူများအနေဖြင့် သိသင့် ရှောင်သင့်သည့်အကြောင်းအရာများကို ဟောပြောခဲ့ကြသည်။ ဟောပြောမှုများအပြီးတွင် လူမှောင်ခိုကူးခြင်းနှင့်ပတ်သက်၍ သိသင့်သည့် လက်ကမ်းစာရွက်များကို အခမ်းအနားသို့ တက်ရောက်လာသူများအား ပေးဝေခဲ့ကြသည်။


မှု့ခင်းကင်းစင်ရက်သတ္တပတ် စီမံချက်ပြုလုပ်ခဲ့ပြီးသော ရပ်ကွက်များမှာ
  • ( ၁ ) ၀မ်ကောင်းရပ်ကွက်
  • ( ၂ ) ပုန်းထွန်ရပ်ကွက်
  • ( ၃ ) တာလော့ရပ်ကွက်

(၄)ကြိမ်မြောက်မှာ ယခုစီမံချက်တွင် ပါဝင်သည့် မကာဟိုခမ်းရပ်ကွက်ဖြစ်ပါသည်။

ပုံများကို ကြည့်ရန်
မကာဟိုခမ်းရပ်ကွက်အတွင်း မှု့ခင်းကင်းစင်ရက်သတ္တပတ် စီမံချက် 12 photos
 တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net

Friday, August 10, 2012



တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဝှေလေလန်(မူလွန်)ကျောင်း ဇာတိမာန် ခန်းမ၌ ယနေ့ ( ၁၀.၈.၂၀၁၂ ) နံနက်(၉း၀၀)နာရီတွင် မိုင်းဖုန်း(ခ)ကျောင်းအုပ်စု ဒုတိယအကြိမ် CCA (Child Center Approach) ကျောင်းအုပ်စုဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။


အဆိုပါအခမ်းအနားသို့ မိုင်းဖုန်း(ခ)ကျောင်းအုပ်စုမှူး၊ ဝှေလေလန်ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများ၊ အုပ်စု အတွင်းရှိ ကျောင်းအုပ်ကြီးများနှင့်ဆရာဆရာမများ၊ ဆုရဆရာ/မများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ ကြပါသည်။

အဆိုပါဆွေးနွေးပွဲတွင် အုပ်စုမှူးကျောင်းအုပ်ကြီးနှင့် အုပ်စုဝင် ပါခုတ်(မူလွန်)၊ အမက-၀မ်ဆောက်ခုံ၊ အမကနမ့်လုတ်၊ အမက-၀မ်မိုင်(၁)၊ အမကပါတောင်း ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ လက်ထောက်အလယ်တန်းပြ မူလတန်းပြဆရာဆရာမများအားလုံးပါဝင်ဆွေးနွေးခဲ့ကြပါသည်။

မိုင်းဖုန်း(ခ)ကျောင်းအုပ်စုသည် (၆.၇.၁၂)ရက်နေ့တွင် ပထမအကြိမ်ဆွေးနွေးပွဲကိုကျင်းပခဲ့ကြပြီး အချက်
(၆)ချက်ဖြင့် သင်ကြားရေးဖြစ်သည့် ဆရာ့အသိသညာပါဝင်မှု၊သင်ပြမှုပုံစံမှန်ကန်မှု၊ သင်ထောက်ကူပြည့်စုံမှု၊ ဆရာ၏သင်ကြားမှုစွမ်းရည်၊ အကဲဖြတ်စစ်ဆေးမှုစွမ်းရည်၊ ကလေးများနှစ်လိုဖွယ်အခြေအနေရှိမှု တို့အားလက်တွေ့သင် ကြားနေမှုများကို လေ့လာပြီး ဆွေးနွေးပွဲကိုဆောင်ရွက်ခဲ့ပါသည်။

ယခုဒုတိယအကြိမ် စီစီအေ ဆွေးနွေးပွဲတွင် သင်ထောက်ကူလက်တွေ့အသုံးပြုခဲ့ခြင်း၏ ထိရောက်မှုအတွေ့ အကြုံများအား အုပ်စုတွင်း ပညာရေး ၀န်ထမ်းအားလုံးမှဆွေးနွေး ဆောင်ရွက်ကြခြင်းဖြစ်ပါသည်။


မြန်မာနိုင်ငံတွင် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစ၍ စီစီအေ ကလေးဗဟိုပြုသင်ကြားနည်းစနစ်အားမြို့နယ်
များ တစ်နှစ်စီ ကန့်သတ်စီမံချက်ဖြင့် စတင်သင်ကြားပြီး ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံး သင်ကြားပြီး ပညာရည်မြှင့်မားလာရေးအတွက် စနစ်တကျစီမံချက်ချ ဆောင်ရွက်လာခြင်း၏ လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ပါသည်။

တာချီလိတ်မြို့နယ်သည် ပထမသတ်မှတ်နှစ်တွင်ဆောင်ရွက်ရမည့် မြို့နယ်(၉၃)မြို့နယ်အနက် တစ်မြို့နယ်အဖြစ် ပါဝင်လျှက်ရှိသဖြင့် ၂၀၁၂ခု နွေရာသီတွင် ဆရာဆရာမများအား CCA ကလေးဗဟိုပြုသင်ပြနည်းဆိုင်ရာ၊စီမံခန့်ခွဲ ရေး ဆိုင်ရာသင်တန်းများ ပို့ချပြီးဖြစ်ကြောင်းသိရှိရပါသည်။
သတင်းပေးပို့သူ။ ။ မြတ်မျိုးမြင့်မာန်

ပုံများကိုကြည့်ရန်

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net

Monday, July 30, 2012

မိုးများတဖွဲဖွဲရွာနေလျှက်ရှိသော တာချီလိတ်မြို့၏ မနက်ခင်းတစ်ခုတွင် တာလော့အခြေခံမူလတန်း တိုးချဲ့ ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ကြပါသည်။


၂၀၁၂ခုနှစ် ဇူလိုင်(၃၁) နံနက် (၈)နာရီတွင် ကျောင်းဆောင်သစ် ဖဲကြိုးဖြတ်အခမ်းအနားသို့ ကျိုင်းတုံတွဲဘက် ပြည်နယ်ပညာရေးမှူး ဦးခွန်စိန်မြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း နှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင် တို့မှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။



အခမ်းအနားတွင် ကျိုင်းတုံတွဲဘက် ပြည်နယ်ပညာရေးမှူး ဦးခွန်စိန်မြင့်မှ ပညာရေးနှင့်ပတ်သက်သော အကြောင်းအရာများကို ပြောကြားပြီး တာလော့ကျောင်း၏ ကျောင်းသားဟောင်း တစ်ဦးဖြစ်သလို ကျောင်းအကျိုးတော်ဆောင် လည်းဖြစ်တဲ့ ဦးဘိုလေးမှ
ကျောင်းဆောင်သစ် အကြောင်းကို ပြောကြားသည်။ ၎င်းနောက်တွင် တာချီလိတ်မြို့နယ်ပညာရေးမှူး ဒေါ်ဌေးဌေးမှ ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက်မှာတော့ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ကြပြီး အခမ်းအနားကိုတော့ (၉း၁၀)နာရီတွင် ပြီးစီးစေခဲ့ပါသည်။

ပုံများကို ကြည့်ရန်

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net
ဇူလိုင်(၃၀)ရက် တနလာင်္နေ့ နံနက်(၇း၅၀)တွင် အ.ထ.က(တာချီလိတ်)တွင် ပြင်ဦးလွင်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားအဖြစ် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။


ဖဲကြိုးဖြတ်အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်း တွဲဖက် ပြည်နယ်ပညာရေးမှူး ဦးခွန်စိန်မြင့် နှင့် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။


ထို့နောက်မှာတော့ ကျောင်း၏ဟောခန်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး
ဒေါက်တာမျိုးထွန်း နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း တွဲဖက် ပြည်နယ်ပညာရေးမှူး ဦးခွန်စိန်မြင့် တို့က ပညာရေး နှင့်ပတ်သက်သည့် အကြောင်းအရာများကို ပြောကြားသွားခဲ့ကြပြီး ကျောင်း အကျိုးတော်ဆောင်အဖွဲ့မှ နာယကတစ်ဦးဖြစ်သူ ဦးဘိုချိုမှ ကျောင်းဆောင်သစ် ဆောက်လုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးတူးမောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြပါသည်။

ဆက်လက်ပြီး ၂၀၁၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာ အောင်မြင်ခဲ့သော
ကျောင်းသား ကျောင်းသူ (၈)ဦးအား တာချီလိတ်မြို့နယ် ပညာရေး ကော်မတီမှ ပေးအပ်သော ဆုပေးပွဲအစီအစဉ်ကို စတင်ခဲ့ကြသည်။

***ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများမှာ***
ခုံအမှတ်
အမည်
ဂုဏ်ထူး/ဘာသာ
ကျောင်းအမည်
( ၂၆ )
မဂျောဆာ
သခ်ာၤ ၊ ရူပေဗဒ
အ.ထ.က (တာချီလိတ်)
( ၃၂ )
မသူဇာဌေး
ဓာတုဗေဒ
အ.ထ.က (တာချီလိတ်)
( ၅၁ )
မောင်ရှဲန်းနန်
သချာင်္ ၊ ရူပဗေဒ အ.ထ.က (တာချီလိတ်)
( ၁၈၅ )
မောင်ကျော်ဟိန်း
ရူပဗေဒ အ.ထ.က-ခွဲ (မိုင်းကိုး)
( ၃၁၀ )
မောင်ဆက်မှူးအိမ်
မြန်မာ၊သချာင်္၊ဓာတု၊ ရူပ
ပြင်ပ
( ၄၆၀ )
မကေသွယ်ဖြိုး
ဘောဂဗေဒ
အ.ထ.က (တာချီလိတ်)
( ၅၂၆ )
မနန်းဆွတ်ခမ်း
သခ်ာၤ
အ.ထ.က (တာချီလိတ်)
( ၅၄၅ )
မောင်ဂျာထီး
သခ်ာၤ
အ.ထ.က (တာလေ)


အထက်ပါ ကျောင်းသား (၈)ဦးအား အသီးသီး ဆုချီးမြှင့်ပေးခဲ့ကြပြီး အခမ်းအနားအစီအစဉ်ကို နံနက်(၉)နာရီတွင် ပြီးစီးစေခဲ့ပါသည်။


ပုံများကိုကြည့်ရန်

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net

Friday, July 27, 2012

ဇူလိုင်(၂၈)ရက်နေ့ နံနက်(၈)နာရီတွင် မဲခေါင်မြစ်ဟိုတယ်(ကိုးထပ်)၏ ဒုတိယထပ်၌ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ ကြီးကြပ်၍ မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သော ဒေသဆိုင်ရာ ဧည့်လမ်းညွှန်(အခြေခံ)သင်တန်း အမှတ်စဉ်(၂/၂၀၁၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပခဲ့ကြသည်။




သင်တန်းတွင် စာရင်းအရ သင်တန်းသားဦးရေ(၇၁)ဦးရှိပြီး ဧည့်လမ်းညွှန်စာမေးပွဲကို ဖြေဆိုသူမှာ (၇၀)ဦးရှိကြောင်း သိရသည်။ ဖြေဆိုခဲ့ကြသူများထဲတွင် အမှတ်စဉ်( Roo No.003 ) ဒေါ်ရီရီလွင်မှ
အမှတ်ပြည့် ( ၁၀၀ မှတ် ) ရရှိကြောင်း သိရပါသည်။

သင်တန်းဆင်းပွဲတွင် သင်တန်းသားများကို ဧည့်လမ်းညွှန်သင်တန်း အသိအမှတ်ပြု သင်တန်းဆင်းလက်မှတ်များနှင့် အသင်းဝင်ကဒ်ပြားများပေးအပ်ခဲ့ကြသည်။

သင်တန်းဖွင့်ပွဲကိုတော့ ပြီးခဲ့သော ဇူလိုင်(၁၆)ရက်နေ့က မဲခေါင်မြစ်ဟိုတယ်(ကိုးထပ်)၏ ဒုတိယထပ်တွင် ကျင်းပခဲ့ကြပြီး သင်ကြားခဲ့သော သင်တန်းကာလမှာ (၁၄)ရက် သတ်မှတ်ထားကာ သင်ကြားခဲ့ကြပြီး သင်တန်းပို့ချရာနေရာကိုတော့ အ.ထ.က-တာချီလိတ်ကျောင်းတွင် သင်တန်းပို့ချခဲ့ကြောင်း သိရှိရပါသည်။


တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net

Sunday, July 22, 2012

တာချီလိတ်မြို့နယ် ဆင်းရဲနွမ်းပါးမှုလျော့ချရေး လုပ်ငန်းဆောင်ရွက်ရန် "ပစ်တိုင်းထောင်" သယ်ယူပို့ဆောင်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း ငွေစုငွေချေး သမ၀ါယမအသင်းသို့ အရှေ့ပိုင်းကူးသန်းရောင်းဝယ်ရေး သမ၀ါယမအသင်းလီမိတက်မှ မတည်ငွေ ပေးအပ်ပွဲအခမ်းအနားကို ဇူလိုင်(၂၂)ရက်နေ့ နံနက်(၈)နာရီတွင် တာချီလိတ်မြိုနယ်ရှိ ဆိုင်ကယ်အစည်းအရုံး၏ ရုံးခန်းတွင် ပြုလုပ်ကျင်းပခဲ့ကြသည်။



အခမ်းအနားတွင် အရှေ့ပိုင်းကူးသန်းရောင်းဝယ်ရေး သမ၀ါယမအသင်းလီမိတက် ဥက္ကဌ၊ အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး မှ မတည်ငွေ ကျပ်သိန်း(၅၀)ကို "ပစ်တိုင်းထောင်" သယ်ယူပို့ဆောင်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း ငွေစုငွေချေး သမ၀ါယမအသင်း ဥက္ကဌ ဖြစ်သူ ဦးအောင်အောင်မှ လက်ခံရယူသည်။



"ပစ်တိုင်းထောင်" သယ်ယူပို့ဆောင်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း ငွေစုငွေချေး သမ၀ါယမအသင်း၏ လုပ်ငန်းအခြေအနေများကို အသင်း၏အတွင်းရေးမှူး တစ်ဦးဖြစ်သူ ဦးရှမ်းဘိုမှ ပြောကြားရာတွင် " ယခုအသင်းသည် ဆိုင်ကယ်အစည်းအရုံးမှ တာဝန်ယူလုပ်ဆောင်နေသော နှစ်ဘီးဆိုင်ကယ်အသင်းသား (ဆိုင်ကယ်Taxi)များအတွက် ရည်ရွယ်ပြီး သမ၀ါယမ ဒုဝန်ကြီး တာချီလိတ်သို့ လာရောက်သည့် ခရီးစဉ်တွင် ချမှတ်သွားသောလမ်းညွှန်ချက်များအပေါ်အခြေခံ၍ အကောင်အထည်ဖော်ပြီး ပေါ်ပေါက်လာတဲ့ အသင်းဖြစ်ကြောင်း၊ နှစ်ဘီးဆိုင်ကယ်အသင်းသား (ဆိုင်ကယ်Taxi)များအနေဖြင့် အစစအရာရာ တိုးတက်မြင့်မားလာစေရန် နှင့် ငွေစုငွေချေးမှ တဆင့် မိသားစုဘဝခိုင်မာစွာ ရပ်တည်လာစေနိုင်ရန်တို့အပြင် အသင်းသားများအချင်းချင်း ချစ်ချစ်ခင်ခင် ရင်းနှီးမှုများ တိုးပွာလာစေရေးတို့အတွက် ယခုက စပြီး အသင်းသား ( ၁၀၀ )ဦးဖြင့် လုပ်ငန်းကို စတင်ခြေလှမ်းမှာဖြစ်ပြီး၊ ယခုမတည်ငွေ ကျပ်သိန်း(၅၀)အပေါ်တွင် အသင်းသားတစ်ဦးလျှင် ကျပ်(၁)သိန်းနှုန်းပေးချေးမှာ ဖြစ်ကြောင်း" ပြောကြားသည်။


ချေးထားသော ငွေများကို ပေးသွင်းခြင်းနှင့်ပတ်သက်၍ ၎င်းမှ ဆက်၍ ပြောကြားရာတွင် " ချေးငွေယူထားသူများမှာ တစ်ရက်ကို အနည်းဆုံး ငွေ(၁၀၀၀)ကျပ်သတ်မှတ်၍ တစ်လတစ်ကြိမ်
ပေးသွင်းစနစ်ဖြင့် လုပ်ဆောင်သွားမှာဖြစ်ပြီး အသင်းဝင်ကြေးလစဉ်ဝင်ငွေများကို လက်ဝယ်ချန်မထားဘဲ အသင်းသားများ တိုးပွားလာစေရန်အတွက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း" ပြောကြားသည်။


"ပစ်တိုင်းထောင်" သယ်ယူပို့ဆောင်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း ငွေစုငွေချေး သမ၀ါယမအသင်းအနေဖြင့် ဥက္ကဌ ဦးအောင်အောင် မှ ဦးဆောင်၍ ဒုဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ စာရင်းစစ်-စာရင်းကိုင်၊ ဘဏ္ဍာရေးမှူး နှင့် ကော်မတီအဖွဲ့များကိုလည်း စံနစ်တကျ ဖွဲ့စည်းပြီးဖြစ်သလို အသင်းအနေဖြင့် မြို့နယ်သမ၀ါယမအသင်း၏ စည်းမျဉ်းစည်းကမ်းနဲ့အညီ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းသိရှိရသည်။


ထို့နောက်မှာတော့ "ပစ်တိုင်းထောင်" သယ်ယူပို့ဆောင်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း ငွေစုငွေချေး သမ၀ါယမအသင်း၏ ဒုဥက္ကဌဖြစ်သူ ဦးဘိုစံမှ ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်စေခဲ့ပါသည်။

ပုံများကိုကြည့်ရန်


တာချီလိတ်အွန်းလိုင်စာမျက်နှာ
www.tachileik.net

Friday, July 20, 2012

တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မိုင်းကိုးမှ ၂၀၁၂ခုနှစ် တက္ကသိုလ်ဝင်တန်းကို အောင်မြင်စွာဖြေဆိုခဲ့ကြသော ကျောင်းသား/သူများကို ဂုဏ်ပြုဆုချီးမြှင့်ခြင်းအဖြစ် ဇူလိုင်(၁၇)ရက်နေ့က အ.ထ.က(ခွဲ)မိုင်းကိုးမှာ ပြုလုပ်ခဲ့ကြပါသည်။


ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို World Visionမှ ဒေသဖွံ့ဖြိုးရေးအစီအစဉ် အဖွဲ့ခေါင်းဆောင် ဦးညွန့်အောင်၊ မိုင်းကိုးကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းကပ်ခမ်း၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌ ဦးတင်မြင့်ဝင်း နှင့် ကျောင်းအုပ်ဆရာကြီး ဦးအေးသိန်းတို့မှ ကြီးမှူးကျင်းပခဲ့ကြသည်။


အခမ်းအနားတွင် ဆုရရှိသူ ကျောင်းသား ကျောင်းသူ (၇)ဦး နှင့် အောက်ချက် ၄၆.၆၇% ရှိအောင် ကြပ်မတ်သင်ကြားပေးခဲ့ကြသော ဆရာ ဆရာမများအား ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြကြောင်း သိရပြီး ဆုချီးမြှင့်ရာ၌ တာချီလိတ်မြို့ရှိ အလင်းရောင်ပရဟိတအသင်းမှ အလှူငွေ ထိုင်းဘတ်ငွေ ( ၂၀၀၀ )ဘတ် ပါဝင်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

ပုံများကို ကြည့်ရန်

တာချီလိတ် အွန်လိုင်းစာမျက်နှာ
www.tachileik.net
တာချီလိတ်မြို့တွင် မှု့ခင်းကင်းစင်ရက်သတ္တပတ် ( Crime Free Week ) စီမံချက်အဖြစ် ဇူလိုင်(၁၀)မှ စ၍ ပြုလုပ်လျက် ရှိကြောင်း သိရသည်။



မှု့ခင်းကင်းစင်ရက်သတ္တပတ် ( Crime Free Week ) စီမံချက်ရဲ့ ဒုတိယမြောက် အဖြစ် ပုန်းထွန်ရပ်ကွက်တွင် ပြုလုပ်မှာဖြစ်ပြီး ပုန်းထွန်ရပ်ကွက်အတွင်း မှု့ခင်းကင်းစင်ရက်သတ္တပတ်( Crime Free Week ) စီမံချက်ကို
ဇူလိုင်(၂၀)မှ ဇူလိုင်(၂၆)ရက်ထိ (၇)ရက်တိတိ ပြုလုပ်မှာဖြစ်ကြောင်း အစည်းအဝေး အခမ်းအနား အရသိရှိရသည်။



ရပ်ကွက်အတွင်း မှု့ခင်းကင်းစင်ရေး ဆောင်ရွက်ရန်အတွက် ယခုပြုလုပ်သော အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် တာချီလိတ်စခန်းမှူး အပါအ၀င် မှု့ခင်းကင်းစင်ရေးရက်သတ္တပတ် စီမံချက်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ၎င်းတို့မှ မှု့ခင်းနဲ့ပတ်သက်သော သက်ဆိုင်ရာ ကဏ္ဍအသီးသီးအလိုက် ပြောကြားခဲ့ကြသည်။ ၎င်းတို့ အပါအ၀င် အခမ်းအနားသို့ တက်ရောက်လာသူမှာ (၅၀)ခန့်ရှိကြောင်း တွေ့ရှိရသည်။



ဟောပြောမှုများတွင် မူးယစ်ဆေးဝါးအကြောင်း၊ လူကုန်ကူးခံရမှုများအကြောင်း မှု့ခင်းရေးရာ အကြောင်းများကို ဟောပြောခဲ့ကြပြီး ယာဉ်ထိန်းတစ်ဦး၏ ပြောကြားချက်တွင် " ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသော လူများကို သေရေး ရှင်ရေးနှင့်ပတ်သက်လာလျှင် ဆေးရုံ သို့မဟုတ် ဆေးခန်းသို့ ပို့ပေးနိုင်သည်။ တစ်ချို့က ခြေရာ လက်ရာပျက်မှာ ဆိုးတာကြောင့် မထိရဲ မကိုင်ရဲ တာတွေဖြစ်တတ်ကြောင်း အဲ့ဒီအတွက် ဆေးရုံ သို့မဟုတ် ဆေးခန်းသို့ မပို့မီ ဒဏ်ရာရသူအပါအ၀င် ယာဉ်တိုက်မှုဖြစ်ပွားသော နေရာအား ကင်မရာဖြင့်ဖြစ်စေ ဖုန်းကင်မရာဖြင့်ဖြစ်စေ မှတ်တမ်းရိုက်ထားသင့်ကြောင်း၊ ကင်မရာမရှိပါက ယာဉ်တိုက်မှုဖြစ်ပွားသောနေရာတွင် ဒဏ်ရာရရှိသူ လဲနေသော နေရာအား အုတ်ခဲဖြင့်ဖြစ်စေ မီးသွေးဖြင့်ဖြစ်စေ မြေဖြူဖြင့်ဖြစ်စေ အမှတ်အသား(လူတစ်ကိုယ်စာ) ပြုလုပ်ရန် လိုအပ်ကြောင်း"ကြားသိရသည်။ ထိုအချက်အလက်သည် အများသိစေရန်ဖြစ်သည့် အတွက် ပြန်လည်ကောက်နှုတ်ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။

မှု့ခင်းကင်းစင်ရက်သတ္တပတ် ( Crime Free Week ) စီမံချက်အဖြစ် ပထမဦးဆုံး ၀မ်ကောင်းရပ်ကွက်တွင် ဇူလိုင်လ(၁၀)ရက်နေ့က ပြုလုပ်ခဲ့ကြကြောင်း သိရှိရပြီး ယခုကဲ့သို့ မှု့ခင်းကင်းစင်ရက်သတ္တပတ် ( Crime Free Week ) စီမံချက်ကို ရပ်ကွက်အသီးသီးတို့တွင်လည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ပုံများကို ကြည့်ရန်

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net

Thursday, July 19, 2012


၂၀၁၂ခုနှစ် ဇူလိုင်(၁၉)တွင် ကျရောက်သော (၆၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို တာချီလိတ်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်များ၊ ဧည့်သည်တော်များနှင့်အတူ နံနက်(၉)နာရီမှာ ပြုလုပ်ကျင်းပခဲ့ကြပါသည်။


အခမ်းအနားသို့ တက်ရောက်လာကြသော ပါတီဝင်များနှင့် ဧည့်သည်တော်များကို ပါတီမှတာဝန်ရှိသူ တစ်ဦးက ဇူလိုင်(၁၉)တွင် ကျဆုံးသွားခဲ့သော အာဇာနည်ပုဂ္ဂိုလ်(၉)ဦးရဲ့ အတ္တုပ္ပတိအကျဉ်းကို ဖတ်ကြားသည်။


အခမ်းအနားသို့ ပါတီဝင်များနှင့်ဧည့်သည်တော် အင်အား(၅၀)ခန့်တက်ရောက်လာကြောင်း တွေ့ရှိရသည်။


ထိုအခမ်းအနားကို မစတင်မီ နံနက်(၆)နာရီတွင် သံဃာတော်အရှင်သူမြတ်(၅)ပါးအား ပင့်ဖိတ်၍ လှူဖွယ်ပစ္စည်း အစုစုတို့ဖြင့် ဇူလိုင်(၁၉)တွင် ကျဆုံးသွားခဲ့သော ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည်ခေါင်းဆောင်ကြီးများကို ရည်စူးကာ ရေစက်သွန်းချ အမျှဝေမှုကိုပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
ပုံများကို ကြည့်ရန်
တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net

Wednesday, July 18, 2012

ယနေ့နံနက်သည် မိုးများတဖွဲ့ဖွဲ့နှင့် ရွာကျနေသည်မှာ လွမ်းမောဖွယ်ကောင်းလှသော နံနက်ခင်းတစ်ခု
ဖြစ်စေခဲ့သည်။ ပို၍လွမ်းမောဖွယ်ကောင်းလှသည်က ကမ္ဘာတစ်ဝန်းလုံးက မသိမရှိ မလေးစားပဲ မနေနိုင်သော အထင်ကရ ပုဂ္ဂိုလ်ကြီးတစ်ဦးအပါအ၀င် လူ(၉)ဦးကို ဆုံးရှုံးခဲ့သော နေ့ရက်ဖြစ်စေခဲ့သည်။ တစ်ကမ္ဘာလုံးက မလေးစားပဲ မနေနိုင်တဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီးဖြစ်လည်းဖြစ်တဲ့ အထင်ကရပုဂ္ဂိုလ်တစ်ဦးကတော့ ဗိုလ်ချုပ်အောင်ဆန်းပဲဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ ကို ကမ္ဘာက သိအောင် လုပ်ဆောင်ပေးခဲ့သူ တစ်ဦးဖြစ်သည်။


ယနေ့သည် ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည်ပုဂ္ဂိုလ်(၉)ဦးအနေဖြင့် နိုင်ငံတော်ကို အသက်
ပေးလှူသွားခဲ့သည်မှာ နှစ်ပေါင်း(၆၅)နှစ်မြောက်ခဲ့ပါသည်။


သို့ပါ၍ မြန်မာတစ်နိုင်ငံလုံးအပါအ၀င် ပြည်ပရောက် မြန်မာလူမျိုးများနှင့် တိုင်းရင်းသားများသည် ဇူလိုင်(၁၉)ရက်နေ့ကို ရောက်တိုင်း ဗိုလ်ချုပ်အောင်ဆန်းတို့၏ ဂုဏ်ကျေးဇူးကို အောက်မေ့သောအနေဖြင့် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပနေ ကျင်းပလျက် ကျင်းပမြဲ ဖြစ်ပါသည်။


ထို့အတူ တာချီလိတ်မြို့ရှိ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ တာချီိလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အုန်းကျော် နှင့် တာချီလိတ်မြို့နယ်ရှိ ခရိုင်အဆင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပညာရေးမှ ဆရာ/မများ နှင့် ရပ်မိရပ်ဖတစ်ချို့တို့သည် အ.ထ.က-တာချီလိတ်ကျောင်း ခန်းမတွင် ပြုလုပ်ကျင်းပသော အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်ခဲ့ကြသည်။

ထို့အပြင် အခမ်းအနားသို့ နိုင်ငံရေး ပါတီများအနေဖြင့် တာချီလိတ်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးမှ အာဇာနည်နေ့နှင့်ပတ်သက်သော အကြောင်းအရာများကို ပြောကြားအပြီးတွင် (၆၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင်ခြင်း အခမ်းအနားကို ပြုလုပ်ကျင်းပသည်။


စာစီစာကုံးပြိုင်ပွဲကို မူလတန်းဆင့်၊ အလယ်တန်းဆင့်၊ အထက်တန်းဆင့်ဟူ၍ သတ်မှတ်ထားကာ ပြိုင်ပွဲမှ ဆုရရှိသူ ကျောင်းသူ(၁၅)ဦးကို ဆုချီးမြှင့်ပြီး ပထမပိုင်း အခမ်းအနားအစီစဉ်ပြီးစေခဲ့ကြသည်။



ဒုတိယပိုင်း အစီစဉ်အရ ဇူလိုင်(၁၉)တွင် ကျဆုံးသွားခဲ့လေပြီဖြစ်သော အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ သံဃာတော်အရှင်သူမြတ်(၅)ပါးကို ပင့်ဖိတ်ပြီး လှူဖွယ်ဝတ္ထုအစုစုတို့ဖြင့် ရေစက်ချ
အမျှဝေ အခမ်းအနားကိုလည်း ပြုလုပ်ခဲ့ကြသည်။


၁၉၄၇ ဇူလိုင်(၁၉) ရက်နေ့တွင် လုပ်ကြံသတ်ဖြတ်မှုကိုခံခဲ့ရသော အာဇာနည်ခေါင်းဆောင်များမှာ-
၁။ ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-၁၉၄၇) ၀န်ကြီးချုပ်
၂။ သခင်မြ (၁၈၉၇-၁၉၄၇) ပြည်ထဲရေးဝန်ကြီး
၃။ ဦးဘချို (၁၈၉၄-၁၉၄၇) ပြန်ကြားရေးဝန်ကြီး
၎။ ဦးရာဇတ် (၁၈၉၈-၁၉၄၇) ပညာရေးနှင့်အမျိုးသားစီမံကိန်းဌာန၀န်ကြီး
၅။ ဦးဘ၀င်း (၁၉၀၁-၁၉၄၇) ထောက်ပံ့ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး
၆။ မန်းဘခိုင် (၁၉၀၃-၁၉၄၇) စက်မှုလက်မှုနှင့်အလုပ်သမားဝန်ကြီးဌာန၀န်ကြီး
၇။ မိုင်းပွန်စော်ဘွားစပ်စံထွန်း (၁၉၀၇-၁၉၄၇) အတိုင်ပင်ခံတောင်တန်းဒေသရေးရာဝန်ကြီး
၈။ ဦးအုန်းမောင် (၁၉၁၃-၁၉၄၇) လမ်းပန်းဆက်သွယ်ရေးဌာနအတွင်းဝန်
၉။ ရဲဘော်ကိုထွေး (၁၉၂၉-၁၉၄၇) ပညာရေးဝန်ကြီး၏သက်တော်စောင့်။
တို့ဖြစ်ကြသည်။


ပုံများကိုကြည့်ရန်


တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net