Latest News

Dropdown Menu

Showing posts with label မြန်မာ-ထိုင်းသတင်း. Show all posts
Showing posts with label မြန်မာ-ထိုင်းသတင်း. Show all posts

Thursday, January 9, 2014

ထိုင်းနိုင်ငံအတွင်း၌ လတ်တလောကာလအတွင်း ၎င်းတို့၏ နိုင်ငံရေးအခြေအနေမှာ တည်ငြိမ်မှုမရှိသေးသည့်အပြင် လာမည့် ၂၀၁၄ခုနှစ် ဇန်န၀ါရီလ(၁၃)ရက်နေ့တွင် ထိုင်းနိုင်ငံတ၀ှမ်းလုံး အထွေထွေဆန္ဒပြပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည့်အတွက် ထိုင်းနိုင်ငံအတွင်း၌ နေထိုင်ကြသော မြန်မာနိုင်ငံသားများအနေဖြင့် ဆန္ဒပြမှုများနှင့် လူစုရုံး ချီတက်ခြင်းများ စသည်တို့တွင် ပါဝင်ပတ်သက်ခြင်း မပြုလုပ်ရန်နှင့် သွားလာမှုများ သတိထားစေရန်အတွက် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ မြန်မာသံရုံးမှ သတိပေးတိုက်တွန်းနှိုးဆော်ချက်ကို ယခုလ (၆)ရက်နေ့က ထုတ်ပြန်ကြေငြာ ထားပြီးဖြစ်ကြောင်း သိရှိရပါသည်။

ယင်းနည်းတူ တာချီလိတ်မြို့နှင့် အလွန်နီးကပ်နေသော ချင်းရိုင်းခရိုင်းအတွင်း နှင့် မယ်ဆိုင်မြို့ရှိ  မြန်မာနိုင်ငံသားများအား "ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ ( တာချီလိတ်)"မှ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ယနေ့ ဇန်န၀ါရီလ(၉)ရက်တွင် အထူးသတိပေးကြေငြာချက်အား ထုတ်ပြန်လိုက်ကြောင်း သိရသည်။ အဆိုပါ ကော်မတီ၏ ကြေငြာချက်အား ဖော်ပြလိုက်ပါသည်။




ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့်
စေ့စပ်ညှိနှိုင်းရေးကော်မတီ ( တာချီလိတ်)
အထူးသတိပေးကြေငြာချက် ( ၁/၂၀၁၄)
၂၀၁၄ခုနှစ် ဇန်န၀ါရီလ (၉) ရက်


တိုင်းရင်းသား မိဘပြည်သူအပေါင်းတို့ခင်ဗျား
(က)                လတ်တလော ဖြစ်ပွားနေသည့် ထိုင်းနိုင်ငံ၏ နိုင်ငံရေးအခြေအနေများနှင့် ပါတ်သက်၍ ထိုင်းနိုင်ငံသို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာ - ထိုင်းနှစ်နိုင်ငံချစ်ကြည်ရေးအား ရှေးရှု၍ ပါဝင်ပါတ်သက်ခြင်း မပြုကြပါရန်နှင့် မိမိတို့၏ လုံခြုံရေးအား ထိခိုက်စေမည့်
အခြေအနေများအား သတိရှိရှိဖြင့် စောင့်ထိန်းနေထိုင်ကြစေလိုပါသည်။

(ခ) အထူးအားဖြင့် ၂၀၁၄ခုနှစ် ဇန်န၀ါရီလ (၁၃)ရက်နေ့တွင် ထိုင်းနိုင်ငံတ၀ှမ်း
အထွေထွေ ဆန္ဒပြပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါ အထွေထွေဆန္ဒပြပွဲတွင်
မမျှော်မှန်းနိုင်သည့် အခက်အခဲများ ၊ အန္တရာယ်များလည်း ပေါ်ပေါက်လာနိုင်သည့် အတွက် ထိုင်းနိုင်ငံ ချိန်းရိုင်းခရိုင်အတွင်း အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေထိုင်ကြသော မြန်မာနိုင်ငံသားများအနေဖြင့် ထိုနေ့တွင် မိမိတို့၏ နေအိမ်တွင်သာ နေထိုင်ခြင်းအပါအ၀င်  ဆန္ဒပြပွဲများနှင့်လွတ်ကင်းရာနေရာများတွင် နေထိုင်သွားကြပါရန် အသိပေးအပ်ပါသည်။

(ဂ)              အကယ်၍ ထိုင်းနိုင်ငံသို့ တရားဝင်သွားရောက်နေထိုင်သည့် မြန်မာနိုင်ငံသားများ
အနေဖြင့် ထိုနေ့တွင် မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ပြန်လည်ဝင်ရောက်ရာတွင် အခက်အခဲ
တစ်စုံတစ်ရာရှိပါက ဤကော်မတီထံသို့ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း အသိပေး
ကြေငြာအပ်ပါသည်။
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား 
ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ ( တာချီလိတ်)

အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါသည်။
0823837478၊ 0897558729၊ 0860191524၊ 0815950588၊ 0897558729၊

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Tuesday, December 31, 2013

၂၀၁၃ ခုနှစ်ကို ကျောခိုင်း၍ ၂၀၁၄ ခုနှစ်ကို စတင် ဖက်တွယ်ဖို့ ယနေ့ ၂၀၁၃ ခုနှစ်၏ နောက်ဆုံး ကုန်ဆုံးရက်ဖြစ်သည့် ဒီဇင်ဘာလ (၃၁)ရက် ည(၆)နာရီမှ စ၍ ည (၁၂း၃၀)နာရီအချိန်ထိ မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်၌ တိုးကြိတ်စည်ကားစွာ သွားလာပျော်ပါးနေကြပြီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ နှစ်သစ်ကြိုဆိုသည့် မဏ္ဍပ်တွင် တာချီလိတ်ဘက်မှ မြန်မာနိုင်ငံသားများ၊ ထိုင်းနိုင်ငံဘက်မှ ထိုင်းနိုင်ငံသားများနှင့် နိုင်ငံခြားသားများ စည်ကားသိုက်မြိုက်စွာဖြင့် ပျော်ပါးစွာ နှစ်သစ်ကြိုဆိုနေကြသည်ကို တွေ့ရှိရပါသည်။

နှစ်သစ်ကြိုဆိုသည့် ပုံရိပ်အချို့အား ဖော်ပြလိုက်ပါသည်။

{ တာချီလိတ်ဘက်မှ ထိုင်းဘက်သို့..}

{ နှစ်သစ်ကြိုဆိုသည့်.....}

{ နှစ်သစ်ကြိုဆိုသည့်.....}

{ နှစ်သစ်ကြိုဆိုသည့်.....}

{ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်သို့ သွားရောက်လည်ပတ်ပြီး ပြန်လာကြသော မြန်မာနိုင်ငံသားများ.....}

{ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်သို့ သွားရောက်လည်ပတ်ပြီး ပြန်လာကြသော မြန်မာနိုင်ငံသားများ.....}

{ တာချီလိတ်၊ ရွှေနန်းတော်ကုန်တိုက်အတွင်းမှ နှစ်သစ်ကြိုဆိုမည့် မီးပန်းယမ်းတောင့်များ}

{ တာချီလိတ်ရွှေတိဂုံစေတီရင်ပြင်မှ တွေ့မြင်ရသည့် ရွှေနန်းတော်ကုန်တိုက်မှ မီးပန်းများ}


ပုံအပြည့်အစုံကိုကြည့်ရန်
18 photos
61 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Tuesday, December 24, 2013

တာချီလိတ်မြို့၌ လာမည့် ၂၀၁၄ခုနှစ် ဇန်န၀ါရီလ (၁)ရက်နေ့မှစ၍ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတား ဖွင့်လှစ်ချိန်အား နံနက် (၆)နာရီမှ ည (၈း၃၀)နာရီအချိန်ထိ တိုးမြှင့်တော့မည်ဖြစ်ရာ နယ်စပ်တံတားကူးလက်မှတ် ( TBP, BP )များကို နံနက် (၆)နာရီမှ ညနေ (၆)နာရီအချိန်သာ ပုံမှန် ရောင်းချပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

Monday, December 23, 2013

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ တို့တွင် နေ့စဉ်နှင့်အမျှ စီးပွားရေးအရသော် လည်းကောင်း၊ အလည်အပတ်သော် လည်းကောင်း သွားလာလှုပ်ရှားနေကြပြီး နိုင်ငံခြားသား ခရီးသွားဧည့်သည်များလည်း ၀င်/ထွက်သွားလာမှုများ ရှိနေသည်ဖြစ်ရာ မြန်မာ - ထိုင်း နယ်စပ်ဝင်/ထွက်ပေါက် (၂)ပေါက်အနက်  မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားအား ယခင်က မြန်မာနိုင်ငံ စံတော်ချိန် နံနက်(၆)နာရီမှ ညနေ(၆)နာရီထိ သတ်မှတ်ထားရာမှ ယခုအခါ ၂၀၁၄ နှစ် ဇန်န၀ါရီလ (၁)ရက်နေ့မှစ၍ ညပိုင်း ဖွင့်လှစ်ချိန်ကို တိုးမြှင်တော့မည် ဖြစ်ကြောင်း သိရသည်။

ဖွင့်လှစ်ချိန် တိုးမြှင့်လိုကြောင်းကို ထိုင်းဘက်ရှိ နှစ်နိုင်ငံမြို့နယ်အဆင့်နယ်ခြားကော်မတီမှ ၂၀၁၃ခုနှစ် ဒီဇင်ဘာလ(၃၀)ရက်နေ့တွင် မြန်မာနိုင်ငံစံတော်ချိန်များဖြင့် နံနက်(၆)နာရီမှ ည(၉း၃၀)နာရီအချိန်ထိ၊ ၂၀၁၃ခုနှစ် ဒီဇင်ဘာလ (၃၁)နှင့် ၂၀၁၄ ဇန်န၀ါရီလ (၁)ရက်နေ့ထိ နံနက်(၆)နာရီမှ ည(၁း၃၀)နာရီအချိန်ထိ အဆိုပြုလာရာ နိုင်ငံတော်မှ သဘောတူခွင့်ပြုသည့်အတွက် နှစ်သစ်ကူး နှစ်ညကို အထူးအစီစဉ် တစ်ရပ်အနေဖြင့် ဖွင့်လှစ်ပေးသွားမှာဖြစ်ကြောင်း သိရသည်။

"နှစ်သစ်ကူး ညမှာ မြန်မာဘက်က ပွဲလမ်းသဘင်တွေ သိပ်မရှိဘူး၊ အခုလိုဖွင့်လှစ်ပေးလိုက်တော့ နှစ်သစ်ကူးညဖက် ထိုင်းဘက်မှာ ပွဲဈေးလည်လို့ရပြီပေါ့"ဟု မြို့ခံလူတစ်ဦးမှ ၀မ်းသာမှုဖြင့် ပြောလာသည်။

ဆက်လက်၍ နိုင်ငံတော် သမ္မတက ထိုင်းနိုင်ငံဘက်မှ တောင်းဆိုချက်အရသော်လည်းကောင်း၊ မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားကို ရှေုးရှုသောအားဖြင့်သော် လည်းကောင်း ၂၀၁၄ခုနှစ် ဇန်န၀ါရီလ (၁)ရက်နေ့မှ စတင်၍ အမြဲတမ်း တံတားဖွင့်လှစ်ချိန်ကို မြန်မာစံတော်ချိန် နံနက်(၆)နာရီမှ ည (၈း၃၀)နာရီအချိန်ထိ တိုးချဲ့ဖွင့်လှစ်ရန်အတွက် လမ်းညွှန်မှာကြားထားကြောင်းကို ခရိုင်လ၀ကရုံးမှ တဆင့် သိရှိရသည့်အတွက်  ည(၈း၃၀)နာရီထိ တံတားဖွင့်လှစ်ချိန်ကို ဇန်န၀ါရီလ(၁)ရက်နေ့မှာ စတင်တော့မှာ ဖြစ်ကြောင်း အတည်ပြု သိရှိရသည်။

ထိုသို့ ညဘက် (၈း၃၀)နာရီအချိန်ထိ နယ်စပ်တံတားအား ဖွင့်လှစ်ပေးရာတွင် ဆိုင်ကယ် နှင့် ကားငယ်လေးများသာ သွားလာခွင့်ပြုမှာ ဖြစ်ပြီး ကုန်တင်ကားကြီးများကိုတော့ ညနေ(၆)နာရီ ကျော်လွန်သွားပါက သွားလာခွင့်ပြုမည်မဟုတ်ကြောင်း နှင့် ညဖက်သွားမည့် ဆိုင်ကယ်နှင့် ကားငယ်လေးများအား စစ်ဆေးမှုများပြုလုပ်ရန်အတွက် မယ်ဆိုင်ဘက်မှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံဆွေးနွေးဖို့ရှိကြောင်းလည်း ခရိုင်လ၀ကရုံးမှ ထပ်မံသိရှိရသည်။

"အခုလို ညဖက် တံတားဖွင့်ပေးမယ်ဆိုတော့ ၀မ်းသာစရာပဲဗျာ၊ မယ်ဆိုင်ဘက်က ညဈေးတွေကိုလည်း သွားလည်နိုင်တော့မယ်၊ ကျန်းမာရေးအရပဲဖြစ်ဖြစ်၊ ဈေးဝယ်ဖို့ပဲဖြစ်ဖြစ် (၆)နာရီ တံတားပိတ်ချိန်ကို
စိုးရိမ်စရာမလိုတော့ဘူး၊ အခုလို ဖွင့်လှစ်ပေးမယ်ဆိုတဲ့အတွက်လည်း နိုင်ငံတော်ကို ကျေးဇူးတင်ပါတယ်"ဟု မြို့ခံ ရှမ်းတိုင်းရင်းသားတစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~



Thursday, December 19, 2013

ယနေ့ ၂၀၁၃ခုနှစ် ဒီဇင်ဘာလ(၁၉)ရက် နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ အိမ်ရှေ့မင်းသား မဟာဝချိရာလုံကွန်၏ ကြင်ယာတော် ဆရီရတ်မင်းသမီး နှင့် မိသားစုဝင်များ၊ လုံခြုံရေးအဖွဲ့ဝင်များအပါအ၀င် ထိုင်းနိုင်ငံ တပ်မတော်(ကြည်း) စစ်ဦးစီးအရှိများ၊ သင်တန်း အမှတ်စဉ်(၉၂)မှ သင်တန်းနည်းပြများနှင့် သင်တန်းသားအရာရှိများ ပါဝင်သည့် အဖွဲ့သည် မယ်ဆိုင်မြို့မှတဆင့် ထိုင်း-မြန်မာ အမှတ်(၁) ချစ်ကြည်ရေးတံတားမှ တာချီလိတ်မြို့သို့ လာရောက်၍ တာလော့ဈေးအတွင်း လှည့်လည် လေ့လာကြည့်ရှုခြင်းနှင့် တာချီလိတ်ရွှေတိဂုံစေတီတော်အား ဖူးမျှော်ကြည်ညိုခြင်းအပြင် နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီးအား ဖူးမျှော်ကြည်ညို၍ အဆိုပါ နံနက်ပိုင်းမှာပင် တာချီလိတ်မြို့မှ ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားခဲ့ကြသည်။


ဦးစွာပထမ ထိုင်းနိုင်ငံ တပ်မတော်(ကြည်း)မှ စစ်ဦးစီးအရှိများ၊ သင်တန်း အမှတ်စဉ်(၉၂)မှ သင်တန်းနည်းပြများနှင့် သင်တန်းသားအရာရှိများ စုစုပေါင်း ( ၁၄၂ )ဦးတို့က ရောက်နှင့်နေကာ တာလော့ဈေးအတွင်း လေ့လာကြည့်ရှုခဲ့ကြပြီး တာချီလိတ်ရွှေတိဂုံစေတီတော်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

ယင်းနောက် ထိုင်းနိုင်ငံ အိမ်ရှေ့မင်းသား၏  ကြင်ယာတော် ဆရီရတ်မင်းသမီး နှင့် မိသားစုဝင်များ ပါဝင်သော လုံခြုံရေးအဖွဲ့ဝင်များ စုစုပေါင်း (၉၉)ဦးတို့သည် နံနက်(၁၀း၃၀)နာရီအချိန်မှာ တာချီလိတ်သို့ ၀င်ရောက်လာရာ မြန်မာနိုင်ငံဘက်မှ စစ်ဘက်၊ နယ်ဘက် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး မော်တော်ယာဉ်များဖြင့် ဆက်လက်၍ တာချီလိတ်ရွှေတိဂုံစေတီတော်သို့ အဆိုပါအဖွဲ့မှ ရောက်ရှိခဲ့ကြသည်။


တာချီလိတ်ရွှေတိဂုံစေတီတော်ပေါ်သို့ ရောက်ရှိလာပြီးနောက် ထိုင်းနိုင်ငံ တပ်မတော်(ကြည်း) စစ်ဦးစီးအရှိများ၊ သင်တန်း အမှတ်စဉ်(၉၂)မှ သင်တန်းနည်းပြများနှင့် သင်တန်းသားအရာရှိများမှ ကြင်ယာတော် ဆရီရတ်မင်းသမီးအတူ အမှတ်တရဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ ကြင်ယာတော် ဆရီရတ်မင်းသမီးသည် ရွှေတိဂုံစေတီတော်အား တပတ် ပတ်၍ ဖူးမျှော်ကာ ကြာသာပတေးထောင့်တွင် ပန်း၊ ဆီမီး၊ အမွှေးနံ့သာတိုင်များ ထွန်းညှိပူဇော်ကန်တော့ပြီး ဓမ္မာရုံ၌ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးအား ဖူးမျှော်ကြည်ညိုခဲ့ကြသည်။


အဆိုပါအဖွဲ့တို့သည်  နံနက် (၁၁း၁၀)နာရီအချိန်တွင် ရွှေတိဂုံစေတီတော်ပေါ်မှ ပြန်လည်ထွက်ခွာသွားပြီး အမှတ်(၁) ချစ်ကြည်ရေးတံတားအနီးရှိ ရွှေနန်းတော်ကုန်တိုက်အတွင်း ၀င်ရောက်၍ အချိန် (၃၅)မိနစ်အကြာ လှည့်လည်ကြည့်ရှုခဲ့ကြပြီးနောက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ယခုလာရောက်သော အဖွဲ့သည် တာချီလိတ်မြို့တွင် ယခုလထဲ၌  ပြုလုပ်မည်ဖြစ်သော နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီး၏ မွေးနေ့ပူဇော်ပွဲသို့လည်း ထပ်မံ၍ လာရောက်နိုင်ဖွယ်ရှိကြောင်း အတည်မပြုနိုင်သေးသော ပြောစကားအရ သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~~~

Friday, November 15, 2013

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်၊ ချင်းရိုင်းမြို့ရှိ မြို့တော်ပန်းဥယျာဉ် ၌  ၁၈ ကြိမ်မြောက် မဲခေါင်မြစ်ဝှမ်းဒေသ ချစ်ကြည်ရေး ရိုးရာယဉ်ကျေးမှုပွဲတော် နှင့် ထိုင်း - မြန်မာ - လာအို - တရုတ် လေးနိုင်ငံ ပါဝင်သည့် မီးမျှောပွဲတော် ဖွင့်ပွဲအား ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၁၅ရက် ထိုင်းစံတော်ချိန် ည၈နာရီ အချိန်က ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ တာချီလိတ် နှင့် ကျိုင်းတုံဘက်မှ ကိုယ်စားလှယ် စုစုပေါင်း ၆၁ ဦး တက်ရောက်ခဲ့ကြသည်။


အဆိုပါ ပွဲတော်သို့ တာချီလိတ်မှ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် မြို့နယ်အုပ်ချုပ်မှူး ဦးရဲထူး တို့ ဦးဆောင်သည့် ကိုယ်စားလှယ်များ နှင့် ကျိုင်းတုံမှ ကျိုင်းတုံမြို့ စည်ပင်သာယာရေးအဖွဲ့ ပြည်နယ်ရုံးခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးလုကာ ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ပွဲတော်ဖွင့်ပွဲအဖြစ် ထိုင်း/လာအို/တရုတ်ဘက်မှ အကြီးအကဲများနှင့် မြန်မာဘက်မှ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် ကျိုင်းတုံမြို့ စည်ပင်သာယာရေးအဖွဲ့ ဦးလုကာတို့မှ ပန်းကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။

မဲခေါင်မြစ်ဝှမ်းဒေသ ချစ်ကြည်ရေး ရိုးရာယဉ်ကျေးမှုပွဲတော်အား ထိုင်းနိုင်ငံမှ ၎င်းနိုင်ငံနှင့် နီးစပ်လျှက်ရှိသည့် နိုင်ငံများနှင့် ချစ်ကြည်ရေး ရင်းနှီးမှု ပိုမိုရရှိစေရန်အတွက် ချင်းရိုင်းမြို့တွင် နှစ်စဉ်ကျင်းပလေ့ရှိရာ ယခုအကြိမ်မှာ ၁၈ ကြိမ်မြောက်ဖြစ်ပြီး ပွဲတော်အား နိုဝင်ဘာလ ၁၅ ရက်မှ ၁၈ ရက်နေ့ထိ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရှိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~





Wednesday, October 30, 2013

မြန်မာ - ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်ရေးကို ဦးတည်လျှက် မြန်မာ - ထိုင်း နယ်ခြားကော်မတီ၏ ၇၇ ကြိမ်မြောက် အစည်းအဝေးအား ၂၀၁၃ခုနှစ် အောက်တိုဘာလ ၃၀ရက်၊ နံနက်ပိုင်းက တာချီလိတ်မြို့ရှိ ဇန်းမွန်အာခါဟိုတယ်၌ ကျင်းပပြုလုပ်ရာ နှစ်ဖက် နယ်ခြားကော်မတီ၏ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် နှစ်နိုင်ငံ အဓိက
ဆွေးနွေးချက်မှာ မူးယစ်ဆေးဝါးကိစ္စနှင့် ပတ်သက်၍ လက်ရှိ တာချီလိတ် - မယ်ဆိုင် နယ်စပ်ဒေသ တစ်လျှောက်မှာ မူးယစ်ဆေးဝါး
ပြန့်ပွားနေသည့်အတွက် စိုးရိမ်ရသော အခြေအနေဖြစ်ပေါ်နေပြီး အရေးပေါ် ကိစ္စအဖြစ် နှစ်နိုင်ငံ ကူညီဖြေရှင်းကျရမည် ဖြစ်ကြောင်း၊ ယခု တစ်လ နှစ်လအတွင်း၌ နယ်စပ်မှာ မူးယစ်ဆေးဝါးများ မကြာခဏ ဖမ်းမိခြင်းနှင့် ရင်ဆိုင် တိုက်ခိုက်နေရသည့် အတွက် ထိုင်း နယ်စပ်ဖက်က မူးယစ်ဆေးဝါးအ၀င်ကို ကြပ်မတ်ဖမ်းဆီးနေသလို မြန်မာနယ်စပ်ကလည်း မူးယစ်ဆေးဝါးများ ဖော်စပ်သော ဓါတုဆေးဝါး အ၀င်အထွက်ကို တားမြစ်ကြပ်မတ် ဖမ်းဆီးပေးရန် လိုကြောင်း ဆွေးနွေးသွားခဲ့သည်။

ဆက်လက်၍ နယ်စပ်တံတားအား နံနက် ၆နာရီမှ  ည ၁၂နာရီထိ တိုးမြှင့် ဖွင့်လှစ်ရန်အတွက် ဆွေးနွေးရာ အ၀င်အထွက်ရှိ လူများကို လုံခြုံရေးအတွက် လုံခြုံမှုပေးနိုင်ခြင်းနှင့် စစ်ဆေးခြင်း ကိစ္စတို့ကို
နှစ်ဖက်ပူးပေါင်း ပါဝင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဆွေးနွေးသွားခဲ့သည်။

မယ်ဆိုင် - တာချီလိတ် ချစ်ကြည်ရေး အမှတ် (၁) တံတားအား နံနက် ၆နာရီ မှ ည ၁၂ နာရီအချိန်ထိ တိုးမြှင့် ဖွင့်လှစ်ရန်အတွက် ထိုင်းဝန်ကြီးဌာနမှ ဆုံးဖြတ်ရန် ဆွေးနွေးနေဆဲ ဖြစ်ကြောင်း သိရှိရသည်။


~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Friday, October 18, 2013

ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့ရှိ Prove Garment ကုမ္ပဏီပိုင် အထည်ချုပ်စက်ရုံမှ အလုပ်သမားများအား အလုပ်ရှင်မှ အကြောင်းအမျိုးမျိုးပြကာ အလုပ်ထုတ်ခံလိုက်ရသော အလုပ်သမားများအနက် အလုပ်သမားများ၏ ရပိုင်ခွင့်အား တောင်းဆိုရာတွင် ပူးပေါင်းပါဝင်ကြသည့် အလုပ်သမား ၁၂၆ ဦး၏ ယာယီနိုင်ငံကူးစာအုပ်များ နှင့် Work Permit များအား အလုပ်ရှင်မှပြန်လည်ပေးအပ်ရာတွင် အဆိုပါ စာအုပ်များမှာ ကုမ္ပဏီဘက်မှ တာဝန်ရှိသူများ နှင့် အေးဂျင့်တို့မှ သက်တမ်းတိုးပေးထားခြင်း မရှိသည့်အတွက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ၏ အကူအညီတောင်းခံမှုဖြင့် ချင်းရိုင်းခရိုင် လ၀က မှ အလုပ်သမား ၁၂၆ ဦးစာ ထိုင်းဘတ်ငွေ ၂၅၂၀၀၀ ဘတ်အား ဒဏ်ကြေးမရိုက်ပဲ အဆိုပါ စာအုပ် ၁၂၆အုပ်အား အခမဲ့ သက်တမ်းတိုးပေးခဲ့ပါသည်။


သက်တမ်းတိုးပေးထားသော စာအုပ်များကို မယ်ဆိုင်မြို့ရှိ မြန်မာအလုပ်သမားများ နေထိုင်သည့် အိမ်ရာသို့ မြန်မာ-ထိုင်း နယ်ခြားကော်မတီမှ ဦးဘိုလေး ဦးဆောင်၍ ထိုင်းနယ်ခြား ကော်မတီအဖွဲ့ဝင်များ
နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီမှ ကော်မတီဝင် ၈ ဦးတို့အပါအ၀င် ၁၈.၁၀.၂၀၁၃ရက်၊ နံနက် ၉နာရီအချိန်က သွားရောက်၍ ပေးခဲ့ကြသည်။


ထိုသို့ပေးအပ်ရာတွင်  မြန်မာ-ထိုင်း နယ်ခြားကော်မတီမှ ဦးဘိုလေးက အလုပ်သမားများအနေဖြင့် ယာယီနိုင်ငံကူး စာအုပ်များ နှင့် Work Permit များအား ပြန်လည်ရရှိပြီး ဖြစ်တဲ့အပြင် သက်တမ်းလည်း တိုးပြီးသား ဖြစ်တဲ့အတွက် အလုပ်အကိုင်နှင့် ပတ်သက်၍ အသင့်ရှိနေသည်ဖြစ်ရာ ချင်းမိုင်မြို့ နှင့် ဘန်ကောက်မြို့တို့တွင် မိန်းကလေးများအတွက် အထည်ချုပ်စက်ရုံ နှင့် အမျိုးသားများအတွက်
ဆောက်လုပ်ရေးလုပ်ငန်းများ ရှိကြောင်း၊ အဆိုပါနေရာများသို့ သွားရောက် လုပ်ကိုင်လိုပါက မိမိတို့ စိတ်ဆန္ဒအရ သွားရောက်လုပ်ကိုင်နိုင်ကြောင်းနှင့်  ကာယကံရှင်အနေဖြင့် သွားရောက် လုပ်ကိုင်လိုစိတ်ရှိပါက သက်ဆိုင်ရာများနှင့် ချိတ်ဆက်ပေးမှာဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီဝင်များက အလုပ်သမားများအား ယခုလို ယာယီနိုင်ငံကူး စာအုပ်များ နှင့် Work Permit ပြန်လည်ရရှိသည့်အတွက် အလုပ်သမားများအတွက် မိမိတို့အနေဖြင့် ၀မ်းမြောက်ပါကြောင်း၊ အလုပ်သမားများအနေဖြင့် မိမိတို့၏ မြန်မာလူမျိုးများဖြစ်သည့် ပွဲစားများ ခေါင်းပုံဖြတ်သည့် အလုပ်ခေါင်းဆောင်များကိုလည်း သတိထားစေလိုကြောင်း၊ ပွဲစားများသည် ၎င်းတို့၏ အကျိုးကိုသာ ကြည့်တတ်သည့်အတွက် အလုပ်သမားများ၏ အကျိုးကို ကြည့်မှာမဟုတ်ကြောင်း ထို့ကြောင့် ပွဲစားများကို ရှောင်ကျဉ်စေပြီး မိမိတို့ဘာသာ လေ့လာစုံစမ်းစေလိုကြောင်း နှင့် စိတ်ဓါတ်မြှင့်တင်ခြင်း ဆိုင်ရာ နှင့် ပရဟိတ အသိပညာများကို ဟောပြောခဲ့ကြသည်။


ယင်းနောက် အလုပ်သမားများထဲတွင် ၂၂.၁၀.၂၀၁၃ရက်နေ့၌ မင်္ဂလာဆောင်မည့် ကိုသိန်းဇော်ဦ နှင့် မမိုင်သီတာထွေးတို့အား မင်္ဂလာလက်ဖွဲ့အဖြစ် ကော်မတီဝင်များမှ စုပေါင်း၍ ၃၅၀၀ ဘတ်အား လက်ဖွဲ့ခဲ့ကြသည်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Wednesday, October 16, 2013

Prove Garment ကုမ္ပဏီပိုင် အထည်ချုပ်စက်ရုံရှိ မြန်မာအလုပ်သမားများ၏ ယာယီနိုင်ငံကူးစာအုပ်များ နှင့် Work Permit များအား အောက်တိုဘာလ ၁၀ ရက်နေ့က ထိုင်းနိုင်ငံ အလုပ်သမားရုံးမှ
ပြန်လည်ပေးအပ်ခဲ့သည့်ဖြစ်ရာ အဆိုပါ စာအုပ်များကို ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီမှ လုပ်အားခ ပုံမှန်ရရှိမှု မရှိ၍ အလုပ်မှ ထွက်သွားကြသော အလုပ်သမားများ နှင့် စက်ရုံတွင် လက်ရှိလုပ်ကိုင်နေကြသည်ဖြစ်သော
အလုပ်သမားများအား စနစ်တကျ ပြန်လည်ပေးအပ်နိုင်ရန်အတွက် ယာယီထိန်းသိမ်းထားပေးခဲ့ပြီးနောက်
အောက်တိုဘာလ ၁၆ ရက် နေ့လည်ပိုင်းက တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ အစည်းဝေးခန်းမတွင် ကာယကံရှင်များထံ ပြန်လည်ပေးအပ်ရာ မြန်မာအလုပ်သမား ၂၃ ဦးလာရောက် ထုတ်ယူခဲ့ကြသည်။


ယခုလို ပေးအပ်ရာသို့ စာအုပ်လာရောက်ထုတ်ယူကြသော အလုပ်သမားများအား  ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ၏
အဖွဲ့ခေါင်းဆောင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲထူးမှ ယခုလို စာအုပ်များအား ထိန်းသိမ်းထားသည့် ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အလုပ်သမားဆိုင်ရာ လူကုန်ကူးမှုနှင့် ပတ်သက်သည့် အကြောင်းအရာများကို တာချီလိတ်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအထူးတပ်ဖွဲ့ ဒုတိယရဲမှူး ရင်ရင်အေးမှ အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ တာချီလိတ်မြို့နယ် စာရေးဆရာအသင်း ဥက္ကဌ ဦးထိန်မင်း မှ အားပေးစကားပြောကြားခဲ့သည်။


ယင်းနောက် ကော်မတီဝင်များမှ ယာယီနိုင်ငံကူးစာအုပ်များ အပါအ၀င် Work Permit နှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကြပြီးနောက် အဆိုပါ စာအုပ်များအား ကာယကံရှင်မှ လက်မှတ်ရေးထိုးကာ စာအုပ်အား ထုတ်ယူခဲ့ကြသည်။


ယခင်ကတည်းက အလုပ်ထွက်သွားကြသူများနှင့် လက်ရှိ စက်ရုံတွင် အလုပ်လုပ်နေကြသူများမှာ ၉၀ ကျော်ရှိပြီး ၎င်းတို့၏ ယာယီနိုင်ငံကူးစာအုပ်များ နှင့် Work Permit များအား ကာယကံရှင် အစစ်အမှန်သည်သာ ရရှိစေရန်အတွက် ယခုလို ထိန်းသိမ်းထားပေးတာဖြစ်ပြီး ကျန်ရှိနေသေးသော စာအုပ်များကိုလည်း မိမိတို့၏ နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း ယူလာကာ တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ထုတ်ယူနိုင်မှာဖြစ်ကြောင်း သိရသည်။


အဆိုပါ စာအုပ်ပေးအပ်ပွဲ အခမ်းအနားတွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီအနေဖြင့် နောက်ပိုင်းတွင် ဆက်လက်၍ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ၏ အခက်အခဲများအား ကူညီသည့်အခါတွင် အသုံးပြုနိုင်ရန်နှင့် ကူညီထောက်ပံ့နိုင်ရန်အတွက် အဆိုပါ မြန်မာအလုပ်သမားများ ကိုယ်စားလှယ် ကိုအောင်အောင် နှင့် မသိမ့်တို့မှ အလုပ်သမားများမှ စုပေါင်းလှူဒါန်းသော ဘတ်ငွေ ၁၅၀၀၀ အား ကော်မတီသို့ လာရောက် လှူဒါန်းခဲ့ကြသည်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ထိုင်းနိုင်ငံအတွင်း ယာယီ ပတ်စပို့ဖြင့် အလုပ် လုပ်ကိုင်နေထိုင်ကြသည့် မြန်မာနိုင်ငံသား အလုပ်သမားများ အနေဖြင့် ရက်ပေါင်း ၉၀ ပြည့်ပါက မည်သည့်နေရာတွင် မဆို သက်ဆိုင်ရာ မြို့နယ်လ၀ကရုံးများတွင် အလုပ်သမားများ ကိုယ်တိုင်သော်လည်းကောင်း၊ အလုပ်ရှင်၏ ကိုယ်စားလှယ်သော်လည်းကောင်း၊ အေးဂျင့်သော်လည်းကောင်း ပတ်စပို့များအား ယူဆောင်၍ သတင်းပို့ရသည်ဖြစ်ရာ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ Prove Garment ကုမ္ပဏီပိုင် အထည်ချုပ်စက်ရုံမှ အလုပ်သမားများ၏ ယာယီ ပတ်စပို့စာအုပ်များမှာ သတ်မှတ်ထားသည့် ရက်ထက် ကျော်လွန်နေသည့် အတွက် မြန်မာအလုပ်သမား ၁၈၀ကျော် အနက် ၁၂၆ ဦး၏ ယာယီ ပတ်စပို့ စာအုပ်များအား တစ်အုပ်လျှင် ဒဏ်ကြေးအဖြစ် ထိုင်းဘတ်ငွေ ၂၀၀၀ဘတ် စီ ကောက်ခံခြင်းမပြုပဲ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ချင်းရိုင်းခရိုင် လ၀ကမှူးရုံးမှ လ၀ကခရိုင်မှူး ရဲမှူးကြီး စစ်စိလိကန်ကွန်း ဦးဆောင်သောအဖွဲ့သည် "ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ"နှင့် ပထမဦးဆုံး လက်တွဲဆောင်ရွက်မှု သော်လည်းကောင်း၊ မြန်မာ-ထိုင်း နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအား အလေးထားကာ အခမဲ့ သက်တမ်းတိုးပေးပြီး အောက်တိုဘာလ ၁၆ရက် နေ့လည်ပိုင်းတွင် တာချီလိတ် မကဖ(၈)သို့ ထိုင်းလ၀က တာဝန်ရှိသူများက အဆိုပါ စာအုပ်များအား လာရောက်အပ်နှံခဲ့ကြသည်။


ထိုသို့ ထိုင်းဘက်မှ ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် "ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ"မှ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက ထိုင်းလ၀ကရုံးသို့ သွားရောက်ကာ ယာယီပတ်စပို့စာအုပ်များအား ပို့ဆောင်ရင်း ဆွေးနွေးခဲ့ကြပြီးနောက် အောက်တိုဘာလ ၁၆ နေ့မှာ သက်တမ်းတိုးပြီးသော ယာယီနိုင်ငံကူးစာအုပ် ၁၂၆ အုပ်အား ပြန်လည်ရရှိခြင်းဖြစ်သည်။

{ ထိုင်းလ၀က နှင့် ကော်မတီ တွေ့ဆုံဆွေးနွေး}

{ စာအုပ်များအား ထိုင်းဘက် တာဝန်ရှိသူမှ လာရောက် အပ်နှံ}

အဆိုပါစာအုပ်များအား နေ့လည် ၂နာရီချိန်တွင် ထိုင်းနိုင်ငံဘက်မှ လ၀က ဦးစီးမှူး စုမ်းဆတ်ပါကိရင် မှ မကဖ(၈) သို့ လာရောက် အပ်နှံခဲ့ကြသည်။ ဆက်လက်၍ အဆိုပါ စာအုပ်များအား မယ်ဆိုင်မြို့ရှိ မြန်မာအလုပ်သမားများ နေထိုင်သော အိမ်ယာသို့ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ကော်မတီမှ တာဝန်ရှိသူများက သွားရောက် ပေးအပ်မှာဖြစ်ကြောင်း သိရှိရသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Monday, October 14, 2013

အောက်တိုဘာလ ၁၀ ရက်နေ့က အလုပ်ရှင်မှ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ တဆင့် အလုပ်သမားများထံ Work Permitများ နှင့် ယာယီနိုင်ငံကူး စာအုပ်များအားပြန်လည် ပေးအပ်မှုကို ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ပိုင်ရုံးရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ အဆိုပါ စာအုပ်များအား "ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ"မှ ခေတ္တထိန်းသိမ်းထားပေးပြီးနောက် အောက်တိုဘာလ ၁၆ရက်နေ့၊ နေ့လည် ၁နာရီအချိန်တွင် တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ အစည်းဝေး ခန်းမတွင် ပြန်လည် ပေးအပ်မည်ဖြစ်ရာ Work Permit  နှင့် ယာယီနိုင်ငံကူးစာအုပ်များ အပါအ၀င် လုပ်အားခ ပြန်လည်ရရှိရေးတွင် ပါဝင်တောင်းဆိုထားကြသူများ မဟုတ်ပဲ အလုပ်ထွက်ပြီးသွားသူများနှင့် အလုပ်တွင် လက်ရှိ ရှိနေသူများကို ပေးအပ်မှာဖြစ်ကြောင်း သိရသည်။


ထိုသို့လာရောက်ထုတ်ယူရာတွင် ကာယကံရှင်ကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ယူရမည် ဖြစ်သောကြောင့်  နိုင်ငံသားစီစစ်ရေး ကဒ်ပြားပါ တစ်ပါတည်း ယူဆောင်လာရမည် ဖြစ်ကြောင်း နှင့် ထိုသို့ လာရောက်ရန်အတွက် မယ်ဆိုင်မြို့မှ တာချီလိတ်မြို့သို့ လာမည့် သူများအနေဖြင့် အခက်အခဲရှိပါက ကော်မတီမှ တံတားထိပ်တွင် သွားရောက်ကြိုပေးသွားမည်ဖြစ်သည့် အတွက်ကော်မတီ၏ ဖုန်းနံပါတ် 0860191524 (ထိုင်းဖုန်း) အား ဆက်သွယ်နိုင်ကြောင်း သိရသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Thursday, October 10, 2013

Prove Garment ကုမ္ပဏီပိုင် အထည်ချုပ်စက်ရုံရှိ မြန်မာအလုပ်သမားများ၏ ယာယီနိုင်ငံကူးလက်မှတ်၊ Work Permit နှင့် ၂၀၁၃ခုနှစ် စက်တင်ဘာလအတွက် လုပ်အားခများ ပေးချေခြင်းအား အောက်တိုဘာ ၁၀ ရက်၊ နံနက် ၉နာရီ ၂၀မိနစ်အချိန်မှ စတင်ကာ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ပိုင်ရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ရာ မြန်မာ-ထိုင်း နယ်ခြားကော်မတီမှ ဦးဘိုလေး ဦးဆောင်သည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီမှ
ကော်မတီဝင်များ၊ တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ မဇ္ဈိမလူမှုကူညီရေးအသင်းမှ အသင်းဝင်များ၊ ၀ဏ္ဏသိန်းသန်း သတ္တုတူးဖော်ရေးကုမ္ပဏီ ပိုင်ရှင် ဦးစိုင်းဝဏ္ဏထွန်း နှင့် ကုမ္ပဏီဝန်ထမ်းများ၊ မြန်မာအလုပ်သမားများ၊ မယ်ဆိုင်မြို့ လက်ထောက် မြို့ပိုင်  Mr.Wiwat Jeansawan၊ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ဦးစီး အရာရှိ Mrs. Chadaporn နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ မဲခေါင်မြစ်ဝှမ်း ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ အလုပ်သမားအခွင့်အရေးဆိုင်ရာ ရှေ့နေ Mr. Chartaree ၊ ထိုင်းမီဒီယာများ တက်ရောက်ကြသည်။


ရှေ့ဦးစွာ မြန်မာအလုပ်သမား ၁၈၆ ဦးအတွက် ၀ဏ္ဏသိန်းသန်းသတ္တုတူးဖော်ရေးကုမ္ပဏီမှ ထိုင်းဘတ်ငွေ ၂၃၇၆၀ ဘတ် တန်ဖိုးရှိသည့် ဆန် ၁၁ အိတ်၊ ဆီ ၃ ပုံး၊ ငါးခြောက်၊ အာလူး၊ ကုလားပဲ၊ လက်ဖက်များအား အလှူရှင် ဦးစိုင်းဝဏ္ဏထွန်းမှ ပေးအပ်လှူဒါန်းရာ အလုပ်သမားကိုယ်စားလှယ်များမှ လက်ခံရယူကြသည်။


ထို့နောက် အလုပ်သမားများ၏ အလုပ်လုပ်ပိုင်ခွင့် Work Permitများကို တာဝန်ရှိသူများမှ တစ်ဦးချင်းစီ စီစစ်၍ ပြန်လည်ပေးအပ်ပြီးနောက် အလုပ်သမားများအား ကော်မတီမှ နေ့လည်စာ ကြက်ဆီထမင်း ပွဲ ၂၀၀ ကျော်ဖြင့် ကျွေးမွေးဒါနပြုကြသည်။ ဆက်လက်၍ မယ်ဆိုင်မြို့ရဲစခန်းသို့ ရှေ့နေ Mr. Chartaree ချာသရီ နှင့် ကော်မတီဝင်တစ်ဦး၊ အလုပ်သမားကိုယ်စားလှယ်တစ်ဦးတို့မှ သွားရောက်ကာ အလုပ်ရှင်မှ သိမ်းယူထားသည့် ယာယီနိုင်ငံကူးလက်မှတ်များအား ပြန်လည်ထုတ်ယူခဲ့ကြသည်။


မွန်းလွဲပိုင်းတွင် အလုပ်သမားများ၏ ယာယီ နိုင်ငံကူးလက်မှတ်များနှင့် သြဂုတ်လ ၂၅ ရက်နေ့မှ စက်တင်ဘာလ ၉ ရက်နေ့ထိ ရပိုင်ခွင့်ရှိသော လုပ်အားခများအား တာဝန်ရှိသူများမှ တစ်ဦးချင်းစီ စီစစ်ပေးအပ်ခဲ့ရာ ညနေ ၅နာရီ ၄၅မိနစ်အချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြသည်။ ဆက်လက်၍ အလုပ်ရှင်မှ သိမ်းဆည်းထားသည့်  Work Permit နှင့် ယာယီနိုင်ငံကူးလက်မှတ်များအား အကြောင်းအမျိုးမျိုးကြောင့် လာရောက် မထုတ်ယူနိုင်သေးသည့် အလုပ်သမားများ၏ ကိုယ်စား
ကော်မတီတာဝန်ရှိသူများမှ လွှဲပြောင်းလက်ခံယူခဲ့ပါသည်။ အဆိုပါ Work Permit နှင့် ယာယီနိုင်ငံကူးလက်မှတ်များအား စနစ်တကျ စီစစ်ပြီးနောက်  မကြာမီကာလအတွင်း သက်ဆိုင်သူများထံ ပေးအပ်သွားမည်ဖြစ်ပါသည်။


ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့်
 စေ့စပ်ညှိနှိုင်းရေး ကော်မတီအား သြဂုတ်လ ၂၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ရာ ပထမဦးစွာ  ဂတ်စ်အိုးများ သိမ်းဆည်းခံရမှုကိစ္စကိုလည်းကောင်း၊ ဘတ်ငွေ ၈.၅သိန်း ကိစ္စအား ဒုတိယမြောက် အဖြစ်လည်းကောင်း၊ ကိုင်တွယ်ဖြေရှင်းပေးခဲ့ရပြီး ယခု တတိယမြောက်အဖြစ် မယ်ဆိုင်မြို့ အထည်ချုပ်စက်ရုံ အလုပ်သမားများကိစ္စအား စက်တင်ဘာလ ၁၀ ရက်နေ့မှ စတင်ကိုင်တွယ် ဖြေရှင်းဆောင်ရွက်ခဲ့ရာ တစ်လပြည့်မြောက်သည့် အောက်တိုဘာလ ၁၀ ရက်နေ့တွင် အထက်ဖော်ပြပါ Work Permit၊ ယာယီနိုင်ငံလက်မှတ်နှင့် ထိုက်သင့်သော လုပ်အားခများအား ပြန်လည်ရရှိခဲ့ပြီး ကျန်ရှိနေသေးသော နစ်နာကြေးကိစ္စများအား ကော်မတီမှ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


“ ကျွန်တော်တို့ ကော်မတီအနေနဲ့  ဒီအလုပ်သမားအရေးကိစ္စကို တစ်လတာအတွင်း ကိုယ်စွမ်းဥာဏ်စွမ်း ရှိသလောက် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ခဲ့ပါတယ်၊ မျှော်မှန်းထားသလောက်လည်း
အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်၊ ဒါဟာလည်း ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ တာချီလိတ်မြို့သူ မြို့သားများ၊ လူမှုရေးအဖွဲ့အစည်းများရဲ့ ပံ့ပိုးကူညီမှုကြောင့် ပိုမိုလျင်မြန် ထိရောက်စွာ
ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ်”ဟု ကော်မတီဝင် တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ၀မ်းမြောက်ပီတိစကား ပြောကြားသွားသည်။


ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့်
စေ့စပ်ညှိနှိုင်းရေး ကော်မတီမှ မြန်မာအလုပ်သမားများအား အခက်အခဲဖြစ်နေချိန်ကာလအတွင်းနှင့် ယနေ့ ထောက်ပံ့မှုအကြိမ်အပါအ၀င် စားနပ်ရိက္ခာများအား လေးကြိမ်မြောက်
ထောက်ပံ့ကူညီပေးခဲ့တာဖြစ်ပြီး တစ်ကြိမ်လျှင် ထောက်ပံ့မှုမှာ ဘတ်သုံးသောင်းခန့် ရှိကြောင်း သိရှိရသည်။
သတင်းရေးသားသူ။           ။ မောင်ယဉ်ကျေး၊ ကိုစည်သူမောင်၊ ကိုဇောင်း

ပုံများကိုကြည့်ရန်

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬