Latest News

Dropdown Menu

Showing posts with label ဆွမ်းလောင်းပွဲ. Show all posts
Showing posts with label ဆွမ်းလောင်းပွဲ. Show all posts

Saturday, October 27, 2012


တာချီလိတ်ရွှေတိဂုံစေတီတော်အား ထီးတော်တင် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ဘုရားအနေကဇာတင်ခြင်းနဲ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို တာချီလိတ်မြို့ရှိ ဌာနဆိုင်ရာများနဲ့ ရပ်မိရပ်ဖ အလှူရှင်များမှ ၂၀၁၂ခုနှစ် အောက်တိုဘာ(၂၇)ရက်နေ့ နံနက်(၅)နာရီက စတင်ကျင်းပခဲ့ကြပါတယ်။



 နံနက်(၅)နာရီမှာ ဘုရားအနေကဇာတင်ခြင်းအစီအစဉ်ကို စတင်ခဲ့ကြပြီးနောက် နိုင်ငံတော်သြ၀ါဒစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမဇောတိက၊ အဂ္ဂမဟာပဏ္ဍိဘွဲ့တံဆိပ်တော်ရ ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသီရီ(နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး) အပါအ၀င် သံဃာတော်များ၊ ကိုရင်များ နဲ့ မယ်သီလရှင်များ စုစုပေါင်း အပါး(၃၀၀)၀န်းကျင်တို့ကို အလှူရှင်များမှ ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြပါတယ်။ ဆွမ်းဆန်စိမ်းလောင်းလှူအပြီးမှာတော့ ရေစက်ချတရားနာ အမျှဝေ၍ အစီအစဉ်အားပြီးမြောက်စေခဲ့ပါတယ်။



 
 
 
ဘုရားအနေကဇာတင်ခြင်းနဲ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ပြုလုပ်ရခြင်းမှာ တာချီလိတ်ရွှေတိဂုံစေတီတော်အား ထီးတော်တင်ခဲ့သည်မှာ (၁၄)နှစ်မြောက်ခဲ့ပြီဖြစ်တာကြောင့် ထီးတော်တင်နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ပြုလုပ်တာဖြစ်ကြောင်း ဂေါပကအဖွဲ့ဝင်တစ်ဦးမှ ပြောပါတယ်။





တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်မှာ တည်ထားကိုးကွယ်ထားတဲ့ တာချီလိတ်ရွှေတိဂုံစေတီတော်ကို ၁၉၉၅ခုနှစ် နိုဝင်ဘာ(၂)ရက်နေ့က စတင် ပန္နက်တင်ပြီး တည်ထားခဲ့တာဖြစ်ပြီး ရွှေထီးတော်တင်မင်္ဂလာနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲကို ၁၉၉၅ခုနှစ် နိုဝင်ဘာ(၁)ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မှတ်တမ်းဓါတ်ပုံများအားကြည့်ရန်

Thursday, August 9, 2012

စေတနာရှင်ပရဟိတအသင်းမှ ဝါတွင်း (၃)လ ဥပုပ်နေ့တိုင်း ဆွမ်းလောင်းပွဲကို ကျင်းပလောင်းလှူခဲ့ရာ ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ပါသည်။


စေတနာရှင်ပရဟိတအသင်းအနေဖြင့် ၀ါတွင်း(၃)လ ဥပုပ်နေ့တိုင်းတွင် တာချီလိတ်မြို့ပါလျှံ(၁) ဈေးရှေ့၌ နံနက်(၅)နာရီတွင် စတင်လောင်းလှူလျက်ရှိကြောင်းသိရှိရသည်။ ဒုတိယအကြိမ်တွင် သံဃာတော်အပါး(၁၀၀) ကြွရောက်၍ ဆွမ်းအလှူခံတော်မှုခဲ့ကြသည်။


စေတနာရှင်ပရဟိတအသင်းအနေဖြင့် ၀ါတွင်း(၃)လအတွင်း ဆွမ်းလောင်းလှူမည့် အကြိမ်မှာ ( ၁၃ ) ကြိမ်ဖြစ်ပါသည်။

အောက်ပါ အကြိမ်များမှာ ဥပုပ်နေ့များဖြစ်ပြီး ဆွမ်းလောင်းလှူမည့်နေ့များဖြစ်သလို ဆွမ်းလောင်းလှူလိုသော အလှူရှင်များအနေဖြင့် သိရှိနိုင်ရန်အတွက် ဖော်ပြလိုက်ပါသည်။
  • ၁ကြိမ် - 2.8.2012
  • ၂ကြိမ် - 10.8.2012
  • ၃ကြိမ် - 17.8.2012
  • ၄ကြိမ် - 25.8.2012
  • ၅ကြိမ် - 1.9.2012
  • ၆ကြိမ် - 9.9.2012
  • ၇ကြိမ် - 15.9.2012
  • ၈ကြိမ် - 23.9.2012
  • ၉ကြိမ် - 30.9.2012
  • ၁၀ကြိမ် - 8.10.2012
  • 11ကြိမ် - 15.10.2012
  • ၁၂ကြိမ် - 23.10.2012
  • ၁၃ကြိမ် - 30.10.2012
စေတနာရှင်ပရဟိတအသင်းအား ပါလျှံ(၁)ဈေး ဆိုင်ကယ်တက္ကစီ (Taxi )အဖွဲ့သားများမှ ဖွဲ့စည်းထားကြောင်း သိရှိရပါသည်။

တာချီလိတ်မြို့သည် ၂၀၁၂ခုနှစ်အတွင်းတွင် ပရဟိတအလုပ်များကို စတင်လုပ်ကိုင်နေလျက်ရှိသော မြို့တစ်မြို့ဖြစ်စေခဲ့ပါသည်။

ပုံများကိုကြည့်ရန် နိပ်ပါ
တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net

Thursday, August 2, 2012

၂၀၁၂ခုနှစ် သြဂုတ်လ(၂)ရက်နေ့ မြန်မာသက္ကရာဇ် ၁၃၇၄ခုနှစ် ဒုတိယဝါဆိုလပြည့် ကြာသပတေးနေ့တွင် အလင်းရောင်ပရဟိတအသင်းမှ ကြီးမှူးကျင်းပသော စုပေါင်းဆွမ်းလောင်းလှူပွဲနှင့် စုပေါင်းဝါဆိုသင်္ကန်းကပ်ပွဲ အခမ်းအနားကို နံနက်(၆)နာရီမှ နံနက်(၉)နာရီထိ ကျင်းပခဲ့ကြပါသည်။


ဆွမ်းလောင်းလှူပွဲ နှင့် ၀ါဆိုသင်္ကန်းကပ်ပွဲသို့ သံဃာတော် ( ၄၇၀)ပါး၊ ကိုရင် ( ၁၅၀ )ပါး နှင့် သီလရှင်( ၅၀ )ပါး စုစုပေါင်း ( ၆၇၀ )ပါး ကြွရောက် အလှူခံတော်မူပါသည်။


စုပေါင်းဝါဆိုသင်္ကန်းကပ်လှူခြင်း အစီအစဉ်ကိုတော့ ဆွမ်းလောင်းပွဲအပြီးမှာ စတင်ခဲ့ကြသည်။ သင်္ကန်းကပ်လှူကြသော သင်္ကန်းအရေအတွက်မှာ စာရင်းအရ ( ၁၂၄၁ )စုံ ရှိသည်။ နောက်မှရောက်လာပြီး စာရင်းမသွင်းဖြစ်သော သင်္ကန်းများမှာ အစုံ (၅၀)ကျော်ခန့်ရှိသည်။




ဆွမ်းလောင်းလှူပွဲ နှင့် ၀ါဆိုသင်္ကန်းကပ်ပွဲသို့ တာချီလိတ်မြို့ သာသနာရေး ဦးစီးအရာရှိ မှလည်း လာရောက်၍ လှူဒါန်းမှုများကို ပြုလုပ်ခဲ့သည်။။ ထို့အပြင် ထိုင်းနိုင်ငံ အမှတ်(၁) ချစ်ကြည်ရေးတံတားပေါ်မှာ ထိုင်းအရာရှိတစ်ချို့လည်း လာရောက်၍ လှူဒါန်းသည်ကိုလည်း တွေ့ရသည်။


ယခု ပြုလုပ်သော အလင်းရောင်ပရဟိတအသင်းမှ ကြီးမှူးကျင်းပသော စုပေါင်းဘုံဆွမ်းပွဲမှာ ( ၉ ) ကြိမ်မြောက်ဖြစ်ပါသည်။

ပုံများကို ကြည့်ရန်
စုပေါင်းဆွမ်းလောင်းပွဲ နှင့် စုပေါင်းဝါဆိုသင်္ကန်းကပ်ပွဲ ( ၁ )55 photo
စုပေါင်းဆွမ်းလောင်းပွဲ နှင့် စုပေါင်းဝါဆိုသင်္ကန်းကပ်ပွဲ ( ၂ )55 photo

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net

Sunday, July 29, 2012

တာချီလိတ်မြို့၌ လစဉ်လတိုင်း လပြည့်/လကွယ်နေ့များတွင် အလင်းရောင်ပရဟိတအသင်းမှ စုပေါင်းဆွမ်းလောင်းပွဲအဖြစ် ပြုလုပ်ကျင်းပလာခဲ့သည်မှာ ယခုအကြိမ်ဆိုလျှင်(၉)ကြိမ်မြောက် ဖြစ်ပါသည်။




စုပေါင်း ဆွမ်းလောင်းလှူပွဲ
ယခုလာမည့် (၉)ကြိမ်မြောက် စုပေါင်းဆွမ်းလောင်းပွဲသည် ဒုတိယ၀ါဆိုလပြည့်နေ့တွင် ကျရောက်သည်ဖြစ်တာကြောင့် ဆွမ်းလောင်းပွဲကို စည်းကားသိုက်မြိုက်စွာ ကျင်းပလောင်းလှူကြမှာဖြစ်ပြီး ဆွမ်းလောင်းပြီးပါက ကြွရောက်လာသော သံဃာတော်များအား စုပေါင်း၍ ၀ါဆိုသင်္ကန်းကပ်လှူကြမှာဖြစ်သည်။

ဆွမ်းလောင်းပွဲကို ၂.၈.၂၀၁၂ ရက်နေ့တွင် သံဃာတော်အရှင်မြတ်များနှင့် သီလရှင်များအပါအ၀င် အပါး (၇၅၀)ကျော်အား စုပေါင်း၍ ဆွမ်းလောင်းလှူမှာဖြစ်ပါသည်။

စုပေါင်း ၀ါဆိုသင်္ကန်းကပ်လှူပွဲ

စုပေါင်း၍ ၀ါဆိုသင်္ကန်းကပ်လှူရာတွင် အလှူရှင်များအနေဖြင့် မိမိတို့ လှူဒါန်းလိုသော သင်္ကန်းများကို ၀ယ်ယူလာပြီး ရှမ်းရိုးမကွင်းရှိ ဆွမ်းလောင်းမဏ္ဍပ်တွင် လာရောက်၍ စာရင်းပေးသွင်းနိုင်သလို သင်္ကန်းများကို ဆွမ်းလောင်းမဏ္ဍပ်တွင် ဈေးနှုန်းသက်သာစွာဖြင့် စာရင်းပေးသွင်း၍လည်း ၀ယ်ယူကပ်လှူနိုင်ပါသည်။
( သင်္ကန်းအလှူရှင်များအနေဖြင့် မဏ္ဍပ်တွင် လာရောက်စာရင်းပေးရန်လိုအပ်ပါသည်။ သို့မှသာ အရေအတွက်ကို သိနိုင်မည်ဖြစ်ပါသည်။)
စုပေါင်းဝါဆိုသင်္ကန်းကပ်ချိန်တွင် အလှူရှင်များအနေဖြင့် ကိုယ်တိုင်ကိုယ်ကျ ဆက်ကပ်လှူဒါန်းနိုင်ပါသည်။

စုပေါင်းဝါဆိုသင်္ကန်းကပ်လှူရန်အတွက် တာချီလိတ်မြို့ရှိ ဘုန်းကြီးကျောင်း (၇၁)ကျောင်းမှ သံဃာတော်
( ၃၇၄ )ပါးနှင့် ကိုရင် ( ၃၃၁ )ပါး တို့အား ပင့်ဖိတ်ထားပါသည်။ သို့ပါ၍ သင်္ကန်းအလှူရှင်များအနေဖြင့် ယနေ့မှစ၍ ( ၁.၈.၂၀၁၂ )ညပိုင်းထိ လာရောက်စာရင်းပေးသွင်းနိုင်ပါရန် အသိပေးနှိုးဆော်လိုက်ပါသည်။

ရှမ်းရိုးမကွင်းတွင် ၂၇.၇.၂၀၁၂ မှ စ၍ ဆွမ်းလောင်းလှူမည့်နေ့ထိ မဏ္ဍပ်ထိုးထားပါသည်။ သဒ္ဒါကြည်ဖြူ အလှူရှင်များအနေဖြင့် စုပေါင်းဆွမ်းလောင်းလှူခြင်းနှင့် စုပေါင်းဝါဆိုသင်္ကန်းကပ်လှူခြင်းများနှင့် ပတ်သက်၍ ထိုမဏ္ဍပ်သို့ သွားရောက်ကာ စုံစမ်းနိုင်ပါသည်။

ဇီဝိတဒါန ဆေးကုသပေးခြင်း

အလင်းရောင်ပရဟိတအသင်း၏ (၉)ကြိမ်မြောက်ဆွမ်းလောင်းပွဲအတွက် ပြင်ဆင်မှုများကို ၂၇.၇.၂၀၁၂ မှ စ၍ ပြုလုပ်နေသည်ဖြစ်ရာ အသင်း၏ ကဏ္ဍတစ်ခုဖြစ်သော "အလင်းရောင် ပရဟိတအသင်း ဇီဝိတဒါ ဆေးကုသမှု" အစီအစဉ်တွင် ဒေါက်တာ ၀င်းဇော်(M.B.B.S) မှ ( ၂၈.၇.၂၀၁၂ )မှစ၍ (၁.၈.၂၀၁၂)ထိ အခမဲ့
ဆေးကုသပေးမှာဖြစ်ပါသည်။


ဆေးကုသချိန်မှာ နေ့လည်(၁)နာရီမှ ညနေ(၄)နာရီထိဖြစ်ပြီး မည်သူမဆို လာရောက် ကုသနိုင်ပါကြောင်း အသိပေးနှိုးဆော် ဖိတ်ကြားအပ်ပါသည်။

ပုံများကို ကြည့်ရန်

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net

Sunday, June 3, 2012

ယနေ့သည် ၄.၆.၂၀၁၂ နယုန်လပြည့် တနလာင်္နေ့ဖြစ်သည်နှင့်အညီ ဗုဒ္ဓဘာသာအနွယ်ဝင် ကုသိုလ်တော်ရှင်များအတွက် စေတနာသဒ္ဒါအားထက်သန်စေခဲ့သော နေ့ထူးနေ့မြတ်ဖြစ်စေခဲ့ပါသည်။ အကြောင်းမှာ ယနေ့သည် တာချီလိတ်မြို့ ရွှေတိဂုံရင်ပြင်ပေါ်တွင် သာသနာသက္ကရာဇ် ၂၆၀၀ ပြည့်အထိမ်းအမှတ်အဖြစ် သံဃာတော်အပါး( ၆၀၀ )ကို ဆွမ်းဆန်စိမ်းလောင်းလှူကြသည်ဖြစ်သလို အလင်းရောင် ပရဟိတအသင်းမှလည်း လပြည့်လကွယ်နေ့တိုင်း ဆွမ်းလောင်းလှူသည့် (၅)ကြိမ်မြောက် ဆွမ်းလောင်းပွဲဖြစ်စေခဲ့သလို၊ အလင်းရောင် ပရဟိတအသင်းမှ တာချီလိတ်မြို့ရှိ ဆင်းရဲနွမ်းပါးသော ကျောင်းနေကလေး ( ၃၂ ) ဦးကို ကျောင်းဝတ်စုံ နှင့် စာရေးကရိယာများပေးဝေလှူဒါန်းသော နေ့ကြီးဖြစ်ခဲ့လေသည်။
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

တာချီလိတ်မြို့ ရွှေတိဂုံရင်ပြင်ပေါ်မှ ဆွမ်းဆန်စိမ်းလောင်လှူပွဲ
၎.၆.၂၀၁၂ နံက် (၆)နာရီမှ စ၍တာချီလိတ်မြို့တွင် နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးအား အမှူးပြု၍ သာသနာသက္ကရာဇ် ၂၆၀၀ ပြည့်အထိမ်းအမှတ်အဖြစ် သံဃာတော်အပါး( ၆၀၀)ကို တာချီလိတ် ရွှေတိဂုံရင်ပြင်ပေါ်၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို တာချီလိတ်မြို့ရှိ ကုသိုလ်ရှင်များနှင့် ကျင်းပခဲ့ကြသည်။

ထိုဆွမ်းဆန်စိမ်းလောင်းလှူရာ၌ ပထမပိုင်းတွင် နဂါးနှစ်ကောင်ဆရာတော်မှ ပရိတ်တရားများကို ရွတ်ဖတ်ပူဇော်၍ ရေစက်ချပေးတော်မူသည်။ ထို့နောက် ဆွမ်းဆန်စိမ်း လောင်းလှူခြင်းကို အလှူခံတော်မှုခဲ့သည်။

ဆွမ်းဆန်စိမ်းလောင်းပွဲ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ စည်ပင်၊ လ၀က စသည့် ခရိုင်အဆင့် မြို့နယ်အဆင့်သက်ဆိုင်ရာဌာနများမှလည်း လာရောက်၍ လောင်းလှူခဲ့ကြသည်။ ရွှေတိဂုံရင်ပြင်ပေါ်မှ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား နံနက်(၉)နာရီဝန်းကျင်တွင် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။






❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

အလင်းရောင်ပရဟိတအသင်းတို့ရဲ့ အလှူပွဲ
ထို့အတူ တာချီလိတ်မြို့ရှိ အလင်းရောင်ပရဟိတအသင်းမှ ကြီးမှူးကျင်းပလျှက်ရှိသော လပြည့်လကွယ်နေ့တိုင်း ဆွမ်းလောင်းပွဲ၏ ယခုအကြိမ်သည် ( ၅ ) ကြိမ်မြောက် ဆွမ်းလောင်းပွဲဖြစ်ပါသည်။
၎င်းတို့၏ ( ၅ )ကြိမ်မြောက်ဆွမ်းလောင်းပွဲတွင် -
  • သံဃာတော် = ( ၅၁၄ )ပါး
  • သီလရှင် = ( ၄၅ )ပါး
စသည်ဖြစ် စုစုပေါင်း( ၅၃၉ )ပါးကို တာချီလိတ်မြို့ရှိ အလှူရှင်များနှင့် စုပေါင်း၍ လောင်းလှူခဲ့ကြသည်။






ထို့နောက်တွင် အလင်းရောင်ပရဟိတအသင်းမှ လတ်တလော နီးစပ်ရာရပ်ကွက်များသို့ ကွင်းဆင်းလေ့လာစီစစ်ကောက်ခံရာ ဆင်းရဲနွမ်းပါးသူ ကျောင်းနေရွယ် ကလေးသူငယ် ( ၃၂ )ယောက်ကို ဆွမ်းလောင်းပွဲ မဏ္ဍပ်သို့ ခေါ်ယူ၍ ကျောင်းသားတစ်ယောက်တွင် ကျောင်းဝတ်စုံ(၁)စုံ၊ စာအုပ်၊ ခဲတံ၊ ပေတံ စသည့် စာရေးကရိယာတစ်စုံစီကို တစ်ဦးချင်းစီ ကိုယ်တိုင်ကိုယ်ကျ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။

ပုံများကို ကြည့်လိုပါက

ကျေးဇူးတင်ပါသည်
တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net

Saturday, May 5, 2012

၅.၅.၂၀၁၂ ကဆုန်လပြည့်နေ့ စနေ့နေ့ နံနက်(၆)နာရီမှ စ၍ နံနက်(၉)နာရီထိ တာချီလိတ်မြို့ရှိ အလင်းရောင်ပရဟိတ အသင်းကြီးမှ တတိယအကြိမ်အဖြစ် စုပေါင်းဘုံဆွမ်းလောင်းပွဲကြီးကို ကျင်းပခဲ့ပါသည်။
ထိုဆွမ်းလောင်းပွဲတွင်-
  • သံဃာတော် = ၅၉၄ ပါး
  • သီလရှင် = ၄၁ ပါး
စုစုပေါင်း ( ၆၃၅ )ပါး ကြွရောက်အလှူခံတော်မှုခဲ့ကြပါသည်။









အလင်းရောင်ပရဟိတအသင်းမှ စုပေါင်း၍ လပြည့်/လကွယ်နေ့တိုင်း တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းတွင် နံနက်(၆)နာရီမှစ၍နံနက်(၉)နာရီထိ လစဉ် (လပြည့်/လကွယ်နေ့တိုင်း ) ပုံမှန် စုပေါင်းဆွမ်းလောင်းပွဲရှိပါသည်။
ပုံများကို ပြည့်စုံစွာကြည့်လိုလျှင် -
  1. တတိယအကြိမ်မြောက်အတွက် ဆွမ်းလောင်းလှူရန် ပြင်ဆင်ချက်ပြုတ် 4.5.2012 20 photos
  2. လေပြင်းတွေတိုက်တဲ့ကြားက ဆွမ်းလောင်းလှူရန် ပြင်ဆင်ချက်ပြုတ် 4.5.2032 photos
  3. တတိယအကြိမ်မြောက် စုပေါင်းဘုံဆွမ်းလောင်းလှူပွဲ 5.5.201239 photos
ကျေးဇူးတင်ပါသည်
Tachileik
www.tachileik.net

Thursday, April 19, 2012

မြန်မာသက္ကရာဇ် ၁၃၇၄ခုနှစ် တန်ခူးလကွယ်နေ့ ( ၂၀.၄.၂၀၁၂ ) တွင် အလင်းရောင်ပရဟိတအဖွဲ့၏ စုပေါင်းဆွမ်းလောင်းလှူပွဲကို နံနက်(၆)နာရီမှ နံနက်(၈)နာရီခွဲထိ လောင်းလှူခဲ့ကြပါသည်။

ထိုဆွမ်းလောင်းပွဲတွင်
  • သံဃာတော် ( ၇၃၁ )ပါး
  • သီလရှင် ( ၂၃ )ပါး
ကြွရောက်အလှူခံတော်မှုခဲ့ပါသည်။





* * * * ** * * * ** * * * ** * * * * * * *

တာချီလိတ်မြို့တွင် ဘုန်းကြီးကျောင်းများစွာရှိသည်ဖြစ်သော်လည်း ဝေးလွန်းသောကျောင်းများမှ ဆရာတော်များမှာ ကြွရောက်နိုင်ခြင်းမရှိပါ။ နောက်ပိုင်းတွင် ကြွရောက်အလှူခံနိုင်ရန်အတွက် အလင်းရောင်ပရဟိတအဖွဲ့မှ ကြိုးစားသွားမည်ဟုသိရပါသည်။

ပထမအကြိမ်ဆွမ်းလောင်းပွဲ
  • သံဃာတော် ( ၄၈၅ )ပါး
ဒုတိယအကြိမ်ဆွမ်းလောင်းပွဲ
  • သံဃာတော် ( ၇၃၁ )ပါး
  • သီလရှင် ( ၂၃ )ပါး
ဒုတိယအကြိမ်၌ ကြွရောက်လာသော သံဃာတော်မြတ်များနှင့် မယ်သီရှင်များမှာ စုစုပေါင်း (၇၅၄)ပါး ဖြစ်ပါသည်။

နတ်လူ အမျှ သာဓုခေါ်စေသောဝ်.....
သာဓု..... သာဓု..... သာဓု.....

ပုံများကို အပြည့်အစုံကြည့်ရန် ( နိပ်ပါ)
ကျေးဇူးတင်ပါသည်
Tachileik
www.tachileik.net

Thursday, April 5, 2012

၆.၄.၂၀၁၂ ခုနှစ် မြန်မာ့သက္ကရာဇ် ၁၃၇၃ခုနှစ် တန်ခူးလပြည့် သောကြာနေ့နံနက် (၆)နာရီမှ (၈)နာရီထိ၌ တာချီလိတ်မြို့ရှိ အလင်းရောင်ပရဟိတအဖွဲ့မှ ကြီးမှူးကျင်းပသည့် ပထမဆုံးသော ဆွမ်းလောင်းပွဲကို ရှမ်းရိုးမကွင်းတွင် သံဃာတော်အရှင်သူမြတ်အပါး(၄၈၅)ပါးအား တာချီလိတ်မြို့ရှိ မြို့သူ မြို့ဖ စေတနာအလှူရှင်များနှင့် ပူးပေါင်း၍ အောင်မြင်စည်ကားသိုက်မြိုက်စွာ ဆွမ်းတော်လောင်းလှူခဲ့ကြပါသည်။ သံဃာတော်အပါး (၅၀၀)မှန်းထားသော်လည်း ပထမဆုံးအကြိမ်ဖြစ်တာကြောင့် တစ်ချို့ကျောင်းများမှာ မကြွရောက်နိုင်သောကြောင့် ပထမဆုံးဆွမ်းလောင်းပွဲတွင် သံဃာတော်အရှင်သူမြတ်အပါး(၄၈၅)ပါးသာ ကြွရောက်ဆွမ်းတော်အလှူခံတော်မှူခဲ့ကြသည်။

ဆွမ်းလောင်းပွဲ ကျင်းပရာတွင် လာရောက်၍ ကိုယ်တိုင်ကိုယ်ကြ လှူဒါန်းကြသော ဆွမ်းဆန်များ၊ အအေး၊ ရေဗူး၊ မာမားခေါက်ဆွဲခြောက်၊ ကော်ဖီမစ်၊ ဝေဖာ၊ ချိုချဉ်၊ စသည့် လှူဖွယ်ပစ္စည်းများ မထင်မှတ်သည်ထက် လာရောက်လှူဒါန်းသူများ အတော်များပြားလှသည်မှာ ၀မ်းသာပီတိဖြစ်စေပါသည်။

ယခု ပထမအကြိမ်တွင် အလှူမဏ္ဍပ် ကျဉ်းသွားသည်များ နေရာ စားပွဲခုံ အဆင်မပြေမှုများရှိခဲ့သည်ကို နောက်လာမည့် အကြိမ်များတွင် အဆင်ပြေအောင် စီစဉ်ပြုလုပ်သွားမည်ဟု အလင်းရောင်ပရဟိတအဖွဲ့မှ ပြောကြားပါသည်။

အလင်းရောင်ပရဟိတအဖွဲ့
အလင်းရောင်ပရဟိတအဖွဲ့သည် ပရဟိတလုပ်ငန်းများကို လုပ်ဆောင်ရန် အများအကျိုးသယ်ပိုးနိုင်ရန်အတွက် ဖွဲ့စည်းတည်ထောင်ထားသော အဖွဲ့ဖြစ်ပြီး ၎င်းတို့၏ လတ်တလော လုပ်ဆောင်ချက်များမှာ တနင်္ဂနွေနေ့နံနက်တိုင်း ရွှေတိဂုံစေတီရင်ပြင်(တာချီလိတ်)တွင် ကြမ်းတိုက် အမှိုက်လှဲ သန့်ရှင်းရေးများကို ပြုလုပ်လျက်ရှိပြီး ယခုအခါ လစဉ်လပြည့်လကွယ်တိုင်း၌ တာချီလိတ်မြို့ရှိ အလှူရှင်များနှင့်ပူးပေါင်း၍ သံဃာတော်မြတ်များအား ဆွမ်းတော်လောင်းလှူမှာဖြစ်ပါသည်။ ယခု ဆွမ်းလောင်းပွဲမှာ ပထမဆုံးအကြိမ်ဖြစ်သည်။









❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

နတ်လူ အမျှ သာဓုခေါ်စေသောဝ်.....
သာဓု..... သာဓု..... သာဓု.....

ပုံများကို အပြည့်အစုံကြည့်လိုပါက အောက်တွင် နိပ်ပါ။
ကျေးဇူးတင်ပါသည်
Tachileik
www.tachileik.net