Latest News

Dropdown Menu

Showing posts with label Crime Free Week. Show all posts
Showing posts with label Crime Free Week. Show all posts

Friday, September 7, 2012

တာချီလိတ်မြို့နယ် ရပ်ကွက်များအတွင်း မှု့ခင်းကင်းစင်ရက်သတ္တပတ် ( Crime Free Week ) စီမံချက်အဖြစ် ၂၀၁၂ခုနှစ် ဇူလိုင်(၁၀)ရက်နေ့မှစ၍ ပြုလုပ်နေလျက်ရှိရာ ယခုအကြိမ်သည် စတုတ္တအကြိမ်မြောက်ဖြစ်ကြောင်း သိရှိရသည်။


မှု့ခင်းကင်းစင်ရက်သတ္တပတ် ( Crime Free Week ) စီမံချက်ရဲ့ စတုတ္တမြောက်အဖြစ် မကာဟိုခမ်းရပ်ကွက် တွင် စက်တင်ဘာ(၈)ရက်နေ့မှ စက်တင်ဘာ(၁၄)ရက်နေ့ထိ ပြုလုပ်မည်ဖြစ်သည်။



ယခု မှု့ခင်းကင်းစင်ရက်သတ္တပတ် ( Crime Free Week ) စီမံချက်၏ တွေ့ဆုံဆွေးနွေးဟောပြောပွဲ အခမ်းအနားသို့ လူကုန်ကူးမှုတားဆီးနိမ်နင်းရေးအဖွဲ့မှ ဒုရဲမှူး ယဉ်ယဉ်အေး၊ မြို့နယ် စခန်းမှူး ရဲအုပ် အောင်ဇင်၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေးမှ ဒုရဲအုပ် ရွှေလင်း၊ မြို့နယ်လ၀ကမှ ဒုလ၀ကမှူး စိန်လင်း၊ နယ်ထိန်းတပ်ဖွဲ့မှ တပ်ကြပ်ကြီး အောင်စိုးမိုး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချူပ်ရေးမှူး ဦးစိုင်းခမ်းသြ နှင့် မကာဟိုခမ်းရပ်ကွက်အတွင်းရှိ ပြည်သူ့စစ်များ အပါအ၀င် ရပ်ကွက်အတွင်းတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


အဆိုပါအခမ်းအနားတွင် ၎င်းတို့မှ ရပ်ကွက်အတွင်းပြည်သူများအနေဖြင့် သိသင့် ရှောင်သင့်သည့်အကြောင်းအရာများကို ဟောပြောခဲ့ကြသည်။ ဟောပြောမှုများအပြီးတွင် လူမှောင်ခိုကူးခြင်းနှင့်ပတ်သက်၍ သိသင့်သည့် လက်ကမ်းစာရွက်များကို အခမ်းအနားသို့ တက်ရောက်လာသူများအား ပေးဝေခဲ့ကြသည်။


မှု့ခင်းကင်းစင်ရက်သတ္တပတ် စီမံချက်ပြုလုပ်ခဲ့ပြီးသော ရပ်ကွက်များမှာ
  • ( ၁ ) ၀မ်ကောင်းရပ်ကွက်
  • ( ၂ ) ပုန်းထွန်ရပ်ကွက်
  • ( ၃ ) တာလော့ရပ်ကွက်

(၄)ကြိမ်မြောက်မှာ ယခုစီမံချက်တွင် ပါဝင်သည့် မကာဟိုခမ်းရပ်ကွက်ဖြစ်ပါသည်။

ပုံများကို ကြည့်ရန်
မကာဟိုခမ်းရပ်ကွက်အတွင်း မှု့ခင်းကင်းစင်ရက်သတ္တပတ် စီမံချက် 12 photos
 တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net

Saturday, July 28, 2012

ဇူလိုင်(၂၆)ရက် ည ၈နာရီ ၄၅မိနစ်ခန့်တွင် ပုန်းထွန် (၁)လမ်းပေါ်၌ ဆိုင်ကယ်ခိုးယူလာသူဟု မသင်္ကာဖွယ်ရှိသူထံမှ ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။


၂၀၁၂ခုနှစ် ဇူလိုင်(၂၆)ရက်နေ့ ညပိုင်းတွင် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မြင့်ထွေး ခေါင်းဆောင်သော နယ်ထိန်းတပ်ကြပ်အေးမြင့်၊ ဒုတပ်ကြပ် ဇော်မိုးမင်းတို့ နှင့် ပုန်းထွန်ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် မှု့ခင်းကင်းစင်ရက်သတ္တပတ်(Crime Free Week)စီမံချက်အရ လှည့်ကင်းဆောင်ရွက်ရင်း တာချီလိတ်မြို့နယ်
ပုန်းထွန်ရပ်ကွက်၊ (၁)လမ်းပေါ်တွင် Honda Wave 110 ကို မောင်းနင်လာသူ အသက်(၂၁)နှစ်အရွယ် အမျိုးသားတစ်ဦးအား မသင်္ကာဖွယ်တွေ့ရှိရ၍ တားမြစ်စစ်ဆေးမေးမြန်းရာမှ ၎င်းမောင်းနင်လာသော ဆိုင်ကယ်မှာ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသဖြင့် အခြားတစ်နေရာမှ ခိုးယူလာသည်ဟု မသင်္ကာ၍ ဆိုင်ကယ်အား သိမ်းဆည်းကာ ၎င်းအား ဥပဒေအရ အရေးယူ
ဆောင်ရွက်လိုက်ကြောင်း သတင်းရရှိပါသည်။

မှု့ခင်းကင်းစင်ရက်သတ္တပတ် (Crime Free Week)စီမံချက်အဖြစ် ပုန်းထွန်ရပ်ကွက်အတွင်း ကင်းလှည့်ရာ ပြီးခဲ့သော ဇူလိုင်(၂၁)ရက်နေ့ ညပိုင်းတွင် စိတ်ကြွရူးသွပ်ဆေးပြား(၂၄)ပြားနှင့် ဘိန်းဖြူ (၄)ဂရမ် ကို ဖမ်းဆီးရမိပြီး ယခု ဇူလိုင်(၂၅)တွင် ဆိုင်ကယ်ခိုးသူဟု ယူဆရသော လူအား ဖမ်းဆီးရမိသည်။ ယခု အမှုအပါအ၀င် ဆိုင်ကယ်ခိုးယူသူဟု ယူဆရသော ဆိုင်ကယ်ခိုးမှု(၂)မှုနှင့် အထက်ပါမူးယစ်ဆေးဝါးများကို ပုန်းထွန်ရပ်ကွက်အတွင်း မှု့ခင်းကင်းစင်ရက်သတ္တပတ် (Crime Free Week)စီမံချက်၌ ဖမ်းဆီးရမိသည်။

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net

Wednesday, July 25, 2012

ဇူလိုင်(၂၅)ရက် နေ့လည်(၂)နာရီဝန်းကျင်တွင် ထိုင်းနိုင်ငံသားတစ်ဦးဖြစ်သူသည် တာချီလိတ်မြို့တွင်း တစ်နေရာမှ ဆိုင်ကယ်တစ်စီးအား ခိုးယူလာသည်ဟု ယူဆရ၍ ၎င်းအား ဖမ်းဆီးအရေးယူလိုက်ကြောင်း သိရှိရသည်။


၂၀၁၂ခုနှစ် ဇူလိုင်(၂၅)ရက် နေ့လည်(၂)နာရီဝန်းကျင်တွင် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မြင့်ထွေး ခေါင်းဆောင်သော နယ်ထိန်းတပ်ကြပ်ကြီး အောင်စိုးမိုး၊ ဒုတပ်ကြပ် ဇော်မိုးမင်းတို့ နှင့် ပုန်းထွန်ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် မှု့ခင်းကင်းစင်ရက်သတ္တပတ်
(Crime Free Week)စီမံချက်အရ လှည့်ကင်းဆောင်ရွက်ရင်း တာချီလိတ်မြို့နယ် ပုန်းထွန်ရပ်ကွက်၊ ဗေဒါလမ်း၊ နန္ဒဝန်တည်းခိုခန်းရှေ့ လမ်းမပေါ်တွင် မသင်္ကာသည်ဟုယူဆရသော ကားဆိုင်ကယ်များကို ရပ်တန့်စစ်ဆေးနေစဉ် အညို/အနက်ရောင် Honda Click အမျိုးအစား (၁)စီးအား မောင်းနင်လာသော အသက်(၃၅)နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသားတစ်ဦးသည် မသင်္ကာဖွယ်ရာဖြစ်နေ၍ ၎င်းအား စစ်ဆေးမှုများပြုလုပ်ရာတွင် ဆိုင်ကယ်မှာ ၎င်းအနေဖြင့် ပိုင်ဆိုင်မှုအထောက်အထား တစ်စုံတစ်ရာပြသနိုင်ခြင်း မရှိသဖြင့် ခိုးယူလာသည်ဟု ယူဆရသည်ဖြစ်တာကြောင့် ၎င်းအား ဆိုင်ကယ်နှင့်အတူ ဥပဒေအရ ဖမ်းဆီး အရေးယူလိုက်ကြောင်း သိရသည်။

တရားခံမှာ မယ်ဆိုင်မြို့ ပါးရန်းရပ်ကွက်တွင် နေထိုင်ကြောင်း သိရှိရပြီး တာချီလိတ်မြို့တွင်လည်း
နေထိုင်ကြောင်း သိရှိရသည်။

ယခုကဲ့သို့ မှု့ခင်းကင်းစင်ရက်သတ္တပတ် (Crime Free Week)စီမံချက်အဖြစ် ပုန်းထွန်တွင် ကင်းလှည့်ရာ ပြီးခဲ့သော ဇူလိုင်(၂၁)ရက်နေ့ ညပိုင်းတွင် စိတ်ကြွရူးသွပ်ဆေးပြား(၂၄)ပြားနှင့် ဘိန်းဖြူ (၄)ဂရမ် ကို ဖမ်းဆီးရမိပြီး ယခု ဇူလိုင်(၂၅)တွင် ဆိုင်ကယ်ခိုးသူဟု ယူဆရသော လူအား ဖမ်းဆီးရမိသည်။

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net

Saturday, July 21, 2012

၂၀၁၂ခုနှစ် ဇူလိုင်(၂၁)ရက် ည(၁၁)နာရီဝန်းကျင်တွင် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မြင့်ထွေး ခေါင်းဆောင်သော
နယ်ထိန်းတပ်ကြပ်ကြီး အောင်စိုးမိုး၊ ဒုတပ်ကြပ် ဇော်မိုးမင်းတို့ နှင့် ပုန်းထွန်ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် မှု့ခင်းကင်းစင်ရက်သတ္တပတ်(Crime Free Week)စီမံချက်အရ တာချီလိတ်မြို့နယ် ပုန်းထွန်ရပ်ကွက် ပလောင်ကုန်းအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် အကွက်( ၂ )၊ ပလောင်ကုန်းလမ်းပေါ်တွင် မသင်္ကာဖွယ်အဖြစ် ယူဆရသော လူတစ်ဦးအား ရပ်တန့် ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာတွင် ၎င်းဝတ်ဆင်ထားသော ကာတွန်းရုပ်ပါ အနက်ရောင် ဘောင်းဘီတို၏ ညာဘက်အိတ်ကပ်အတွင်း အဖြူရောင်ပလပ်စတစ်ကပ်ခွာ အိတ်အတွင်းထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရသော အလေးချိန်(၂.၄)ဂရမ်ရှိသည့် ( WY )စာတမ်းပါ လိမ္မော်ရောင်ဆေးပြား (၂၄)ပြား၊ ၊ အစိမ်းရောင်နှင့်ပန်းရောင် အအေးစုပ်ပိုက်ငယ် ( ၂၆ )ခုဖြင့် ထည့်ထားသည့် ဘိန်းဖြူဟုယူဆရသော အဖြူရောင်အမှုန့် ( ၂.၂ )ဂရမ်ခန့် နှင့် လိမ္မော်ရောင်အဖုံးဖြင့် ပိတ်လျက် ယိုးဒယားရှောက်သီးဆေးပြား ဗူးငယ်အတွင်းထည့်လျက် ဘိန်းဖြူဟုယူဆရသော အဖြူရောင်အမှုန့်(၀.၉)ဂရမ်ခန့်၊ စုစုပေါင်းအလေးချိန် ( ၃.၁ )ဂရမ်ခန့် ကို တရားခံနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။


တစ်ဆက်တည်းမှာပင် ဇူလိုင်(၂၁)ရက်နေ့ ည(၁၁း၁၀)နာရီဝန်းကျင်တွင် ၎င်းတို့အဖွဲ့မှ ဆက်လက်၍ ကင်းလှည့်လျှက်ရှိရာ ပလောင်ကုန်းလမ်းပေါ်မှာပင် မသင်္ကာဖွယ်လူတစ်ဦးအား ထပ်မံတွေ့ရှိရ၍ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာတွင် ၎င်းဝတ်ဆင်ထားသော အနက်ရောင်ဘောင်းဘီတို၏ ညာဖက်အိတ်ကပ်အတွင်းမှ ငွေရောင်လေးထောင့်သံဗူးငယ်အတွင်း အ၀ါရောင်နှင့်လိမ္မော်ရောင် အအေးစုပ်ပိုက်ငယ် (၂၃)ခုဖြင့် ထည့်ထားသည့် ဘိန်းဖြူဟုယူဆရသော အဖြူရောင်အမှုန့်(၀.၉)ဂရမ်ခန့်ကို ရှာဖွေတွေ့ရှိရသည်။

ရပ်ကွက်အလိုက် မှု့ခင်းကင်းစင်ရက်သတ္တပတ်(Crime Free Week)စီမံချက်ရဲ့ ပထမအစီအစဉ်မှာ ၀မ်ကောင်းရပ်ကွက်ဖြစ်သည်။ ၀မ်ကောင်းရပ်ကွက်တွင်လည်း စိတ်ကြွရူးသွပ်ဆေးပြား ( ၁၃ )ပြားကို ဖမ်းဆီးရမိခဲ့ကြောင်း သိရှိခဲ့ရသည်။ ယခု ဒုတိယအစီအစဉ်အဖြစ် ပုန်းထွန်ရပ်ကွက်အတွင်းတွင် ဇူလိုင်(၂၀)ရက်နေ့မှ စ၍ ပြုလုပ်လျှက်ရှိရာ ဇူလိုင်(၂၁)ရက်နေ့ ညပိုင်းတွင် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား(၂၄)ပြားနှင့် ဘိန်းဖြူ (၄)ဂရမ် ကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။


ပုံများကိုကြည့်ရန်

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net

Friday, July 13, 2012

၂၀၁၂ခုနှစ် ဇူလိုင် ( ၁၂ )ရက်နေ့တွင် မှုခင်းရက်သတ္တပတ်( Crime Free Week ) စီမံချက်အရ နယ်ထိန်းတပ်ကြပ်ကြီးအောင်စိုးမိုး ဦးဆောင်သော နယ်ထိန်းအဖွဲ့တို့သည် ၀မ်ကောင်းရပ်ကွက် ကချင်ရွာသွားလမ်းတစ်လျှောက် မသင်္ကာသည်များကို စစ်ဆေးနေလျက်ရှိရာ ည (၁၀:၄၅)အချိန်တွင် တရုတ်နိုင်ငံထုတ် Anbo အမျိုးအစား အဖြူရောင် နံပါတ်မပါသော ဆိုင်ကယ်တစ်စီးကို တားမြစ်ဆေးစစ်ရာ အသက်(၂၇)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးထံတွင် စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရသည့် WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား ( ၁၃ )ပြားကို တွေ့ရှိရ၍ စိတ်ကြွဆေးပြားများအား သိမ်းဆည်းပြီး တရားခံဖြစ်သူအား အရေးယူဆောင်ရွက်ရန်အတွက် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မြင့်ထွေးမှ အမှုဖွင့်ထားပြီး ယခုဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို မည်သည့်နေရာမှ ၀ယ်ယူရရှိခဲ့သည်ကို ဆက်လက်ဖော်ထုတ်နေကြောင်း သတင်းရရှိပါသည်။


တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net