Latest News

Dropdown Menu

Showing posts with label သင်္ကြန်. Show all posts
Showing posts with label သင်္ကြန်. Show all posts

Tuesday, April 16, 2013

မြန်မာသက္ကရာဇ် (၁၃၇၄-၇၅)ခုနှစ်ရဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန်မှာ ပါဝင်ယှဉ်ပြိုင်သွားကြသော ယိမ်းအကဖွဲ့များအား ဆုချီးမြှင့်ခြင်းနှင့် သင်္ကြန်ပိတ်ပွဲ အခမ်းအနားကို တာချီလိတ်မြို့ ရှမ်းရိုးမကွင်းမှာ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားမှာ ဆုချီးမြှင့်ခြင်းနှင့်ပတ်သက်၍ ဒိုင်ချုပ်မှ ရှင်းလင်းပြောကြားပြီး ဆက်လက်၍ ဆုရရှိသူ ပြိုင်ပွဲဝင်အကအဖွဲ့များ၏ အမည်စာရင်းများကို ကြေညာရာ နှစ်သိမ့်ဆုရရှိသော အဖွဲ့(၁၀)ဖွဲ့ကို ဦးစွာကြေညာပြီး ကျန်(၃)ဖွဲ့ကိုတော့ (၁)ဖွဲ့စီ ကြေညာရာ ပထမဆုကို ပိတောက်ရွှေစင်ယိမ်းအဖွဲ့ (ထွေ/အုပ်)၊ ဒုတိယဆုကို အမှတ်(၃၃၁)ခြေမြန်တပ်ရင်း ယိမ်းအဖွဲ့ နှင့် တတိယဆုကို ပိတောက်သူဇာယိမ်းအဖွဲ့(တာလော့ရပ်ကွက်) စသည့် ယိမ်းအဖွဲ့များမှ ဆုများ အသီးသီးဆွတ်ခူးသွားခဲ့သည်။



ဆုချီးမြှင့်ရာမှာ ပထမဆုကို (၅)သိန်းကျပ်၊ ဒုတိယဆုကို (၃)သိန်းကျပ်၊ တတိယဆုကို (၂)သိန်းကျပ် နှင့် နှစ်သိမ့်ဆု(၁၀)ဆုကို ကျပ်(၁)သိန်းစီ သတ်မှတ်ချီးမြှင့်ခဲ့ကြသည်။ ထပ်မံပြီး ပထမရရှိသော ယိမ်းအဖွဲ့ကို အပိုဆုအဖြစ်  မြို့မိ မြို့ဖ တစ်ဦးဖြစ်သူ ဦးကြည်မြင့်မှ ကျပ်(၁)သိန်းချီးမြှင့်သည်။ ဆက်လက်ပြီး  ဦအာဇေး(အာခါတိုင်းရင်းသားခေါင်းဆောင်)မှ ယိမ်းအဖွဲ့အားလုံးအတွက် (၅၀၀၀)ဘတ် နှင့် ယိမ်းအဖွဲ့အားလုံးအတွက် (၁)ဖွဲ့လျှင် (၅၀၀)ဘတ်နှုန်းဖြင့် (၆၅၀၀)ဘတ်ကို ဒေါ်နန်းငွေမြ(ကျားဖြူပါတီ)မှ ချီးမြှင့်သွားကြောင်း သိရသည်။



 ဆုချီးမြှင့်ခြင်းနှင့် သင်္ကြန်ပိတ်ပွဲ အခမ်းအနားတွင် ဖိတ်ကြားထားသော ဧည့်သည်တော်များ နှင့် ယိမ်းအဖွဲ့များအပြင် မည်သူမဆို လာရောက် သုံးဆောင်နိုင်ရန်အတွက် အာခါတိုင်းရင်းသားနှင့် လားဟူတိုင်းရင်းသားများမှ စုပေါင်းပြီး တရုတ်ဝိုင်းဖြင့် တည်ခင်းဧည့်ခံကြသည်ကိုလည်းတွေ့ရသည်။




ယခုနှစ်အတွက် ပါဝင်ယှဉ်ပြိုင်သွားကြသော ယိမ်းအဖွဲ့များမှာ စာရင်းအရ(၁၄)ဖွဲ့ရှိသော်လည်း (၁)ဖွဲ့မှာ ပါဝင်ကပြ ပြိုင်ပွဲဝင်နိုင်ခြင်းမရှိတာကြောင့် ယိမ်းအဖွဲ့(၁၃)ဖွဲ့သာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ ပြီးခဲ့သော ၂၀၁၂ခုနှစ်က ယိမ်းအဖွဲ့(၁၄)ဖွဲ့ ယှဉ်ပြိုင်ကြရာ ပထမဆုကိုတော့ ပိတောက်ရွှေရည်ယိမ်းအဖွဲ့(ဟောင်လိတ်)က ဆွတ်ခူးသွားခဲ့ကြောင်းလည်း သိရသည်။

 
(သင်္ကြန်အတက်က Ambition Crew ရဲ့ အက ဗီဒီယို)

၂၀၁၃ သင်္ကြန်ကာလအတွင်း ဓါတ်ပုံများကို ကြည့်ရန်
  1. တာချီလိတ်မြို့ရဲ့ အတာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ ပုံရိပ်များ70 photos
  2. သင်္ကြန်ယိမ်းအဖွဲ့(၄)ဖွဲ့၏ အကပြိုင်ပွဲပုံရိပ်တစ်ချို့(သင်္ကြန်အကျနေ့)21 photos
  3.  တာချီလိတ်မြို့ရဲ့ သင်္ကြန်အကျနေ့ မြင်ကွင်း (နေ့လည်ပိုင်း)36 photos
  4. သင်္ကြန်အကြတ်နေ့ ဒုတိယအုပ်စု သင်္ကြန်ယိမ်းအဖွဲ့များရဲ့ အကပြိုင်ပွဲ34 photos
  5. (တာချီလိတ်)သင်္ကြန်အကြတ် ညပိုင်း ဗဟိုမဏ္ဍပ်ရှေ့ ပရိတ်သတ်များစည်ကား26 photos
  6.  တာချီလိတ်သင်္ကြန်အတက်နေ့ ပုံရိပ်တစ်ချို့26 photos
  7. သင်္ကြန်အတက်ည ဗဟိုမဏ္ဍပ်အတွင်းမြင်ကွင်းတစ်ချို့....17 photos
  8. တာချီလိတ်သင်္ကြန်ပိတ်ပွဲ နှင့် ဆုပေးပွဲအခမ်းအနားကျင်းပပြီးစီ6း4 photos


Saturday, April 13, 2013

တာချီလိတ်မြို့ရဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ ညနေ(၄)နာရီက တာချီလိတ်မြို့နယ် ရှမ်းရိုးမကွင်းထဲမှာ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

 


ဖွင့်ပွဲမှာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက အဖွင့်အမှာ စကားပြောကြားပြီး ခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး နေမျိုးထွဋ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးကြည်မြင့် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြတာ ဖြစ်ကြောင်း သိရပါတယ်။


ယခုနှစ်အတွက် တာချီလိတ်မြို့မှာ ပြိုင်ပွဲဝင် ယိမ်းအဖွဲ့များအနေနဲ့ (၁၄)ဖွဲ့ရှိပြီး မဏ္ဍပ်အနေဖြင့် ဗဟိုမဏ္ဍပ်အပါအ၀င် (၁၀)ခုရှိကြောင်း သိရပါတယ်။ ပြိုင်ပွဲဝင် ယိမ်းအဖွဲ့များအတွက် ဆုပေးပွဲနှင့် ပွဲတော်ပိတ်ပွဲကို သင်္ကြန်အတက်နေ့ဖြစ်တဲ့ ဧပြီလ(၁၆)ရက်နေ့ ညနေ(၆)နာရီမှာ ပြုလုပ်မှာ ဖြစ်ကြောင်း ကြိုတင်သိရှိရပါတယ်။

ပုံများကိုကြည့်ရန်

Sunday, April 7, 2013

တာချီလိတ်မြို့မှာ သင်္ကြန်ရောက်ပြီဆိုတိုင်း မတ်လ(၂၃)ရက် မှ ဧပြီလ(၂၃)ရက်နေ့ထိ အပမ်းဖြေပျော်ပါး
ရေကစားနိုင်ကြတဲ့ နေရာလေးဟာ ပုန်းထွန်ချောင်း ပဲဖြစ်ပါတယ်။ ထို့အတူပင် မယ်ဟုတ်ချောင်းမှာလည်း ရေကစားနိုင်ပါတယ်။ ယခု ဗီဒီယိုမှာ ပုန်းထွန်ချောင်းရဲ့ အနေအထားနဲ့ ရေကစားနေကြပုံများကို ရိုက်ကူးထားတာဖြစ်ပါတယ်။

ပုန်းထွန်ချောင်းဆိုတာ တကယ်တော့ တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စုထဲမှာ ရှိတဲ့ ရေချောင်းကို ပြောတာဖြစ်ပြီး အများကတော့ အဲ့ဒီချောင်းကို ပုန်းထွန်ချောင်းလို့ ခေါ်ကြပါတယ်။ ပုန်းထွန်ချောင်းရဲ့ အနေအထားလေးနဲ့ ပျော်စရာ ရေကစားကြပုံများကို အောက်ပါ ဗီဒီလေး ကို နိပ်ပြီး ဆက်လက်ကြည့်ရှုပါ။



သတိပြုဖွယ်။      ။
သင်္ကြန်ကာလများမှာ ပုန်းထွန်ချောင်း နဲ့ မယ်ဟုတ်ချောင်းတို့မှာ ရေနစ်သေဆုံးမှုများလည်း ရှိခဲ့တာကို သိရပါတယ်။ ပြီးခဲ့သော ၂၀၁၂ခုနှစ် သင်္ကြန်ကာလတုန်းကလည်း မယ်ဟုတ်ချောင်းမှာ တစ်ယောက်၊ ပုန်းထွန်ချောင်းမှာ တစ်ယောက်
 ရေနစ်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ ထို့အတွက် အပျော်အပါး ဆိုသော်လည်း သတိထားကာ ပျော်ပါးကြစေလိုကြောင်း အကြံပြု သတိပေးရင်း နှစ်သစ်သင်္ကြန်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ခင်ဗျာ။

ပုံများကိုကြည့်ရန်

Monday, April 16, 2012


ယနေ့ဟာ မြန်မာ့သင်္ကြန်အတက်နေ့ဖြစ်သည်။ သင်္ကြန်အတွင်း၌ လူတို့သည် ကောင်းမူကုသိုလ်များ ပျော်စရာများလည်း လုပ်တတ်ကြ၏။

ယနေ့ မနက်မှစ၍ သင်္ကြန်အတက်နေ့အတွက် ဓါတ်ပုံရိုက်ထွက်ရာ ဧရာဝတီဘဏ်ရှေ့တွင် တာချီလိတ်မြို့ရှိ အလင်းရောင်ပရဟိတအဖွဲ့မှ မုန့်ကြာစေ့ စတုဒီသာကျွေးမွေးနေတာကိုတွေ့လိုက်ရသည်။ ၎င်းတို့အဖွဲ့သည် ပျော်ပျော်ပါးပါး လုပ်ဆောင်နေကြပြီး လာသမျှကားများကို တား၍ စတုဒီသာများကို ပေးကမ်းကြသည်သဖုံ လမ်းသွားလမ်းလာလူများကို ပေကမ်းကြသည်က တမည်။ ပျော်စရာကောင်းသော အလှူတစ်ခုဖြစ်လေသည်။

အလင်းရောင် ပရဟိတအဖွဲ့မှ စတုဒီသာကျွေးမွေး
* * * * *
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
ထို့နောက်မှာတော့ ရွှေတိဂုံအောက်ဖက်တွင်ရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်လည်း မုန့်လုံးရေပေါ်စတုဒီသာကျွေးရန်အတွက် အုန်းသီးခြစ်သူများ၊ ထန်းလျက်ခြမ်းသူများ၊ မုန့်လုံး လုံးနေသူများဖြင့် ပျော်ပျော်ပါးပါး လုပ်ဆောင်နေကြသည်ကိုလည်း တွေ့ခဲ့ရသည်။ အလှူနှင့်ပတ်သက်လျှင် လူတို့သည် စိတ်ကိုပျော်ရွှင်၍ တက်ကြွစွာ လုပ်ဆောင်တတ်လေသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတုဒီသာမဏ္ဍပ်
* * * * *
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦


ယနေ့ဟာ သင်္ကြန်အတက်နေ့ဖြစ်တာကြောင့် လူအများ ရေပတ်ခံထွက်ကြသည်ကို တွေ့ရသည်။ ပျော်ပျော်ပါးပါး စီးတော်ယာဉ်အမျိုးမျိုးဖြင့် သွားလာပျော်မြူးနေကြတာကိုလည်း တွေ့ရ၏။ :)
သုံးဘီးဖြင့် ပျော်ပျော်ပါးပါး ရေပတ်ခံထွက်နေကြပုံ
* * * * *
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

အနီးစပ်ဆုံးဖြစ်သော ပုန်းထွန်ချောင်းကို ရောက်သွားတော့ ထိုင်စရာနေရာ မရှိလောက်အောင် အလည်လာသူတွေ များနေကြသည်။ မယ်ဟုတ်ချောင်းသို့သွားသော လမ်းများ ပြည့်ကျပ်နေသည်ဟုလည်း ကြားရ၏။ ယနေ့ ပုန်းထွန်ချောင်းသို့ ရောက်ခဲ့ပြန်ရာ ထိုချောင်းတွင် မိသားစုများ ကလေးငယ်များ ချစ်သူရည်းစားများ စသည်ဖြင့် အုပ်စုလိုက်ပျော်ပါးနေကြသည်ကို ကြည့်ရသည်မှာ ပျော်စရာကောင်းလှပေသည်။
ပုန်းထွန်ချောင်း
* * * * *
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦


တာချီလိတ်မြို့ရှိ ရပ်ကွက်များ စစ်တပ်များ ဌာနဆိုင်ရာမှ ယိမ်းအဖွဲ့များစုစုပေါင်း (၁၄)ဖွဲ့ဟာ သင်္ကြန်အတွင်း ယိမ်းအကပြိုင်ကြရာ ကော်မတီမှ ဒိုင်များ၏ ဆုံးဖြတ်ချက်ဖြင့် (၁၁)ဖွဲ့ကို နှစ်သိမ့်ဆုပေးအပ်ပြီး ကျန်(၃)ဖွဲ့ကိုတော့ ပထမဆု၊ ဒုတိယဆု၊ တတိယဆု အဖြစ် ပေးအပ်ချီးမြှင့်သည့်အခမ်းအနားကို သင်္ကြန်အတက်နေ့ဖြစ်သည့် ၁၆.၄.၂၀၁၂ တနလာင်္နေ့ ညနေ ၆နာရီတွင် စတင်ပြုလုပ်ခဲ့ပြီး ည(၈)နာရီဝန်းကျင်တွင် မဏ္ဍပ်ပိတ်ပွဲဖြင့် အခမ်းအနားကို အောင်မြင်စွာ သိမ်းခဲ့ကြသည်။

ဆုချီးမြှင့်ပေးရာတွင်
  • ပထမဆု ( ၈ )သိန်းကျပ်
  • ဒုတိယဆု ( ၆ )သိန်းကျပ်
  • တတိယဆု ( ၄ )သိန်းကျပ်
  • နှစ်သိမ့်ဆု ( ၂ )သိန်းကျပ်
တို့ဖြင့် အသီးသီးဆုငွေချီးမြှင့်ပေးခဲ့ကြသည်။


ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ခင်မောင်စိုးမှ ပထမဆုရသော ပိတောက်ရွှေရည်ယိမ်းအဖွဲ့ အား ဆုငွေချီးမြှင့်နေစဉ်
* * * * *
ပထမဆုရသော ပိတောက်ရွှေရည်ယိမ်းအဖွဲ့
* * * * *

ဒုတိယဆု ရရှိသည့် ရခိုင်ရိုးရာယဉ်ကျေးမှုအဖွဲ့
* * * * *

ဆုပေးပွဲအခမ်းအနားမစတင်မှီ နေရာယူနေကြစဉ်
* * * * *

မကာဟိုခမ်းယိမ်းအဖွဲ့
* * * * *



{{ဆုပေးပွဲအခမ်းအနား ဗီဒီယို}}

ယနေ့(၁၆.၄.၂၀၁၂) သင်္ကြန်အတက်နေ့ ဓါတ်ပုံများ ကြည့်ရန် ( ကြည့်လိုသည်ကို နိပ်ပါ)

မြန်မာ့နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ
Tachileik
www.tachileik.net

Sunday, April 15, 2012

သားတို့ မြို့လေးမှာ သင်္ကြန်ရောက်ပြီဆိုရင် သားအနေနဲ့ အရမ်းပျော်တာပဲ။ သင်္ကြန်ရောက်ပြီဆိုရင်လေ ပုန်းထွန်ချောင်းမှာ ရေဆော့ရတာအရမ်းပျော်တယ်။

ဪ.... သားရဲ့အသက်ပြောရအုံးမယ် သားအသက်က အခုဆိုရင် (၉)နှစ်တောင်ရောက်နေပြီ။

ဒီနေ့ သင်္ကြန်အကျနေ့လေ အဖေက ပုန်းထွန်ချောင်းသွားလည်မယ်လို့ ပြောတော့ သားအရမ်းလိုက်ချင်တာနဲ့ လိုက်သွားလိုက်တာ။ ပုန်းထွန်ချောင်းလည်းရောက်ရော လူတွေ အများကြီးပဲ ရေကူးနေကြတာ။ သားက ငယ်သေးတယ်ဆိုတော့ အဖေက ရေမကူခိုင်းဘူး။ ရေကူးချင်လိုက်တာဗျာ....။
----------------------------
--
-
-
-
-

အဖေက ငါးကင်ဝယ်မို့လားမသိဘူး။ တဲလေးမှာ ရပ်နေတော့ သားလည်း ရေဆော့ချင်လို့ ရေထဲဆင်းလိုက်တာ

ရေက အေးပြီး ဆော့လို့ကောင်းလိုက်တာ ရေဆော့နေချိန်လေးမှာ ဘယ်လိုမှန်းမသိလိုက်ဘူးဗျာ။ ကျောက်တုံးက ချော်သလိုလို နဲ့ သား လဲကျသွားတယ်။

{ရေနစ်သွားသော ကလေးအား ရှာနေကြစဉ်}

ရေစီးရဲ့အရှိန်ကြောင့်ရောထင်တယ်ဗျာ သားအားနဲ့က မထိန်းနိုင်ပဲ မျောပါသွားလိုက်တာ။ ဘယ်လောက်တောင်ကြာသွားလည်းမသိလိုက်ဘူး။ သား သတိရလာတဲ့ အချိန်မှာတော့ လူတွေအများကြီးပဲ ရေအောက်ကိုငုံ့ကြည့်နေကြတယ်။ ကြိုးတွေ ၀ါးတွေနဲ့ ရေထဲဆင်းပြီးရှာတဲ့လူတွေကရှာလို့ဗျာ ဘာရှာနေမှန်းတော့ သား လည်းမသိဘူး။


လူအုပ်ကြားထဲမှာ သားရဲ့အဖေကို လိုက်ရှာကြည့်တာ အဖေက ရဲတွေပြည်သူစစ်တွေရှိတဲ့ တံတားပေါ်မှာ မျက်နှာလေးငြိုးငယ်နေလိုက်တာ ပါးစပ်ကလည်း ဘာတွေရွတ်နေမှန်းလည်းသိဘူး။ သားကလည်း အဖေ့နားကို သွားလိုက်တယ်။ အနားရောက်လို့ အဖေ လို့ ခေါ်တာ အဖေက မကြားဘူး။

အဖေကလည်း သားခေါ်တာကို မကြားတာနဲ့ ဆက်မခေါ်တော့ပဲ ဒီတိုင်းပဲနေလိုက်တယ်။ နဘေးက လူအုပ်ကြီးကလည်း


"ကလေးလေးက အကျီ င်္အနီရောင်ဝတ်ထားတာကွ"

"ရေထဲ မျောသွားတာ မြင်လိုက်သေးတယ် လိုက်ဆယ်တာ မရတော့လို့ကွ..."

"ကလေးလေးက အသက်အခုမှ (၆)နှစ်ပဲရှိသေးတယ်'

"ကလေးလေးက အသက်အခုမှ (၉)နှစ်ပဲရှိသေးတယ်'

အဲ့လိုတွေ အမျိုးမျိုးပြောနေကြပေမဲ့ သူတို့ ပြောနေတာကို သားဘာမှ နားမလည်ဘူး။

ညနေရောက်တဲ့အထိ လူတွေက ရေထဲမှာ ငုံ့ရှာနေကြတုန်းပဲ သားလည်း အိမ်ပြန်ချင်နေပြီ အဖေ့ကိုလည်း ခေါ်တာ ကြားဘူး။ ဘောင်းဘီကို ဆွဲပြီးခေါ်တော့လည်း အဖေ့ရဲ့ ဘောင်းဘီကို ကိုင်လို့လည်းမရဘူးဗျာ....

((( ဘာကြောင့်လဲ )))

((( ဘာကြောင့်လဲ )))

((( ဘာကြောင့်လဲ )))
---------------------------
-
-
-
-

မိုးချုပ်လို့ လူတွေလည်း ပြန်ကြပြီ အိမ်ကို ပြန်ချင်လိုက်တာဆိုပြီး သားအိမ်ကို ပြန်သွားလိုက်တာ လမ်းတစ်လျှောက်လုံး သားရဲ့ခြေဖ၀ါးမှာ ခဲတွေစူးနေတယ်ဗျာ။ သားမှာ ဖိနပ်လည်းမရှိဘူး။ လမ်းဆက်လျှောက်သွားရင် အိမ်ကိုရောက်တော့ . . ..

အမေက ငိုနေတယ်။

အမေ ဘာဖြစ်လို့ငိုနေတာလည်းဟင်

သားလာနေတာမတွေ့ဘူးလား

အမေ.... အမေ... အမေ...

ဟင့်... အမေလည်း အဖေ့လိုပဲ သားခေါ်တာမကြားတော့ဘူးလားဗျာ...
--------------------------
-
-
--
-----

--


အိမ်ကလူတွေ ဘာကြောင့် ငိုနေကြလည်း သားမသိဘူးဗျာ။ သားသိတာဗိုက်အရမ်းဆာနေတယ်။ အိမ်ထဲလည်း ၀င်လို့မရဘူး။
အဖေ အဖေဘယ်ရောက်နေလည်း အဖေကို သွားရှာအုံးမယ်............
အဖေကလည်း ခုထိ ပုန်းထွန်ချောင်းမှာပဲ ဓါတ်မီးတွေနဲ့ ဘာရှာနေတာလည်း ငါးဖမ်းနေတာလား။ ငါးဖမ်းတာနဲ့လည်း မတူပါဘူး။ အဖေကလည်း သားကိုလည်း မမြင်ဘူး။ ဘာတွေ လုပ်နေမှန်းလည်းမသိဘူး။


ဒီလိုနဲ့ပဲ သားဟာ သင်္ကြန်အကျနေ့ကနေ ပထမအကြတ် ဒုတိယအကြတ်နေ့ထိ ပုန်းထွန်ချောင်းမှာပဲ နေနေလိုက်တော့တယ်။
သူများတွေ စားသောက်ပျော်ပါး ရေကူးနေကြတာကို ကျောက်တုံးပေါ်ကနေပဲ ထိုင်ကြည့်နေလိုက်တယ်။


သားနဲ့ရွယ်သူ ကလေးလေးတွေ ရေဗွတ်သေနတ်နဲ့ဆော့နေတော့ သားလည်း ရေဗွတ်သေနတ်လိုချင်လိုက်တာ....။

ဒီနေ့(ဒုတိယအကြတ်နေ့) နေ့လည်မှာ ရေထဲက ကလေးလေးသေနေတာကို ဆယ်လာတာတွေ့လိုက်ရတယ်။ အနီးကပ်သွားကြည့်လိုက်တော့

(((အမေရေ....)))

သား . . . . သားလေ သားသေသွားပြီလား

သားမသေဘူးနော် သားခု ရှိနေတယ် အားလုံးကို မြင်နိုင်တယ် ကြားနိုင်တယ် အမေ....။

သား သေသွားခဲ့ပြီလား....................

------------------------=--------------------------

အထက်ပါဖြစ်ရပ်များဟာ ၁၃.၄.၂၀၁၂ ညနေပိုင်းမှာ ကလေးလေးတစ်ယောက်ရေထဲမျောပါသွားခဲ့ပါတယ်။ ကလေးလေးရဲ့ ခြေထောက်မှာ ခဲစူးနေတာတွေ ရေဗွတ်သေနတ်လိုချင်တယ်ဆိုတာမှာ သေဆုံးသွားသော ကလေးမှ အိမ်နီးရှိ ဗမာစကားမတတ်တဲ့ ထိုင်းလူမျိုးတစ်ဦးထံ ၀င်ပူးပြီးပြောကြားသွားတာကို သိရပြီး အခြေခံ၍ရေးသားထားခြင်းဖြစ်ပြီး။ ဒီပိုစ့်ရေးရခြင်းရဲ့ ရည်ရွယ်ချက်မှာ တစ်ဖက်သားအား ထိခိုက်နစ်နာလိုစိတ်ဖြင့် ရည်ရွယ်ရေးသားထားခြင်း(လုံးဝ)မဟုတ်ပါ။

သင်္ကြန်အတွင်းအခါမှာ ပုန်းထွန်ချောင်းသွားကြတဲ့အခါ ဆင်ခြင်နိုင်ရန်အတွင် အထူးရည်ရွယ်ပါတယ်။ ရေနစ်သေရတဲ့ အဖြစ်ဆိုးမျိုး သင်ကိုယ်တိုင် သင့်ပတ်ဝန်းကျင် စသည်ဖြင့် လုံးဝမကြုံရလေအောင် စေတနာဖြင့် သတိပေး ရေးသားထားခြင်းဖြစ်ပါသည်။ မိဘများ သူငယ်ချင်း မောင်နှမများကလည်း ယခုလို အဖြစ်မျိုးမဖြစ်ရလေအောင် သတိထားဆင်ခြင်နိုင်ပါစေလို့ ရည်ရွယ်ရင်းရေးသားလိုက်ပါသည်။
( ကလေးလေးရဲ့ နေရာကနေ ခံစားပြီးရေးသားထားသည် )

ပုံများကို ကြည့်ရန်
https://www.facebook.com/media/set/?set=a.388605997827913.85929.152468894774959&type=3

ကလေးလေး ကောင်းရာသုဂတိလားပါစေ
ဆောင်းပါးရှင်။ ။ ကိုဇောင်း
www.tachileik.net

Friday, April 13, 2012


ဒီနေ့က သင်္ကြန်အကျနေ့ဆိုတော့ ဓါတ်ပုံတွေကိုလည်း တင်ထားပေးပါတယ်။ ခု vdo လေးကတော့ ပုန်းထွန်ချောင်းမှာ သောက်စားပျော်ပါးရေဆော့ကစားနေကြတာလေးတွေကို ဖုန်းနဲ့ပဲရိုက်လာခဲ့ပါတယ်။ ပုန်းထွန်ချောင်းရဲ့ အကျယ်အ၀န်းနဲ့ လာလည်သူတွေကိုလည်း vdo ထဲမှာ တွေ့မြင်နိုင်ပါတယ်။ ဆက်လက်ကြည့်ရှုနိုင်ပါသည် :)




ပုံများကို ကြည့်လိုလျှင် နိပ်ပါ
တာချီလိတ်သင်္ကြန် အကျ ( ၁၃.၄.၂၀၁၂ ) 69 photos


ကျေးဇူးတင်ပါသည်
Tachileik
www.tachileik.net
တာချီလိတ်မြို့ရဲ့ သင်္ကြန်အခါတော်တွင်းမှာ လည်စရာများများစားစားမရှိလှပါဘူး။ ပုန်းထွန်ချောင်းမှ မယ်ဟုတ်ချောင်းထိသာရှိပါတယ်။ မြို့ထဲက မဏ္ဍပ်တွေမှာတော့ ရေပက်နေကြတာတွေကို တွေ့ရပါတယ်။ ထုံးစံအတိုင်းမြို့တွင်းရေပက်ခံထွက်ပြီး ပုန်းထွန်ချောင်းမဟုတ်ရင် မယ်ဟုတ်ချောင်းကို ဦးတည်ကြပါတယ်။

ဒီနေ့တော့ တစ်ချို့နေရာတွေကို ဓါတ်ပုံရိုက်ရင်း ပုန်းထွန်ချောင်းဆီကို ရောက်သွားခဲ့ပါတယ်။

စည်ပင်သင်္ကြန်မဏ္ဍပ်
* * * * ** * * * ** * * * ** * * * *

အကောက်ခွန်သင်္ကြန်မဏ္ဍပ်
* * * * ** * * * ** * * * ** * * * *

ထွေထွေအုပ်ချုပ်ရေးရုံးရှေ့
* * * * ** * * * ** * * * ** * * * *

အလှဆင်ထားသော သုံးဘီး
* * * * ** * * * ** * * * ** * * * *

ပုန်းထွန်ချောင်းဟုခေါ်သည်
* * * * ** * * * ** * * * ** * * * *

ရေနစ်မျောပါသွားသော ကလေးငယ်အား ရှာနေကြပုံ
* * * * ** * * * ** * * * ** * * * *
ပုန်းထွန်ချောင်းမှာ ကလေးတစ်ယောက်ရေနစ်မျောပါ
အချိန်က ၁၃.၄.၂၀၁၂ ညနေ ၃နာရီ၅၀မိနစ်ခန့်မှာ (၆)နှစ်သားအရွယ် ယောကျာ်းလေးတစ်ယောက် ရေထဲမျောပါနစ်မြုပ်သေဆုံးသွားခဲ့ပါတယ်။
သင်္ကြန်အတွင်းအထူးသတိထားဖို့လိုသည်မှာ ရေချောင်းရောက်ပြီဆိုတာနှင့် မိမိကိုယ်ကိုယ်ရော မိမိနှင့်သက်ဆိုင်သူကိုပါ အထူးသတိထားစောင့်ကြည့်ဖို့လိုပါသည်။ ရေနစ်ရာသို့လည်းကောင်း ကျောက်ဆောင်ပေါ်သို့လည်းကောင်း မသွားရောက်ရန် သတိပေးသင့်သည်။ အကြောင်းမှာ ရေထဲမျှောပါသွာနိုင်ခြင်း ရေနစ်နိုင်ခြင်းတို့ကြောင့်ဖြစ်သည်။ ယခုလ အတွင်း၌ မယ်ဟုတ်ချောင်းတွင် မိန်းကလေး(ကလေး)တစ်ယောက် ရေနစ်သေဆုံးသွားသကဲ့သို့ ပုန်းထွန်ချောင်းတွင်လည်း ယောကျာ်းလေး(ကလေး) တစ်ယောက်ရေနစ်သေဆုံးသွားခဲ့သည်။ အပျော်သွားရမှာ သောကရောက်တတ်သည်ဖြစ်တာကြောင့် သင်္ကြန်အတွင်း မယ်ဟုတ်ချောင်းနှင့် ပုန်းထွန်ချောင်း သွားကြသည်အခါ ရေနစ်ရေမျော မဖြစ်စေရန်အထူး သတိထားရန် လိုပါကြောင်း ကျွန်တော်တို့ တာချီလိတ်အွန်လိုင်းစာမျက်နှာ အဖွဲ့သားများမှ သတိပေးနှိုးဆော်လိုက်ပါသည်။

ပုံများကို စုံလင်စွာကြည့်လိုလျှင်နိပ်ပါ

ကျေးဇူးတင်ပါသည်
Tachileik
www.tachileik.net

Thursday, April 12, 2012

မြန်မာ့သက္ကရာဇ် ၁၃၇၃ မှ ၁၃၇၄သို့အကူး အင်္ဂလိပ်သက္ကရာဇ် ဧပြီလ ၁၂ရက် ၂၀၁၂ ကြာသပတေးနေ့ ညနေ (၃)နာရီတွင် တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်း၌ ဗဟိုသင်္ကြန်မဏ္ဍပ် နှင့် ရခိုင်ရိုးရာသင်္ကြန်မဏ္ဍပ်အပါအ၀င် လားဟူ/အခါသင်္ကြန်မဏ္ဍပ် တို့အား ဖွင့်လှစ်ပွဲအခမ်းအနားကျင်းပကြရာတွင် ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ခင်မောင်စိုး နှင့် ခရိုင်အုပ်ချူပ်ရေးမှူး၊ မြို့နယ်အုပ်ချူပ်ရေးမှူး အပါအ၀င် ခရိုင်ဒုတိယရဲမှူးကြီးတို့မှ လာရောက်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။

ဦးစွာပထမ ဗဟိုသင်္ကြန်မဏ္ဍပ်အားဖွင့်လှစ်ရာ၌ တာချီလိတ်မြို့ အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ခင်မောင်စိုးမှ အဖွင့်အမှာစကားပြောကြားရာ၌ မြန်မာရိုးရာသင်္ကြန်အကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်စပ်လျဉ်းသော အကြောင်းအရာများကို ပြောကြားသွားခဲ့ပါသည်။ အဖွင့်အမှာစကားပြောကြားအပြီး၌ သင်္ကြန်မယ်များ ကပြနေသည်များကို ပျော်ပျော်ပါးပါးဆင်နွှဲကြပြီးနောက် ရခိုင်သင်္ကြန်မဏ္ဍပ်နှင့် လားဟူ/အခါသင်္ကြန်မဏ္ဍပ်တို့အား ဖွင့်လှစ်ခဲ့ကြသည်။
တာချီလိတ်မြို့ အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ခင်မောင်စိုးမှ
အဖွင့်အမှာစကားပြောကြားစဉ်
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

သင်္ကြန်အကမယ်လေးများ
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

သင်္ကြန်အကမယ်လေးများ
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

သင်္ကြန်ဗဟိုမဏ္ဍပ် ဖဲကြိုး
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

အကမယ်လေးတွေ ရေချမ်းပါစေ မီးသတ်ရေဖြင့် :)
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

ဖွင့်ပွဲအမှတ်တရ သင်္ကြန်အကဖြင့် ဖျော်ဖြေ
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

မီးသတ်ပိုက်နဲ့ထိုးလို့ မရယ်ပါနဲ့ အေးပါစေကြောင်း ရည်ရွယ်၍သာ :)
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
ရခိုင်သင်္ကြန်မဏ္ဍပ်မှာ
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

ရခိုင်သင်္ကြန်မဏ္ဍပ် ဖဲကြိုးဖြတ်
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

ရခိုင်ရိုးရာ အမျိုးသား နဲ့ အမျိုးသမီး ရေအပြန်အလှန်ပတ်နေကြစဉ်
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

လားဟူ/အခါ သင်္ကြန်မဏ္ဍပ် ဖွင့်လှစ်
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

ရွှင်လန်းချမ်းမြေ့ပါစေ
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
ရခိုင်သင်္ကြန်မဏ္ဍပ်မှာ ယခုနှစ်အပါဝင်၌ (၅)ကြိမ်မြောက်ဖြစ်ခဲ့ပြီး လားဟူ/အခါသင်္ကြန်မဏ္ဍပ်မှာတော့ ယခုနှစ်(၂၀၁၂)တွင် ပထမဆုံးအကြိမ် ဖြစ်သည်။
ပုံများကို အပြည့်အစုံကြည့်လိုလျှင် နိပ်ပါ
နှစ်သစ်သင်္ကြန်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ
Tachileik
www.tachileik.net

Wednesday, April 11, 2012

သင်္ကြန် ကြို၊ အကျ၊ အကြတ်၊ အတက်တို့တွင် အချင်းချင်းရေကစားကြရသည်။ ထိုသို့ ရေမကစားမှီ၌ ရခိုင်တိုင်းရင်းသားများ၏ ထုံးစံမှာ သင်္ကြန်အခါတော်၌ မိတ်ဆွေရောင်းရင်းများအချင်းချင်း အပြန်အလှန်ရေမပက်ကြမှီ ဦးစွာပထမ ဗုဒ္ဓမြတ်စွာဘုရားအား ရေသပ္ပာယ်ရသည်ဟု အဆိုရှိလေသည်။

ဘုရားအားရေသပ္ပာယ်ရာ၌ မွန်မြတ်ခြင်း မွှေးပြန့် သန့်ရှင်းစင်ကြယ်ထုံးသင့်ပျံ့စေလိုငှာ အမွှေးနံသာရည်ဖြင့်သာ သပ္ပာယ်ကြရသည့် အဆိုလည်းသလို ရိုးရာထလေ့လည်းဖြစ်တာကြောင့် သင်္ကြန်အကြိုနေ့တိုင်း၌ တာချီလိတ်မြို့ရှိ ရွှေတိဂုံဘုရားတွင် ရခိုင်တိုင်းရင်းသားတို့ သွားရောက် ရေသပ္ပာယ်ကြသည်။

ထိုရခိုင်ရိုးရာနံသာရေဖြင့် ဘုရားရေသပ္ပာယ်ပွဲတွင် ရခိုင်လူမျိုးများအစုံအလင်ပါဝင်ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှုနှင့် ကြက်ခြေနီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဝန်ထမ်းတစ်ချို့ လာရောက်၍ ကူညီလုပ်ဆောင် ဒါနပြုခဲ့ကြသည်။

( ၁၂.၄.၂၀၁၂)တွင် တာချီလိတ်မြို့၌ ရခိုင်ရိုးရာသင်္ကြန်ကျင်းပသည့်အကြိမ်နှင့်တွက်မည်ဆိုပါက ယခုနှစ်ပါဆိုလျှင် (၅)ကြိမ်မြောက်ဖြစ်လေသည်။

အကြိုနေ့မရောက်မှီ နံသာ ပျော်ပျော်ပါးပါးသွေးနေကြစဉ်
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

ရခိုင်ပျိုမေတစ်ဦး
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

ဗဟိုမဏ္ဍပ်မှ စထွက်လာစဉ်
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

တာချီလိတ်ရွှေတိဂုံအ၀င်
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

ရွှေတိဂုံအား လက်ယာရစ်ပတ်နေစဉ်
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

ရေသပ္ပာယ်မည့်နေရာ
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

ရခိုင်ရိုးရာ စည်တော်
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

ဘုရားရှိခိုးနေကြစဉ်
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

ရေသပ္ပာယ်နေကြစဉ်
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

ရခိုင်ရိုးရာ ဘုရားရေသပ္ပာယ်အစဉ်အစီကို ၁၂.၄.၂၀၁၂ (ကြာသပတေးနေ့) နံနက် (၉)နာရီတွင် ကျင်းပခဲ့ ပါသည်။

ကျေးဇူးတင်ပါသည်။
Tachileik
www.tachileik.net