Latest News

Dropdown Menu

Showing posts with label ကျိုက်ထိုဆရာတော်. Show all posts
Showing posts with label ကျိုက်ထိုဆရာတော်. Show all posts

Wednesday, February 22, 2012

တာချီလိတ်မြို့တွင် တစ်ရက်သာအထူးတရားပွဲ အနေဖြင့် အစိုးရဓမ္မာစရိယနိုင်ငံတော်(၁၁) ဘွဲ့ရ ကျိုက်ထိုဆရာတော် အသျှင်နန္ဒောဘာသာဘိဝံသသည် ၂၂.၂.၂၀၁၂ အင်္ဂါနေ့ည၌ နိဗ္ဗာန်ရောက်ကြောင်းတရားတော်မြတ်များကို ဟောကြားတော်မှုခဲ့ပါသည်။
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦


ပရဟိတလူငယ်များအဖွဲ့မှာ ရခိုင်မုန့်တီဒါနပြုနေစဉ်
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦



Wall ရေခဲမုန့် အရောင်းဝန်ထမ်းများမှလည်း ဒါနပြုနေစဉ်
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦


တရားစာရွက်များ၊ ရေများ နှင့် အအေးများကို ဝေငှဒါနပြုနေကြစဉ်
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦


အလှူငွေလက်ခံရာဌာန
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

အခမဲ့ ဆေးကုဌာန
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

အခမဲ့ မြန်မာ့တိုင်းရင်းဆေးကုဌာန
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

အလှူငွေလက်ခံရာဌာန
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

ဆရာတော်အား စောင့်မျှော်ကြိုဆိုနေကြသော ပရဟိတလူငယ်များ
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦


တရားသဘင်သို့ ဆရာတော်ကြွတော်မူလာစဉ်
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦






တရားနာ ပရိသတ်များပြည့်လျှံ
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦



တရားသဘင်မှ ပြန်လည်ကြွချီတော်မူစဉ်
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

ကျိုက်ထိုဆရာတော်

အသျှင်နန္ဒောဘာသာဘိဝံသ၏

ထေရုပတ္တိအကျဉ်း

၁၃၁၆ခုနှစ်၊၀ါဆိုလပြည့်ကျော်(၃)ရက်၊စနေနေ့တွင်မကွေးတိုင်း၊နတ်မောက်မြို့ နယ်၊ လင်းဒလူးကျေးရွာ၌ ခမည်းတော် ဦးကျော်ဟိုး + မယ်တော် ဒေါ်ခင်လှ (ခ) ဒေါ်ဆားတို့မှ ဖွားမြင်သည်။

၁၃၂၉ခုနှစ်(၁၂)နှစ်သားအရွယ်တွင် မန္တလေးအနောက်ခင်မကန်တိုက်၊ ပုပ္ပါးကျောင်း ဆရာတော်ကို ဥပဇ္ဈာယ်ပြုကာ ဥဒကုက္ခေပသိမ်တော်၌ ရဟန်းဖြစ်ခဲ့သည်။

(၁) ဧရာဝတီတိုင်း၊ ကျုံမငေးမြို့ နယ်၊ ရေလည်ကျွန်းရွာ၊ နတ်ထိပ်ကျောင်း ဆရာ တော် (၂) မန္တလေးအနောက် ခင်မကန်တိုက် ပုပ္ပါးကျောင်းဆရာတော်၊ (၃) မိုးတားကျောင်း ဆရာတော် (၄) အုတ်လှေခါးကျောင်းဆရာတော်၊ (၅) မိုးကောင်းကျောင်းဆရာတော်နှင့် (၆) တောင်ပြင် ပေါက်မြိုင်ဆရာတော်တို့ထံတွင် ပညာသင်ခဲ့သည်။

သကျသီဟ၊သာမဏေကျော် ပထမဆင့်၊ အစိုးရ ပထမငယ်၊ ပထမလတ်၊ ပထမကြီး တို့ကို ကိုရင်ဘ၀ဖြင့် အောင်မြင်ခဲ့ပြီး

  1. ၁၉၇၆ ခုနှစ် အစိုးရ သာသနဓဇ ဓမ္မာစရိယဘွဲ့၊
  2. ၁၉၈၃ ခုနှစ် မန္တလေး ပရိယတ္တိသာသနဟိတ သကျသီဟ ဓမ္မာစရိယဘွဲ့၊
  3. ၁၉၈၆ ခုနှစ်တွင် ရန်ကုန် စေတီယင်္ဂဏဓမ္မာစရိယ ဂဏ၀ါစကဘွဲ့၊
  4. ၁၉၉၄ ခုနှစ်တွင် အစိုးရနိကာယ ၀ိနယ၀ိဒူဘွဲ့၊
  5. ၁၉၉၆ ခုနှစ်တွင် အစိုးရ ဒီဃနိကာယ၀ိဒူဘွဲ့။ (တစ်နိုင်ငံလုံး တတိယ)
  6. ၁၉၉၉ ခုနှစ်တွင် အစိုးရ အဂုင်္တ္တရနိကာယ၀ိဒူဘွဲ့၊
  7. ၁၉၉၉ ခုနှစ်တွင် မန္တလေး ပရိယတ္တိသာသနဟိတဓရ ဂုဏ၀ိသိဋ္ဌဘွဲ့၊
  8. ၂၀၀၀ ခုနှစ်တွင် အစိုးရမဇ္ဈိမနိကာယ၀ိဒူဘွဲ့၊
  9. ၂၀၀၂ ခုနှစ်တွင် အစိုးရသံယုတ္တနိကာယ၀ိဒူဘွဲ့၊ (တစ်နိုင်ငံ ဒုတိယ)
  10. ၂၀၀၅ ခုနှစ်တွင် အစိုးရ ခုဒ္ဒကနိကာယ၀ိဒူဘွဲ့၊
  11. ၂၀၀၆ ခုနှစ်တွင် အစိုးရအဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်တို့ကို ရရှိတော်မူသည်။

၁၉ နှစ်သားမှစ၍ မန္တလေး အနောက်ခင်မကန်တိုက်၊ မကွေးမြို့  မဟာရတနာရာမ တိုက်နှင့် ပြည်မြို့ ရတနာပါဒကျောင်းတိုက်များ၌ စာပေပို့ချခဲ့ပြီး၊ ၁၃၅၄ခုနှစ်ကဆုန်လပြည့် ကျော်(၇) ရက်နေ့မှစပြီး မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ ၊ ကံ့ကော်ရပ်ကွက်၌ မြို့ -မရမ်းချို အောင် သစ္စာပရိယတ္တိစာသင်တိုက် တည်ထောင်ဖွင့်လှစ်ကာ ယခုအချိန်အထိပဓာနနာယကအဖြစ် ဖြင့် ငယ်၊ လတ်၊ ကြီး ဓမ္မာစရိယနှင့် ပါဠိတော် စာဝါများ ပို့ချခြင်း၊ နယ်လှည့်တရားဓမ္မ ဟော ပြောပြသခြင်း စသော ပရိယတ် ပဋိပတ် တာဝန်များ ထမ်းဆောင်လျက်ရှိပါသည်။

ကျိုက်ထိုဆရာတော်

အသျှင်နန္ဒောဘာသာဘိဝံသ

မြို့ -မရမ်းချိုအောင်သစ္စာ စာသင်တိုက်

ကံ့ကော်ရပ်ကွက်၊ ကျိုက်ထိုမြို့ ၊ မွန်ပြည်နယ်

❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦


နတ်လူ အမျှ သာဓုခေါ်စေသောဝ်.....
သာဓု..... သာဓု..... သာဓု.....

ကျေးဇူးတင်ပါသည်
Tachileik
www.tachileik.net

ထေရုပတ္တိအကျဉ်းကိုးကား: dhammaweb.net