Latest News

Dropdown Menu

Showing posts with label အလောင်းစား၊. Show all posts
Showing posts with label အလောင်းစား၊. Show all posts

Thursday, July 12, 2012

တာချီလိတ်ခရိုင်အထူးမှုခင်းနှိမ်နင်းရေးအဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ရဲအုပ်ဝင်းဇော်ထွန်းနှင့်အဖွဲ့တို့သည် မိုင်းကိုးကျေးရွာအုပ်စု ဟိုရမ်းရွာ၏ကားလမ်းဘေးတွင် သက်ကယ်တဲထိုးလျှက် လောင်းကစားပြုလုပ်နေကြောင်း သတင်းရရှိ၍ ၂၀၁၂ခုနှစ် ၁၁ရက်နေ့ ဇူလိုင်လ ညနေ(၆)နာရီခွဲဝန်းကျင်တွင် ၀င်ရောက် ရှာဖွေဖမ်းဆီးရာ
လောင်းကစားပြုလုပ် နေကြသူများနှင့် အလောင်းကစားခုံများကို ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။


ဖမ်းဆီးသိမ်းဆည်းရမိရာတွင် အကြွေစေ့ဖြင့်ထည့်၍ ကစားရသော Crown(သရဖူ)အမှတ်တံဆိပ်ပါသော ဂိမ်းခုံ(၆)ခုံ၊ Rey Leon Santiago အမှတ်တံဆိပ်ပါသော ဘောလုံးခုံ (၂)ခုံနှင့် လူ(၆)ယောက် ကစားရသည့် "ငါး"ဂိမ်းခုံ ( ၁၀)ခုံတို့ကို သိမ်းဆည်းရမိသည်။ သိမ်းဆည်းရမိသော ဂိမ်းခုံ(၈)ခုံအတွင်းမှ ထိုင်းဘတ်ငွေ (၁၀)ဘတ်စေ့နှင့်ညီမျှသော အကြွေစေ့ ( ၄၁၁၆)စေ့ကို တွေ့ရှိသိမ်းဆည်းရမိပြီး အလောင်းကစားပြုလုပ်သော တရားခံများထံမှ ထိုင်းဘတ်ငွေ ( ၁၂၀၉၀)ဘတ်ကို သိမ်းဆည်းရမိသည်။


အလောင်းကစားဒိုင်အဖြစ်တွေ့ရှိရသူ တရားခံတစ်ဦးနှင့် လောင်းကစားနေသူ(၃)ဦးတို့အား လောင်းကစား ဥပဒေပုဒ်မ ၁၃(က)/၁၄(က)ဖြင့် ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။



တစ်ဆက်တည်းမှာပင် တာချီလိတ်ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်မြင့်ထွေးဦးစီးသောအဖွဲ့နှင့် ခရိုင်အထူးမှုခင်းနှိမ်နင်းရေးအဖွဲ့မှ ဒုရဲအုပ်အေးလွင်တို့အဖွဲ့သည် သတင်းများအရ ဇူလိုင်လ(၁၂)ရက်နေ့ ည(၁၂)နာရီခန့်တွင် ဆန်ဆိုင်း(က)ရပ်ကွက်အတွင်းတွင် လောင်းကစားပြုလုပ်နေကြောင်း သတင်းရရှိ၍ ရှာဖွေဖမ်းဆီးရာတွင် ဂိမ်းခုံပိုင်ရှင်(၁)ဦး၊ အကြွေစေ့လဲပေးသူ(၁)ဦး နှင့် လောင်းကစားပြုလုပ်နေသူ(၂)ဦး
တို့အား တွေ့ရှိရပြီး ဘောလုံးဂိမ်းခုံ(၂)ခုံ၊ Hot Game စာတမ်းပါ ဂိမ်းခုံ(၂)ခုံ၊ Free Gameစာတမ်းပါ ဂိမ်းခုံ(၂)ခုံ၊ Stone စာတမ်းပါ ဂိမ်းခုံ(၁)ခုံ၊ Dragon Slayer စာတမ်းပါ ဂိမ်းခုံ( ၁)ခုံ၊ Hawaii စာတမ်းပါ ဂိမ်းခုံ(၁)ခုံ၊ Joker Wild စာတမ်းပါ ဂိမ်းခုံ(၁)ခုံနှင့် လူ(၆)ယောက် လောင်းကစားပြုလုပ်၍ရသော Fishing Season စာတမ်းပါ "ငါး"ဂိမ်းခုံ (၁)ခုံတို့ကို သိမ်းဆည်းရမိသည်။



သိမ်းဆည်းရမိသော ဂိမ်းခုံ(၁၁)ခုံအတွင်းတွင် (၁၀)ဘတ်စေ့နှင့် ညီမျှသော အကြွေစေ့ပေါင်း ( ၁၅၉၉ )
စေ့ကို တွေ့ရှိရမိသည်။ ခုံပိုင်ဖြစ်သူနှင့် အကြွေစေ့လဲပေးသူအပါအ၀င် (၂)ဦးနှင့် အလောင်းကစားပြုလုပ်နေသူ (၂)ဦးတို့အား လောင်းကစား ဥပဒေပုဒ်မ ၁၃(က)/၁၄(က)ဖြင့် ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ယခုကဲ့သို့ ဂိမ်းခုံများကို ဖမ်းဆီးခြင်းအပေါ် "အခုလို ဂိမ်းခုံတွေကို ဖမ်းဆီးတာ ကောင်းတယ်၊ ကျောင်းသားမိဘ မိဘတစ်ဦးမှ ပြောကြားလာပါသည်။

ထို့အတူပင် "အခုလို ဂိမ်းခုံတွေကို တားဆီးနိုင်မယ်ဆိုရင် ကောင်းပါတယ်။ ဂိမ်းခုံတွေက တော်တော်စွဲတယ်၊ ကျွန်တော်ဆို ပါသမျှကုန်ပဲ ပြန်ရတာကို မရှိဘူး၊ အခုလို ဂိမ်းခုံတွေကို ပိတ်လိုက်နိုင်တော့ အေးရောပဲ"ဟု နီးစပ်ရာ မိတ်ဆွေတဦးမှ ပြောလာပါသည်။


ဂိမ်းခုံများကို ဖမ်းဆီးသိမ်းဆည်းနိုင်သည်ဟု ကြားမိသော်လည်း ဂိမ်းခုံသို့ လာရောက်
လောင်းကစားပြုလုပ်သူများကိုလည်း ဖမ်းဆီးနိုင်ကြောင်း အထက်ပါသတင်းနှစ်ပုဒ်ကိုဖတ်ရှု၍ သိရှိနိုင်ပါသည်။ သို့ပါ၍ အများပြည်သူများအနေဖြင့် ဂိမ်းခုံများ၊ အလောင်းကစားများကို မိမိအသိစိတ်ဖြင့်
ရှောင်ကျဉ်စေလိုပါကြောင်း ဖော်ပြလိုက်ပါသည်။

ပုံများကို ကြည့်ရန်

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net