Latest News

Dropdown Menu

Showing posts with label ကြက်ခြေနီ. Show all posts
Showing posts with label ကြက်ခြေနီ. Show all posts

Monday, February 25, 2013

တာချီလိတ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့က မြို့ပြဘေးအန္တရာယ်လျော့ပါးရေး အစီအစဉ်များကို
 ဖေဖော်ဝါရီလ(၂၃)ရက်နေ့မှ (၂၇)ရက်နေ့ထိ ရပ်ကွက်နှစ်ခုမှာ ပြုလုပ်လျှက်ရှိကြောင်း သိရပါတယ်။



မြို့ပြဘေးအန္တရာယ်လျော့ပါးရေးအစီအစဉ်(နေပြည်တော်)ကို စီမံချက်အဖြစ် မယ်ခေါင်ရပ်ကွက်နဲ့ ပါလျှံ(၁)ရပ်ကွက်တို့မှာ ပြုလုပ်တာဖြစ်ပြီး တစ်နေ့ကို ရပ်ရွာလူထု(၃၀)ဦးနဲ့ တာချီလိတ်မြို့နယ် ကြက်ခြေနီတပ်ရင်းမှ နည်းပြ(၅)ဦးတို့က အခြေခံရှေးဦးပြုစုခြင်းသင်တန်းကိုပါ ပူးတွဲ့ ပို့ချခဲ့တယ်လို့ သိရှိရပါတယ်။

ပုံများကို ကြည့်ရန်

Sunday, November 25, 2012

မြန်မာနိင်ငံကြက်ခြေနီအသင်းရုံးချုပ်မှ မြို့ပြဘေးအန္တရာယ်လျော့ပါးရေးအစီအစဉ်များကို တာချီလိတ်မြို့နယ် မယ်ခေါင်ရပ်ကွက်မှာ နိုဝင်ဘာ(၂၅)ရက်မှ နိုဝင်ဘာ(၂၆)ရက်ထိ ပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။

ဆက်လက်၍  မြို့ပြဘေးအန္တရာယ်လျော့ပါးရေး အစီအစဉ်များကို ပြုလုပ်နိုင်ရန်အတွက် မယ်ခေါင်ရပ်ကွက်အတွင်း၌ ရပ်ကွက်ဘေးအန္တရာယ်လျော့ချရေး ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းနိုင်ခဲ့ကြောင်းသိရှိရပါတယ်။


အဆိုပါ ဘေးအန္တရာယ်လျော့ပါးရေး အစီအစဉ်များပြုလုပ်ရာမှာ  မြန်မာနိင်ငံကြက်ခြေနီအသင်းရုံးချုပ်မှ ဘေးဒုက္ခစီမံခန့်ခွဲရေးဌာန စီမံကိန်းညှိနှိုင်းရေးမှူး ဒေါ်မိုးသီတာဝင်း ၊ ဦးစီးမှူး(ပြည်နယ်)ကျိုင်းတုံ၊ ဦးစီးမှူး(ဒု)တာချီလိတ်နှင့် တာချီလိတ်ကြက်ခြေနီတပ်ဖွဲ့ဝင်များမှပါဝင်၍ ဘေးအန္တရာယ်လျော့ပါးရေး အစီအစဉ်များကိုပြုလုပ်ခဲ့ကြပြီး မယ်ခေါင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းအွတ် နှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များမှလည်း ၀င်ရောက်ကူညီပေးကြတာကို တွေ့ရှိရပါတယ်။

အထက်ပါအစဉ်အစီအတိုင်း နိုဝင်ဘာ(၂၃/၂၄)ရက်များတွင်လည်း ဆန်ဆိုင်းရပ်ကွက်မှာ ပြုလုပ်ခဲ့ပြီး ဘေးအန္တရာယ်လျော့ပါးရေး အစီအစဉ်များကို တာချီလိတ်မြို့ရှိ ဆန်ဆိုင်းရပ်ကွက် နှင့် မယ်ခေါင်ရပ်ကွက်စသည့် ရပ်ကွက်(၂)ခုတည်းသာ ပြုလုပ်တာဖြစ်ပါတယ်။

သတင်းဓါတ်ပုံများကို ကြည့်ရန်

Friday, November 23, 2012

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဌာနချုပ်၊ ဘေးဒုက္ခစီမံခန့်ခွဲရေးဌာနမှ လာရောက်၍ တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက်တွင် မြို့ပြဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးအစီအစဉ်ကို  နိုဝင်ဘာ(၂၃)မှ နိုဝင်ဘာ(၂၄)ထိ (၂)ရက် သတ်မှတ်ထားပြီး  နံနက်(၉)နာရီမှ ညနေ(၄)နာရီထိ ပို့ချလျှက်ရှိပါတယ်။


 မြို့ပြဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးအစီစဉ်သို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ဘေးဒုက္ခစီမံခန့်ခွဲရေးဌာန၊( ကြက်ခြေနီရုံးချုပ်) စီမံကိန်းညှိနှိုင်းရေးမှူး ဒေါ်မိုးသီတာဝင်း နှင့်အဖွဲ့၊ ဦးစီးမှူး(ကျိုင်းတုံ)ဦးစိုင်းကိုကိုအောင်၊ ဒု-ဦးစီးမှူး (တာချီလိတ်ခရိုင်) ဦးဘမိုးမြင့် နှင့် တာချီလိတ်မြို့ရှိ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ပညာပေးအစီအစဉ်များကို ပို့ချကြပြီး ဆန်ဆိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းဆင် နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များမှလည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနေကြသည်ကို တွေ့ရှိရပါတယ်။
 

အသိပညာပေးအစီအစဉ်သို့ ဆန်ဆိုင်းရပ်ကွက်အတွင်းမှ လူဦးရေ(၃၀)ကျော် လာရောက်၍ လေ့လာမှတ်သားကြတာကို တွေ့ရှိရပြီး အသိပညာပေးအစီအစဉ် ပို့ချသည့်နေရာမှာ နဂါးနှစ်ကောင်ဘုန်းကြီးကျောင်း အနောက်ဘက်ရှိ ဆန်ဆိုင်းရပ်ကွက်ရုံးမှာပဲ ပြုလုပ်တာဖြစ်ပါတယ်။

 

မြို့ပြဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးအစီအစဉ်၌ မုန်တိုင်းအန္တရာယ်၊ ငလျင်အန္တရာယ်၊ ရေလွှမ်းမိုးမှုအန္တရာယ် နှင့် မီးလောင်မှုအန္တရာယ် စသည့် အကြောင်းအရာများအပြင် ရုတ်တရက်ဖြစ်ပေါ်လာသော ဘေးအန္တရာယ်များကြုံတွေ့လာပါက အကာအကွယ်ယူခြင်း၊ ကြိုတင်ပြင်ဆင်နိုင်ခြင်း စသည့် မြို့ပြဘေးဒုက္ခလျော့ပါးရေးများ အသိပညာပေးများနှင့် အခြားအကြောင်းအရာများကို သင်ကြားပို့ချမှာဖြစ်ကြောင်း သိရှိရပါတယ်။

 
်မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ဘေးအန္တရာယ်လျော့ပါးရေး ပညာပေးအစီအစဉ်များအနေဖြင့် တာချီလိတ်မြို့၌ ကျေးရွာအခြေပြုဘေးအန္တရာယ်လျော့ပါးရေးသင်တန်းများနှင့် ကျောင်းအခြေပြုဘေးအန္တရာယ် လျော့ပါးရေး သင်တန်းများကို ပို့ချပေးခဲ့ပြီး ယခုမှာ  မြို့ပြဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးအစီအစဉ်အဖြစ် တာချီလိတ်မြို့ရှိ ဆန်ဆိုင်းရပ်ကွက်နှင့် မယ်ခေါင်ရပ်ကွက်မှာ ပြုလုပ်မှာဖြစ်ပါတယ်။



ဆန်ဆိုင်းရပ်ကွက်တွင် အသိပညာပေးအစီအစဉ်များ ပို့ချပြီးနောက် မယ်ခေါင်ရပ်ကွက်မှာလည်း အသိပညာပေး အစီအစဉ်များ ဆက်လက်ပို့ချမှာဖြစ်ပြီး တာချီလိတ်မြို့တွင် ထိုရပ်ကွက်နှစ်ခုတာ ပို့ချမှာဖြစ်တယ်လို့ ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

သတင်းဓါတ်ပုံများကိုကြည့်ရန်

Sunday, November 18, 2012

နိုဝင်ဘာ(၁၈)ရက်နေ့ နံနက်(၉း၁၅)နာရီမှ နံနက်(၉း၄၅)နာရီထိ အ.ထ.က(တာချီလိတ်) ကျောင်းခန်းမမှာ တာချီလိတ်မြို့ရှိ ကြက်ခြေနီတပ်ဖွဲ့မှ ရှေးဦးပြုစုခြင်း အခြေခံပညာ(ကျောင်းကြက်ခြေနီ)အမှတ်စဉ် (၁/၂၀၁၂) သင်တန်းဆင်းပွဲအခမ်းအနားကို ပြုလုပ်ခဲ့ကြပါတယ်။



အဆိုပါအခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစောလွင် အပါအ၀င် ဖိတ်ကြားထားသော ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်လာခဲ့ကြတာကို တွေ့ရပါတယ်။

 
ရှေးဦးပြုစုခြင်း အခြေခံပညာ(ကျောင်းကြက်ခြေနီ)သင်တန်းအဖြစ် ပို့ချခဲ့ကြသော ကျောင်းများကတော့ အ.ထ.က(တာချီလိတ်) နှင့် အ.ထ.က(ဆန်ဆိုင်း)တို့ ဖြစ်ကြပြီး အဆိုပါသင်တန်းအား တက်ရောက်သင်ကြားခဲ့သူများမှာ အ.ထ.က(တာချီလိတ်)မှ ကျောင်းသား/သူ စုစုပေါင်း (၁၁၃)ဦး နှင့် အ.ထ.က(ဆန်ဆိုင်း)မှ ကျောင်းသား/သူ  စုစုပေါင်း(၄၆)ဦး ကျောင်း(၂)ကျောင်း၏ တက်ရောက်သင်ကြားသူ စုစုပေါင်းမှာ (၁၅၉)ဦးရှိကြောင်း သိရပါတယ်။


 အခမ်းအနားတွင် ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစောလွင် (ခရိုင်ကြက်ခြေနီအသင်းကြီးကြပ်မှုကော်မတီဥက္ကဌ) မှ အ.ထ.က(ဆန်ဆိုင်းကျောင်း)အတွက် သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ပြီး ခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး နေမျိုးထွဋ် (ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး)မှ အ.ထ.က(တာချီလိတ်ကျောင်း)အတွက် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြပါတယ်။


ဆက်လက်ပြီး တာချီလိတ်ခရိုင်အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်နွေးနွေးလင်း နှင့် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး ဥက္ကဌ ဒေါ်ရွှေမိုးသူဇာ(ကိုယ်စား) တို့မှလည်း အဆိုပါ ကျောင်း(၂)ကျောင်းအား ရှေးဦးပြုစုခြင်း ဆေးသေတ္တာများကို လှူဒါန်းခဲ့ကြပါတယ်။


ယခုလို ကျောင်းကြက်ခြေနီသင်တန်းပို့ချရခြင်းမှာ ကြက်ခြေနီစိတ်ဓါတ်ကို အခြေခံပြီး အသိပညာ အလေ့အကျင့်များကို ကျောင်းသာ/သူအရွယ် သားငယ် သမီးငယ်တို့မှစ၍ ပြုစုပျိုးထောင်ပေးပြီး ၎င်းတို့မှအစပြု၍ ကလေးမှတဆင့်ကလေးသို့၊ မိဘဆွေမျိုးများ၊ ပြည်သူလူထုအတွင်းသို့ စသည်ဖြင့် ဆင့်ပွားပြန့်နှံ့စိမ့်ဝင်သွားစေရန်အတွက် မျှော်မှန်းဆောင်ရွက်တာဖြစ်ကြောင်း သိရပါတယ်။

မှတ်တမ်းဓါတ်ပုံများကို ကြည့်ရန်

Wednesday, October 31, 2012


မြန်မာနိုင်ငံကြက်ခြေနီအသင်း(နေပြည်တော်)မှ လမ်းညွှန်မှုနှင့်အညီ တာချီလိတ်ခရိုင်ကြက်ခြေနီတပ်ဖွဲ့ ဒု-ရဲမှူးကြီး အုန်းကျော် ( ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး )၏ ဦးဆောင်မှုဖြင့် အမှတ်စဉ် ၁/၂၀၁၂ အခြေခံရှေးဦးပြုစုခြင်း(ကျောင်းကြက်ခြေနီ)သင်တန်းကို တာချီလိတ်မြို့ရှိ အ.ထ.က(တာချီလိတ်) နှင့် အ.ထ.က(ဆန်ဆိုင်း)ကျောင်းတို့မှာ အောက်တိုဘာ(၃၁)ရက်နေ့မှ နိုဝင်ဘာ(၄)ရက်နေ့ထိ သင်တန်းပို့ချမှာဖြစ်တယ်လို့ သိရပါတယ်။









အ.ထ.ကကျောင်း နှစ်ကျောင်းရှိ ကျောင်းသား ကျောင်းသူများကို သင်တန်းပို့ချရာမှာ စစ်ရေးပြသင်တန်းကိုတော့ တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲတပ်ကြပ် ရဲနိုင်ထွန်း နဲ့ ရဲတပ်ကြပ် ဂီးဒို တို့က ပို့ချပေးတာဖြစ်ပြီး ရှေးဦးပြုစုခြင်း(ကျောင်းကြက်ခြေနီ)သင်တန်းကိုတော့ တာချီလိတ်ခရိုင် ကြက်ခြေနီတပ်ဖွဲ့မှ ဦးဘမိုးမြင့်(နည်းပြ/အဆင့်မြင့်)၊ ဦးစိန်အောင်မင်း(နည်းပြ၊ C.B.F.A. ) နဲ့ ဦးရှဲန်မုန့်(နည်းပြ၊ C.B.F.A. ) တို့က သင်ကြားပို့ချပေးတာဖြစ်ပါတယ်။



ယခုလို သင်ကြားပို့ချရာတဲ့နေရာများမှာ အ.ထ.က(တာချီလိတ်)ကျောင်း နဲ့ အ.ထ.က(ဆန်ဆိုင်း)ကျောင်းတို့မှာဖြစ်ပါတယ်။

Friday, October 12, 2012

၂၀၁၂ခုနှစ် အောက်တိုဘာ(၁၃)ရက်နေ့ နံနက်(၉း၃၀)နာရီမှ နံနက်(၉း၄၅)နာရီထိ တာချီလိတ်ခရိုင် မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့ရုံးမှာ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။

အဆိုပါအခမ်းအနားမှာ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဒေါက်တာစောလွင် နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ မြို့နယ် စခန်းမှူး ရဲအုပ် အောင်ဇင်၊ တာချီလိတ်မြို့အတွင်းရှိ လူမှုအကျိုးပြုအသင်းအဖွဲ့များ နှင့် ဆိုင်ကယ်အဌားယာဉ်(Taxi)ပြေးဆွဲသူများ စုစုပေါင်း အင်အား (၁၀၀)ခန့် တက်ရောက်လာကြတာကို တွေ့ရပါတယ်။




အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့နဲ့ ပတ်သက်၍ သိမှတ်ဖွယ်ရာများကို ဒေါက်တာ စောလွင်မှ ပြောကြာပြီးနောက်မှာတော့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးက မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးဒုက္ခစီမံခန့်ခွဲမှုဌာနမှ ပေးပို့လိုက်သော အရေးပေါ်သုံး သက်ကယ်ပစ္စည်းများကို ပေးအပ်ခြင်းအစီအစဉ်ကို စတင်ခဲ့ပါတယ်။



ယင်းကဲ့သို့ ပေးအပ်ရာမှာ ၂၀၁၂ခုနှစ် မေလ၊ ဇွန်လ နဲ့ ဇူလိုင်လအတွင်းက ကျောင်းအခြေပြုဘေးအန္တရာယ် လျော့ပါးရေး သင်တန်း နှင့် ကျေးရွာအခြေပြုဘေးအန္တရာယ် လျော့ပါးရေး သင်တန်းများတွင် တက်ရောက်သင်ကြားခဲ့သော သင်တန်းသူ/သားများရှိသော ကျောင်းများ ကျေးရွားများသို့ ခွဲဝေပေးအပ်ခြင်းဖြစ်ပါတယ်။

 ဘေးအန္တရာယ် လျော့ပါးရေး သင်တန်းသတင်းများအား ပြန်ဖတ်လိုလျှင်
  1. တာချီလိတ်မြို့ရှိ ကြက်ခြေနီတပ်ဖွဲ့မှ ကျေးရွာအခြေပြုဘေးအန္တရာယ် လျော့ပါးရေးသင်တန်းပို့ချ
  2. ပို့ချခဲ့သော သင်တန်းများအပေါ် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးဒုက္ခစီမံခန့်ခွဲရေးဌာန ညှိနှိုင်းရေးမှူး ဦးအောင်သောင်းရွှေ မှ ကွင်းဆင်းလေ့လာ

မှတ်တမ်းဓါတ်ပုံများကို ကြည့်ရန်