Latest News

Dropdown Menu

Showing posts with label ပြည်ပသတင်း. Show all posts
Showing posts with label ပြည်ပသတင်း. Show all posts

Monday, February 24, 2014

မဲခေါင်မြစ်တစ်လျှောက် ထိုင်းနိုင်ငံ ချင်းရိုင်း၊ ချင်းဆဲန်၊ ချင်းခေါင်၊ မယ့်ကျန်၊ နှင့် ၀ဲန်ကင် စသည့် ခရိုင်တို့တွင် တောင်ပေါ်သား အမြှောက်အများ နေထိုင်လျှက်ရှိသည်ဖြစ်ရာ အချို့သော တောင်ပေါ်သား သက်ကြီး ရွယ်အိုများသည် မည်သည့်နိုင်ငံသားအဖြစ်မှ ခံယူထားခြင်းမရှိသော သူများဖြစ်နေသည့်အပြင် လျှောက်ထားဆဲရှိသူများ နှင့် တောင်ပေါ်သားနေထိုင်ခွင့် ယာယီကဒ် ကိုင်ဆောင်ထားကြသူများ ဖြစ်နေကြသည့် အတွက် တောင်ပေါ်သား သက်ကြီးရွယ်အိုများကို ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် ထိုင်းနိုင်ငံ တောင်ပေါ်ပိုင်းဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နှင့် ပရဟိတကျန်းမာရေးဖွဲ့တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီလ (၂၃)ရက်နေ့က ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြုသည့် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ယင်းကဲ့သို့ တောင်ပေါ်သားများအား ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်းကိစ္စနှင့် ပတ်သက်၍ ၂၀၁၂ခုနှစ် ထိုင်းနိုင်ငံ လ၀က ဥပဒေစည်းမျဉ်းအရ သတ်မှတ်တာဖြစ်ပြီး အဆိုပါ စည်းမျဉ်းများ အနက် ထိုင်းနိုင်ငံ နယ်နမိတ်တွင် နေထိုင်လျှက်ရှိသော တောင်ပေါ်သား သက်ကြီးရွယ်အိုများသည် သန်းခေါင်စာရင်း လျှောက်လိုပါက လက်ရှိ နေထိုင်သည့် ကျေးရွာ၏ ထောက်ခံစာနှင့် လျှောက်နိုင်ပြီး နိုင်ငံတစ်ခုခုတွင် သန်းခေါင်စာရင်း မပေးထားသော သူဖြစ်ရမည်။ထိုကဲ့သို့ လျှောက်ထားရာတွင် နိုင်ငံသားအဖြစ် သတ်မှတ်ခြင်း မသတ်မှတ်ခြင်းသည် လျှောက်ထားသည့် အချက်အလက်များကို စစ်ဆေး၍ ဆုံးဖြတ်ပေးမည်။ တောင်ပေါ်သား သက်ကြီးရွယ်အိုများမှာ ထိုင်းစာနှင့် ထိုင်းဘာသာစကား နားမလည်သည့်အတွက် နိုင်ငံသားအဖြစ် ပေးလေ့မရှိသလို နိုင်ငံရေး၊ လူမှုရေး နှင့် ကျန်းမာရေး ကုသခံစားခွင့်များကို မပေးပါဟု ထိုင်းလ၀က ဥပဒေမှ ချမှတ်ထားသည်။

များသောအားဖြင့် အခြားဒေသမှ ပြောင်းရွေ့လာသော တောင်ပေါ်သား သက်ကြီးရွယ်အို အချို့မှာ ဒုက္ခသည်များ ဖြစ်နေကြပြီး အလုပ်သမားများလည်းဖြစ်နေကြသည်။ လျှောက်ထားရာတွင် မိမိဒေသဟောင်းဖြစ်သည့် နေရာရပ်သို့ ပြန်ရန် မလိုအပ်သူများကို လျှောက်ထားခွင့်ပြုပြီး ထိုင်းရိုးရာဓလေ့ ထုံးစံများကို လိုက်နာ ကျင့်သုံးနေထိုင်နိုင်ရမှာဖြစ်ပြီး တရားဝင်နေထိုင်နိုင်ရန်အတွက် သန်းခေါင်စာရင်း သွင်းခံထားသူဖြစ်ရန်လည်း လိုသည်။

၎င်းတို့၏ သတ်မှတ်ထားသော လ၀က ဥပဒေနှင့် ညီညွှတ် ပြည့်စုံပါက ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြုနိုင်ရန် အတွက် လျှောက်ထားနိုင်မှာ ဖြစ်ကြောင်း ထိုင်းနိုင်ငံ နေ့စဉ်ထုတ်သတင်းစာ၏ ရေးသားဖော်ပြချက်အရ သိရှိရသည်။

ထိုင်းနိုင်ငံ မဲခေါင်မြစ်တစ်လျှောက်တွင် နေထိုင်ကြသည့် တောင်ပေါ်သားများအနက် အာခါ၊ လားဟူ၊ ရှမ်း နှင့် ပလောင် စသည့် တိုင်းရင်းသားများလည်း ပါဝင်ကြောင်း သိရသည်။

Photo: dailynews

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Tuesday, February 18, 2014

ထိုင်းနိုင်ငံ ချူးဖေါင်းခရိုင် လန်စုံကျေးရွာအုပ်စုမှာ ဖေဖော်ဝါရီလ(၁၆)ရက် နေ့လည်ပိုင်းက ကားတစ်စီး တိမ်းမှောက်ရာမှ မြန်မာနိုင်ငံသား အလုပ်သမားတစ်ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း ထိုင်းနိုင်ငံ ထိုင်းရတ်သတင်း၏ ရေးသားဖော်ပြချက်အရ သိရသည်။


ထိုင်းနိုင်ငံ ချူးဖေါင်းခရိုင် လန်စုံကျေးရွာအုပ်စု၊ ယတ်ယိုင်ရွာ၏ နယ်ထိန်း စုဝမ်းနချပ် မိုင်ထောင်းမှ အဆိုပါ ယာဉ်တိမ်းမှောက်ရာ နေရာသို့ သွားရောက်စစ်ဆေးချက်အရ တိမ်းမှောက်သောကားသည် ဒူးရင်းသီးခြံ၌ရှိသော အလုပ်သမားများအတွက် ရိက္ခာပို့ရင်းနှင့်  တောင်စောင်းလမ်းရှိ တံတားမှာ လမ်းချော်သွားခြင်းကြောင့် တိမ်းမှောက်ခဲ့တာဖြစ်ပြီး တိမ်းမှောက်မှုထဲတွင် မောင်စိုး အမည်ရှိ မြန်မာအလုပ်သမားတစ်ဦးမှာ အဆိုပါနေရာ၌ပင် ပွဲချင်းပြီးသေဆုံးသွားပြီး အသက်(၄၄)နှစ်ရှိ ယာဉ်မောင်းသူ နန်းလပ်ချနုတ် နူဖတ်ဒီးမှာ ဒဏ်ရာပြင်ထန်းစွာရရှိ၍ ချူးဖေါင်းခရိုင် ဆေးရုံသို့ ပို့ထားရကြောင်း သိရှိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Sunday, February 16, 2014

ပြီးခဲ့သော ဖေဖော်ဝါရီလ(၂)ရက်နေ့က ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ယမန်နေ့က ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ယင်လပ် ရှင်နာဝပ်တရာ နှင့် ၀န်ကြီးဌာနအဖွဲ့ဝင်များသည် ထိုင်းနိုင်ငံအတွင်း တာဝန်ထမ်းဆောင်လျှက်ရှိသော နိုင်ငံတကာ သံအမတ်များကို ဖိတ်ခေါ် တွေ့ဆုံ၍ အစည်းအဝေး တစ်ရပ်ကို သတင်းမီယာများအား တက်ရောက် သတင်းယူခွင့်မပြုပဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ(၂)ရက်နေ့က ကျင်းပသွားခဲ့သော ရွေးကောက်ပွဲသည် နိုင်ငံရေးပဋိပက္ခများ ကြားထဲက ပြုလုပ်သွားသည့် အတွက် ထိုင်းနိုင်ငံရွေးကောက်ပွဲကို ဘယ်လို အဆုံးသတ်မလဲဆိုတာကို သိချင်ကြကြောင်း သံအမတ်များက မေးမြန်းလာရာ ရွေးကောက်ပွဲ ကော်မရှင်မှ ၂.၂.၂၀၁၄ ခုနှစ်၏ ရွေးကောက်ပွဲဥပဒေနှင့် အကြောင်းအရာကို ရှင်းလင်းပြီး နောက်လာမည့် ၃၀.၃.၂၀၁၄ရက်နေ့မှာ ခရိုင်ကိုယ်စားလှယ် ရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပြီး ၂၀/၂၇.၄.၂၀၁၄ရက်မှာ ပြည်လုံးကျွတ်ရွေးကောက်ပွဲပြန်လည် ကျင်းပမှာဖြစ်ကြောင်း နှင့် ယခုလို နောက်လာမည့် ရွေးကောက်ပွဲသတ်မှတ်ရက်ကို ရက်ပိုင်းအတွင်းက ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ အသင့်တော်ဆုံးဟု သတ်မှတ်ကာ သဘောတူညီလိုက်တာဖြစ်ကြောင်း နိုင်ငံတကာ သံအမတ်များကို ရှင်းလင်း ပြောကြားသွားခဲ့သည်။

Photo: reuters.com 
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Friday, February 14, 2014

ထိုင်းနိုင်ငံတွင် ကျန်းမာရေး အရသော်လည်းကောင်း၊ အာဟာရတစ်ခု အဖြစ်သော်လည်းကောင်း ရောင်းအားကောင်းနေသည့် နေကြာပင်ပေါက်များသည် ယခုအခါမှာ စိုက်ပျိုးရေးဈေးကွက်သစ် တစ်ခုအနေဖြင့် ဖြစ်ပေါ်နေကြောင်း ထိုင်းနိုင်ငံ စိုက်ပျိုးရေးဦးစီးဌာနမှူး၏ ရှင်းလင်းချက်အရ သိရသည်။

[ Photo: praneesthaikitchen၊ chiaseedme၊ theepochtimes၊ earthgivenkitchen၊  ]

အဆိုပါ နေကြာပင်ပေါက်များကို စားသုံးခြင်းသည် သာမန်ပဲပင်ပေါက်များထက်  ပရိုတင်းဓါတ်များပြည့်ဝပြီး ဗီတာမင် A,E,B1-6 ပါဝင်သည့်အတွက် ဓါတုဆေးဝါးများ သုံးစရာမလိုပဲ မျက်စိအားတိုးခြင်း၊ အသာအရေကောင်းမွန်ခြင်း၊ အသားအရေ ရင့်ရော်မှုနှောင့်နှေးခြင်း၊ ဦးနှောက်အားတိုးခြင်း၊ သံဓါတ်များခြင်း၊ အဆီဓါတ်ကျစေခြင်း နှင့် အစာကြေလွယ်ခြင်းတို့အတွက် ကောင်းမွန်စေကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၁၂)ရက်နေ့က ထိုင်းနိုင်ငံ စိုက်ပျိုးရေးဦးစီးဌာနမှူးက နေကြာပင်ပေါက်များအား စိုက်ပျိုးနည်းနှင့် ပတ်သက်၍ နေကြာစေ့များကို ရေ နှစ်ကြိမ်ဆေး၍ ၁၀နာရီခန့် ရေစိမ်ထားရမှာဖြစ်ပြီး စိုက်ပျိုးမည့် စိုက်ဘောင် သို့မဟုတ် ဇလုံအား မြေဆွေး တစ်လက်မခန့် ထည့်၍ ပျိုးထားရမှာဖြစ်ကြောင်း၊ ထိုသို့ ပျိုးထားသည့် ပျိုးပင်များကို ရေတစ်နေ့လျှင် ရေတစ်လီတာခန့် အသုံးပြု၍ နှစ်ကြိမ် လောင်းပေးရင်းဖြင့် (၄)ရက်အတွင်း အပင်ပေါက်လာမှာဖြစ်ပြီး အပင်ပေါက်လေးများကို နေ(၃)ရက်ခံပြီးနောက် (၇)ရက်ပြည့်လျှင် ရေမဆေးပဲ အမြစ်ဖြတ်၍ ကြွပ်ကြွပ်အိမ်ထဲ ထည့်ကာ အအေးခံထားလျှင် (၇)ရက်ထားနိုင်မှာ ဖြစ်ကြောင်း ရှင်းလင်းပြောကြားသွားကြောင်း သိရသည်။

နေကြာစေ့မှ အပင်ပေါက်အဖြစ် စိုက်ပျိုးခြင်း၏ အချိန်ကာလမှ (၇)ရက် ကြာမြင့်ပြီး လက်ရှိတွင် ထိုင်းနိုင်ငံ၏ ဈေးကွက်မှာ နေကြာပင်ပေါက် တစ်ကီလိုကို ထိုင်းဘတ်ငွေ (၃၀၀)ရှိရာ ထိုင်းနိုင်ငံ လူလတ်တန်းစားများ အနေဖြင့် နေကြာပင်ပေါက်များကို တစ်ကီလိုလျှင် (၃၀၀)ဘတ်ဖြင့် ပေးဝယ်ကာ သုပ်၍လည်းကောင်း၊ ဟင်းရည်ချက်၍ လည်းကောင်း၊ ကြော်စား၍ လည်းကောင်း စားသုံးနေကြကြောင်း သိရှိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Thursday, February 13, 2014

မြန်မာ၊ ထိုင်း၊ တရုတ် နှင့် လာအို စသည့် လေးနိုင်ငံ ကုန်တင်သဘောင်္များ အနေဖြင့် လတ်တလော ကာလအတွင်း အခက်အခဲဖြစ်ပေါ်နေသည့် မဲခေါင်မြစ်ရေ သိသိသာသာ ခမ်းလာသည့် ကိစ္စနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် ဒေသရေဆိပ် အမှတ်(၁)မှ ဦးစီးမှူး ဆုံးကလုတ် ဒုန်းဟာခလန်းက ပြီးခဲ့သည့် ရက်ပိုင်းက ရှင်းလင်းပြောကြားသွားကြောင်း သိရသည်။

အဆိုပါ ရှင်းလင်းချက်တွင် ထိုင်း၊ တရုတ်၊ လာအို၊ မြန်မာ သဘောင်္များအနေဖြင့် တစ်လလျှင် အခေါက် (၈၀၀)မှ အခေါက်ရေ(၉၀၀)ထိ သယ်ယူပို့ဆောင် သွားလာနေပြီး စီးပွားရေး ကာလဆိုလျှင် အခေါက်ရေ (၁၁၀၀)မှ အခေါက်ရေ(၁၄၀၀)ခန့်ထိ ရှိခဲ့ကြောင်း ယခုတစ်ပတ် နှစ်ပတ်အတွင်းမှာ အခေါက်ရေ လျော့သွားရခြင်းသည် မဲခေါင်မြစ်ရေဟာ သိသိသာသာ ခမ်းလာသည့်အတွက် အလေးချိန် တန် ၁၀၀ - ၁၅၀ သဘောင်္ကြီးများ အသွားအလာ ခက်ခဲခဲ့ခြင်းကြောင့် ဖြစ်ကြောင်းနှင့်  အဓိက ရေတိမ်သော ရေဆိပ်မှာ ချိန်းဆဲန်ရေဆိပ်ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားသွားသည်။

မဲခေါင်မြစ်အတွင်း ရေခမ်းလာသည့်အခါမှာ ရေလွှဲအားနည်းခဲ့ရသည့် ကိစ္စမှာ တရုတ်ပြည်၌ ရေတမံ ပြုပြင်ဆောက်လုပ်နေသည့် အတွက် ရေလွှဲအားနည်းခဲ့ရတာဖြစ်ပြီး ဖေဖော်ဝါရီလ(၁၅)ရက်နေ့ နောက်ပိုင်းမှာ ပြုပြင်ဆောက်လုပ်မှုပြီးဆုံးမဲ့ အဆိုပါ ရေတမံသည် သာမန်ထက်ပိုမို၍ ရေလွှဲအား ကောင်းလာနိုင်ဖွယ်ရှိလာနိုင်ကြောင်း ကုန်တင်သင်္ဘောသားများက မျှော်လင့်ထားကြကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Monday, February 10, 2014

ဒီဇင်ဘာလ(၉)ရက်နေ့ က ထိုင်းနိုင်ငံတွင် ပြုလုပ်သော ကျန်းမာရေးအစည်းအဝေးမှာ ထိုင်းနိုင်ငံ ကျန်းမာရေးအတွင်းဝန် ဒေါက်တာ နလုံးဆဟထားဖတ်က ကမ္ဘာအနှံ့တွင် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသောလူနာမှာ တစ်နှစ်လျှင် အယောက်(၅၀၀၀၀)ကျော်ရှိပြီး ပြီးခဲ့သော (၂၀၁၃)ခုနှစ်က ထိုင်းနိုင်ငံအတွင်း ခွေးရူးပြန်ရောဂါကြောင့် သေဆုံးခဲ့ရသူမှာ (၆)ဦးရှိခဲ့ရာ သေဆုံးရသည့် အကြောင်းအရင်းမှာ ခွေးကိုက်ခံရပြီး ကာကွယ်ဆေးမထိုးသောကြောင့် သေဆုံးခဲ့ကြရတာဖြစ်ကြောင်း ပြောကြားသွားသည်။


ခွေးရူးပြန်ရာဂါနှင့် ပတ်သက်၍ ထိုင်းနိုင်ငံအတွင်း ဒေသအနှံ့အပြားတွင် ခွေးရူးပြန်ရောဂါ အနိမ့်ဆုံး (၈၀)ရာခိုင်နှုန်း ကျဆင်းစေရန် ဆောင်ရွက်ကြရမှာဖြစ်ပြီး မိမိတို့၏ အိမ်မွေးတိရစ္ဆာန် နို့တိုက် သတ္တ၀ါတို့၏ လက်သည်း၊ ခြေသည်းနှင့် ကုတ်ခြစ်မိခြင်း၊ တိရစ္ဆာန်များ၏ တံတွေးများအား မိမိတို့၏ အနာများနှင့် ထိတွေ့ခြင်းများ ဖြစ်ပေါ်ခဲ့ပါက ခွေးရူးပြန်ရာဂါ ကူးဆက်နိုင်ခြေ ရှိကြောင်းကိုလည်း ထိုင်းနိုင်ငံ ကျန်းမာရေးအတွင်းဝန်မှ အဆိုပါ အစည်းအဝေး၌ ပြောကြားသွားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဖြစ်သည့် World Health Organization က (၂၀၁၆)ခုနှစ်အတွင်း ကမ္ဘာ့နေရာအနှံ့ ခွေးရူးပြန်ရောဂါ ပပျောက်ရေးကို ဒေသခံကျန်းမာရေးဌာနများနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးတို့ ပူးပေါင်း၍ ကြိုးစားလုပ်ဆောင်ကြရန် လုပ်တိုက်တွန်းထားကြောင်းကိုလည်း သိရှိရသည်။

Photo: thaitravel
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Wednesday, February 5, 2014

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂)ရက်နေ့က ထိုင်းနိုင်ငံ၌ ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ၏ ရလဒ်သည် ပြင်းထန်သော ဆန္ဒပြမှုများကြားက (၉၀)ရာခိုင်နှုန်း အောင်မြင်မှုရှိကြောင်း ထိုင်းသတင်းဌာနများမှ ရေးသားဖော်ပြထားတာကို တွေ့ရှိရသည်။

(AP Photo/Apichart Weerawong)

ထိုင်းနိုင်ငံအတွင်း၌ ခရိုင်ပေါင်း (၇၇)ခရိုင်ရှိသော်လည်း ရွေးကောက်ပွဲကို ဖြောင့်ဖြူးစွာ ကျင်းပနိုင်ခဲ့သည်မှာ (၆၈)ခရိုင်သာရှိပြီး ကျန် (၉)ခရိုင်ကတော့ သတ်မှတ်ထားသည့် လူဦးရေ နည်းပါးခဲ့သည့် အပြင် ဆန္ဒပြမှုများကြောင့် မအောင်မြင်ခဲ့တာဖြစ်ကြောင်း သိရသည်။

( Photo: nation)

အဆိုပါ ရွေးကောက်ပွဲအတွက် ဖွင့်လှစ်ပေးထားသည့် မဲဆန္ဒနေရာများမှာ (၃၇၅)နေရာရှိပြီး (၃၀၆)နေရာသာ တည်ငြိမ်စွာဖြင့် မဲပေးနိုင်ခဲ့သည်။ မဲပေးမှုတွင် စစ်တပ်၊ ပြည်သူ၊ တောင်ပေါ်သား အစရှိသည့် ထိုင်းနိုင်ငံသားများအား သက်ဆိုင်ရာများက တိုက်တွန်းခြင်းကြောင့် ယခုလို (၉၀)ရာခိုင်နှုန်း အောင်မြင်မှု ရရှိတာဖြစ်ပြီး မဲပေးမှု မအောင်မြင်သော နေရာများသည် မဲမပေးလိုသော ပြည်သူများနှင့် ဆန္ဒပြသော အဖွဲ့၏ အတားအဆီး လုပ်ခြင်းများကြောင့်ဖြစ်ကြောင်း သိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~ 
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Tuesday, February 4, 2014

ထိုင်းနိုင်ငံ မဲဆောက်မြို့ နှင့် မြန်မာနိုင်ငံ မြ၀တီမြို့တို့အကြား ရှေ့ဆက်ပြီး နှစ်နိုင်ငံ သတင်း အချက်အလက် အပြန်အလှန်ဖလှယ်နိုင်ရန်အတွက် ယခုရက်ပိုင်းအတွင်းက ထိုင်းနိုင်ငံ မဲဆောက်မှာ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

{Photo: Thairath}

ထိုသို့ လက်မှတ်ရေးထိုးရာမှာ မဲဆောက်မြို့ပိုင်မင်း နှင့် မဲဆောက် အာရှသတင်းထောက် အသင်းခေါင်းဆောင် ဦးနိုင်ဖိခြစ် ဖလုစာစိုဖား အပါအ၀င် စစ်ဖက်ရေးရာမှ အရာရှိများ၊ တက်ခရိုင် လ၀ကဦးစီးမှူး နှင့် ထိုင်းသတင်းထောက်အသင်းတို့က မြန်မာနိုင်ငံ မြ၀တီမြို့ သတင်းထောက် ကိုယ်စားလှယ် ဦးထွန်းထွန်းဦး အပါအ၀င် အဖွဲ့ဝင် ကိုးဦး တို့နှင့် လက်မှတ်ရေးထိုးခဲ့ကြပြီး ယင်းသို့ လက်မှတ်ရေးထိုးရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ထိုင်း-မြန်မာ သတင်းစာ၊ ရုပ်မြင်သံကြား၊ ရေဒီယို တို့မှ သတင်းထောက်များ ခင်မင်ရင်းနှီး၍ သတင်းများ အပြန်အလှန် ဖလှယ်နိုင်ရန် နှင့် နှစ်နိုင်ငံ သတင်းဖြန့်သော နေရာ ဌာနများသို့ သွားရောက် လေ့လာ၍ အပြန်အလှန် ဖလှယ်နိုင်ရန် အတွက် ဖြစ်ကြောင်း သိရှိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Saturday, January 25, 2014

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်းမှ အစပြုသော ဆန္ဒပြမှုများသည် ယခုအခါမှာ အနယ်နယ်အရပ်ရပ်သို့ ပြန့်ပွားပြီး ဆက်လက်သောင်းကျန်းနေဆဲဟာ ဆန္ဒပြအဖွဲ့ခေါင်းဆောင် ဒုဝန်ကြီးချုပ်ဟောင်း ဆူထေ့ သောင်ဆူဘန် ၏ လှုံ့ဆော်စည်းရုံးမှုကြောင့်ဟု သတ်မှတ်ကာ ၎င်းအား မလိုလားသူများမှ သုတ်သင်ရန်အတွက် ခြိမ်းခြောက်လာကြကြောင်း သိရသည်။

အဆိုပါ ခြိမ်းခြောက်မှုနှင့် ပတ်သက်၍ ဆန္ဒပြအဖွဲ့ခေါင်းဆောင် ဆူထေ့ သောင်ဆူဘန် အနေဖြင့် ခြိမ်းခြောက်မှုတွေ မည်သို့ရှိစေ ဂရုမစိုက်ဘဲ အနယ်နယ် အရပ်ရပ်က ဆန္ဒပြပြည်သူတွေကို အစိုးရ သက်ဆိုင်ရာ ရုံးများအား ချီတက်ပိတ်စို့ဖို့ တိုက်တွန်းနေပြီး လာမည့် ဖေဖော်ဝါရီလ (၂)ရက်နေ့မှာ ပြုလုပ်မည့် ရွေးကောက်ပွဲကို မအောင်မြင်အောင် တားဆီးပိတ်ပင် သွားမည်ဖြစ်ကြောင်း ပြောကြားသည်ကို ဇန်န၀ါရီလ(၂၅)ရက်နေ့ထုတ် ထိုင်းနေ့စဉ် သတင်းစာ၌ ရေးသားဖော်ပြထားသည်။

ဆန္ဒပြအဖွဲ့တွေကို အကြမ်းဖက်နည်းဖြင့် ပြန်လည်၍ လုံးဝမတုံ့ပြန်ဖို့ ၀န်ကြီးချုပ် ယင်းလပ်က အမိန့် ထုတ်ပြန်ထားကြောင်းနှင့် ထိုင်းဘန်ကောက်ရဲ အာဏာပိုင်များက ဆန္ဒပြအဖွဲ့ခေါင်းဆောင် ဆူထေ့ကို ဖမ်းဆီးရန်အတွက် အခွင့်အရေးစောင့်နေကြကြောင်းလည်း သိရှိရသည်။

ဆန္ဒပြအဖွဲ့ခေါင်းဆောင် ဆူထေ့ကို အားပေးကြသော ပြည်သူလူထုမှာ တစတစဖြင့် အင်အားတိုးပွားလာရာ အချို့သော ပြည်သူများမှ လူအား ငွေအားဖြင့် ပါဝင်ဆင်နွှဲလာလျှက်ရှိကြောင်းသိရသည်။

Photo: AFP
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Thursday, January 23, 2014

ထိုင်းနိုင်ငံအတွင်း၌ ၎င်း၏အိမ်နီးချင်းနိုင်ငံများမှ လာရောက်၍ အလုပ် လုပ်ကိုင်နေကြသည့် အလုပ်သမားများ အမြှောက်အများရှိရာ တရားဝင် အလုပ်သမားများနှင့် တရားမ၀င် အလုပ်သမားများမှာ များသောအားဖြင့် လုပ်အားခနှိမ်ခြင်း၊ အထင်သေးခြင်း၊ အလုပ်သမားအခွင့်အရေး အပြည့်အ၀ မရရှိခြင်းနှင့် အလုပ်ရှင်ထံမှ  အလုပ်သမား အကျိုးခံစားခွင့်များ အပြည့်အ၀ မရရှိခြင်းများ စသည့် အလုပ်သမားပြဿနာများမှာ ချုပ်ငြိမ်းသွားခြင်း မရှိပဲ ဆက်လက်ဖြစ်ပွားနေလျှက်ရှိကြောင်း သိရသည်။

အလုပ်သမားများ အခွင့်အရေးရရှိရေးနှင့် ပတ်သက်၍ ထိုင်းနိုင်ငံရှိ Unite Thailand အဖွဲ့က ဦးဆောင်ပြီး "အသံမြည်သော တံတား"အမည်ခေါင်းစဉ်ဖြင့် အလုပ်သမားများအတွက် အခွင့်အရေးရရှိရန် ဟောပြောပွဲတခုကို ရက်ပိုင်းအတွင်းက ကျင်းပပြုလုပ်ရာ အဆိုပါ ဟောပြောမှု အခမ်းအနားသို့ ပစိဖိတ်ပတ်ဝန်းကျင် နှင့် စီးပွားရေးကွပ်ကဲအဖွဲ့၊ IOM နိုင်ငံခြားအလုပ်သမားရွေ့ပြောင်းရေးရာကော်မတီ၊
UNESCAP နှင့် World Vision စသည့်အဖွဲ့များမှ တက်ရောက်လာခဲ့ကြပြီး နိုင်ငံခြားသား အလုပ်သမားများ အနေဖြင့်လည်း မိမိတို့ကိုယ်တိုင် အလုပ်သမားဥပဒေ နှင့် အလုပ်သမားအခွင့်အရေးများကို သိရှိပြီးမှသာ သွားရောက်လုပ်ကိုင်စေလိုကြောင်း နှင့် အလုပ်သား ဥပဒေနှင့် အခွင့်အရေးများကို ကြိုတင် လေ့လာထားသင့်ကြောင်း စသည့်တို့အား ဆွေးနွေးခဲ့ကြကြောင်းကို ဇန်န၀ါရီလ(၂၂)ရက်နေ့ထုတ် ထိုင်းနိုင်ငံ နေ့စဉ်သတင်းစာ၌ ရေးသားဖော်ပြထားသည်။

ထိုင်းနိုင်ငံအတွင်း၌ရှိသည့် အချို့သော တရားဝင် အလုပ်သမားများနှင့် တရားမ၀င် အလုပ်သမားများမှာ အလုပ်ပွဲစားများ၏ လိမ်ညာခေါ်ဆောင်လာမှုကြောင့် အလုပ်ကောင်းမရဘဲ အလုပ်ကြမ်းများကို လုပ်နေကြရကြောင်း နှင့် လုပ်အားခမှာလည်း ခေါင်းပုံဖြတ်မှုများ ရှိနေသည့်အပြင် လုပ်အားခ အနည်းအကျဉ်းမျှသာ ရရှိနေကြခြင်းများလည်း တွေ့ရှိရကြောင်း အဆိုပါ ဟောပြောမှုတွင် ထည့်သွင်းပြောကြားသွားကြောင်း သိရသည်။

Photo: 1designer-clothing
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်ရဲမင်းကြီး အပ်စော်ဝုန်းယိုင် နှင့် ချင်းမိုင် စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြီးခဲ့သည့် ဇန်န၀ါရီလ(၂၁)ရက် မွန်းလွဲပိုင်းမှာ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားချက်အရ ချင်းမိုင်မြို့ ရဲအာဏာပိုင်များက မူးယစ်ဆေးဝါး ရောင်းဝယ်သည့်အဖွဲ့ကို အကွက်ဆင်၍ စိတ်ကြွဆေးပြား မျှားဝယ်ရာ မြန်မာနိုင်ငံသား စီစစ်ရေးကတ်ပြား ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသားတစ်ဦးထံမှ စိတ်ကြွဆေးဝါးများ ဖမ်းမိကြောင်း သိရသည်။

{ သတင်းဓါတ်ပုံ : ဒေလီနယူး}

ထိုင်းရဲများက စိတ်ကြွဆေးပြားများအား ၎င်းတို့ကိုယ်တိုင် ဟန်ဆောင်၍ ၀ယ်ယူရာမှ အသက်(၂၇)နှစ်ရှိ မြန်မာနိုင်ငံသား စိုင်းလုံ ထံမှ စိတ်ကြွဆေးပြား အလုံး(၂၀၀)နှင့် .22 သေနတ်တစ်လက်ကိုလည်း ဖမ်းဆီးရရှိကြောင်းနှင့် စိုင်းလုံသည် ချင်းမိုင်မြို့ ပါဒက်ရပ်ကွက်၌ အဆောင်တစ်ဆောင်ငှား၍ စိတ်ကြွဆေးပြား တစ်လုံးကို ဘတ်(၂၀၀) မှ (၂၅၀)ဘတ်ထိ ကိုယ်တိုင်ရောင်းချနေတာဖြစ်ကြောင်း ထိုင်းနိုင်ငံ နေ့စဉ်ထုတ်သတင်းစာမှ  ရေးသားဖော်ပြထားသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Wednesday, January 22, 2014

ဗီယက်နမ်နိုင်ငံအတွင်း မူးယစ်ဆေးဝါး (၁၂)တန်ခန့်အား တရားမ၀င် ရောင်းဝယ်ဖောက်ကားမှုနှင့် ပတ်သက်၍ အမျိုးသား အမျိုးသမီး တရားခံ စုစုပေါင်း အယောက် (၃၀)တို့ကို ဗီယက်နမ် တရားဥပဒေအရ သေဒဏ်ပေးလိုက်ကြောင်း သိရသည်။

{ ဗီယက်နမ်တရားစီရင်ရေးမှ၊ Photo: EPA}

ဗီယက်နမ်တရားဥပဒေအရမှာ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ လူတစ်ဦးတွင် မူးယစ်ဆေးဝါး (၁၀၀)ဂရမ်ထက်ပို၍ အများအပြား လက်ဝယ်ထားရှိပါက သို့မဟုတ် ပိုင်ဆိုင်ထားပါက ၎င်းအား ထောင်ဒဏ် တစ်သက်တစ်ကျွန်းမှ သေဒဏ်အထိ ချမှတ်နိုင်ကြောင်းနှင့် မူးယစ်ဆေးဝါး ပိုင်ဆိုင်မှု အနည်းအများ မူတည်၍လည်း ပြစ်ဒဏ်များ ချမှတ်နိုင်သည့်အပြင် လူကုန်ကူးမှုသည်လည်း အဆိုပါ အတိုင်း ချမှတ်နိုင်ကြောင်း ဗြိတိန်နေ့စဉ်သတင်းစာ၌ ရေးသားဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံ Quảng Ninh ခရိုင်တရားရုံးက ၂၀၀၆ ခုနှစ်မှ ၂၀၁၂ ခုနှစ်ထိ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဖမ်းမိသော တရားခံများမှာ (၈၉)ယောက်ရှိပြီး ၎င်းတို့အား တရားဥပဒေအတိုင်း ပစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများမှာ ဗီယက်နမ်နိုင်ငံအတွင်း အ၀င်များပြီး ပါကစ္စတန် နှင့် အာဖကန်နစ္စတန် စသည့် နိုင်ငံခြားသို့လည်း တဆင့် ပြန်လည်၍ တရားမ၀င် ရောင်းချကြောင်းနှင့် မြန်မာ - ထိုင်း နယ်စပ်ဒေသသည် ကမ္ဘာတွင် ဒုတိယအဆင့် အဖြစ် မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်ခြင်းဖြစ်သည့်အပြင် ထိုင်းနိုင်ငံ နယ်စပ်မှ ဘန်ကောက်မြို့အထိ တရားမ၀င် လမ်းကြောင်းအမျိုးမျိုးဖြင့် ခိုးဝင်သယ်ဆောင်ရန် ကြိုးစားနေကြကြောင်း ထိုင်းနိုင်ငံ ချင်းရိုင်းသတင်းဌာနတစ်ခုတွင် ရေးသားဖော်ပြထားသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
လက်ရှိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အတွင်း ဖြစ်ပွားနေသော ဆန္ဒပြမှုများအား ဘန်ကောက်မြို့တော်မှစ၍ နေရာအနှံ့၊ မြို့နယ်အနှံ ဆက်တိုက်ဖြစ်ပွားရန် ကြိုးပမ်းနေကြပြီး ယင်းဆန္ဒပြမှုများကို ၀န်ကြီးချုပ်ဟောင်း သက်ဆင် နှင့် ၎င်း၏ ညီမဖြစ်သူ လက်ရှိ ယာယီ ၀န်ကြီးချုပ် ယင်းလပ်၏ ပါတီအဖွဲ့တစ်ခုလုံး ဖျက်သိမ်းပေးဖို့ တောင်းဆိုထားသည့် တောင်းဆိုချက်အား မပြည့်သ၍ ဆက်လက်၍ ပြင်းထန်စွာ ဆန္ဒပြသွားမည်ဖြစ်ကြောင်း ယခု ရက်ပိုင်းက ဆန္ဒပြအဖွဲ့ခေါင်းဆောင်မှ ပြောကြားကြောင်းကို ထိုင်းမီဒီယာများမှ ဖော်ပြထားသည်။

ယင်း ဆန္ဒပြအဖွဲ့သည် တဖြေးဖြေးနှင့် အင်အားကြီးမားလာရာ ထိုင်းနိုင်ငံ ဆေးကျောင်းသား၊ ဆရာဝန်၊ သူနာပြု စသည့် ကျန်းမာရေးနှင့် ပတ်သက်သည့် အဖွဲ့အစည်းများလည်း ပါဝင်လာကြပြီဖြစ်ကြောင်းနှင့် ထိုသို့ ပါဝင်လာသည့်ကိစ္စ နှင့် ပတ်သက်၍ ကျန်းမာရေးအဖွဲ့အစည်းမှ ဆန္ဒပြသော ပြည်သူများ၏ ကျန်းမာရေးကိစ္စများကို လိုက်လံစောင့်ရှောက်ပေးနိုင်ရန်အတွက် ပါဝင်လာရခြင်းဖြစ်ကြောင်း သိရသည်။

{ Photo: asiancorrespondent}

ဆက်လက်၍ ဆန္ဒပြအဖွဲ့တို့သည် ဘန်ကောက်မြို့ တရားရေးရာဝန်ကြီးဌာန နှင့် အထူးအမှုတွဲ စစ်ဆေးရေးဌာန ( ထိုင်း C.S.T )ရုံးရှေ့တို့တွင်လည်း ဆက်လက် ချီတက်ကာ ပိတ်ဆို့၍ ဆန္ဒပြဦးမည်ဖြစ်ကြောင်းလည်း သိရသည်။

ဆန္ဒပြပြည်သူများအကြား ဗုံးဖေါက်ခွဲမှုများနှင့် ပတ်သက်၍ ထိုင်းအစိုးရ ရဲအာဏာပိုင်များက ဗုံးဖေါက်ခွဲသည့် တရားခံများအား ဖမ်းမိရန် သတင်းသဲလွန်စ ပေးနိုင်ပါက ဆုငွေများ ထိုက်ထိုက်တန်တန် ချီးမြှင့်မည်ဖြစ်ကြောင်း ကြော်ငြာချက် ထုတ်ပြန်ထားသည်ကို ထိုင်းနိုင်ငံ နေ့စဉ်သတင်းစာမှ သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်အတွင်း၌ ယခု ရက်ပိုင်းအတွင်းက ဆန္ဒပြမှုများအကြား ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု နှင့် ပစ်ခတ်ခြင်းတို့ကြောင့် ဆန္ဒပြသူ (၂၈)ဦး ဒဏ်ရာရရှိပြီး (၇)ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ရာ အဆိုပါ (၇)ဦးထဲတွင် ဘန်ကောက်မှ အမျိုးသမီး သတင်းထောက်တစ်ဦး ပါဝင်ကြောင်း သိရသည်။
{  ထိုင်းနိုင်ငံအတွင်း၌ ဆန္ဒပြပြည်သူများ  Photo:news.yahoo.com }

ယင်းပစ်ခတ်မှုတွင် အသုံးပြုသော ဗုံးအမျိုးအစားမှာ RGD - 5 ဖြစ်ပြီး အဆိုပါ ဗုံးအမျိုးအစားသည် ထိုင်းနိုင်ငံတွင် ထုတ်လုပ်ခြင်းမရှိပဲ နယ်စပ်ဒေသက တရားမ၀င်ထုတ်လုပ်သော ဗုံးအမျိုးအစားဖြစ်နိုင်ကြောင်း ထိုင်းနိုင်ငံ အာဏာပိုင်များက သုံးသပ်ပြောဆိုသည်ကို ထိုင်းနိုင်ငံထုတ် ဒလီးနယူးသတင်းစာ၌ ရေးသားဖော်ပြထားကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း ဆန္ဒပြပြည်သူများအနေဖြင့် လာမည့်အပတ်အတွင်း ဒီထက် ပိုမိုလှုပ်ရှား၍ ရှေ့ဆက်တိုးသွားမှာဖြစ်ကြောင်း ဆန္ဒပြအဖွဲ့ခေါင်းဆောင်က ပြောကြားကြောင်း သိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~