ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ နယ်စပ်ဒေသမြို့ တစ်မြို့ဖြစ်သည် တာချီလိတ်မြို့၌ ယနေ့ နိုဝင်ဘာလ(၃၀)ရက် နေ့လည် (၁)နာရီ အချိန်က ဟောင်လိတ်ကျေးရွာအုပ်စု၊ ပါလျှံ(၂)ရပ်ကွက်ရှိ အေးချမ်းစေ(ပရဟိတ)တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးကျောင်း၌ တာချီလိတ်မြို့နယ်၏ (၁၁)ကျောင်းမြောက် ဓမ္မစကူးလ်ကျောင်းတော်အား ဖွင့်ပွဲအဖြစ် ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ ဖွင့်ပွဲတွင် အေးချမ်းစေ(ပရဟိတ) တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးကျောင်း ဆရာတော်ဘုရားမှ အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်နိုင်ရန်အတွက် သြ၀ါဒစကားမိန့်ကြားတော်မူပြီး ဝေဠုဝန်ကျောင်းတိုက် ဆရာတော်ဘုရားမှ ဓမ္မစကူးလ်ကျောင်းတော် ဖွင့်လှစ်နိုင်ခြင်းနှင့် ပတ်သက်၍ ၀မ်းမြောက်ကြောင်း သြ၀ါဒစကား မိန့်ကြားတော်မူသည်။
ဆက်လက်၍ တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော်(တာချီလိတ်) အလုပ်အမှုဆောင် နာယက အ.ထ.က ကျောင်းအုပ်ဆရာကြီး ဦးလှဝင်း နှင့် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော်(တာချီလိတ်) အလုပ်အမှုဆောင် ဦးကျော်သီဟ တို့မှ ဓမ္မစကူးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြပြီး ဆင်ဖြူတော်ကဖေးမှ ဦးမောင်လှ+ဒေါ်ထွေးကြည်တို့မှ သား မောင်ဟိန်းလင်းထက်၏ မွေးနေ့အလှူအဖြစ် ကျပ်ငွေ ငါးသောင်းကျပ် နှင့် ထိုင်းဘတ်ငွေ (၁၀၀၀)ဘတ်တို့ကို တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော်(တာချီလိတ်) သို့ ပေးအပ်လှူဒါန်းခဲ့ကြပြီး ဓမ္မစကူးလ်ကျောင်းတော် ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။
တာချီလိတ်မြို့သည် နယ်စပ်မြို့တစ်မြို့ဖြစ်သည်နှင့်အညီ ဘာသာရေး၌ အားသာလျှက်ရှိရာ ယခုအခါမှာ ဓမ္မစကူးလ်ကျောင်းတော်များအား ဖွင့်လှစ်ခဲ့သည်မှာ တာချီလိတ်မြို့ပေါ်၌ (၁၁)ကျောင်းမြောက်ပြီဖြစ်ကြောင်း သိရှိရသည်။
ပုံများကိုကြည့်ရန်

46 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net

.jpg)
.jpg)
.jpg)

Social Buttons