Latest News

Dropdown Menu

Showing posts with label နဂါးရုံတောရကျောင်း. Show all posts
Showing posts with label နဂါးရုံတောရကျောင်း. Show all posts

Thursday, May 10, 2012

၁၀.၅.၂၀၁၂ ကြာသပတေးနေ့ နံနက် (၉)နာရီတွင် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စု နဂါးရုံတောရကျောင်းတွင် စုဗူးအပ်နှံရေစက်ချပွဲကို ကျင်းပခဲ့ပါသည်။ ယခုအကြိမ်ပါ စုဗူးအပ်နှံရေစက်ချပွဲသည် နဂါးရုံတောရကျောင်း၏ တတိယအကြိမ်မြောက်ဖြစ်ပါသည်။



စုဗူးအပ်နှံရေစက်ချခြင်းဆိုသည်မှာ
ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ငွေပဒေသာပင်စိုက်ထူခြင်းနှင့်တူညီလေသည်။ အလှုရှင်များအနေဖြင့် တစ်လုံးတခဲတည်း အလှူငွေများကို ထည့်ဝင်မည်ဆိုလျှင် (သာမာန်လက်လုပ်လက်စားအနေဖြင့်) အလုပ်အကိုင်အခက်အခဲဖြစ်နေချိန်တွင် မိမိစိတ်၌ လှုချင်စိတ်ရှိသော်လည်း မလှုနိုင်သည့်အခါ စိတ်ကသိကအောက်ဖြစ်စေပါသည်။ ထို့အတွက်ကြောင့် နဂါးရုံတောရကျောင်းအနေဖြင့် ဆောက်လုပ်ဆဲကျောင်းဆောင်များ နှင့် လိုအပ်သည်များကို ဖြည့်ဆည်းပြုပြင်မွမ်းမံနိုင်ရန်အတွက် အလှူရှင်များ အတွက် စုဗူးစုသော လှုဒါန်းမှုမျိုးဖြင့် ပြုလုပ်ပေးထားပါသည်။

{နဂါးရုံတောရကျောင်း ဆရာတော်}

စုဗူးစုနည်းဆိုသည်မှာ
စုဗူးစုနည်းဆိုသည်မှာ အလှူရှင်များအနေဖြင့် စုဗူးစု၍ နဂါးရုံတောရကျောင်းအတွက် လှူဒါန်းလိုပါက နဂါးရုံတောရကျောင်းတွင် စုဗူးအားသွားရောက်၍ ယူနိုင်ပြီး မိမိအနေဖြင့် တစ်နေ့(၅)ဘတ်(၁၀)ဘတ် စသည့်ဖြင့် စုဗူးထဲသို့စုထားနိုင်ပါသည်။ စုဗူးအား တစ်နှစ်တွင် (၃)ကြိမ် (လေးလတစ်ကြိမ်) ဖောက်ပါမည်။ စုဗူးဖောက်ပွဲအား ယခုလို စုဗူးအပ်နှံရေစက်ချပွဲအဖြစ်ပြုလုပ်ပေးမှာဖြစ်ပါသည်။

ယခုကဲ့သို့ စုဗူးစုခြင်းဖြင့် မိမိလှူဒါန်းလိုချင်စိတ်မှာ အထမြောက်သွားမည်ဖြစ်ပြီး တစ်နေ့နည်းနည်းစီ စုဗူးထဲစုထားရသည်ဖြစ်တာကြောင့် အလှူရှင်များအနေဖြင့် အပမ်းမကြီးစေပါ။

{အလှူရှင်များ စုထားသမျှ ထိုင်းဘတ်ငွေအကြွေစေ့လေးများ}

{အလှူရှင်များ စုထားသမျှ အလှူငွေများအား ရေတွက်နေကြစဉ်}

{တရားတော်နာယူနေကြစဉ်}
{ရေစက်ချစဉ်}

နဂါးရုံတောရကျောင်းတွင် အလှုရှင်များအတွက် စုဗူးစုစနစ်မှာ စိတ်ဝင်စားဖွယ်ကောင်းလှပြီး ထိုကဲ့သို့ လှူဒါန်လိုသူများအား ပါဝင်လှူဒါန်းနိုင်ရန်သော်လည်းကောင်း၊ အလှူရှင်များအနေဖြင့် နဂါးရုံတောရကျောင်းအား တစ်ထောင့်တစ်နေရာမှနေ၍ လိုအပ်သည်များကို လှူဒါန်းနိုင်ရန်အတွက်လည်းကောင်း တာချီလိတ်အွန်လိုင်းစာမျက်နှာမှ နိဗ္ဗာန်အကျိုးမျှော်ကိုး၍ အသိပေးနိုးဆော်လိုက်ပါသည်။

ပုံများကိုကြည့်ရန်
ကျေးဇူးတင်ပါသည်
Tachileik
www.tachileik.net