Latest News

Dropdown Menu

Showing posts with label ငြိမ်းချမ်းရေး. Show all posts
Showing posts with label ငြိမ်းချမ်းရေး. Show all posts

Saturday, May 19, 2012

၂၀၁၂ မေ ၁၈ ၀၉၀၅ အချိန်ခန့်တွင် (SSA) အဖွဲ့မှ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ် ဦးစီးသော အဖွဲ့ဝင်(၂၉)ဦးအဖွဲ့သည် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့၊ အမှတ်(၁)ချစ်ကြည်ရေးတံတားမှတဆင့် တာချီလိတ်မြို့သို့ ၀င်ရောက်လာပြီး တာချီလိတ်မှ ကျိုင်းတုံသို့ ဆက်လက်ထွက်ခွါသွားခဲ့ကြသည်။

ထို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ် ဦးစီးသော အဖွဲ့ဝင်(၂၉)ဦးအပြင် သတင်းရယူနိုင်ရန်အတွက် နိုင်ငံခြားသားသတင်းထောက် (၃၉)ဦးတို့သည်လည်း လိုက်ပါထွက်ခွာသွားကြကြောင်း သတင်းရရှိပါသည်။

ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ် ဦးစီးသော အဖွဲ့ဝင်(၂၉)ဦးတွင် -

(၁) ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်
(၂) စ၀်ဟန်ယောင်ဟွေ
(၃) စ၀်ခွန်ဆိုင်း
(၄) စွမ်တိုင်း
(၅) စိုင်းခိတ်
(၆) စိုင်းလျန်း
(၇) စိုင်းလုံ
(၈) စိုင်းတိန်းတိုင်း
(၉) စိုင်းအေး
(၁၀) စိုင်းမွဏ်း
(၁၁) စိုင်းနွံမိန်း
(၁၂) ဗိုလ်မှူးချုပ် ဘောင်ခေး
(၁၃) စ၀်ပင်ခမ်း
(၁၄) စ၀်ခွန်မိဏ်း
(၁၅) ဗိုလ်မှူးကြီး အောင်တိန်း
(၁၆) ဗိုလ်မှူးကြီး အောင်မြ
(၁၇) ဗိုလ်မှူးကြီး ခေးပျူ
(၁၈) ဗိုလ်မှူးကြီး တင်ခေး
(၁၉) ဗိုလ်မှူးကြီး ၀မ်းလီ
(၂၀) ဒုဗိုလ်မှူးကြီး စိုင်းငင်း
(၂၁) ဒုဗိုလ်မှူးကြီး စိုင်းမိဏ်း
(၂၂) ဒုဗိုလ်မှူးကြီး ယီတစ်
(၂၃) ဒုဗိုလ်မှူးကြီး ၀န်းခေး
(၂၄) ဒုဗိုလ်မှူးကြီး ယွတ်မိဏ်း
(၂၅) ဒုဗိုလ်မှူးကြီး ဟိန်းဖှ
(၂၆) ဗိုလ်မှူး ဆိုင်ဝမ်း
(၂၇) စိုင်းညွှန့်
(၂၈) စိုင်းမိုးကျော်
(၂၉) စိုင်းလောင်ခေး တို့ပါဝင်ကြသည်။

19.5.2012 နေ့လည်ပိုင်းတွင် ဆွေးနွေးထားကြသော VDOသတင်းအား DVB TV News မှ ယူငင်ကာ ပြန်လည်၍ ဖော်ပြလိုက်ပါသည်။



7Day News Journal မှနောက်ဆုံးရသတင်းမှာ -

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ရွှေတြိဂံတိုင်းစစ်ဌာနချုပ်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) အဖွဲ့နှင့် ပြည်ထောင်စုအဖွဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ၁၁ နာရီ တွေ့ဆုံပြီး သဘောတူညီချက် ၁၂ ချက် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်သည်။

နံနက် ၉နာရီခန့်ကစတင်ဆွေးနွေးခဲ့ဖြင်းဖြစ်ပြီး ယနေ့ည ၈နာရီကျော်မှသာဆွေးနွေးမှုအပြီးသတ်ကာ လက်မှတ်ရေးဖိုးနိုင်ခဲ့ခြင်းဖြစ် သည်။

သဘောတူလက်မှတ်ရေးထိုးလိုက်သည့်အချက် ၁၂ ချက်မှာ -
  • ၁။ မူးယစ် ဆေးဝါးပူးတွဲနှိမ်နင်းရေး၊
  • ၂။ ရှမ်းပြည်တပ်မတော် (RCSS/SSA) အဖွဲ့ဝင်များနှင့် ၄င်းတို့၏ မိသားစုဝင်များကို နေရာချထားပေးရေးဆိုင်ရာ သဘောတူညီချက်၊
  • ၃။ (RCSS/SSA) အဖွဲ့ဝင်များနှင့် ၄င်းတို့၏ မိသားစုဝင်များ အသက်မွေးဝမ်းကျောင်းအတွက် လုပ်ငန်းများလုပ်ကိုင်နိုင်ရန် သဘောတူညီ ချက်၊
  • ၄။ ယဉ်ကျေးမှုဓလေ့ထုံးစံများကို လွတ်လပ်စွာထိန်းသိမ်းပျိုးထောင်ရန်အတွက် အကူအညီပေးရန်၊
  • ၅။ ပရဟိတအဖွဲ့များဆိုင်ရာသဘောတူညီချက်၊
  • ၆။ သတင်းစာနှင့်စာနယ်ဇင်းဌာနထူထောင်ခွင့်ပြုခြင်း၊
  • ၇။အကျဉ်းကျခံနေရသည့် (RCSS/SSA) အဖွဲ့ဝင်များကိစ္စ၊ ငြိမ်းချမ်းရေး စောင့်ရှောက်ရေးအဖွဲ့ကိစ္စ၊
  • ၈။ ငြိမ်းချမ်းရေးကြီးကြပ်စောင့် ရှောက်ရေးအဖွဲ့ကိစ္စ၊
  • ၉။ မတရားအသင်းမှပယ် ဖျက်ပေးရန်ကိစ္စ၊
  • ၁၀။ စီးပွားရေးလုပ်ငန်းများဖော်ဆောင်ရေးကိစ္စ၊
  • ၁၁။ (RCSS/SSA) အဖွဲ့ဝင်များ အခြားသောအဖွဲ့အစည်းများနှင့် တွေ့ဆုံရေးကိစ္စနှင့်
  • ၁၂။ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရေးကိစ္စတို့ပါဝင်သည်။

ကိုးကား-
7Day News Journal
DVB TV News
တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net

Tuesday, May 15, 2012

၁၅.၅.၂၀၁၂ အင်္ဂါနေ့ နံနက် ( ၈:၀၅) တွင် တာချီလိတ်မြို့ရှိ ခြေမြန်တပ်ရင်း ( ၃၅၉ ) သို့ လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ် ၀င်ရောက်လာသော ဦးယောဟန်ခေါင်းဆောင်သောအဖွဲ့၊ ဦးအားယီခေါင်းဆောင်သောအဖွဲ့နှင့် ဦးအားထူခေါင်းဆောင်သောအဖွဲ့ စုစုပေါင်း(၂၅)ဦးအား ကြိုဆိုပွဲ နှင့် ထောက်ပံ့ပစ္စည်းပေးအပ်ခြင်း အခမ်းအနားကို ခမရ(၃၅၉)တပ်နယ် ရိပ်သာတွင် ကျင်းပခဲ့ပါသည်။

ထိုအခမ်းအနားသို့ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ (အခြေချ)စစ်ဗျူဟာမှူးကြီး ခင်မောင်စိုး၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ တာချီလိတ်မြို့နယ် ဒုရဲမှူး သိန်းထွန်းဦး၊ ခရိုင်အဆင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ တိုင်းရင်းသားများနှင့် တပ်မိသားစုဝင်များမှ တက်ရောက်ကြိုဆိုခဲ့ကြသည်။



{ရုပ်သံ}

စိုင်းနော်ခမ်း၏ တပည့်များဖြစ်ကြသည့် ဦးယောဟန်ဦးဆောင်သော အဖွဲ့ဝင် (၆)ဦး၊ ဦးယားအီ ဦးဆောင်သော အဖွဲ့ဝင် (၁၅)ဦး နှင့် ဦးအားထူ ဦးဆောင်သော အဖွဲ့ဝင် (၄)ဦးတို့သည် ၁၄.၄.၂၀၁၂ ရက်နေ့ ညနေ (၆)နာရီအချိန်၌ တာချီလိတ်မြို့ ခြေမြန်တပ်ရင်း (၃၅၉)တွင် လာရောက်၍ လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်ဝင်ရောက်ခဲ့ကြသည်။ ၎င်းတို့အဖွဲ့ (၃)ဖွဲ့သည် ၁၄.၅.၂၀၁၂ ညနေ၌ မိနစ်ပိုင်းခြား၍ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။
{ ၁၄.၅.၂၀၁၂ တွင် အလင်းဝင်ရောက်လာသော စိုင်းနော်ခမ်းတပည့်(၂၅)ဦး }

{တာချီလိတ်မြို့ (အခြေချ)စစ်ဗျူဟာမှူးကြီး ခင်မောင်စိုးမှ ထောက်ပံ့ငွေပေးအပ်}

{ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်မှ ထောက်ပံ့ငွေပေးအပ်}



ဦးယောဟန်ခေါင်းဆောင်သော အဖွဲ့ဝင်( ၅ )ဦးအဖွဲ့၏ လက်နက်/ခဲယမ်းများမှာ-
  • ( ၁ ) M-22 ( ၂ )လက်၊ ကျည်အိမ် ( ၄ )ခု၊ ကျည်( ၈၀ )တောင့်၊
  • ( ၂ ) ကာဘိုင်( ၄ )လက်၊ ကျည်အိမ်( ၄ )ခု၊
  • ( ၃ ) ရှေ့ထွက်မိုင်း( ၂ )လုံး၊ စနက်တံ( ၂ )ချောင်း၊
  • ( ၄ ) ၀ါယာကြိုးခွေ( ၁ )ခွေ

ဦးယားအီခေါင်းဆောင်သော အဖွဲ့ဝင်( ၁၅ )ဦးအဖွဲ့၏ လက်နက်/ခဲယမ်းများမှာ-
  • ( ၁ ) ပစ္စတို( ၁ )လက်၊ ကျည်အိမ်( ၂ )ခု၊ ကျည်( ၁၀ )တောင့်၊
  • ( ၂ ) M-22( ၄ )လက်၊ ကျည်အိမ်( ၈ )ခု၊ ကျည်( ၂၆၈ )တောင့်၊
  • ( ၃ ) M-16( ၁ )လက်၊ ကျည်အိမ်( ၂ )ခု၊ ကျည်( ၁၀၀ )တောင့်၊
  • ( ၄ ) M-79( ၁ )လက်၊ ဗုံးသီး ( ၁၃ )လုံး၊
  • ( ၅ ) မိုင်း ( ၄ )လုံး
  • ( ၆ ) ၀ါယာကြိုးခွေ( ၃ )ခွေ

ဦးယားအီခေါင်းဆောင်သော အဖွဲ့ဝင်( ၄ )ဦးအဖွဲ့၏ လက်နက်/ခဲယမ်းများမှာ-
  • ( ၁ ) M-79( ၁ )လက်၊ ဗုံးသီး( ၁၇ )လုံး၊
  • ( ၂ ) 9-MM ပစ္စတို( ၁ )လက်၊ ကျည်အိမ်( ၁ )ခု၊ (အမေရိကန်လုပ်)
  • ( ၃ ) 9-MM ပစ္စတို( ၁ )လက်၊ ကျည်အိမ်( ၁ )ခု၊ ကျည်( ၁၈ )တောင့် (တရုတ်လုပ်)
  • ( ၄ ) AK-47( ၁ )လက်၊ ကျည်အိမ်( ၁ )ခု၊ ကျည်( ၆၀ )တောင့်
  • ( ၅ ) ပွိုင့်-၂၂( ၁ )လက်၊ ကျည်အိမ်( ၁ )ခု၊ ကျည်( ၄၀ )တောင့်
  • ( ၆ ) ရှေ့ထွက်မိုင်း( ၄ )လုံး၊ စနက်တံ( ၉ )ချောင်း




ကြိုဆိုပွဲ နှင့် ထောက်ပံ့ပစ္စည်းပေးအပ်ခြင်း အခမ်းအနားကို (၉)နာရီခန့်တွင် ပြီးဆုံးခဲ့ပါသည်။

ပုံများကို အပြည့်အစုံကြည့်လိုလျှင်

ကျေးဇူးတင်ပါသည်
Tachileik
www.tachileik.net