Latest News

Dropdown Menu

Showing posts with label မူးယစ်ဆေးဝါးတိုက်ဖျက်ရေး. Show all posts
Showing posts with label မူးယစ်ဆေးဝါးတိုက်ဖျက်ရေး. Show all posts

Tuesday, July 30, 2013

စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ၌ အဓိက ဓါတုကုန်ကြမ်းဖြစ်သည့် ကဖင်းနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် ပြည်သူလူထု ပူးပေါင်းပါဝင်သော မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး စီမံချက်ပါလုပ်ငန်း တာဝန်များနှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသော လူမှုရေး ပြဿနာများအား အသိပညာပေးအနေဖြင့် ဆိုင်းဘုတ်များကို တာချီလိတ်မူးယစ်(အထူး)အဖွဲ့က ဇူလိုင်လ ၃၀ရက်နေ့က တာချီလိတ်မြို့နယ်အတွင်း အဓိက နေရာများမှာ စိုက်ထူခဲ့ကြောင်းသိရသည်။


တာချီလိတ်(မူးယစ်)မှ ကြီးကြပ်သူ ဒုရဲမှူးသန်းရွှေ ဦးစီးအဖွဲ့သည် စိတ်ကြွဆေးပြားထုတ်လုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်း ပစ္စည်းဖြစ်သော ကဖင်း(Caffeine)နှင့် ပတ်သက်၍ ပြည်သူလူထုများ ယာဉ်မောင်းသမားများ သိရှိစေရန် အတွက် အသိပညာပေး ဆိုင်းဘုတ်အား ၃၀-၇-၂၀၁၃ ရက်နေ့ မွန်းလွဲ ၂း၃၀ နာရီ အချိန်က တာချီလိတ်မြို့၊ ဟောင်လိတ်အုပ်စု၊ ၀မ်လိရွာ (တာချီလိတ်မြို့ အထွက်)လမ်းဆုံ၌ လည်းကောင်း၊ တာချီလိတ်မြို့နယ်၊ ဖန်မင်အုပ်စု၊ မယ်ယန်းရွာအထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လည်းကောင်း စိုက်ထူခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဇူလိုင်လ ၂၀ရက်နေ့က မြန်မာ - လာအို - ထိုင်း - တရုတ် (၄)နိုင်ငံ နယ်စပ်၊ တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့နယ်ခွဲ၊ ၀မ်ကျင်းကျေးရွာရှိ လှိုင်ဂူဘုန်းတော်ကြီးကျောင်းမှာ အသိပညာပေး ဟောပြောမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရသည်။

Saturday, July 27, 2013

တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ပုံလို့သွားလမ်းရှိ နေအိမ်တစ်အိမ်တွင် အသက်(၅၇)နှစ်အရွယ် အမျိုးသမီးထံမှ မူးယစ်ဆေးဝါးတစ်မျိုးဖြစ်သည့် မက်အက်ဖီတမင်း(ရေခဲ) (၇)ဂရမ်ခန့်အား ဇူလိုင်လ(၂၆)ရက်နေ့က ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သိရသည်။
ဇူလိုင်လ(၂၆)ရက် နံနက်(၁၁)နာရီခန့်က တာချီလိတ်မူးယစ်(အထူး)အဖွဲ့မှ ဦးဆောင်သည့် ပူးပေါင်းအဖွဲ့တို့သည် ဆန်ဆိုင်း(က)ရပ်ကွက်၊ ပုံလို့သွားလမ်းရှိ နေအိမ်တစ်အိမ်အား ကြီးကြပ်သူအရာရှိ၏ မူးယစ်ဆေးဝါးရှာဖွေ ၀ရမ်းအမှတ်(၃၇/၂၀၁၃)ဖြင့် ၀င်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ ရှာဖွေနေစဉ် အဆိုပါနေအိမ်၏ အပေါ်ထပ် အိပ်ခန်းအတွင်းရှိ မွေ့ယာနှင့် အိပ်ယာခင်းအကြားတွင် ပလပ်စတစ်အိတ်ငယ် (၂၂)အိတ်ဖြင့် ထည့်ထားသော မက်အက်ဖီတမင်း(ရေခဲ) (၇)ဂရမ်ခန့်အား တွေ့ရှိရ၍ တရားခံဖြစ်သူ အသက်(၅၇)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် မူးယစ်ဆေးဝါးများကို ဖမ်းဆီး သိမ်းဆည်းခဲ့ကြကြောင်း သိရသည်။

ဖမ်းဆီးရမိသူ အဆိုပါအမျိုးသမီးအား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော
ဆေးဝါးများဆိုင်ရာ  မယ(ပ) ၈၄/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အရေးယူနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်းဆင်းပွဲကို ဇူလိုင်လ (၂၇)ရက် နံနက် ၉ နာရီက တာချီလိတ်မြို့ မိုင်းဟဲကျေးရွာအုပ်စု ပန်စလိကျေးရွာတွင်ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက အမှာစကားပြောကြားပြီးနောက် ကျိုင်းတုံမြို့တွဲဖက်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ တွဲဖက်ပြည်နယ်ဦးစီးမှူး ဒေါ်ခင်ခင်မြင့်က လူမှုဝန်ထမ်းလုပ်ငန်းများအကြောင်းကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး တာချီလိတ်မြို့ပြန်လည်ထူထောင်ရေးစခန်း မန်နေဂျာ ဦးမိုးဦးက ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များချီးမြှင့်ပေးအပ်သည်။

သင်တန်းတွင် သင်တန်းသားတစ်ဦးဖြစ်သော ပန်ကူကျေးရွာမှ မောင်ဖီဆန်က ပြောကြားရာတွင် “မူးယစ်ဆေးသုံးစွဲခဲ့ တဲ့အတွက် အလုပ်အကိုင်ပျက်ပြီး ကျန်းမာရေးချို့ယွင်းခဲ့ကြောင်း၊ မိသားစုစိတ်ဆင်းရဲပြီး ပတ်ဝန်းကျင်ရဲ့ ပစ်ပယ် မှုကိုခံခဲ့ရကြောင်း၊ မူးယစ်ဆေးသည် မကောင်းမှန်းသိလို့ ကြိုးစားဖြတ်သော်လည်း စိတ်မထိန်းနိုင်သဖြင့် ရုန်းမထွက်နိုင်ခဲ့ကြောင်း၊ အခုလို နိုင်ငံတော်က သင်တန်းဖွင့်ပြီး စနစ်တကျ ဆေးဖြတ်ကုသပေးတဲ့အတွက် ကျေးဇူးတင်ရှိကြောင်း”ပြောကြားသည်။

အဆိုပါသင်တန်းအား ဇွန် ၂၃ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား (၃၁)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

သတင်းပေးပို့သူ။    ။ မောင်ဆွေငြိမ်း

Friday, July 26, 2013

ဇူလိုင်လ(၂၆)ရက်၊ နံနက်(၈း၃၀)နာရီအချိန်က လာအိုနိုင်ငံ၊ မိုင်းမောဆိပ်ကမ်းဘက်မှ မြန်မာနိုင်ငံ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)အုပ်စု၊ ၀မ်ပုံကျေးရွာဆိပ်ကမ်းသို့ ဆိုက်ကပ်လာသည့် ခရီးသည်တင်ရေယာဉ်ပေါ်မှ ဆင်းလာသော အသက်(၂၀)နှစ်ရှိ အမျိုးသားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား (၁၉၅၀)ပြား ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သိရသည်။

တာချီလိတ်မူးယစ်(အထူး)မှ ဦးဆောင်သော ပူးပေါင်းအဖွဲ့တို့သည် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ကြိုတင်ရရှိထားသော သတင်းအရ ၀မ်ပုံကျေးရွာဆိပ်ကမ်းတွင် စစ်ဆေးရှာဖွေမှုများပြုလုပ်နေစဉ် အသက်(၂၀)နှစ်အရွယ် အမျိုးသားတစ်ဦး၏ အတွင်းခံဘောင်းဘီအတွင်း  မိုင်းကိုင်စက္ကူဖြင့် ထုပ်ထားပြီး ပလပ်စတစ်အိတ်များဖြင့် ထည့်ထားသော WY စာတမ်းပါ နီညှိရောင် စိတ်ကြွရူးသွပ်ဆေးပြား (၁၉၅)ပြားစီပါသော (၁၀)ထုပ်ကို တွေ့ရှိရာ စုစုပေါင်းအရေအတွက်မှာ (၁၉၅၀)ပြားရှိကြောင်းနှင့် အဆိုပါ ဆေးပြား၏ ကာလတန်ဖိုးမှာ ကျပ်(၃၉)သိန်းခန့်ရှိကြောင်း သိရသည်။

ဆက်လက်ပြီး မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိသော တရားခံအား မယ(ပ) ၈၅/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ၊ ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန်အတွက် သက်ဆိုင်ရာမှ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Tuesday, July 23, 2013

ဇူလိုင်(၂၃)ရက်နေ့ နံနက် (၉)နာရီ (၃၀)မိနစ်အချိန်က တာချီလိတ်(မူးယစ်)မှ ကြီးကြပ်သူအရာရှိ ဒုရဲမှူး သန်းရွှေ၊ အဖွဲ့ခေါင်းဆောင် ရဲအုပ်မြင့်လွင် အပါအ၀င် တာချီလိတ်ခရိုင်မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း (MANA) ဥက္ကဌ ဦးသိန်းဝင်း နှင့် အတွင်းရေးမှူး ဦးသိန်းထွန်း တို့သည် တာချီလိတ်မြို့နယ်၊ မိုင်းဟဲကျေးရွာအုပ်စု၊ ပန်စလိကျေးရွာရှိ ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးစခန်းတွင် မူးယစ်ဆေးဖြတ်ကုသလျက်ရှိသော ဆေးဖြတ်လူနာ (၅၂)ဦးအား မူးယစ်ဆေးဝါးနှင့် အိမ်သုံးဆေးဝါးများ အလွဲသုံးမှု အပေါ် ဖြစ်ပေါ်တတ်သော အန္တရာယ် ဆိုးကျိုးများအကြောင်း အသိပညာပေး ဟောပြောပို့ချရန်အတွက် တာချီလိတ်(မူးယစ်)မှ ကြီးကြပ်သူအရာရှိ ဒုရဲမှူး သန်းရွှေ၊ အဖွဲ့ခေါင်းဆောင် ရဲအုပ်မြင့်လွင် အပါအ၀င် တာချီလိတ်ခရိုင် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA) ဥက္ကဌ ဦးသိန်းဝင်း နှင့် အတွင်းရေးမှူး ဦးသိန်းထွန်းတို့ သွားရောက် ဟောပြောပို့ချခဲ့ကြောင်း သိရသည်။



{ တာချီလိတ်မူးယစ်(အထူး)အဖွဲ့၊  ကြီးကြပ်သူအရာရှိ  ဒုရဲမှူး သန်းရွှေ မှ အသိပညာပေးဟောပြောစဉ် }

ဟောပြောပွဲတွင် ကြီးကြပ်သူအရာရှိ ဒုရဲမှူး သန်းရွှေ မှ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်နိုင်သော ဆိုးကျိုးများ၊ လူမှုရေးပြဿနာများ၊ မိသားစု အခက်အခဲများနှင့် ပတ်သက်သည့် အကြောင်းအရာများကို လည်းကောင်း၊ အဖွဲ့ခေါင်းဆောင် ရဲအုပ် မြင့်လွင် မှ မူးယစ်ဆေးဖြတ် ကုသမှု ခံယူခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် ဘ၀ဖွံ့ဖြိုးတိုးတက်မှုအတွက် ရှေ့ဆက် ဆောင်ရွက်ရမည့် အချက်အလက်များကို လည်းကောင်း၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်း (MANA) ဥက္ကဌ ဦးသိန်းဝင်း နှင့် အတွင်းရေးမှူး ဦးသိန်းထွန်း တို့မှ မူးယစ်ဆေးဖြတ် ကုသမှု ခံယူသူများအနေဖြင့် ဆေးဖြတ်ကုသမှု ခံယူပြီး မိမိပတ်ဝန်းကျင်သို့ ပြန်လည်ရောက်ရှိပါက အခြား ဆေးသူစွဲနေသူများကိုလည်း ဆေးဖြတ်ကုသမှု ခံယူနိုင်ရေး စည်းရုံးပြောဆိုပေးကြရန် အတွက်လည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။

 { တာချီလိတ်မူးယစ်(အထူး)အဖွဲ့၊ အဖွဲ့ခေါင်းဆောင် ရဲအုပ် မြင့်လွင်မှ အသိပညာပေးဟောပြောစဉ် }

 { မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA) ဥက္ကဌ ဦးသိန်းဝင်း နှင့် အတွင်းရေးမှူး ဦးသိန်းထွန်းတို့ မှ စားစရာများထောက်ပံ့ )

ဟောပြောမှု အပြီးတွင် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA) ဥက္ကဌ ဦးသိန်းဝင်း မှ ဆေးဖြတ် လူနာများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

 ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးစခန်းရှိ ဆေးဖြတ်လူနာများအား ဇွန်လ(၂၄)ရက်နေ့က စတင် သင်တန်းပေးကာ ကုသခဲ့တာဖြစ်ကြောင်းလည်း သိရှိရသည်။



Sunday, July 21, 2013

တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ခတ္တာလမ်းသွယ်ရှိ နေအိမ်တစ်အိမ်၌ တာချီလိတ်မူးယစ်(အထူး)အဖွဲ့မှ ရဲအုပ် လှလွင် ဦးစီးအဖွဲ့ အပါအ၀င် အဖွဲ့ (၅)ဖွဲ့ပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် မူးယစ်ဆေးဝါး သတင်းအရ ၀င်ရောက်ရှာဖွေရာမှ ဘိန်းဖြူ (၃၅)ဂရမ် ကို တရားခံနှင့်အတူ ဖမ်းဆီး သိမ်းဆည်းရမိကြောင်း သိရသည်။

အဆိုပါနေအိမ်သို့ ပူးပေါင်းအဖွဲ့မှ မူးယစ်ဆေးဝါးသတင်းအရ နေအိမ်အနှံ့ရှာဖွေရာ တရားခံ၏ အိပ်ခန်းအတွင်းရှိ မွေ့ယာအတွင်းမှ သောက်ရေသန့်ဗူးခွံဖြင့် ထည့်လျက် ကွယ်ဝှက်သိမ်းဆည်းထားသော ကာလတန်ဖိုး ကျပ်(၅၂၅၀၀၀)တန်ဖိုးရှိသည့် ဘိန်းဖြူ (၃၅)ဂရမ်ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။

မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိသော အသက် (၃၅)နှစ် အရွယ် ကိုxxxxxx အား တာချီလိတ်မူးယစ်(အထူး)အဖွဲ့မှ ကွင်းဆက်ဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။


Monday, July 1, 2013

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးစခန်းအား ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ မိုင်းဟဲ(အောက်)ကျေးရွာအုပ်စု၊ ပန်စလီကျေးရွာတွင် ဇွန်လ(၂၄)ရက်နေ့မှ စတင်ကာဖွင့်လှစ်ပြီး ပြုစုကုသပေးလျှက်ရှိကြောင်း သိရှိရသည်။

"ကျွန်တော်တို့ လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ မူးယစ်ဆေးသုံးစွဲသူတွေရဲ့ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်နဲ့ ဒီစခန်းကို ဖွင့်လှစ်ထားတာပါ။ လောလောဆယ် မူးယစ်ဆေးစွဲနေသူ ကျား-(၂၈)ဦး၊ မ-(၃)ဦး တက်ရောက် ကုသလျှက်ရှိပါတယ်။ ၎င်းတို့ရဲ့ ကျန်းမာရေးအတွက် မူးယစ်ဆရာဝန် ဒေါက်တာဥာဏ်လင်းထိုက် ဦးဆောင်တဲ့ ကျန်းမာရေးဌာနက ၀န်ထမ်းတွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်အထူးတပ်ဖွဲ့နဲ့ ဒေသအာဏာပိုင်အဖွဲ့များပါဝင်တဲ့ ပူးပေါင်းအဖွဲ့ကနေ ဆေးဖြတ်ကာလ ရက်သတ္တပတ် (၂)ပတ်၊ ပြန်လည်ထူထောင်ရေး ကာလ(၃)ပတ်၊ စုစုပေါင်း ရက်သတ္တပတ် (၅)ပတ်တိတိ ဆေးဖြတ်ခြင်းနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ပေးပါတယ်။ လက်ရှိ တက်ရောက်ကုသသူတွေထဲမှာ အသက်အငယ်ဆုံး(၂၀)နှစ်ကနေ အကြီးဆုံး(၅၉)နှစ်အထိ ပါဝင်ပါတယ်။ သူတို့ကို လူမှုဝန်ထမ်းဦးစီးဌာနနဲ့ အာဏာပိုင်အဖွဲ့အစည်းတို့ရဲ့ အစီအစဉ်နဲ့ ဆေးဖြတ်ကုသပေးခြင်း၊ နေ့စဉ်(၃)ကြိမ် ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစာအာဟာရများ ကျွေးမွေးခြင်းတို့ကို ဆောင်ရွက်ပေးပါတယ်၊ အဓိကကတော့ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာများကို ပြန်လည်ပြုပြင် ဆောင်ရွက်ပေးနေတာပါ၊ ပြန်လည်ထူထောင်ရေးကာလ(၃)ပတ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ အသက်မွေးဝမ်းကျောင်းမှုပညာရပ်တွေကို သင်ကြားပေးသွားမှာဖြစ်ပါတယ်"ဟု လူမှုဝန်ထမ်းဦးစီးဌာန၊ စခန်းမန်နေဂျာ ဦးထွန်းလင်းမှ ရှင်းလင်းပြောပြသည်။

အဆိုပါ မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးစခန်းတွင် တက်ရောက် ဆေးဖြတ်မှု ခံယူနေကြသူများအား တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် တာဝန်ရှိသူများ၊ သတင်းမီဒီယာများသည် ဇူလိုင်လ(၁)ရက်နေ့ နံနက်ပိုင်းက သွားရောက် တွေ့ဆုံအားပေးကြကာ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

သတင်းပေးပို့သူ။      ။ မောင်ယဉ်ကျေး


Tuesday, June 25, 2013

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ နယ်စပ်ဒေသမြို့တစ်မြို့ဖြစ်သော တာချီလိတ်မြို့တွင် (၁၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အခမ်းအနားအား ဇွန်လ(၂၆)ရက် နံနက်(၈း၃၀)နာရီက ကျင်းပရာ အဆိုပါနေ့၏ အထိမ်းအမှတ်အဖြစ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ နှင့် စာစီစာကုံး ပြိုင်ပွဲများတွင် ဆုရ ကျောင်းသား၊ ကျောင်းသူ (၃၅)ဦးအား ဂုဏ်ပြုဆုလက်မှတ်နှင့် ဆုငွေ စုစုပေါင်း ဆု(၄၈)ဆု ကို တာဝန်ရှိသူများမှ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အခမ်းအနားတွင် တာချီလိတ်ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ ဦးသောင်းတင်ထွေး(တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး)က အဖွင့်အမှာစကားပြောကြားပြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဌ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ကိုကိုထံမှ ပေးပို့လာသည့် သ၀ဏ်လွှာအား တာချီလိတ်ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ ဒု-ဥက္ကဌ ဒု-ရဲမှူးကြီး နေမျိုးထွဋ်မှ ဖတ်ကြားသည်။

ဆက်လက်၍ တာချီလိတ်ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့မှ အဖွဲ့ဝင် ခရိုင်ဥပဒေအရာရှိ ဦးကြည်ဝင်းမောင်က မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ဥပဒေပိုင်းဆိုင်ရာအချက်အလက်များကို အသေးစိပ် ဆွေးနွေး ရှင်းလင်းပြောကြားသည်။ တဆက်တည်းမှာပင် အဆိုပါအဖွဲ့မှ အဖွဲ့ဝင် ခရိုင်ဆရာဝန်ကြီး ဒေါက်တာ စောလွင်မှ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိလာသည့် ဆိုးကျိုးများနှင့် မူးယစ်ဆေးစွဲရောဂါအကြောင်းကို အချိန်(၃၅)မိနစ်အကြာ အသေးစိပ်ဆွေးနွေး ရှင်းလင်းပြောကြားသွားသည်။


ထို့နောက်မှာတော့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်ကျင်းပသော ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ နှင့် စာစီစာကုံး ပြိုင်ပွဲတို့မှ ဆုရရှိသူ ကျောင်းသား/သူ (၃၅)ဦးအား ဆု(၄၈)ဆု ဂုဏ်ပြုချီးမြှင့်ရာ စစ်ဗျူဟာ(အခြေချ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သောင်းထိုက်ရွှေ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး နေမျိုးထွဋ်၊ ခရိုင်တရားသူကြီး ဦးထိန်မင်း၊ ခရိုင်ဥပဒေအရာရှိ ဦးကြည်ဝင်းမောင်၊ ခရိုင်ဆရာဝန်ကြီး ဒေါက်တာစောလွင်၊ အကောက်ခွန်ဦးစီးဌာနမှ ဦးစီးအရာရှိ၊ ခရိုင်လ၀က ဒု-ညွှန်ကြားရေးမှူး ဦးကျော်စွာလွင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ တာချီလိတ်မြို့နယ် စာရေးဆရာအသင်း ဥက္ကဌ ဦးထိန်မင်း၊ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ၊ MANA အဖွဲ့ ဥက္ကဌ ဦးသိန်းဝင်း၊ World Vision ယာယီတာဝန်ခံ ဦးပီတာဖိုး၊ တာချီလိတ်မြို့နယ် ဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်လွင်၊ မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ နှင့် တာချီလိတ်မြို့ ပါလျှံတရုတ်ဘုံကျောင်း နာယက ဦးကျော်သိန်း(ခ) ဦးကျင်ဟောင်လင်း တို့က ဂုဏ်ပြုလက်မှတ်နှင့် ဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဂုဏ်ပြုဆုများချီးမြှင့်ပြီးနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များအပါအ၀င် ကျောင်းသား/သူများအား ၂၀၁၃ခုနှစ်အတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးမှတ်တမ်း ပိုစတာများနှင့် တရားခံပုံများအပါအ၀င် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပိုစတာ ပြခန်းအား တာဝန်ရှိသူမှ လိုက်လံပြသခဲ့ကြသည်။

ပုံများကိုကြည့်ရန်
(၁၆)ကြိမ်မြောက်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အား တာချီလိတ်တွင်ကျင်းပ
112 photos

Sunday, June 23, 2013

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းဟဲ(နောက်)ကျေးရွာအုပ်စုထဲရှိ ပန်စလိ၊ ပန်ကူ(အာခါရွာ) နှင့် ယန်းခေါင်ကျေးရွာတို့မှ မူးယစ်ဆေးဝါးစွဲနေသူများအား မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းဖွင့်ပွဲအဖြစ် ဇွန်လ(၂၄)ရက် နံနက်(၉)နာရီအချိန်က တာချီလိတ်မြို့နယ် ပန်စလိကျေးရွာ၌ ပြုလုပ်ခဲ့ကြသည်။


ဇွန်လ(၂၆)ရက်နေ့မှာ ကျရောက်မှာဖြစ်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန တို့မှ ပြုလုပ်သော ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ် ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်းသို့ တက်ရောက်လာသည့် ခရိုင်ဆရာဝန်ကြီး ဒေါက်တာစောလွင်မှ အဖွင့်အမှာစကားပြောကြားပြီး၊ တွဲဖက်ပြည်နယ် လူမှုဝန်ထမ်းရုံး၊ ကျိုင်းတုံမြို့မှ တွဲဖက်ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်ခင်ခင်မြင့်က လူမှုဝန်ထမ်းဦးစီးဌာန၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။

အခမ်းအနားတွင် တာချီလိတ်မြို့နယ်ရှိ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း မှ ဥက္ကဌ ဦးသိန်းဝင်းက အဆိုပါ သင်တန်းအတွက် ကျပ်(၃)သိန်း နှင့် အ၀တ်အစားများကို လှူဒါန်းရာ ကျိုင်းတုံမြို့မှ တွဲဖက်ပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်ခင်ခင်မြင့်က လက်ခံရယူသည်။

ယခု ပထမသုတ်တွင် မိုင်းဟဲကျေးရွာအုပ်စုအတွင်းမှ မူးယစ်ဆေးဖြတ်လိုသူ အမျိုးသား(၂၄)ဦး နှင့် အမျိုးသမီး(၂)ဦး စုစုပေါင်း (၂၆)ဦးရှိပြီး ဆေးကုသချိန်ကာလမှာ(၁၄)ရက်နှင့် ပြန်လည်ထူထောင်ရေး အချိန်ကာလမှာ(၃၅)ရက် သတ်မှတ်ထားကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
မိုင်းဟဲကျေးရွာအုပ်စု၌ မူးယစ်ဆေးဖြတ်ပေး
22 photos


Wednesday, June 19, 2013


လပ္ပတ္တာမှ ကာတွန်းဆရာ ဗိုရဲ က Tachileik Online News အတွက် ပေးပို့လာသော တစ်ကွက်စာ ကာတွန်းပါ။
=-----------=
Tachileik Online News  တွင် ဖော်ပြလိုသော ကာတွန်းများကို tachileik@tachileik.net သို့ တိုက်ရိုက် ပေးပို့နိုင်ပါသည်။

Tuesday, June 11, 2013

(၁၆)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့ အကြိုဟောပြောပွဲကို ဇွန် ၁၁ ရက် နေ့ နံနက် ၉ နာရီတွင် ဟောင်လိတ် အခြေခံပညာအထက် တန်းကျောင်းနှင့် မွန်းလွဲ (၁)နာရီတွင် ပုန်းထွန်အခြေခံပညာအလယ်တန်းကျောင်းတို့တွင် ဟောပြောသည်။


ဟောပြောပွဲတွင် မြို့နယ်ဥပဒေအရာရှိ ဦးအတူးက မူးယစ်ဆေးဝါးဆိုင်ရာဥပဒေ အကြောင်းကိုလည်းကောင်း၊ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် ဦးဝေယံဦး(နေတစ်စင်း) က သိခြင်း၊မသိခြင်းနှင့်မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျန်းမာရေးမှူး ဦးခင်မောင်ကျော်က မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်ဖြစ်ပေါ်လာသော ရောဂါလက္ခဏာများကိုလည်းကောင်း၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း အတွင်းရေးမှူး ဦးသိန်းထွန်းက မူးယစ်ဆေးဝါး ဆန့်ကျင်ရေးဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ ခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်ကြည်က မူးယစ်ဆေးဝါးဆိုင်ရာသတင်းအချက် အ လက်များကို လည်းကောင်း၊ တာချီလိတ်မူးယစ်(အထူး)အဖွဲ့ ရဲအုပ်မြင့်လွင်က မူးယစ်ဆေးဝါးအကြောင်းနှင့် ဖမ်းဆီးရရှိမှု အခြေအနေ များကိုလည်းကောင်း အသီးသီးဟောပြောကြသည်။

ဟောပြောပွဲအား ဇွန် ၁၀ ရက် နေ့က တာချီလိတ် အထက နှင့် ဆန်ဆိုင်းအ.ထ.က တို့တွင် ဟောပြောခဲ့ကြပြီး ဇွန် (၁၂) ရက်နေ့တွင် မိုင်းကိုး အ.ထ.က နှင့် ဇွန် (၁၃) ရက်နေ့တွင် ၀မ်ပုံမူလွန်ကျောင်းတို့၌ ဆက်လက်ဟောပြောမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်းပေးပို့သူ။       ။ မောင်ဆွေငြိမ်း

ပုံများကိုကြည့်ရန်
တာချီလိတ်၌ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အကြို ဟောပြောမှုများပြုလုပ်
40 photos

Sunday, June 2, 2013

တရုတ်၊ လာအို၊ မြန်မာ နှင့် ထိုင်း လေးနိုင်ငံတို့ ဧပြီလအတွင်းက စတင်ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းကြောင့် မဲခေါင်မြစ်တစ်လျှောက် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အမှု(၈၀၄)မှုနှင့် တရားခံ စုစုပေါင်း ဦးရေ(၁၁၀၀)ဦး ဖမ်းဆီးရမိနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသော အမှုများအနက် အကြီးမားဆုံးသော
ဖမ်းဆီးရမှုမှာ တရုတ်နှင့်မြန်မာတို့ လက်တွဲဆောင်ရွက်မှုကြောင့် မေလအတွင်းမှာ မူးယစ်ဆေးဝါးများအပါအ၀င် ကားနှစ်စီး နှင့် လက်နက်များ ဖမ်းဆီးရမိသည့် အမှုဖြစ်ပြီး၊ တရုတ်နိုင်ငံ ဟူနန်မြို့ဘက်၌ မူးယစ်ဆေးဝါးအဖွဲ့ (၃၅)ဦး နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သိရသည်။

လေးနိုင်ငံပူးပေါင်းဆောင်ရွက် နိမ်နင်းသည့် စီမံကိန်းကို ၂၀၁၃ခုနှစ် ဧပြီလအတွင်းက စတင်ခဲ့ကြတာဖြစ်ပြီး အဆိုပါ စီမံကိန်းသည် မဲခေါင်မြစ်လမ်းများတစ်လျှောက် အန္တရာယ်ကင်းစင်ရေးနှင့် အရှေ့တောင်အာရှအတွင်း မူးယစ်ဆေးဝါးများတိုက်ဖျက်နိုင်ရန်အတွက် ဖြစ်ကြောင်း သိရှိရသည်။
Photo: cntv.cn

Monday, May 27, 2013

တာချီလိတ်ခရိုင် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(MANA) ဥက္ကဌ ဦးသိန်းဝင်းနှင့် အဖွဲ့ဝင်များသည် ကျန်းမာရေးဦးစီးဌာန၊ မူးယစ်(အထူး)အဖွဲ့အပါအ၀င် လူမှုဝန်ထမ်းဦးစီးဌာန ပြန်လည်ထူထောင်ရေးစခန်း မန်နေဂျာတို့နှင့် အတူ မိုင်းဟဲအုပ်စု ပန်စလိကျေးရွာသို့ မေလ(၂၆)ရက်နေ့ နံနက်(၉)နာရီက ကျေးရွာအတွင်းရှိ ရွာသူရွာသားများအား မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးဟောပြောမှုများ ပြုလုပ်ရန်အတွက် သွားရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါအဖွဲ့မှ မိုင်းဟဲကျေးရွာအုပ်စုအတွင်းရှိ မူးယစ်ဆေးဝါးစွဲလမ်းနေသော ရောဂါဝေဒနာရှင်များအား ၂၀၁၃ခုနှစ် ဇွန်လရဲ့ ပထမပါတ်အတွင်းမှာ ဆေးဖြတ်ပေးနိုင်ရန်အတွက် ဆေးကုသပေးမှုများ လုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်းလည်း သိရှိရသည်။


၂၀၁၃ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(၁၆)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲကို မေလ(၂၇)ရက်နေ့ နံနက်(၉) နာရီက တာချီလိတ်မြို့ ဆန်ဆိုင်း အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ပြုလုပ်သည်။

 ပြိုင်ပွဲသို့ တာချီလိတ်မြို့ပေါ်ရှိ အထက(တာချီလိတ်)၊ အထက(ဆန်ဆိုင်း)၊ အလက(ပုန်းထွန်)၊ အမက (တာလော့)၊ အမက(ရန်အောင်မြေ)ကျောင်းများမှ ကျောင်းသားကျောင်းသူများ ၀င်ရောက်ယှဉ်ပြိုင်ကြရာ ပန်းချီပြိုင်ပွဲတွင် (၁၉)ဦး၊ ကာတွန်းပြိုင်ပွဲတွင်(၂၀)ဦး၊ ပိုစတာပြိုင်ပွဲတွင်(၁၈)ဦး၊ ကွန်ပျူတာပန်းချီတွင်(၂)ဦး စုစုပေါင်း(၅၉)ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။

ပြိုင်ပွဲကျင်းပရာသို့  တာချီလိတ်ခရိုင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဒုရဲမှူး သန်းရွှေနှင့် ပြိုင်ပွဲကျင်းပရေးကော်မတီများ က ကြည့်ရှုအားပေး ကြီးကြပ်ဆောင်ရွက်သည်။ အဆိုပါပြိုင်ပွဲမှ ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများသည် ကျိုင်းတုံမြို့ ပြည်နယ်အဆင့်တွင် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းသိရှိရသည်။
သတင်းပေးပို့သူ။        ။ မောင်ဆွေငြိမ်း

ပုံများကိုကြည့်ရန်
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ
5 photos


Monday, October 29, 2012

ရှမ်းပြည်နယ် အစားထိုးဖွံ့ဖြိုးရေးနှင့် တရားမ၀င်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာဆွေးနွေးပွဲကို မြန်မာဘက်မှ သက်ဆိုင်ရာအကြီးအကဲများနဲ့ UNODC နဲ့ RCSS/SSA အဖွဲ့ဝင်တို့ ၂၀၁၂ခုနှစ် အောက်တိုဘာ(၂၇/၂၈)ရက်နေ့က တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

{ တွေ့ဆုံဆွေးနွေးပွဲကျင်းပနေစဉ် }

အဆိုပါဆွေးနွေးပွဲမှာ  ရှမ်းပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ မူးယစ်ဗဟိုအဖွဲ့ မူးယစ်ဆေးဝါး ပပျောက်ရေးဌာနမှ  ခေတ္တတွဲဖက်အတွင်းရေးမှူး ရဲမှူးကြီး မြင့်အောင် အပါအ၀င် ကိုယ်စားလှယ်အဖွဲ့ဝင်များ နဲ့ မြန်မာနိုင်ငံအခြေစိုက် UNODC မှ Country Manager   Mr.Jason Eligh  အပါအ၀င် RCSS/SSAမှ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချူပ် ပေါင်ခေး ဦးဆောင်တဲ့ အဖွဲ့ဝင်များ တက်ရောက်ကြတာကို တွေ့ရပါတယ်။

{သတင်းမှတ်တမ်း ဗီဒီယို}
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် တွေ့ဆုံဆွေးနွေးရာမှာ  RCSS/SSAမှ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချူပ် ပေါင်ခေးက  "နိုင်ငံတော်အစိုးရ ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ နဲ့ UNODC မှ ကိုယ်စားလှယ်များပါဝင်တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကော်မတီတရပ် ဖွဲ့စည်းပူးပေါင်း လုပ်ဆောင်သွားရန်ဖြစ်ပါတယ်။ ဤသို့ ပူးပေါင်းဆောင်ရွက်နိုင်မှသာလျှင် လက်တွေ့ အကောင်အထည်ဖော် လုပ်ဆောင်ရာမှာ မြန်ဆန်လွယ်ကူပြီးတော့ အစီစဉ်ချောမွေ့စွာဖြင့် ကျွန်တော်တို့၏ ရည်မှန်းထားတဲ့အတိုင်း လုပ်ငန်းအောင်မြင်နိုင်မယ်”လို့ ပြောကြားသွားပါတယ်။

ယခုနှစ်ရဲ့ အောက်တိုဘာလထဲမှာ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကိုက မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ပပျောက်ရေးစီမံကိန်းကို ၂၀၁၄ မှ ၂၀၁၉ သို့  ထပ်မံပြောင်းရွှေ့လိုက်ကြောင်း ကြေငြာပြီးနောက်ပိုင်းမှာ အခုလို မြန်မာအစိုးရ ဘက်မှ တာဝန်ရှိသူများနဲ့ RCSS/SSAတို့ ထပ်မံတွေ့ဆုံ ဆွေးနွေးရန်ဖြစ်ပေါ်လာခဲ့တယ်လို့ သတင်းမီဒီယာများမှ ဖော်ပြခဲ့ကြတာကို တွေ့ရပြီး ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် (၆)နှစ်သတ်မှတ်ထားကာ ပူးပေါင်း ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရပါတယ်။
သတင်းဓါတ်ပုံများကို ကြည့်ရန်