Latest News

Dropdown Menu

Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

Tuesday, February 25, 2014

တာချီလိတ်ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ နှင့် ခရိုင်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း
တို့မှ  ကြီးမှူး၍ နှစ်စဉ်ကျင်းပလေ့ရှိသည့် တာချီလိတ်မြို့နယ် အတွင်း ရပ်ကွက်များမှ အမှန်တကယ် ဆင်းရဲနွမ်းပါးသည့် ကလေးသူငယ်များအား စုပေါင်း၍ ရှင်ပြု လှူဒါန်းပေးမှုကို ၂၀၁၄ခုနှစ် မတ်လ(၂)ရက်နေ့ နှင့် (၃)ရက်နေ့တို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါ ရှင်ပြုအလှူတွင် ကလေးသူငယ် (၂၀)ဦး သတ်မှတ်ထားပြီး တာချီလိတ်မြို့ ပုန်ထွန်းရပ်ကွက်ရှိ ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတွင် ရှင်ပြုလှူဒါန်းပေးမည်ဖြစ်ရာ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ် အတွင်းရှိ ကိုရင်ဝတ်လိုသူ ကလေးများ၏ စာရင်းကို တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ ဧပြီလ(၂၇)ရက်နေ့ ညနေ (၅)နာရီအချိန်ထိ လာရောက်၍ စာရင်းပေးသွင်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။


တာချီလိတ်မြို့တွင် အဆိုပါအဖွဲ့မှ နှစ်စဉ်နှစ်တိုင်း စုပေါင်းရှင်ပြုပေးလာခဲ့သည်မှာ ယခုအကြိမ်ဆိုလျှင် တတိယအကြိမ်မြောက်ဖြစ်ပြီး ရှင်လောင်းလှည့်မည့် ရက်အား ၂၀၁၄ခုနှစ် မတ်လ (၂)ရက်နေ့ သတ်မှတ်ထားပြီး အလှူကြီးနေ့ကို မတ်လ(၃)ရက်နေ့ သတ်မှတ်ထားကြောင်းနှင့် ယခုအကြိမ်အား ယခင်နှစ်ထက် စည်ကားသိုက်မြိုက်စွာဖြင့် ရှင်လောင်းလှည့်လည်မှာ ဖြစ်ကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Tuesday, February 18, 2014

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းဖုန်းဒေသတွင် သီတင်းသုံးစံမြန်းနေသော မိုင်းဖုန်းဆရာတော်သည် တာချီလိတ်မြို့မှ ရန်ကုန် သို့ ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် ကြွရောက်ပြီး ထိုမှတဆင့် ဗုဒ္ဓဂယာသို့ ကြွချီမည်ဖြစ်ကြောင်း တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒ (စ၀်ဆုခမ်း တန့်ယန်း)၏ ဖေ့ဘုတ်တွင် ဖော်ပြထားချက်အရ သိရှိရသည်။

 တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒ (စ၀်ဆုခမ်း တန့်ယန်း)၏ ဖေ့ဘုတ်တွင် ဖော်ပြထားသော မိုင်းဖုန်းဆရာတော်၏ ခရီးစဉ်များနှင့် ပတ်သက်၍ မူရင်းအတိုင်း
ပြန်လည်ဖော်ပြလိုက်ပါသည်။


=== မိုင်းဖုန်းဆရာတော် ရန်ကုန်ကြွမည် = = =
၂၀/၂/၂၀၁၄ တာချီလိတ်မှ လေယာဉ်ဖြင့် ရန်ကုန်ကို ကြွပါမည်။ ညနေပိုင်း လေယာဉ်ဆိုက်ပါမည်။ အချိန်ရှိပါက ညဦးပိုင်း ရွှေတိဂုံတွင် ရွှေသင်္ကန်း သွားရောက်လှူဒါန်းပါမည်။ ထောက်ကြံ့သာသနာလင်္ကာရ မိုင်းဖုန်းကျောင်းတွင် ကျိန်းပါမည်။

၂၁/၂/၂၀၁၄ မနက်ပိုင်း ကမ္ဘာအေးတွင် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများအား ကန်တော့၊ ကံထပ်မင်္ဂလာပြုလုပ်ပြီး နေ့ဆွမ်းဆက်ကပ်ပါမည်။ ပြီးလျှင် ဗဟန်းဇီဝိတဆေးရုံတွင် အလှူငွေ သွားလှူမည်။ ပြီးလျှင် ကျိုက်ဝိုင်း ခေမရဌ်ကျောင်း၊ ကိုးမိုင်ရှမ်းကျောင်းသို့ ကြွရောက် ဘုရားဖူးကာ ထောက်ကြံ့သာသနာလင်္ကာရ မိုင်းဖုန်းကျောင်းတွင် ညကျိန်းပါမည်။

၂၂-၂၃/၂/၂၀၁၄ တွင် နေပြည်တော်ကို ကြွဖို့ အစီအစဉ်ရှိပါမည်။
၂၄-၂၅/၂/၂၀၁၄ မန္တလေးသို့ ကြွပါမည်။
၂၆/၂/၂၀၁၄ မန္တလေး အပြည်ပြည်ဆိုင်ရာ တံတားဦးလေဆိပ်မှ ဗုဒ္ဓဂယာသို့ ဘုရားဖူးကြွပါမည်။
၂/၃/၂၀၁၄ ဘူတန်တော်ဝင်မိသားစု၏ ပင့်ဖိတ်ချက်အရ ဘူတန်နိုင်ငံသို့ ကြွပါမည်။
၁၂/၃/၂၀၁၄ မြန်မာနိုင်ငံသို့ ပြန်ကြွလာပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ခရီးစဉ် စတင်ပါမည်။
မိုင်းဖုန်းဆရာတော်အား ဖူးမျှော်လိုသော ဒကာဒကာမများ ကြိုတင်သိရှိနိုင်ရန် ခရီးစဉ်ကို ဖော်ပြလိုက်ပါတယ်။ ကျန်းမာပါစေ။
တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒ (စ၀်ဆုခမ်း တန့်ယန်း)

ꨁꨤဝ်းတꨤင်း ꨅဝ်ꨳသိꨓ်ထမ်း ဝုꨓ်းꨅုမ်ꨵ
20.2.2014 လုꨀ်ꨵတꨣꨳꨁီꨳလꨱꨀ်း သေ တေယေꨣးꨁိင်း ꨟွတ်ꨳထိုင် တꨣꨳꨀုင်ꨳ။ ꨟူဝ်ꨁမ်ꨳ သင်မီးꨁꨤဝ်းယꨤမ်း တေꨀꨮꨣꨲ လူꨲꨲတꨤꨓ်း ꨁမ်း တမ်ꨳတီꨳ ထꨤတ်ꨳလူင် သူꨉ်ꨲတꨀူင်ꨲ။ တေမိုဝ်း ꨓွꨓ်ꨳတီꨳ ဝတ်ꨵသꨣꨲꨲသꨓꨣꨲလင်ꨲꨀꨣꨲရ မိုင်းꨕူင်း တီꨳထွꨀ်ꨵꨀျꨤꨓ်ꨵ။
21.2.2014 တွꨓ်ꨳꨓ်ꨮ တေꨀꨮꨣꨲတီꨳ ꨀမ်ꨲꨕꨣꨲေꨡးသေ ꨀꨮꨣꨲလူꨲတꨤꨓ်း ထꨤပ်ꨳꨀꨤမ်ꨲပꨓ် ꨅဝ်ꨳထꨱꨓ်လူင် မꨵꨟꨵꨓ ꨁဝ်ꨅဝ်ꨳယဝ်ꨵ လူꨲတꨤꨓ်း သွမ်းဝꨓ်း။ ဝꨤꨯးꨓꨓ်ꨵ တေꨀꨮꨣꨲတီꨳ ꨟူင်းယꨣꨅီꨲဝိတ ပꨟꨤꨓ်း။ ဝꨤꨯးꨓꨓ်ꨵ တေꨀွꨣꨲꨲဝꨯꨳြꨣꨕꨣး တီꨳ ဝတ်ꨵꨀꨱင်းတုင်၊ ဝတ်ꨵတꨯးꨀဝ်ꨳလꨀ်းသေ တေမိုဝ်း ꨓွꨓ်ꨳတီꨳ ဝတ်ꨵသꨣꨲꨲသꨓꨣꨲလင်ꨲꨀꨣꨲရ မိုင်းꨕူင်း တီꨳထွꨀ်ꨵꨀျꨤꨓ်ꨵ။
22-23.2.2014 တေမီး ꨁꨤဝ်းတꨤင်း ꨀꨮꨣꨲေꨓꨲပျီꨲတေꨣꨲ။
24-25.2.2014 ꨁꨤဝ်းတꨤင်း ဝꨱင်းလိုဝ်ꨲ (မꨤꨓ်းတလေး)။
26.2.2014 တေလုꨀ်ꨵတီꨳ ပꨤင်ꨲꨟိုဝ်းမိꨓ် တတꨣးꨡူးသေ ꨀꨮꨣꨲဝꨯꨳြꨕꨣး ပုတ်ꨵထꨀယꨣꨲ။
2.3.2014 တေလုꨀ်ꨵ ꨡိꨓ်ꨲတိယ သိုပ်ꨲꨀꨮꨣꨲ မိုင်းပူꨲတꨤꨓ်ꨲ။
12.3.2014 တေꨁိုꨓ်း ꨟွတ်းထိုင် တꨣꨳꨀုင်ꨳသေ ဝꨤꨯးꨓꨓ်ꨵ တေသိုပ်ꨲꨁꨤဝ်းတꨤင်း မိုင်းတꨯး ပွတ်းꨟွင်ꨲꨓꨯယဝ်ꨵ။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Friday, February 14, 2014

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ နယ်စပ်မြို့တစ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် ပွင့်လင်းကာလ ကျရောက်သည့် အခါတိုင်း၌ အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ အဖွဲ့မှ တရားပွဲများကို ကျင်းပပြုလုပ်လေ့ရှိရာ ဖေဖော်ဝါရီလ (၁၇)ရက်နေ့တွင် (၂၄)ကြိမ်မြောက် (၁၄)ညတိုင်တိုင် အထူးတရားပွဲကို တာချီလိတ်မြို့ရှမ်းရိုးမကွင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါ တရားပွဲသို့ ရွှေည၀ါဆရာတော်မှ ကြွရောက်၍ တရားတော် ဟောကြားတော်မူမှာ ဖြစ်ကြောင်း သိရသည်။


ဖေဖော်ဝါရီလ(၁၇)ရက်နေ့မှ မတ်လ(၂)ရက်နေ့ထိ (၁၄)ညတိုင်တိုင် ကျင်းပပြုလုပ်မည့် တရားပွဲတွင် ရွှေည၀ါ ဆရာတော် အရှင်ပညာသီဟ၊ ဆရာတော် အရှင်ခေမိန္ဒ(စစ်ကိုင်း၊ ခင်မကန်)၊ နိုင်ငံတော် (၁၁)ဘွဲ့ရ ဆရာတော် အရှင်နရသာမိလင်္ကာရ၊ နိုင်ငံတော်(၉)ဘွဲ့ရဆရာတော် အရှင်ပါကဋာလင်္ကာရ၊ သစ္စာရွှေစည်ဆရာတော် အရှင်ဥတ္တမ၊ ရွှေမြိုင်ဆရာတော် ဘဒ္ဒန္တသြဘာသဘိဝံသ နှင့် ဆရာတော် ဘဒ္ဒန္တဥတ္တမ(သိကြားဂူ မိုးကုတ်ဓမ္မရိပ်သာ) စသည့် ဓမ္မကထိက ဆရာတော် (၉)ပါးမှ ကြွရောက်၍ တရားတော် ဟောကြားတော်မူမှာ ဖြစ်ကြောင်း သိရသည်။

အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေးအဖွဲ့မှ ယခုကျင်းပပြုလုပ်မည့် (၂၄)ကြိမ်မြောက် တရားပွဲကို ကျင်းပ ပြီးမြောက်ပြီးနောက် (၂၅)ကြိမ်မြောက် အထူးတရားပွဲကို မတ်လအတွင်း တက္ကသိုလ်ဝင် စာမေးပွဲအပြီးမှာ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့မှ သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Wednesday, February 12, 2014

မိုင်းဖုန်းဆရာတော်၏ မိန့်ကြားချက်အရ တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ်အနီးရှိ ကျောက်ဖြူတောင်မှာ ကျောက်ဖြူဂူဟာစေတီတော်အား တည်ထားကိုးကွယ်ရန်အတွက် ယနေ့ ဖေဖော်ဝါရီလ(၁၂)ရက် နံနက် (၉း၀၉)နာရီအချိန်က နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး အမှူးပြု၍ ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများနှင့် အလှူရှင်များက ဋ္ဌာပနာတော်ပိတ်ပွဲကို ပြုလုပ်ခဲ့ကြသည်။



စေတီတည်ထားကိုးကွယ်မည့်နေရာမှာ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးနှင့် သံဃာတော်များမှ ပရိတ်တော်များ ရွတ်ဖတ်သရဇ္ဈာယ်ပြီး ဋ္ဌာပနာတော်ပိတ်ပွဲသို့ တက်ရောက်လာသည့် ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများထဲမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းထွန်း၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် အလှူရှင်တို့မှ ဋ္ဌာပနာတော်ထည့်သွင်း ပူဇော်ထားရှိမည့် အဖိုးတန်ပစ္စည်းများနှင့် ရုပ်ပွားဆင်းတုတော်များကို ဋ္ဌာပနထည့်သွင်းမည့်နေရာဌာနသို့ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး၏ မိန့်ဆို ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ခဲ့ကြတာကို တွေ့ရှိရသည်။



အဆိုပါ ပွဲသို့ မိုင်းဖုန်းဆရာတော်သည် မိုင်းလင်းဘက်သို့ သာသနာပြုခရီးတိုအဖြစ် ကြွရောက်နေသည့်အတွက် ကြွရောက်နိုင်ခြင်းမရှိပဲ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးမှ ကြွရောက်၍ ဦးဆောင်ကာ အဆိုပါ ဋ္ဌာပနာပိတ်ပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။

ပုံများကိုကြည့်ရန်
မိုင်းဖုန်းဆရာတော် မိန့်ကြားချက်အရ လွယ်တော်ခမ်း၌ စေတီ တည်
88 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Friday, February 7, 2014

တာချီလိတ်မြို့၌ တရားပွဲများကို အဓိက ပြုလုပ်လေ့ရှိသည့် "အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ"တရားပွဲဖြစ်မြောက်ရေးမှ (၂၃)ကြိမ်မြောက် (၁၉)ညတိုင်တိုင် တရားပွဲကို ဓမ္မကထိကဆရာတော်ကြီး (၁၀)ပါးဖြင့် တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ ဓမ္မပူဇာဓမ္မသဘင်ဆင်ယင် ကျင်းပပြုလုပ်ခဲ့ကြရာ ယနေ့ ဖေဖော်ဝါရီလ(၇)ရက်နေ့ နောက်ဆုံးည တရားပွဲတွင် ယောဆရာတော် ဘုရားကြီးမှ တရားတော်ဟောကြားတော်မူခဲ့ပြီး အဆိုပါ အဖွဲ့၏ (၂၃)ကြိမ်မြောက် (၁၉)ညတိုင်တိုင် အထူးတရားပွဲအား အောင်မြင်စွာဖြင့် ပြီးမြောက်ခဲ့ကြသည်။


(၂၃)ကြိမ်မြောက် (၁၉)ညတိုင်တိုင် အထူးတရားပွဲအား  ဓမ္မကထိကဆရာတော်ကြီး (၁၀)ပါးဖြင့် တရားပွဲပြုလုပ်ရာ နောက်ဆုံးပိတ်ဆရာတော်မှာ တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ ယောဆရာတော်ဘုရားကြီး ဖြစ်ပြီး ဆရာတော်ဘုရားမှ နှစ်ညတိုင်တိုင် တရားတော် ဟောကြားတော်မူရာ ပထမညတွင်  "ကိုယ့်ဟာရှာ ကိုယ်မှာတွေ့" နှင့် ဒုတိယ ညတွင် "ကောင်းတာရှာ လူမှာတွေ့"စသည့် တရားခေါင်းစဉ်ဖြင့် ဟောကြားတော်မူခဲ့သည်။


ယောဆရာတော်ဘုရားကြီး ဟောကြားမည့် နောက်ဆုံးနှစ်ညတရားပွဲအား ဖြစ်မြောက်ရန်အတွက် အလှူရှင်မှာ တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်၊ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက် ဆရာတော်ကြီး ဘဒ္ဒန္တ ၀ိရောစန အား အမှူးထား၍ ဦးထွန်းနေဦး + ဒေါ်ခင်ခင်ချို သမီး မမြတ်ပိုးငုံ၊ သား မောင်ထွန်းထက်အောင် + မနန်းတစ်ဝမ်းနီး၊ မြေး မသီရိရတနာ(ခ)နန်းဆုဝမ်းဟိန်း မိသားစု (ဟိုတယ်တာချီလိတ်၊ ဘုရင့်နောင်ဈေး၊ ဟိန်းထက်အောင် ဆောက်လုပ်ရေးအင်အားစု)တို့မှ ကုသိုလ်ယူ လှူဒါန်းတာဖြစ်ပြီး အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေး လူငယ်များနှင့် ကျန်အလှူရှင်များမှ ဖြည့်စွတ်လှူဒါန်းကြတာဖြစ်ကြောင်း သိရသည်။


(၂၃)ကြိမ်မြောက် (၁၉)ညတိုင်တိုင် အထူးတရားပွဲကို ၂၀.၁.၂၀၁၄ မှ ၇.၂.၂၀၁၄ ထိ ရက်ရှည် ကျင်းပ ပြုလုပ်ခဲ့တာဖြစ်ပြီး ဆက်လက်၍ မတ်လထဲတွင်လည်း တရားပွဲများကို ကျင်းပသွားရန် ရှိကြောင်းလည်း သိရသည်။

ပုံများကိုကြည့်ရန်
ယောဆရာတော်၏ တာချီလိတ် ပထမည တရားပွဲ
82 photos
ယောဆရာတော်ဘုရားကြီး၏ တာချီလိတ် နောက်ဆုံးည တရားပွဲ
92 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Sunday, January 19, 2014

တာချီလိတ်မြို့နယ်၏ ပထမဦးဆုံးသော (၂၄)နာရီ ကျန်းမာရေးဝန်ဆောင်မှုအဖြစ် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ မဟာမြတ်မုနိဘုရားကြီးကျောင်း မြောက်ဘက်မုခ်ဦး အနီး၌ ဖွင့်လှစ်ထားသည့် "အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်း"မှ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးမှ ဦးဆောင်၍ ဖွင့်လှစ်ထားသော တာချီလိတ်မြို့ ဘိုးဘွားရိပ်သာမှ ဘိုးဘွားများအား ကုသိုလ်ပြု(ပြင်ပလူနာ)အဖြစ် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးသွားမှာ ဖြစ်ကြောင်း သိရသည်။


"အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်း"သည်  (၂၄)နာရီ ကျန်းမာရေး ၀န်ဆောင်မှုအား ပုဂ္ဂလိကအကျိုးစီးပွားအဖြစ် လုပ်ကိုင်လျှက်ရှိသော်လည်း တစ်ဖက်တစ်လမ်းမှ  ရဟန်းသံဃာများနှင့် ဘာသာခြား သာသနာပြု ပုဂ္ဂိုလ်များအတွက် ရာသက်ပန် ဇီဝိတဒါန အခမဲ့ ကုသပေးနေသလို ယခုလည်း ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်သစ် တစ်ရပ်အနေဖြင့် တာချီလိတ်မြို့ ဘိုးဘွားရိပ်သာမှ ဘိုးဘွားများအနေဖြင့် နာမကျန်းဖြစ်လာပါက ဆေးဝါးကုသမှုများ နှင့် ကျန်းမာရေးစစ်ဆေးမှုများ လိုအပ်လာပါလျှင် အဆိုပါ အထူးကုဆေးခန်းမှ ကုသိုလ်ပြုအဖြစ် အခမဲ့ ကုသပေးသွားမှာ ဖြစ်ကြောင်း သိရသည်။

 အဆွေတော်မိသားစု (၂၄)နာရီ အထူးကု ဆေးခန်းတွင် နား၊ နှာခေါင်း၊ လည်ချောင်း၊ နှလုံး၊ အရိုးအကြော၊ သားဖွား နှင့် အထွေထွေရောဂါများအား အထူးကု ဆရာဝန်ကြီးများဖြင့် ကုသပေးလျှက်ရှိရာ လူနာများအတွက် အဆင်ပြေချောမွေ့စေရန် နှင့် စိတ်ကျေနပ်မှု ရှိစေရန်အတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးနေသော  တာချီလိတ်မြို့၏ ပထမဦးဆုံး (၂၄)နာရီ အဆင့်မြင့် အထူးကုဆေးခန်းဖြစ်ပြီး အဆိုပါ ဆေးခန်းအား တာချီလိတ်မြို့၊ မဟာမြတ်မုနိ ဘုရားကြီးကျောင်းတိုက် မြောက်ဘက်မုခ်ဦးအနီး၊ မဟာဗောဓိကုန်းနှင့် ရွှေတိဂုံအတက်လမ်း မကာဟိုခမ်းရပ်ကွက်မှာ ဖွင့်လှစ်ထားကြောင်း သိရှိရပါသည်။

"အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်း"၏ လစဉ်အလိုက် အထွေထွေ အခမဲ့ ဆေးဝါးကုသမှုများ၏ စာရင်းများကိုလည်း ဖော်ပြပေးလိုက်ပါသည်။







~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

Friday, January 17, 2014

ရှမ်းပြည်နယ်၊ မိုင်းဖြတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ နမ့်ပန်ကျေးရွာအုပ်စု၊ နမ့်ဝိုးထောင်ကျေးရွာတွင် ဇန်န၀ါရီ (၂)ရက်က လူနေအိမ်ခြေများ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၃၈)အိမ်ရှိသည့်အနက် (၂၃)အိမ် မီးလောင်ပြာကျသွားခဲ့သည့်အတွက် မီးဘေးသင့် ကျေးရွာသူ/သားများအား တာချီလိတ်မြို့ရှိ မဇ္ဈိမလူမှုကူညီရေးအသင်းမှ အဓိက ဦးဆောင်၍ စေတနာရှင် အလှူရှင်များဖြင့် စုပေါင်းကာ ဒုတိယအကြိမ်မြောက်အဖြစ် ထောက်ပံ့မှုကို ဇန်န၀ါရီလ(၁၅)ရက်နေ့က သွားရောက် ကူညီပံ့ပိုးခဲ့ကြကြောင်း သိရသည်။


ထိုသို့ သွားရောက်လှူဒါန်းရာတွင် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ ဦးဆောင်သည့် အသင်းသား၊ အသင်းသူ (၃၀)ဦးခန့် နှင့် စေတနာရှင် အလှူရှင်အချို့မှလည်း လိုက်ပါခဲ့ပြီး တာချီလိတ်မြို့ပေါ်ရှိ စေတနာရှင်များမှ အဆိုပါကျေးရွာအတွင်းရှိ အိမ်ခြေ(၃၈)အိမ်မှ မိသားစုဝင်များအတွက် စုပေါင်းလှူဒါန်းသည့် စောင်၊ ဆန်၊ ငါးသေတ္တာ၊ ခေါင်းအုံး၊ ခေါက်ဆွဲခြောက်၊ ရေပုံးမဲ၊ ရေဆွဲပုံး၊ ရေပုံးကြီး၊ ပန်းကန်ပြား၊ ပန်းကန်လုံး၊ ရေခွက်သေး၊ ရေချိုးခွက်၊ ဟင်းခတ်ဇွန်း၊ ဓါးမ၊ ပုဆိန်၊ (၂)လက်မ ရေပိုက်ရှည်+ရေပိုက်ဆက်ပစ္စည်းများ နှင့် ရေသန့်ဗူးများ စသည်တို့ကို မီးဘေးသင့် ရွာသူ/သားများ၏ လက်ဝယ်သို့အရောက် ပံ့ပိုးကူညီပေးအပ် လှူဒါန်းခဲ့ကြသည်။


နမ့်ဝိုးထောင်ကျေးရွာသည် တောင်ထိပ်ပေါ်တွင် တည်ရှိနေပြီး ရေတွင်း၊ ရေကန်ဟူ၍ သိုလှောင်ထားမှု မရှိသည့်အတွက် အရေးပေါ် ရေရရှိရေးနှင့် ကျေးရွာအတွင်း သုံးရေများကို အလွယ်တကူရရှိစေရန်အတွက် (၂)လက်မ ရေပိုက်အချောင်း (၅၀)ကို လှူဒါန်းခဲ့ကြောင်းသိသည်။


အဆိုပါအသင်းမှ မကြာသေးမီကာလက စတင်အကောင်အထည်ဖော်လျှက်ရှိသည့် "ဆိုင်းငံ့ဝတ်စုံ"များကို ကျေးရွာသူ/သားများအား ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။ "ဆိုင်းငံ့ဝတ်စုံများသည်" မိုင်းဖြတ်မီးဘေးသင့် ရွာသူ/သားများအတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ စေတနာ နာရေးကူညီမှုအသင်း(ချင်းမိုင်)မှ ပေးအပ်လှုဒါန်းသော အ၀တ်အထည်များနှင့် တာချီလိတ်မြို့မှ ပညာရေးဌာန အပါအ၀င် မြို့ပေါ် စာသင်ကျောင်းများမှ အ၀တ်အထည်များ၊ စေတနာရှင်များမှ လှူဒါန်းသော အ၀တ်အထည်များ စသည်တို့ကို တဆက်တည်း ပံ့ပိုးလှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းလာသည့်အတွက် ကျေးရွာအတွင်းရှိအကြီးအကဲမှ ရွာသူရွာသားများ ကိုယ်စား ကျေးဇူးအထူးတင်ရှိကြောင်း နှင့် မီးလောင်ကျွမ်းသွားသော တဲများကိုလည်း ပေးအပ်လှူဒါန်းလာသော ဓါး၊ ပုဆိန်များဖြင့် သစ် ၀ါးများ ခုတ်ထွင်၍ ကြိုးစားဆောက်လုပ်သွားမည်ဖြစ်ကြောင်း မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေအား ပြောကြားကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
မိုင်းဖြတ်မီးဘေး မဇ္ဈိမလူမှုကူညီရေးအသင်းမှ သွားရောက် လှူဒါန်း
109 photos


~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Thursday, January 16, 2014

တာချီလိတ်မြို့ ကျောက်တောင်ရှိ မြို့မသုဿန်နေရာအား ပြောင်းရွေ့တော့မှာ ဖြစ်သည့်အတွက် သုဿန်မြေနေရာ အခက်အခဲကို ဖြေရှင်းနိုင်ရန်  ဟောင်လိတ်ကျေးရွာအုပ်စု ၀ိန်းထမ်းတောရမှ ဆရာတော် ဘဒ္ဒန္တ မုလိန္ဒက သုဿန်မြေအဖြစ် နိုင်ငံတော် သြ၀ါဒစရိယ နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဓမ္မသီရိအား ပေးအပ်လှူဒါန်းရာ နဂါးနှစ်ကောင်ဆရာတော်ကြီးမှ အဆိုပါမြေနေရာအား ဇန်န၀ါရီလ(၁၆)ရက်နေ့က ကြွရောက်၍ ကြည့်ရှုခဲ့ပြီး သုဿန်မြေ အတည်တကျ သတ်မှတ်ခဲ့ကြောင်း သိရသည်။


တဆက်တည်းမှာပင် အဆိုပါ သုဿန်အား အကောင်အထည်ဖော်ရန်အတွက် မြေညှိရန်နှင့် ခေတ်မီ မီးသဂြုင်္ိဟ်စက်တည်ဆောက်ရန်အတွက် တာဝန်ရှိသူများအား နဂါးနှစ်ကောင်ဆရာတော်ကြီးမှ မိန့်ကြားတော်မူရာ လိုအပ်သည့် အုတ်၊ သဲ၊ ဘိလပ်မြေစသည့် ဆောက်လုပ်ရေး ဆက်စပ်ပစ္စည်းများအား စေတနာရှင်အလှူရှင်များက အသီးသီးပေးအပ်လှူဒါန်း ထည့်ဝင်ကြကြောင်း သိရသည်။

လိုအပ်သည့် ဆောက်လုပ်ရေး ဆက်စပ်ပစ္စည်းများအား လှူဒါန်းမှုနှင့် ပတ်သက်၍ ယနေ့ ဇန်န၀ါရီလ (၁၇)ရက် နံနက်ပိုင်းက စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်စွာလင်း + ဓာတ်မှန်အထူးကုဆရာဝန်ကြီး ဒေါက်တာနန်းကူကူး မိသားစု တို့မှ ဘိလပ်မြေအိတ် (၃၀၀) နှင့် ဦးဘိုလေး (နယ်ခြားကော်မတီ) + ဒေါ်မေရီ မိသားစု ဘိလပ်မြေ အိတ် ( ၃၀၀ ) တို့ကို လှူဒါန်းသွားကြောင်း သိရသည်။


အဆိုပါ သုဿန်နေရာသစ်အတွက် အုတ်၊ သဲ၊ ဘိလပ်မြေစသည့် ဆောက်လုပ်ရေး ဆက်စပ်ပစ္စည်းများ လိုအပ်လျှက်ရှိရာ လတ်တလောတွင် ဘိလပ်မြေအိတ်ပေါင် (၂၂၀၀)အိတ်ကို စေတနာရှင်များမှ လှူဒါန်းထားရှိပြီး ဆက်လက်၍လည်း စေတနာရှင်များအနေဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

သတင်းပေးပို့သူ။      ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

တာချီလိတ်မြို့ သုဿန်သစ်နှင့် မီးသဂြုင်္ိဟ်စက် တည်ဆောက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးအား ယနေ့ ဇန်န၀ါရီလ(၁၆)ရက် နံနက်(၉)နာရီအချိန်က တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ နဂါးနှစ်ကောင် ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော် သြ၀ါဒစရိယ နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဓမ္မသီရိ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အထောက်အကူပြုအဖွဲ့ဝင်များ၊ သတင်းမီဒီယာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။


အစည်းအဝေးတွင် နဂါးနှစ်ကောင်ဆရာတော်ကြီးမှ သြ၀ါဒမြွက်ကြားပြီးနောက် သုဿန်သစ်မြေနေရာ ရွေးချယ်ရေးအတွက် ညှိနှိုင်းဆွေးနွေးကြသည်။ ယင်းနောက် ဟောင်လိတ်ကျေးရွာအုပ်စု ၀ိန်းထမ်းတောရ ဆရာတော် ဘဒ္ဒန္တ မုလိန္ဒမှ သုဿန်မြေအဖြစ် အသုံးပြုရန် မြေဧက (၂၀)အား ပေးအပ်လှူဒါန်းရာ ဆရာတော်ကြီးမှ ၀မ်းမြောက် အနုမောသာဓုကထာမြွက်ကြားသည်။


ဆက်လက်ပြီး ခေတ်မီ မီးဂြုင်္ိဟ်စက် တည်ဆောက်ရေးအတွက် မဏိဇောတဓရ ဦးမောင်လေး + ဒေါ်နန်းကျိန်(အဆွေတော်မီနီမတ်)မှ အလှူငွေ ကျပ်သိန်း(၅၀)၊ ဦးကြည်မြင့်+ဒေါ်နန်းခမ်း (တော်ဝင်မြန်မာမိသားစု၊ တော်ဝင်မြန်မာ သောက်ရေသန့်) မိသားစုမှ ဘိလပ်မြေ အိတ် (၁၀၀၀)၊ ဦးကျော်ငြိမ်း+ဒေါ်နန်းခမ်းဆောင် (ရှုတိုင်းယဉ် ပိုးထည်တိုက်) မိသားစုမှ ဘိလပ်မြေအိတ် (၅၀၀)၊ ဦးအောင်ဖြိုန်းရှိန်(သူရိယသင်္ကန်းတိုက်)မှ ဘိလပ်မြေအိတ် (၁၀၀)တို့အား ထည့်ဝင်လှူဒါန်းကြကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် နဂါးနှစ်ကောင် ဆရာတော်ကြီးနှင့် ၀ိန်းထမ်းတောရ ဆရာတော်တို့ အမှူးပြုသော သံဃာတော်များ၊ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်စွာလင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အထောက်အကူပြု အဖွဲ့ဝင်များနှင့် သတင်းမီဒီယာများသည် သုဿန်သစ်တည်ဆောက်ရန် လျာထားသည့် ဟောင်လိတ်ကျေးရွာအုပ်စု ၀ိန်းထမ်းတောရကျောင်း အနီးရှိ မြေနေရာအား ကွင်းဆင်းကြည့်ရှုကာ ရွေးချယ်အတည်ပြုခဲ့ကြကြောင်း သိရှိရသည်။

သတင်းပေးပို့သူ။      ။ မောင်ယဉ်ကျေး
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Sunday, January 12, 2014

တာချီလိတ်မြို့၌ တရားပွဲများကို အဓိက ပြုလုပ်လေ့ရှိသည့် "အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ"တရားပွဲဖြစ်မြောက်ရေးမှ (၂၃)ကြိမ်မြောက် (၁၉)ညတိုင်တိုင် တရားပွဲကို ဓမ္မကထိကဆရာတော်ကြီး (၁၀)ပါးဖြင့် တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ ဓမ္မပူဇာဓမ္မသဘင်ဆင်ယင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါ တရားပွဲ၏ နောက်ဆုံး (၂)ညတွင် ယောဆရာတော်ဘုရားကြီးမှ ပါဝင် ဟောကြားမှာ ဖြစ်ကြောင်း သိရသည်။

 { ပုံကို နိပ်၍ ဆရာတော်များ၏ ဘွဲ့တော်အား ကြည့်နိုင်ပါသည် }

တရားပွဲကာလကို ၂၀.၁.၂၀၁၄ မှ ၇.၂.၂၀၁၄ ထိ (၁၉)ညတိုင်တိုင် ရက်ရှည် ကျင်းပ ပြုလုပ်မှာဖြစ်ကြောင်းနှင့် ဆက်လက်၍ ဖေဖော်ဝါရီလ နှင့် မတ်လတို့တွင်လည်း တရားပွဲများ ယခုလို ကျင်းပသွားရန် ရှိကြောင်းလည်း သိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Wednesday, January 1, 2014

နယ်စပ်ဒေသမြို့များအနက် ရှမ်းပြည်နယ်၊ အရှေ့ပိုင်းရှိ ထိုင်း - မြန်မာနယ်စပ်ဒေသတစ်ခုဖြစ်သည့် တာချီလိတ်မြို့တွင် အများသူငှာ မထင်မှတ်ထားသည်ထက် လူမှုရေးအသင်းအဖွဲ့များမှာ (၁၀)သင်း အထက် ရှိလာခဲ့သည်ဖြစ်ရာ အဆိုပါ လူမှုကူညီရေးအသင်းများစွာအနက် ဒုတိယ သက်တမ်းကြာပြီဖြစ်သည့် အလင်းရောင်ပရဟိတအသင်း၏ (၂)နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားအား ယနေ့ ဇန်န၀ါရီလ (၁)ရက် နံနက်(၉)နာရီအချိန်က တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။


အဆိုပါ အခမ်းအနားတွင် အလင်းရောင်ပရဟိတအသင်း၏ ဥက္ကဌဖြစ်သူ ဦးမြင့်ဦးမှ အဖွင့်အမှာ စကားပြောကြားခြင်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးမှ  နှစ်ပတ်လည်အမှတ်တရ သြ၀ါဒစကားပြောကြားခြင်း၊ အလင်းရောင်ပရဟိတအသင်းမှ ဦးစိုင်းဝဏ္ဏထွန်းက သြ၀ါဒစကားချီးမြှင့်ခြင်း၊ အလင်းရောင်ပရဟိတအသင်း၏ ဒု-ဥက္ကဌ ဦးစိုးမိုးမှ အသင်း၏ ရည်ရွယ်ချက် နှင့် အသင်း၏ လုပ်ငန်းစဉ်များအပြင် အသင်း၏ လုပ်ဆောင်ချက်များကို တင်ပြခြင်း နှင့် အသင်း၏ စာရင်းစစ် မနီလာမှ နှစ်ချုပ် ရ/သုံးငွေစာရင်းများအား ရှင်းလင်းတင်ပြခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြသည်။

ဆက်လက်၍ အလင်းရောင်ပရဟိတအသင်း၏ ထာဝရအလှူရှင်များကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီးဝင်းထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးကိုကိုနှင့်  မြို့နယ်အကောက်ခွန် ဦးစီးမှူး ဦးကျော်နိုင်တို့မှ ဂုဏ်ပြုလွှာများအား အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြပြီးနောက် အသင်း၏ အတွင်းရေးမှူး ဦးအောင်မြင့်ရှိန်မှ ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားအား ပြီးမြောက်စေခဲ့ကြောင်း သိရှိရသည်။

အလင်းရောင်ပရဟိတအသင်းသည် အသင်းသား၊ အသင်းသူ (၂၅၀)ကျော်တို့ဖြင့် တာချီလိတ်မြို့တွင်း၌ လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်နေသည့်အပြင် လပြည့်၊ လကွယ် စုပေါင်းဘုံဆွမ်းလောင်းခြင်းနှင့် တရားပွဲများ ကျင်းပခြင်း စသည်တို့ကို ပြုလုပ်လေ့ရှိပြီး အဆိုပါ အသင်းအား ၁.၁.၂၀၁၂ ရက်နေ့က စတင်ဖွဲ့စည်း တည်ထောင်ထားတာဖြစ်ပြီး ရုံးခန်းအား တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမဘေး၊ One mobile ဖုန်းဆိုင်ရှေ့အနီးတွင် ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

ပုံများကိုကြည့်ရန်
အလင်းရောင်ပရဟိတအသင်း၏ (၂)နှစ်ပြည့် နှစ်ပတ်လည်
47 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Saturday, December 28, 2013

တာချီလိတ်မြို့ အဘကိုးမြို့ရှင် "ပြည်သူ့နတ်နန်း"အသစ် တည်ဆောက်ရေး၊ ပန္နက်တော်တင်မင်္ဂလာ အခမ်းအနားကို ယနေ့ ဒီဇင်ဘာလ(၂၈)ရက် နံနက်ပိုင်းက မကာဟိုခမ်းရပ်ကွက်ရှိ အဆိုပါ နတ်နန်းနေရာမှာ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ မဟာမြတ်မုနိဆရာတော်ကြီး အမှူးပြုသော သံဃာတော်ကိုးပါးတို့မှ ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ကာ မြေသန့် မင်္ဂလာ ဆောင်ရွက်ပေးပြီးနောက် မဟာမြတ်မုနိဆရာတော်ကြီးမှ ပန္နက်တော်နေရာများအား မေတ္တာရေစင်သွန်းဖျန်းပေးပါသည်။ ထို့နောက် နတ်နန်းတည်ဆောက်ရေး ကော်မတီဝင်များမှ သံဃာတော်အရှင်သူမြတ်များအား န၀ကမ္မအလှူငွေများ လှူဒါန်းဆက်ကပ်ကြပါသည်။


ဆက်လက်၍ မင်္ဂလာအချိန်တွင် မဟာမြတ်မုနိဆရာတော်ကြီးမှ ကြာသပတေးထောင့်တွင် လည်းကောင်း၊ နာယက ဦးမောင်လေး၊ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ ဒုတိယ ဥက္ကဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းထွန်း၊ အတွင်းရေးမှူး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများမှ သက်ဆိုင်ရာ ထောင့်အသီးသီးတွင် လည်းကောင်း၊ ပန္နက်တော်များ ရိုက်သွင်းပေးကြကာ ဆရာတော်ကြီးမှ ၀မ်းမြောက်အနုမောသြ၀ါဒစကား မြတ်ကြားသည်။

ပန္နက်တော်တင် အခမ်းအနားအပြီးတွင် ကြွရောက်တော်မူလာကြသော သံဃာတော်များ၊ ကော်မတီဝင်များနှင့် အလှူရှင်များက စုပေါင်းမှတ်တမ်း ဓါတ်ပုံများရိုက်ကူးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းပေးပို့သူ။        ။ မောင်ယဉ်ကျေး

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~