Writen by
Tachileik News Agency
6:57 AM
-
0
Comments
၂၀၁၃ခုနှစ် ဇန်န၀ါရီ(၁၅)ရက် (၂၁း၀၀)နာရီခန့်က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ချန်းမုတ်တောင်တပ်စခန်းမှ တာဝန်ကျလုံခြုံရေးအဖွဲ့နှင့် မြန်မာဘက်မှ မူးယစ်ဆေးဝါးသယ်ဆောင်လာသူ တစ်စုတို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။{Photo: Maesainews.com}
ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အခြေစိုက် အမှတ်(၃)လှုပ်ရှား ယန္တရားတပ်၏ လက်အောက်ခံဖြစ်တဲ့ မယ်ဆိုင်မြို့၊ ချင်းဒွိုင်ရွာ၊ ဟွေခိုက်တိုက်နယ် ချန်းမုတ်တောင်တပ်စခန်းမှာ တာဝန်ကျနေသော လုံခြုံရေးအဖွဲ့တို့သည် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စု ရွှေတောင်ရွှေနီ မျက်နှာချင်းဆိုင်တွင် မြန်မာဘက်မှ မူးယစ်ဆေးဝါးသယ်ဆောင်လာသူ မူးယစ်ဆေးဝါးမှောင်ခိုသမား(၄)ဦးကို တွေ့ရှိရ၍ ရပ်တန့်ရန် ပြောကြားစဉ်မှာ မူးယစ်ဆေးမှောင်ခိုအဖွဲ့မှ စတင်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ နှစ်ဖက်အပြန်အလှန် (၁၅)မိနစ်ခန့်ကြာ ထိတွေ့မှုဖြစ်ပွားခဲ့ပါတယ်။ ထိုပစ်ခတ်မှုမှာ မူးယစ်ဆေးဝါးသယ်ဆောင်လာသူအဖွဲ့မှ (၂)ဦးသေဆုံးပြီး (၂)ဦးလွတ်မြောက်သွားခဲ့ကြောင်း သိရပါတယ်။
{vdo from: ch7}

Social Buttons