Latest News

Dropdown Menu

Showing posts with label တရားပွဲ. Show all posts
Showing posts with label တရားပွဲ. Show all posts

Friday, February 14, 2014

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ နယ်စပ်မြို့တစ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် ပွင့်လင်းကာလ ကျရောက်သည့် အခါတိုင်း၌ အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ အဖွဲ့မှ တရားပွဲများကို ကျင်းပပြုလုပ်လေ့ရှိရာ ဖေဖော်ဝါရီလ (၁၇)ရက်နေ့တွင် (၂၄)ကြိမ်မြောက် (၁၄)ညတိုင်တိုင် အထူးတရားပွဲကို တာချီလိတ်မြို့ရှမ်းရိုးမကွင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါ တရားပွဲသို့ ရွှေည၀ါဆရာတော်မှ ကြွရောက်၍ တရားတော် ဟောကြားတော်မူမှာ ဖြစ်ကြောင်း သိရသည်။


ဖေဖော်ဝါရီလ(၁၇)ရက်နေ့မှ မတ်လ(၂)ရက်နေ့ထိ (၁၄)ညတိုင်တိုင် ကျင်းပပြုလုပ်မည့် တရားပွဲတွင် ရွှေည၀ါ ဆရာတော် အရှင်ပညာသီဟ၊ ဆရာတော် အရှင်ခေမိန္ဒ(စစ်ကိုင်း၊ ခင်မကန်)၊ နိုင်ငံတော် (၁၁)ဘွဲ့ရ ဆရာတော် အရှင်နရသာမိလင်္ကာရ၊ နိုင်ငံတော်(၉)ဘွဲ့ရဆရာတော် အရှင်ပါကဋာလင်္ကာရ၊ သစ္စာရွှေစည်ဆရာတော် အရှင်ဥတ္တမ၊ ရွှေမြိုင်ဆရာတော် ဘဒ္ဒန္တသြဘာသဘိဝံသ နှင့် ဆရာတော် ဘဒ္ဒန္တဥတ္တမ(သိကြားဂူ မိုးကုတ်ဓမ္မရိပ်သာ) စသည့် ဓမ္မကထိက ဆရာတော် (၉)ပါးမှ ကြွရောက်၍ တရားတော် ဟောကြားတော်မူမှာ ဖြစ်ကြောင်း သိရသည်။

အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေးအဖွဲ့မှ ယခုကျင်းပပြုလုပ်မည့် (၂၄)ကြိမ်မြောက် တရားပွဲကို ကျင်းပ ပြီးမြောက်ပြီးနောက် (၂၅)ကြိမ်မြောက် အထူးတရားပွဲကို မတ်လအတွင်း တက္ကသိုလ်ဝင် စာမေးပွဲအပြီးမှာ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့မှ သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Friday, February 7, 2014

တာချီလိတ်မြို့၌ တရားပွဲများကို အဓိက ပြုလုပ်လေ့ရှိသည့် "အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ"တရားပွဲဖြစ်မြောက်ရေးမှ (၂၃)ကြိမ်မြောက် (၁၉)ညတိုင်တိုင် တရားပွဲကို ဓမ္မကထိကဆရာတော်ကြီး (၁၀)ပါးဖြင့် တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ ဓမ္မပူဇာဓမ္မသဘင်ဆင်ယင် ကျင်းပပြုလုပ်ခဲ့ကြရာ ယနေ့ ဖေဖော်ဝါရီလ(၇)ရက်နေ့ နောက်ဆုံးည တရားပွဲတွင် ယောဆရာတော် ဘုရားကြီးမှ တရားတော်ဟောကြားတော်မူခဲ့ပြီး အဆိုပါ အဖွဲ့၏ (၂၃)ကြိမ်မြောက် (၁၉)ညတိုင်တိုင် အထူးတရားပွဲအား အောင်မြင်စွာဖြင့် ပြီးမြောက်ခဲ့ကြသည်။


(၂၃)ကြိမ်မြောက် (၁၉)ညတိုင်တိုင် အထူးတရားပွဲအား  ဓမ္မကထိကဆရာတော်ကြီး (၁၀)ပါးဖြင့် တရားပွဲပြုလုပ်ရာ နောက်ဆုံးပိတ်ဆရာတော်မှာ တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ ယောဆရာတော်ဘုရားကြီး ဖြစ်ပြီး ဆရာတော်ဘုရားမှ နှစ်ညတိုင်တိုင် တရားတော် ဟောကြားတော်မူရာ ပထမညတွင်  "ကိုယ့်ဟာရှာ ကိုယ်မှာတွေ့" နှင့် ဒုတိယ ညတွင် "ကောင်းတာရှာ လူမှာတွေ့"စသည့် တရားခေါင်းစဉ်ဖြင့် ဟောကြားတော်မူခဲ့သည်။


ယောဆရာတော်ဘုရားကြီး ဟောကြားမည့် နောက်ဆုံးနှစ်ညတရားပွဲအား ဖြစ်မြောက်ရန်အတွက် အလှူရှင်မှာ တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်၊ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက် ဆရာတော်ကြီး ဘဒ္ဒန္တ ၀ိရောစန အား အမှူးထား၍ ဦးထွန်းနေဦး + ဒေါ်ခင်ခင်ချို သမီး မမြတ်ပိုးငုံ၊ သား မောင်ထွန်းထက်အောင် + မနန်းတစ်ဝမ်းနီး၊ မြေး မသီရိရတနာ(ခ)နန်းဆုဝမ်းဟိန်း မိသားစု (ဟိုတယ်တာချီလိတ်၊ ဘုရင့်နောင်ဈေး၊ ဟိန်းထက်အောင် ဆောက်လုပ်ရေးအင်အားစု)တို့မှ ကုသိုလ်ယူ လှူဒါန်းတာဖြစ်ပြီး အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေး လူငယ်များနှင့် ကျန်အလှူရှင်များမှ ဖြည့်စွတ်လှူဒါန်းကြတာဖြစ်ကြောင်း သိရသည်။


(၂၃)ကြိမ်မြောက် (၁၉)ညတိုင်တိုင် အထူးတရားပွဲကို ၂၀.၁.၂၀၁၄ မှ ၇.၂.၂၀၁၄ ထိ ရက်ရှည် ကျင်းပ ပြုလုပ်ခဲ့တာဖြစ်ပြီး ဆက်လက်၍ မတ်လထဲတွင်လည်း တရားပွဲများကို ကျင်းပသွားရန် ရှိကြောင်းလည်း သိရသည်။

ပုံများကိုကြည့်ရန်
ယောဆရာတော်၏ တာချီလိတ် ပထမည တရားပွဲ
82 photos
ယောဆရာတော်ဘုရားကြီး၏ တာချီလိတ် နောက်ဆုံးည တရားပွဲ
92 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Sunday, January 12, 2014

တာချီလိတ်မြို့၌ တရားပွဲများကို အဓိက ပြုလုပ်လေ့ရှိသည့် "အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ"တရားပွဲဖြစ်မြောက်ရေးမှ (၂၃)ကြိမ်မြောက် (၁၉)ညတိုင်တိုင် တရားပွဲကို ဓမ္မကထိကဆရာတော်ကြီး (၁၀)ပါးဖြင့် တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ ဓမ္မပူဇာဓမ္မသဘင်ဆင်ယင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါ တရားပွဲ၏ နောက်ဆုံး (၂)ညတွင် ယောဆရာတော်ဘုရားကြီးမှ ပါဝင် ဟောကြားမှာ ဖြစ်ကြောင်း သိရသည်။

 { ပုံကို နိပ်၍ ဆရာတော်များ၏ ဘွဲ့တော်အား ကြည့်နိုင်ပါသည် }

တရားပွဲကာလကို ၂၀.၁.၂၀၁၄ မှ ၇.၂.၂၀၁၄ ထိ (၁၉)ညတိုင်တိုင် ရက်ရှည် ကျင်းပ ပြုလုပ်မှာဖြစ်ကြောင်းနှင့် ဆက်လက်၍ ဖေဖော်ဝါရီလ နှင့် မတ်လတို့တွင်လည်း တရားပွဲများ ယခုလို ကျင်းပသွားရန် ရှိကြောင်းလည်း သိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Friday, December 6, 2013

ယနေ့ ၂၀၁၃ခုနှစ် ဒီဇင်ဘာလ (၇)ရက်၊ နံနက် (၇)နာရီအချိန်က "အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ" တရားပွဲဖြစ်မြောက်ရေးမှ ကြီးမှူးကျင်းပပြီး တာချီလိတ်မြို့ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ပညာရေးမှ ဆရာ/ဆရာမများ နှင့် လူမှုရေးအသင်းအဖွဲ့တို့မှ ပူးပေါင်းပါဝင်ပြုလုပ်ကျင်းပသော နေ့ကလေး အထူးတရားပွဲကို မြန်မာနိုင်ငံ တောင်ဘက်အစွန်းဆုံး ဆလုံသာသနာပြု ဂျလန်းကျွန်း ဆရာတော် အရှင်ကုသလဇောတိမှ ဟောကြားတော်မူရာ လူကြီး၊ လူလတ်များအပြင် တာချီလိတ်မြို့နယ်လုံးရှိ  ထက်/လယ်/မူ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၇၀၀၀)ကျော် လာရောက်၍ တရားတော်နာယူခဲ့ကြသည်ကို တွေ့ရှိရသည်။


အဆိုပါ တရားပွဲတွင် လာရောက်တရားနာယူကြသည့် ကျောင်းသား၊ ကျောင်းသူ (၇၀၀၀)ကျော်အတွက် အစာ အာဟာရများအဖြစ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးတို့ ဦးဆောင်သည့် ခရိုင်လ၀ကမှူး ဦးကျော်စွာလွင် မိသားစု နှင့် မြို့နယ်အကောက်ခွန် ဦးစီးမှူး ဦးကျော်နိုင် မိသားစု အပါအ၀င် ဦးထွန်းနေဦး (ဟိုတယ်တာချီလိတ်) မိသားစု နှင့် ဦးစည်သူမောင် မိသားစုတို့ပါဝင်သည့် စေတနာရှင် အလှူရှင်တစ်စုမှ ပဲနို့ရည်၊ ပေါင်မုန့်၊ ရေသန့် စသည့် အာဟာရများကို လှူဒါန်းကြပြီး ရေသန့်လုပ်ငန်းရှင်များအသင်းမှ သောက်ရေသန့်ဗူးများ လှူဒါန်းကြောင်း သိရသည်။ ယင်းကဲ့သို့ပင်  လူမှုရေးအသင်းအဖွဲ့များ၊ KBZ ဘဏ် မှ ၀န်ထမ်းများ နှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ အလှူရှင်များမှ တတ်အားသ၍ ပါဝင်လှူဒါန်းကြသည်ကိုလည်း တွေ့ရှိရသည်။


တရားပွဲ ကျင်းပရာ နေရာနှင့် အလှမ်းဝေးသည့် စာသင်ကျောင်းများသို့ ကားဖြင့် ကြိုပို့မှုများ ပြုလုပ်ပေးတာနှင့် ပတ်သက်၍ " ကျွန်တော်တို့ မထသ လက်အောက်မှာ ရှိတဲ့ အနီး/အဝေးပြေးယာဉ်တွေနဲ့  တာချီလိတ် (အခြေချ) စစ်ဗျူဟာအဖွဲ့ တပ်ရင်းတပ်ဖွဲ့တွေမှာရှိတဲ့ ယာဉ်တွေနဲ့ စုစုပေါင်း ယာဉ် (၄၆)စီးနဲ့ ကျောင်းသား၊ ကျောင်းသူ (၄၁၀၀) လောက်ကို ခေါက်တုံ့ခေါက်ပြန် မောင်းပြီး ကြိုပို့လုပ်ပေးခဲ့ပြီး ကုသိုလ်ဒါနပြုဖြစ်ခဲ့ပါတယ်"ဟု မထသ ဥက္ကဌ ဦးစ၀်စိုးလင်းမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေး ခေါင်းစဉ်နှင့် ပတ်သက်၍ တရားပွဲများပြုလုပ်ရာတွင် ဦးစီးဦးဆောင်သူများအနက် အဓိက ပါဝင်သူ တစ်ဦးဖြစ်သူ ဦးမျိုးမြင့်အောင်အား မေးမြန်းရာမှာ "ကျွန်တော်တို့ တရားပွဲ ပြုလုပ်လာတာ (၂၂)ကြိမ်မြောက်ရှိပါပြီ၊ အဖွဲ့အစည်း၊ အသင်းရယ်လို့ မလုပ်ထားပါဘူး၊ တာချီလိတ်မြို့မှာ ရှိတဲ့ လူငယ်တွေအနေနဲ့ အားတဲ့အချိန် လာကူလုပ်၊ ဘယ်နေ့ ဘယ်ရက်မှာ တရားပွဲစမယ်၊ လုပ်အားဒါနပြုလုပ်သူများ ဘယ်အချိန်မှာ လာခဲ့ပါလို့ အဲ့လို ကြော်ငြာလိုက်တာနဲ့ သူ့အသိစိတ်ဓါတ်နဲ့သူ ၀ိုင်းဝန်းလုပ်လာခဲ့တာ ဒါရောဆို (၂၂)ကြိမ်မြောက်ရှိပါပြီ"ဟု တာချီလိတ်အွန်လိုင်းသို့ ပြန်လည် ရှင်းပြသည်။


ဂျလန်းကျွန်းဆရာတော်သည် တာချီလိတ်အွန်လိုင်းမှ တဆင့် "ဆရာတော် တစ်ပြည်လုံးကို တိုက်တွန်းချင်တာကတော့ ကလေးအထူးတရားပွဲတွေ များများလုပ်ကြပါ၊ ဓမ္မစကူးလ်တွေဖွင့်ကြပါ၊ ယဉ်ကျေးလိမ္မာသင်တန်းတွေ ဖွင့်လှစ်ပြီးတော့ မိမိတို့ရဲ့ ရင်သွေးတွေကို ကာကွယ်စောင့်ရှောက်သော အားဖြင့် ကုသိုလ်အမွေတွေ၊ တရားအမွေတွေ များများပေးကြပါလို့ ဆရာတာ် အထူး တိုက်တွန်းလိုပါတယ်.."ဟု မိန့်ကြားတော်ခဲ့ပါသည်။

ဂျလန်းကျွန်း ဆရာတော် အရှင်ကုသလဇောတိ သည် သာစည်မြို့နယ် ဘိုကုန်းကျေးရွာ ဇာတိဖြစ်ပြီး ၁၉၈၉ခုနှစ် တပို့တွဲလပြည့်နေ့ကစ၍ သာသနာ့ဘောင်သို့ ၀င်ရောက်တော်မူခဲ့ပြီး ၁၉၉၇ခုနှစ်မှာ ရဟန်းအဖြစ်သို့ ရောက်တော်မူသည်။ ၂၀၀၄ခုနှစ်၌ သတ္တဗေဒအထူးပြု( B.Sc - Zoology)ဘွဲ့ရရှိပြီးနောက် မြန်မာသက္ကရာဇ် ၁၃၆၆ခုနှစ်မှာ "သာသနဓဇဓမ္မာစရိယ"ဘွဲ့ကို ရရှိပြီး ၂၀၀၇ခုနှစ်မှ စတင်၍ တနသာင်္ရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်၊ ဂျလန်းကျွန်းဆလုံရွာ၌ သီတင်းသုံးပြီး ဘာသာမဲ့ဖြစ်နေသည့် ဆလုံလူမျိုးစုများအား ဗုဒ္ဓဘာသာဝင်များ အဖြစ်သို့ ရောက်ရှိလာစေရန်အတွက် ပရဟိတလုပ်ငန်းများကို လုပ်ဆောင်ကြိုးပမ်းအားထုတ်ရင်း ဂျလန်းကျွန်းဆလုံဆရာတော် အမည်ဖြင့် ပြည်တွင်း၊ ပြည်ပအသီးသီး၌ တရားတော်များဟောကြားတော်မူရာမှ  "ဂျလန်းကျွန်းဆရာတော်"ဟု ထင်ရှားကျော်ကြားလာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ရုပ်သံအား ဆက်လက် ဖော်ပြပေးပါမည်

ပုံများကိုကြည့်ရန်
ဂျလန်းကျွန်းဆရာတော်၏ ကလေးတရားပွဲ၌ ကလေးသူငယ် ၇၀၀၀ကျော် လာရောက်
75 photos
ဂျလန်းကျွန်းဆရာတော်၏ ကလေးတရားပွဲ ၇၀၀၀ ကျော် လာရောက် တရား
86 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~



Thursday, December 5, 2013

တာချီလိတ်မြို့၌ တရားပွဲများကို နှစ်စဉ် နှစ်တိုင်း အလှူရှင်များနှင့် စုပေါင်း၍ ရက်ရှည်ကျင်းပလေ့ရှိသော "အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ" တရားပွဲဖြစ်မြောက်ရေးအဖွဲ့၏ (၂၂)ကြိမ်မြောက် (၁၄)ည တိုင်တိုင် အထူးတရားပွဲကို ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၂၂ ရက် မှ ၂၀၁၃ခုနှစ် ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သည်ဖြစ်ရာ နောက်ဆုံးပိတ် ညတရားပွဲအား ဂျလန်းကျွန်းဆလုံဆရာတော် အရှင်ကုသလဇောတိ မှ "အရိပ်ကောင်းကိုခို အနှစ်ကောင်းကိုရှာ တရားတော်"ခေါင်းစဉ်ဖြင့် တရားတော်ဟောကြားတော်မူခဲ့ပါသည်။


"အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ" တရားပွဲဖြစ်မြောက်ရေးအဖွဲ့မှ တရားပွဲများကိုပွင့်လင်း ကာလသို့ ရောက်တိုင်း ကျင်းပလာလေ့ရှိရာ ၂၀၁၄ခုနှစ်အစ ဇန်န၀ါရီလ၊ဖေဖော်ဝါရီလ နှင့် မတ်လ (၃)လဆက်တိုက် တရားပွဲများ ကျင်းပသွားရန်အတွက် ဓမ္မကထိက ဆရာတော်ကြီးများအား ပင့်ဖိတ်ထားပြီးပြီဖြစ်ကြောင်း အဆိုပါ တရားပွဲဖြစ်မြောက်ရေးမှ သိရှိရသည်။



ယခု ပြီးမြောက်ခဲ့သည့် (၂၂)ကြိမ်မြောက် (၁၄)ညတိုင်တိုင် တရားပွဲများမှာ မဟာကန်ပတ်လည် ဆရာတော် ဥူးနန္ဒမဉ္ဇူသာ (၂၂.၁၁.၂၀၁၃ - ၂၃.၁၁.၂၀၁၃)၊ ကြာနီကန်ဆရာတော် ဥူးရေ၀တ (၂၄.၁၁.၂၀၁၃ - ၂၅.၁၁.၂၀၁၃)၊  ပြည်ဆရာတော် ဥူးဘိက္ခူမာလာ (၂၆.၁၁.၂၀၁၃ - ၂၇.၁၁.၂၀၁၃)၊ ကျုံကဇင်းဆရာတော် ဘဒ္ဒန္တဣန္ဒာသဘ (၂၈.၁၁.၂၀၁၃ - ၂၉.၁၁.၂၀၁၃)၊  မော်ကျွန်းဆရာတော် အရှင်က၀ိသာရ ( ၃၀.၁၁.၂၀၁၃ - ၁.၁၂.၂၀၁၃)၊  သာသနဓဇ ဓမ္မာစရိယ အရှင်ပညာဒီပ (၂.၁၂.၂၀၁၃ - ၃.၁၂.၂၀၁၃)  နှင့် ဂျလန်းကျွန်းဆလုံဆရာတော် အရှင်ကုသလဇောတိ (၄.၁၂.၂၀၁၃ - ၅.၁၂.၂၀၁၃) တို့မှ တရားတော်များ ဟောကြားတော်မူခဲ့ပြီးဖြစ်ပါသည်။

(၂၂)ကြိမ်မြောက်၏ တရားပွဲတွင် တရားအလှူရှင်များမှာ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး + ဒေါ်နွေးနွေးလင်း မိသားစု၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး + ဒေါ်ရွှေမိုးသူဇာ မိသားစု၊ ဦးကျော်လေး + ဒေါ်လှသိန်း သမီး မအေးသင်း မိသားစု၊ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ၀န်ထမ်းများမိသားစု၊ ဦးထွန်းနေဦး + ဒေါ်ခင်ခင်ချို ( ဟိုတယ်တာချီလိတ်) မိသားစု၊ လင်းလက်ဖြူ စတီး နှင့် အလူမီနီယမ်လုပ်ငန်း မိသားစု၊  ဦးဌေးမောင် + ဒေါ်နုနုရီ မိသားစု၊ ဦးမော်ကြီး  + ဒေါ်စုစုဝင်း သမီး ခင်သီရိမော် မိသားစု ၊တရားပွဲဖြစ်မြောက်ရေးလုပ်အားဒါန ကုသိုလ်ရှင်များ နှင့် ဇီဝက အခမဲ့ ဒါန ဆေးကုသခန်း ၀န်ထမ်းများ စသည်တို့ ဖြစ်ကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Wednesday, November 20, 2013

တာချီလိတ်မြို့၌ တရားပွဲများကို နှစ်စဉ် နှစ်တိုင်း အလှူရှင်များနှင့် စုပေါင်း၍ ရက်ရှည်ကျင်းပလေ့ရှိသော "အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ" တရားပွဲဖြစ်မြောက်ရေးအဖွဲ့၏ (၂၂)ကြိမ်မြောက် (၁၄)ည တိုင်တိုင် အထူးတရားပွဲကို ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၂၂ ရက် မှ ၂၀၁၃ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။


အဆိုပါ တရားပွဲသို့ မဟာကန်ပတ်လည်ဆရာတော် ဥူးနန္ဒမဉ္ဇူသာ (၂၂.၁၁.၂၀၁၃ - ၂၃.၁၁.၂၀၁၃)၊ ကြာနီကန်ဆရာတော် ဥူးရေ၀တ (၂၄.၁၁.၂၀၁၃ - ၂၅.၁၁.၂၀၁၃)၊  ပြည်ဆရာတော် ဥူးဘိက္ခူမာလာ (၂၆.၁၁.၂၀၁၃ - ၂၇.၁၁.၂၀၁၃)၊ ကျုံကဇင်းဆရာတော် ဘဒ္ဒန္တဣန္ဒာသဘ (၂၈.၁၁.၂၀၁၃ - ၂၉.၁၁.၂၀၁၃)၊  မော်ကျွန်းဆရာတော် အရှင်က၀ိသာရ ( ၃၀.၁၁.၂၀၁၃ - ၁.၁၂.၂၀၁၃)၊  သာသနဓဇ ဓမ္မာစရိယ အရှင်ပညာဒီပ (၂.၁၂.၂၀၁၃ - ၃.၁၂.၂၀၁၃)  နှင့် ဂျလန်းကျွန်းဆလုံဆရာတော် အရှင်ကုသလဇောတိ (၄.၁၂.၂၀၁၃ - ၅.၁၂.၂၀၁၃) တို့မှ ကြွရောက်၍ တရားတော်များ ဟောကြားတော်မူမှာ ဖြစ်ပြီး တရားပွဲ သတ်မှတ်ကာလ၏ ညစဉ်ညတိုင်း၌ "အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ"တရားပွဲ ဖြစ်မြောက်ရေးအဖွဲ့ကြီး၏ အဖွဲ့တစ်ခုဖြစ်သော "ဇီဝက"အခမဲ့ ကုသိုလ်ဖြစ်ဆေးကုသခန်း မှ ကျန်းမာရေး စောင့်ရှောက်မှုအဖြစ် ဆေးဝါးအခမဲ့ ကုသပေးသွားမှာ ဖြစ်ကြောင်း သိရှိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~



Friday, October 11, 2013

တာချီလိတ်မြို့ရှိ အလင်းရောင်ပရဟိတအသင်းမှ မြို့သူမြို့သားများနှင့် စုပေါင်းကျင်းပပြုလုပ်မည်ဖြစ်သော စတုတ္ထအကြိမ်မြောက် ဓမ္မပူဇာတရားပွဲအား အောက်တိုဘာလ ၂၂ ရက်မှ နိုဝင်ဘာလ ၇ ရက်နေ့ထိ သံဃာတော်အရှင်သူမြတ် ၁၀ ပါးဖြင့် ၁၇ ညတိုင်တိုင် အထူးတရားပွဲကို တာချီလိတ်မြို့နယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်မှာဖြစ်ကြောင်း သိရသည်။
တရားပွဲကာလအတွင်း၌ အလင်းရောင်ပရဟိတအသင်းမှ တရားနာလိုသူ ဧည့်ပရိသတ်များအား ရပ်ကွက်များအလိုက် သတ်မှတ်နေရာများတွင် ကြိုပို့ပေးမှာဖြစ်ပြီး တရားတော်ဟောကြားမည့်အချိန်အား  သတ်မှတ်ကာလအတွင်း ညစဉ် ၇နာရီ တိတိ၌ စတင်မှာ ဖြစ်ကြောင်း သိရသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Monday, March 18, 2013

တာချီလိတ်မြို့၌ တရားပွဲများကို ရက်ရှည်ကျင်းပလေ့ရှိသော "အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ" တရားပွဲဖြစ်မြောက်ရေးအဖွဲ့ကြီးရဲ့ အကြိမ်(၂၀)မြောက် (၁၇)ညတိုင်တိုင် အထူးတရားပွဲကို မတ်လ(၂၃)ရက် မှ ဧပြီလ(၈)ရက်နေ့ထိ ပြုလုပ်ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။

(၁၇)ညတိုင်တိုင် တရားပွဲမှာ ဓမ္မကထိက ဆရာတော် (၈)ပါးဖြင့် ကျင်းပမှာဖြစ်ပြီး ကြွရောက်ဟောကြားတော်မူမဲ့ဆရာတော်များမှာ
၁) မဟာကန်ပတ်လည်ဆရာတော် (၂၃/၂၄.၃.၂၀၁၃) - (၂)ည
၂) ကြာနီကန်ဆရာတော် ( ၂၅/၂၆.၃.၂၀၁၃) - (၂)ည
၃) ကျိုက်ထိုဆရာတော် ( ၂၇/၂၈.၃.၂၀၁၃) - (၂)ည
၎) ရွှေည၀ါဆရာတော် ( ၂၉/၃၀/၃၁.၃.၂၀၁၃) - (၃)ည
၅) ဓမ္မဓရ အရှင်ဝိစိတ္တသာရ ( ၁/၂.၄.၂၀၁၃) - (၂)ည
၆) ဘဒ္ဒန္တ ဒေါက်တာ စန္ဒာဝရာဘိဝံသ (၃/၄.၄.၂၀၁၃) - (၂)ည
၇)  ဓမ္မဓရ အရှင်ကုဉ္စန (၅/၆.၄.၂၀၁၃) - (၂)ည
၈) မကွေးဆရာတော် (၇/၈.၄.၂၀၁၃) - (၂)ည
စသည့် ဆရာတော်များဖြစ်ကြပါတယ်။


ယခုပြုလုပ်မဲ့ အကြိမ်(၂၀)မြောက်တရားပွဲမှာ "အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ" အဖွဲ့ကြီးရဲ့ ကျန်းမာရေးကဏ္ဍတစ်ခုဖြစ်တဲ့ ဇီဝကအခမဲ့ဒါန ဆေးကုသခန်းကိုလည်း တရားပွဲကျင်းပနေစဉ် အတွင်း ညစဉ်ညတိုင်း အခမဲ့ဒါနအဖြစ် ကုသပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

Tuesday, February 12, 2013

အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေးအဖွဲ့မှ ၂၀၁၃ခုနှစ် ဖေဖော်ဝါရီ(၁၃)ရက်ကနေ (၂၀)ရက်နေ့အထိ ဆရာတော်ကြီး (၄)ပါးဖြင့် (၈)ညတိုင်တိုင် အထူးတရားပွဲကို တာချီလိတ်မြို့ ရှမ်းရိုးမကွင်းမှာ ပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။

တရားပွဲဖြစ်မြောက်ရန်အတွက် ပြင်ဆင်မှုနှင့်ပတ်သက်၍ (၁)ကြိမ်မှ (၁၈)ကြိမ်မြောက်အထိ  ပြင်ဆင်ရာမှာ (၅)ရက်မှ (၇)ရက်အထိအချိန်ကြာကြာ ပြင်ဆင်ပြုလုပ်ခဲ့ရသော်လည်း ယခု(၁၉)ကြိမ်မြောက်မှာတော့ ရှမ်းရိုးမကွင်းအတွင်း နှစ်သစ်ကူးပွဲတော်ရက်ပြီးချိန်နှင့် နီးကပ်နေတာကြောင့် နံနက်(၆)နာရီမှ ည(၇)နာရီထိ တစ်နေ့တည်းအပြီး တရားပွဲဖြစ်မြောက်ရေး အဖွဲ့များမှကြိုးစား ပြင်ဆင်ပြုလုပ်နေကြတာကို တွေ့ခဲ့ရပါတယ်။

တရားပွဲဖြစ်မြောက်ရန်အတွက် ပြင်ဆင်မှုကို ယခင်အကြိမ်များနဲ့မတူ တစ်ရက်တည်းပြီးအောင် လုပ်နိုင်ခဲ့တဲ့အတွက် တရားပွဲဖြစ်မြောက်ရေးအဖွဲ့ဝင်တစ်ဦးက  "ကျွန်တော်တို့ ခါတိုင်းဆိုရင်တော့
မြေညှိရတာတွေ သဲဖို့ရတွေ မြေကြွင်းတူးရတာတွေ လုပ်ရတာဆိုတော့ ရက်က တပတ်လောက် ကြာသွားတတ်တယ်၊ မနေ့က ဒီကွင်းထဲမှာပဲ နှစ်သစ်ကူးပွဲတော် ကျင်းပခဲ့တာဆိုတော့
မြေညှိစရာမလိုတော့ဘူးလေ၊ တရားပွဲနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ ပြင်ဖို့ဆင်ဖို့ နဲ့ တရားဟောစတိတ်စင် တပ်ဆင်ဖို့အတွက်ပဲ လိုတာပါ၊ သံထည်ပစ္စည်းတွေ ဖျာတွေကိုတော့ မနေ့ညကတည်းကပဲ ကြိုတင်ပြီးတော့ ကားနှစ်စီးပေါ် တင်ထားကြတယ်။ နက်ဖြန်ဆိုရင် တရားစဟောမဲ့ ယောဆရာတော်က ကြွလာတော့မယ်၊ ဒါကြောင့် ဒီနေ့အပြီးလုပ်မှဖြစ်မယ်ဆိုတဲ့ စိတ်တွေနဲ့ တနေကုန် လုပ်လာခဲ့ကြတာ၊  အခုတော့ ပြင်ဆင်မှုက ပြီးသွားပါပြီ၊ အဲ့ဒီအတွက်လည်း ကျွန်တော်တို့အတွက် အမောပြေစေပါတယ်၊ ပီတိလည်းဖြစ်ရပါတယ်။ လာရောက် ကုသိုလ်ယူ လုပ်အားပါဝင်ဖြည့်ကြတာကတော့ အယောက်(၃၀)နီးပါလောက်ရှိတယ်၊ နက်ဖြန်မနက် ဆရာတော်ကို သွားကြိုဖို့ပဲ လုပ်ရတော့မယ်"လို့ ပြောကြားသွားပါတယ်။

အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေးအနေဖြင့် ယခုအခါမှာ (၁၉)ကြိမ်မြောက်အဖြစ် တရားပွဲကိုပြုလုပ်မှာဖြစ်ပြီး အကြိမ်(၂၀)မြောက်ကိုတော့ မတ်လ(၂၃)ရက်မှ ဧပြီလ(၈)ရက်နေ့ထိ ကျင်းပပြုလုပ်မှာဖြစ်ပြီး၂၀၁၃ခုနှစ်ရဲ့ အပိတ်ပွဲအဖြစ်လည်း ပြုလုပ်မှာဖြစ်ကြောင်း ကြိုတင်သိရှိရပါတယ်။ တဆက်တည်းမှာပင် ၂၀၁၃ခုနှစ် မတ်လ(၂၃)ရက်နေ့မှ(၂၆)ရက်နေ့ထိ (၅)ညတိုင်တိုင် အထူးတရားပွဲကိုလည်း တာလေမြို့နယ်ခွဲမှာ ပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။


ယခုပြုလုပ်မည့် (၁၉)ကြိမ်မြောက်တရားပွဲမှာ အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ အဖွဲ့ကြီး၏ ကျန်းမာရေးကဏ္ဍတစ်ခုဖြစ်တဲ့ ဇီဝကအခမဲ့ဒါန ဆေးကုသခန်းကိုလည်း ဖေဖော်ဝါရီ(၁၃)ရက်မှ (၂၀)ရက်နေ့အထိ တရားပွဲကျင်းပနေစဉ် အတွင်း ညစဉ်ညတိုင်း အခမဲ့ဒါနအဖြစ် ကုသပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။



တာချီလိတ်မြို့တွင် လူမှုကူညီရေးအသင်းများ များစွာရှိသည့်အနက် အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာအဖွဲ့ကြီးမှာလည်း ကဏ္ဍများခွဲကာ အဖွဲ့သုံးဖွဲ့အဖြစ် ဖွဲ့စည်းထားကြောင်း သိရပါတယ်။
ဘာသာရေးအနေဖြင့် အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေးအဖွဲ့၊ ကျန်းမာရေးအနေဖြင့် ဇီဝက အခမဲ့ ဒါန ဆေးကုသခန်း၊ လူမှုရေးအနေဖြင့် မေတ္တာရှင် သာရေး/နာရေးကူညီမှု စတဲ့ အဖွဲ့သုံးဖွဲ့ကို ဖွဲ့စည်းထားလျှက်ရှိရာ ဇီဝက အခမဲ့ဒါန ဆေးကုသခန်းကို ၀မ်ကောင်းရပ်ကွက်ရှိ ဘုရင့်နောင်ဈေးမှာ ဖွင့်လှစ်မှာဖြစ်ပြီး မေတ္တာရှင် သာရေး/နာရးကူညီမှု ရုံးခန်းကိုတော့ လောလောဆယ်မှာ ပါလျှံ(၃) ဆောင်းဦးပန်းချီလမ်းကြားရှိ အိမ်အမှတ် ( ၄၂/၂ )မှာ ယာယီဖွင့်လှစ်ထားကြောင်း သိရပါတယ်။ ဆက်လက်၍လည်း ဇီဝက အခမဲ့ဒါန ဆေးကုသခန်းကို လာမဲ့ မတ်လ(၂၃)ရက်နေ့မှ စ၍ စတင်ဖွင့်လှစ် ကုသပေးမှာဖြစ်ပြီး ဆေးကုသချိန်မှာ နံနက်(၉)နာရီမှ နေ့လည်(၁၂)နာရီအဖြစ် သတ်မှတ်ထားကာ တနလာင်္၊ ဗုဒ္ဓဟူး နှင့် စနေနေ့များမှာ ကုသပေးမှာဖြစ်ကြောင်း သိရပါတယ်။

ပုံများကိုကြည့်ရန်

Monday, February 11, 2013

ကျိုင်းတုံမြို့ စွံဆပ်ကုန်း၊ ခေမာရဋ္ဌဗျာဒိတ်တော်ပေး ရပ်တော်မူဘုရားကုန်းတော်ပေါ်မှာ ထည်ထားကိုးကွယ်ထားလျှက်ရှိတဲ့ မြန်မာနိုင်ငံရဲ့ ထေရ၀ါဒကျေးဇူးရှင်ကြီးဖြစ်တဲ့ ရှင်အရဟံမထေရ်မြတ်နှင့် အနော်ရထာမင်းမြတ်တို့ရဲ့ ရုပ်တုတော် ရေစက်ချပွဲ နှင့် အထူးတရားပွဲကို ပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။


၂၀၁၃ခုနှစ် ဖေဖော်ဝါရီ(၁၉)ရက် အင်္ဂါနေ့ နံနက်(၆)နာရီမှာ ခေမာရဋ္ဌဗျာဒိတ်တော်ပေး ရပ်တော်မူဘုရားကုန်းတော်ပေါ်မှာ ရေစက်ချမင်္ဂလာကို ပြုလုပ်မှာဖြစ်ပြီး အထူးတရားပွဲကိုတော့ ၁၈.၂.၂၀၁၃ မှ ၂၁.၂.၂၀၁၃ထိ ပြုလုပ်မှာဖြစ်ပါတယ်။ အထူးတရားပွဲသို့ တိပိဋကဓရ ဆရာတော်ကြီး သုံးပါးမှ လာရောက်တရားဟောကြားမှာဖြစ်ကြောင်းသိရပါတယ်။


ရှင်အရဟံမထေရ်မြတ်နှင့် အနော်ရထာမင်းမြတ်တို့ရဲ့ ရုပ်တုတော်ပူဇော်ပွဲ (ဒုတိယအကြိမ်မြောက်)အဖြစ် ပြီးခဲ့သော ဇန်န၀ါရီ(၂၉)ရက်နေ့က တာချီလိတ်မြို့မှာ အထူးတရားပွဲ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ ရုပ်တုတော်ကို တာချီလိတ်ရွှေတိဂုံကုန်းတော်ပေါ်မှာ ဦးစွာ တည်ထားကိုးကွယ်တာဖြစ်ပြီး ဒုတိယအနေဖြင့် ကျိုင်းတုံမြို့မှာ တည်ထားကိုးကွယ်တာဖြစ်ပါတယ်။ ဆက်လက်ပြီး မိုင်းဖြတ်၊ တာလေမှာလည်း ရုပ်တုတော်ကို တည်ထားကိုးကွယ်ဖို့ အစီအစဉ်ရှိကြောင်းသိရပါတယ်။


အဆိုပါရုပ်တုတော်ကို ဦးဆောင်တည်ထားကိုးကွယ်သူ မဇ္ဈိမ လူမှုကူညီရေးအသင်း(တာချီလိတ်)မှ ဥက္ကဌဖြစ်သူ ဦးတင့်ဆွေ ကို ရုပ်တုတော်အား တည်ထားကိုးကွယ်ရခြင်းနှင့်ပတ်သက်၍  ဆက်သွယ်မေးမြန်းရာမှာ "မြန်မာနိုင်ငံရဲ့ ထေရ၀ါဒ စစ်အမှန်ပေါ့၊ စလာကတည်း အရှင်နှစ်ပါးကြောင့် သာသနာပေါ်ခဲ့တာ။ ရှင်အရဟံရဲ့ ကျေးဇူးတရား နဲ့ အနော်ရထာမင်းမြတ်ရဲ့ ကျေးဇူးတရားကို သိတတ် မြင်တတ်ဖို့ပါ၊ အနော်ရထာမင်းဆိုတာကလည်း မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ထေရ၀ါဒ ကို ခံယူထားတဲ့ ဥပသကာအစစ်ပေါ့၊ နောင်လာနောင်သားတွေအနေနဲ့လည်း ဒီအရှင်နှစ်ပါးရုပ်တုကို မြင်လိုက်တာနဲ့ ဒါဘာပုံလည်းဆိုတာကို မေးနေစရာမလိုအောင် သိမြင်နေအောင်ပေါ့၊ ထေရ၀ါဒရဲ့ ကျေးဇူးတရားကို အထူးသိအောင် ရည်ရွယ်ပါတယ်။ လူငယ်တွေအနေနဲ့ ကျေးဇူးတရားကို သိတတ်ဖို့ သိရုံနဲ့လည်း မပြီးဘူး ကျေးဇူးဆပ်တတ်ဖို့လည်းလိုတယ်လေ၊ ဒါကြောင့် ကျေးဇူးဆပ်တဲ့အနေနဲ့ ထေရ၀ါဒကျေးဇူးရှင် အရှင်နှစ်ပါး ရုပ်တုကို အခုလို တည်ထားတာပါ"လို့ ပြောကြားလာပါတယ်။

ပုံများကိုကြည့်ရန်

Tuesday, January 8, 2013

တာချီလိတ်မြို့၏ တစ်ဖက်ကမ်းဖြစ်သော ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ မြန်မာလူမျိုးများမှ ဖွဲ့စည်းထားသော လူမှုကရုဏာအသင်း နှင့် ဈေးသူဈေးသားများမှ ကြီးမှူးကျင်းပသော အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ(မယ်ဆိုင်မြို့) ပထမအကြိမ် နေ့အထူးတရားပွဲကို  ၂၀၁၃ခုနှစ် ဇန်န၀ါရီလ(၈)ရက် နေ့လည်(၁၂)နာရီခန့်က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၊ ဟုန်းဖပလာဇာအနီးရှိ ဟိုတယ်တစ်ခုမှာ ပြုလုပ်ကျင်းပခဲ့တာဖြစ်ပါတယ်။

တရားပွဲသို့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ တရားနာပရိသတ်များအပါအ၀င် တာချီလိတ်မြို့မှ တရားနာပရိသတ်များလည်း လာရောက်တရားနာကြတာကို တွေ့ရပြီး ဟိုတယ်၏ ခန်းမတစ်ခုလုံးတွင် တရားနာပရိတ်သတ်များ ပြည့်လျှံနေကာ အပြင်ဖက်တွင်လည်း တရားနာယူနေကြတာကို တွေ့ရပြန်ပါတယ်။  လူမှုကရုဏာအသင်း (မယ်ဆိုင်)နှင့် ဈေးသူဈေးသားများမှ ပထမအကြိမ်အဖြစ် တရားပွဲကို ပြုလုပ်တာဖြစ်ပြီး ဆက်လက်၍လည်း တရားပွဲများကို ပြုလုပ်သွားရန်ရှိကြောင်း သိရပါတယ်။

ယနေ့တရားပွဲကို တစ်နေ့တည်းကျင်းပတာဖြစ်ပြီး နေ့အထူးတရားပွဲအဖြစ် သတ်မှတ်ကာ ပြုလုပ်သည့် တရားသဘင်၌ ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလ နှင့် အတူ နောင်တော် ၊ ညီတော် ရဟန်း ရှစ်ပါး ကြွရောက်လာရာမှာ ဆရာတော်များအနက် ကျိုက်ထိုဆရာတော် နှင့် ကြာနီကန်ဆရာတော်တို့ ပါလာတာကိုတွေ့ရသော်လည်း ဆရာတော် ဥူးသုမင်္ဂလတစ်ပါးတည်းသာ တရားတော်ဟောကြားတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ ကြွချီလာသော ဆရာတော်တို့သည်မယ်ဆိုင်မြို့တွင် တရားဟောအပြီး ချင်းရိုင်းဘက်သို့ ပြန်လည်ထွက်ခွာကြွချီသွားကြောင်း သိရပါတယ်။


 ပုံများကိုကြည့်ရန်

Monday, January 7, 2013

တာချီလိတ်မြို့ပေါ်ရှိ ထက်/လယ်/မှု စာသင်ကျောင်းများမှ ကျောင်းသား/သူ ကလေးသူငယ်များ နှင့် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ(တာချီလိတ်)မှ ကလေးသူငယ်များအပါအ၀င် အယောက်(၁၀၀၀၀)ခန့်ကို  မြန်မာနိုင်ငံ တောင်ဘက်အစွန်းဆုံး ဆလုံသာသနာပြု ဂျလန်းကျွန်းဆရာတော် အရှင်ကုသလဇောတိ မှ အထူးကလေးတရားပွဲအဖြစ် ၂၀၁၃ခုနှစ် ဇန်န၀ါရီလ(၈)ရက် နံနက်(၇)နာရီမှ (၉)နာရီထိ တာချီလိတ်မြို့ ရှမ်းရိုးမကွင်းမှာ  ကျောင်းသား/သူ ကလေးသူငယ်များအား လိမ်မာယဉ်ကျေးစေရန်အတွက် တရားတော်ဟောကြားတော်မှုခဲ့ပါတယ်။




ဂျလန်းကျွန်းဆရာတော်မှ တရားတော်ဟောကြားရာတွင် ကျောင်းသား/သူများအား ဘာသာတရား သိရှိနားလည်စေရန်နှင့် လိမ်မာယဉ်ကျေးစေရန်အတွက် ရည်ရွယ်ကာ ဆရာတော်၏ ဖြတ်သန်းမှု တစ်စိတ်တစ်ဒေသအကြောင်းအရာများနှင့် ကလေးသူငယ်များအနေဖြင့် ဘုရား၊တရား၊ သံဃာကို စိတ်ဝယ်ကိန်းအောင်းနေစေရန်အပြင်၊ ဆရာတော်မှ ဆလုံလူမျိုးများ၏ ဘာသာစကားများကို သိရှိစေရန်အတွက် ရွတ်ပြခဲ့ပါတယ်။ ဆလုံလူမျိုး၏ ဘာသာစကားတွင် မြန်မာဘာသာစကားအနေဖြင့် ရယ်စရာအဓိပ္ပာယ်သက်ရောက်သော စကားသုံးမျိုးကိုလည်း ကြားသိခဲ့ရပါတယ်။ ဆလုံးလူမျိုးတို့၏ ဘာသာစကားများ၌ ”ဘုန်းကြီး"ကို "ဗလုဝ"၊ "စစ်သား"ကို "မသာ"၊ "စစ်ဗိုလ်"ကို "မသာဗိုလ်ကြီး"ဟု ခေါ်ဆိုသုံးနှုန်းကြပြီး "တယ်လီဖုန်း"ကို "ဟဲလို"ဟု ခေါ်ဆိုကြောင်း ဆရာတော်မှ ပြန်လည်၍ ရယ်စရာမောစရာ သိမှတ်ဖွယ်အဖြစ် ပြန်လည်ဟောကြားပြောပြခဲ့ပါတယ်။




ဆက်လက်၍ ဆရာတော်မှ တရားတော်များ ဟောကြားအပြီး ရေစက်မချမှီတွင် သက်ဆိုင်ရာ ကျောင်းများ၏ ဆရာ/မတစ်ဦးအား ကျောင်းအတွက် လှူဒါန်းသော စာရေးကိရိယာများကို အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေး အကျိုးဆောင်များမှ  ပေးအပ်လှုဒါန်းခဲ့ကြပြီး ရေစက်ချကာ အထူးကလေးတရားပွဲအား အောင်မြင်စွာ ပြီးမြောက်စေခဲ့ပါတယ်။






အထူးကလေးတရားပွဲတွင် ရောက်ရှိလာသော ကျောင်းသားကျောင်းသူများမှာ အယောက်တစ်သောင်း ၀န်းကျင်ရှိတာကိုရှိရပြီး တရားပွဲသို့ တရားနာရောက်ရှိလာသော ကျောင်းဆရာ/မများ၊ တရားပွဲဖြစ်မြောက်ရေး အကျိုးဆောင်များမှလည်း များစွာ ပီတိဖြစ်ရကြောင်း ပြောကြားလာပါတယ်။

 






ဂျလန်းကျွန်းဆရာတော်သည် ဇန်ဝါရီလ(၇)ရက်မှ(၈)ရက်နေ့ထိ (၂)ရက်တိုင်တိုင် တာချီလိတ်မြို့တွင် တရားတော်ဟောကြားတာဖြစ်ပြီး (၁၈)ကြိမ်မြောက် အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာတရားပွဲ၏ နောက်ဆုံးဟောကြားသည့် ဆရာတော်လည်းဖြစ်ပါတယ်။

ပုံများကိုကြည့်ရန်

Saturday, December 22, 2012

မိုးရာသီကင်းလွတ်ရာသီများတွင် ပြုလုပ်ကျင်းပမြဲဖြစ်သော အမျိုး ဘာသာ သာသနာ ကိုယ်သာ စောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေး အဖွဲ့၏ (၁၈)ကြိမ်မြောက် အထူးတရားပွဲကို တာချီလိတ်မြိုရှိ ရှမ်းရိုးမကွင်းမှာ ပြုလုပ်မှာဖြစ်ကြောင်းသိရှိရပါတယ်။

(၁၈)ကြိမ်မြောက်အထူးတရားပွဲကို ဒီဇင်ဘာလ(၂၉)ရက် မှ ဇန်န၀ါရီလ(၈)ရက်နေ့ထိ (၁၀)ညတိုင်တိုင် ပြုလုပ်ကျင်းပမှာဖြစ်ပြီး တရားတော်ဟောကြားရန်အတွက် ပင့်ဆောင်ထားသော ဆရာတော်များမှာ (၅)ပါးဖြစ်ပြီး တရားပွဲအစီအစဉ်များမှာ အောက်ပါအစီအစဉ်အတိုင်းဖြစ်ကြောင်း သိရပါတယ်။






တရားပွဲ၏ နောက်ဆုံးနေ့ဖြစ်သော ဇန်န၀ါရီလ(၈)ရက်နေ့ နံနက်(၆)နာရီတွင် တာချီလိတ်မြို့ ရှမ်းရိုးမကွင်း(တရားသဘင်နေရာ)၌ ကလေးအထူးတရားပွဲ ပြုလုပ်မှာဖြစ်ပါတယ်။

ဇန်န၀ါရီလ(၈)ရက်နေ့ နံနက်(၆)နာရီတွင် ပြုလုပ်မည်ဖြစ်သော ကလေးအထူးတရားပွဲ သို့ အလှူရှင်များအနေဖြင့် အကျွေးအမွေးလှူဒါန်းမှုများ ပြုလုပ်နိုင်ပါရန်အတွက် တာချီလိတ်အွန်လိုင်းစာမျက်နှာမှ အသိပေးနှိုးဆော်အပ်ပါသည်။