Latest News

Dropdown Menu

Showing posts with label ဆိုင်ကယ်ဂျူတီ. Show all posts
Showing posts with label ဆိုင်ကယ်ဂျူတီ. Show all posts

Friday, February 21, 2014

     လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကို  မြန်မာနိုင်ငံတ၀ှမ်းလုံးတွင် တရားဝင်လိုင်စင်ထုတ်ပေးမှု
စီမံချက်အား ဖေဖေါ်ဝါရီလ (၁၇)ရက်နေ့မှစတင်ကာ ဆောင်ရွက်ပေးလျှက်ရှိရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးတွင် ဖေဖေါ်ဝါရီလ (၁၇)ရက်နေ့မှစတင်ကာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာ့အာမခံလုပ်ငန်း၊မြန်မာ့စီးပွားရေးဘဏ်စသည့် ဌာနဆိုင်ရာများမှ ပူးပေါင်းကာOne Stop Service စနစ်ဖြင့် ပြည်သူများအား နေ့ချင်းပြီး မော်တော်ဆိုင်ကယ် လိုင်စင်များကို ဆောင်ရွက်ပေးလျှက် ရှိပါသည်။


     ““ကျွန်တော်တို့ ဖေဖေါ်ဝါရီလ(၁၇)ရက်နေ့ နံနက် ရုံးဖွင့်ချိန်မှစတင်ပြီး ဌာနဆိုင်ရာ(၆)ခု ပူးပေါင်းကာ
လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တွေကို နေ့ချင်းပြီးဆောင်ရွက်ပေးလျှက်ရှိပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ
ပြည်သူများ လွယ်လင့်တကူဆောင်ရွက်နိုင်စေဖို့ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် သတ်မှတ်ရက်လေး
တွေနဲ့ဆောင်ရွက်ပေးတဲ့အတွက် ပြည်သူတွေအနေနဲ့ အချိန်ကုန် လူပမ်းမဖြစ်တော့ပါဘူး"" ဟု တာဝန်
ရှိသူတစ်ဦးမှ ပြောကြားပါသည်။

    တာချီလိတ်ခရိုင်အတွင်း ထုတ်ပေးသော မော်တော်ဆိုင်ကယ်လိုင်စင်များအား ၃၇ယ/၇၈xxx နံပါတ်
များဖြင့် ထုတ်ပေးခြင်းဖြစ်ကာ ဖေဖေါ်ဝါရီလ(၂၀)ရက်နေ့အထိ (၃၆၃)စီး လာရောက်မှတ်ပုံတင်ပြီးဖြစ်
ကြောင်း သိရှိရသည်။

  ““ ဟိုယခင်တုံးက ဒီလို မော်တော်ဆိုင်ကယ်လိုင်စင်ထုတ်ပေးရင် တာဝန်ကျဝန်ထမ်းတွေအနေနဲ့
စနေ-တနင်္ဂနွေတောင် မနားရပဲ ညဖက် (၇)နာရီ (၈)နာရီအထိ ဆောင်ရွက်ပေးရပါတယ်။ တစ်ရက်ကို
အစီးရေ (၁၇၀)မှ (၂၀၀)ကျော်အထိ ဆောင်ရွက်ပေးခဲ့ရပါတယ်။ ခုချိန်ခါမှာတော့ နိုင်ငံတော်က ပြည်သူ
တွေအတွက် ဖြေလျော့မှုတွေဆောင်ရွက်ပေးတာကြောင့် မော်တော်ကားဈေးနှုန်းတွေကလဲကျဆင်း
လာတာက တကြောင်း၊ မော်တော်ဆိုင်ကယ်စီးနင်းမှုက အန္တရာယ်လဲ ပိုကြီးတာမို့ ယာဉ်အန္တရာယ်
အတွက် ပိုပြီးလုံခြုံစိတ်ချရတဲ့ မော်တော်ကားစီးနင်းမှုက ပိုမိုလာတာကိုတွေ့ရှိရပါတယ်။ ဒါ့ကြောင့်
အခုဆိုရင် ဆိုင်ကယ်လိုင်စင်ဆောင်ရွက်မှုဟာ ယခင်ကာလများတုံးကလို သိပ်မများတော့ပါဘူး ၊
မော်တော်ဆိုင်ကယ် လိုင်စင်စီမံချက် ပူးပေါင်းအဖွဲ့အနေနဲ့လဲ  ပြည်သူတွေအတွက် အလျင်အမြန်
ဆောင်ရွက်ပေးလျှက်ရှိသလို နိုင်ငံတော်မှ သတ်မှတ်နှုန်းထားထက်လဲ ပိုမိုကောက်ခံခြင်းမရှိပဲ သန့်ရှင်းစွာဖြင့် ဆောင်ရွက်ပေးလျှက် ရှိပါတယ် ”” ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ
တာဝန်ရှိသူတစ်ဦးက မုဒိတာစကား ပြောကြားသွားပါသည်။

သတင်း/ဓါတ်ပေးပို့သူ ။           ။ မောင်ယဉ်ကျေး

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Monday, February 17, 2014

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ပါလျှံ၌ ရုံးဖွင့်လှစ်ထားသည့် တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံး၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ(၁၇)ရက်နေ့မှ စတင်၍ ၂၀၁၄ခုနှစ် ဇူလိုင်လ(၄)ရက်နေ့ထိ (၅)လ၀န်းကျင်အကြာ မော်တော်ဆိုင်ကယ်များအား  ယနေ့ ဖေဖော်ဝါရီလ(၁၇)ရက်နေ့မှ စ၍ လိုင်စင်ပြုလုပ်ပေးနေပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ပြုလုပ်ပေးရာတွင် ယခင်နှစ်ကလို ရပ်ကွက်ပေါင်းစုံ ရောနှော၍ ပြုလုပ်ပေးတာမဟုတ်ပဲ လိုင်စင်ပြုလုပ်သူများအနေဖြင့် စောင့်ဆိုင်းရသည့် အခက်ခဲများ မဖြစ်ပေါ်စေရန်အတွက်  ရပ်ကွက်အလိုက် ကျေးရွာအုပ်စုအလိုက် နေ့ရက်သီးသန့်စီ သတ်မှတ်ကာ ပြုလုပ်ပေးနေပြီး ယနေ့ ဖေဖော်ဝါရီလ(၁၇)ရက်နှင့် (၁၈)ရက်တို့တွင်  ပုန်းထွန်ရပ်ကွက်အား စတင်၍ ပြုလုပ်တာမှာဖြစ်ပြီး မြို့ပေါ်ရပ်ကွက်များအလိုက် အစဉ်တကျဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရသည်။


 မော်တော်ဆိုင်ကယ်များအား လိုင်စင်ပြုလုပ်ရာတွင် လိုအပ်သည့် အချက်အလက်မှာ လိုင်စင်ပြုလုပ်လိုသူ၏ မှတ်ပုံတင် မိတ္တု(၂)စောင်နှင့် အိမ်ထောင်စုစာရင်း မိတ္တု(၂)စောင် လိုအပ်မှာဖြစ်ပြီး အိမ်ထောင်စုစာရင်းမရှိပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ  ရပ်ကွက်ထောက်ခံစာ ပါရှိရမှာဖြစ်ကြောင်း တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးမှ တဆင့် သိရသည်။


ယနေ့ ဖေဖော်ဝါရီလ(၁၇)ရက်တွင် ပုန်းထွန်ရပ်ကွက်ရှိ လိုင်စင်မဲ့ ဆိုင်ကယ်များအား အခွန်ဆောင်၍ လိုင်စင်ပြုလုပ်ပေးရာ ထိုင်းနိုင်ငံထုတ် ဆိုင်ကယ် အစီး(၈၃)စီး ပြုလုပ်ပေးပြီးကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Saturday, February 15, 2014

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ပါလျှံ၌ ရုံးဖွင့်လှစ်ထားသည့် တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံး၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ(၁၇)ရက်နေ့မှ စတင်၍ ၂၀၁၄ခုနှစ် ဇူလိုင်လ(၄)ရက်နေ့ထိ (၅)လ၀န်းကျင်အကြာ မော်တော်ဆိုင်ကယ်များအား လိုင်စင် ပြုလုပ်ပေးတော့မှာဖြစ်ကြောင်း သိရသည်။

{ တရုတ်နိုင်ငံလုပ် ဆိုင်ကယ်များ၏ လိုင်စင်ခ နှုန်းထားများကို ကြည့်ရန် }

ထိုသို့ မော်တော်ဆိုင်ကယ်များအား လိုင်စင်ပြုလုပ်ရာတွင် လိုအပ်သည့် အချက်အလက်မှာ လိုင်စင်ပြုလုပ်လိုသူ၏ မှတ်ပုံတင် မိတ္တု(၂)စောင်နှင့် အိမ်ထောင်စုစာရင်း မိတ္တု(၂)စောင် လိုအပ်မှာဖြစ်ပြီး အိမ်ထောင်စုစာရင်းမရှိပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ  ရပ်ကွက်ထောက်ခံစာ ပါရှိရမှာဖြစ်ကြောင်း တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးမှ တဆင့် သိရသည်။

{ ထိုင်းနိုင်ငံလုပ် ဆိုင်ကယ်များ၏ လိုင်စင်ခ နှုန်းထားများကို ကြည့်ရန် }

"ဆိုင်ကယ်တွေကို လိုင်စင်ပေးတော့မယ်ဆိုတော့ လိုင်စင်မဲ့ ဆိုင်ကယ်ဈေးနှုန်းတွေ တက်လာတော့မယ်လို့ ထင်တယ်ဗျ၊ ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်တုန်းကလည်း အဲ့လိုပဲ ဆိုင်ကယ်တွေကို လိုင်စင်ချပေးတဲ့ ကာလမှာ လိုင်စင်မဲ့ ဆိုင်ကယ်ဈေးနှုန်းတွေ တက်ခဲ့ဘူးတယ်၊ ဒါပေမဲ့ လိုင်စင်ပေးတဲ့ ကာလကျော်လွန်သွားတဲ့ နောက်မှာတော့ ဈေးပြန်ကျသွားတယ်ဗျ"ဟု တာချီလိတ်မြို့မှ ဆိုင်ကယ်ပွဲစား တစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

ပြီးခဲ့သည့် ၂၀၁၂ခုနှစ်ကာလက မော်တော်ဆိုင်ကယ်များအား ၅.၆.၂၀၁၂ မှ ၄.၁၁.၂၀၁၂ထိ လိုင်စင်များပြုလုပ်ပေးခဲ့ရာ ဆိုင်ကယ် (၁၆၉၆၀) စီးနှင့် သုံးဘီးဆိုင်ကယ် (၁၁၈၃) စုစုပေါင်း (၁၈၁၄၃) စီးအား လိုင်စင်ပြုလုပ်ပေးခဲ့ပြီးကြောင်း သိရှိရသည်။

မှတ်ချက်။      ။ ထိုင်းဘီး နှင့် တရုတ်ဘီးများ၏ မော်ဒယ်လ်သတ်မှတ်အချက်အလိုက် လိုင်စင်ဆောင်ခ နှုန်းထားများကို အထက်ပုံ များကို နိပ်၍ ကြည့်နိုင်ပါသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Thursday, October 4, 2012

တာချီလိတ်မြို့တွင် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနဲ့ သုံးဘီးမော်တော်ဆိုင်ကယ်များ အတွက် လိုင်စင်ပြုလုပ်ခွင့် နောက်ထပ် (၁)လ တိုးတယ်လို့ သိရပါတယ်။ သတ်မှတ်ရက် အတိအကျမှာ (၄.၁၁.၂၀၁၂ )ရက်နေ့ ဖြစ်ပါတယ်။

{14.8.2012 က ရိုက်ထားသော ပုံ}

တရားမ၀င်ဆိုင်ကယ်များကို လိုင်စင်ပြုလုပ်ခွင့်ပေးရာ၌ ၅.၆.၂၀၁၂မှာ စတင်ပေးနေတာဖြစ်ပြီး ပြီးဆုံးရက်မှာ အောက်တိုဘာ(၄)ရက်နေ့ဖြစ်တယ်လို့ တရားဝင်ကြေငြာထားပြီး သတ်မှတ်ကာလမှာ (၄)လတိတိဖြစ်တယ်လို့ သိရပါတယ်။


သို့သော်လည်း ကျန်ရှိနေသေးတဲ့ ဆိုင်ကယ်များ၊ သုံးဘီးများအတွက် လိုင်စင်ပြုလုပ်ဖို့ရာ နိုဝင်ဘာ(၄)ရက်နေ့ထိ (၁)လတိတိ ထပ်တိုးခဲ့ပါတယ်။

ယခုလို နောက်ထပ် (၁)လထပ်တိုးရာမှာ လိုင်စင်ပြုလုပ်ဖို့ရန် ကျန်ရှိနေသေးတဲ့ ဆိုင်ကယ်များမှာ တော်တော်များများ ကျန်နေသေးတာဖြစ်တဲ့ အတွက်ကြောင့်  နောက်ထပ် (၁)လ တိုးတာဖြစ်တယ်လို့ စီမံချက်အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

စီမံချက်ကာလ မပြီးဆုံးမီက လိုင်စင်ပြုလုပ်ခွင့် နောက်ထပ် (၁)လတိုးတယ်ဆိုပြီး လူအပြောများနေကြတဲ့အခါ စီမံချက်အဖွဲ့က စက်တင်ဘာ(၂၇)ရက်နေ့မှာ ကြေညာစာ ကပ်ခဲ့ပါတယ်။

 {စက်တင်ဘာ၂၇ရက်နေ့က ကြေညာချက်}

အဆိုပါ ကြေညာချက်မှာတော့  ၂၀၁၂ခုနှစ် အောက်တိုဘာ(၄)ရက်နေ့မှာ ကုန်ဆုံးမှာ ဖြစ်ကြောင်း ကြေညာခဲ့သော်လည်း ယခုကြေငြာသော ကြေငြာစာမှာတော့ နိုဝင်ဘာ(၄)ရက်နေ့ထိ ယာဉ်များကို မှတ်ပုံတင်ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။


တရားမ၀င်ဆိုင်ကယ်များကို လိုင်စင်ပြုလုပ်ဆောင်ရွက်ပေးခြင်း စီမံချက်ကာလမှာ (၅)တိတိလ ဖြစ်သွားခဲ့ပါပြီ။ ထို့အတွက်ကြောင့် လိုင်စင်မပြုလုပ်ရသေးတဲ့ ဆိုင်ကယ်များ သုံးဘီးများအနေဖြင့် ကျန်ရှိနေသေးတဲ့ (၁)လအတွင်း လိုင်စင်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Friday, August 31, 2012

တာချီလိတ်မြို့တွင် ဆိုင်ကယ်များကို လိုင်စင်ပေးနေသည်နှင့်အညီ သြဂုတ်လ(၂၈)ရက်နေ့မှ စ၍ သုံးဘီးဆိုင်ကယ်/လျှပ်စစ်ဆိုင်ကယ်များကို လိုင်စင်ပြုလုပ်ခွင့်ပေးနေကြောင်း သိရှိရပါသည်။


သုံးဘီးဆိုင်ကယ်/လျှပ်စစ်ဆိုင်ကယ်များရဲ့ လိုင်စင်သတ်မှတ်ကြေးနှုန်းများကို အောက်ပါ ဇယားတွင် ကြည့်နိုင်ပါသည်။

ထိုကဲ့သို့ သုံးဘီးဆိုင်ကယ်/လျှပ်စစ်ဆိုင်ကယ်များကို လိုင်စင်ပြုလုပ်ပေးနေခြင်းအား ၂၅.၈.၂၀၁၂ မှ ၄.၁၀.၂၀၁၂ထိဖြစ်ပြီး အပတ်စဉ် စနေနေ့ တစ်ရက်တည်းသာ ပြုလုပ်ပေးနေပါသည်။

ဆိုင်ကယ်လိုင်စင်ပြုလုပ်ရန်အတွက် ပြီးခဲ့သောရက်များက တိုကင်များကို ရယူဖို့ရာ နေ့လည် (၁၂)နာရီခန့်ကနေ ညနေ(၅)နာရီခန့်ထိ တန်းစီစောင့်ရတာမျိုးရှိခဲ့ပါသည်။ ယခု ၎င်းတို့၏ ကြေညာချက်တွင် နံနက်(၉)နာရီခွဲမှစ၍ တိုကင်များကို ပေးဝေမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဆိုင်ကယ်များအတွက် လိုင်စင်ပြုလုပ်ဖို့ရန် ရက်ပေါင်း (၁)လခန့်သာ ကျန်ပါတော့သည်။

ပုံများကိုကြည့်ရန်

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net

Monday, July 9, 2012

ယခုအခါ တာချီလိတ်မြို့မှာ ဆိုင်ကယ်များကို လိုင်စင်ဆောင်ခွင့် ( ၄ )လတိတိပေးထားသည်ဖြစ်ရာ ဆိုင်ကယ်လိုင်စင် ဆောင်ရာတွင် အခွန်ကောက်ခံကြေးနှုန်းကို ( ဒီမှာ )တင်ခဲ့ပြီးပါပြီ။


ဆိုင်ကယ်များကို လိုင်စင်ဆောင်တဲ့အခါ ဘာတွေလိုအပ်လည်းဆိုတာကို သိရှိစေရန်အတွက်ဆိုပြီး တာချီလိတ်မြို့ခံ သတင်းသမားတစ်ဦးမှ ဆိုင်ကယ်လိုင်စင်သွားလုပ်ရင်း သိရှိခဲ့သည်များမှ လိုအပ်တဲ့အချက်အလက်များကို ပြုစုပြီး တင်ပြ လာတာလေးကို ပြန်လည်တင်ပေးလိုက်ပါသည်။

( ၁ ) ဆိုင်ကယ်လိုင်စင်ပြုလုပ်ရန်အတွက် မှတ်ပုံတင် ( မူရင်း+မိတ္တူ ) နဲ့ အိမ်ထောင်စုစာရင်း ( မူရင်း+မိတ္တူ ) တစ်စုံကို သွားတင်ပြီး အလှည့်ကျတိုကင်စနစ် နဲ့ မိမိအလှည့်ကျတဲ့နေ့မှာ ဆောင်ရွက်ရမှာဖြစ်ပါတယ်။

( ၂ ) [၁]ရက်ကို တိုကင်(၁၅၀)ထုတ်ပေးပြီး နေ့ချင်းပြီး ( One stop service ) ဆောင်ရွက်ပေးပါတယ်။
ဘဏ်ပိတ်ချိန်နောက်ပိုင်း ဆိုင်ကယ်များကိုလည်း နောက်တစ်နေ့မနက်(၉)နာရီမှာ ဆက်လက်
ဆောင်ရွက် ပေးနေကြောင်းလည်း သိရှိရပါတယ်။

( ၃ ) [၁]ရက်ကို ဆိုင်ကယ်စီးရေ ( ၂၀၀ )မှ ( ၃၀၀ )ကြား လာရောက်ကြသော်လည်း တစ်ရက်ကို ဆိုင်ကယ်စီးရေ ( ၁၅၀ ) ခန့်ပြီးအောင် ညနေ ( ၆ )ကျော် အထိ ဆောင်ရွက်ပေးနေတာကိုလည်း
လေ့လာသိရှိခဲ့ရပါတယ်။

ဆိုင်ကယ် အခွန်ဆောင်သူများ သိရှိရန်အတွက် လုပ်ငန်း အဆင့်ဆင့်
( က ) ပြည်တွင်းအခွန်
  • အမည်/မှတ်ပုံတင်/လိပ်စာရေးသွင်း
( ခ ) ကညန
  • ယာဉ်အမှတ် သတ်မှတ်ပေးခြင်းနှင့် ကနဦးယာဉ်စစ်ဆေးခြင်း
( ဂ ) အကောက်ခွန်
  • AV တန်ဖိုးသတ်မှတ်၍ အကောက်ခွန်ချလံထုတ်ပေးခြင်း
( ဃ ) ပြည်တွင်းအခွန်
  • AV တန်ဖိုးသတ်မှတ်သည့် အကောက်ခွန်ချလံကို တွေ့ရှိ စစ်ဆေးပြီးပါက ကုန်သွယ်ခွန်ချလံ ( ကသခ-၁၉ ) ထုတ်ပေးခြင်း
( င ) မြန်မာ့စီးပွားရေးဘဏ်
  • ပေးသွင်းငွေများ လက်ခံ၍ ပေးသွင်းသူထံ လက်ခံချလံထုတ်ပေးခြင်း
( စ ) အကောက်ခွန်
  • ဘဏ်ငွေသွင်းပြီးပါက ယာယီငွေရပြေစာ PR ထုတ်ပေးခြင်း
( ဆ ) ပြည်တွင်းအခွန်
  • အခွန်ပေးသွင်းပြီးကြောင်း အကောက်ခွန်နှင့် ကုန်သွယ်ခွန်ချလံမူရင်း တင်ပြလာပါက စစ်ဆေး၍ ဆိုင်ကယ်ပုံစံ အ၀ါထုတ်ပေးခြင်း
( ဇ ) ကညန
  • ယာဉ်မှတ်ပုံတင်ကြေး ပေးသွင်းခြင်းနှင့် ဆိုင်ကယ်ပုံစံ အ၀ါရောင်တင်ပြလာပါက မော်တော်ဆိုင်ကယ် သက်သေခံလက်မှတ် ( ၀ှီးတက်)ထုတ်ပေးခြင်း
( စ် ) အာမခံ
  • အာမခံတွင် ယာဉ် အာမခံကြေးပေးသွင်း၍ အာမခံစာအုပ်ထုတ်ပေးခြင်း
လုပ်ငန်းစဉ်အရ ရှင်းလင်းလွယ်ကူအောင် ဆောင်ရွက်ပေးလျက်ရှိသော်လည်း ဆိုင်ကယ်ပိုင်ရှင်အချို့မှာ အကျိုးဆောင်များအား ငွေပေး၍ စေခိုင်းကြသဖြင့် ယာဉ်လိုင်စင် လာရောက်လုပ်ကိုင် သူများအကြား အထင်အမြင် လွဲမှားမှုများ ဖြစ်ပေါ်နေကြောင်းလည်း သိရှိခဲ့ရသည်။ ဆိုင်ကယ်လိုင်စင်ကိစ္စနဲ့ပတ်သက်ပြီး မည်သည့်စာရွက်စာတမ်းများလိုအပ်ကြောင်းနှင့် မည်သို့လုပ်ဆောင်ရမည်ကို
သိရှိလို၍ဖြစ်စေ မော်တော်ဆိုင်ကယ်စီမံချက်အဖွဲ့မှာ မေးမြန်းနိုင်ကြောင်းလည်း သိရှိရပါတယ်။
သတင်းသမားတစ်ဦး


တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net

Wednesday, June 6, 2012

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် တရားမ၀င်တင်သွင်းထားသော မော်တော်ဆိုင်ကယ်များအား ၅.၆.၂၀၁၂ မှ ၅.၁၀.၂၀၁၂ထိ (၄)လတိတိကြာမြင့်စွာ သက်ဆိုင်ရာဌာနများမှ အခွန်ဆောင်ခွင့်ပြုလိုက်သည်ဟု သိရပါသည်။
မြန်မာတစ်နိုင်ငံလုံး၌ အခွန်ဆောင်နိုင်သော ဆိုင်ကယ်များမှာ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ အိန္ဒိယနိုင်ငံစသည့် နိုင်ငံများမှ ထုတ်လုပ်သော ဆိုင်ကယ်များဖြစ်ပြီး အခွန်ကောက်ခံကြေးနှုန်းထားကို ဆိုင်ကယ်များရဲ့ နိုင်ငံအလိုက် နှစ်အလိုက်စသည်ဖြင့် ကြေးနှုန်းသတ်မှတ်ထားကြောင်းသိရသည်။ အခွန်အခကြေးနှုန်းများကို အောက်တွင် ကြည့်နိုင်ပါသည်။

အောက်ပါ ဇယားကွက်များသည် ထိုင်းနိုင်ငံထုတ်ဆိုင်ကယ်များနှင့် တရုတ်နိုင်ငံထုတ် ဆိုင်ကယ်များအတွက်ဖြစ်ပြီး နှစ်အလိုက် မော်ဒယ်လ်အလိုက် ခွဲခြားပြထားသော စာရင်းဖြစ်သည်။

ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်များ
၁၉၉၈ မှ ၂၀၀၀ထိ ထုတ်လုပ်သော ဆိုင်ကယ်များ
အကြောင်းအရာ၁၁၀စီစီ နှင့် အောက်
၁၂၅စီစီ နှင့် အောက်
AV တန်ဘိုး
၂၂ဝဝဝဝ
၃၁၀၀၀၀
CD 5%
၁၁၀၀၀
၁၅၅၀၀
CT 5% ၁၁၅၅၀
၁၆၂၇၅
က.ည.န
၂၂၀၀၀
၂၂၀၀၀
အာမခံ
၂၅၅၀ ၂၅၅၀
မြန်မာ့စီးပွားရေးဘဏ် ၅၀၀
၅၀၀
စုစုပေါင်း ကျသင့်ငွေ
၄၇၆၀၀ ကျပ်
၅၆၈၂၅ ကျပ်

၂၀၀၁ မှ ၂၀၀၅ထိ ထုတ်လုပ်သော ဆိုင်ကယ်များ
အကြောင်းအရာ၁၁၀စီစီ နှင့် အောက်
၁၂၅စီစီ နှင့် အောက်
AV တန်ဘိုး
၂၈၀၀၀၀
၃၆၀၀၀၀
CD 5%
၁၄၀၀၀
၁၈၀၀၀
CT 5% ၁၄၇၀၀
၁၈၉၀၀
က.ည.န
၂၂၀၀၀
၂၂၀၀၀
အာမခံ
၂၅၅၀ ၂၅၅၀
မြန်မာ့စီးပွားရေးဘဏ် ၅၀၀
၅၀၀
စုစုပေါင်း ကျသင့်ငွေ
၅၃၇၅၀ ကျပ်
၆၁၉၅၀ ကျပ်

၂၀၀၆ မှ ၂၀၁၂ထိ ထုတ်လုပ်သော ဆိုင်ကယ်များ
အကြောင်းအရာ၁၁၀စီစီ နှင့် အောက်
၁၂၅စီစီ နှင့် အောက်
AV တန်ဘိုး
၄၇၀၀၀၀
၇၂၀၀၀၀
CD 5%
၂၃၅၀၀
၃၆၀၀၀
CT 5% ၂၄၆၇၅
၃၇၈၀၀
က.ည.န
၂၂၀၀၀
၂၂၀၀၀
အာမခံ
၂၅၅၀ ၂ ၅၅၀
မြန်မာ့စီးပွားရေးဘဏ် ၅၀၀
၅၀၀
စုစုပေါင်း ကျသင့်ငွေ
၇၃၂၂၅ ကျပ်
၉၈၈၅၀ ကျပ်

၂၀၁၁ခုနှစ်နှင့် အထက် ထုတ်လုပ်သော ဆိုင်ကယ်များ
အကြောင်းအရာ၁၁၀စီစီ နှင့် အောက်
၁၂၅စီစီ နှင့် အောက်
AV တန်ဘိုး
၈၇၀၀၀၀
၁၂၀၀၀၀၀
CD 5%
၄၃၅၀၀
၆၀၀၀၀
CT 5% ၄၅၆၇၅
၆၃၀၀၀
က.ည.န
၂၂၀၀၀
၂၂၀၀၀
အာမခံ
၂၅၅၀ ၂၅၅၀
မြန်မာ့စီးပွားရေးဘဏ် ၅၀၀
၅၀၀
စုစုပေါင်း ကျသင့်ငွေ
၁၁၄၂၂၅ ကျပ်
၁၄၈၀၅၀ ကျပ်
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

တရုတ်နိုင်ငံထုတ် ဆိုင်ကယ်များ
၁၉၉၈ မှ ၂၀၀၀ထိ ထုတ်လုပ်သော ဆိုင်ကယ်များ
အကြောင်းအရာ၁၁၀စီစီ နှင့် အောက်
၁၂၅စီစီ နှင့် အောက်
AV တန်ဘိုး
၁၀၀၀၀၀
၁၂၀၀၀၀
CD 5%
၅၀၀၀
၆၀၀၀
CT 5% ၅၂၅၀
၆၃၀၀
က.ည.န
၂၂၀၀၀
၂၂၀၀၀
အာမခံ
၂၅၅၀ ၂၅၅၀
မြန်မာ့စီးပွားရေးဘဏ် ၅၀၀
၅၀၀
စုစုပေါင်း ကျသင့်ငွေ
၃၅၂၀၀ ကျပ်
၃၇၃၅၀ ကျပ်

၂၀၀၁ မှ ၂၀၀၅ထိ ထုတ်လုပ်သော ဆိုင်ကယ်များ
အကြောင်းအရာ၁၁၀စီစီ နှင့် အောက်
၁၂၅စီစီ နှင့် အောက်
AV တန်ဘိုး
၁၅၀၀၀၀
၁၇၀၀၀၀
CD 5%
၇၅၀၀
၈၅၀၀
CT 5% ၇၈၇၅
၈၉၂၅
က.ည.န
၂၂၀၀၀
၂၂၀၀၀
အာမခံ
၂၅၅၀ ၂၅၅၀
မြန်မာ့စီးပွားရေးဘဏ် ၅၀၀
၅၀၀
စုစုပေါင်း ကျသင့်ငွေ
၄၀၄၂၅ ကျပ်
၄၂၄၇၅ ကျပ်

၂၀၀၆ မှ ၂၀၁၂ထိ ထုတ်လုပ်သော ဆိုင်ကယ်များ
အကြောင်းအရာ၁၁၀စီစီ နှင့် အောက်
၁၂၅စီစီ နှင့် အောက်
AV တန်ဘိုး
၂၄၀၀၀၀
၂၉၀၀၀၀
CD 5%
၁၂၀၀၀
၁၄၅၀၀
CT 5% ၁၂၆၀၀
၁၅၂၂၅
က.ည.န
၂၂၀၀၀
၂၂၀၀၀
အာမခံ
၂၅၅၀ ၂၅၅၀
မြန်မာ့စီးပွားရေးဘဏ် ၅၀၀
၅၀၀
စုစုပေါင်း ကျသင့်ငွေ
၄၉၆၅၀ ကျပ်
၅၄၇၇၅ ကျပ်

၂၀၁၁ခုနှစ်နှင့် အထက် ထုတ်လုပ်သော ဆိုင်ကယ်များ
အကြောင်းအရာ၁၁၀စီစီ နှင့် အောက်
၁၂၅စီစီ နှင့် အောက်
AV တန်ဘိုး
၃၁၀၀၀
၃၄၀၀၀၀
CD 5%
၁၅၅၀၀
၁၇၀၀၀
CT 5% ၁၆၂၇၅
၁၇၈၅၀
က.ည.န
၂၂၀၀၀
၂၂၀၀၀
အာမခံ
၂၅၅၀ ၂၅၅၀
မြန်မာ့စီးပွားရေးဘဏ် ၅၀၀
၅၀၀
စုစုပေါင်း ကျသင့်ငွေ
၅၆၈၂၅ ကျပ်
၅၉၉၀၀ ကျပ်
အထက်ပါ ဇယားဖြင့်ဖော်ပြထားသော ကြေးနှုန်းများသည် ထိုင်းနိုင်ငံထုတ်နှင့် တရုတ်နိုင်ငံထုတ် ဆိုင်ကယ်များအတွက်သာဖြစ်ပြီး အိန္ဒိယနိုင်ငံထုတ်နှင့် ဂျပန်နိုင်ငံထုတ်ဆိုင်ကယ်များအတွက်ကိုတော့ အောက်ပါ စာရင်းတွင် ကြည့်နိုင်ပါသည်။

ဤသို့ဖော်ပြထားရခြင်းမှာ တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံထုတ် နှင့် တရုတ်နိုင်ငံထုတ် ဆိုင်ကယ်များ အများအပြား ရှိနေခြင်းကြောင့် အဓိကကိုသာ ဖော်ပြထားပေးခြင်းဖြစ်သည်။
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

(၄)နိုင်ငံထုတ် ဆိုင်ကယ်များရဲ့ အကောက်ခွန်ကြေးနှုန်းများကို CD 5%၊ CT 5%၊ က.ည.န၊ အာမခံ၊ မြန်မာ့စီးပွားရေးဘဏ် စသည်အတွက် ကြေးနှုန်းများအပါအ၀င် ဇယားအလွတ်တွက်ပြရသော်-----

ထိုင်းနိုင်ငံထုတ်ဆိုင်ကယ်များအတွက် စုစုပေါင်း အကောက်ခွန်ကြေးမှာ
၁၉၉၈ မှ ၂၀၀၀ခုနှစ်ထိ ထုတ်လုပ်သော ဆိုင်ကယ်များအတွက်
  • ၁၁၀ စီစီ နှင့် အောက် = ( ၄၇၆၀၀ )ကျပ်
  • ၁၂၅ စီစီ နှင့် အထက် = ( ၅၆၈၂၅ )ကျပ်
၂၀၀၁ မှ ၂၀၀၅ခုနှစ်ထိ ထုတ်လုပ်သော ဆိုင်ကယ်များအတွက်
  • ၁၁၀ စီစီ နှင့် အောက် = ( ၅၃၅၇၀ )ကျပ်
  • ၁၂၅ စီစီ နှင့် အထက် = ( ၆၁၉၅၀ )ကျပ်
၂၀၀၆ မှ ၂၀၁၀ခုနှစ်ထိ ထုတ်လုပ်သော ဆိုင်ကယ်များအတွက်
  • ၁၁၀ စီစီ နှင့် အောက် = ( ၇၃၂၂၅ )ကျပ်
  • ၁၂၅ စီစီ နှင့် အထက် = ( ၉၈၈၅၀ )ကျပ်
၂၀၁၁ခုနှစ် နှင့် ၂၀၁၁ခုနှစ်အထက် ထုတ်လုပ်သော ဆိုင်ကယ်များအတွက်
  • ၁၁၀ စီစီ နှင့် အောက် = ( ၁၁၄၂၂၅ )ကျပ်
  • ၁၂၅ စီစီ နှင့် အထက် = ( ၁၄၈၀၅၀ )ကျပ်
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

တရုတ်နိုင်ငံထုတ်ဆိုင်ကယ်များအတွက် စုစုပေါင်း အကောက်ခွန်ကြေးမှာ
၁၉၉၈ မှ ၂၀၀၀ခုနှစ်ထိ ထုတ်လုပ်သော ဆိုင်ကယ်များအတွက်
  • ၁၁၀ စီစီ နှင့် အောက် = ( ၃၅၃၀၀ )ကျပ်
  • ၁၂၅ စီစီ နှင့် အထက် = ( ၃၇၃၅၀ )ကျပ်
၂၀၀၁ မှ ၂၀၀၅ခုနှစ်ထိ ထုတ်လုပ်သော ဆိုင်ကယ်များအတွက်
  • ၁၁၀ စီစီ နှင့် အောက် = ( ၄၀၄၂၅ )ကျပ်
  • ၁၂၅ စီစီ နှင့် အထက် = ( ၄၂၄၇၅ )ကျပ်
၂၀၀၆ မှ ၂၀၁၀ခုနှစ်ထိ ထုတ်လုပ်သော ဆိုင်ကယ်များအတွက်
  • ၁၁၀ စီစီ နှင့် အောက် = ( ၄၉၆၅၀ )ကျပ်
  • ၁၂၅ စီစီ နှင့် အထက် = ( ၅၄၇၇၅ )ကျပ်
၂၀၁၁ခုနှစ် နှင့် ၂၀၁၁ခုနှစ်အထက် ထုတ်လုပ်သော ဆိုင်ကယ်များအတွက်
  • ၁၁၀ စီစီ နှင့် အောက် = ( ၅၆၈၂၅ )ကျပ်
  • ၁၂၅ စီစီ နှင့် အထက် = ( ၅၉၉၀၀ )ကျပ်
    ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
ဂျပန်နိုင်ငံထုတ်ဆိုင်ကယ်များအတွက် စုစုပေါင်း အကောက်ခွန်ကြေးမှာ
၁၉၉၈ မှ ၂၀၀၀ခုနှစ်ထိ ထုတ်လုပ်သော ဆိုင်ကယ်များအတွက်
  • ၁၂၅ စီစီ နှင့် အထက် = ( ၂၀၄၄၂၅ )ကျပ်
၂၀၀၁ မှ ၂၀၀၅ခုနှစ်ထိ ထုတ်လုပ်သော ဆိုင်ကယ်များအတွက်
  • ၁၂၅ စီစီ နှင့် အထက် = ( ၃၆၃၃၀၀ )ကျပ်
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

အိန္ဒိယနိုင်ငံထုတ်ဆိုင်ကယ်များအတွက် စုစုပေါင်း အကောက်ခွန်ကြေးမှာ
၁၉၉၈ မှ ၂၀၀၀ခုနှစ်ထိ ထုတ်လုပ်သော ဆိုင်ကယ်များအတွက်
  • ၁၁၀ စီစီ နှင့် အောက် = ( ၆၆၀၅၀ )ကျပ်
  • ၁၂၅ စီစီ နှင့် အထက် = ( ၇၅၂၇၅ )ကျပ်
၂၀၀၁ မှ ၂၀၀၅ခုနှစ်ထိ ထုတ်လုပ်သော ဆိုင်ကယ်များအတွက်
  • ၁၁၀ စီစီ နှင့် အောက် = ( ၇၆၃၀၀ )ကျပ်
  • ၁၂၅ စီစီ နှင့် အထက် = ( ၈၀၄၀၀ )ကျပ်
၂၀၀၆ မှ ၂၀၁၀ခုနှစ်ထိ ထုတ်လုပ်သော ဆိုင်ကယ်များအတွက်
  • ၁၁၀ စီစီ နှင့် အောက် = ( ၁၀၉၁၀၀ )ကျပ်
  • ၁၂၅ စီစီ နှင့် အထက် = ( ၁၁၃၂၀၀ )ကျပ်
၂၀၁၁ခုနှစ် နှင့် ၂၀၁၁ခုနှစ်အထက် ထုတ်လုပ်သော ဆိုင်ကယ်များအတွက်
  • ၁၁၀ စီစီ နှင့် အောက် = ( ၁၁၉၃၅၀ )ကျပ်
  • ၁၂၅ စီစီ နှင့် အထက် = ( ၁၂၄၄၇၅ )ကျပ်
၅.၆.၂၀၁၂ မှ စ၍ ၂၁ယ အက္ခရာပါ နံပါတ်များအားထုတ်ပေးလျက်ရှိရာ ၅.၆.၂၀၁၂နေ့တွင် တစ်နေ့တာအတွက် ဆိုင်ကယ်စီးရေ ၉၃စီးအားနေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။ ထို့အတူ ၅.၆.၂၀၁၂ မှစ၍ ၅.၁၀.၂၀၁၂ထိ ( ၄)တိတိ ဆိုင်ကယ်များကို အခွန်ဆောင်ခွင့်ပြုထားကြောင်း သိရသည်။

ယခင်ကလို အဆမတန် အခွန်များကို ကောက်ခံခြင်းမဟုတ်တော့ပဲ ယခုကဲ့သို့ ပြည်သူအများအပြား ဆောင်နိုင်သည့်ပမာနဖြင့် သတ်မှတ်ပေးထားသည့်အတွက် အားလုံးကိုယ်စား တာချီလိတ် အွန်လိုင်းစာမျက်နှာမှ ကျေးဇူးတင်ပါသည်။

ကျေးဇူးတင်ပါသည်
တာချီလိတ် အွန်လိုင်းစာမျက်နှာ
www.tachileik.net