Latest News

Dropdown Menu

Showing posts with label ဝေယံလင်းလက်. Show all posts
Showing posts with label ဝေယံလင်းလက်. Show all posts

Saturday, September 14, 2013

ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊  မိုင်းဆတ်မြို့နယ်ကြက်ခြေနီအသင်းက ကြီးမှူးကျင်းပသည့် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားကို  စက်တင်ဘာ ၁၄ ရက်၊ နံနက် ၁၁ နာရီက အခြေခံပညာ
အထက်တန်းကျောင်း၊ သံလွင်ခန်းမဆောင်၌  ကျင်းပရာ  မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌ မြို့နယ်
ဆရာဝန်ကြီး ဒေါက်တာအောင်ဇေယျ က အဖွင့်အမှာစကားပြောကြားသည်။



ဆက်လက်၍ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် ရှေးဦးပြုစုခြင်း ပြိုင်ပွဲတွင် ဆုရရှိသော
တပ်ဖွဲ့ဝင်များအား  ဂုဏ်ပြုဆုနှင့် ပါဝင်ယှဉ်ပြိုင်သည့် တပ်ဖွဲ့ဝင်များအား   ဂုဏ်ပြုမှတ်တမ်းလွှာများကို ခရိုင်အုပ်ချုပ်ရေးမှူး  ဦးခင်မောင်ချို၊  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင် နှင့်  တာဝန်ရှိသူများက ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းပေးပို့သူ။        ။ ဝေယံလင်းလက်(မိုင်းဆတ်)


▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Saturday, September 7, 2013

ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၇ ရက်၊ နံနက် ၁၀ နာရီ က မိုင်းဆတ် အခြေခံပညာအထက်တန်းကျောင်းရှိ သံလွင်ဆောင်ခန်းမ၌ ကျင်းပရာ မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချိုက အဖွင့်အမှာစကားပြောကြားသည်။


ဆက်လက်၍ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးကြည် က ကျောင်းနေအရွယ်  ကျောင်းသား၊
ကျောင်းသူများအနေဖြင့် တစ်မျိုးသားလုံး၏ ရန်သူ မူးယစ်ဆေးဝါး အန္တရာယ်ကို ရှောင်ကြဉ်ပြီး၊  မိမိတို့ရဲ့ ပညာရေးကိုသာ အလေးထားကြိုးစားကြရန်ကို လည်းကောင်း၊ ခရိုင်တရားသူကြီး ဦးဌေးဝင်း က လူကုန်ကူး
မှုနှင့် ပတ်သက်သည်များကိုလည်းကောင်း၊ ခရိုင်ဥပဒေအရာရှိ ဦးအေးမင်းက ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်ရာများ၊ ပြစ်မှုဆိုင်ရာဥပဒေ နှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေ အကြောင်းအရာများကို လည်းကောင်း   အသီးသီး အသိပညာပေးဟောပြောသည်။ ထို့နောက် ကျောင်းသားကျောင်းသူများအား  အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေပေးသည်။


အဆိုပါ ဟောပြောပွဲသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှဌေး၊ မြို့နယ်ပညာရေးမှူး ဦးမြင့်ဆွေ၊  မြို့နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူး အောင်ကျော်မြင့် ၊  ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ညိုဝင်း၊ ကျောင်းဆရာ၊ ဆရာမများနှင့် အထက်တန်းအဆင့်  ကျောင်းသား ကျောင်းသူများ အင်အား ၃၀၀ ကျော် တက်ရောက်ကြောင်း သိရသည်။
သတင်းပေးပို့သူ။         ။ ဝေယံလင်းလက်(မိုင်းဆတ်)

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Tuesday, August 20, 2013

ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းရင်းသားပြည်သူများ
စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားရရှိပြီး  လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်လျက်  အသိပညာပေးဟောပြောခြင်း၊   စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ဩဂုတ် ၂၀ ရက်၊ နံနက် ၉ နာရီက  ၀ိန်းနေကျေးရွာအုပ်စု၊  ၀ိန်းကောင်းကျေးရွာ  '' မြတ်ရွှေအိုး '' စာကြည့်တိုက်၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဦးစီးအရာရှိ ဦးလှဌေး က စာဖတ်ရှိန်မြင့်မားရေး၊ စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးရေး၊ လူဦးရေသန်းခေါင်စာရင်းကောက်ယူရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ရေးတို့ကို ဆွေးနွေးဟောပြောသည်။ ထို့နောက် ၀ိန်းနေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးပီတာအားမူနှင့် စာကြည့်တိုက်မှူး ဦးကြည်ဝင်း တို့က စာကြည့်တိုက် ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက် နေမှုများကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍  ကျေးရွာနေ တိုင်းရင်းသားပြည်သူများ အား  စာဖတ်ရှိန်မြင့်မားရေးအတွက် စာဖတ်
စွမ်းရည်ပြိုင်ပွဲ ကျင်းပပေးပြီး၊နိုင်ငံတော်သမ္မတ မိန့်ခွန်းကောက်နုတ်ချက်များ၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်း ရေး၊ အာဆီယံ SEA GAME  အားကစားဆိုင်ရာ အကြောင်းအရာများ နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဆိုင်ရာအကြောင်းအရာများပါဝင်သည့် အသိပညာပေး နံရံကပ်စာစောင်များ  ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းပေးပို့သူ။      ။ ဝေယံလင်းလက်


Sunday, August 18, 2013

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်သည်  ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်၊ ပြည်နယ်ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်စိုက်ပျိုးရေးဝန်ကြီး ဦးစိုင်းဆာလူ၊ ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးရဲနိုင်အောင် တို့ လိုက်ပါလျက် ဩဂုတ် ၁၈ ရက်၊ နံနက် ၁၀ နာရီ ၁၀မိနစ်က မိုင်းဆတ်မြို့သို့ ရောက်ရှိပြီး မိုးလုံလေလုံအားကစားရုံ၌  '' အစိုးရသစ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ စီမံဆောင်ရွက်ခဲ့သည်မှာ  လပေါင်း ၃၀ကျော်ကာလရှိခဲ့ပြီဖြစ်ကြောင်း၊ပြည်သူများ ရွေးချယ်ခဲ့သည့် အစိုးရဖြစ်သလို၊ ပြည်သူများကိုယ်တိုင်လည်း ပါဝင်ရွေးချယ်ခံနိုင်သည့် စနစ်ဖြစ်ကြောင်း၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်၊ သန့်ရှင်းသောအစိုးရ ဖြစ်ရေးသည် အဆင့်ဆင့်တွင် တာဝန်ရှိကြောင်း၊ပြည်သူများ၏ လူမှုဘ၀ နေ့စဉ်နှင့်အမျှ လွယ်ကူလျင်မြန် အဆင်ပြေမှသာလျှင် တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ ခရိုင်နှင့် မြို့နယ်များတွင် စီမံခန့်ခွဲရေးကော်မတီ ၊ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီနှင့် စည်ပင်သာယာရေးကော်မတီများဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါကော်မတီများကလည်း  လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တစ်လလျှင် နှစ်ကြိမ်တွေ့ဆုံပြီး  ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ကြရန် '' ဖြစ်ကြောင်းကို  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်၊မြို့နယ်ဌာနဆိုင်ရာများ၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းပျဉ်းမြို့နယ်စီမံခန့်ခွဲရေးကော်မတီဝင်များ၊ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်သည့် တွေ့ဆုံပွဲ အခမ်းအနားတွင် အဖွင့်အမှာစကား၌ ထည့်သွင်းပြောကြားသွားကြောင်း သိရသည်။


ထို့အတူ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး၊ ပြည်နယ်စိုက်ပျိုးရေးဝန်ကြီး၊
ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့ကလည်း ဒေသဖွံ့ဖြိုးတိုးတက်ရေး အမှာစကားအသီးသီးပြောကြား
သည်။

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက ဒေသဆိုင်ရာ အချက်အလက်များနှင့် ဒေသ
ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တက်ရောက်လာသည့် မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းပျဉ်းမြို့နယ်များမှ ဖွံ့ဖြိုးတိုးတက်ရေး
အထောက်အကူပြုကော်မတီများ၊ မိုင်းဆတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ နှင့် မြို့မိမြို့ဖတို့က ဒေသဖွံ့ဖြိုးရေး ပံ့ပိုးဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ  ပညာရေး၊ ကျန်းမာရေးကဏ္ဍများ၌ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် ငွေကျပ်(၁၀)သိန်းစီ စုစုပေါင်းငွေကျပ်သိန်း(၂၀)ကို တာဝန်ရှိသူများသို့ ပေးအပ်ပြီး၊ ပြည်နယ်ဝန်ကြီးချုပ်မှ တင်ပြချက်များနှင့် ပတ်သက်၍ ပြည်နယ်အစိုးရအနေဖြင့် ဖြည်းဆည်း
နိုင်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညနေ ၃နာရီ ၁၅ မိနစ်တွင် မဟာမြတ်မုနိ
(ပရဟိတ)ကျောင်းတိုက်သို့ ရောက်ရှိပြီး မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဘဒ္ဒန္တ တေဇောဘာသ အမှူးပြု
သော  ဆရာတော်သံဃာတော်များအား ဆွမ်းဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး
ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်သည်။ ထို့နောက် ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များ ချီးမြှင့်ပေးပြီး၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေသည်။


ထို့နောက် မိုင်းဆတ်-အထကပြောင်းရွှေ့နိုင်ရေး လျာထားမြေနေရာအား ကြည့်ရှုစစ်ဆေးပြီး၊ မိုင်းဆတ်-မယ်ဆတ်ဆည်မှ လက်ယာတူးမြောင်း အခြေအနေနှင့် မြို့ရေကြီးရေလျှံခြင်း ဖြစ်ပေါ်နိုင်မှုအခြေ အနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ မြို့ရေမြောင်းများတူးဖော်ရန် စက်ယာဉ်ယန္တရားများသုံး ဒီဇယ်ဆီ ဂါလံ
၅၀၀ ကို ထောက်ပံ့ပေးခဲ့သည်။


ထိုမှတဆင့် မိုင်းဆတ်လေဆိပ်တွင် လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်တိုးချဲ့ဆောင်ရွက်မည့်
အစီအမံများအား ကြည့်ရှုစစ်ဆေးရာ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ လေယာဉ်ကွင်းအထူးအဖွဲ့(၄)မှ
ဒုတိယအင်ဂျင်နီယာမှူး ဦးသန်းဝင်း က လုပ်ငန်းနှင့်ပတ်သက်သည်များ ရှင်းလင်းတင်ပြရာ ၀န်ကြီးချုပ်က
လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ ပုလဲသွယ်စပ်မျိုး စပါးစံပြစိုက်ခင်းအား ကြည့်ရှုစစ်ဆေးပြီး၊
ပြည်သူ့ဆေးရုံသို့ရောက်ရှိကာ  ဆေးသိုလှောင်ထားရှိမှု ကြည့်ရှုစစ်ဆေးပြီး၊ ဆေးဝါးကုသမှု ခံယူလျက်ရှိသော လူနာများအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ပံ့ပိုး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းပေးပို့သူ။         ။ ဝေယံလင်းလက်(မိုင်းဆတ်)


Tuesday, August 13, 2013

ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်တွင်  ထိုင်းနိုင်ငံမူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့နှင့်
မယ်ဖားလုံဖောင်ဒေးရှင်းတို့၏ စီစဉ်မှုဖြင့်  မြန်မာ - ထိုင်း ရေရှည်တည်တံ့သော အစားထိုးအသက်မွေး ၀မ်းကျောင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်  '' ၀ '' ဒေသ  မိုင်းထလန်းကျေးရွာအုပ်စုရှိ မိုင်းထလန်း၊ မိုင်းကန်း၊ ယောင်ခ ကျေးရွာများ၌ တိုင်းရင်းသားပြည်သူများအား အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု အခမ်းအနားကို ဩဂုတ်လ ၁၃ ရက်၊ နံနက် ၉ နာရီက မိုင်းထလန်းကျေးရွာ '' ၀ '' စာသင်ကျောင်း၌ ကျင်းပရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း က နှုတ်ခွန်းဆက်စကား ပြောကြားသည်။


ဆက်လက်ပြီး မယ်ဖားလုံဖောင်ဒေးရှင်း (မြန်မာ)မှ ညွှန်ကြားရေးမှူး ဦးခမ်းအောင်၊  မယ်ဖားလုံ
ဖောင်ဒေးရှင်း (ထိုင်း)မှ ညွှန်ကြားရေးမှူး Mr.Narong  Apichia  ၊ တောင်ပိုင်း '' ၀ '' နယ်မှ နယ်ဘက်
အုပ်ချုပ်ရေး တာဝန်ခံ ဦးအိုက်တီ နှင့် တောင်ပိုင်း '' ၀ '' နယ် ဆက်ဆံရေးအရာရှိ၊  ဒေသဒုတိယ
အုပ်ချုပ်ရေးမှူး ဦးကျော်လှ တို့က   ကျန်းမာရေးစောင့်ရှောက်မှု စီစဉ်ဆောင်ရွက်ပေးခြင်းနှင့် စပ်လျဉ်းပြီး
ကျေးဇူးတင်စကား ပြောကြားသည်။


အခမ်းအနားသို့   ရှမ်းပြည်နယ်၊ ဒုတိယရဲတပ်ဖွဲ့မှူး (ကျိုင်းတုံ)မှ ဒုတိယရဲမှူးကြီး ကျော်ထွန်း၊  မိုင်းဆတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးကြည်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၊   ကျန်းမာရေးဝန်ထမ်းများ နှင့် ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်သည်။


အဆိုပါ  ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေးရာတွင်  ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင် ဆေးရုံကြီးမှ ညွှန်ကြားရေးမှူး Dr.Sura Kun Kang Kapan  ဦးဆောင်သည့် ဆရာဝန်များက ဩဂုတ် ၁၃ ရက်မှ ၁၆ ရက်နေ့အထိ  မိုင်းထလန်း၊ မိုင်းကန်း၊ ယောင်ခ ကျေးရွာများရှိ တိုင်းရင်းသားပြည်သူများကို
ပြုစု စောင့်ရှောက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းပေးပို့သူ။     ။ ဝေယံလင်းလက် ( မိုင်းဆတ် )

Saturday, August 10, 2013

ရှမ်းပြည်နယ် (အရှေ့ပိုင်း) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ   ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေသည်  မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ
လိုက်ပါလျက် ဩဂုတ်လ ၈ ရက်၊ ညနေ ၄ နာရီက မုံးထမြို့နယ်ခွဲသို့ ရောက်ရှိပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊
မြို့နယ်ခွဲဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဝင်များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များအား တွေ့ဆုံပြီးဒေသဖွံ့ဖြိုးတိုးတက်စေရန်အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊လူဦးရေသန်းခေါင်းစာရင်း ကောက်ယူချိန်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်ရေး၊ ရေအားလျှပ်စစ် ထုတ်ယူရရှိရေးနှင့် ပညာေ
ရး၊ ကျန်းမာရေးကဏ္ဍများတွင် လိုအပ်သည်များအား စီစဉ်ဆောင်ရွက်ပေးနိုင်သည်များနှင့်စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။


ထို့နောက် ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး က ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေးအတွက် ထောက်ပံ့
ငွေများနှင့် မြို့နယ်ခွဲအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် ၀န်ထမ်းများအတွက် စားသောက်ဖွယ်ရာများနှင့် စာအုပ်စာစောင်များကို ထောက်ပံ့ပေးအပ်ခဲ့ရာ မြို့နယ်ခွဲအုပ်ချုပ်ရေးမှူး ဦးသီဟအောင်နှင့် တာဝန်ရှိသူများက လက်ခံယူသည်။


ဆက်လက်ပြီး ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး နှင့်အဖွဲ့သည် ဩဂုတ် ၁၀ ရက်၊ နံနက် ၈နာရီတွင်
ပုံပါကျင်မြို့နယ်ခွဲသို့ ရောက်ရှိပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝင်းမြတ်ဦး၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့နယ်ခွဲဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဝင်များအား ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းပေးပို့သူ ။      ။ ဝေယံလင်းလက် ( မိုင်းဆတ် )



Tuesday, August 6, 2013

ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့တွင် ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်  ခရိုင်/မြို့နယ်မိခင်နှင့်
ကလေးစောင့်ရှောက်ရေးအသင်းတို့  စုပေါင်းပြီး ပထမအကြိမ် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲကို ဩဂုတ် ၅ ရက်၊ နံနက် ၁၀ နာရီ က   မဟာမြတ်မုနိ(ပရဟိတ)ကျောင်းတိုက်တွင်    ကျင်းပပြုလုပ်ရာ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ  မဟာမြတ်မုနိ(ပရဟိတ)ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တတေဇောဘာသထံမှ ခရိုင်/မြို့နယ်အဖွဲ့ဝင်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။



ဆက်လက်ပြီး  ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းဆိုင်စိန်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန်းမြင့် နှင့် အဖွဲ့ဝင်များ၊  ခရိုင်နှင့်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ က ဆရာတော် သံဃာတော်များအား ၀ါဆိုသင်္ကန်း (၅)စုံ နှင့် ငွေကျပ် (၁၆၅၀၀၀)ကျော်တန်ဖိုးရှိ လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး၊ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခဲ့ကြောင်း  သိရသည်။
သတင်းပေးပို့သူ။              ။ ဝေယံလင်းလက်(မိုင်းဆတ်)


Saturday, August 3, 2013

ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့၊ မြို့သစ်ရပ်ကွက်တွင် မြို့သန့်ရှင်းရေးဆောင်ရွက်ရာ
ဘုရားစေတီဟောင်း နှစ်ဆူ ပေါ်တော်မူခဲ့ကြောင်း သိရသည်။ ဘုရားစေတီဟောင်း ပေါ်တော်မူရာသို့ ယနေ့ ဩဂုတ်လ ၃ ရက်၊ မွန်းတည့်  ၁၂ နာရီက   မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ  မဟာမြတ်မုနိ(ပရဟိတ)ကျောင်းတိုက်  ဆရာတော် ဘဒ္ဒန္တတေဇောဘာသ အမှူးပြုသော ဆရာတော် သံဃာတော်များ၊  တပ်နယ်မှ ဗိုလ်မှူးကြီး အောင်ဇော်အေး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်နှင့် ဌာနဆိုင်ရာများ၊  မြို့မိ မြို့ဖ   ဦးစိုင်းချစ်သောင်းနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းထွန်းလွင်ဦး တို့ တက်ရောက်ကြည်ညိုသည်။


ထို့နောက် ပေါ်တော်မူခဲ့သည့် ဘုရားနှစ်ဆူအား အသစ်ပြန်လည် တည်ထားကိုးကွယ်နိုင်ရန်အတွက်
မြို့သစ်ရပ်ကွက်ရှိ ကောင်းမှုလျံကျောင်းတိုက်တွင် ညှိနှိုင်း အစည်းအဝေးကျင်းပရာ စေတီအသစ်ပြန်လည် တည်ဆောက်ရေးကော်မတီများဖြင့် ဖွဲ့စည်းပြီး တည်ထားကိုးကွယ်မည်ဖြစ်သည်။ ဘုရားစေတီ အသစ် တည်ထား ကိုးကွယ်နိုင်ရေးအတွက် အစည်းအဝေးတွင် အလှူရှင်များက အလှူငွေကျပ် (၁၂)သိန်းကျော် စတင်မတည်လှူဒါန်းခဲ့သည်။ စေတီ အသစ်ပြန်လည် တည်ထားကိုးကွယ်ရာတွင် ပါဝင်လှူဒါန်းလိုသည့် စေတနာရှင် အလှူရှင်များကလည်း တည်ထားကိုးကွယ်ရေးကော်မတီသို့ ထည့်ဝင် လှူဒါန်းနိုင်မည်ဖြစ်သည်။


အဆိုပါ ပေါ်တော်မူဘုရားစေတီ  အနီးတစ်ဝိုက်ရှိ မြို့သစ်ရပ်ကွက်တွင် ၁၉၅၀ ခုနှစ်ခန့်က မြို့စားကြီး ဦးစောကော် က မြို့သစ်တည်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၊ တရုတ်ဖြူများ ၀င်ရောက်လာသည့်အတွက် မြို့သစ်တည်ရန် အစီအစဉ်ပျက်ခဲ့ဖူးကြောင်း၊ ယခုတွေ့ရှိသည့် စေတီဟောင်းမှာ ခေတ်အဆက်ဆက် မတွေ့ရှိခဲ့ဘဲ ယခုမှ ပေါ်တော်မူ တွေ့ရှိခြင်းသည် ပဋ္ဌာန်းဆက်ရှိ၍သာ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မြို့မိမြို့ဖ ဦးစိုင်းချစ်သောင်း က ပြောကြားကြောင်း သိရသည်။
သတင်းပေးပို့သူ။         ။ ဝေယံလင်းလက်(မိုင်းဆတ်)


Tuesday, July 30, 2013

ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့တွင် ထေရ၀ါဒသာသနာပြုဌာန၊ သဗ္ဗညုကျောင်းတိုက်နှင့်
ဓမ္မစကူးလ်ဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး  ဘာသာ သာသနာအကျိုး မညှိုးမှိန်စေရန် ကျောင်းသား၊
ကျောင်းသူများ ဗုဒ္ဓ၀င်အကျဉ်းကို အသင်၊ အပြောနှင့် အရေးများ အားသွန်ခွန်စိုက် လေ့လာဆည်းပူး
သင်ယူနိုင်စေရေး ရည်ရွယ်လျက် သဗ္ဗညုစမ္မစကူးလ်သင်တန်းဖွင့်ပွဲကို ဇူလိုင် ၂၈ ရက်၊ နံနက် ၇နာရီခွဲက
အဆိုပါ သဗ္ဗညုကျောင်းတိုက် ဓမ္မာရုံ၌ ကျင်းပရာ ခရိုင်သာသနာရေးမှူး ဦးဌေးမြင့်၊ မြို့နယ်ပညာရေးမှူး
ဦးမြင့်ဆွေ့တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။


သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးအေးနိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်သည်။

အဆိုပါ သင်တန်းအား  ထေရ၀ါဒသာသနာပြုဌာန၊ သဗ္ဗညုကျောင်းတိုက်၏ ဦးစီးပဓာန နာယက ဆရာတော်  ဘဒ္ဒန္တ ဣန္ဒက ဦးဆောင်၍ တနင်္ဂနွေနေ့တိုင်း သင်ကြားပို့ချသွားမည်ဖြစ်ပြီး၊  အထက -မိုင်းဆတ် နှင့် မြို့သစ်ရပ်ကွက်၊ မယ်ဆွမ်တောင်ရပ်ကွက်၊ ကောင်းမှုတန်၊ ဆိုက်ခေါင်၊ မယ်နင်၊ နားကော၊ နောင်ဘို ကျေးရွာ တို့ရှိ အမက၊ အမကမူလွန်၊ အလကကျောင်း(ခွဲ)တို့ မှ   ကျောင်းသား ကျောင်းသူများ တက်ရောက်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
သတင်းပေးပို့သူ။           ။ ဝေယံလင်းလက်(မိုင်းဆတ်)


Monday, July 29, 2013

ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့တွင် ဇူလိုင် ၂၈ ရက်၊ ညနေ ၅ နာရီ ခန့်က စတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းသဖြင့် မြေနိမ့်ပိုင်းနေရာများဖြစ်သည့် မယ်ဆွမ်မြောက်ရပ်ကွက်တွင် လူနေအိမ်ခြေ(၂၀)လုံး၊ ဟိုနားကျေးရွာအုပ်စု၊ ဟိုနားကျေးရွာတွင် လူနေအိမ်ခြေ (၂)လုံးနှင့် ဈေးဆိုင်(၁)ဆိုင်တို့ အတွင်းသို့ ရေများအမြင့် (၂)ပေခန့် ယနေ့ နံနက်က ၀င်ရောက်ခဲ့သည်။


အဆိုပါ ရေကြီး၊ ရေလျှံခြင်းများ ဖြစ်ပေါ်လျက်ရှိသည့် နေရာများသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်
ကျော်အုန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်တို့ ဦးဆောင်ပြီး၊ တပ်ရင်းတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ဘေးလွတ်ရာသို့  ရွှေ့ပြောင်းပေးခြင်း၊ စားသောက် ဖွယ်ရာများနှင့် လိုအပ်သည်များ ပံ့ပိုးကူညီစောင့်ရှောက် ပေးလျက် ရှိသည်။


မိုင်းဆတ်မြို့တွင် မိုးရာသီ၌ မိုးအဆက်မပြတ် ရွာသွန်းပါက နှစ်စဉ် ရေကြီးရေလျှံခြင်းများ ကြုံတွေ့ရကြောင်း ဒေသခံတစ်ဦးဖြစ်သူ က ပြောကြားသည်။
သတင်းပေးပို့သူ။       ။ ဝေယံလင်းလက်(မိုင်းဆတ်)

Friday, July 26, 2013

ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၀န်ထမ်းသား/သမီး ကျောင်းသားကျောင်းသူများအား  ပညာသင်ထောက်ပံ့ငွေနှင့် ကျောင်းသုံးဗလာစာအုပ်များ   ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားကို ဇူလိုင်လ (၂၆)ရက်၊ မွန်းလွဲ (၁)နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင် က ထောက်ပံ့ပေးအပ်ရခြင်းနှင့် စပ်လျဉ်းပြီး အဖွင့်အမှာစကားပြောကြားသည်။


ထို့နောက် တက္ကသိုလ်အဆင့် တက်ရောက်နေသည့်   ကျောင်းသား၊ ကျောင်းသူ (၃)ဦးအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ်(၂၀၀၀၀)နှင့် ဗလာစာအုပ် (၁)ဒါဇင်စီကိုလည်းကောင်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၀)ဦးအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ်(၁၅၀၀၀)နှင့် ဗလာစာအုပ်(၁)ဒါဇင်စီကို လည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ (၁၁)ဦးအတွက် တစ်ဦးလျှင်ထောက်ပံ့ငွေကျပ်(၁၀၀၀၀)နှင့် ဗလာစာအုပ်(၁)ဒါဇင်စီကို လည်းကောင်း၊ မူလတန်းကျောင်းသား၊ ကျောင်းသူ(၁၁)ဦးအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ်(၅၀၀၀)နှင့် ဗလာစာအုပ်(၁)ဒါဇင်စီကို လည်းကောင်း မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ရာ ကျောင်းသားကျောင်းသူများက လက်ခံယူသည်။

အခမ်းအနားတွင်  ၀န်ထမ်းသားသမီး ကျောင်းသား၊ ကျောင်းသူများအတွက် စုစုပေါင်းထောက်ပံ့ငွေမှာ
ကျပ်(၃၇၅၀၀၀)နှင့် ဗလာစာအုပ်(၃၅)ဒါဇင်ဖြစ်ကြောင်း သိရသည်။

သတင်းပေးပို့သူ။     ။ ဝေယံလင်းလက် ( မိုင်းဆတ် )


Monday, July 15, 2013

မေလ (၂)ရက် က ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊
လေပြင်းတိုက်ခတ်ခဲ့ခြင်း တို့ကြောင့်  မိုင်းဆတ်မြို့နယ်မှ ဘုန်းကြီးကျောင်း (၁)ကျောင်း၊လူနေအိမ်ခြေ(၃)လုံး၊ ဌာနဆိုင်ရာရုံး(၁)ရုံး၊ စာသင်ကျောင်း (၂)ကျောင်းနှင့် မိုင်းခုတ်မြို့နယ်ခွဲမှ လူနေအိမ်ခြေ(၂၁)လုံး လေဘေးဒဏ် သင့်ခဲ့ရသည့် အတွက် အဆိုပါ လေဘေးသင့် ပြည်သူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့သည့် ထောက်ပံ့ငွေ ပေးအပ်ပွဲကို ဇူလိုင်လ (၁၅)ရက်၊ နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင် က ထောက်ပံ့လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။


ထို့နောက် ပြည်နယ်အစိုးရအဖွဲ့မှ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ ပြန်လည်ပြုပြင်ရန် တစ်ကျောင်းလျှင် ငွေကျပ် (၁)သိန်းစီဖြင့် ငွေကျပ်(၃)သိန်းကျပ်ကို လည်းကောင်း၊ ဌာနဆိုင်ရာ ရုံး(၁)ရုံးနှင့် လူနေအိမ်ခြေ (၂၄)လုံး ပြန်လည် ပြုပြင်ရန် တစ်အိမ်လျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် ငွေကျပ်(၇၅၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း ငွေကျပ်(၁၀၅၀၀၀၀)ကို ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား မြို့နယ်အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာ ရုံး၊ ကျောင်းနှင့် ပြည်သူများသို့ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း နှင့် မိုင်းပျဉ်းမြို့နယ်တွင်လည်း စာသင်ကျောင်း (၃)ကျောင်းအတွက် ငွေကျပ် (၃)သိန်း၊ ဌာနဆိုင်ရာရုံး(၂)ရုံးအတွက် ငွေကျပ်(၆၀၀၀၀) ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

သတင်းပေးပို့သူ။      ။ ဝေယံလင်းလက်(မိုင်းဆတ်)


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ပြည်သူကို ဗဟိုပြုသော ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းဖြစ်သည့် ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ကျေးရွာစာကြည့်တိုက်များ ထူထောင်ဖွင့်လှစ်သကဲ့သို့  ပြည်သူများ လက်လှမ်းတမီ စာပေဖတ်ရှုလေ့လာနိုင်ရေး ရည်ရွယ်လျက် မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စာတိုက်၊ ကြေးနန်းရုံး နှင့် လက်ဘက်ရည်ဆိုင် နေရာများတွင် ဇူလိုင်လ (၁၅)ရက်၊ နံနက် မှ စတင်၍  စာပေရေချမ်းစင်များ ဖွင့်လှစ်ပေးခဲ့သည်။


အဆိုပါ စာပေရေချမ်းစင်များကို ပြည်သူများ စိတ်ပါဝင်စားစွာ စာအုပ်စာစောင်များ ဖတ်ရှုနိုင်ရေး
အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများနှင့် ဖွင့်လှစ်ထားရှိရာ ရုံးဌာနနေရာများမှ ၀န်ထမ်းများကလည်း ကူညီဆောင်ရွက်ပေးလျက်ရှိပြီး၊ စာဖတ်ပရိတ်သတ်များမှ လွယ်လင့်တကူ စာပေများ ဖတ်ရှုလေ့လာရသဖြင့်  ကျေးဇူးတင် ၀မ်းမြောက်ဝမ်းသာဖြစ်လျက်ရှိကြောင်း သိရသည်။
သတင်းပေးပို့သူ။       ။ ဝေယံလင်းလက်(မိုင်းဆတ်)


Saturday, July 13, 2013

ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့တွင် ကျောင်းသား၊ ကျောင်းသူများ စကားပြောစွမ်းရည် ထက်မြက်ရေး၊ ကျောင်းသင်ခန်းစာအပြင်  ပြင်ပဗဟုသုတစာပေများကို လေ့လာဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိစေပြီး ၊ တစ်ဦးချင်း ထူးချွန်ထက်မြက်၍ စွမ်းရည်တိုးတက်မြင့်မားကာ နိုင်ငံတော်အတွက် အားထားရသည့်  သားကောင်းသမီးကောင်းများ ဖြစ်ထွန်းလာစေရေး ရည်ရွယ်လျက် စကားရည်လုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲများကို ဇူလိုင်လ (၁၃)ရက်၊ နံနက် ၉နာရီ က မိုင်းဆတ်အခြေခံပညာ အထက်တန်းကျောင်း၊ သံလွင်ဆောင်ခန်းမ၌ ကျင်းပရာ  မြို့နယ်ပညာရေးမှူး ဦးမြင့်ဆွေ က အဖွင့်အမှာစကားပြောကြားသည်။


အဆိုပါပြိုင်ပွဲများတွင် မိုင်းဆတ်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း
ကျောင်းများမှ စကားရည်လုပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ(၆)ဦးက လည်းကောင်း၊ ကျပန်းစကားပြောပြိုင်ပွဲတွင်  အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ(၁၀)ဦးက လည်းကောင်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ(၁၄)ဦးစီက လည်းကောင်း ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး၊ ပြိုင်ပွဲများကို ဇူလိုင်လ(၁၃)ရက်နေ့မှ (၁၄)ရက်နေ့အထိ ကျင်းပပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

သတင်းပေးပို့သူ။        ။ ဝေယံလင်းလက်(မိုင်းဆတ်)


Wednesday, July 3, 2013

ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့က ကြီးမှူး၍ မြန်မာအမျိုးသမီးများနေ့
အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင်လ( ၃ )ရက်၊ နံနက်( ၉ )နာရီက မိုင်းဆတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သီရိရတနာခန်းမ၌ ကျင်းပရာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းဆိုင်စိန် က အဖွင့်အမှာစကားပြောကြားပြီး ၂၀၁၂-၂၀၁၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသားကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။


အခမ်းအနားသို့ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းဆိုင်စိန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန်းမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်၊ရပ်ကွက်၊ ကျေးရွာများမှ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းသားကျောင်းသူများ၊ ရှမ်း၊ အာခါနှင့် လားဟူ တိုင်းရင်းသူလေးများ  တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းပေးပို့သူ။     ။ဝေယံလင်းလက်(မိုင်းဆတ် )

Sunday, June 30, 2013

ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့မှ အဖွဲ့ဝင်များ ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် အဖွဲ့ဝင်များ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲကို ဇွန်လ (၃၀)ရက်၊ နံနက် (၁၀)နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ သီရိရတနာ ခန်းမ၌ ကျင်းပပြုလုပ်ရာ  တပ်နယ်မှ  ဗိုလ်မှူးကြီး အောင်ဇော်အေး က  အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စစ်မှုထမ်းဟောင်း စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ကျော် က တစ်နှစ်တာအတွင်း လုပ်ငန်းဆောင်ရွက်နိုင်မှု အစီရင်ခံစာအား ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး အသက်(၇၅)နှစ်အထက် အဖွဲ့ဝင် (၄)ဦး၊ အသက် (၇၅)နှစ်ပြည့်  အဖွဲ့ဝင် (၁)ဦး၊ မသန်စွမ်း စစ်မှုထမ်းဟောင်းအဖွဲ့ဝင်(၃)ဦး၊ စည်းရုံးရေးကော်မတီဝင် (၉)ဦး၊ နယ်မြေမှူး(၉)ဦး၊အဖွဲဝင်(၁၃၇)ဦး၊ အဖွဲ့ဝင်များ၏ သားသမီးများမှ  ၂၀၁၂-၂၀၁၃ ပညာသင်နှစ်  တက္ကသိုလ်ဝင်တန်းအောင်မြင်သူ (၁)ဦး ၊ တက္ကသိုလ်တက်ရောက်နေသူ (၆)ဦး၊  အထက်တန်း၊  အလယ်တန်း၊ မူလတန်း  တက်ရောက်နေသည့် ကျောင်းသားကျောင်းသူ (၉၂)ဦးတို့အား ငွေကျပ်(၄၆၆၄၀၀၀)နှင့်  တပ်နယ်မှ  ကျောင်းသုံးဗလာစာအုပ်(၁၁၅)ဒါဇင် နှင့် ခရိုင်အုပ်ချုပ်ရေးမှူး မှ ဗလာစာအုပ် (၅၈)ဒါဇင်တို့ကို  တာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းပေးပို့သူ။         ။ ဝေယံလင်းလက်(မိုင်းဆတ်)


Thursday, May 30, 2013

ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့
အခမ်းအနားကို မေ (၃၀)ရက်နေ့ နံနက် (၁၀)နာရီက မိုင်းဆတ် - အထက သံလွင်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။


အခမ်းအနားတွင် ကျောင်းနေအရွယ်ကလေးများ တစ်ယောက်မကျန် ကျောင်းအပ်နိုင်ရေး၊ ကျောင်းနေမြဲရေး၊ ကျောင်းကို မကြောက်ဘဲ ကျောင်းနေပျော်အောင် ဆရာ၊ ဆရာမများ ကြိုးစားရေး၊ ကျောင်းနေနှုန်းမြင့်မားအောင် ဆောင်ရွက်ကြဖို့နဲ့  ''စိတ်ထားကောင်းမြတ်၊  ကျင့်ဝတ်လိုက်နာ၊  ပညာထူးချွန် လူရည်မွန်များ မွေးဖွားပေးရာ ကျောင်းတော်သာ'' များ ဖြစ်ကြအောင် ကြိုးစားဆောင်ရွက်သွားကြရန် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသွားသည်။


ထို့နောက် မြို့နယ်ပညာရေးမှူး ဦးမြင့်ဆွေ က ကျောင်းအပ်နှံရေးနှင့်စပ်လျဉ်းပြီးရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မူလတန်းကျောင်းသား၊ ကျောင်းသူများအတွက် လှူဒါန်းသော
ဗလာစာအုပ်များကို ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ခရိုင်အုပ်ချုပ်ရေးမှူးက လည်းကောင်း ပညာရေးဝန်ကြီးဌာနမှ မူလတန်း ကျောင်းသား ကျောင်းသူများအတွက် ထောက်ပံ့လှူဒါန်းသော အခမဲ့ဗလာစာအုပ်များအား မြို့နယ်အုပ်ချုပ်ရေးမှူးကလည်းကောင်း၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ လှူဒါန်းသော ငွေကျပ် (၃၀၀၀၀)ကို ခရိုင်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူးကလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြောင်း သိရှိရသည်။

သတင်းပေးပို့သူ။      ။ ဝေယံလင်းလက်(မိုင်းဆတ်)


ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ ၀ိန်းနေကျေးရွာအုပ်စု၊ ၀ိန်းကောင်းကျေးရွာတွင် ပြည်သူများ လွယ်လင့်တကူ အသိပညာဗဟုသုတများ လေ့လာဆည်းပူးနိုင်ပြီး ယဉ်ကျေးသိမ်မွေ့၍ ကိုယ်ကျင့်တရားကောင်းမွန်သော နိုင်ငံတော်ကို အကျိုးပြုမည့် သားကောင်း၊ သမီးမွန်များ ဖြစ်ထွန်းလာစေရေးတို့အတွက် မြတ်ရွှေအိုး စာကြည့်တိုက် ဖွင့်ပွဲကို မေလ(၃၀)ရက် နံနက်(၉)နာရီက အဆိုပါ ကျေးရွာစာကြည့်တိုက် အဆောက်အအုံရှေ့၌ ကျင်းပရာ  ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း၊   ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံ၊ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဦးလှဌေး နှင့် မြို့မိမြို့ဖ ဦးစိုင်းချစ်သောင်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။


ဆက်လက်၍ စာကြည့်တိုက် ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေ နှင့် စာအုပ်စာစောင်များ ပေးအပ် လှူဒါန်းပွဲကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ဦးစီးအရာရှိ ဦးလှဌေးက စာကြည့်တိုက် ရှင်သန်ဖွံ့ဖြိုးရေးနှင့်အဆောက်အအုံဆောက်လုပ်ရာတွင် အဖက်ဖက်မှ ပါဝင်လှူဒါန်းပေးသည့် အလှူရှင်များ အား ကျေးဇူးတင်စကားပြောကြားသည်။


ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၊ ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးအောင်မင်း၊   ခရိုင်ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ခရိုင်အင်ဂျင်နီယာမှူး ဦးအောင်ညို၊ ခရိုင်ပြန်/ဆက်ဦးစီးအရာရှိ ဦးလှဌေးနှင့် မြို့မိမြို့ဖ ဦးစိုင်းချစ်သောင်းတို့က စာအုပ်စာစောင်၊ အလှူငွေများပေးအပ်လှူဒါန်းရာ စာကြည့်တိုက်မှူး နှင့် စာကြည့်တိုက်ကော်မတီတို့က လက်ခံယူသည်။


အဆိုပါ စာကြည့်တိုက်မှာ အလျား (၂၄)ပေ၊ အနံ (၁၂)ပေ အကျယ်ရှိ အုတ်တိုက် သွပ်မိုး တစ်ထပ် အဆောက်အဦဖြစ်ပြီး ၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း နိုင်ငံတော်မတည်ငွေကျပ် (၁၀)သိန်း၊ စေတနာရှင်ပြည်သူများမှ ပါဝင်လှူဒါန်းငွေ ကျပ် (၁၅)သိန်း စုစုပေါင်းငွေကျပ် (၂၅)သိန်း အကုန်ကျခံ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းပေးပို့သူ။      ။ ဝေယံလင်းလက်(မိုင်းဆတ်)



Tuesday, May 28, 2013

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် သံဃနာယက အဖွဲ့က ကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက်များတွင် အနာဂတ်နိုင်ငံတော်အတွက် အားထားရပြီး၊ ယဉ်ကျေးလိမ္မာသည့် ကျောင်းသားကျောင်းသူ လူငယ်များပေါ်ထွန်းလာရေးအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့သော နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲနှင့် အောင်လက်မှတ်ပေးအပ်ပွဲကို မေလ(၂၈)ရက်နေ့ မွန်းလွဲ (၁)နာရီက ကျဒယ်ရပ်ကွက် ထေရ၀ါဒဗုဒ္ဓသာသနာပြုဌာန၊ သဗ္ဗညုကျောင်းတိုက်၌ကျင်းပရာ  ပဓာနနာယက ဆရာတော်  သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဣန္ဒက(ဓမ္မာစရိယ)က သင်တန်းဆင်း ဩ၀ါဒကထာမြွက်ကြားသည်။



ဆက်လက်၍ ပထမအဆင့် ထူးချွန်စွာ အောင်မြင်ခဲ့သူ (၅)ဦး၊ ဒုတိယအဆင့် ထူးချွန်စွာအောင်မြင်ခဲ့သူ (၅)ဦး နှင့်တတိယအဆင့် ထူးချွန်စွာအောင်မြင်ခဲ့သူ (၅)ဦးတို့အား ဂုဏ်ပြုဆုများကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်သည်။


အဆိုပါသင်တန်းသို့ ကျောင်းသားကျောင်းသူ၊ သာမဏေနှင့် သီလရှင် (၆၀)ဦး တို့ တက်ရောက်ခဲ့ပြီး  သင်တန်း ကာလမှာ မတ်လ(၁၅)ရက်မှ မေလ(၂၄)ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ပို့ချခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
သတင်းပေးပို့သူ ။       ။ ဝေယံလင်း(မိုင်းဆတ်)