Latest News

Dropdown Menu

Showing posts with label လူပျောက်သတင်း. Show all posts
Showing posts with label လူပျောက်သတင်း. Show all posts

Wednesday, September 18, 2013

မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်မြို့တစ်မြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မယ်ခေါင်ရပ်ကွက်တွင် စက်တင်ဘာလ ၁၈ရက်၊ နံနက် ၉နာရီခွဲ အချိန်ခန့်က နှစ်နှစ်သားအရွယ်ရှိ ကလေးတစ်ဦး ရုတ်တရက် ပျောက်ဆုံးနေသည့်အတွက် မိဘဆွေမျိုးများက သက်ဆိုင်ရာ ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။


ဖြစ်စဉ်မှာ နံနက် ၉နာရီခွဲအချိန်ခန့်က ပျောက်ဆုံးနေသော ကလေး၏ မိခင်ဖြစ်သူ မနန်းဆေးသည် အိမ်ရှေ့ရှိ ဈေးဆိုင်တွင် မုန့်ဝယ်ရန်အတွက် နေအိမ်မှ ထွက်သွားပြီး ၁၀မိနစ်ခန့်အကြာ၌
နေအိမ်သို့ ပြန်ရောက်သောအခါမှာ ကလေးမှာ နေအိမ်တွင် မရှိတော့ကြောင်းနှင့် အိမ်အတွင်းပြင် အပါအ၀င် အိမ်နီးပတ်လည်တစ်ဝိုက် ရှာဖွေရာမှာလည်း မတွေ့ရှိရကြောင်း သိရသည်။

"ကလေးက ခါတိုင်းဆို အပြင်တခါမှ မထွက်ဘူး၊ ဒီနေ့ သူ့အမေက ဈေးဆိုင်မှာ မုန့်သွားဝယ်တော့ အနောက်က လိုက်သွားတဲ့ သဘောထင်တယ်၊ ခဏလေးအတွင်းမှာပဲ ကလေးက ပျောက်သွားတယ်၊ အိမ်အနောက်ပေါက်ကလည်း ပိတ်ထားတာဆိုတော့ ထွက်မယ်ဆို အရှေ့တံခါးပေါက်ပဲရှိတာ၊ တစ်ယောက်ယောက်ကများ ချီပြီးခေါ်သွားလားမသိဘူး"ဟု ကလေး၏ ဆွေမျိုးသားချင်းများမှ တာချီလိတ်အွန်လိုင်းသို့ ရှင်းပြသည်။

ရုတ်တရက်ပျောက်ဆုံးသွားသော နှစ်နှစ်သားအရွယ် မောင်စိုင်းလုံဝမ်းအား တွေ့ရှိပါက အောက်ပါ ဆက်သွယ်ရန်လိပ်စာသို့ ဆက်သွယ်၍ အသိပေးအကြောင်းကြားနိုင်ပါသည်။

အဖ - ကိုစိုင်းစံညွှန့်လှိုင်
အမိ - မနန်းဆေး
အိမ်အမှတ် ၄/၄၀၊ မယ်ခေါင်ရပ်ကွက်၊ တာချီလိတ်မြို့
မြန်မာဖုန်း။      ။ 0949032827
ထိုင်းဖုန်း။       ။ 0869150567, 0860116780

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Thursday, August 15, 2013

ဇူလိုင်လ ၂၂ ရက်နေ့ က နေအိမ်သို့ ပြန်ရောက်လာခြင်းမရှိပဲ ပျောက်ဆုံးနေသည့် ၁၃ နှစ်သား မောင်ဝေလင်းအောင်၏ သတင်းအား တာချီလိတ်အွန်လိုင်း ၌ သြဂုတ်လ ၆ ရက်နေ့က ဖော်ပြခဲ့ပြီးနောက် သြဂုတ်လ ၁၂ရက်နေ့တွင် ပုန်းထွန်ရပ်ကွက်နေ အမျိုးသမီးတစ်ဦး၏ အသိပေးပြောကြားချက်ကြောင့် မိဘများက ကလေးရှိရာသို့ သွားရောက်ပြီး ပြန်လည်ခေါ်ဆောင်လာခဲ့ကြရာ ယခုအခါမှာ မောင်ဝေလင်းအောင်မှာ မိဘများနှင့် နွေးထွေးစွာ နေထိုင်လျှက်ရှိကြောင်း သိရ၍ တာချီလိတ်အွန်လိုင်းမှ သွားရောက်ကာ မေးမြန်းခဲ့ပါသည်။

{ မောင်ဝေလင်းအောင်အား မေးမြန်းနေစဉ် }

ဇူလိုင်လ ၂၂ ရက်နေ့က ပျောက်ဆုံးသွားသော အသက် ၁၃ နှစ်ရှိ မောင်ဝေလင်းအောင်သည် နေအိမ်သို့ မပြန်ပဲ ဘုန်းကြီးကျောင်းတစ်ကျောင်း၌ နေလေရာ သြဂုတ်လ ၁၂ ရက်နေ့က ပုန်းထွန်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးမှ ကလေးအား တွေ့မိကြောင်း အသိပေးလာသောကြာင့် ၎င်း၏ မိခင်ဖြစ်သူ ဒေါ်ညွှန့်ကြည်တို့မှ သွားရောက်ကာ မောင်ဝေလင်းအောင်အား ပြန်လည်ခေါ်ဆောင်ခဲ့ကြသည်။

"အမေ အကြွေလဲခိုင်းတဲ့ ပိုက်ဆံကို ဂိမ်းဆော့မိပြီး အိမ်မပြန်ရဲတော့လို့ လျှောက်သွားနေရင်းနဲ့ လမ်းမှာ စစ်သားကြီးတစ်ယောက်က သားကိုမေးတယ်၊ ဘယ်သွားမို့လဲတဲ့၊ သားက ဗိုက်ဆာတယ်လို့ ဖြေလိုက်တော့၊ ဗိုက်ဆာရင် ဟိုရှေ့မှာ ဘုန်းကြီးကျောင်းရှိတယ်၊ အဲ့ဒီကို သွားဆိုပြီး ညွှန်လိုက်တော့၊ သားလည်း ဗိုက်ဆာလို့ စစ်သားကြီးပြောတဲ့ ဘုန်းကြီးကျောင်းကို သွားလိုက်တာ"ဟု မောင်ဝေလင်းအောင်မှ ပြောပြသည်။

"ဘုန်းကြီးကျောင်းရောက်တော့ ကျောင်းထိုင်ဘုန်းကြီးက နေပြည်တော်ကို ခရီးထွက်နေတယ်၊ ကျန်ခဲ့တဲ့ ဘုန်းကြီးက ဒီမှာနေချင်ရင် ဆက်နေပါ၊ မနေချင်ရင် ပြန်လို့ရပါတယ်လို့ ပြောလို့၊ သားလည်း အိမ်ကို မပြန်ရဲတော့တာနဲ့ ဘုန်းကြီးကျောင်းမှာပဲ ဆက်နေနေတာ၊ "ဟု မောင်ဝေလင်းအောင်မှ ဆက်လက် ရှင်းပြသည်။

မောင်ဝေလင်းအောင်သည်  တာချီလိတ်မြို့ အခြေခံပညာအထက်တန်းကျောင်း ( ၈-တန်း G )တွင် ပညာသင်ကြားသော ကျောင်းသားတစ်ဦးဖြစ်ပြီး မိဘများမှာ ဦးခင်အောင်သက် နှင့် ဒေါ်ညွှန့်ကြည်ဖြစ်ရာ မောင်နှမ ၆ ဦး ရှိကြောင်း သိရသည်။

သြဂုတ်လ ၆ ရက်နေ့က ဖော်ပြခဲ့သော လူပျောက်သတင်း
http://www.tachileik.net/2013/08/MgWaiLinag.html )

Tuesday, August 6, 2013

မြန်မာ - ထိုင်း နယ်စပ်ဒေသမြို့တစ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် အသက် ၁၃နှစ်အရွယ် ၈တန်းကျောင်းသားလေး မောင်ဝေလင်းအောင်သည် ပြီးခဲ့သော ဇူလိုင်လ ၂၂ရက်နေ့ကစပြီး ယနေ့ထိ နေအိမ်သို့ ပြန်လည်ရောက်ရှိမလာပဲ ပျောက်ဆုံးနေကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဇူလိုင်လ ၂၂ ရက်နေ့ မွန်းလွဲ ၂နာရီခန့်က နေအိမ်ဖြစ်သော စည်ပင်ကုန်းမှ မိဘများ ဈေးရောင်းသော ဧရာဝတီဘဏ်၏ ဘယ်ဘက်အခြမ်းရှိ သစ်သီးဆိုင်သို့လာရန်အတွက် အိမ်နဘေးရှိ ၎င်းတို့နှင့် ရင်းနှီးသော ငယ်ရွယ်သူ မိန်းကလေးတစ်ဦးမှ သစ်သီးဆိုင်သို့ ပို့ဆောင်ပေးရာ သစ်သီးဆိုင်သို့ မရောက်မီ ကျောက်တိုင်ဘေးရှိ ဗယ်လင်တိုင်း လက်ဖက်ရည်ဆိုင်တွင် ပြသနေသော ရုပ်သံဇာတ်လမ်းအား ကြည့်ချင်ကြောင်း၊ ခဏနေမှ ဆိုင်ကိုသွားမည်ဖြစ်ကြောင်း နှင့် အဆိုပါနေရာမှာပင် ထားခဲ့စေလိုကြောင်း မောင်ဝေလင်းအောင်မှ ပြောကြားသည်ဖြစ်တာကြောင့် ကျောက်တိုင်ရှေ့မှာပင် ထားခဲ့ကြောင်းကို ပျောက်ဆုံးချိန် ကာလအတွင်းက အကြောင်းအရာများကို မိခင်ဖြစ်သူ ဒေါ်ညွှန့်ကြည်၏ ပြောကြားချက်အရ သိရသည်။

ထိုအချိန်မှစ၍ မိဘများ၏ သစ်သီးဆိုင်သို့ ရောက်ရှိလာခြင်းမရှိတာကြောင့် ဇူလိုင်လ ၂၄ရက်နေ့က မြို့နယ်ရဲစခန်းသို့ သွားရောက် အသိပေးအကူအညီတောင်းခံထားကြောင်း သိရသည်။

"ကျောင်းပိတ်တဲ့ ရက်မို့ အိမ်မှာ ပြန်အိပ်ခိုင်းတာ၊ အန်တီတို့က ဆိုင်မှာပဲအိပ်တယ်၊ ကျောင်းဖွင့်တဲ့ ရက်ဆိုရင် ကျောင်းသွားရတာ အဆင်ပြေအောင်လို့ ဆိုင်မှာပဲ ခေါ်အိပ်တယ်၊ ခုလည်း ကျောင်းဖွင့်ရက်မှာ ကျောင်းသွားလွယ်အောင်လို့ ဆိုင်လာခိုင်းလိုက်တာ ၂၂ရက်နေ့က ပျောက်တာတောင် အန်တီမသိသေးဘူး၊ ဆိုင်ကို မလာတော့ အိမ်မှာပဲ အိပ်တယ်ထင်နေတာ၊ နောက်ရက် ကျောင်းမလာတာ သိရတော့တဲ့ အခါမှ ပျောက်နေတယ်ဆိုတာ သိရတာပါ၊ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ပါဘူး၊ ကူညီနိုင်သူများ ကူညီပေးကြပါရှင်"ဟု မိခင်ဖြစ်သူ ဒေါ်ညွှန့်ကြည်မှ တာချီလိတ်အွန်လိုင်းသို့ ပြောကြားလာသည်။

ပျောက်ဆုံးနေသော အသက် ၁၃နှစ်အရွယ် မောင်ဝေလင်းအောင်သည် လက်ရှိတွင် တာချီလိတ်မြို့ အခြေခံပညာအထက်တန်းကျောင်း ( ၈-တန်း G )တွင် ပညာသင်ကြားသော ကျောင်းသားတစ်ဦးဖြစ်ပြီး မိဘများမှာ ဦးခင်အောင်သက် နှင့် ဒေါ်ညွှန့်ကြည်ဖြစ်ရာ မောင်နှမ ၆ဦးရှိကြောင်း သိရသည်။

ပျောက်ဆုံးနေသော အသက် ၁၃နှစ်အရွယ် မောင်ဝေလင်းအောင်အား တွေ့ရှိပါက အောက်ပါ ဆက်သွယ်ရန် လိပ်စာသို့ အသိပေးအကြောင်းကြား နိုင်ပါသည်။
မြန်မာဖုန်း ။       ။ 084-52560
ထိုင်းဖုန်း။       ။ 090 6724172
ဧရာဝတီဘဏ် ဘယ်ဘက်ဘေး၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး ၊ တာချီလိတ်မြို့။