Latest News

Dropdown Menu

Showing posts with label လျှပ်စစ်. Show all posts
Showing posts with label လျှပ်စစ်. Show all posts

Tuesday, December 10, 2013

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ပူးပေါင်းဂိတ်ရွာတွင် ရွာတည်စမှ စ၍ (၁၃)နှစ်တာ ကာလအတွင်း ယနေ့ ၂၀၁၃ခုနှစ် ဒီဇင်ဘာလ(၁၀)ရက်နေ့မှစ၍ ပထမဦးဆုံး (၂၄)နာရီ လျှပ်စစ်မီးရရှိမှုအတွက် ကိုယ့်အား ကိုယ်ကိုး လျှပ်စစ်မီးဖွင့်ပွဲ နှင့် ဖဲကြိုးဖြတ် အခမ်းအနားကို အဆိုပါရွာ၌ပင် ပြုလုပ်ကျင်းပခဲ့ကြသည်။


အဆိုပါ လျှပ်စစ်မီးသုံးစွဲမှု ဖွင့်ပွဲ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လျှပ်စစ် နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်မေထွန်းနှင့် ခရိုင်မီးလင်းရေးကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီးနောက် လျှပ်စစ်ဝန်ကြီး ဦးစိုင်းထွန်းရင်က အမှာစကားပြောကြားသွားခဲ့သည်။

{ ရုပ်သံ တင်ဆက်မှု }

ယင်းနောက် လွယ်တော်ခမ်းကျေးရွာမီးလင်းရေးကော်မတီ ဥက္ကဌ  ဦးအေးမင်းငြိမ်း က ကျေးဇူးတင်စကားပြောကြားရာတွင် "အမှောင်ထဲမှာ မီးစက်လေးတွေ၊ မီးခွက်ကလေးတွေ၊ ဖယောင်းတိုင်မီးလေးတွေ၊ ရေအားလျှပ်စစ်မီး မှိန်မှိန်လေးတွေနဲ့ နှစ်ပေါင်းများစွာ နေသားကျလာခဲ့သည့် ပူးပေါင်းဂိတ်ရွာကလေးဟာ အခုဆိုရင် (၂၄)နာရီ မီးထိန်ထိန်လင်းနေပြီဖြစ်တဲ့အတွက်၊ လူကြီး၊ လူငယ်တွေအနေဖြင့် ပျော်ပါးနေကြပြီး၊ ကျောင်းသား၊ ကျောင်းသူများ မီးအလင်းရောင် အောက်မှာ အေးချမ်းစွာ စာကျက်မှတ်နိုင်ပြီဖြစ်တဲ့အတွက် အလွန်ပဲ ၀မ်းသာ ပီတိဖြစ်မိပါကြောင်း"စသည်ဖြင့် ပြောကြားသွားခဲ့သည်။

လွယ်တော်ခမ်းကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း (၃၀)ရှိရာ လားဟူရွာ (၁၁)ရွာ နှင့် ပလောင်ရွာ (၁)ရွာရှိပြီး ကျန်ရှိသည့် ရွာများမှာ အာခါရွာများဖြစ်ကြောင်း သိရသည်။ မြို့နယ်မီးလင်းရေးကော်မတီမှ ယခုလို ကျေးရွာများကို လျှပ်စစ်မီးသွယ်တန်းပေးခြင်းနည်းတူ မိုင်းကိုးကျေးရွာအုပ်စုတွင်လည်း (၂၄)နာရီ လျှပ်စစ်မီးလင်းနိုင်ရေးအတွက် ယခုအခါမှာ လုပ်ဆောင်နေလျှက်ရှိကြောင်း သိရှိရသည်။


~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Wednesday, November 13, 2013

တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌ ၂၄နာရီ လျှပ်စစ်မီး ရရှိစေရန်အတွက် တာချီလိတ် မြို့နယ်မီးလင်းရေးကော်မတီမှ တာဝန်ရှိသူများက ကျေးရွာအတွင်း သွားရောက်၍ လျှပ်စစ်မီးသွယ်တန်းနိုင်ရန် ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၈ရက်နေ့က စတင်ပြီး ဓါတ်မီးတိုင်များအား ချထားပေးနေပြီ ဖြစ်ကြောင်း သိရသည်။


မီးလင်းရေးကော်မတီမှ မိုင်းကိုးကျေးရွာအုပ်စု၌ မီးလင်းရေးကိစ္စနှင့် ပတ်သက်၍ "ကျေးရွာများ မီးလင်းစေရေးအတွက် ပြည်နယ်လျှပ်စစ်ဝန်ကြီး ဦးစိုင်းထွန်းရင်၊ လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း တို့နှင့် အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ အထက် အကြီးအကဲများ၏ ညွှန်ကြားချက်များကို အလေးထားကာ အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ထို့အတွက်ကြောင့် ၂၀၁၃ နှစ်ကုန်ပိုင်းတွင် အဆိုပါ ကျေးရွာများအားလုံး မီးရရှိတော့မှာ ဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့ကြောင်း သိရသည်။


မိုင်းကိုးကျေးရွာအုပ်စုအတွင်း ဓါတ်မီးတိုင်များ ချထားပေးခြင်းမပြုမီ နိုဝင်ဘာလ ၄ရက်နေ့က ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် မီးလင်းရေးကော်မတီ ဒု-ဥက္ကဌ ဦးကြည်မြင့်တို့ အပါအ၀င် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တာဝန်ရှိသူများနှင့် ကျေးရွာမီးလင်းရေးကော်မတီ ဥက္ကဌ ဦးနေဇာ နှင့် အဖွဲ့ဝင်များ မိုင်းကိုးကျေးရွာအုပ်စုတွင် တွေ့ဆုံ ခဲ့ကြပြီး ကျေးရွာအတွင်း မီးရရှိရန်အတွက် ဓါတ်မီးတိုင်များ ချထားပေးခြင်း ကိစ္စနှင့် ကျေးရွာအတွင်းရှိ နေအိမ်များမှ လျှပ်စစ်မီးရလိုမှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။


မိုင်းကိုးကျေးရွာအုပ်စု၌ လျှပ်စစ်မီး သွယ်တန်းရန်အတွက်  နိုဝင်ဘာလ ၈ရက်နေ့က ဓါတ်မီးတိုင်များအား သွားရောက် ချထားပေးနေသည်ကို ကျေးရွာသား/သူများက လျှပ်စစ်မီးရရှိတော့မည့် ပျော်ရွှင်မှုမျိုးဖြင့် ပြုံးရွှင် ပျော်မြူးနေကာ ကြည့်နေကြသည်ကို တွေ့ရှိရကြောင်း မီးလင်းရေးကော်မတီမှ သိရသည်။


မြို့နယ်မီးလင်းရေးကော်မတီမှ မိုင်းကိုးကျေးရွာအုပ်စု၌ မီးလင်းရေးကိစ္စအတွက် ဆောင်ရွက်ပေးနေသလို လွယ်တော်ခမ်းကျေးရွာအုပ်စု၌လည်း မကြာမီ လျှပ်စစ်မီးသွယ်တန်းပေးတော့မှာ ဖြစ်ပြီး လျှပ်စစ်ဓါတ်အား ပိုမိုရရှိစေရန်အတွက် လာမည့် နိုဝင်ဘာလ ၂၀ရက်နေ့မှာ ထိုင်းနိုင်ငံ နှင့် ထပ်မံ၍ စာချုပ် ချုပ်ဆိုသွားမှာ ဖြစ်ကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


Friday, November 1, 2013

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် ရှိ မိုင်းကိုးကျေးရွာအုပ်စုအတွင်း ၂၄နာရီ လျှပ်စစ်မီး ရရှိရေးကိစ္စအတွက် ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့ မွန်းလွှဲ ၃နာရီအချိန်က တာချီလိတ်မြို့နယ် မီးလင်းရေးကော်မတီမှ တာဝန်ရှိသူများ နှင့် ကျေးရွာမီးလင်းရေးကော်မတီမှ တာဝန်ရှိသူတို့ မကာဟိုခမ်းရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်းနှင့် ဂေါက်ကွင်းသွားလမ်းဒေါင့်ရှိ မီးရေးလင်းရုံးတွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။


ထိုသို့ လက်မှတ်ရေးထိုးရာတွင်  ကျေးရွာမီးလင်းရေးကော်မတီ ဥက္ကဌ ဦးနေဇာ နှင့် အဖွဲ့ဝင်များက မြို့နယ်မီးလင်းရေးကော်မတီဝင်များဖြစ်သည့် ဦးကြည်မြင့် ( ဒု-ဥက္ကဌ )၊ ဦးထိန်မင်း (လျှပ်စစ် အင်ဂျင်နီယာ အကြံပေး)၊  ဦးတင်လှိုင်(ဘဏ္ဍာရေးမှူး) နှင့် ဒေါ်နန်းစံဖောင်း (မီးလင်းရေးရုံး - မန်နေဂျာ)တို့ထံ စရန်ငွေအဖြစ် ထိုင်းဘတ်ငွေ ၁၆သိန်းအား ပေးအပ်၍ လက်မှတ် ရေးထိုးကြခြင်းဖြစ်ပါသည်။


လက်မှတ်ရေးထိုးပြီးနောက် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင် ဦးချမ်းမြက "ယခုလို ကျေးရွာများအား အမှန်တကယ် မီးရရှိတော့မှာမို့ ကျေးရွာလူထုအနေဖြင့် ၀မ်းသာပီတိဖြစ်ကြမှာ သေချာပါကြောင်း" နှင့် ကျေးရွာမီးလင်းရေးကော်မတီ ဥက္ကဌ ဦးနေဇာ မှ တဖန်ပြောကြားရာတွင် "ကျွန်တော့်အနေဖြင့် မြို့သွားပြီး အပြန် ညတိုင်း မီးလင်းတဲ့ ရွာတွေကို ကျော်ဖြတ်ပြီး မိမိတို့ရွာကိုရောက်တိုင်း၊ အမှောင်ထုကို ဖြတ်တိုင်း၊ စိတ်ထိခိုက်မှုတွေနှင့် ကြုံရကြောင်း၊ ဒီနေ့တော့ မေတ္တာတရားဖြင့် ကူညီပေးကြသည့် ပြည်နယ်လျှပ်စစ် ၀န်ကြီး ဦးစိုင်းထွန်းရင် နှင့် ပြည်ခိုင်ဖြိုးပါတီမှ ကော်မတီဝင်များအပြင် မီးလင်းရေးကော်မတီမှ တာဝန်ရှိသူများကိုပါ ကျွန်တော့်အနေဖြင့် ၀မ်းသာလွန်းလို့ ဘယ်လို ကျေးဇူးတင်ရမလဲဆိုတာတောင် ပြောမပြတတ်တော့ပါဘူး"ဟု ပြောကြားလာကြောင်းကို မီးလင်းရေးကော်မတီမှ တဆင့် သိရှိရသည်။


မီးလင်းရေးကော်မတီမှ တာဝန်ရှိသူများမှ မိုင်းကိုးကျေးရွာအုပ်စုရှိ ကျေးရွာများသို့ ၂၄နာရီ လျှပ်စစ်မီးရရှိရေးအတွက် ယခင်နှစ်ကပင် အစီအစဉ်များပြုလုပ်ထားရှိသော်လည်း မီးအားမလောက်ငှသဖြင့်  ယာယီဆိုင်းငံ့ထားခြင်းသာဖြစ်ပြီး ယခုအခါမှာ ထိုင်းနိုင်ငံနှင့် အသစ်ထပ်မံ၍ လျှပ်စစ် ၄မီဂါဝပ် ရရှိရန် စာချုပ် ချုပ်ဆိုတော့မှာဖြစ်သည့်အတွက် ယခင် မီးလင်းပေးထားသော ကျေးရွာ ၃၅ရွာအပြင်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်ရှိ ၁၀ ရွာ၊ လွယ်တော်ခမ်း ၁ ရွာ နှင့် မိုင်းကိုးကျေးရွာအုပ်စုရှိ ၁၀ရွာကျော် တို့ကို ၂၄နာရီ လျှပ်စစ်မီးပေးပြီးပါက တာချီလိတ်မီးလင်းရေးကော်မတီမှ စာရင်းအရ ကျေးရွာပေါင်း ၅၀ ကျော်တော့မှာ ဖြစ်ကြောင်း သိရသည်။


ယခင်က လျှပ်စစ်မီးရရှိခြင်း မရှိသေးသည့် ကျေးရွာများသို့ ယခုအခါမှာ မီးလင်းရေးကော်မတီမှ လျှပ်စစ်မီးသွယ်တန်းပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိပြီး လတ်တလောမှာ မိုင်းဖုန်းကျေးရွာအုပ်စု၊ မိုင်းကိုးကျေးရွာအုပ်စု နှင့် လွယ်တော်ခမ်းကျေးရွာတို့အတွက် ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
တိုင်းရင်းသားကျေးရွာများ မီးလင်းရေး မီးလင်းရေးကော်မတီမှ ဆောင်ရွက်
18 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~ 
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Tuesday, October 22, 2013

တာချီလိတ်မြို့နယ် မီးလင်းရေးကော်မတီမှ အောက်တိုဘာလ ၂၁ရက်နေ့၊ နံနက် ၉နာရီအချိန်က မကာဟိုခမ်းရပ်ကွက်ရှိ မီးလင်းရေးကော်မတီရုံးခန်းတွင် လွယ်တော်ခမ်းကျေးရွာ မီးလင်းရေးကော်မတီနှင့် တွေ့ဆုံ၍ လွယ်တော်ခမ်းကျေးရွာအတွင်း ၂၄နာရီ မီးလင်းရေး ကိစ္စရပ်များအား စတင် အကောင်အထည် ဖော်ရန် အလေးထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ထိုသို့ ဆွေးနွေးရာတွင် နှစ်ဦးနှစ်ဖက် သဘောတူညီချက်အရ လွယ်တော်ခမ်းကျေးရွာအတွင်း မီးလင်းစေရေးအတွက် ၂၂.၁၀.၂၀၁၃ရက်၊ နံနက်ပိုင်းမှ စ၍ ဓါတ်မီးတိုင်များချပေးပြီး လုပ်ငန်းစတင် အကောင်အထည် ဖော်နေလျှက်ရှိရာ လွယ်တော်ခမ်းကျေးရွာအတွင်းရှိ ရွာသူ/ရွာသားများမှ မိမိတို့ ကျေးရွာအတွင်း ၂၄နာရီ လျှပ်စစ်မီးရရှိတော့မှာ ဖြစ်သည့်အပြင်၊ မိမိတို့ကျေးရွာအနေဖြင့် ဖွံ့ဖြိုးတိုးတက်လာတော့မှာဖြစ်ပြီး တစ်သက်လုံးမရရှိခဲ့သည့် အခွင့်အရေးကို လက်တွေ့ ခံစားရတော့မှာ ဖြစ်သည့်အတွက် ၀မ်းမြောက်ဝမ်းသာဖြစ်နေကြကြောင်း သိရသည်။


မြို့မီးလင်းရေးကော်မတီအနေဖြင့် ပြီးခဲ့သည့် ၅လခန့်က ကျေးရွာများအားလုံး လျှပ်စစ်မီးရရှိရေးအတွက် အစီအမံများ ချထားပြီးဖြစ်သော်လည်း လက်ရှိ သုံးစွဲနေသည့် (၈)မဂါဝပ်ဖြင့် ကျေးရွာပေါင်း ၃၅ရွာကို မီးလင်းပေးထားသဖြင့် မီးအားကျဆင်းပြီး မကြာခဏ မီးပြတ်မှုများကြုံနေရသည့်အတွက် နောက်ထပ် မီးပေးမည့် ရွာများအား ယာယီအားဖြင့် ရပ်ဆိုင်းထားရကြောင်း သိရသည်။


အဆိုပါကိစ္စအတွက် လိုအပ်သော (၄)မဂါဝပ် ရရှိရေးအတွက် မီးလင်းရေးကော်မတီအနေဖြင့် အကြိမ်ကြိမ် အစည်းအဝေးများ ပြုလုပ်ခဲ့ပြီး ထိုင်းလျှပ်စစ်မီး ကုမ္ပဏီနှင့် ညှိနှိုင်း၍ အချိန်အားဖြင့် ၃လကျော်ပြီးမှ သဘောတူညီချက်ရရှိသဖြင့် လာမည့် ၆.၁၁.၂၀၁၃ရက်နေ့မှာ ထိုင်းကုမ္ပဏီနှင့် တာချီလိတ်မြို့နယ် မီးလင်းရေး ကော်မတီတို့ သဘောတူလက်မှတ် ရေးထိုးမှာဖြစ်ကြောင်း သိရသည်။


ထိုသို့ လက်မှတ်ရေးထိုးပြီးပါက လွယ်တော်ခမ်းကျေးရွာအပြင် မိုင်းဖုန်း(က)ကျေးရွာအုပ်စုရှိ ရွာ ၁၀ရွာအား လျှပ်စစ်မီးပေးရန်အတွက် ဓါတ်မီးတိုင်များ စတင်ချပေးထားပြီးဖြစ်သည့်အတွက် မိုင်းဖုန်း(က)ကျေးရွာအုပ်စုတွင်လည်း မီးပေးနိုင်တော့မှာဖြစ်သည့်အပြင် မိုင်းကိုးကျေးရွာအုပ်စုရှိ ရန်ကုန်ရွာထိ မီးပေးနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း မြို့မီးလင်းရေးကော်မတီထံမှ သိရသည်။


"ကျွန်တော်တို့ ရွာထဲကို ၂၄နာရီ လျှပ်စစ်မီး ရတော့မယ်ဆိုတော့ ပျော်ပါတယ်၊ မြို့ပေါ်မှာ ၂၄နာရီ မီးရနေတော့ အားကျမိတာတော့ အမှန်ပဲဗျာ၊ အခုလို လွယ်တော်ခမ်းဘက်ကို မီးရအောင် လုပ်ပေးတဲ့ တာဝန်ရှိ လူကြီးမင်းများကို ကျေးဇူးတင်ကြောင်းပြောပါရစေ"ဟု လွယ်တော်ခမ်းကျေးရွာနေ
မောင်အားတာမှ တာချီလိတ်အွန်လိုင်းသို့ ပြောလာသည်။

ပုံများကိုကြည့်ရန်
လွယ်တော်ခမ်းကျေးရွာ၌ ၂၄နာရီ လျှပ်စစ်မီးရရှိတော့မည်
17 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~ 
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Thursday, October 3, 2013

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း မှ အောက်တိုဘာလ ၁ ရက်နေ့မှ စ၍ "မီတာထိန်းသိမ်းစောင့်ရှောက်ခ"အမည်အစား "မီတာဝန်ဆောင်ခ"ဟု ပြင်ဆင်သတ်မှတ်ရန်နှင့် စက်တင်ဘာလအတွင်း သုံးစွဲခဲ့သည့် ကောက်ခံမှုမှ စတင်ကာ မီတာထိန်းသိမ်းခအား ၅၀၀ ကျပ် လျှော့ချ သတ်မှတ်လိုက်ကြောင်း သိရသည်။


အဆိုပါ ပြောင်းလဲပြင်ဆင် သတ်မှတ်မှုများကို ၂၀၁၃ခုနှစ် အောက်တိုဘာလ အစမှ စတင်၍ အတည်ပြုသွားမှာဖြစ်ပြီး တာချီလိတ်မြို့နယ်မီးလင်းရေးရုံးတွင်လည်း မီတာသတ်မှတ်ကြေးများကို ဗီနိုင်းများဖြင့် ကြော်ငြာထားသည်ကို တွေ့ရှိရသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Thursday, August 15, 2013

ပြီးခဲ့သော ရက်များက တာချီလိတ်မြို့နယ်အတွင်း မိုးများရွာသွန်းမှုဖြစ်ပွားခဲ့ရာ အချို့သော
နေရာများ၌ လျှပ်စစ်မီးကြိုးများ နှင့် ဓါတ်တိုင်များပေါ်တွင် သစ်ကိုင်းများ ကျိုးပဲ့ကာ တင်ကျန်နေခြင်းအပြင် သစ်ကိုင်းကျိုးခြင်းများ ဖြစ်ပေါ်ခဲ့သည်ဖြစ်ရာ အဆိုပါ သစ်ကိုင်းများအား ဖယ်ရှားရန်နှင့် ခုတ်ထွင် ရှင်းလင်းနိုင်ရန်အတွက် သြဂုတ်လ ၁၆ရက်နေ့ နေ့လည်  ၁နာရီမှ ၃ နာရီအထိ လျှပ်စစ်မီး ခေတ္တ ပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။


"မီးကြိုးတွေပေါ်မှာ ကျိုးပဲနေတဲ့ သစ်ကိုင်းတွေနဲ့ မလွတ်ပဲရှိနေတဲ့ သစ်ကိုင်းတွေကို ခုတ်ထွင်ရှင်းလင်းဖို့အတွက် နက်ဖြန် နေ့လည် ၁ နာရီကနေ ၃ နာရီထိ မီးခဏပျက်ပါမယ်"ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး က တာချီလိတ်မြို့ရှိ ပြည်သူအများ အနေဖြင့် မိမိတို့ လုပ်စရာရှိတာများကို ကြိုတင် လုပ်ဆောင်နိုင်ရန်အတွက် တာချီလိတ်အွန်လိုင်း သို့ အသိပေး ပြောကြားလာသည်။


Wednesday, August 14, 2013

တာချီလိတ်မြို့နယ် မိုင်းဖုန်း(က)ကျေးရွာအုပ်စုရှိ ကျေးရွာများအတွင်း လျှပ်စစ်မီး ရရှိစေရေးအတွက် သြဂုတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် တာချီလိတ်မြို့နယ် မီးလင်းရေးကော်မတီ ဒု-ဥက္ကဌများ ဖြစ်သော ဦးကြည်မြင့် နှင့် ဦးကျော်ငြိမ်း အပါအ၀င် လူမှုဆက်ဆံရေး တာဝန်ခံ ဦးစိုင်းခမ်းမွန်းတို့နှင့် အတူ အဆိုပါကျေးရွာအုပ်စုရှိ မိုင်းဖုန်း(က) ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းဆွန်လစ်နှင့် ၀မ်တုံ၊ ဖတ်ဟိ၊ ပါခါ နှင့် ၀မ်ပုံ စသည့် ကျေးရွာလူကြီးများ တွေ့ဆုံခဲ့ကြပြီး လျှပ်စစ်မီးလင်းရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။



မိုင်းဖုန်း(က)ကျေးရွာအုပ်စုဖြစ်သော ပါခါ မှ ၀မ်ပုံ အထိ လျှပ်စစ်မီးရရှိရေး ကိစ္စရပ်များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး က မိမိအနေဖြင့် လျှပ်စစ်မီးကို မြို့ရော၊ ကျေးလက်တွေပါ တန်းတူရရှိနိုင်စေရန်နှင့် လျှပ်စစ်မီးရရှိပြီဆိုလျှင် လူနေမှုအဆင့်အတန်း ပြည့်ဝလာမှာဖြစ်သလို
ရွှေတြိဂံဒေသဖြစ်တဲ့ ၀မ်ပုံဟာလည်း လောနိုင်ငံနှင့် ယှဉ်နိုင်မှာဖြစ်တာကြောင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကိုပါ အထောက်အကူပြု လာနိုင်တော့မှာဖြစ်ပါကြောင်း၊ မိုင်းဖုန်းဒေသ ကားလမ်းမ တစ်လျှောက် ကတ္တရာလမ်းဖြစ်လာတော့မှာမို့ မရှိမဖြစ် အဓိက လိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်မီးရရှိရေးကို ဦးစားပေး လုပ်ဆောင်ပေးရန်အတွက် မိမိတို့ အဖွဲ့လာခဲ့တာဖြစ်ကြောင်း၊ လမ်းနဲ့မီး ရရှိပြီးပါက
ပြည်သူတွေရဲ့ လိုအပ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး နှင့် လူမှုကိစ္စတွေပါ ဆောင်ရွက်နိုင်မှာဖြစ်လို့၊ မကြာခင် မိုင်းဖုန်း(က) ၀မ်ပုံဟာ အဆင့်တဆင့်တိုးမြှင့်လာနိုင်မှာ ဖြစ်ပါကြောင်း စသည်ဖြစ် အကျယ်တ၀င့် ကျေးရွာလူကြီးများနှင့် ရင်းရင်းနှီးနှီး ဆွေးနွေးကာ ရှင်းလင်းပြောကြားခဲ့ကြသည်။


ဆက်လက်ပြီး တာချီလိတ်မြို့နယ် မီးလင်းရေးကော်မတီ ဒု-ဥက္ကဌများဖြစ်သော ဦးကြည်မြင့် နှင့် ဦးကျော်ငြိမ်းတို့မှလည်း ကျေးရွာတွေရဲ့ လိုအပ်ချက်များအား နားလည် သဘောပေါက်ပါကြောင်း၊ ဒါ့ကြောင့် အထက်ကို တင်ပြပြီး၊ တိုင်တာရေး အင်ဂျင်နီယာအဖွဲ့အား အမြန် စေလွှတ်ပေးသွားမှာဖြစ်သလို
ကျေးရွာဖက်မှလည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ကျေးရွာလူကြီးများအား ရှင်းလင်းပြောကြားခဲ့ကြသည်။


ယင်းနောက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းဆွန်လစ်က မိမိတို့ မိုင်းဖုန်း(က)ကျေးရွာအုပ်စု လူထုကိုယ်စား ယခုလို ပါခါ မှ ၀မ်ပုံအထိ မီးလင်းရေးအတွက် ကူညီဆောင်ရွက်ပေးမည့် အကြောင်းကို သိရှိရ၍ များစွာ ၀မ်းသာပီတိဖြစ်ရပြီး အထူးကျေးဇူးတင်ပါကြောင်း ရွာသူ ရွာသားများကိုယ်စား
ကျေးဇူးတင်စကား ပြောကြားလာသည်။

တာချီလိတ်မြို့နယ် မီးလင်းရေးကော်မတီမှ ပြီးခဲ့သော ဧပြီလ ၁၀ ရက်နေ့က မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု အတွင်းရှိ ပါကောင်၊ ပါခုတ်၊ နမ့်လုတ်(ရွာသစ်) နှင့် နမ့်လုတ်(ရွာဟောင်း) အစရှိသည့် ကျေးရွာ(၆)ရွာအား ၂၄ နာရီ လျှပ်စစ်မီး သွယ်တန်းပေးနိုင်ခဲ့ကြောင်းလည်း သိရှိရသည်။

Wednesday, April 10, 2013

တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်းရှိ ပါကောင်၊ ပါခုတ်၊ နမ့်လုတ်(ရွာသစ်)၊ နမ့်လုတ်(ရွာဟောင်း) အစရှိတဲ့ ကျေးရွာ(၆)ရွာ မှာ (၂၄)နာရီ လျှပ်စစ်မီးရရှိတဲ့အနေနဲ့ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက ပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။

{ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းနေ၀င်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် မြို့မီးလင်းရေးကော်မတီ ဒု-ဥက္ကဌ ဦးကြည်မြင့်တို့မှ ဖဲကြိုးဖြတ်}

အဆိုပါကျေးရွာများမှ ကျေးရွာပြည်သူလူထုများက ငွေကြေးစိုက်ထုတ်ပြီး တာချီလိတ်မီးလင်းရေးကော်မတီရဲ့ ကြီးကြပ်မှုနဲ့ ၂၀၁၂ခုနှစ် ဒီဇင်ဘာလရဲ့ ဒုတိယအပတ်ကစပြီး ဆောင်ရွက်ခဲ့တာဖြစ်တဲ့ လျှပ်စစ်မီးလင်းရေးကိစ္စမှာ ယခုအခါမှာ အားလုံးပြီးစီးသွားပြီဖြစ်တာကြောင့် ယနေ့နံနက်က နမ့်လုတ်ရွာသစ်မှာ အခုလို မီးရရှိခြင်းအထိမ်းအမှတ်အဖြစ် ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။


ဖွင့်ပွဲအခမ်းအနားမှာ တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးသက်အောင်၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ တာချီလိတ်မြို့ မီးလင်းရေးကော်မတီ ဒု-ဥက္ကဌ ဦးကြည်မြင့် နဲ့ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းနေ၀င်းအပါအ၀င် ကျေးရွာသူ/သား စုစုပေါင်း (၁၀၀)ခန့် တက်ရောက်လာခဲ့ကြပြီး  မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ မြို့မီးလင်းရေးကော်မတီ ဒု-ဥက္ကဌ ဦးကြည်မြင့် နဲ့ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းနေ၀င်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။


ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးက အဖွင့်အမှာစကားပြောကြားပြီး မြို့မီးလင်းရေးကော်မတီ ဒု-ဥက္ကဌ ဦးကြည်မြင့်က လျှပ်စစ်လိုင်းတည်ဆောက်ခြင်းနဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပြီးနောက်မှာတော့ ကျေးရွာရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဒေါ်နန်းရှဲန်ခမ်းက ကျေးဇူးတင်စကားပြောကြားခဲ့တာဖြစ်ပါတယ်။


မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၆)ရွာအနေနဲ့ ယခုလို (၂၄)နာရီ လျှပ်စစ်မီးရရှိလာတဲ့အတွက်
ကျေးရွာသူ ကျေးရွာသားများအနေဖြင့် များစွာပျော်ရွှင်ဝမ်းသာနေကြကြောင်းလည်း သိရပါတယ်။

ပုံများကိုကြည့်ရန်


Sunday, February 24, 2013

ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ်ဝန်ကြီး ဦးစိုင်းထွန်းရင်နဲ့အဖွဲ့က မိုင်းဆတ်မြို့နယ်နဲ့ မိုင်းခုတ်မြို့နယ်ခွဲမှာရှိတဲ့ ရေအားလျှပ်စစ်စက်ရုံကို သွားရောက်ခဲ့ကြပြီး (၂၄)နာရီမီးရရှိရေးအတွက် ကြည့်ရှု့လေ့လာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


လျှပ်စစ်ဝန်ကြီးအပါအ၀င် ပြည်ခိုင်ဖြိုးပါတီမှ မိုင်းဆတ်မြို့နယ်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခတ္တိယ၊ တာချီလိတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ မိုင်းဆတ်ခရိုင်ပါတီအတွင်းရေးမှူး ဦးရှဲလော၊ မိုင်းဖြတ်ခရိုင်ပါတီကော်မတီဝင် ဦးဘိုစံ၊ တာချီလိတ်မြို့နယ်အတွင်းရေးမှူး ဦးစိုင်းရွှေထွန်း၊ မြို့နယ်ပါတီ ကော်မတီဝင်များ၊
ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာမှူး ဦးသိန်းဌေး၊ တွဲဖက်ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာမှူး ဦးအောင်ဆန်း နဲ့ မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း အပါအ၀င် ဌာနဆိုင်ရာတို့က မိုင်းဆတ်မြို့နယ်နဲ့ (၂၁)မိုင်အကွာဝေးတဲ့ မိုင်းခုတ်မြို့နယ်ခွဲက (၂၄)နာရီ မီးရရှိစေရေးအတွက် ရည်ရွယ်ပြီး တည်ဆောက်နေလျှက်ရှိတဲ့ ရေအားလျှပ်စစ်စက်ရုံကို မိနစ်(၂၀)အကြာ လမ်းလျှောက်သွားကြပြီး လျှပ်စစ်မီးပေးနိုင်မှု အခြေအနေများကို တိုင်ပင်အကြံပြုဆွေးနွေးခဲ့ကြပါတယ်။



ဆက်လက်ပြီး ပြည်နယ်လျှပ်စစ်ဝန်ကြီး နဲ့ အဖွဲ့က မိုင်းဆက်မြို့ကို ပြန်လည်သွားရောက်ပြီး မိုင်းဆတ်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာမှူးနဲ့ဝန်ထမ်းများကို တွေ့ဆုံပြီးနောက် မိုင်းဆတ်မြို့နယ်မှ ပြန်လည်ထွက်ခွာလာပြီး မိုင်းတွင်းတောင်ပေါ်ကျေးရွာအုပ်စုရှိ "ပူနားကို" ရေအားလျှပ်စစ်တည်ဆောက်မဲ့နေရာကို သွားရောက်ရာ ဦးအားချန်က မိုင်းတွင်းတောင်ပေါ်အုပ်စုကို (၂၄)နာရီ လျှပ်စစ်မီး ရရှိရေးအတွက်ရေအားလျှပ်စစ် တည်ဆောက်မဲ့အခြေအနေ နဲ့ လုပ်သား(၁၀၀)ဦးနဲ့အတူ နေ့စဉ်လုပ်ဆောင်နေမှု၊ လျှပ်စစ်စက်ရုံနဲ့ ပတ်သက်တဲ့ စက်ပစ္စည်းများရောက်ရှိမူများ အပြင် မေလထဲမှာ စတင်ပြီး မီးလင်းရန်အတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ရာ ၀န်ကြီးနဲ့အဖွဲ့ အကြံပြုဆွေးနွေးခဲ့ကြပြီး ၎င်းတို့အဖွဲ့က တာချီလိတ်မြို့ကို ပြန်လည်ထွက်ခွာခဲ့တယ်လို့ သိရပါတယ်။

Saturday, February 23, 2013

ဖေဖော်ဝါရီလ(၂၂)ရက်နေ့က ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ်ဝန်ကြီး ဦးစိုင်းထွန်းရင် နဲ့ အဖွဲ့က မိုင်းဆတ်မြို့နယ် မီးလင်းရေးကိစ္စ အတွက် တာချီလိတ်မြို့ကို ရောက်ရှိလာခဲ့တယ်လို့ သတင်းရရှိပါတယ်။

မိုင်းဆတ်ခရိုင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခတ္တိယ၊ တာချီလိတ်မြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
 ဒေါ်တင်မေထွန်း နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးအပါအ၀င် တာချီလိတ်မြို့နယ် မီးလင်းရေးကော်မတီဝင်များဖြစ်တဲ့ ဦးကြည်မြင့်၊ ဦးမြင့်လွင်၊ ဦးကျော်ငြိမ်း နဲ့ မြို့မိမြို့ဖများအပြင် ပြည်ခိုင်ဖြိုးပါတီမှ ခရိုင်နဲ့မြို့နယ် ပါတီကော်မတီဝင်များက
 ဖေဖော်ဝါရီလ(၂၂)ရက်နေ့ နေ့လည်ပိုင်းမှာ တာချီလိတ်လေဆိပ်ကို သွားရောက်ကြိုဆိုခဲ့ကြပါတယ်။




ဆက်လက်ပြီး ပြည်နယ်လျှပ်စစ်ဝန်ကြီး ဦးစိုင်းထွန်းရင်နဲ့အဖွဲ့အပါအ၀င်  မိုင်းဆတ်ခရိုင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခတ္တိယ၊ တာချီလိတ်မြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးသိန်းဌေး၊ တွဲဖက်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးအောင်ဆန်း၊ ပြည်ခိုင်ဖြိုးပါတီမှ ခရိုင်ပါတီကော်မတီဝင် ဦးဘိုစံ၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းရွှေထွန်း နဲ့ မြို့နယ်ပါတီကော်မတီဝင် ဦးအောင်ဝင်းတို့က မိုင်းဆတ်မြို့ကို နေ့လည်(၂)နာရီက ထွက်ခွာသွားခဲ့ကြောင်း သိရပါတယ်။

ဝန်ကြီးနဲ့အဖွဲ့ကို မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း နဲ့ ဌာနဆိုင်ရာများက ကြိုဆိုခဲ့ကြပြီး  မိုင်းဆတ်မြို့နဲ့(၆)မိုင်အကွာမှာ တည်ရှိနေတဲ့ မိုင်းဆတ်မြို့ကို လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနေတဲ့ မိုင်းပန်ရေအားလျှပ်စစ်ဓါတ်အားစက်ရုံကို သွားရောက်ကာ အဆိုပါမြို့ကို မီးပေးနေမှုအခြေအနေနဲ့ပတ်သက်ပြီး လျှပ်စစ်ဓါတ်အား လိုနေမှုများကို ကြည့်ရှု့စစ်ဆေးခဲ့ကြကာ မိုင်းဆတ်မြို့ကို တာချီလိတ်မြို့ကဲ့သို့ (၂၄)နာရီ လျှပ်စစ်မီးရရှိရေးအတွက် ညှိနှိုင်းဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ(၂၄)ရက်နေ့မှာလည်း တာချီလိတ်မြို့က ကျေးရွာအုပ်စု (၃)စုမှာရှိတဲ့ ရေအားလျှပ်စစ် အခြေအနေတွေကိုလည်း သွားရောက်ကြည့်ရှု့မှာဖြစ်ကြောင်းလည်း သိရပါတယ်။

Tuesday, November 20, 2012

တာချီလိတ်ခရိုင်/မြို့နယ် အတွင်းဖြန့်ဝေအသုံးပြုလျှက်ရှိသည့် လျှပ်စစ်ဓါတ်အားခနှုန်းထား ဘတ်ငွေ(၆.၂၅)ပြားမှ ဘတ်(၆.၀)အဖြစ်သို့ လျော့ချသတ်မှတ်ပေးမည်ဖြစ်ကြောင်း သိရှိရပါတယ်။


အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တာချီလိတ်မြို့နယ်(နယ်မြေတာဝန်ခံ) ဒေါ်တင်မေထွန်း၏ တင်ပြချက်အရ  နိုဝင်ဘာ(၁၉)ရက်နေ့က ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ရောက်ရှိစဉ် လျှပ်စစ်ဓါတ်အားခ လျှော့ချရေးနှင့် ပတ်သက်၍ တာချီလိတ်မြို့ မီးလင်းရေးကော်မတီအဖွဲ့နှင့် အစည်းအဝေးပြုလုပ်ရာ လက်ရှိ တစ်ယူနစ်နှုန်းထားဖြစ်သော ဘတ်(၆.၂၅)ပြားမှ (၆.၀)ဘတ်သို့ သတ်မှတ်လိုက်သဖြင့် ဘတ်(ဝ.၂၅)ပြား လျှော့ချနိုင်ခဲ့ကြောင်း သိရှိရပါတယ်။

မီတာခ လျှော့ချသတ်မှတ်လိုက်သည့် (၆.၀)ဘတ်နှုန်းထားအား ၂၀၁၃ခုနှစ် ဇန်န၀ါရီလမှသာ စ၍ ကောက်ခံမှာဖြစ်ကြောင်း သိရှိရပါတယ်။