Latest News

Dropdown Menu

Showing posts with label ယူနီဆက်. Show all posts
Showing posts with label ယူနီဆက်. Show all posts

Tuesday, September 18, 2012

တာချီလိတ်မြို့နယ် ပညာရေးစီမံခန့်ခွဲမှုကော်မတီနှင့် ယူနီဆက်မှ Education Specialist Mr .  Christion ဦးဆောင်သော ယူနီဆက်အဖွဲ့တို့သည် စက်တင်ဘာ(၁၈)ရက်နေ့ မွန်းလွဲပိုင်းတွင်
ဝှေလေလန်အခြေခံပညာမူလတန်းကျောင်သို့ သွားရောက်၍ ကျောင်းလုပ်ငန်းများအား
 လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။


မွန်းလွဲ (၁း၀၀)နာရီတွင် တာချီလိတ်မြို့နယ် ပညာရေးစီမံခန့်ခွဲမှုကော်မတီနှင့် ယူနီဆက်မှ Education Specialist Mr .  Christion ဦးဆောင်သော ယူနီဆက်အဖွဲ့၊ အမှတ်(၂)အခြေခံပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများသည် တာချီလိတ်မြို့နယ် ဝှေလေလန်အခြေခံပညာမူလတန်းကျောင်းသို့





 ရောက်ရှိပြီး ကျောင်းလုပ်ငန်းများ ဆောင်ရွက်မှုများကို လေ့လာ–ကြည့်ရှုစစ်ဆေးခြင်း၊ သင်ကြားသင်ယူမှုလုပ်ငန်းများကိုကြည့်ရှုစစ်ဆေးခြင်း ၊ကျောင်းဖွံ့ဖြိုး တိုးတက်မှုများကို ကြည့်ရှုလေ့လာခြင်း၊ မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်းနှင့် ထူးခြားတိုးတက်မှုများဖြင့် အောင်မြင်နေသည့် ကျောင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားရန်
မိုင်းဖုန်း(ခ)ကျောင်းအုပ်စုမှူး၊ ကျောင်းအုပ်ဆရာကြီးဦးမြင့်ဝင်းလှ နှင့်ဆရာဆရာမများကို အားပေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

စက်တင်ဘာ(၁၈)ရက်နေ့ နံနက် (၉း၀၀)နာရီတွင် တာချီလိတ်မြို့နယ် ပညာရေးစီမံခန့်ခွဲမှုကော်မတီနှင့် ယူနီဆက်မှ  Education Specialist Mr .  Christion  ဦးဆောင်သော ယူနီဆက်အဖွဲ့၊ အမှတ်(၂)အခြေခံပညာဦးစီးဌာနတို့မှ တာဝန်ရှိသူတို့နှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်ရာ
ကော်မတီဥက္ကဌ မြို့နယ်ပညာရေးမှူးဦးစိန်ထွန်းလှနှင့် ကော်မတီဝင်များတက်ရောက်ခဲ့ကြသည်။


အဆိုပါအစည်းအဝေးတွင် ယူနီဆက်တာဝန်ရှိသူ  Education Specialist Mr .  Christion
က ယူနီဆက်မှ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ပညာရေးဖွံ့ဖြိုးတိုးတက်ရေး
ကိစ္စများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။


ထို့နောက် အမှတ်(၂)အခြေခံပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချယ်ရီဝင်းက ရုံးချုပ်အဆင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ဆက်လက်ဆွေးနွေးပါသည်။





ပြီးနောက် တက်ရောက်လာသူ တာချီလိတ်မြို့နယ် ပညာရေးစီမံခန့်ခွဲမှု ကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များက ဒေသတွင်း စီမံချက်အကောင်အထည်ဖေါ်နေမှုများကို တင်ပြပြီး အားနည်းချက်၊ အားသာချက်များကို မှတ်တမ်းတင်၍ လိုအပ်သလို ဆောင်ရွက်နိုင်ရေးအတွက် အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်းသိရှိ ရပါသည်။

သတင်းပေးပို့သူ။  ။ မြတ်မျိုးမြင့်မာန်