Latest News

Dropdown Menu

Saturday, January 19, 2013

တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်ရှိ အရှေ့ဘက်မုဒ်ဦးပြဿဒ်အား ထီးတော်တင် ရေစက်ချ

တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရှိ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်မှ အရှေ့ဘက်မုဒ်ဦးပြဿဒ်အား ထီးတော်တင်ခြင်းကို ၂၀၁၃ခုနှစ် ဇန်န၀ါရီ(၁၉)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။

 

တာချီလိတ်မြို့ မကာဟိုခမ်းရပ် မဟာမြတ်မုနိဘုရားကြီးကျောင်း ပဓာနနာယက ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိအား အမှူးထား၍ အလှူရှင်မိသားစုများမှ ဆွေတော်မျိုးတော်များကို ရည်စူး၍ လှူဒါန်းကြရာမှာ  ကျိုင်းတုံမြို့၊ ဓမ္မော ဒယ စာသင်တိုက် ပဓာနနာယက ဆရာတော်ဘုရားကြီး အဂ္ဂမဟာပဏ္ဍိတ-အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ-ရွှေကျင်နိကာယရတ္တညူမဟာနာယက ဘဒ္ဒန္တအာဇေယျ မှ ကြွရောက်၍ ချီးမြှင့်တော်မှုခဲ့ပါတယ်။


နံနက်ပိုင်းတွင်  မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်မှ အရှေ့ဘက်မုဒ်ဦးပြဿဒ်အား ထီးတော်တင်ခြင်းအစီအစဉ်ကို စတင်ခဲ့ကြပြီးနောက်၊ အဆိုပါကျောင်းတိုက်အတွင် ဆောက်လုပ်ပြီးစီးခဲ့သော မဟာမြတ်မုနိပြတိုက်နှစ်ထပ်ကျောင်းတော်၊ ဓမ္မာရုံတော်ကြီး၏ ကျွန်းလင်းနို့တောင်ပန်းဆွဲ(၅)ခန်း၊ ကျွန်းတရားဟောပလ္လင် နှင့် ဝေဿန္တရာဇတ်တရားတော်အလှူစသည်တို့အတွက် ရေစက်ချတရားနားခဲ့ကြပါတယ်။

ပုံများကိုကြည့်ရန်

« PREV
NEXT »