Latest News

Dropdown Menu

Showing posts with label ရေဘေး. Show all posts
Showing posts with label ရေဘေး. Show all posts

Friday, August 24, 2012

၂၀၁၂ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ 12:30AM ခန့်မှစ၍ တာချီလိတ်မြို့တွင် လျှပ်တပြက်မိုးကြီး ရေတက်လာမှုကြောင့် ပုန်းထွန်ရပ်ကွက်ရှိ စာသင်ကျောင်း၏ အုတ်တံတိုင်းပြိုကျမှုများဖြစ်ပေါ်ခဲ့သည်။









ကျောင်းအတွင်း မုန့်ဆိုင်များ ပေါ်တွင် အုတ်တံတိုင်းပြိုကျမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး ပြိုကျသော အုတ်တံတိုင်းအနီးရှိ ဆရာ/ဆရာမများနေသော နေအိမ်အခန်း၏ မီးဖိုချောင်တစ်နေရာတွင် အနည်းအငယ် ပျက်စီးမှုများရှိခဲ့သည်။

ထိုကဲ့သို့ အုတ်တံတိုင်းပြိုကျခြင်းမှာ နေ့ဘက်ဆိုလျှင် စိုးရိမ်ဖွယ်ရှိပါသည်။ အကြောင်းမှာ မုန့်ဆိုင်များပေါ်တွင် ပြိုကျသည်ဖြစ်တာကြောင့် လူများကို ထိခိုက်ဒဏ်ရာ ဖွယ်ရှိသော်လည်း ညဖက်ဖြစ်တာကြောင့် စိုးရိမ်ဖွယ်မရှိခဲ့ပါ။

ပုံများကိုကြည့်ရန်

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net
၂၀၁၂ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ 12:30AM ခန့်မှစ၍ တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက် စူပါမတ်ကတ်အဆောက်အဦဘေးရှိ ချောင်းအသေးစားတစ်ခုမှ ရေတက်လာမှုများဖြစ်ပေါ်ခဲ့သည်။ ထိုသို့ရေတက်လာခြင်းမှာ တောင်ကျရေကြောင့်ဟု ခန့်မှန်းရသိရှိသည်။

ဝမ်ကောင်းရပ်ကွက် စူပါမတ်ကတ်အဆောက်အဦ ချောင်းဘေးအနီးရှိ အိမ်များ၊ ၀မ်ကောင်း ချောင်းဘေးတစ်လျှောက်၊ မြို့မဈေးအတွင်းနှင့် အကောက်ခွန်ရုံးတွင်း တို့တွင်
ရေတက်လာမှုများကို ကြုံခဲ့ကြရပြီး တာလော့ကျောင်း နှင့် တာလော့ဈေး တို့တွင် ရေအနည်းအငယ် တက်ခဲ့သည်။

{၀မ်ကောင်းရပ်ကွက်၊ စူပါမတ်ကတ် အဆောက်အဦ}

{သစ်တောရုံး နှင့် ဆက်သွယ်ရေးရုံးလမ်းကြား}

{မဉ္ဇူလမ်း-တာလော့ကျောင်းသို့}

{တာလော့ဈေးလမ်းကြား}

{စစ်မှုထမ်းဟောင်းရုံး နှင့် အကောက်ခွန်ရုံးလမ်းကြား - ဈေးအထွက်}

( ၀မ်ကောင်းချောင်းမှ စီးလာသောရေများကို တွေ့မြင်ရသည့် ကားလမ်းမဘေးရှိတံတား)

(ခိုင် တည်းခိုခန်း နှင့် မြို့မဈေး မြင်ကွင်း)

မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားအနီးတွင် ရှိသော ခရိုင်လ၀ကရုံးနှင့်
ရွှေနန်းတော်ကုန်တိုက်တို့သည် မယ်ဆိုင်ချောင်းနှင့်နီးကပ်သောကြောင့် ထုံးစံအတိုင်း ရေအနည်းအငယ်တက်လာမှုများရှိခဲ့သည်။ နံနက်ပိုင်း(၆)နာရီခန့်တွင် လှည့်လည်ကြည့်ရှုမှုအရ ရေများကျသွားသည်ကို တွေ့ရှိရသည်။

အထက်ပါ ရေတက်လာမှုများကို 12:45AM မှ 1:40AM ထိ ဓါတ်ပုံမှတ်တမ်းရိုက်ခဲ့ခြင်းဖြစ်ပါသည်။

မှတ်တမ်းဓါတ်ပုံများကို ကြည့်ရန်

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net