Latest News

Dropdown Menu

Showing posts with label မှုခင်း. Show all posts
Showing posts with label မှုခင်း. Show all posts

Wednesday, February 19, 2014

ထိုင်း - မြန်မာ နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့ရှိ ရီဂျီးနားဟိုတယ်၏ အခန်းနံပါတ် (၁၁၈)တွင် အသက် (၃၄)နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသား အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း သိရသည်။


အဆိုပါ ထိုင်းနိုင်ငံသားသည် တာချီလိတ်မြို့ရှိ ရီဂျီးနားဟိုတယ်၌ ဖေဖော်ဝါရီလ(၁၂)ရက် ကတည်းက လာရောက်၍ တည်းခိုနေတာဖြစ်ပြီး သေဆုံးသူ၏ အလောင်းမှာ အပုတ်နံ့ထွက်နေသည့်အတွက် ၎င်းသေဆုံးနေသည်မှာ မည်သည့်နေ့ရက်က သေဆုံးနေကြောင်း မသိရသော်လည်း ကြိုးဆွဲချသေနေသည်ကို ယနေ့ ဖေဖော်ဝါရီလ (၂၀)ရက် နံနက်ပိုင်းကမှ တွေ့ရှိရတာဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ ရုပ်လောင်းအား ခွဲစိပ်ဆေးစစ်ရန်အတွက် တာချီလိတ်မြို့ ပြည်သူ့ဆေးရုံးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားရှိပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ သေမှုသေခင်းအရ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Friday, January 24, 2014

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက် ပဒုမ္မာ(၂) ခွေငှားဆိုင်တွင် လာရောက်၍ ခွေငှားရမ်းသူ၏ ဆိုင်ကယ်အား (၁၀)မိနစ်အတွင်း ရုတ်တရက်ပျောက်ဆုံးသွားကြောင်း သိရသည်။

{ ခိုးခံရသည့် ဆိုင်ကယ် }

ဖြစ်စဉ်မှာ ၂၀၁၄ခုနှစ် ဇန်န၀ါရီလ (၁၈)ရက် ညနေ(၆)နာရီအချိန်က အဆိုပါ ခွေငှားဆိုင်တွင် ဆိုင်ကယ်ပိုင်ရှင်မှာ ငှားရမ်းထားသော ခွေအား ပြန်လည်အပ်နှံစဉ် အပြာရောင် Wave I အမျိုးအစား၊ ဆိုင်ကယ်နံပါတ် ၂၅/ယ-၉၇၅၃၅၊ အင်ဂျင်နံပါတ်  JA -211E0064419၊ ဘောင်အမှတ် - MLHJA 21120564419 နံပါတ်များ အသီးသီးပါရှိသည့် ဆိုင်ကယ်အား ခိုးယူခံရမှုကြောင့် ပျောက်ဆုံးသွားကြောင်းကို ယာဉ်ပိုင်ရှင်မှ ပြောကြားလာပါသည်။

"ဆိုင်ကယ်ကို သော့လည်း ခတ်ထားပါတယ်၊ အချိန်ကလည်း အလွန်ဆုံး (၁၀)မိနစ်ခန့်ပဲ ကြာတယ်၊ သော့ကို ဘယ်လိုဖွင့်ပြီး ခိုးယူသွားလည်းဆိုတာကို နားမလည်နိုင်ဘူး"ဟု ဆိုင်ကယ်ပိုင်ရှင်မှ တာချီလိတ်အွန်လိုင်းသို့ ပြောကြားလာသည်။

အဆိုပါ ဆိုင်ကယ်နှင့်ပတ်သက်၍ သဲလွန်စရသည်ဖြစ်စေ၊ တွေ့ရှိရသည်ဖြစ်စေ အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။


  •  (ထိုင်းဖုန်း)086-9193209 
  • (မြန်မာဖုန်း)09-250621865 

သတင်းပေးပို့သူ။        ။ မြင့်မိုရ်(တာချီလိတ်)

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Wednesday, January 8, 2014

ယနေ့ ဇန်န၀ါရီလ(၉)ရက် နံနက် (၁၀း၃၅)နာရီဝန်းကျင်က တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမဘေး၊ အ.ထ.က(တာချီလိတ်)ကျောင်းရှေ့ရှိ ကွမ်းယာဆိုင်တစ်ဆိုင်တွင် ဓါတ်ဆီပုံး ဖလှယ်ရာမှ ဘေးရှိမီးဖိုမှ ဓါတ်ဆီပုံအား မီးဟပ်ရာမှ အသေးစား မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါ ကွမ်းယာဆိုင်ရှိ မိသားစုမှ ချက်ပြုတ်နေသော မီးဖို၏ မနီးမဝေးတွင် ဓါတ်ဆီပုံးကြီးထဲမှ ရောင်းချရန်အတွက် ဓါတ်ဆီပုလင်းငယ်များ အတွင်းသို့ ဓါတ်ဆီများ ဖလှယ်ရာမှ ရုတ်တရက်မီးဟပ်ပြီး လောင်သွားရာ အနီးအနားရှိ လူများက ဆိုင်ခန်းအတွင်း မီးလောင်နေသော ဓါတ်ဆီပုံးကြီးအား ကားလမ်းမပေါ်သို့ အလျင်အမီ ပစ်ထုတ်နိုင်ခဲ့ပြီး ဆိုင်ခန်းအတွင်း လောင်နေသော မီးအနည်းငယ်ကို ကွမ်းယာဆိုင်ဘေးရှိ ဆိုင်ကယ်ပြင်ဆိုင်မှ ဆိုင်ကယ်ပြင်သည့် လူများက DCP မီးသတ်ဆေးဗူးဖြင့် အလျင်အမီ ငြိမ်းသတ်နိုင်ခဲ့၍ မီးဘေးအန္တရာယ်မှ ကင်းလွတ်ခဲ့ကြတာ ဖြစ်ကြောင်း သိရသည်။

"ဘယ်သူလည်းတော့ မသိဘူး မီးလောင်နေတဲ့ ဆီပုံးကို သယ်ထုတ်ပြီး လမ်းမပေါ်လွှင့်ပစ်လိုက်လို့ အဲ့လို မသယ်ထုတ်နိုင်ခဲ့ရင် ဆိုင်ခန်းတစ်တန်းလုံး မီးလောင်ကိန်းပဲ"ဟု အနီးအနားရှိ ဆိုင်ခန်းမှ ဈေးသည်တစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

"မြို့တွင်းမှာ ဓါတ်ဆီရောင်းတာတွေ အလွန်အန္တရာယ်များတယ်၊ ခုလို အသေးစား ဓါတ်ဆီဆိုင်တွေအနေနဲ့ မသိသာပေမဲ့ မီးလောင်ရင်တော့ အလွန်အန္တရာယ်များတယ်လေ၊ မြို့တွင်းထဲက ဆီပန်ခ့်တွေလည်း မဖြစ်သေးလို့ ဖြစ်လိုက်ရင် တစ်မြို့လုံးပြောင်ကိန်းမို့ အလွန် အန္တရာယ်များတယ်၊ ဓါတ်ဆီရောင်းတဲ့  ဈေးသည်တွေလည်း သတိဝီရိယလေးနဲ့ လုပ်ကြရင် ကောင်းမယ်"ဟု မြို့မိမြို့ဖ တစ်ဦးမှ လည်း မီးဘေးအတွက် ဆိုးရိမ်မှုဖြင့် ပြောလာသည်။

အဆိုပါ မီးလောင်မှုကြောင့် ဓါတ်ဆီ (၃)ဂါလန် မီလောင်ကျွမ်းသွားခဲ့ရာ မီးငြိမ်းသတ်ယာဉ်(၂)စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ DCP မီးသတ်ဆေးဗူး (၆)Kg (၂)ဗူး၊ (၃)Kg (၂)ဗူး၊ စုစုပေါင်း(၄)ဗူး သုံးစွဲ၍ ငြိမ်းသတ်ခဲ့ရကြောင်း နှင့် ထိုသို့ ဖြစ်ပွားရာသို့ ကြက်ခြေနီတပ်ဖွဲ့မှလည်း လိုအပ်သည်များကို ကူညီပေးနိုင်ရန်အတွက် ရောက်ရှိခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်၍  ကွမ်းယာဆိုင်မှ တာဝန်ရှိသူ အား တာချီလိတ်မြို့မရဲစခန်းမှ (ပ)၁၁/၂၀၁၄၊ ပုဒ်မ(၂၈၅)ဖြင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Sunday, January 5, 2014

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့သည် နယ်စပ်မြို့တစ်မြို့ဖြစ်ပြီး သာမာန်လူတန်းစားများ အနေဖြင့် ယာဉ်အငှားပြေးဆွဲခြင်း တာချီလိတ် အခေါ်အဝေါ် ဆိုင်ကယ်Taxi ပြေးဆွဲခြင်းများဖြင့် အသက် မွေးဝမ်းကြောင်း အလုပ်အကိုင်အဖြစ် များသောအားဖြင့် လုပ်ကိုင်နေကြသည့် နယ်စပ်ဒေသမြို့ဖြစ်ရာ ဇန်န၀ါရီလ(၄)ရက်နေ့ သန်းခေါင်ယံအချိန်၌ ဆိုင်ကယ်Taxi သမားတစ်ဦး အသတ်ခံရပြီး ဆိုင်ကယ်လုယူသွားသည်ဟု အများယူဆကြသည့် သေဆုံးသူ၏ အလောင်းအား ရေတွင်းထဲ၌ ဇောက်ထိုးအနေအထားဖြင့် ယနေ့ ဇန်န၀ါရီလ (၅)ရက် မွန်းလွဲ(၃)နာရီအခန့်က တွေ့ရှိရ၍ ဆယ်ယူခဲ့ကြကြောင်း သိရသည်။

{ရင်ခွဲရုံသို့ သယ်လာစဉ်}

ရွှေတာချီခရီးသွားလုပ်ငန်းမှ ကျောနံပါတ် (၀၄၃)နံပါတ်ဖြင့် ကြက်ခြံ(ကျောက်တောင်)ဂိတ်တွင် ဆိုင်ကယ် Taxi ပြေးဆွဲနေသူ အသက်(၄၃)နှစ်ရှိ ဦးသန်းထွန်းသည် ၎င်း၏ နေအိမ်မှ (၇)နာရီဝန်းကျင်က ၎င်းဆိုင်ကယ်ဖြစ်သော Dream 2010 ဖြင့် ထွက်သွားရာမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသည့် အတွက် ၎င်း၏ ဇနီးနှင့်မိသားစုမှ စိုးရိမ်စိတ်ဖြင့် လိုက်ရှာသော်လည်း မတွေ့ရှိရကြောင်း သိရသည်။

{ သေဆုံးသူအား တွေ့ရှိရသည့် ရေတွင်း }

" ကျောနံပါတ် (၀၄၃) ဦးသန်းထွန်း ညကတည်းက အိမ်ပြန်မလာလို့ဆိုပြီး သူ့မိန်းမကိုယ်တိုင် ကျွန်တော်တို့ ရုံးကို လာအကြောင်းကြားသွားသေးတယ်၊ မိုင်းဖုန်းဘက်ကိုများ ခရီးသည် သွားပို့နေလား မသိဘူးဆိုပြီး၊ မိုင်းဖုန်းကို သွားရှာအုံးမယ်ဆိုပြီး ထွက်သွားတယ်၊ ရုံးကို လာအကြောင်းကြားမှပဲ ကျွန်တော်တို့လည်း သိတယ်"ဟု ရွှေတာချီခရီးသွားလုပ်ငန်းမှ ကော်မတီဝင်တစ်ဦးက
တာချီလိတ်အွန်လိုင်းသို့ ပြောသည်။


နေအိမ်ပြန်မလာသော ဆိုင်ကယ် Taxi ပြေးဆွဲသူ ဦးသန်းထွန်းအား ဟောင်လိတ်ကျေးရွာအုပ်စု၊ ပါလျှံ(၁)ရက်ကွက် တရုတ်ဘုံကျောင်းလမ်းကြား နှင့် မြို့ပတ်လမ်းကြောအနီး ကွင်းပြင်ကွက်လပ်ရှိ ရေတွင်းထဲ၌ ဇောက်ထိုး အနေအထားဖြင့် သေဆုံးနေကြောင်း ကလေးများမှ တဆင့် သိရှိရ၍ သက်ဆိုင်ရာများနှင့် တာချီလိတ်နာရေးကူညီမှုအသင်းမှ ရေတွင်းထဲက ဆယ်ယူခဲ့ကြရာ သေဆုံးသူ၏ ဦးခေါင်း ပိုင်းတွင် ဒဏ်ရာရရှိနေကြောင်း နှင့် ပါးစပ်မှလည်း အမြှုပ်များထွက်နေကြောင်း သိရသည်။ ဆက်လက်၍ သေဆုံးသူ၏ ရုပ်အလောင်းအား တာချီလိတ်ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

{ ရွှေတာချီခရီးသွားလုပ်ငန်း ဥက္ကဌ နှင့် ကော်မတီဝင်များ ရင်ခွဲရုံသို့ လာရောက်စဉ် }

"ရေတွင်းထဲမှာ လူသေနေတာကို အနီးအနားက ကလေးတွေ သွားဆော့ရင်းတွေ့တာတဲ့၊ ရေတွင်းထဲမှာ ခြေထောက်ပေါ်နေလို့ ကလေးတစ်ယောက်က အော်ပြောလိုက်မှ လူတွေ လာကြည့်ကြပြီး လူသေတယ်ဆိုတာကို  သိကြတာလို့ ပြောတယ်၊ ကျွန်မလည်း သွားကြည့်တော့ လူသေကို ကားပေါ်တင်တာပဲ တွေ့လိုက်ရတယ်"ဟု ပါလျှံ(၃)ရှိ အမျိုးသမီးတစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။


{ ရေတွင်းထဲ၌ ယခုလို ခြေထောက်အား တွေ့ရပုံ }

"ကျွန်တော်တို့အထင် လူကိုရိုက်ပြီး ဆိုင်ကယ်လုယူသွားတဲ့ သဘောလို့လည်း ထင်မိတယ်။ ဘာဖြစ်လို့လည်းဆိုရင် ကျွန်တော်တို့ သွားကြည့်ချိန် အနီးအနားမှ သူ့ရဲ့ ဆိုင်ကယ်ကို မတွေ့ရဘူး၊ သူ့ရဲ့ ဖိနပ်ကလည်း ရေတွင်းနဲ့ နည်းနည်းလှမ်းတယ် တဖက်စီဖြစ်နေတယ်။"ဟု
ရွှေတာချီခရီးသွားလုပ်ငန်းမှ ကော်မတီဝင်တစ်ဦးက ပြောသည်။

"တာချီလိတ်မြို့မှာက လူကို ရိုက်ပြီး ဒါမှမဟုတ် လူကို သတ်ပြီး ဆိုင်ကယ်ယူသွားတဲ့အဖြစ်မျိုး မဖြစ်တာကြာပြီ၊ အရင်တုန်းကတော့ ခဏခဏ ကြားနေရတယ်၊ စိတ်မချမ်းသာစရာပဲဗျာ၊ ဖြစ်လိုက်ရင်လည်း လူသတ်တရားခံကို ဖမ်းမိတယ်ဆိုတာ မကြားဘူး၊ နယ်စပ်ဆိုတော့လည်း ကျွန်တော်တို့လို ဆိုင်ကယ်သမားတွေအတွက် မလွယ်ပါဘူးဗျာ"ဟု ဆိုင်ကယ် Taxi သမားတစ်ဦးမှလည်း ပြောလာသည်။

သေဆုံးသူသည် ၀မ်ကောင်းရပ်ကွက် ကံသာဘုန်းကြီးကျောင်းအနီးတွင် နေထိုင်သူဖြစ်ပြီး လူရိုးလူအေးတစ်ဦးဖြစ်ကြောင်းနှင့် ရန်ညှိုးရန်စဟူလည်း မရှိကြောင်း ၎င်း၏ မိတ်ဆွေများ၏ ပြောဆိုချက်အရ သိရသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းမှ သေမှုသေခင်းအရ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆက်လက်စုံစမ်းဖော်ထုတ်နေကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Friday, January 3, 2014

ရှမ်းပြည်နယ်၊ မိုင်းဖြတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ နမ့်ပန်ကျေးရွာအုပ်စု၊ နမ့်ဝိုးထောင်ကျေးရွာတွင် ဇန်န၀ါရီ (၂)ရက်၊ ညနေ ( ၃ )နာရီ ( ၁၅ )မိနစ်ခန့်က လူနေအိမ်ခြေများ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။


ဖြစ်စဉ်မှာ အဆိုပါကျေးရွာနေ ဦးလော်တား၏ သားဖြစ်သူ မောင်ကျမူး (၃)နှစ်သားက မီးခြစ်ဖြင့် သက်ကယ်ပုံမီးရှို့ဆော့ကစားရာမှ မီးကူးစက်ကာ လူနေအိမ်ခြေများ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ မီးသတ်တပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ကျေးရွာနေပြည်သူများက ၀ိုင်းဝန်းမီးငြိမ်းသတ်နိုင်ခဲ့သဖြင့်  ညနေ (၅) နာရီခွဲတွင် မီးညွန့်ကျိုးသွားခဲ့သည်။



ယင်းကျေးရွာတွင်  လူနေအိမ်ခြေ (၃၆)အိမ်ရှိရာ မီးလောင်ကျွမ်းမှုကြောင့် ပျဉ်ကာသွပ်မိုး
(၆)အိမ်၊ ပျဉ်ကာသက်ကယ်မိုး(၁၃)အိမ်၊ ၀ါးကာသက်ကယ်မိုး (၄)အိမ် စုစုပေါင်း (၂၃)အိမ် မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ စုစုပေါင်း ခန့်မှန်ငွေကျပ် (၇၁)သိန်းကျော်ဖြစ်သည်။


ဒဏ်ရာရသူ အနည်းငယ်ရှိပြီး ၊ သေဆုံးသူ မရှိကြောင်းနှင့် မီးဘေးသင့်ကျေးရွာနေ ပြည်သူများအား   မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်၊ မြို့နယ်ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များ ပံ့ပိုး ကူညီပေးလျက်ရှိကြောင်း သိရသည်။
သတင်းပေးပို့သူ ။         ။ ဝေယံလင်း(မိုင်းဖြတ်)

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Monday, September 16, 2013

တာချီလိတ်မြို့နယ်၊ ပုန်းထွန်ရပ်ကွက်၊ ၀မ်မိုင်ကျေးရွာရှိ နေအိမ်တစ်အိမ်တွင် အသက် ၁၂နှစ်ဝန်းကျင်ရှိ ၅တန်း ကျောင်းသားလေးတစ်ဦးသည် နေအိမ်ထဲရှိ သရက်ပင်၌ ကြိုးဆွဲချသဏ္ဍာန်ဖြင့် စက်တင်ဘာလ ၁၆ရက်နေ့ ညနေ ၃နာရီအချိန်ခန့်က သေဆုံးနေကြောင်း သိရသည်။

ဖြစ်စဉ်မှာ အသက် ၁၂နှစ် ၀န်းကျင်ရှိ ၅တန်းကျောင်းသားလေး မောင်ကောင်းမြင့်မြတ်သည် နေအိမ်ရှေ့ရှိ သရက်ပင်တွင် ကြိုးခုန်သည့် ပလပ်စတစ်ကြိုးအားချည်ပြီး ကျန်အစတစ်ဖက်အား လည်ပင်းတွင် ချည်လျှက် မြေပြင်တွင် ဒူးထောက်အနေအထားဖြင့် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာရရှိခြင်းမရှိဘဲ သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ပတ်ဝန်းကျင်အား စစ်ဆေးမေးမြန်းရာ သေဆုံးသူသည် ကြိုးခုန်နေသည့် ကြိုးဖြင့် သစ်ပင်ပေါ်တက်ဆော့ ကစားရာမှ ကြိုးဖြင့်ငြိပြီးပြုတ်ကျကာ လည်ပင်းအစ်၍ သေဆုံးကြောင်း တာချီလိတ်မြို့ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ၏ စစ်ဆေးမေးမြန်းချက်အရ သိရသည်။

{ ပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့သော သရက်ပင်}

"ကလေးက အခုလို မဖြစ်ခင် နေ့လည်ပိုင်းအချိန်တုန်းကပေါ့၊ အခုလိုပဲ ကြိုးပေါ်ကို လည်ပင်းတင်ပြီး ရီးလေးခိုဆော့နေတာတွေ့လို့ ဟဲ့ ကောင်လေး အဲ့လို မဆော့ကောင်းဘူး သေတတ်တယ်လို့ သတိပေးလိုက်ရသေးတယ်၊ အဲ့လို သတိပေးပြီးမကြာဘူး ညနေရောက်တော့ အခုလိုဖြစ်သွားတာ တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်ရှင်"ဟု ၀မ်မိုင်ကျေးရွာတွင်းရှိ အမျိုးသမီးတစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

"အခုလို ဖြစ်သွားတာ တကယ်ကို မထင်မှတ်စရာပါ၊ နောက်ဆိုရင် ကလေးတွေ ဆော့မယ်ဆိုရင် သတိထား စောင့်ကြည့်ရတော့မဲ့ အဖြစ်မျိုးပဲ၊ ကလေးက ကျောင်းမှာ အဆင့် ၁၀ အတွင်း ရအောင် ကြိုးစားမယ်လို့ ခဏခဏ ပြောနေတာ၊ တကယ်ကို စိတ်မကောင်းဘူး.."ဟု အနီးအနားရှိ လူလတ်ပိုင်း အမျိုးသမီးတစ်ဦးမှ ပြောကြားလာသည်။

သစ်ပင်ပေါ်တက်ဆော့ရင်း ကြိုးဖြင့်ငြိပြီးပြုတ်ကျကာ လည်ပင်းအစ်၍ သေဆုံးသွားသော အသက် ၁၂နှစ်ဝန်းကျင်ရှိ မောင်ကောင်းမြင့်မြတ်သည် အ.ထ.က(တာချီလိတ်)၊ ပဉ္စမတန်း(ဇ)တွင် ပညာသင်ကြားနေသော ကျောင်းသားလေးဖြစ်ကြောင်း သိရှိရသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Monday, August 26, 2013

၂၀၁၃ခုနှစ် သြဂုတ်လ ၂၆ ရက်၊ နေ့လည် ၂နာရီဝန်းကျင်က တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် ကိုးထပ်ဟိုတယ်အနီး၊ အိမ်တစ်အိမ်အား ထိုင်းနိုင်ငံသားတစ်ဦးသည် အင်တာနက်လိုင်းတပ်ဆင်ပေးရာ သံပိုက်လုံးအား အောက်မှ အပေါ်သို့ ဆွဲယူတင်ရာမှ ဓါတ်လိုက်ကာ အဆိုပါထိုင်းနိုင်ငံသားမှာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ထိုင်းနိုင်ငံသား အသက် ၃၃ နှစ်ခန့်အရွယ်ရှိ အိုက်အွတ်သည် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်အား အင်တာနက်လိုင်း တပ်ဆင်ပေးရန်အတွက် ရောက်ရှိလာပြီး တပ်ဆင်ရာမှာ အသုံးပြုရမည့် သံပိုက်လုံးအား အောက်မှ အပေါ်သို့ ဆွဲတင်ယူရာ မထင်မှတ်ပဲ သံပိုက်လုံးနှင့် မိန်းလိုင်းဓါတ်ကြိုး ထိမိပြီး ဓါတ်လိုက်သွားခဲ့ရာ ၀ဲ/ယာလက်ဖ၀ါးနှစ်ဖက် ညိုမဲမီးလောင်ဒဏ်ရာ နှင့်အတူ ခန္ဓာကိုယ်အနှံ့ညိုမဲအကွက်များဖြင့် အဆိုပါနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း နှင့် အဆိုပါဖြစ်ပွားမှုအချိန်တွင် လျှပ်စစ်မီးမှာ မိနစ် ၃၀ နီးပါး ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။

သေဆုံးသူ၏ ရုပ်လောင်းအား ၎င်း၏ ဆွေမျိုးများက နေရပ်ဖြစ်သော ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ အမှတ်(၂)တံတားအနီးရှိ နေအိမ်သို့  မယ်ဆိုင်ချောင်းမှာ တဆင့် ပြန်လည်သယ်ဆောင်သွားကြောင်း သိရသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Friday, July 12, 2013

ဇူလိုင်လ(၁၂)ရက်နေ့ နံနက် (၆း၃၀)နာရီအချိန်ခန့်က တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ပါကောင်ရွာတွင် စကားများရန်ဖြစ်ရာမှ လူသတ်မှုနှင့် သေကြောင်း ကြံစည်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ပါကောင်ရွာနေ ဦးအိုက်ရှဲန်နှင့် ဆွေမျိုးနီးစပ် တော်စပ်သူ အိုက်ရှဲန်နွန်းတို့ အချင်းများရာမှ အိုက်ရှဲန်နွန်းမှ ဓါးဖြင့် ခုတ်လိုက်ရာ ဦးအိုက်ရှဲန်၏ လည်ပင်းအား ခုတ်မိသွားပြီး အဆိုပါ ဒဏ်ရာဖြင့်ပင် ဦးအိုက်ရှဲန်(အသက်၆၀)နှစ်မှာ သွေးထွက်လွန်ကာ သေဆုံးသွားပြီး အိုက်ရှဲန်နွန်းမှလည်း အဆိုပါ ဓါးဖြင့်ပင် မိမိလည်ပင်းကို ပြန်လည်လှီးကာ သေကြောင်းကြံစည်ခဲ့သော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူတို့ အချိန်မီရောက်ရှိသွားသဖြင့် သေဘေးမှ လွတ်ကင်းသွားခဲ့သည်။

"အိုက်ရှဲန်နွန်းက ဒီရွာကမဟုတ်ပါဘူး၊ ဆွတ်ဆိုင်ရွာမှာ နေတာပါ၊ လွန်ခဲ့တဲ့ (၃)ရက်လောက်ထဲက အိမ်ထောင်ရေး အဆင်မပြေလို့ စိတ်လေပြီး လျှောက်သွားနေတာလို့ သိရပါတယ်၊ မနေ့ညနေကမှ သေဆုံးသူ ဦးအိုက်ရှဲန်ရဲ့ နေအိမ်ကို ရောက်ရှိလာတာပါ၊ ဒီနေ့ မနက်စောစောမှာ သူတို့နှစ်ယောက်စကားများ ရန်ဖြစ်ကြရာကနေ အခုလို အဖြစ်ဆိုးနဲ့ ကြုံတွေ့ရတာပါ"ဟု ပါကောင်ကျေးရွာ ဒေသခံတစ်ဦးမှ ပြောပြပါသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ တာချီလိတ်မြို့နယ် ၀မ်ပုံရဲတပ်ဖွဲ့စခန်းမှ လူသတ်မှုကျူးလွန်ပြီး မိမိကိုယ်ပါသေကြောင်းကြံစည်ခဲ့သည့် အိုက်ရှဲန်နွန်း(ဘ) ဦးလုံးကွမ်း၊ အသက် (၂၀)နှစ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုတွင် နေထိုင်သူအား ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ(၃၀၂)၊ အမှုတွဲ ၉/၂၀၁၃ဖြင့် အမှုဖွင့်လှစ် အရေးယူထားပြီး ၎င်းအား တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကာ ဆေးကုသမှု ခံယူစေထားကြောင်း သိရှိရသည်။
သတင်းပေးပို့သူ။    ။ မောင်ယဉ်ကျေး

Saturday, July 6, 2013

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ကျေးရွာနေ အသက်(၂၉)နှစ်အရွယ် ဒေါ်လုတနှင့် ၎င်း၏သားများဖြစ်ကြသည့် ကျော်လင်းထွန်း(၁)နှစ်(၈)လသား နှင့် အသက်(၉)လသားအရွယ် ကျော်လင်းအောင် တို့ သားအမိ(၃)ဦးသည် ဇူလိုင်လ(၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်ခန့်က ရေနစ်ကာ (၃)ဦးလုံး သေဆုံးမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အိမ်ထောင်ဦးစီးဖြစ်သူ ဦးချီးယိုသည် ရန်ကုန်ကျေးရွာနှင့် တစ်မိုင်ကျော်အကွာအဝေးရှိ ၎င်းပိုင်တောင်ယာတွင် လယ်ထွန်ရန် ညအိပ်သွားရောက်မည်ဖြစ်သဖြင့် ခင်ပွန်း ညအိပ်ရာတွင် လိုအပ်သော ပစ္စည်းများကို ဇနီးဖြစ်သူ ဒေါ်လုတနှင့် သားများဖြစ်ကြသော ကျော်လင်းထွန်း၊ကျော်လင်းအောင်တို့မှ လမ်းလျှောက်သွားရောက် ပို့ဆောင်ခဲ့ကြသည်။

ခင်ပွန်းသည် သည် လက်တွန်း လယ်ထွန်စက်ဖြင့် လယ်ထွန်နေစဉ် ဒေါ်လုတနှင့်သားများ လယ်ထဲရှိ တဲထဲ၌်ခေတ္တနားနေခဲ့သည်။ နားနေပြီးခေတ္တအကြာ သားကြီးကျော်လင်းထွန်းသည် လယ်တဲအနီး ရေကန်ဘေးတွင် ပြေးဆော့နေစဉ် ရေကန်အတွင်းပြုတ်ကျသွားသဖြင့် မိခင်ဒေါ်လုတမှ ကလေးအငယ် ကျော်လင်းအောင်အား ကျောပိုးလျှက်ဖြင့် ရေကန်သို့ဆင်းပြီး ဆယ်ယူရာတွင် ကလေး(၂)ဦး အပါအ၀င် မိခင်ဖြစ်သူပါ (၃)ဦးစလုံး ရေနစ်ပြီး နံနက်(၁၀)နာရီတွင် သေဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ခင်ပွန်းဖြစ်သူ ဦးချီးယို မှ ဖြစ်စဉ်အား အသံကြားသလိုလိုရှိသော်လည်း လက်ထွန်နေသဖြင့် ဂရုမပြုသတိမထားမိခဲ့ကြောင်း လယ်ထွန်ပြီး လယ်တဲသို့ပြန်လာရာ ဇနီးနှင့်ကလေး(၂)ဦးကို မတွေ့ရသဖြင့် လိုက်လံရှာဖွေရာမှ ကလေး(၂)ဦးမှာ ရေပေါ်တွင်ပေါ်နေပြီး မိခင်မှာ ရေကန်အတွင်းနစ်မြုပ်နေသဖြင့် သက်ဆိုင်ရာသို့ သတင်းပို့ခဲ့ကြောင်းသိရသည်။

သေဆုံးသူ ဒေါ်လုတနှင့် ကလေး(၂)ဦး ရေနစ်ခဲ့သော ကန်မှာ အလျှားပေ(၁၀၀) အနံ(၇၅)ပေရှိသော ကန်ဖြစ်ပြီး သေဆုံးသူ(၃)ဦးစလုံးကို တာချီလိတ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးစစ်မှုများပြုလုပ်ခဲ့ကြောင်း ရဲစခန်းအနေဖြင့်လည်း သေမှုသေခင်းဖြင့်အမှုဖွင့်ထားရှိကြောင်း သိရှိရသည်။
သတင်းပေးပို့သူ ။      ။ သာစည်မျိုးသန့်

Tuesday, June 25, 2013

ယနေ့(၂၅.၆.၂၀၁၃) နေ့လည်(၁၂း၄၅)နာရီအချိန်ခန့်က တာချီလိတ်မြို့ ရေပူစမ်းဘက်မှ အပြန် ဖတ်ဟိ(အထက်)ရွာဘက် ကားလမ်းတစ်နေရာ ကုန်းဆင်းတွင် ရွှေတောင်တန်းပရဟိတ ကျောင်းထိုင်ဆရာတော် အပါအ၀င် သံဃာတော်(၅)ပါး လိုက်ပါလာသော ကားတစ်စီးသည် ချောက်ထဲကျသွားရာမှ ရွှေတောင်တန်း ကျောင်းထိုင်ဆရာတော် ကားမှောက်၍ ပျံလွန်တော်မူသွားကြောင်း သိရှိရသည်။

ကားမှောက်ရာတွင် ရွှေတောင်တန်းပရဟိတကျောင်းမှ ကျောင်းထိုင်ဆရာတော် ဥူးဥာဏဓဇ၊ ဥူးခေမာဝိဒ၊ ဥူးနန္ဒာသီရိ၊ ဥူးခေမာသီရိ နှင့် ရွှေဘုန်းပွင့်ကျောင်းမှ ကျောင်းထိုင်ဆရာတော် ဥူးဝဏ္ဏဿမိနှင့် ကားဆရာ ဦးမောင်ညွှန့် ပါဝင်ပြီး ဆရာတော်များသည် ရေပူစမ်းဘက်မှ ဆွမ်းစားပင့်ဖိတ်သည့်အတွက် ကြွရောက်ခြင်းဖြစ်ရာ ရေပူစမ်းမှ ပြန်အကြွ ဖတ်ယိကျေးရွာ ကားလမ်းအကွေ့တစ်နေရာမှာ မိုးများလည်း ရွာထားသည်ဖြစ်ပြီး အကွေ့တစ်နေရာမှာ လမ်းချော်သွားကာ မထိန်းနိုင်တော့ပဲ ချောက်ထဲသို့ ကျသွားတာဖြစ်ကြောင်း သိရှိရသည်။

ကားသည် ချောက်ထဲသို့ ကျသွားခဲ့ရာ ရွှေတောင်တန်းကျောင်းထိုင် ဆရာတော်သည် ကားနှင့်ပိနေပြီး ဦးခေါင်း နောက်စေ့ပိုင်းတွင် အနည်းအငယ် ချိုင့်ဝင်သွားကာ ပျံလွန်တော်မူသွားခဲ့ပြီး ဆရာတော် ဦးခေမာဝိဒမှာ နံရိုးထိသွားသည်ဟု သိရသည်။ ရွှေဘုန်းပွင့်ကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးဝဏ္ဏဿမိ နှင့် ရွှေတောင်တန်းကျောင်းမှ ကျန် ဆရာတော်နှစ်ပါးမှာ မစိုးရိမ်ရသော ပွန်းပဲ့ဒဏ်ရာများ ရရှိသွားပြီး ကားဆရာ ဦးမောင်ညွှန့်သည် ဘယ်လက် လက်ဖျံရိုး ကျိုးသွားကြောင်း သိရသည်။

ရင်ခွဲရုံသို့ လာရောက်ကြည့်သူ အမျိုးသမီးတစ်ဦးမှ "ဆရာတော် ပျံလွန်တော်မူသွားတာ နှမျောစရာ ကောင်းတယ်၊ ဆရာတော်ကို မှီပြီးနေနေရတဲ့ ကလေးတွေ အများကြီးပဲ၊ ဆရာတော်ရဲ့ စွမ်းဆောင်ချက်တွေဟာ ချီးကျူးလို့ မဆုံးနိုင်ဘူး၊ ဆရာတော်ကြောင့် အာခါ၊ လားဟူတိုင်းရင်းသားတွေတောင် ဗုဒ္ဓဘာသာ တွေဖြစ်ကုန်ကြတယ်၊ "ဟု ပြောကြားလာသည်။

ရွှေတောင်တန်းပရဟိတကျောင်းထိုင် ဆရာတော် ဥူးဥာဏဓဇသည် အာခါ၊ လားဟူ တိုင်းရင်းသားများနှင့် မိဘမဲ့ ကလေးသူငယ်များကို ကျောင်းသို့ ခေါ်ယူထားကာ ကလေးသူငယ်များ တတ်သိလိမ္မာစေရေးနှင့် အတတ်ပညာများ တတ်မြောက်စေရေးအတွက် ဆရာတော်ကိုယ်တိုင် ပညာသင်ကြားပေးခြင်းများကို အပတ်တကုပ် ကြိုးစားဆောင်ရွက်နေသူဖြစ်ပြီး လက်ရှိတွင် ဆရာတော်မှ အခြားမြို့များသို့ ပညာသင်စေလွှတ်ထားသော ကျောင်းသား ကျောင်းသူများစွာ ရှိကြောင်းလည်း သိရသည်။

ပုံများကိုကြည့်ရန်
ရွှေတောင်တန်းကျောင်းထိုင်ဆရာတော် ကားမှောက်၍ ပျံလွန်တော်မူ
23 photos

Tuesday, June 18, 2013

တာချီလိတ်မြို့ ပြည်သူ့ဆေးရုံရှိ ဖျားနာဆောင်၏ အိမ်သာထဲတွင် အသက်(၃၅)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး ဇွန်လ(၁၈)ရက်နေ့ နံနက်(၈း၄၅)နာရီဝန်းကျင်က ကြိုးဆွဲချ သေဆုံးသွားကြောင်း သိရသည်။

အသက်(၃၅)နှစ်အရွယ် ကိုမောင်မောင်သည် ဆေးရုံ အိမ်သာအတွင်း ကြိုးဆွဲချ မသေဆုံးမီရက်ပိုင်းက ဆေးရုံအနီးအနားမှာ သွားသွားလာလာ ပြုလုပ်နေပြီး ဆေးရုံအတွင်းရှိ  ထိုင်ခုံပေါ်တွင် တရားထိုင်နေတာကိုလည်း ရံဖန်ရံခါ တွေ့ရှိရကြောင်း  ဆေးရုံအတွင်းရှိ လူနာတစ်ဦးမှ ပြောကြားလာသည်။ နောက်ထပ် သိရှိရသည်မှာ သေဆုံးသူသည် ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူသူ မဟုတ်ကြောင်းလည်း သိရသည်။

သေဆုံးသူ၏ ဇာတိမှာ မလှိုင်မြို့မှ ဖြစ်သော်လည်း တာချီလိတ်တွင် ဆွေမျိုးသားချင်းမရှိကြောင်းသိရှိရပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ သေမှုသေခင်းနှင့် ပတ်သက်၍ ရင်ခွဲစစ်ဆေးပြီးနောက် နာရေးကူညီမှုကိုတော့ မဇ္ဈိမလူမှုကူညီရေးအသင်းက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်

Tuesday, June 11, 2013

ဇွန်လ(၁၁)ရက်နေ့ နေ့လည်(၂)နာရီခန့်တွင် တာချီလိတ်မြို့ လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေးဂိတ်အနီး၌ ရေနစ်သေဆုံးသူ အလောင်းတစ်လောင်းအား တွေ့ရှိရကြောင်း သိရှိရသည်။

1ဖြစ်စဉ်မှာ ဟွေနမ့်လင်းကျေးရွာနေ  အသက်(၁၄)နှစ်အရွယ် မောင်အလီးပုသည် လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးရှိ ဦးကိုချစ်၏ သဲစုပ်စက်ဘေး မယ်ဆိုင်ချောင်းအတွင်း ပိုက်ကွန်ဖြင့် ငါးဖမ်းနေစဉ်မှာ လူသေအလောင်း၏ ခြေထောက်အား ပိုက်ကွန်ဖြင့် ငြိပြီး လူသေအလောင်းတစ်လောင်း ပေါ်လာသည်ကို တွေ့ရှိရ၍ မောင်အလီးပုမှ နီးစပ်ရာသို့ အကြောင်းကြားခဲ့ရာ တာချီလိတ်ရဲစခန်းမှ စခန်းမှူး ရဲအုပ် တင်ဌေး နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ အပါအ၀င် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့သည် လူသေအလောင်း ရှိရာနေရာသို့ သွားရောက်ခဲ့ကြပြီး အလောင်းအား ကုန်းပေါ်သို့ သယ်ယူကာ စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

ထိုသို့ စစ်ဆေးမှုများပြုလုပ်ရာ သေဆုံးသူ၌ ဒဏ်ရာ အနာတရ တစ်စုံတစ်ရာ ရရှိခြင်းမရှိဘဲ သေဆုံးတာဖြစ်တာကြောင့် ရေချောင်းအား ဖြတ်ကူးစဉ် ရေနစ်သေဆုံးသည်ဟု ယူဆရပြီး သေဆုံးသူမှာ ပါလျှံ(၁)နေ ဦးဝင်းဇော်ဖြစ်ရာ အလုပ်အကိုင်မှာ ကီလိုကောက်သူဖြစ်ပြီး မူးယစ်ဆေးဝါးသုံးစွဲသူဖြစ်ကြောင်းလည်း စုံစမ်းသိရှိသိရသည်။

အဆိုပါ အလောင်းအား နေ့လည်(၂း၃၀)အချိန်မှာ တာချီလိတ်ဆေးရုံသို့ သယ်ဆောင်သွားခဲ့ကြပြီး စစ်ဆေးမှုများပြုလုပ်လျှက်ရှိကြောင်း သိရှိရသည်။

Thursday, May 9, 2013


မေလ(၈)ရက်နေ့ ညနေ(၅း၂၀)နာရီခန့်က တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်၊ ဓမ္မသစ္စာလမ်း၊ ဗမာရွာတွင် အသက်(၅၁)နှစ်အရွယ်ရှိ  တာလေမြို့နယ်ခွဲ ပူဟိုမိန်းကျေးရွာမှ ပြည်သူ့စစ်ခေါင်းဆောင် ဦးအားဂျွေသည် မိမိကိုယ်ကို ကြိုးဆွဲချသေဆုံးသွားကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ တာလေမြို့နယ်ခွဲ ပူဟိုမိန်းကျေးရွာမှ ပြည်သူ့စစ်ခေါင်းဆောင် ဦးအားဂျွေသည် အသက်(၇)နှစ်အရွယ်ရှိ ၎င်း၏ သမီးဖြစ်သူတွင် ခံစားနေရသည်ဖြစ်သော ဦးခေါင်းအတွင်း အကြိတ်ဖြစ်သည့် ရောဂါကို ထိုင်းနိုင်ငံ ချင်းရိုင်းဆေးရုံ၌ ကုသရန်အတွက် ၎င်း၏ သမီးနှင့်အတူ တာချီလိတ်မြို့သို့ ရောက်ရှိလာခဲ့ပြီး ချင်းရိုင်းဆေးရုံတွင် သွားရောက်ဆေးကုစဉ် ကုန်ကျစရိတ် မတတ်နိုင်သဖြင့် တာချီလိတ်ဘက်သို့ ပြန်လာခဲ့ပြီး ၎င်းကိုယ်တိုင်ကလည်း အစာအိမ်ရောဂါဝေဒနာဖြင့် စိတ်ခံစားမှုဖြစ်နေကြောင်း သိရသည်။

၎င်း၏ သားမက်ဖြစ်သူ၏ နေအိမ်တွင် နေထိုင်နေစဉ် ညနေ(၅း၂၀)နာရီခန့်၌ သားမက်ဖြစ်သူ၏ နေအိမ်ရှေ့ခန်း ဘီရိုရှေ့အုတ်နံရံရှိ ပြုတင်းပေါက်သံတိုင်တွင် အလျား(၁၅)ပေခန့်ရှိ မီးခုံအသင့်တပ်ပြီး ပါရှိသော ၀ါယာကြိုးကို နှစ်ခေါက်ပြုလုပ်၍ ချည်နှောင်ပြီး လည်ပင်းကို ကြိုးကွင်းစွပ်ကာ ကြိုးဆွဲချ၍ ဖင်ထိုင်လျက် သေဆုံးနေကြောင်း သက်သေ ၀မ်ကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ အဖွဲ့ဝင် ဦးမြင့်ကြိုင်တို့နှင့်အတူ တာချီလိတ်ရဲစခန်းမှူး ရဲအုပ် တင်ဌေး၊ တာဝန်မှူး ဒုရဲအုပ် သောင်းထိုက် နှင့် နယ်ထိန်းအဖွဲ့မှ တွေ့ရရှိသဖြင့် ကြိုးဆွဲချ သေဆုံးသူအား ဆေးစာရေးရန်အတွက် စစ်ဆေးမှုများပြုလုပ်ရာ သေသူ၏ လည်ပင်း၌ (V)ပုံသဏ္ဍာန် ကြိုးအစင်းရာ တစ်ခုနှင့် မျက်လုံးပြူးနေပြီး ပြင်ပဒဏ်ရာ မတွေ့ရှိရသဖြင့် စခန်းမှူး ရဲအုပ် တင်ဌေးမှ သေမှုသေခင်းအရ စုံစမ်းဆေးစစ်မှုများ ပြုလုပ်သွားမှာဖြစ်ကြောင်း သိရသည်။

သေဆုံးသူနှင့်ပတ်သက်၍ နေအိမ်ဘေးရှိ အသိမိတ်ဆွေတစ်ဦး၏ ပြောဆိုချက်အရ " ခါတိုင်း သူ သူ့သားမက်အိမ်ကို လာလာလည်တယ်၊ လာတိုင်းလည်း မျက်နှာက သာသာယာယာပဲ၊ ခုတစ်ခေါက်မှာတော့ သူ့မျက်နှာ ညှိုးငယ်ေ
နသလို ဖြစ်နေတာကိုတော့ သတိထားမိတယ်"ဟု သိရသည်။

အဆိုပါ ရပ်ကွက်အတွင်းရှိ ဈေးသည်တစ်ဦးမှ "ကျွန်မအထင်ကတော့ သူ့သမီးအတွက် ဆေးကုသဖို့ မတတ်နိုင်လို့များလား၊ ဒါမှမဟုတ် သူက ပြည်သူ့စစ်ခေါင်းဆောင်ဆိုတော့ ရွာမှာ ပြဿနာတစ်ခုခု တက်ခဲ့လို့များလား ဆိုတာကိုတော့ စဉ်းစားစရာပေါ့လေ"ဟု မှတ်ချက်ပေးသည့် သဘောဖြင့် ပြောဆိုလာသည်ကိုလည်း သိရှိခဲ့ရသည်။

ကြိုးဆွဲချသေဆုံးနေသည့် နေရာသို့ လာရောက်ကြည့်ခဲ့သူ အမျိုးသားတစ်ဦးမှလည်း "တစ်သက်နဲ့တစ်ကိုယ်ဗျာ ဒီလို ထိုင်လျက်ပုံစံမျိုးနဲ့ ကြိုးဆွဲချသေတာ မမြင်ဖူးဘူး၊ အေးပေါ့ဗျာ သူ့အနေနဲ့ သေကံပါလာတယ်လို့ပဲ ပြောရတော့မှာပဲ..."ဟု ပြောဆိုတာကိုလည်း ကြားသိခဲ့ရသည်။



Monday, May 6, 2013


ယနေ့ ည(၇)နာရီခန့်က တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း (အများအခေါ် ပုံလို့လမ်းဆုံဟုလည်းခေါ်သည်) ဆန်ဆိုင်းလမ်းဆုံ ငုဝါ ကားရေဆေးခုံ မျက်စောင်းထိုးရှိ ဆံသဆိုင်တွင် အမည်မသိသူ လူတစ်ဦးမှ ဆိုင်အတွင်းသို့ ၀င်ရောက်လာပြီး ဆံပင်ညှပ်ပေးနေသူအား သေနတ်ဖြင့်(၃)ချက် ပစ်သွားရာ  ဆံပင်ညှပ်ပေးနေသူမှာ အဆိုပါနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ အသက်(၃၂)အရွယ်ရှိ စိုင်းလုံးရှဲန်သည် ၎င်း၏ ဆိုင်သို့ လာရောက်ဆံပင်ညှပ်လိုသူအား ညှပ်ပေးနေစဉ်အတွင်း အမည်မသိ အမျိုးသားတစ်ဦးသည် ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် အနားကပ်၍ (၃)ချက်ပစ်ခတ်ကာ ဆိုင်ကယ်ဖြင့်ပင် မောင်းပြေးသွားခဲ့ပြီးနောက် စိုင်းလုံးရှဲန်သည် ဦးခေါင်းအနောက်ဖက်နှင့် နားထင်အထက် အပြင် ကျောဘက်တို့တွင်လည်း သေနတ်မှန်၍ ညှပ်လက်စ ကတ်ကြေးကိုင်လျှက်ဖြင့် မှောက်လျှက်သား ပွဲချင်းပြီးသေဆုံးနေသည်ကို တွေ့ရှိရသည်။

သေဆုံးသူ၏ အကြောင်းအရာနှင့်ပတ်သက်၍ ၎င်း၏ အနီးအနားဝန်းကျင်၏ ပြောဆိုချက်အရ "ဆိုင်ဖွင့်တာ နှစ်လလောက်ပဲ ကြာသေးတယ်၊ ဒါတောင် သင်္ကြန်အတွင်း ဆိုင်ပိတ်ပြီး ကျိုင်းတုံဘက်ကို ဘုန်းကြီးသွားဝတ်နေတာ၊ သူသွားဝတ်တဲ့ နေရာကလည်း ကျိုင်းတုံမြို့ထဲမှာမဟုတ်ဘူး၊ တောထဲမှာလို့လည်းပြောတယ်၊ ဘုန်းကြီးထွက်ပြီး ဒီကို ပြန်ရောက်တာ မကြာသေးဘူး၊ ရက်ပိုင်းပဲ ရှိသေးတာ၊ ဆိုင်ကိုတော့ မနေ့ကမှ ဖွင့်တယ်၊ ဒီနေ့ လုပ်ကြံခံရတယ်ဆိုတော့ စဉ်းစားစရာပဲ"ဟု သိရသည်။

အခုလို သေဆုံးသွားတာနဲ့ပတ်သက်၍"သူ့မှာ နက်နက်ရှိုင်းရှိုင်း အကြောင်းအရာတွေ ရှိမယ်လို့ထင်တယ်ဗျ၊ တာချီလိတ်မှာက တော်ရုံကိစ္စတွေဆိုရင် သေနတ်နဲ့ဖြေရှင်းတယ်ဆိုတာ မကြားဖူးဘူး၊ ခုက လူငယ်ဆိုတော့ လူငယ်ကိစ္စလား အခြားကိစ္စလား ဆိုတာကိုတော့ စဉ်းစားစရာပဲဗျ၊ ဘာပဲဖြစ်ဖြစ် မြို့လယ်ခေါင်မှာ ဒီလိုဖြစ်သွားတယ်ဆိုတော့ ကိုယ့်ကိုကိုယ် မလုံခြုံတော့သလိုခံစားလိုက်ရတယ်"ဟု အခင်းဖြစ်ရာနေရာသို့ လာရောက်ကြည့်ရှု့သူ အမျိုးသားတစ်ဦးမှလည်း ပြောကြားသွားသည်။

လာရောက်ပစ်ခတ်သူအား ရုတ်တရက် မြင်တွေ့လိုက်ရသူတစ်ဦးမှလည်း " ဆိုင်ထဲမှာ သေနတ်သံ သုံးချက်ကြားရတော့ ကျွန်တော်တို့ ထင်တာက ကလေးတွေ ဗျောက်ဖောက်နေကြတယ်လို့ ထင်တာ၊ သွားကြည့်လိုက်တော့ ဆံပင်ညှပ်ဆရာ သေနေတာကို တွေ့လိုက်ရတယ်၊ သွားမကြည့်ခင် အသံကြားကြားချင်း ဆိုင်ပြင်ကို ထွက်ကြည့်လိုက်တာ ဆံပင်ညှပ်ဆိုင်ထဲကနေ ဦးထုပ်ဆောင်းထားတဲ့ လူတစ်ယောက် အေးအေးဆေးဆေးထွက်လာပြီး ကျွန်တော်တို့ဘက်ကို တစ်ချက်ကြည့်သွားပြီး ဆိုင်ကယ်နဲ့ မောင်းထွက်သွားတာကိုတွေ့လိုက်ရတယ်၊ အဲ့ဒီလူပုံစံအတိုင်းပဲ ဒီရက်ပိုင်းက ဒီနေရာကို ဝှေ့လည် ဝှေ့လည် လုပ်နေတာကိုတော့ သတိထားမိတယ်"ဟု ပြောကြားလာသည်။

ဆံပင်ညှပ်ခံနေသူမှာ အနီးအနား၏ ပြောဆိုချက်အရ ကြောက်ကြောက်လန့်လန့်ဖြင့် ထွက်ပြေးသွားခဲ့သည်ဟုလည်း သိရသည်။

ပုံများကိုကြည့်ရန်


Tuesday, April 9, 2013

ဧပြီလ(၈)ရက်နေ့ နေ့လည်(၁)နာရီခန့်က တာချီလိတ်မြို့မှာ သင်္ကြန်ကာလအတွင်း ရေကစားနေကြ နေရာဖြစ်တဲ့ ပုန်းထွန်ချောင်းမှာ လူတစ်ဦး ရေနစ်သေဆုံးကြောင်း သိရပါတယ်။


သေဆုံးသူသည် အသက်(၂၈)နှစ်အရွယ် မျိုးကျော်သူ(ခ)ရာဇာ ဖြစ်ကြောင်း သိရပြီး ၎င်းအနေဖြင့် အရက်မူးကာ ကျောက်ဆောင်ပေါ်မှ ရေထဲသို့ ဒိုင်ဗင်ထိုးအချ ရေထဲမှ ကျောက်တုံးနှင့် နဖူးသွားရိုက်မိပြီး နဖူးကွဲသွားကာ ရေထဲမှာပဲ သတိလစ်ပြီး ရေစီးကြောင်းအတိုင်း မျှောပါရင်း ရေမွမ်းသေဆုံးသွားဟန်ရှိကြောင်း ချောင်းအတွင်း
 ရေကစားနေသူများက ဆိုပါတယ်။

ရေထဲမှာ နဖူးကွဲသွားပြီး သတိလစ်သွားကာ ရေစီးကြောင်းအတိုင်း ပါသွားခဲ့တာကြောင့် ဖြစ်ဖြစ်ချင်းမှာ ချောင်းအတွင်းရှိလုံခြုံရေး တာဝန်ရှိသူများက ရေထဲသို့ ဆင်း၍ရှာဖွေသော်လည်း တော်တော်နှင့်မတွေ့ရပဲ (၂၄)နာရီခန့်ကြာပြီးနောက် ယနေ့ နေ့လည်(၁)နာရီဝန်းကျင်မှာ သေဆုံးသူရဲ့ အလောင်းကို အဆိုပါချောင်းအတွင်းမှ ပြန်လည် ရှာဖွေတွေ့ရှိကာ ဆယ်ယူနိုင်ခဲ့ကြတာဖြစ်ကြောင်း သိရပါတယ်။

{13.4.2012က ရေနစ်သွားသူအား ရှာဖွေနေပုံ}

ယခု သေဆုံးသွားတဲ့နေရာဟာ ပြီးခဲ့သော ၂၀၁၂ခုနှစ် ဧပြီ (၁၃)ရက်နေ့က ကလေးလေးတစ်ယောက် ရေနစ်မျှောပါသေဆုံးသွားတဲ့ နေရာရဲ့ အနီးအနားမှာဖြစ်ကြောင်း သိရပါတယ်။ ရေနစ်သေဆုံးသူကို ရှာဖွေတွေ့ရှိပြီးနောက် ဆေးရုံသို့ သယ်ယူသွားကာ ရင်ခွဲစစ်ဆေးခြင်းများပြုလုပ်ပြီး သေဆုံးသူရဲ့ နာရေးကိစ္စကို တာချီလိတ်မြို့ရှိ မဇ္ဈိမလူမှုကူညီရေးအသင်းမှ ကူညီဆောင်ရွက်ပေးမှာဖြစ်ပြီး နက်ဖြန်မှာ သင်္ဂြိုဟ်မှာ ဖြစ်ကြောင်းသိရပါတယ်။

လွန်ခဲ့သောတစ်နှစ်က ရေထဲမျှောပါသေဆုံးသွားတဲ့ ကလေးလေးအကြောင်းအား သရုပ်ဖော်ရေးသားထားတဲ့ ဆောင်းပါးအား ဖတ်ရှုလိုလျှင် ---> ရေထဲကျသွားတဲ့ မျက်ရည်

ပုံများကိုကြည့်ရန်

Update News: ( 10.4.2013)
မနေ့က ရေနစ်သေဆုံးသူ ကိုရာဇာ ဟာ ရေငုပ်ကျွမ်းကျင်သူဖြစ်ပြီး လွန်ခဲ့သော တစ်နှစ်က ပုန်းထွန်ချောင်းမှာ ရေနစ်သေဆုံးသွားတဲ့ ကလေးလေးရဲ့ အလောင်းကို ဆယ်ယူပေးခဲ့သူဖြစ်ကြောင်း သိရပြီး ၎င်းအနေဖြင့် ရေကူး ရေငုပ် ကျွမ်းကျင်သော်လည်း ယခုအခါမှာတော့ ကျောက်တုံးနဲ့ သွားရိုက်မိတဲ့ ဒဏ်ကြောင့် ရေထဲမှာ သတိလစ်ပြီး မျောပါသွားခဲ့တဲ့အပြင်  ရှာဖွေတွေ့ရှိမှုနောက်ကျသွားတာကြောင့် အခုလို သေဆုံးရတာဖြစ်တယ်လို့ သေဆုံးသူရဲ့အသိမိတ်ဆွေများက ပြောပါတယ်။

ပုန်းထွန်ချောင်းမှာ ရေနစ်သေဆုံးသူဟာ  နှစ်စဉ်လိုရှိနေပြီး အန္တရာယ်ရှိသည် ဆိုတဲ့ နေရာရဲ့ အထက်မှာ ဆိုင်ခန်းများ ဖွင့်လှစ်ပေးထားခြင်းကြောင့် စားသုံးသူများအနေနဲ့ ရေဆင်းကစားရာကနေ အခုလို မဖြစ်သင့်တာတွေဖြစ်တာလို့လည်း ဆိုပြန်ပါတယ်။
Tachileik Online News

Wednesday, February 6, 2013

၂၀၁၃ခုနှစ် ဖေဖော်ဝါရီ(၆)ရက် ညနေ(၄)နာရီဝန်းကျင်က တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားအနီး မင်္ဂလာပါ ဥယျာဉ်ထဲရှိ ရေကန်မှာ လူတစ်ဦးရေနစ်သေဆုံးနေကြောင်း သိရှိရပါတယ်။

သေဆုံးသူသည် အသက်(၄၀)၀န်းကျင်ခန့်ရှိသောသူဖြစ်ပြီး အဆိုပါရေကန်ထဲတွင် မည်သည့်အချိန်က ရေနစ်သေဆုံးနေကြောင်းမသိရသော်လည်း မင်္ဂလာပါ ဥယျာဉ်ဘေးအနီးအနားရှိ လူတစ်ဦးမှ ပြောကြားလာရာမှာ"ဒီလူကို အရင်ကမြင်ဖူးတယ် နည်းနည်းပိန်တယ်၊ အခုက နည်းနည်းဖောင်းနေတယ်ဆိုတော့ ရေနစ်နေတာ ဒီရက်ပိုင်းကလိုပဲ ထင်တယ်၊ ဘာကြောင့်ခုလိုဖြစ်လည်းဆိုတာတော့ ကျွန်တော်တို့လည်းမသိဘူး အရက်မူးပြီး ရေထဲခုန်ချလားဆိုတာကတော့ စဉ်းစားစရာပဲဗျ"ဟု ပြောကြားလာပါတယ်။

 ရေထဲမှ ဆယ်ယူလာသော အလောင်းအား သက်ဆိုင်ရာမှ သေမှုသေခင်းအဖြစ် ဆက်လက် လုပ်ဆောင်နေကြတာကိုလည်းတွေ့ခဲ့ရပါတယ်။

Friday, September 7, 2012

တာချီလိတ်မြို့နယ် ရပ်ကွက်များအတွင်း မှု့ခင်းကင်းစင်ရက်သတ္တပတ် ( Crime Free Week ) စီမံချက်အဖြစ် ၂၀၁၂ခုနှစ် ဇူလိုင်(၁၀)ရက်နေ့မှစ၍ ပြုလုပ်နေလျက်ရှိရာ ယခုအကြိမ်သည် စတုတ္တအကြိမ်မြောက်ဖြစ်ကြောင်း သိရှိရသည်။


မှု့ခင်းကင်းစင်ရက်သတ္တပတ် ( Crime Free Week ) စီမံချက်ရဲ့ စတုတ္တမြောက်အဖြစ် မကာဟိုခမ်းရပ်ကွက် တွင် စက်တင်ဘာ(၈)ရက်နေ့မှ စက်တင်ဘာ(၁၄)ရက်နေ့ထိ ပြုလုပ်မည်ဖြစ်သည်။



ယခု မှု့ခင်းကင်းစင်ရက်သတ္တပတ် ( Crime Free Week ) စီမံချက်၏ တွေ့ဆုံဆွေးနွေးဟောပြောပွဲ အခမ်းအနားသို့ လူကုန်ကူးမှုတားဆီးနိမ်နင်းရေးအဖွဲ့မှ ဒုရဲမှူး ယဉ်ယဉ်အေး၊ မြို့နယ် စခန်းမှူး ရဲအုပ် အောင်ဇင်၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေးမှ ဒုရဲအုပ် ရွှေလင်း၊ မြို့နယ်လ၀ကမှ ဒုလ၀ကမှူး စိန်လင်း၊ နယ်ထိန်းတပ်ဖွဲ့မှ တပ်ကြပ်ကြီး အောင်စိုးမိုး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချူပ်ရေးမှူး ဦးစိုင်းခမ်းသြ နှင့် မကာဟိုခမ်းရပ်ကွက်အတွင်းရှိ ပြည်သူ့စစ်များ အပါအ၀င် ရပ်ကွက်အတွင်းတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


အဆိုပါအခမ်းအနားတွင် ၎င်းတို့မှ ရပ်ကွက်အတွင်းပြည်သူများအနေဖြင့် သိသင့် ရှောင်သင့်သည့်အကြောင်းအရာများကို ဟောပြောခဲ့ကြသည်။ ဟောပြောမှုများအပြီးတွင် လူမှောင်ခိုကူးခြင်းနှင့်ပတ်သက်၍ သိသင့်သည့် လက်ကမ်းစာရွက်များကို အခမ်းအနားသို့ တက်ရောက်လာသူများအား ပေးဝေခဲ့ကြသည်။


မှု့ခင်းကင်းစင်ရက်သတ္တပတ် စီမံချက်ပြုလုပ်ခဲ့ပြီးသော ရပ်ကွက်များမှာ
  • ( ၁ ) ၀မ်ကောင်းရပ်ကွက်
  • ( ၂ ) ပုန်းထွန်ရပ်ကွက်
  • ( ၃ ) တာလော့ရပ်ကွက်

(၄)ကြိမ်မြောက်မှာ ယခုစီမံချက်တွင် ပါဝင်သည့် မကာဟိုခမ်းရပ်ကွက်ဖြစ်ပါသည်။

ပုံများကို ကြည့်ရန်
မကာဟိုခမ်းရပ်ကွက်အတွင်း မှု့ခင်းကင်းစင်ရက်သတ္တပတ် စီမံချက် 12 photos
 တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net

Wednesday, August 8, 2012

၈.၈.၂၀၁၂ ည ၂၃း၃၀ချိန်ခန့်၌် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်တွင် အသက် ( ၂၇ )နှစ်အရွယ်ရှိသော ကိုကိုလွင်သည် မိမိကိုယ်ကိုယ် ကြိုးဆွဲချသေဆုံးသွားကြောင်းသိရှိရသည်။


ကြိုးဆွဲချသေဆုံးသူ၏ အလောင်းအား ကြိုးဖြတ်ပြီး ရင်ခွဲရုံသို့ သယ်ယူပို့ဆောင်ရန်အတွက် မြို့နယ်ရဲစခန်းမှ အလင်းရောင်ပရဟိတအသင်းအား အကူညီတောင်းလာ၍ အလင်းရောင်ပရဟိတအသင်းမှ သွားရောက်ကာ 9.8.2012 1:30AM ခန့်တွင် အလောင်းအား သယ်ယူပြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။

တာချီလိတ်မြို့တွင် ပြီးခဲ့သော ဇူလိုင်လ နှင့် ယခုသြဂုတ်လတွင်းတွင် မိမိကိုယ်ကိုယ် သတ်သေမှု (၄)မှုရှိခဲ့သည်။ မိမိကိုယ်ကိုယ် ကြိုးဆွဲချသေဆုံးမှု ( ၃)မှုနှင့် မိမိကိုယ်ကိုယ် လည်လှီးသေဆုံးမှု (၁)မှု တို့ ရှိခဲ့ကြောင်း သိရှိရပါသည်။

ပုံများကိုကြည့်ရန်
တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net

Saturday, July 28, 2012

ဇူလိုင်(၂၆)ရက် ည ၈နာရီ ၄၅မိနစ်ခန့်တွင် ပုန်းထွန် (၁)လမ်းပေါ်၌ ဆိုင်ကယ်ခိုးယူလာသူဟု မသင်္ကာဖွယ်ရှိသူထံမှ ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။


၂၀၁၂ခုနှစ် ဇူလိုင်(၂၆)ရက်နေ့ ညပိုင်းတွင် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မြင့်ထွေး ခေါင်းဆောင်သော နယ်ထိန်းတပ်ကြပ်အေးမြင့်၊ ဒုတပ်ကြပ် ဇော်မိုးမင်းတို့ နှင့် ပုန်းထွန်ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် မှု့ခင်းကင်းစင်ရက်သတ္တပတ်(Crime Free Week)စီမံချက်အရ လှည့်ကင်းဆောင်ရွက်ရင်း တာချီလိတ်မြို့နယ်
ပုန်းထွန်ရပ်ကွက်၊ (၁)လမ်းပေါ်တွင် Honda Wave 110 ကို မောင်းနင်လာသူ အသက်(၂၁)နှစ်အရွယ် အမျိုးသားတစ်ဦးအား မသင်္ကာဖွယ်တွေ့ရှိရ၍ တားမြစ်စစ်ဆေးမေးမြန်းရာမှ ၎င်းမောင်းနင်လာသော ဆိုင်ကယ်မှာ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသဖြင့် အခြားတစ်နေရာမှ ခိုးယူလာသည်ဟု မသင်္ကာ၍ ဆိုင်ကယ်အား သိမ်းဆည်းကာ ၎င်းအား ဥပဒေအရ အရေးယူ
ဆောင်ရွက်လိုက်ကြောင်း သတင်းရရှိပါသည်။

မှု့ခင်းကင်းစင်ရက်သတ္တပတ် (Crime Free Week)စီမံချက်အဖြစ် ပုန်းထွန်ရပ်ကွက်အတွင်း ကင်းလှည့်ရာ ပြီးခဲ့သော ဇူလိုင်(၂၁)ရက်နေ့ ညပိုင်းတွင် စိတ်ကြွရူးသွပ်ဆေးပြား(၂၄)ပြားနှင့် ဘိန်းဖြူ (၄)ဂရမ် ကို ဖမ်းဆီးရမိပြီး ယခု ဇူလိုင်(၂၅)တွင် ဆိုင်ကယ်ခိုးသူဟု ယူဆရသော လူအား ဖမ်းဆီးရမိသည်။ ယခု အမှုအပါအ၀င် ဆိုင်ကယ်ခိုးယူသူဟု ယူဆရသော ဆိုင်ကယ်ခိုးမှု(၂)မှုနှင့် အထက်ပါမူးယစ်ဆေးဝါးများကို ပုန်းထွန်ရပ်ကွက်အတွင်း မှု့ခင်းကင်းစင်ရက်သတ္တပတ် (Crime Free Week)စီမံချက်၌ ဖမ်းဆီးရမိသည်။

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net

Wednesday, July 25, 2012

ဇူလိုင်(၂၅)ရက် နေ့လည်(၂)နာရီဝန်းကျင်တွင် ထိုင်းနိုင်ငံသားတစ်ဦးဖြစ်သူသည် တာချီလိတ်မြို့တွင်း တစ်နေရာမှ ဆိုင်ကယ်တစ်စီးအား ခိုးယူလာသည်ဟု ယူဆရ၍ ၎င်းအား ဖမ်းဆီးအရေးယူလိုက်ကြောင်း သိရှိရသည်။


၂၀၁၂ခုနှစ် ဇူလိုင်(၂၅)ရက် နေ့လည်(၂)နာရီဝန်းကျင်တွင် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မြင့်ထွေး ခေါင်းဆောင်သော နယ်ထိန်းတပ်ကြပ်ကြီး အောင်စိုးမိုး၊ ဒုတပ်ကြပ် ဇော်မိုးမင်းတို့ နှင့် ပုန်းထွန်ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် မှု့ခင်းကင်းစင်ရက်သတ္တပတ်
(Crime Free Week)စီမံချက်အရ လှည့်ကင်းဆောင်ရွက်ရင်း တာချီလိတ်မြို့နယ် ပုန်းထွန်ရပ်ကွက်၊ ဗေဒါလမ်း၊ နန္ဒဝန်တည်းခိုခန်းရှေ့ လမ်းမပေါ်တွင် မသင်္ကာသည်ဟုယူဆရသော ကားဆိုင်ကယ်များကို ရပ်တန့်စစ်ဆေးနေစဉ် အညို/အနက်ရောင် Honda Click အမျိုးအစား (၁)စီးအား မောင်းနင်လာသော အသက်(၃၅)နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသားတစ်ဦးသည် မသင်္ကာဖွယ်ရာဖြစ်နေ၍ ၎င်းအား စစ်ဆေးမှုများပြုလုပ်ရာတွင် ဆိုင်ကယ်မှာ ၎င်းအနေဖြင့် ပိုင်ဆိုင်မှုအထောက်အထား တစ်စုံတစ်ရာပြသနိုင်ခြင်း မရှိသဖြင့် ခိုးယူလာသည်ဟု ယူဆရသည်ဖြစ်တာကြောင့် ၎င်းအား ဆိုင်ကယ်နှင့်အတူ ဥပဒေအရ ဖမ်းဆီး အရေးယူလိုက်ကြောင်း သိရသည်။

တရားခံမှာ မယ်ဆိုင်မြို့ ပါးရန်းရပ်ကွက်တွင် နေထိုင်ကြောင်း သိရှိရပြီး တာချီလိတ်မြို့တွင်လည်း
နေထိုင်ကြောင်း သိရှိရသည်။

ယခုကဲ့သို့ မှု့ခင်းကင်းစင်ရက်သတ္တပတ် (Crime Free Week)စီမံချက်အဖြစ် ပုန်းထွန်တွင် ကင်းလှည့်ရာ ပြီးခဲ့သော ဇူလိုင်(၂၁)ရက်နေ့ ညပိုင်းတွင် စိတ်ကြွရူးသွပ်ဆေးပြား(၂၄)ပြားနှင့် ဘိန်းဖြူ (၄)ဂရမ် ကို ဖမ်းဆီးရမိပြီး ယခု ဇူလိုင်(၂၅)တွင် ဆိုင်ကယ်ခိုးသူဟု ယူဆရသော လူအား ဖမ်းဆီးရမိသည်။

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net