Latest News

Dropdown Menu

Showing posts with label ခရစ်ယာန်ဘာသာ. Show all posts
Showing posts with label ခရစ်ယာန်ဘာသာ. Show all posts

Sunday, October 27, 2013

၂၀၁၃ခုနှစ် အောက်တိုဘာလ ၂၇ရက် နံနက်ပိုင်းတွင် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ စိန်ဂျုဒ်ဘုရားကျောင်း၌ စိန်ဂျူဒ်ကက်သလစ်သာသနာ ကျောင်းတော်ကြီးပွဲတော်အား ဘာသာတူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။




ယခုပြုလုပ်သော စိန်ဂျူဒ်ကက်သလစ်သာသနာ ကျောင်းတော်ကြီးပွဲတော်သို့ ကက်သလစ်သာသနာ ဂိုဏ်းအုပ်ဆရာတော် ပီတာလွီစ် ကျာခူ နှင့် အတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ဘုန်းတော်ကြီးများ အပါအ၀င် ဘာသာတူ ဧည်သည့်တော်များ တက်ရောက်လာခဲ့ကြပြီး ပွဲတော်ကြီးနေ့၏ နံနက်ပိုင်းတွင် ဘာသာရေးဆုတောင်းခြင်းနှင့် စတုဒီသာ အကျွေးအမွေးများဖြင့် ဧည့်ခံခြင်းအပြင် ပျော်ပွဲ၊ ရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
စိန်ဂျူဒ်ကက်သလစ်သာသနာ ကျောင်းတော်ကြီးပွဲတော်နေ့ တာချီလိတ်၌ ကျင်းပ
48 photos


~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Sunday, May 26, 2013

တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲတွင် မိုင်းလင်းသာသနာအုပ်စု နှစ်(၉၀)ပြည့် အထိမ်းအမှတ်အဖြစ် သုံးပါးတစ်ဆူဘုရားကျောင်းဆောင်သစ် ဖွင့်ပွဲကို မေလ(၂၆)ရက်နေ့ နံနက်(၇း၃၀)နာရီက ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။


ဖွင့်ပွဲအဖြစ် ဖဲကြိုးဖြတ်ရာမှာ ကျိုင်းတုံကက်သလစ်သာသနာပိုင် ဂိုဏ်းအုပ်ဆရာတော် ပီတာလွီးစ်ကျာခူ နှင့် အလှူရှင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။ ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း အစီအစဉ်ပြီးသည့် နောက်ပိုင်းတွင် ရဟန်းသိက္ခာတင် မင်္ဂလာအခမ်းအနားကို ပြုလုပ်ခဲ့ကြပြီး နံနက်(၁၀း၃၀)နာရီမှာ ရဟန်းသစ်အား ဂုဏ်ပြုခြင်းကို ပြုလုပ်ခဲ့ကြသည်။ ဆက်လက်၍ နေ့လည်(၁၂)နာရီမှာ ဖိတ်ကြားထားသော ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများနှင့် ဧည့်သည်တော်များ ဂုဏ်ပြုမိတ်ဆုံစားပွဲကို ပြုလုပ်ခဲ့ကြပြီး အဆိုပါ ဘုရားကျောင်းအလှူရှင်များမှ ဌာနာဆိုင်ရာ အကြီးအကဲများအား အထိမ်းအမှတ်အလံများ ပေးအပ်ခဲ့ကြသည်။




ဘုရားကျောင်းရေစက်ချဖွင့်လှစ်ခြင်းကို ပြုလုပ်ကြရာ ဖွင့်ပွဲအခမ်းအနားသို့ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦရှာမွေလရှဲန်၊ အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးပီတာသောင်းစိန်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ အပါအ၀င် ဖိတ်ကြားထားသူ အများအပြား တက်ရောက်ခဲ့ကြသည်ကို တွေ့ရှိရသည်။


ယခုဖွင့်လှစ်လိုက်သော ဘုရားကျောင်းသည် (၂၀၁၁)ခုနှစ်က လှုပ်ခတ်သွားခဲ့သော ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် ဘုရားကျောင်းများအနက် တစ်ခုအပါအ၀င်ဖြစ်ရာ တာချီလိတ်မြို့ ပါလျှံရပ်ကွက်နေ ဦးဖရန်စစ် စိုင်းထွန်းရီ နှင့် ဒေါ်မာဒါလေးနာ နန်းဝိုးကျန်တို့၏ မိသားစုဝင်များ အပါအ၀င် အလှူရှင်များမှ စုပေါင်းကာ အသစ်ပြန်လည် ဆောက်လုပ် လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။ ကျောင်းဆောင်၏ အကျယ်အ၀န်းမှာ (100x40)ပေရှိပြီး တန်ဖိုးငွေ ကျပ်သိန်းတစ်ထောင်ကျော်ကုန်ကျခံကာ ဆောက်လုပ်ခဲ့ကြတာဖြစ်ကြောင်း သိရသည်။ ထို့အတူ အဆိုပါကျောင်းပြန်လည် တည်ဆောက်ရာတွင် ငလျင်ပြန်လည်ထူထောင်ရေးကော်မတီမှလည်း လိုအပ်သည့် ဘိလပ်မြေများ ကူညီထောက်ပံ့ပေးခဲ့ကြောင်းလည်း သိရှိရသည်။

ပုံများကိုကြည့်ရန်
75 photos

Monday, May 20, 2013

၂၀၁၁ခုနှစ် က လှုပ်ခတ်သွားသော ငလျင်ဒဏ်ကြောင့် ပြိုလဲပျက်စီးသွားခဲ့ရသည့် တာလေမြို့နယ်ခွဲ မိုင်းလင်းအနောက်အုပ်စု တော်ကော့ကျေးရွာ ကက်သလစ်သာသနာကျောင်းဝင်းရှိ "သုံးပါးတစ်ဆူဘုရားကျောင်း"အား ယခုခါမှာ ဆောက်လုပ်ပြီးစီးသွားပြီဖြစ်တာကြောင့် အလှူရှင်များအနေဖြင့် ရေစက်ချလှူဒါန်းပွဲနှင့် မိုင်းလင်းသာသနာအုပ်စု နှစ်(၉၀)ပြည့် အထိမ်းအမှတ်ပွဲတော်ကျင်းပ ပြုလုပ်မှာဖြစ်ကြောင်း သိရသည်။




ကျိုင်းတုံကက်သလစ်သာသနာပိုင် ဂိုဏ်းအုပ်ဆရာတော်ကြီး ပီတာလွီးစ် ကျာခူအား အမှုးထားပြီး မိုင်းလင်းသာသနာအုပ်စု နှစ်(၉၀)ပြည့် အထိမ်းအမှတ်အဖြစ် တာချီလိတ်မြို့ ပါလျှံရပ်ကွက်နေ ဦးဖရန်စစ် စိုင်းထွန်းရီ နှင့် ဒေါ်မာဒါလေးနာ နန်းဝိုးကျန်တို့၏ မိသားစုဝင်များမှ စုပေါင်းဆောက်လုပ်လှူဒါန်းထားသော သုံးပါးတစ်ဆူဘုရားကျောင်းအား ဖွင့်လှစ်ခြင်း အလှူတော်မင်္ဂလာကို (၂၅.၅.၂၀၁၃)ရက်နေ့မှ (၂၇.၅.၂၀၁၃)ရက်နေ့ထိ ပြုလုပ်မှာဖြစ်ပြီး အဆိုပါ ဖွင့်ပွဲသို့  ဂိုဏ်းအုပ်ဆရာတော်ကြီး ပီတာလွီးစ် ကျာခူ နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်မှာဖြစ်ကြောင်း သိရသည်။



ပွဲတော်အစီအစဉ်များမှာ မေလ(၂၅)ရက်နေ့ ညနေ(၄း၃၀)နာရီတွင် မယ်တော်ဂူသစ်အား ရေစက်ချဖွင့်လှစ်ခြင်းနှင့် ညပိုင်းတွင် ဖျော်ဖြေရေးများ ပြုလုပ်မှာဖြစ်ပြီး မေလ(၂၆)ရက် နံနက်(၇း၃၀)နာရီမှာ ဘုရားကျောင်းအား ရေစက်ချဖွင့်လှစ်ခြင်း၊ ရဟန်းသိက္ခာတင်ခြင်း၊ ရဟန်းသစ်အား ဂုဏ်ပြုခြင်း စသည်များကို ပြုလုပ်ကျင်းပသွားမှာဖြစ်ရာ ကက်သလစ်ဘာသာဝင်များနှင့် ဧည့်သည်တော်များ ကြွရောက် ချီးမြှင့်နိုင်ပါကြာင်း သိရသည်။

ပွဲတော်ကျင်းပမည့်နေရာ
ကက်သလစ်သာသနာကျောင်းဝင်း၊
တော်ကော့ကျေးရွာ၊
မိုင်းလင်းအနောက်အုပ်စု၊ တာလေမြို့နယ်ခွဲ


Wednesday, March 20, 2013

၂၀၁၃ခုနှစ် မတ်လ(၁၉)ရက်နေ့က တော်ဝင်မြန်မာမိသားစုမှ ကျပ်သိန်း(၁၅၀၀)ကျော် အကုန်အကျခံပြီး
ဆောက်လုပ်လှူဒါန်းထားတဲ့ သီရိစိန်ဂျိုးဇက်ဘုရားရှိခိုးကျောင်းဆောင်သစ်ကို ဖွင့်ပွဲအဖြစ်
ပြုလုပ်ကျင်းပခဲ့ကြပါတယ်။


ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ် မတ်လ(၂၄)ရက်နေ့တုန်းက တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲမှာ အင်အား(၆.၈)ရစ်တာစကေးရှိတဲ့ အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့မှုကြောင့် တာလေမြို့နယ်ခွဲ သီရိကျေးရွာရှိ ကက်သလစ်ဘုရားရှိခိုးကျောင်းကြီး ပြိုကျပျက်စီးသွားခဲ့ရတာဖြစ်ပါတယ်။

အဆိုပါ ပြိုကျပျက်စီးသွားတဲ့ နေရာမှာ တာချီလိတ်မြို့နယ် မကာဟိုခမ်းရပ်ကွက်၊ အမှတ်(၆/၈၂)နေ  ဦးကြည်မြင့် + ဒေါ်နန်းခမ်း ( တော်ဝင်မြန်မာမိသားစု ) မှ (100x60)ပေ အကျယ်အ၀န်းရှိတဲ့ အဆောက်အဦးကို တန်ဖိုးငွေ ကျပ်သိန်း(၁၅၀၀)ကျော် အကုန်အကျခံကာ ဆောက်လုပ် လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။ ဘုရားရှိခိုးကျောင်းကို စတင်ဆောက်လုပ်ရန်အတွက် ၂၀၁၁ခုနှစ် ဧပြီလ(၃)ရက်နေ့က အုတ်မြစ်ချခဲ့ကြတယ်လို့လည်း သိရပါတယ်။



ဘုရားရှိခိုးကျောင်းကို ဖွင့်ပွဲအဖြစ်ပြုလုပ်ရာ ကျိုင်းတုံသာသနာပိုင် ဂိုဏ်းအုပ်ဆရာတော်ကြီး ပီတာလွီးစ်ကျာခူ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နဲ့ အလှူရှင် ဦးကြည်မြင့် တို့က  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။

{တော်ဝင်မြန်မာမိသားစု}

ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ နဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ စုစုပေါင်း(၃၀၀၀)ကျော် တက်ရောက်လာခဲ့ကြပြီး တက်ရောက်လာခဲ့ကြတဲ့ ဧည့်သည်တော်များကို နေ့လည်စာဖြင့် ဧည့်ခံကာ ကံစမ်းမဲများလည်း ဖောက်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

ပုံများကိုကြည့်ရန်

Monday, March 11, 2013

တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲရှိ သီရိကျေးရွာမှာ တော်ဝင်မြန်မာမိသားစုက အသစ်ပြန်လည် ဆောက်လုပ်လှူဒါန်းထားတဲ့ "စိန်ဂျိုးဇက် ဘုရားရှိခိုးကျောင်းကြီး"ကို မတ်လ(၁၉)ရက်နေ့မှာ ဖွင့်လှစ်မှာဖြစ်ကြောင်း သတင်းရရှိပါတယ်။



ဘုရားကျောင်းကို ဆောက်လုပ်ရန်အတွက် ပြီးခဲ့သော ၂၀၁၁ခုနှစ် ဧပြီလ(၃)ရက်နေ့က ကျိုင်းတုံသာသနာပိုင် ဂိုဏ်းအုပ်ဆရာတော်ကြီး ပီတာလွီးစ်ကျာခူ နဲ့ ဘုန်းတော်ကြီးများက အုတ်မြစ်ချပေးခဲ့ပြီး အလှူရှင်ဖြစ်တဲ့ တာချီလိတ်မြို့မှ  ဦးကြည်မြင့်(ခ)ကားလို + ဒေါ်နန်းခမ်း(ခ)အားနာ ( တော်ဝင်မြန်မာ မိသားစု)က အသစ်ပြန်လည် ဆောက်လုပ်လှူဒါန်းတာဖြစ်ကြောင်း သိရပါတယ်။ ဆောက်လုပ်ပြီးစီးသွားတဲ့ "စိန်ဂျိုးဇက် ဘုရားရှိခိုးကျောင်းကြီး"ကို ဖွင့်ပွဲအခမ်းအနား ပြုလုပ်မည့်နေ့မှာ ကျိုင်းတုံသာသနာပိုင် ဂိုဏ်းအုပ်ဆရာတော်ကြီး ပီတာလွီးစ်ကျာခူ က ကောင်းချီးပေး၍ ဖွင့်လှစ်ပေးမှာဖြစ်ကြောင်း သိရပါတယ်။ "စိန်ဂျိုးဇက် ဘုရားရှိခိုးကျောင်းကြီး"ကို ဆောက်လုပ်ပြီးစီးပြီး ဖွင့်ပွဲအဖြစ် ပြုလုပ်သည့် အမှတ်တရအနေဖြင့်လည်း ဖွင့်ပွဲသို့လာရောက်သူများကို ကံစမ်းမဲများနှိုက်ပေးမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။


၂၀၁၁ခုနှစ် မတ်လ(၂၄)ရက်နေ့ ည(၈း၂၅)နာရီက (၆.၈)ရစ်တာစကေးရှိတဲ့ အင်အားပြင်း ငလျင်ကြီးလှုပ်ခတ်သွားပြီး အဆောက်အဦအတော်များများ ပြိုကျပျက်စီးမှုများဖြစ်သွားခဲ့ရာ သီရိကျေးရွာရှိ ကက်သလစ် ဘုရားရှိခိုးကျောင်းကြီး အပါအ၀င် ပြိုကျပျက်စီးခဲ့ရတာကြောင့် တော်ဝင်မြန်မာ မိသားစုက အခုလို အသစ်ပြန်လည်ဆောက်လုပ်လှူဒါန်းတာဖြစ်တယ်လို့ သိရပါတယ်။

Saturday, October 27, 2012

ကျိုင်းတုံ ကက်သလစ်သာသနာပိုင် ဂိုဏ်းအုပ်ဆရာတော် ပီတာလွီး(စ်) [Peter Louis Ca Ku]  သည် တာချီလိတ် စိန်ဂျုဒ် ကက်သလိစ်ဘုရားရှိခိုးကျောင်းမှာ ကျင်းပတဲ့ ကျိုင်းတုံကက်သလိစ်သာသနာ နှစ်တစ်ရာပြည့် ဂျူဗလီအကြိုပွဲတော်သို့ အောက်တိုဘာ(၂၇)ရက်နေ့ ညနေ(၄း၄၀)နာရီမှာ ကြွရောက်ချီးမြှင့်ပါတယ်။


ကျိုင်းတုံကက်သလိစ်သာသနာ ရာပြည့်အကြို ဂျုဗလီပွဲတော်များကို ရှမ်းပြည်နယ်ရှိ မြို့နယ်တိုင်းမှာ အလှည့်ကျ ကျင်းပကြပြီး ထိုသို့ ကျင်းပသော မြို့များသို့ ဆရာတော်မှ တက်ရောက်ချီးမြှင့်ပေးတာဖြစ်တယ်လို့ တာချီလိတ်ဂျူဗလီပွဲတော်ကို တက်ရောက်လာသူ တစ်ဦးက ပြောပါတယ်။


အခြားမြို့ငယ်များတွင် ရာပြည့်ဂျူဗလီအကြိုပွဲတော်များကို ကျင်းပခဲ့ကြပြီး ယခုမှာ တာချီလိတ်အလှည့်ဖြစ်ပါတယ်။ တာချီလိတ် စိန်ဂျုဒ် ကက်သလိစ်ဘုရားရှိခိုးကျောင်းမှာ ကျိုင်းတုံကက်သလိစ်သာသနာ ရာပြည့်ဂျူဗလီအကြိုပွဲတော်ကို အောက်တိုဘာ(၂၇)ရက်နေ့မှ အောက်တိုဘာ(၂၈)ရက်နေ့ထိ (၂)ရက်တိုင်တိုင်ကျင်းပမှာဖြစ်ကြောင်း သိရပါတယ်။


ကျိုင်းတုံကက်သလိစ်သာသနာ နှစ်(၁၀၀)ပြည့် ဂျူဗလီပွဲတော်ကြီးကို ကျိုင်းတုံမြို့မှာကျင်းပမှာဖြစ်ပြီး ကျင်းပမဲ့ပွဲတော်ရက်ကိုတော့ နိုဝင်ဘာ(၆)ရက်မှ နိုဝင်ဘာ(၁၀)ရက်နေ့ထိ ကျင်းပမှာဖြစ်ကြောင်း သိရှိရပါတယ်။