Latest News

Dropdown Menu

Showing posts with label တာလော့. Show all posts
Showing posts with label တာလော့. Show all posts

Thursday, January 9, 2014

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ တာလော့ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၏ ၂၀၁၂ - ၂၀၁၃ ခုနှစ် ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ၊ ၂၀၁၃ - ၂၀၁၄ ခုနှစ် ပညာသင်နှစ် ဘက်စုံထူးချွန်ဆုပေးပွဲ နှင့် ပညာရေးစုံညီပွဲတော်ကို ယနေ့ ဇန်န၀ါရီလ(၁၀)ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။


ဖွင့်ပွဲအခမ်းအနားအား ကျောင်းသား၊ ကျောင်းသူများက "အောင်မြင်ပါစေ မြန်မာပြည်"သီချင်းဖြင့် ဖွင့်လှစ်ခဲ့ကြပြီး ဆန်ဆိုင်းကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့် က အဖွင့်အမှာစကား ပြောကြားပြီး
ကျောင်းအကျိုးတော်ဆောင် ဦးကျော်ငြိမ်းမှ ကျောင်းလုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခြင်း တို့ကို ပြုလုပ်ခဲ့ကြသည်။


ယင်းနောက် ၂၀၁၂ - ၂၀၁၃ ခုနှစ် ပညာသင်နှစ်အတွက် ပညာရည်ထူးချွန်ဆု (၂၀)ဆု၊ ၂၀၁၃ - ၂၀၁၄ ခုနှစ် ပညာသင်နှစ် ဘက်စုံထူးချွန်ဆု (၁၂)ဆု အာဇာနည်နေ့ အထိမ်းအမှတ်ဆု (၂)ဆု၊ ကလေးများနေ့ အထိမ်းအမှတ်ဆု(၂)ဆု၊ နှုတ်မှုစွမ်းရည်ပြိုင်ပွဲဆု (၄)ဆု၊ စာပေနှင့်စာနယ်ဇင်းနေ့ အထိမ်းအမှတ် ဆု (၁)ဆု၊ World AIDS DAy အထိမ်းအမှတ်ဆု (၁)ဆု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆု (၁)ဆု၊ ကမ္ဘာ့မသန်စွမ်းသူများနေ့ အထိမ်းအမှတ်ဆု(၁)ဆု၊ ပညာတန်ဆောင် ဆု (၁)ဆု၊ သချာင်္ထူးချွန်ဆု (၂)ဆု နှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဆု (၂)ဆု စသည့် ဆု (၄၉)ဆုကို ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြသည်။


ဆက်လက်၍ အဆိုပါ ကျောင်းမှ ကျောင်းသား ကျောင်းသူများက တေးသရုပ်ဖော် သီချင်းများဖြင့် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ နှင့် ကျောင်းသားမိဘများအား ကပြဖျော်ဖြေခဲ့ကြသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Friday, August 3, 2012

တာချီလိတ်မြို့ တာလော့ရပ်ကွက် တ၀ိုက်တွင် ရေအနည်းအငယ်ကြီးကြောင်းသိရှိရသည်။

{မြန်မာဘက်မှာ မြင်တွေ့ရသော ထိုင်းနိုင်ငံ}



{ရွှေနန်းတော်ကုန်တိုက်အတွင်း}
ရွှေနန်းတော်ကုန်တိုက်သည် မယ်ဆိုင်ချောင်းနဲ့ အနီးကပ်ဆုံးဖြစ်တာကြောင့် ရေများအလွန်အကျွံ တက်တတ်သော နေရာဖြစ်ပါသည်။

{ဆက်သွယ်ရေးရုံး}

မနေ့ည(3.8.2012) 22:00PM ၀န်းကျင်မှ စ၍ တာလော့ရပ်ကွက်၊ တာလော့ကျောင်း အနီးတ၀ိုက်တွင် ရေများ အနည်းအငယ်တက်လာပြီး ဆက်သွယ်ရေးရုံး၊ သစ်တောရုံးအနီးတ၀ိုက်တွင်တော့ (4.8.2012) 2:00AM ၀န်းကျင်တွင် ရေတက်လာကြောင်း သိရှိရသည်။ ယခုကဲ့သို့ တာလော့တ၀ိုက် ရေကြီးမှုမျိုးမှာ မိုးရာသီတိုင်း ဖြစ်လေ့ဖြစ်ထရှိသည်ကိုလည်း နှစ်စဉ်နှစ်တိုင်းဖြစ်လေ့ရှိသည်ကို တွေ့မြင်ရပါသည်။

{သစ်တောရုံး}

{တာလော့ကျောင်း}


{တာလော့ဈေး}



ထို့အပြင် ဆန်ဆိုင်းရပ်ကွက် ဆန်ဆိုင်းကျောင်းအနောက်ဖက်တွင်လည်း ရေအနည်းအငယ် တက်လာသည်ကို တွေ့မြင်ရသည်။
{ဆန်ဆိုင်း လမ်းဆုံ အတွင်းလမ်း}

ယခင်က ဖြစ်ခဲ့သည့် ရေကြီးမှုမျိုးတွင် ရေများပြန်အကျမှာ နေ့တ၀က်ဆိုလျှင် ပြန်ကျတတ်ပါသည်။

ပုံများကို ကြည့်ရန်

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net

Monday, July 30, 2012

မိုးများတဖွဲဖွဲရွာနေလျှက်ရှိသော တာချီလိတ်မြို့၏ မနက်ခင်းတစ်ခုတွင် တာလော့အခြေခံမူလတန်း တိုးချဲ့ ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ကြပါသည်။


၂၀၁၂ခုနှစ် ဇူလိုင်(၃၁) နံနက် (၈)နာရီတွင် ကျောင်းဆောင်သစ် ဖဲကြိုးဖြတ်အခမ်းအနားသို့ ကျိုင်းတုံတွဲဘက် ပြည်နယ်ပညာရေးမှူး ဦးခွန်စိန်မြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း နှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင် တို့မှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။



အခမ်းအနားတွင် ကျိုင်းတုံတွဲဘက် ပြည်နယ်ပညာရေးမှူး ဦးခွန်စိန်မြင့်မှ ပညာရေးနှင့်ပတ်သက်သော အကြောင်းအရာများကို ပြောကြားပြီး တာလော့ကျောင်း၏ ကျောင်းသားဟောင်း တစ်ဦးဖြစ်သလို ကျောင်းအကျိုးတော်ဆောင် လည်းဖြစ်တဲ့ ဦးဘိုလေးမှ
ကျောင်းဆောင်သစ် အကြောင်းကို ပြောကြားသည်။ ၎င်းနောက်တွင် တာချီလိတ်မြို့နယ်ပညာရေးမှူး ဒေါ်ဌေးဌေးမှ ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက်မှာတော့ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ကြပြီး အခမ်းအနားကိုတော့ (၉း၁၀)နာရီတွင် ပြီးစီးစေခဲ့ပါသည်။

ပုံများကို ကြည့်ရန်

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net