Latest News

Dropdown Menu

Showing posts with label ဆိုင်ကယ်. Show all posts
Showing posts with label ဆိုင်ကယ်. Show all posts

Monday, December 24, 2012

ဒီဇင်ဘာလ(၂၃)ရက် နေ့လည်(၁၂)နာရီက တာချီလိတ်မြို့ရှိ ကြက်ခြေနီရုံး၏ အစည်းအဝေးခန်းမမှာ လူမှုကူညီရေးအသင်း တာချီလိတ်၏ ကော်မတီအဖွဲ့ဝင်များ နှင့် ဆိုင်ကယ်အငှားယာဉ်(Taxi) ဂိတ်မှူးများ တွေ့ဆုံပွဲနှင့် လုပ်ငန်းညှိနှိုင်းမှု အစည်းအဝေးကို ပြုလုပ်ခဲ့ကြပါတယ်။

လူမှုကူညီရေးအသင်း တာချီလိတ်၏ ကော်မတီအဖွဲ့ဝင်များ နှင့် ဆိုင်ကယ်အငှားယာဉ်(Taxi) ဂိတ်မှူးများ တွေ့ဆုံပွဲနှင့် လုပ်ငန်းညှိနှိုင်းမှု အစည်းအဝေးပြုလုပ်ရာမှာ ယခင်ကဖွဲ့စည်းထားသော တာချီလိတ်ဆိုင်ကယ်အစည်းအရုံး (တာချီလိတ်ဆိုင်ကယ်အသင်း) မှ လူမှုကူညီရေးအသင်း တာချီလိတ် ဟူ၍ ပြောင်းလဲဖွဲ့စည်းကြောင်းနှင့် အငှားဆိုင်ကယ်ပြေးဆွဲသူများ၊ ဂိတ်မှူးများ နှင့် အသင်း၏ ကော်မတီဝင်များက ရှေ့လုပ်ငန်းစဉ်များကို အကြုံပြု တင်ပြဆွေးနွေး ကြတာဖြစ်ပါတယ်။


ယခုပြောင်းလဲဖွဲ့စည်းမည့် လူမှုကူညီရေးအသင်း တာချီလိတ်တွင် ဆိုင်ကယ်အသင်းသားများထံ တစ်လလျှင် ယခင်ကောက်မြဲဖြစ်သော ဘတ်(၁၅၀)ကို ကောက်ခံမှာဖြစ်ပြီး ကောက်ခံရရှိသော ငွေများကို လူမှုကူညီရေးအသင်း တာချီလိတ် ဟု အမည်ပေးထားသည်နှင့်အညီ လူမှုရေးလုပ်ငန်းများကို ပြုလုပ်မှာဖြစ်ပြီး ဆိုင်ကယ်အသင်းသားများမှလည်း သာရေး/နာရေးကိစ္စရပ်များ ဖြစ်ပေါ်လာပါက ကူညီပေးသွားရန်ဖြစ်ကြောင်း နှင့် ယခုကောက်ခံမည့် ဘတ်(၁၅၀)ကိုလည်း လစဉ်ကြေးနှုန်းလို့ သတ်မှတ်မထားစေလိုပဲ လူမှုကူညီရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ရန်အတွက် လူမှုကူညီရေးအသင်း တာချီလိတ် သို့ လစဉ်အလှူငွေထည့်ဝင်သည့် သဘောမျိုးထားရန် လိုအပ်ကြောင်း ကို အသင်း၏ တာဝန်ရှိသူ ကော်မတီဝင်တစ်ဦးမှ အစည်းအဝေးမှာ ပြောကြားသွားပါတယ်။


ဆက်လက်ပြီး ဂိတ်မှူးတစ်ဦးမှ လစဉ်ကြေးများကို အသင်းအခြေခိုင်သွားပြီးနောက်ပိုင်းမှာ လျော့ချကောက်ခံပေးဖို့ တင်ပြရာမှာ ကော်မတီဝင်တစ်ဦးမှ (၂၀၁၃)နှစ်ဝက်လုံးလုံး လစဉ်ကြေးများကို ပုံမှန်သွင်းသွားနိုင်မည်ဆိုပါက အားလုံးအဆင်ပြေစေရန်အတွက် လျော့ချသတ်မှတ် ကောက်နိုင်ဖွယ်ရှိကြောင်း ထပ်မံပြောကြားသွားပါတယ်။ ဂိတ်မှူးများမှ လိုအပ်ချက်များကို ဆက်လက်ဆွေးနွေးတင်ပြကြပြီးနောက် အခမ်းအနားကို ပြီးမြောက်စေခဲ့ပါတယ်။


ဆိုင်ကယ်အသင်းသားတစ်ဦးမှ ယခုပြောင်းလဲဖွဲ့စည်းလိုက်သည့် အသင်းနှင့်ပတ်သက်၍ " အခုလို ဆိုင်ကယ်အသင်းကို ပြောင်းလဲဖွဲ့စည်းလိုက်တာက ကျွန်တော်တို့ ဆိုင်ကယ်သမားတွေအတွက် အကျိုးရလဒ်တွေ အပြောင်းအလဲဖြစ်သွားမယ်လို့ ထင်ပါတယ်"လို့ ပြောကြားလာပါတယ်။

လွန်ခဲ့သော (၂၀၀၁)ခုနှစ် ဇူလိုင်လအတွင်းက တာချီလိတ်ဆိုင်ကယ်အစည်းအရုံးကို ဖွဲ့စည်းတည်ထောင်ခဲ့ကြပြီး တာချီလိတ်ဆိုင်ကိုယ်အသင်း ဟူ၍ လိမ္မော်ရောင် အင်္ကျီများကို တံဆိပ်ရိုက်နိပ်ကာ အငှားဆိုင်ကယ်များမှာ (၂၀၁၂)ထိ ပြေးဆွဲနေလျှက်ရှိရာ (၂၀၁၃)တွင် လူမှုကူညီရေးအသင်း Tachileik ဟူ၍ အမည်ပြောင်းလဲကာ အငှားဆိုင်ကယ်များ ပြေးဆွဲတော့မှာဖြစ်ပါတယ်။

Thursday, October 4, 2012

တာချီလိတ်မြို့တွင် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနဲ့ သုံးဘီးမော်တော်ဆိုင်ကယ်များ အတွက် လိုင်စင်ပြုလုပ်ခွင့် နောက်ထပ် (၁)လ တိုးတယ်လို့ သိရပါတယ်။ သတ်မှတ်ရက် အတိအကျမှာ (၄.၁၁.၂၀၁၂ )ရက်နေ့ ဖြစ်ပါတယ်။

{14.8.2012 က ရိုက်ထားသော ပုံ}

တရားမ၀င်ဆိုင်ကယ်များကို လိုင်စင်ပြုလုပ်ခွင့်ပေးရာ၌ ၅.၆.၂၀၁၂မှာ စတင်ပေးနေတာဖြစ်ပြီး ပြီးဆုံးရက်မှာ အောက်တိုဘာ(၄)ရက်နေ့ဖြစ်တယ်လို့ တရားဝင်ကြေငြာထားပြီး သတ်မှတ်ကာလမှာ (၄)လတိတိဖြစ်တယ်လို့ သိရပါတယ်။


သို့သော်လည်း ကျန်ရှိနေသေးတဲ့ ဆိုင်ကယ်များ၊ သုံးဘီးများအတွက် လိုင်စင်ပြုလုပ်ဖို့ရာ နိုဝင်ဘာ(၄)ရက်နေ့ထိ (၁)လတိတိ ထပ်တိုးခဲ့ပါတယ်။

ယခုလို နောက်ထပ် (၁)လထပ်တိုးရာမှာ လိုင်စင်ပြုလုပ်ဖို့ရန် ကျန်ရှိနေသေးတဲ့ ဆိုင်ကယ်များမှာ တော်တော်များများ ကျန်နေသေးတာဖြစ်တဲ့ အတွက်ကြောင့်  နောက်ထပ် (၁)လ တိုးတာဖြစ်တယ်လို့ စီမံချက်အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

စီမံချက်ကာလ မပြီးဆုံးမီက လိုင်စင်ပြုလုပ်ခွင့် နောက်ထပ် (၁)လတိုးတယ်ဆိုပြီး လူအပြောများနေကြတဲ့အခါ စီမံချက်အဖွဲ့က စက်တင်ဘာ(၂၇)ရက်နေ့မှာ ကြေညာစာ ကပ်ခဲ့ပါတယ်။

 {စက်တင်ဘာ၂၇ရက်နေ့က ကြေညာချက်}

အဆိုပါ ကြေညာချက်မှာတော့  ၂၀၁၂ခုနှစ် အောက်တိုဘာ(၄)ရက်နေ့မှာ ကုန်ဆုံးမှာ ဖြစ်ကြောင်း ကြေညာခဲ့သော်လည်း ယခုကြေငြာသော ကြေငြာစာမှာတော့ နိုဝင်ဘာ(၄)ရက်နေ့ထိ ယာဉ်များကို မှတ်ပုံတင်ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။


တရားမ၀င်ဆိုင်ကယ်များကို လိုင်စင်ပြုလုပ်ဆောင်ရွက်ပေးခြင်း စီမံချက်ကာလမှာ (၅)တိတိလ ဖြစ်သွားခဲ့ပါပြီ။ ထို့အတွက်ကြောင့် လိုင်စင်မပြုလုပ်ရသေးတဲ့ ဆိုင်ကယ်များ သုံးဘီးများအနေဖြင့် ကျန်ရှိနေသေးတဲ့ (၁)လအတွင်း လိုင်စင်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Monday, July 9, 2012

ယခုအခါ တာချီလိတ်မြို့မှာ ဆိုင်ကယ်များကို လိုင်စင်ဆောင်ခွင့် ( ၄ )လတိတိပေးထားသည်ဖြစ်ရာ ဆိုင်ကယ်လိုင်စင် ဆောင်ရာတွင် အခွန်ကောက်ခံကြေးနှုန်းကို ( ဒီမှာ )တင်ခဲ့ပြီးပါပြီ။


ဆိုင်ကယ်များကို လိုင်စင်ဆောင်တဲ့အခါ ဘာတွေလိုအပ်လည်းဆိုတာကို သိရှိစေရန်အတွက်ဆိုပြီး တာချီလိတ်မြို့ခံ သတင်းသမားတစ်ဦးမှ ဆိုင်ကယ်လိုင်စင်သွားလုပ်ရင်း သိရှိခဲ့သည်များမှ လိုအပ်တဲ့အချက်အလက်များကို ပြုစုပြီး တင်ပြ လာတာလေးကို ပြန်လည်တင်ပေးလိုက်ပါသည်။

( ၁ ) ဆိုင်ကယ်လိုင်စင်ပြုလုပ်ရန်အတွက် မှတ်ပုံတင် ( မူရင်း+မိတ္တူ ) နဲ့ အိမ်ထောင်စုစာရင်း ( မူရင်း+မိတ္တူ ) တစ်စုံကို သွားတင်ပြီး အလှည့်ကျတိုကင်စနစ် နဲ့ မိမိအလှည့်ကျတဲ့နေ့မှာ ဆောင်ရွက်ရမှာဖြစ်ပါတယ်။

( ၂ ) [၁]ရက်ကို တိုကင်(၁၅၀)ထုတ်ပေးပြီး နေ့ချင်းပြီး ( One stop service ) ဆောင်ရွက်ပေးပါတယ်။
ဘဏ်ပိတ်ချိန်နောက်ပိုင်း ဆိုင်ကယ်များကိုလည်း နောက်တစ်နေ့မနက်(၉)နာရီမှာ ဆက်လက်
ဆောင်ရွက် ပေးနေကြောင်းလည်း သိရှိရပါတယ်။

( ၃ ) [၁]ရက်ကို ဆိုင်ကယ်စီးရေ ( ၂၀၀ )မှ ( ၃၀၀ )ကြား လာရောက်ကြသော်လည်း တစ်ရက်ကို ဆိုင်ကယ်စီးရေ ( ၁၅၀ ) ခန့်ပြီးအောင် ညနေ ( ၆ )ကျော် အထိ ဆောင်ရွက်ပေးနေတာကိုလည်း
လေ့လာသိရှိခဲ့ရပါတယ်။

ဆိုင်ကယ် အခွန်ဆောင်သူများ သိရှိရန်အတွက် လုပ်ငန်း အဆင့်ဆင့်
( က ) ပြည်တွင်းအခွန်
  • အမည်/မှတ်ပုံတင်/လိပ်စာရေးသွင်း
( ခ ) ကညန
  • ယာဉ်အမှတ် သတ်မှတ်ပေးခြင်းနှင့် ကနဦးယာဉ်စစ်ဆေးခြင်း
( ဂ ) အကောက်ခွန်
  • AV တန်ဖိုးသတ်မှတ်၍ အကောက်ခွန်ချလံထုတ်ပေးခြင်း
( ဃ ) ပြည်တွင်းအခွန်
  • AV တန်ဖိုးသတ်မှတ်သည့် အကောက်ခွန်ချလံကို တွေ့ရှိ စစ်ဆေးပြီးပါက ကုန်သွယ်ခွန်ချလံ ( ကသခ-၁၉ ) ထုတ်ပေးခြင်း
( င ) မြန်မာ့စီးပွားရေးဘဏ်
  • ပေးသွင်းငွေများ လက်ခံ၍ ပေးသွင်းသူထံ လက်ခံချလံထုတ်ပေးခြင်း
( စ ) အကောက်ခွန်
  • ဘဏ်ငွေသွင်းပြီးပါက ယာယီငွေရပြေစာ PR ထုတ်ပေးခြင်း
( ဆ ) ပြည်တွင်းအခွန်
  • အခွန်ပေးသွင်းပြီးကြောင်း အကောက်ခွန်နှင့် ကုန်သွယ်ခွန်ချလံမူရင်း တင်ပြလာပါက စစ်ဆေး၍ ဆိုင်ကယ်ပုံစံ အ၀ါထုတ်ပေးခြင်း
( ဇ ) ကညန
  • ယာဉ်မှတ်ပုံတင်ကြေး ပေးသွင်းခြင်းနှင့် ဆိုင်ကယ်ပုံစံ အ၀ါရောင်တင်ပြလာပါက မော်တော်ဆိုင်ကယ် သက်သေခံလက်မှတ် ( ၀ှီးတက်)ထုတ်ပေးခြင်း
( စ် ) အာမခံ
  • အာမခံတွင် ယာဉ် အာမခံကြေးပေးသွင်း၍ အာမခံစာအုပ်ထုတ်ပေးခြင်း
လုပ်ငန်းစဉ်အရ ရှင်းလင်းလွယ်ကူအောင် ဆောင်ရွက်ပေးလျက်ရှိသော်လည်း ဆိုင်ကယ်ပိုင်ရှင်အချို့မှာ အကျိုးဆောင်များအား ငွေပေး၍ စေခိုင်းကြသဖြင့် ယာဉ်လိုင်စင် လာရောက်လုပ်ကိုင် သူများအကြား အထင်အမြင် လွဲမှားမှုများ ဖြစ်ပေါ်နေကြောင်းလည်း သိရှိခဲ့ရသည်။ ဆိုင်ကယ်လိုင်စင်ကိစ္စနဲ့ပတ်သက်ပြီး မည်သည့်စာရွက်စာတမ်းများလိုအပ်ကြောင်းနှင့် မည်သို့လုပ်ဆောင်ရမည်ကို
သိရှိလို၍ဖြစ်စေ မော်တော်ဆိုင်ကယ်စီမံချက်အဖွဲ့မှာ မေးမြန်းနိုင်ကြောင်းလည်း သိရှိရပါတယ်။
သတင်းသမားတစ်ဦး


တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net

Wednesday, June 6, 2012

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် တရားမ၀င်တင်သွင်းထားသော မော်တော်ဆိုင်ကယ်များအား ၅.၆.၂၀၁၂ မှ ၅.၁၀.၂၀၁၂ထိ (၄)လတိတိကြာမြင့်စွာ သက်ဆိုင်ရာဌာနများမှ အခွန်ဆောင်ခွင့်ပြုလိုက်သည်ဟု သိရပါသည်။
မြန်မာတစ်နိုင်ငံလုံး၌ အခွန်ဆောင်နိုင်သော ဆိုင်ကယ်များမှာ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ အိန္ဒိယနိုင်ငံစသည့် နိုင်ငံများမှ ထုတ်လုပ်သော ဆိုင်ကယ်များဖြစ်ပြီး အခွန်ကောက်ခံကြေးနှုန်းထားကို ဆိုင်ကယ်များရဲ့ နိုင်ငံအလိုက် နှစ်အလိုက်စသည်ဖြင့် ကြေးနှုန်းသတ်မှတ်ထားကြောင်းသိရသည်။ အခွန်အခကြေးနှုန်းများကို အောက်တွင် ကြည့်နိုင်ပါသည်။

အောက်ပါ ဇယားကွက်များသည် ထိုင်းနိုင်ငံထုတ်ဆိုင်ကယ်များနှင့် တရုတ်နိုင်ငံထုတ် ဆိုင်ကယ်များအတွက်ဖြစ်ပြီး နှစ်အလိုက် မော်ဒယ်လ်အလိုက် ခွဲခြားပြထားသော စာရင်းဖြစ်သည်။

ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်များ
၁၉၉၈ မှ ၂၀၀၀ထိ ထုတ်လုပ်သော ဆိုင်ကယ်များ
အကြောင်းအရာ၁၁၀စီစီ နှင့် အောက်
၁၂၅စီစီ နှင့် အောက်
AV တန်ဘိုး
၂၂ဝဝဝဝ
၃၁၀၀၀၀
CD 5%
၁၁၀၀၀
၁၅၅၀၀
CT 5% ၁၁၅၅၀
၁၆၂၇၅
က.ည.န
၂၂၀၀၀
၂၂၀၀၀
အာမခံ
၂၅၅၀ ၂၅၅၀
မြန်မာ့စီးပွားရေးဘဏ် ၅၀၀
၅၀၀
စုစုပေါင်း ကျသင့်ငွေ
၄၇၆၀၀ ကျပ်
၅၆၈၂၅ ကျပ်

၂၀၀၁ မှ ၂၀၀၅ထိ ထုတ်လုပ်သော ဆိုင်ကယ်များ
အကြောင်းအရာ၁၁၀စီစီ နှင့် အောက်
၁၂၅စီစီ နှင့် အောက်
AV တန်ဘိုး
၂၈၀၀၀၀
၃၆၀၀၀၀
CD 5%
၁၄၀၀၀
၁၈၀၀၀
CT 5% ၁၄၇၀၀
၁၈၉၀၀
က.ည.န
၂၂၀၀၀
၂၂၀၀၀
အာမခံ
၂၅၅၀ ၂၅၅၀
မြန်မာ့စီးပွားရေးဘဏ် ၅၀၀
၅၀၀
စုစုပေါင်း ကျသင့်ငွေ
၅၃၇၅၀ ကျပ်
၆၁၉၅၀ ကျပ်

၂၀၀၆ မှ ၂၀၁၂ထိ ထုတ်လုပ်သော ဆိုင်ကယ်များ
အကြောင်းအရာ၁၁၀စီစီ နှင့် အောက်
၁၂၅စီစီ နှင့် အောက်
AV တန်ဘိုး
၄၇၀၀၀၀
၇၂၀၀၀၀
CD 5%
၂၃၅၀၀
၃၆၀၀၀
CT 5% ၂၄၆၇၅
၃၇၈၀၀
က.ည.န
၂၂၀၀၀
၂၂၀၀၀
အာမခံ
၂၅၅၀ ၂ ၅၅၀
မြန်မာ့စီးပွားရေးဘဏ် ၅၀၀
၅၀၀
စုစုပေါင်း ကျသင့်ငွေ
၇၃၂၂၅ ကျပ်
၉၈၈၅၀ ကျပ်

၂၀၁၁ခုနှစ်နှင့် အထက် ထုတ်လုပ်သော ဆိုင်ကယ်များ
အကြောင်းအရာ၁၁၀စီစီ နှင့် အောက်
၁၂၅စီစီ နှင့် အောက်
AV တန်ဘိုး
၈၇၀၀၀၀
၁၂၀၀၀၀၀
CD 5%
၄၃၅၀၀
၆၀၀၀၀
CT 5% ၄၅၆၇၅
၆၃၀၀၀
က.ည.န
၂၂၀၀၀
၂၂၀၀၀
အာမခံ
၂၅၅၀ ၂၅၅၀
မြန်မာ့စီးပွားရေးဘဏ် ၅၀၀
၅၀၀
စုစုပေါင်း ကျသင့်ငွေ
၁၁၄၂၂၅ ကျပ်
၁၄၈၀၅၀ ကျပ်
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

တရုတ်နိုင်ငံထုတ် ဆိုင်ကယ်များ
၁၉၉၈ မှ ၂၀၀၀ထိ ထုတ်လုပ်သော ဆိုင်ကယ်များ
အကြောင်းအရာ၁၁၀စီစီ နှင့် အောက်
၁၂၅စီစီ နှင့် အောက်
AV တန်ဘိုး
၁၀၀၀၀၀
၁၂၀၀၀၀
CD 5%
၅၀၀၀
၆၀၀၀
CT 5% ၅၂၅၀
၆၃၀၀
က.ည.န
၂၂၀၀၀
၂၂၀၀၀
အာမခံ
၂၅၅၀ ၂၅၅၀
မြန်မာ့စီးပွားရေးဘဏ် ၅၀၀
၅၀၀
စုစုပေါင်း ကျသင့်ငွေ
၃၅၂၀၀ ကျပ်
၃၇၃၅၀ ကျပ်

၂၀၀၁ မှ ၂၀၀၅ထိ ထုတ်လုပ်သော ဆိုင်ကယ်များ
အကြောင်းအရာ၁၁၀စီစီ နှင့် အောက်
၁၂၅စီစီ နှင့် အောက်
AV တန်ဘိုး
၁၅၀၀၀၀
၁၇၀၀၀၀
CD 5%
၇၅၀၀
၈၅၀၀
CT 5% ၇၈၇၅
၈၉၂၅
က.ည.န
၂၂၀၀၀
၂၂၀၀၀
အာမခံ
၂၅၅၀ ၂၅၅၀
မြန်မာ့စီးပွားရေးဘဏ် ၅၀၀
၅၀၀
စုစုပေါင်း ကျသင့်ငွေ
၄၀၄၂၅ ကျပ်
၄၂၄၇၅ ကျပ်

၂၀၀၆ မှ ၂၀၁၂ထိ ထုတ်လုပ်သော ဆိုင်ကယ်များ
အကြောင်းအရာ၁၁၀စီစီ နှင့် အောက်
၁၂၅စီစီ နှင့် အောက်
AV တန်ဘိုး
၂၄၀၀၀၀
၂၉၀၀၀၀
CD 5%
၁၂၀၀၀
၁၄၅၀၀
CT 5% ၁၂၆၀၀
၁၅၂၂၅
က.ည.န
၂၂၀၀၀
၂၂၀၀၀
အာမခံ
၂၅၅၀ ၂၅၅၀
မြန်မာ့စီးပွားရေးဘဏ် ၅၀၀
၅၀၀
စုစုပေါင်း ကျသင့်ငွေ
၄၉၆၅၀ ကျပ်
၅၄၇၇၅ ကျပ်

၂၀၁၁ခုနှစ်နှင့် အထက် ထုတ်လုပ်သော ဆိုင်ကယ်များ
အကြောင်းအရာ၁၁၀စီစီ နှင့် အောက်
၁၂၅စီစီ နှင့် အောက်
AV တန်ဘိုး
၃၁၀၀၀
၃၄၀၀၀၀
CD 5%
၁၅၅၀၀
၁၇၀၀၀
CT 5% ၁၆၂၇၅
၁၇၈၅၀
က.ည.န
၂၂၀၀၀
၂၂၀၀၀
အာမခံ
၂၅၅၀ ၂၅၅၀
မြန်မာ့စီးပွားရေးဘဏ် ၅၀၀
၅၀၀
စုစုပေါင်း ကျသင့်ငွေ
၅၆၈၂၅ ကျပ်
၅၉၉၀၀ ကျပ်
အထက်ပါ ဇယားဖြင့်ဖော်ပြထားသော ကြေးနှုန်းများသည် ထိုင်းနိုင်ငံထုတ်နှင့် တရုတ်နိုင်ငံထုတ် ဆိုင်ကယ်များအတွက်သာဖြစ်ပြီး အိန္ဒိယနိုင်ငံထုတ်နှင့် ဂျပန်နိုင်ငံထုတ်ဆိုင်ကယ်များအတွက်ကိုတော့ အောက်ပါ စာရင်းတွင် ကြည့်နိုင်ပါသည်။

ဤသို့ဖော်ပြထားရခြင်းမှာ တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံထုတ် နှင့် တရုတ်နိုင်ငံထုတ် ဆိုင်ကယ်များ အများအပြား ရှိနေခြင်းကြောင့် အဓိကကိုသာ ဖော်ပြထားပေးခြင်းဖြစ်သည်။
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

(၄)နိုင်ငံထုတ် ဆိုင်ကယ်များရဲ့ အကောက်ခွန်ကြေးနှုန်းများကို CD 5%၊ CT 5%၊ က.ည.န၊ အာမခံ၊ မြန်မာ့စီးပွားရေးဘဏ် စသည်အတွက် ကြေးနှုန်းများအပါအ၀င် ဇယားအလွတ်တွက်ပြရသော်-----

ထိုင်းနိုင်ငံထုတ်ဆိုင်ကယ်များအတွက် စုစုပေါင်း အကောက်ခွန်ကြေးမှာ
၁၉၉၈ မှ ၂၀၀၀ခုနှစ်ထိ ထုတ်လုပ်သော ဆိုင်ကယ်များအတွက်
  • ၁၁၀ စီစီ နှင့် အောက် = ( ၄၇၆၀၀ )ကျပ်
  • ၁၂၅ စီစီ နှင့် အထက် = ( ၅၆၈၂၅ )ကျပ်
၂၀၀၁ မှ ၂၀၀၅ခုနှစ်ထိ ထုတ်လုပ်သော ဆိုင်ကယ်များအတွက်
  • ၁၁၀ စီစီ နှင့် အောက် = ( ၅၃၅၇၀ )ကျပ်
  • ၁၂၅ စီစီ နှင့် အထက် = ( ၆၁၉၅၀ )ကျပ်
၂၀၀၆ မှ ၂၀၁၀ခုနှစ်ထိ ထုတ်လုပ်သော ဆိုင်ကယ်များအတွက်
  • ၁၁၀ စီစီ နှင့် အောက် = ( ၇၃၂၂၅ )ကျပ်
  • ၁၂၅ စီစီ နှင့် အထက် = ( ၉၈၈၅၀ )ကျပ်
၂၀၁၁ခုနှစ် နှင့် ၂၀၁၁ခုနှစ်အထက် ထုတ်လုပ်သော ဆိုင်ကယ်များအတွက်
  • ၁၁၀ စီစီ နှင့် အောက် = ( ၁၁၄၂၂၅ )ကျပ်
  • ၁၂၅ စီစီ နှင့် အထက် = ( ၁၄၈၀၅၀ )ကျပ်
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

တရုတ်နိုင်ငံထုတ်ဆိုင်ကယ်များအတွက် စုစုပေါင်း အကောက်ခွန်ကြေးမှာ
၁၉၉၈ မှ ၂၀၀၀ခုနှစ်ထိ ထုတ်လုပ်သော ဆိုင်ကယ်များအတွက်
  • ၁၁၀ စီစီ နှင့် အောက် = ( ၃၅၃၀၀ )ကျပ်
  • ၁၂၅ စီစီ နှင့် အထက် = ( ၃၇၃၅၀ )ကျပ်
၂၀၀၁ မှ ၂၀၀၅ခုနှစ်ထိ ထုတ်လုပ်သော ဆိုင်ကယ်များအတွက်
  • ၁၁၀ စီစီ နှင့် အောက် = ( ၄၀၄၂၅ )ကျပ်
  • ၁၂၅ စီစီ နှင့် အထက် = ( ၄၂၄၇၅ )ကျပ်
၂၀၀၆ မှ ၂၀၁၀ခုနှစ်ထိ ထုတ်လုပ်သော ဆိုင်ကယ်များအတွက်
  • ၁၁၀ စီစီ နှင့် အောက် = ( ၄၉၆၅၀ )ကျပ်
  • ၁၂၅ စီစီ နှင့် အထက် = ( ၅၄၇၇၅ )ကျပ်
၂၀၁၁ခုနှစ် နှင့် ၂၀၁၁ခုနှစ်အထက် ထုတ်လုပ်သော ဆိုင်ကယ်များအတွက်
  • ၁၁၀ စီစီ နှင့် အောက် = ( ၅၆၈၂၅ )ကျပ်
  • ၁၂၅ စီစီ နှင့် အထက် = ( ၅၉၉၀၀ )ကျပ်
    ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
ဂျပန်နိုင်ငံထုတ်ဆိုင်ကယ်များအတွက် စုစုပေါင်း အကောက်ခွန်ကြေးမှာ
၁၉၉၈ မှ ၂၀၀၀ခုနှစ်ထိ ထုတ်လုပ်သော ဆိုင်ကယ်များအတွက်
  • ၁၂၅ စီစီ နှင့် အထက် = ( ၂၀၄၄၂၅ )ကျပ်
၂၀၀၁ မှ ၂၀၀၅ခုနှစ်ထိ ထုတ်လုပ်သော ဆိုင်ကယ်များအတွက်
  • ၁၂၅ စီစီ နှင့် အထက် = ( ၃၆၃၃၀၀ )ကျပ်
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

အိန္ဒိယနိုင်ငံထုတ်ဆိုင်ကယ်များအတွက် စုစုပေါင်း အကောက်ခွန်ကြေးမှာ
၁၉၉၈ မှ ၂၀၀၀ခုနှစ်ထိ ထုတ်လုပ်သော ဆိုင်ကယ်များအတွက်
  • ၁၁၀ စီစီ နှင့် အောက် = ( ၆၆၀၅၀ )ကျပ်
  • ၁၂၅ စီစီ နှင့် အထက် = ( ၇၅၂၇၅ )ကျပ်
၂၀၀၁ မှ ၂၀၀၅ခုနှစ်ထိ ထုတ်လုပ်သော ဆိုင်ကယ်များအတွက်
  • ၁၁၀ စီစီ နှင့် အောက် = ( ၇၆၃၀၀ )ကျပ်
  • ၁၂၅ စီစီ နှင့် အထက် = ( ၈၀၄၀၀ )ကျပ်
၂၀၀၆ မှ ၂၀၁၀ခုနှစ်ထိ ထုတ်လုပ်သော ဆိုင်ကယ်များအတွက်
  • ၁၁၀ စီစီ နှင့် အောက် = ( ၁၀၉၁၀၀ )ကျပ်
  • ၁၂၅ စီစီ နှင့် အထက် = ( ၁၁၃၂၀၀ )ကျပ်
၂၀၁၁ခုနှစ် နှင့် ၂၀၁၁ခုနှစ်အထက် ထုတ်လုပ်သော ဆိုင်ကယ်များအတွက်
  • ၁၁၀ စီစီ နှင့် အောက် = ( ၁၁၉၃၅၀ )ကျပ်
  • ၁၂၅ စီစီ နှင့် အထက် = ( ၁၂၄၄၇၅ )ကျပ်
၅.၆.၂၀၁၂ မှ စ၍ ၂၁ယ အက္ခရာပါ နံပါတ်များအားထုတ်ပေးလျက်ရှိရာ ၅.၆.၂၀၁၂နေ့တွင် တစ်နေ့တာအတွက် ဆိုင်ကယ်စီးရေ ၉၃စီးအားနေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။ ထို့အတူ ၅.၆.၂၀၁၂ မှစ၍ ၅.၁၀.၂၀၁၂ထိ ( ၄)တိတိ ဆိုင်ကယ်များကို အခွန်ဆောင်ခွင့်ပြုထားကြောင်း သိရသည်။

ယခင်ကလို အဆမတန် အခွန်များကို ကောက်ခံခြင်းမဟုတ်တော့ပဲ ယခုကဲ့သို့ ပြည်သူအများအပြား ဆောင်နိုင်သည့်ပမာနဖြင့် သတ်မှတ်ပေးထားသည့်အတွက် အားလုံးကိုယ်စား တာချီလိတ် အွန်လိုင်းစာမျက်နှာမှ ကျေးဇူးတင်ပါသည်။

ကျေးဇူးတင်ပါသည်
တာချီလိတ် အွန်လိုင်းစာမျက်နှာ
www.tachileik.net