Latest News

Dropdown Menu

Showing posts with label လူမှုရေး. Show all posts
Showing posts with label လူမှုရေး. Show all posts

Tuesday, February 25, 2014

တာချီလိတ်ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ နှင့် ခရိုင်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း
တို့မှ  ကြီးမှူး၍ နှစ်စဉ်ကျင်းပလေ့ရှိသည့် တာချီလိတ်မြို့နယ် အတွင်း ရပ်ကွက်များမှ အမှန်တကယ် ဆင်းရဲနွမ်းပါးသည့် ကလေးသူငယ်များအား စုပေါင်း၍ ရှင်ပြု လှူဒါန်းပေးမှုကို ၂၀၁၄ခုနှစ် မတ်လ(၂)ရက်နေ့ နှင့် (၃)ရက်နေ့တို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါ ရှင်ပြုအလှူတွင် ကလေးသူငယ် (၂၀)ဦး သတ်မှတ်ထားပြီး တာချီလိတ်မြို့ ပုန်ထွန်းရပ်ကွက်ရှိ ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတွင် ရှင်ပြုလှူဒါန်းပေးမည်ဖြစ်ရာ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ် အတွင်းရှိ ကိုရင်ဝတ်လိုသူ ကလေးများ၏ စာရင်းကို တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ ဧပြီလ(၂၇)ရက်နေ့ ညနေ (၅)နာရီအချိန်ထိ လာရောက်၍ စာရင်းပေးသွင်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။


တာချီလိတ်မြို့တွင် အဆိုပါအဖွဲ့မှ နှစ်စဉ်နှစ်တိုင်း စုပေါင်းရှင်ပြုပေးလာခဲ့သည်မှာ ယခုအကြိမ်ဆိုလျှင် တတိယအကြိမ်မြောက်ဖြစ်ပြီး ရှင်လောင်းလှည့်မည့် ရက်အား ၂၀၁၄ခုနှစ် မတ်လ (၂)ရက်နေ့ သတ်မှတ်ထားပြီး အလှူကြီးနေ့ကို မတ်လ(၃)ရက်နေ့ သတ်မှတ်ထားကြောင်းနှင့် ယခုအကြိမ်အား ယခင်နှစ်ထက် စည်ကားသိုက်မြိုက်စွာဖြင့် ရှင်လောင်းလှည့်လည်မှာ ဖြစ်ကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Sunday, February 23, 2014

   တာချီလိတ်မြို့ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း
အဝေးအား ဖေဖေါ်ဝါရီလ (၂၃)ရက်၊ နေ့လည် (၁)နာရီအချိန်က တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်ရှိ
ဦးအောင်မျိုးဝင်း+ဒေါ်စိုးဥမ္မာတို့၏ နေအိမ်တွင်ကျင်းပရာ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ
ဝင်များနှင့် စိတ်ပါဝင်စားသူများတက်ရောက်ကြပါသည်။


    အစည်းအဝေးတွင် ရှေးဦးစွာ ကော်မတီအတွင်းရေးမှူး ဦးအောင်ဖြိုးရှိန်မှ ဖေဖေါ်ဝါရီလ (၁၈)ရက်
နေ့တွင် ကျင်းပခဲ့သော ပဏာမအစည်းအဝေးမှတ်တမ်းနှင့် ကော်မတီဖွဲ့စည်းပုံအား ရှင်းလင်းပြောကြားကာ ကော်မတီ နာယက ဦးမြင့်ဦးမှ အမှာစကားပြောကြားပါသည်။ ယင်းနောက် နာယက ဦးတင်နွယ် ၊ ဥက္ကဋ္ဌ ဦးတင့်ဆွေ နှင့် ကော်မတီဝင်များ ၊ တက်ရောက်လာကြသူများမှ ၀ိုင်းဝန်းဆွေးနွေးအကြံပြုကြကာ
(၁) ဗိုလ်ချုပ်ကြေးရုပ်ပုံစံအား အွန်လိုင်းမှတဆင့် အများပြည်သူသို့ချပြကာ ဆန္ဒတောင်းခံအတည်ပြုရေး
(၂) အပတ်စဉ်စနေနေ့တိုင်း ရှမ်းရိုးမကွင်းတွင် အများပြည်သူ ထည့်ဝင်လှူဒါန်းနိုင်ရေးအတွက် အလှူခံ
ဌာနဖွင့်လှစ်ရေး
(၃) ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ကော်မတီများမှတဆင့် ကြေးရုပ်တည်ဆောက်ခွင့်နှင့် မြေနေရာ
တောင်းခံရေး
(၄) ဗိုလ်ချုပ်ကြေးရုပ်အား မြန်မာမှုပညာရှင် တမ္မ၀တီ ဦးဝင်းမောင်ထံ လုပ်ငန်းအပ်နှံရေး
(၅) ဗိုလ်ချုပ်ကြေးရုပ် အရွယ်အစားအား ဘုရင့်နောင်မင်းတရားကြီးရုပ်ထုထက် အတန်ငယ်သေးငယ်
သောအရွယ်အစားဖြင့် သွန်းလုပ်ရေးတို့အား ဆွေးနွေးဆုံးဖြတ်ကြပါသည်။


     ထို့နောက် ဘဏ္ဍာရေးမှူး ဒေါ်စိုးဥမ္မာမှ အစည်းအဝေးဆုံးဖြတ်ချက်များအား ဖတ်ကြားအတည်ပြု
ကာ နာယက ဦးမြင့်ဦး ၊ ဥက္ကဋ္ဌ ဦးတင့်ဆွေ ၊ တွဲဖက်အတွင်းရေးမှူး ဦးစည်သူမောင် ၊ကော်မတီဝင်
ဦးမောင်လှ နှင့် အခြားအလှူရှင်များက ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးအတွက် ငွေကျပ် သိန်းတစ်ရာ
ကျော်အား စုပေါင်းထည့်ဝင်လှူဒါန်းကြပြီး အစည်းအဝေးတက်ရောက်သူများအားလုံးမှ ဘုရင့်နောင်
မင်းတရားကြီးရုပ်တုသို့သွားရောက်ကာ အရွယ်အစားအားတိုင်းတာကြရာ ဘုရင့်နောင် မင်းတရားကြီး
၏ရုပ်တုမှာ ၁၃ ပေကျော်ကျော်ရှိသည့်အတွက် ဗိုလ်ချုပ်ကြေးရုပ်အား ၁၂ပေ အမြင့်အရွယ် သွန်းလောင်းရန် အများသဘောတူ ဆုံးဖြတ်ကြပါသည်။


ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသူများအား ဗယ်လင်တိုင်းကဖေးမိသားစုမှ နေ့လည်စာဖြင့် တည်ခင်းဧည့်ခံဒါနပြုကြောင်း သိရှိရပါသည်။
သတင်းပေးပို့သူ ။        ။ မောင်ယဉ်ကျေး
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Tuesday, February 18, 2014


တာချီလိတ်မြို့ရှိ "အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ"အဖွဲ့ကြီးမှ ပေါက်ဖွားလာသော "ဇီဝက"အခမဲ့ဒါန ကုသိုလ်ဖြစ် ဆေးကုသခန်းအတွက် သုံးထပ်ဆောက်အဦဆောက်လုပ်ရန် စတင် ပန္နရိုက်အခမ်းအနားကို ယနေ့ဖေဖော်ဝါရီလ(၁၉)ရက် နံနက် (၉)နာရီအချိန်က ၀မ်ကောင်းရပ်ကွက်၊ ဘိုးဘွားရိပ်သာအနီးမှာ ပြုလုပ်ရာ ရွှေည၀ါဆရာတော်မှ ကြွရောက်ပြီး ပန္နတော်ရိုက်ပေးခဲ့ကြောင်း သိရသည်။

ပန္နရိုက်အခမ်းအနားသို့ ရွှေည၀ါဆရာတော် အရှင်ပညာသီဟ နှင့် မြေကွက်အလှူရှင် မိသားစုအပါအ၀င်၊ "အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ"အဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များ တက်ရောက်လာခဲ့ကြပြီး ဆရာတော်မှ တရားတော်များပွားများ၍ ပန္နတော်ရိုက်ပေးခဲ့သည်။

( လုပ်ဆောက်မည့် ပုံကြမ်း )

 "ဇီဝက"အခမဲ့ဒါန ကုသိုလ်ဖြစ် ဆေးကုသခန်းအတွက် လိုအပ်နေသည့် မြေကွက်အား ဦးထွန်းနေဦး + ဒေါ်ခင်ခင်ချို ( ဟိုတယ်တာချီလိတ် ) မိသားစုမှ လှူဒါန်းတာဖြစ်ပြီး အကျယ်အ၀န်းမှာ အလျား ပေ(၇၀) နှင့် အနံ (၂၅)ပေ ရှိကြောင်း နှင့် ယနေ့ ပန္နရိုက်အခမ်းအနားတွင် သုံးထပ်ဆေးခန်း တည်ဆောက်ရန်အတွက် မတည်အလှူငွေများအဖြစ် စေတနာရှင် အလှူရှင်များမှ လှူဒါန်းလာကြရာ စုစုပေါင်းအလှူငွေ (၃၀၇၅၀၀)ဘတ် အပြင် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်  ဦးဝီလ်ဆင်မိုးမှ ဘိလပ်မြေအိတ် ( ၅၀၀) နှင့် ဦးစိုင်းလုံးတစ်တို့မှ အုတ်အလုံး(၃၀၀၀)ကို လှူဒါန်းသွားကြောင်း သိရသည်။


"ဇီဝက"အခမဲ့ဒါန ကုသိုလ်ဖြစ် ဆေးကုသခန်းအနေဖြင့် မရှိနွမ်းပါးနှင့် အခက်အခဲဖြစ်နေသူများအား အခမဲ့ဆေးကုသပေးခြင်းကို ၂၀၁၃ခုနှစ် မတ်လ (၃၀)ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး ယနေ့ထိတွင် ကုသပေးခဲ့သည့် လူနာများမှာ (၂၈၀၀)ကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။


လက်ရှိတွင် ဆေးခန်းအား ဘိုးဘွားရိပ်သာအနီးရှိ တိုက်ခန်းမှာ ဖွင့်လှစ်၍ ဆေးဝါးကုသပေးနေပြီး အဆိုပါ အခမဲ့ဆေးကုခန်းမှာ ဒေါက်တာ ပြည့်မြင့်မြတ် နှင့် ဒေါက်တာ မျိုးသွယ်သွယ်ဦး အပါအ၀င် ဆေးအကူ(၂)ဦးနှင့် "ဇီဝက"အခမဲ့ဒါန ကုသိုလ်ဖြစ် ဆေးကုသခန်းအဖွဲ့ဝင် ၀န်ထမ်းများဖြင့် လည်ပတ်၍ ဆေးဝါးကုသပေးနေပြီး ရံဖန်ရံခါ၌  သမားတော်ကြီး ဒေါက်တာဖြိုးထက်ဦး မှလည်း လာရောက်၍ အခမဲ့ကုသပေးကြောင်း သိရှိရသည်။

ရွှေည၀ါ ဆရာတော်သည် တာချီလိတ်၌ ဖေဖော်ဝါရီလ(၁၇)ရက်နှင့်(၁၈)ရက် ညများမှာ တရားတော်ဟောကြားရန်အတွက် ကြွရောက်လာခဲ့ရင်း ယခုလို အကျိုးပြုလုပ်ငန်းအနေဖြင့် "ဇီဝက"အခမဲ့ဒါန ကုသိုလ်ဖြစ် ဆေးကုသခန်းအတွက် အဆောက်အဦးဆောက်လုပ်ရန် ပန္နရိုက်၍ ချီးမြှင့်ခြင်းဖြစ်သည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းဖုန်းဒေသတွင် သီတင်းသုံးစံမြန်းနေသော မိုင်းဖုန်းဆရာတော်သည် တာချီလိတ်မြို့မှ ရန်ကုန် သို့ ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် ကြွရောက်ပြီး ထိုမှတဆင့် ဗုဒ္ဓဂယာသို့ ကြွချီမည်ဖြစ်ကြောင်း တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒ (စ၀်ဆုခမ်း တန့်ယန်း)၏ ဖေ့ဘုတ်တွင် ဖော်ပြထားချက်အရ သိရှိရသည်။

 တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒ (စ၀်ဆုခမ်း တန့်ယန်း)၏ ဖေ့ဘုတ်တွင် ဖော်ပြထားသော မိုင်းဖုန်းဆရာတော်၏ ခရီးစဉ်များနှင့် ပတ်သက်၍ မူရင်းအတိုင်း
ပြန်လည်ဖော်ပြလိုက်ပါသည်။


=== မိုင်းဖုန်းဆရာတော် ရန်ကုန်ကြွမည် = = =
၂၀/၂/၂၀၁၄ တာချီလိတ်မှ လေယာဉ်ဖြင့် ရန်ကုန်ကို ကြွပါမည်။ ညနေပိုင်း လေယာဉ်ဆိုက်ပါမည်။ အချိန်ရှိပါက ညဦးပိုင်း ရွှေတိဂုံတွင် ရွှေသင်္ကန်း သွားရောက်လှူဒါန်းပါမည်။ ထောက်ကြံ့သာသနာလင်္ကာရ မိုင်းဖုန်းကျောင်းတွင် ကျိန်းပါမည်။

၂၁/၂/၂၀၁၄ မနက်ပိုင်း ကမ္ဘာအေးတွင် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများအား ကန်တော့၊ ကံထပ်မင်္ဂလာပြုလုပ်ပြီး နေ့ဆွမ်းဆက်ကပ်ပါမည်။ ပြီးလျှင် ဗဟန်းဇီဝိတဆေးရုံတွင် အလှူငွေ သွားလှူမည်။ ပြီးလျှင် ကျိုက်ဝိုင်း ခေမရဌ်ကျောင်း၊ ကိုးမိုင်ရှမ်းကျောင်းသို့ ကြွရောက် ဘုရားဖူးကာ ထောက်ကြံ့သာသနာလင်္ကာရ မိုင်းဖုန်းကျောင်းတွင် ညကျိန်းပါမည်။

၂၂-၂၃/၂/၂၀၁၄ တွင် နေပြည်တော်ကို ကြွဖို့ အစီအစဉ်ရှိပါမည်။
၂၄-၂၅/၂/၂၀၁၄ မန္တလေးသို့ ကြွပါမည်။
၂၆/၂/၂၀၁၄ မန္တလေး အပြည်ပြည်ဆိုင်ရာ တံတားဦးလေဆိပ်မှ ဗုဒ္ဓဂယာသို့ ဘုရားဖူးကြွပါမည်။
၂/၃/၂၀၁၄ ဘူတန်တော်ဝင်မိသားစု၏ ပင့်ဖိတ်ချက်အရ ဘူတန်နိုင်ငံသို့ ကြွပါမည်။
၁၂/၃/၂၀၁၄ မြန်မာနိုင်ငံသို့ ပြန်ကြွလာပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ခရီးစဉ် စတင်ပါမည်။
မိုင်းဖုန်းဆရာတော်အား ဖူးမျှော်လိုသော ဒကာဒကာမများ ကြိုတင်သိရှိနိုင်ရန် ခရီးစဉ်ကို ဖော်ပြလိုက်ပါတယ်။ ကျန်းမာပါစေ။
တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒ (စ၀်ဆုခမ်း တန့်ယန်း)

ꨁꨤဝ်းတꨤင်း ꨅဝ်ꨳသိꨓ်ထမ်း ဝုꨓ်းꨅုမ်ꨵ
20.2.2014 လုꨀ်ꨵတꨣꨳꨁီꨳလꨱꨀ်း သေ တေယေꨣးꨁိင်း ꨟွတ်ꨳထိုင် တꨣꨳꨀုင်ꨳ။ ꨟူဝ်ꨁမ်ꨳ သင်မီးꨁꨤဝ်းယꨤမ်း တေꨀꨮꨣꨲ လူꨲꨲတꨤꨓ်း ꨁမ်း တမ်ꨳတီꨳ ထꨤတ်ꨳလူင် သူꨉ်ꨲတꨀူင်ꨲ။ တေမိုဝ်း ꨓွꨓ်ꨳတီꨳ ဝတ်ꨵသꨣꨲꨲသꨓꨣꨲလင်ꨲꨀꨣꨲရ မိုင်းꨕူင်း တီꨳထွꨀ်ꨵꨀျꨤꨓ်ꨵ။
21.2.2014 တွꨓ်ꨳꨓ်ꨮ တေꨀꨮꨣꨲတီꨳ ꨀမ်ꨲꨕꨣꨲေꨡးသေ ꨀꨮꨣꨲလူꨲတꨤꨓ်း ထꨤပ်ꨳꨀꨤမ်ꨲပꨓ် ꨅဝ်ꨳထꨱꨓ်လူင် မꨵꨟꨵꨓ ꨁဝ်ꨅဝ်ꨳယဝ်ꨵ လူꨲတꨤꨓ်း သွမ်းဝꨓ်း။ ဝꨤꨯးꨓꨓ်ꨵ တေꨀꨮꨣꨲတီꨳ ꨟူင်းယꨣꨅီꨲဝိတ ပꨟꨤꨓ်း။ ဝꨤꨯးꨓꨓ်ꨵ တေꨀွꨣꨲꨲဝꨯꨳြꨣꨕꨣး တီꨳ ဝတ်ꨵꨀꨱင်းတုင်၊ ဝတ်ꨵတꨯးꨀဝ်ꨳလꨀ်းသေ တေမိုဝ်း ꨓွꨓ်ꨳတီꨳ ဝတ်ꨵသꨣꨲꨲသꨓꨣꨲလင်ꨲꨀꨣꨲရ မိုင်းꨕူင်း တီꨳထွꨀ်ꨵꨀျꨤꨓ်ꨵ။
22-23.2.2014 တေမီး ꨁꨤဝ်းတꨤင်း ꨀꨮꨣꨲေꨓꨲပျီꨲတေꨣꨲ။
24-25.2.2014 ꨁꨤဝ်းတꨤင်း ဝꨱင်းလိုဝ်ꨲ (မꨤꨓ်းတလေး)။
26.2.2014 တေလုꨀ်ꨵတီꨳ ပꨤင်ꨲꨟိုဝ်းမိꨓ် တတꨣးꨡူးသေ ꨀꨮꨣꨲဝꨯꨳြꨕꨣး ပုတ်ꨵထꨀယꨣꨲ။
2.3.2014 တေလုꨀ်ꨵ ꨡိꨓ်ꨲတိယ သိုပ်ꨲꨀꨮꨣꨲ မိုင်းပူꨲတꨤꨓ်ꨲ။
12.3.2014 တေꨁိုꨓ်း ꨟွတ်းထိုင် တꨣꨳꨀုင်ꨳသေ ဝꨤꨯးꨓꨓ်ꨵ တေသိုပ်ꨲꨁꨤဝ်းတꨤင်း မိုင်းတꨯး ပွတ်းꨟွင်ꨲꨓꨯယဝ်ꨵ။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Friday, February 14, 2014

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ နယ်စပ်မြို့တစ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် ပွင့်လင်းကာလ ကျရောက်သည့် အခါတိုင်း၌ အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ အဖွဲ့မှ တရားပွဲများကို ကျင်းပပြုလုပ်လေ့ရှိရာ ဖေဖော်ဝါရီလ (၁၇)ရက်နေ့တွင် (၂၄)ကြိမ်မြောက် (၁၄)ညတိုင်တိုင် အထူးတရားပွဲကို တာချီလိတ်မြို့ရှမ်းရိုးမကွင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါ တရားပွဲသို့ ရွှေည၀ါဆရာတော်မှ ကြွရောက်၍ တရားတော် ဟောကြားတော်မူမှာ ဖြစ်ကြောင်း သိရသည်။


ဖေဖော်ဝါရီလ(၁၇)ရက်နေ့မှ မတ်လ(၂)ရက်နေ့ထိ (၁၄)ညတိုင်တိုင် ကျင်းပပြုလုပ်မည့် တရားပွဲတွင် ရွှေည၀ါ ဆရာတော် အရှင်ပညာသီဟ၊ ဆရာတော် အရှင်ခေမိန္ဒ(စစ်ကိုင်း၊ ခင်မကန်)၊ နိုင်ငံတော် (၁၁)ဘွဲ့ရ ဆရာတော် အရှင်နရသာမိလင်္ကာရ၊ နိုင်ငံတော်(၉)ဘွဲ့ရဆရာတော် အရှင်ပါကဋာလင်္ကာရ၊ သစ္စာရွှေစည်ဆရာတော် အရှင်ဥတ္တမ၊ ရွှေမြိုင်ဆရာတော် ဘဒ္ဒန္တသြဘာသဘိဝံသ နှင့် ဆရာတော် ဘဒ္ဒန္တဥတ္တမ(သိကြားဂူ မိုးကုတ်ဓမ္မရိပ်သာ) စသည့် ဓမ္မကထိက ဆရာတော် (၉)ပါးမှ ကြွရောက်၍ တရားတော် ဟောကြားတော်မူမှာ ဖြစ်ကြောင်း သိရသည်။

အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေးအဖွဲ့မှ ယခုကျင်းပပြုလုပ်မည့် (၂၄)ကြိမ်မြောက် တရားပွဲကို ကျင်းပ ပြီးမြောက်ပြီးနောက် (၂၅)ကြိမ်မြောက် အထူးတရားပွဲကို မတ်လအတွင်း တက္ကသိုလ်ဝင် စာမေးပွဲအပြီးမှာ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့မှ သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Thursday, February 13, 2014

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့တွင် တစ်ကြိမ်တစ်ခါမှ ကျင်းပ မပြုလုပ်ဖူးသည့် ထူးခြားသော အစီအစဉ် တစ်ရပ်အနေဖြင့် ဖေဖော်ဝါရီလ(၁၃)ရက်နေ့မှာ ကျရောက်သည့် (၉၉)နှစ်ပြည့် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ အထိမ်းအမှတ် အလှူကို ဖေဖော်ဝါရီလ(၁၃)ရက် နံနက်(၉း၃၀)နာရီမှ မွန်းလွဲ(၂း၂၀)နာရီအချိန်ထိ တာချီလိတ်မြို့ပေါ်ရှိ စာသင်ကျောင်း (၅)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ် ( ၃၄၃၇ )ဦးတို့အား ဗိုလ်ချုပ်ချစ်မြတ်နိုးသူများမှ ဗိုလ်ချုပ်အောင်ဆန်း ကြိုက်နှစ်သက်သော အစားအစာ တစ်ခုဖြစ်သည့် ပဲပြုတ်နှင့်နံပြားကို ကျွေးမွေးလှူဒါန်းခဲ့ပြီး နိုင်ငံတော်သမ္မတကြီးမှ လမ်းညွှန်မှာကြားထားသည့်အတိုင်း ကလေးသူငယ်များအား အာဟာရတစ်ခုအဖြစ် နို့ဗူးများလည်း တိုက်ကျွေး၍ ဗိုလ်ချုပ်အောင်ဆန်းအား ရည်စူးကာ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ကြသည်။

{ အ.မ.က ( တာလော့ }

ထိုသို့ မပြုလုပ်မီမှာ နံနက်ပိုင်းက  ဗိုလ်ချုပ်ချစ်မြတ်နိုးသူများမှ ဗိုလ်ချုပ်အောင်ဆန်းအား ရည်စူး၍ သာသနာ့ဂုဏ်ရည်ကျောင်းတိုက်မှ ဆရာတော် ဥူးဓမ္မဓဇ(သာသနဓဇ ဓမ္မာစရိယ) အပါအ၀င် သံဃာတော် အရှင်သူမြတ် (၅)ပါးတို့အား ပင့်ဖိတ်ကာ တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်၊ ၀မ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးရှိ ရပ်ကွက်ဓမ္မာရုံမှာ အာရုံဆွမ်း နှင့် သင်္ကန်းများ ဆက်လက်လှူဒါန်းကာ ရေစက်သွန်းချ တရားတော် နာယူခဲ့ကြသည်။

အာရုံဆွမ်း နှင့် သင်္ကန်းများဆက်ကပ် တရားနာ}

အဆိုပါအဖွဲ့မှ ကျောင်းများသို့ သွားရောက်၍ ပဲပြုတ်နံပြား လှူဒါန်းရာတွင် ဦးစွာပထမ ပုန်းထွန်(အ.လ.က)သို့ သွားရောက်ရာမှာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်မြတ်ဆင့် နှင့် ဆရာမများက ကျောင်းသား၊ ကျောင်းသူ အယောက်(၈၅၀)အတွက် နေရာထိုင်ခင်းများကို စီစဉ်ပြုလုပ်ပေးပြီး ဗိုလ်ချုပ်ချစ်မြတ်နိုးသူများအဖွဲ့မှ ကျောင်းသား၊ ကျောင်းသူလေးများအား ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်ဓါတ်ရေးရာ၊ ပွင့်လင်းရိုးသားမှု အကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့ကြပြီး အဆိုပါ
ကျောင်းသား ကျောင်းသူများထဲမှ အချို့အား ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် မေးခွန်း(၁၀)ခုကို ဖြေစေပြီး၊ မှန်ကန်စွာ ဖြေဆိုနိုင်သူများနှင့် အနီးစပ်ဆုံး ဖြေဆိုနိုင်သူများကို ဗိုလ်ချုပ်အောင်ဆန်းပုံပါရှိသည့် လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်၍ မျိုးချစ်စိတ်ဓါတ် ရှိစေရေးနှင့် ဗိုလ်ချုပ်အောင်ဆန်းအား အစဉ်အမြဲ သတိရနေရေးအတွက် အသိပညာပေးမှုများကို ပြုလုပ်ခဲ့ကြသည်။

{ ရန်အောင်မြေ [မူလွန်] }

ထိုနည်းတူစွာပင် အ.မ.က(တာလော့)တွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းကောင်ခမ်း နှင့် ဆရာ/မ(၁၆)ဦး အပါအ၀င် ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ် (၄၅၃)ဦး၊ ရန်အောင်မြေ (မူလွန်)တွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဌေးမာ နှင့် ဆရာ/မ(၂၈)ဦး အပါအ၀င် ကျောင်းသား၊
ကျောင်းသူ (၁၅၅၇)ဦး၊ အ.မ.က(၀မ်မိုင်၂)တွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာဆွေ နှင့် ဆရာမ(၆)ဦး အပါအ၀င်  ကျောင်းသား၊ကျောင်းသူ ကလေးသူငယ် (၂၃၀)ဦး နှင့် ၀မ်ကောင်းရပ်ကွက် ကချင်ရွာ(မူလွန်)တွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းမြဌေး နှင့် ဆရာ/မ(၁၀)ဦး အပါအ၀င် ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ် (၃၄၇)ဦး စုစုပေါင်းကျောင်းသား (၃၄၃၇)ဦးတို့ကို ပဲပြုတ်နံပြားနှင့် နို့ဗူးပါ တိုက်ကျွေးခဲ့ကြသည်။

{ ကချင်ရွာ [မူလွန်] }

ဗိုလ်ချုပ်ချစ်မြတ်နိုးသူများအဖွဲ့က ကလေးများအား ပဲပြုတ်နံပြားနှင့် နို့ဗူး တိုက်ကျွေးရုံမဟုတ်ပဲ အသိပညာပေးများဖြင့် ဟောပြောရာမှာ"ကျွန်တော်တို့တိုင်းပြည်ရဲ့တစ်ချိန်တစ်ခါက စစ်သေနာပတိချုပ်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ ပဲပြုတ်နဲ့ နံပြားစားချင်တာကို သူ့ဇနီးထံ မှာထားပုံလေးကြည့်ကာ ခေါင်းဆောင်ကောင်း တစ်ယောက်ဆိုတာ သူ့ဇနီးသားမယားနှင့် တိုင်းသူ ပြည်သားတို့ အပေါ်မှာ နိုင်ထက်စီးနင်း ပြောဆိုခိုင်းခြင်း မရှိဘူးဆိုတာကို သိစေ၊ မှတ်သားစေချင်တယ်၊ နောက်တခု ကလေးတွေ စာအုပ်တစ်အုပ်၊ စာပိုဒ်တစ်ပိုဒ်ဖတ်ပြီးတိုင်း စဉ်းစားတွေးခေါ်တတ်သော အကျင့်တွေရရှိ စေချင်တယ်"ဟု ရှင်းလင်းဟောပြောသည်။

{ အ.မ.က [တာလော့] }

ဆက်လက်၍ "ဗိုလ်ချုပ်အောင်ဆန်းကို လေးစား အားကျပြီး အတုယူချင်သော စိတ်ဓာတ်အခြေခံကာ ဗိုလ်ချုပ်ကိုချစ်သောစိတ်များ တဖွားဖွားပေါ်လာမယ် အဲဒါမှ ကျွန်တော်တို့ ဗိုလ်ချုပ်ချစ်သူများရဲ့ အဓိက ပန်းတိုင်ဖြစ်သည့် ဗိုလ်ချုပ်နှလုံးသားမျိုးနဲ့ ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်ကောင်းတွေ ပေါ်ထွန်းလာမှာပါ၊ ဘာကြောင့်လဲဆိုရင် လူရဲ့သဘော သဘာဝက ကိုချစ်တဲ့သူရဲ့ စကားဆိုရင် နားထောင်ကြတယ် မဟုတ်လား ကလေးတွေလည်း ဗိုလ်ချုပ်ကို အားကျတဲ့စိတ် လေးစားတဲ့စိတ်များ ပေါ်ပေါက်လာပြီး ဗိုလ်ချုပ်ကို ချစ်တတ်သွားမယ်လေ၊ ဒါကြောင့် သူတို့ချစ်တဲ့ ဗိုလ်ချုပ်စကားကို နားထောင်လာကြမယ်..."ဟု ရှင်းလင်း ဟောပြောသည်။

{ အ.လ.က [ပုန်းထွန်] }

တဆက်တည်းမှာပင် "အခုလို ကလေးများကို ရှင်းပြပေးလိုက်လို့ ကလေးငယ်များ သိရှိနားလည် သွားကြမယ် ဆိုရင် ငယ်စဉ်အခါထဲက ဗိုလ်ချုပ်စိတ်ဓာတ်ကို သိရှိနားလည်း ကျင့်သုံးသွားကြမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ မျိုးဆက်တွေ ကျွန်တော်တို့ လောက်ခက်ခဲကြမ်းတမ်းသော လမ်းတွေကို လျှောက်လှမ်းစရာမလိုတော့ပါဘူး ဆိုတာလေးကို ပြောပြလိုက်ပါရစေ"ဟု ကလေးများအား ပဲပြုတ်နှင့်နံပြားကျွေးရခြင်းအကြောင်း ရှင်းပြရင်းဖြင့် စိတ်ဓါတ်မြှင့်တင်ပေးခြင်း နှင့် ဗိုလ်ချုပ်အောင်ဆန်းအား အစဉ်အမြဲ ချစ်မြတ်နိုးစေရန်အတွက် ဗိုလ်ချုပ်ချစ်မြတ်နိုးသူများအဖွဲ့မှ ရှင်းလင်းဟောပြောခဲ့ကြသည်။

{ အ.မ.က [ ၀မ်မိုင်-၂] }

ထိုသို့ကျောင်း အသီးသီးတွင် ပဲပြုတ်နံပြား နှင့် နို့တိုက်ကျွေးပြီး တစ်ကျောင်းလျှင် ကျောင်းသား၊ ကျောင်းသူ (၅)ဦးမှ (၁၀)ဦးထိ ရွေးထုတ်ကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် မေးခွန်း(၁၀)ခုကို ရေးဖြေစေပြီး၊ မှန်ကန်စွာ ဖြေဆိုနိုင်သူများနှင့် အနီးစပ်ဆုံး ဖြေဆိုနိုင်သူများကို ဗိုလ်ချုပ်အောင်ဆန်း ပုံပါရှိသည့် အမှတ်တရလက်ဆောင်အား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

{ အ.မ.က [ ၀မ်မိုင်-၂] }

ပုန်းထွန်ကျောင်း၌ အခမ်းအနားပြုလုပ်ခြင်းနှင့် ပတ်သက်၍ "ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှာ အခုလို ပွင့်လင်းလွတ်လပ်ပြီး ကျောင်းတွေမှာ ပဲပြုတ်နံပြား လိုက်ကျွေးတာကို မြင်ရတော့ စိတ်ထဲ ဘယ်လို ဖြစ်မိမှန်းကို မပြောတတ်ဘူးဗျာ၊ ကြက်သီးမွှေးညင်းတောင် ထတယ်၊ ကျွန်တော် တစ်သက်နဲ့တစ်ကိုယ် အခုလို မြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူးဘူး"ဟု ပုန်းထွန်းရပ်ကွက်မှ ကျောင်းသား မိဘတစ်ဦးက ၀မ်းသာပီတိဖြင့် တာချီလိတ်အွန်လိုင်းသို့ ပြောကြားသည်။

{ အ.မ.က [တာလော့] }

"ကျွန်မ ဆရာမလုပ်လာတဲ့ သက်တမ်းတစ်လျှောက်လုံး ဒီလိုမျိုး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှာ ပဲပြုတ်နဲ့ပြားလာကျွေးတာ တခါမှ မမြင်ဖူးဘူး၊ ကြည့်ပြီး မျက်ရည်ကျမိတယ်၊ ပိုလို့ ၀မ်းသာပီတိဖြစ်မိတာက အခုလိုမျိုး ချီးမြှင့်ထိုက်သူ ဂုဏ်ပြုထိုက်သူကို ရည်စူးပြီး ပြုလုပ်ပေးတာ အရမ်းကောင်းတယ်၊ နှစ်တိုင်းလည်း ဒီလိုပွဲမျိုးတွေ ပြုလုပ်ပေးနိုင်ပါစေလို့လည်း ဆုတောင်းပေးပါတယ်"ဟု ရန်အောင်မြေ(မူလွန်)ကျောင်းမှ ဆရာမတစ်ဦးက ၀မ်းသာပီတိ မျက်ရည်ကျရင်း ပြောကြားလာသည်။

{ အ.လ.က [ပုန်းထွန်] }

ရန်အောင်မြေ(မူလွန်)တွင် ပြုလုပ်သော အခမ်းအနားမှာ အောင်ဆန်းဇာနည် သီချင်းအား သံပြိုင်သီဆိုတာနှင့် ပတ်သက်၍ "ကလေးတွေ သံပြိုင်ဆိုနေတဲ့ သီချင်းကို ကြားရတော့ ငိုချင်မိတယ်၊ စိတ်ခံစားမှုကြောင်းလားမသိဘူး၊ တစ်ခါမှ ဒီလိုမျိုး ဗိုလ်ချုပ်အောင်ဆန်းအတွက် လုပ်ပေးတာတွေ မမြင်ဖူးတော့ အံ့လည်းအံ့သြမိတယ်၊ ၀မ်းလည်းဝမ်းသာတယ်"ဟု လာရောက်ကြည့်ရှုသူ ကျောင်းသား မိဘများထဲမှ အမျိုးသမီးတစ်ဦးကလည်း တာချီလိတ်အွန်လိုင်းသို့ ၀မ်းသာပီတိဖြင့် ပြောပြသည်။

{ အ.မ.က [ ၀မ်မိုင်-၂] }

တာချီလိတ်မြို့တွင် ယခုလို ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အလှူအဖြစ် ကျောင်းများ၌ ပဲပြုတ်နှင့်နံပြား ကျွေးခြင်းသည် ပထမအကြိမ်ဖြစ်ပြီး ယခုလို လှူဒါန်းပြုလုပ်နိုင်ရန်အတွက် တာချီလိတ်မြို့ရှိ ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားပြည်သူများ နှင့် စီးပွားရေးလုပ်ငန်းရှင်များမှ ပူးပေါင်းပါဝင် လှူဒါန်းခြင်းကြောင့် ဖြစ်ကြောင်း နှင့် ယခုလို အခမ်းအနား မပြုလုပ်မီ ရက်ပိုင်းက ပြုလုပ်သော အစည်းအဝေး၌ တာချီလိတ်မြို့ အထင်ကရ နေရာတွင် လာမည့်နှစ်၌ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်အား သွန်းလုပ်ထားရှိနိုင်ရန် အတွက်လည်း ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း သိရှိရသည်။

{ ကချင်ရွာ [မူလွန်] }

တာချီလိတ်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်၍ ပထမအကြိမ် ပွင့်လင်းလွတ်လပ်သော အခမ်းအနားအဖြစ် ပြီးခဲ့သော ၂၀၁၃ခုနှစ်က အာဇာနည်နေ့ အခမ်းအနားကို ဥသြဆွဲကာ မြို့လုံးကျွတ် ကျင်းပနိုင်ခဲ့ပြီး ယခုပြုလုပ်သော ဗိုလ်ချုပ်အောင်ဆန်း (၉၉)နှစ်ပြည့် မွေးနေ့အခမ်းအနားသည်လည်း အားလုံး ပူးပေါင်းလက်တွဲကာ ပွင့်လင်းလွတ်လပ်စွာဖြင့် ကျင်းပနိုင်ခဲ့သည့် ဒုတိယအကြိမ် အခမ်းအနားဖြစ်ကြာင်း သိရသည်။

ပုံများကိုကြည့်ရန်
ဗိုလ်ချုပ်အောင်ဆန်းအားရည်စူး၍ မွေးနေ့အလှူ သံဃာတော်များအားဆွမ်းကပ်
23 photos
အ.လ.က(ပုန်းထွန်)မှ ကျောင်းသား/သူ ၈၅၀ ဦးအား ပဲပြုတ်နံပြားကျွေး
80 photos
အ.မ.က(တာလော့)မှ ကျောင်းသား/သူ ၄၅၃ ဦးအား ပဲပြုတ်နံပြားကျွေး
58 photos
ရန်အောင်မြေ(မူလွန်)မှ ကျောင်းသား/သူ ၁၅၅၇ဦးအား ပဲပြုတ်နံပြားကျွေး
37 photos
ဝမ်မိုင်-၂(အ.မ.က)မှ ကျောင်းသား/သူ ၂၃၉ ဦးအား ပဲပြုတ်နံပြားကျွေး
39 photos
ကချင်ရွာ(မူလွန်)မှ ကျောင်းသား/သူ ၃၄၇ ဦးအား ပဲပြုတ်နံပြားကျွေး
38 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Wednesday, February 12, 2014

အစိမ်းနုရောင် ၀တ်စကုတ်အင်္ကျီ၏ ကျောဖက်တွင် "ရွှေတာချီလိတ် ခရီးသွားလုပ်ငန်း"စာတန်း တံဆိပ်ရိုက်နိပ်ကာ ၀တ်ဆင်၍ ခရီးတို၊ ခရီးရှည် တို့ကို ခရီးသည်များ စိတ်တိုင်းကျ လိုက်ပါပို့ဆောင်ပေးနေသော ဆိုင်ကယ် Taxi ပြေးဆွဲသူများ၏ မိခင်အသင်းဖြစ်သည့် လူမှုကူညီရေးအသင်း(တာချီလိတ်)၊ ရွှေတာချီခရီးသွားလုပ်ငန်းသည် ယနေ့ ဖေဖော်ဝါရီလ (၁၂)ရက် ပြည်ထောင်စုနေ့မှာ ဒုတိယအကြိမ်အဖြစ် အသင်းသားစုံညီ မိတ်ဆုံစားပွဲနှင့် အသင်း၏ ရန်ပုံငွေဖြင့် ဗလာမပါ ကံစမ်းမဲ စုမဲပေါင်း (၈၉၅)ဆု ကို ဆိုင်ကယ် Taxi ပြေးဆွဲသူ အသင်းသားများအား အခမဲ့ မဲဖေါက်ပေးသည့် အခမ်းအနားအား နံနက် (၁၀)နာရီမှာ စတင်၍ ကျင်းပပြုလုပ်ခဲ့ကြသည်။


ထိုသို ကျင်းပပြုလုပ်ရာတွင် အခမ်းအနားသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာ အကြီးအကဲများထဲမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက လူမှုကူညီရေးအသင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားသွားပြီး ရွှေတာချီခရီးသွားလုပ်ငန်း ဥက္ကဌ ဦးစိုင်းကျော်ဇံက  ရွှေတာချီခရီးသွားလုပ်ငန်း၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် နှစ်ချုပ်ဘဏ္ဍာရေးစာရင်းများအား ရှင်းလင်တင်ပြ ဖတ်ကြားသွားခဲ့သည်။


ဆက်လက်၍ ရွှေတာချီခရီးသွားလုပ်ငန်းအပေါ် အသင်းသားတစ်ဦးဖြစ်သူ မိုးသောက်ကြယ်ဂိတ်မှူး ဦးမင်းသူမှ ရင်တွင်းခံစားချက်များကို ပြောကြားသွားပြီး လူမှုရေးနှင့်ကယ်ဆယ် ကူညီမှုများတွင် ပါဝင် ကူညီဆောင်ရွက်ပေးခဲ့သော အသင်းသားများ နှင့် စံပြဂိတ်မှူးအဖြစ် ရွေးချယ်ခံရသည့် စံပြဂိတ်မှူးတို့အား တက်ရောက်လာသည့် အကြီးအကဲများက ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြင့်ခဲ့ကြသည်။


ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသည့် ကော်မတီဝင်များနှင့် အသင်းသားများ အပါအ၀င် (၇၀၀)ကျော်တို့မှ မိတ်ဆုံစားပွဲပြုလုပ်ကြပြီး ဗလာမပါ ကံစမ်းမဲ အစီအစဉ်အား စတင်ခဲ့ကြသည်။

{ ရုပ်သံ တင်ဆက်မှု }

ဗလာမပါ ကံစမ်းမဲတွင် ပထမဆု အဖြစ် TV နှင့် အောက်စက် တစ်စုံ၊ ဒုတိယဆုအဖြစ် TV တစ်လုံး၊ကျန်ဆုမဲများအဖြစ် စလောင်း (၃)ခု၊ DVD စက် (၂၀)လုံး၊ ထမင်းပေါင်းအိုး (၂၀)လုံး၊ ဆိုင်ကယ်ဦးထုပ် (၆၀)လုံး၊ တာယာ (၈၀)လုံး၊ ဘရိတ်ရှုး (၉၀)ခု၊ အင်ဂျင်ဝိုင် (၂၈၈)ဗူး နှင့် ကျွတ် (၃၃၂) စုစုပေါင်း ဆုမဲပေါင်း (၈၉၅)ဆုရှိရာ အဆိုပါ ဆုမဲများ၏ တန်ဖိုးငွေမှာ ထိုင်းဘတ်ငွေ တစ်သိန်းသုံးထောင်ဘတ် ရှိကြောင်း သိရသည်။

ရွှေတာချီခရီးသွားလုပ်ငန်းသည် ဆိုင်ကယ် Taxi ပြေးဆွဲသူ အသင်းသားများ၏ ကျန်းမာရေး နှင့် နာရေးကိစ္စတို့အား ကူညီထောက်ပံ့ပေးလျှက်ရှိပြီး ဖျားနာ၍ နားနေရပါက လစာအနားပေးထားမှာဖြစ်ပြီး အသည်းအသန်ဖြစ်ပေါ်လာသူများအား ကျန်းမာရေး စောင့်ရှောက်ရန်အတွက် ထောက်ပံ့ပေးမှုများဖြင့် ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

"အသင်းသားတွေထဲမှာလည်း ကျောင်းသားတွေ ရှိတယ်၊ တစ်ချို့ကျောင်းသားတွေဆိုရင် အဝေးသင်သွားတက်ဖို့ ၃-၄လ ကြာမယ်ဆိုရင် အသင်းရုံးကို လာရောက် အကြောင်းကြားပေးရပါမယ်၊ ဒါမှလည်း ကျွန်တော်တို့က သိပြီး လစာအနားပေးထားလို့ရမှာ"ဟု ရွှေတာချီခရီးသွားလုပ်ငန်းမှ  ကော်မတီဝင်တစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

"ဒီနေ့ အသင်းရဲ့ နှစ်ပတ်လည် အစီအစဉ် နှစ်ခုလုံးကို သဘောကျတယ်၊ နေ့လည်စာစားဖို့ စီစဉ်ထားတာရယ်၊ ဗလာမပါ ကံစမ်းမဲနှိုက်ပေးတာတွေပေါ့၊ နောက်နှစ်တွေလည်း
ဒီထက်မက ဆုမဲတွေ အများကြီးနဲ့ လုပ်နိုင်ပါစေလို့ မျှော်လင့်ပါတယ်"ဟု ဆိုင်ကယ် Taxi ပြေးဆွဲသူ အသင်းသားတစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

လူမှုကူညီရေးအသင်း(တာချီလိတ်)၏ ရွှေတာချီ ခရီးသွားလုပ်ငန်းမှ ဆိုင်ကယ် Taxi အသင်းသားများ အနေဖြင့် ဆိုင်ကယ်ပြေးဆွဲခြင်း လုပ်ငန်းအား "ရွှေတာချီ ခရီးသွားလုပ်ငန်း"အမည်ဖြင့် (၁၅.၂.၂၀၁၃)မှစ၍ ပြေးဆွဲခဲ့တာဖြစ်ကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
လူမှုကူညီရေးအသင်း(တာချီလိတ်)ရွှေတာချီခရီးသွားလုပ်ငန်းအသင်းသားစုံပွဲ
80 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
မိုင်းဖုန်းဆရာတော်၏ မိန့်ကြားချက်အရ တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ်အနီးရှိ ကျောက်ဖြူတောင်မှာ ကျောက်ဖြူဂူဟာစေတီတော်အား တည်ထားကိုးကွယ်ရန်အတွက် ယနေ့ ဖေဖော်ဝါရီလ(၁၂)ရက် နံနက် (၉း၀၉)နာရီအချိန်က နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး အမှူးပြု၍ ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများနှင့် အလှူရှင်များက ဋ္ဌာပနာတော်ပိတ်ပွဲကို ပြုလုပ်ခဲ့ကြသည်။



စေတီတည်ထားကိုးကွယ်မည့်နေရာမှာ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးနှင့် သံဃာတော်များမှ ပရိတ်တော်များ ရွတ်ဖတ်သရဇ္ဈာယ်ပြီး ဋ္ဌာပနာတော်ပိတ်ပွဲသို့ တက်ရောက်လာသည့် ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများထဲမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းထွန်း၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် အလှူရှင်တို့မှ ဋ္ဌာပနာတော်ထည့်သွင်း ပူဇော်ထားရှိမည့် အဖိုးတန်ပစ္စည်းများနှင့် ရုပ်ပွားဆင်းတုတော်များကို ဋ္ဌာပနထည့်သွင်းမည့်နေရာဌာနသို့ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး၏ မိန့်ဆို ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ခဲ့ကြတာကို တွေ့ရှိရသည်။



အဆိုပါ ပွဲသို့ မိုင်းဖုန်းဆရာတော်သည် မိုင်းလင်းဘက်သို့ သာသနာပြုခရီးတိုအဖြစ် ကြွရောက်နေသည့်အတွက် ကြွရောက်နိုင်ခြင်းမရှိပဲ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးမှ ကြွရောက်၍ ဦးဆောင်ကာ အဆိုပါ ဋ္ဌာပနာပိတ်ပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။

ပုံများကိုကြည့်ရန်
မိုင်းဖုန်းဆရာတော် မိန့်ကြားချက်အရ လွယ်တော်ခမ်း၌ စေတီ တည်
88 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Tuesday, February 11, 2014


ဖေဖော်ဝါရီလ (၁၃)ရက်နေ့မှာ ကျရောက်မည့် (၉၉)နှစ်ပြည့် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် တာချီလိတ်မြို့မှ ဗိုလ်ချုပ်ကိုချစ်မြတ်နိုးသူများက အဆိုပါနေ့မှာ တာချီလိတ်မြို့ပေါ်ရှိ စာသင်ကျောင်း (၅)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ် (၃၅၄၆)ဦးတို့ကို ဗိုလ်ချုပ်အောင်ဆန်း ကြိုက်နှစ်သက်သည့် ပဲပြုတ်နှင့်နံပြားအား ကျွေးမွေး၍ အလှူဒါနပြုလုပ်ရန်နှင့် နိုင်ငံတော်သမ္မတမှ မြန်မာနိုင်ငံသားများအား ညွှန်ကြားထားသည့်အတိုင်း နို့တိုက်မည့် အစီအစဉ်အတွက်လည်း ယနေ့ ဖေဖော်ဝါရီလ(၁၁)ရက် ည(၇)နာရီအချိန်က တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးမှာ အစည်းအဝေးပြုလုပ်ခဲ့ကြသည်။


အစည်းအဝေးတွင် ဖေဖော်ဝါရီလ(၁၃)ရက်နေ့မှာ ပြုလုပ်မည့် ကိစ္စရပ်များဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းအား ရည်စူး၍ သံဃာတော်အရှင်သူမြတ်များအား အာရုံဆွမ်းကပ်လှူဒါန်းခြင်း၊ ပဲပြုတ်နှင့်နံပြား မှာယူခြင်း၊ စာသင်ကျောင်းမှ ကလေးသူငယ်များအား ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်၍ မေးခွန်းများကို မေး၍ ဖြေဆိုနိုင်ပါက ဆုချီးမြှင့်ရန် ကိစ္စ၊ ကလေးများအား နို့တိုက်ရန် ကိစ္စတို့အပြင် အာဇာနည်နေ့ သို့မဟုတ် လာမည့်နှစ်တွင် တာချီလိတ်မြို့ အထင်ကရနေရာ၌ ဗိုလ်ချုပ်ကို ချစ်မြတ်နိုးသူများမှ ၀ိုင်းဝန်းစုပေါင်းကာ ဗိုလ်ချုပ်ကြေးရုပ်တုအား သွန်းလုပ်တည်ထားနိုင်ရန်အတွက်လည်း စည်းဝေးခဲ့ကြသည်။

ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ် (၃၅၄၆)ဦးအား အလှူဒါနပြုနိုင်ရန်အတွက် တာချီလိတ်မြို့ရှိ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ စသည့် ဗိုလ်ချုပ်ကို ချစ်မြတ်နိုးသူများက စုပေါင်းပါဝင်၍ အလှူငွေများ ထည့်ဝင်ခဲ့ကြတာဖြစ်ပြီး ပုန်းထွန် (မူလွန်) ကချင်ရွာ(အ.လ.က)၊ တာလော့(မူလွန်)၊ ပါလျှံ(အ.လ.က) နှင့် မူလတန်းကျောင်း (၀မ်မိုင်)တို့မှာ သွားရောက်၍ အလှူဒါနပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~