Latest News

Dropdown Menu

Showing posts with label ရဲတပ်ဖွဲ့နေ့. Show all posts
Showing posts with label ရဲတပ်ဖွဲ့နေ့. Show all posts

Sunday, September 30, 2012

တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်ရှိ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှာ (၄၈)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှစ်ပတ်လည်နေ့ အခမ်းအနားကို အောက်တိုဘာ(၁)ရက်နေ့ နံနက်(၇း၃၅)နာရီကနေ နံနက်(၈း၃၀)နာရီထိ ပြုလုပ်ကျင်းပခဲ့ကြပါတယ်။

အဆိုပါအခမ်းအနားမှာ တာချီလိတ်စစ်ဗျူဟာအဖွဲ့(အခြေချ)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး သန့်ဇင် နှင့် ရဲတပ်ဖွဲ့ဝင်များ၊ အခြားဌာနဆိုင်ရာအကြီးအကဲများနှင့် ဧည့်သည်တော်များ တက်ရောက်လာကြတာကို တွေ့ရပါတယ်။


အခမ်းအနားအစီအစဉ်အရ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်အောင်က အမှာစကားပြောပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ကျော်ကျော်ထွန်း ပေးပို့တဲ့ သ၀ဏ်လွှာကိုတော့ ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး သန့်ဇင်က ဖတ်ကြားပါတယ်။


ဆက်လက်ပြီး တာဝန်ဝတ္တရားများကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြတဲ့ တပ်ဖွဲ့ဝင်များနဲ့ ရဲတပ်ဖွဲ့လုပ်ငန်းများ ဆောင်ရွက်ရာမှာ ကူညီဆောင်ရွက်ပေးတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ နဲ့ အရပ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များကို  အမှုထမ်းကောင်း လက်မှတ် နဲ့ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်တဲ့ အစီအစဉ်ကိုစတင်ခဲ့ကြပါတယ်။

 
 

အမှုထမ်းကောင်း လက်မှတ် နဲ့ ဂုဏ်ပြုမှတ်တမ်း ချီးမြှင့်ခံရသူများစာရင်း
(၁) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်အောင် မှ ချီးမြှင့်
  • ၁) ဒု-ရဲမှူး ရင်ရင်အေး
  • ၂) ရဲအုပ် စံသိန်း
  • ၃) ရဲအုပ် အောင်ဇင်
  • ၄) ဒု-ရဲအုပ် သောင်းရွှေ
  • ၅) ဒု-ရဲအုပ် တင့်ဆွေ
  • ၆) ဒု-ရဲအုပ် အောင်မင်းဦး
  • ၇) ဒု-ရဲအုပ် လှဘုန်း
  • ၈) ဒု-ရဲအုပ် ရွှေလင်း


(၂) ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးမှ ချီးမြှင့်
  • ၁) ရဲတပ်ကြပ် ဇော်ဝင်းဌေး
  • ၂) ရဲတပ်သား ကီးဘူ
  • ၃) ရဲတပ်သား ချမ်းသာ
  • ၄) ဖန်မင်ပြည်သူ့စစ် ဦးအိုက်ကျန်း
  • ၅) ဖန်မင်ပြည်သူ့စစ် ဦးငယ်လေး
  • ၆) ဆယ်အိမ်မှူး (ဟွေခိုက်ရွာ) ဦးသန်းလွင်

(၃) ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး သန့်ဇင် မှ ချီးမြှင့်
  • ၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး(ပုန်းထွန်) ဦးစိုင်းနန်း (ရပ်ကွက်အုပ်ချုပ်ရေးမှူးများအားလုံး၏ ကိုယ်စား )
  • ၂) ပြည်သူ့စစ်ခေါင်းဆောင်(၀မ်ကောင်း)ဦးအောင်နိုင်                                         ( ပြည်သူ့စစ်ခေါင်းဆောင်များအားလုံး၏ ကိုယ်စား )
  • ၃) ပြည်သူ့စစ်(လွယ်စတုံ) ဦးတင်မျိုးမြင့်
  • ၄) ဦးစိုင်းအားယုံရှင်း
  • ၅) ဦးသိန်းဇော် (မယ်ခေါင်ရပ်ကွက်)


(၄) ဒုရဲမှူး(ရေး/ထောက်) ဒုရဲမှူး စောနောင်မှ ချီးမြှင့်
  • ၁) ဒေါ်မြင့်မြင့်ဦး ( တကက ကျော်စိန်၏ ဇနီး) ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊
  • ၂) ဒေါ်သက်သက်ထွေး ( ဒုရဲအုပ်လေးကိုကို၏ ဇနီး ) ကျိုင်းလပ် ရဲစခန်း၊
  • ၃) ဒေါ်ခင်ဝင်းကြည် (ဒုတက သိန်းလှိုင်၏ ဇနီး ) ၀မ်ပုံ ရဲစခန်း၊
တို့ဖြစ်ကြပါတယ်။


ဆုချီးမြှင့်အခမ်းအနားအပြီးမှာတော့ ယုံကြည်သူများ မိတ်သဟာယ အသင်းတော်မှ သိက္ခာရဆရာတော် ဦးမင်းဟောက် က ယာဉ်ထိန်းတပ်ဖွဲ့ကို ကျေးဇူးတင် ဂုဏ်ပြူစကားပြောပြီး ယာဉ်ထိန်းများ အသုံးပြုနိုင်ရန်အတွက် ရောင်ပြန်အကျီ င်္များ မီးလင်းချောင်းများကို လှူဒါန်းခဲ့ပါတယ်။


ထို့နောက်မှာတော့ အခမ်းအနားအစီအစဉ်ပြီးမြောက်စေခဲ့ပြီး ဧည်သည်တော်များကို ဧည့်ခံကျွေးမွေးကြတယ်လို့ သိရပါတယ်။

အခမ်းအနားဓါတ်ပုံများကို အစုံအလင်ကြည့်ရန်

Tuesday, September 25, 2012

အောက်တိုဘာ(၁)ရက်နေ့မှာ ကျရောက်မှာဖြစ်တဲ့ (၄၈)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ တာချီလိတ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များ နဲ့ ရဲတပ်ဖွဲ့ဝင်မိသားစုများက တာချီလိတ်မြို့ ပြည်သူ့ဆေးရုံအတွင်းမှာ သန့်ရှင်းရေး လုပ်ခဲ့ကြပါတယ်။



ဆေးရုံအတွင်း ချုံခုတ်၊ မြက်ရှင်း၊ အမှိုက်လှဲ စသည်ဖြင့် သန့်ရှင်းရေး လုပ်ကြရာမှာ (ခေတ္တ)တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူး သန့်ဇင် နဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး သိန်းထွန်းဦး တို့ အပါအ၀င် ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များနဲ့ ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်မိသားစုများ စုပေါင်းကာ သန့်ရှင်းရေးပြုလုပ်ခဲ့ကြပါတယ်။






 တာချီလိတ်ခရိုင်/မြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင်များ နဲ့ ရဲတပ်ဖွဲ့ဝင်တို့ရဲ့ မိသားစုများအပါအ၀င် အင်အား (၂၀၀)ခန့်ဟာ စက်တင်ဘာ(၂၆)ရက်နေ့ နံနက်(၆)နာရီကနေ နံနက်(၈)နာရီထိ ဆေးရုံအတွင်း သန့်ရှင်းရေးလုပ်ကာ လုပ်အားပေးခဲ့ကြောင်း သိရှိရပါတယ်။

မှတ်တမ်းဓါတ်ပုံများကို ကြည့်လိုလျှင်