Latest News

Dropdown Menu

Showing posts with label လာအိုနယ်စပ်သတင်း. Show all posts
Showing posts with label လာအိုနယ်စပ်သတင်း. Show all posts

Saturday, February 16, 2013

မြန်မာ - လာအို ချစ်ကြည်ရေး မဲခေါင်မြစ်ကူးတံတား ပန္နက်တော်တင်ခြင်းနှင့် တွင်းတော်ဝန်းအခမ်းအနားကို လာအိုနိုင်ငံဘက်ရှိ မြစ်ကူးတံတားတည်ဆောက်ရေးစီမံကိန်း တည်ရှိရာ လာအိုနိုင်ငံ လွယ်နမ်သာပြည်နယ် ဇင်းပုတ်မြို့အနီး မှာ ဖေဖော်ဝါရီ(၁၆) ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့တာဖြစ်ကြောင်း သတင်းရရှိပါတယ်။


အဆိုပါ ပန္နရိုက်ပွဲအခမ်းအနားသို့  မြန်မာဘက်မှ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင် နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့  ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ် နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ လာအိုနိုင်ငံ လွယ်နမ်သာပြည်နယ် အုပ်ချုပ်ရေးမှူး ဒေါက်တာ ဖီမာဆွန်လျောင်ခမ်းမား နှင့် အဖွဲ့ဝင်များတက်ရောက်လာခဲ့ကြပါတယ်။

ယခုတည်ဆောက်မည့် တံတားအမျိုးအစားမှာ သံမဏိသံပေါင်တံတားဖြစ်ပြီး တံတား၏အရှည်မှာ ၆၉၁ ဒသမ ၆မီတာရှိပြီး တံတားခံနိုင်ဝန်မှာ (၇၅)တန်ဖြစ်ကြောင်းသိရပါတယ်။ ၂၀၁၃ခုနှစ်
 ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှာ စတင်အုတ်မြစ်ချတဲ့  တံတားကို (၂)နှစ်အတွင်း ပြီးစီးအောင်
 ဆောက်လုပ်သွားမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

Sunday, July 1, 2012

ပြီးခဲ့သော ၂၀၁၂ခုနှစ် ဇွန်လ၏ နောက်ဆုံးအပတ်ထဲတွင် မဲခေါင်မြစ် ရွှေတြိဂံနှင့် ၁၀ကီလိုမီတာခန့်တွင်ရှိသော မိုင်းမွမ်းလှေဆိပ်၏ အပေါ်ဖက် လာအိုမြောက်ပိုင်းနယ်နိမိတ်တွင် စက်လှေအသေးစား တစ်စီးအား ပစ်ခတ်မှုကြောင့် စက်လှေမောင်းသောသူ အပါအ၀င် ခရီးသည် (၃)ဦး သေဆုံးသွားကြောင်း သိရသည်။
{ လာအိုနိုင်ငံဘက်ရှိကာစီနို အလောင်းကစားရုံ}

သေဆုံးသော ခရီးသည် (၃)ဦးမှာ မြန်မာလူမျိုးများဖြစ်ပြီး ၎င်းတို့အား ဘယ်အဖွဲ့အစည်းက ပစ်ခတ်သွားသည်ကိုမသိသေးသော်လည်း ထိုစက်လှေသည် ဤဒေသကို အမြဲဖြတ်သန်းသွားလာလေ့ရှိကြောင်း သတင်းရရှိထားသည်။

၅.၁၀.၂၀၁၁ တွင် တရုတ်သဘောင်္ကို စိုင်းနော်ခမ်းအဖွဲ့က ပစ်ခတ်သောကြောင့် လူ(၁၃)ဦး သေဆုံးပြီးနောက်မှာတော့ မြန်မာနယ်ဖက်သို့အလှံဖြူစက်လှေကို သွားလာခွင့်မပေးထားသလို အာဏာပိုင်များရဲ့ အမိန့်အရ ဘယ်စက်လှေမှ သွားလာခြင်းမရှိတော့ကြောင်းသိရသည်။

ထို့ကြောင့် တာချီလိတ်မြို့နယ်အတွင်းရှိ စမ်ဖူးရွာကနေ ရွှေတြိဂံသို့ သွားလာဖြတ်သန်းရန် စက်လှေမရှိတော့ပါ။ အကြောင်းမှာဖြတ်သန်းသွားလာရန် မရဲသောကြောင့်ဖြစ်သိဟု သိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ လာအိုနိုင်ငံ သွန့်ဖိန်မြို့နယ် ဘော်ကျော်နယ်နိမိတ်ရှိ ကာစီနို အလောင်းကစားရုံများတွင် ကိုယ့်လုံခြုံရေးအရဖြင့်တရုတ်လူမျိုး အယောက်(၂၀၀)ကို လုံခြုံရေးအစောင့်အဖြစ် ခန့်ထားကြောင်း နှင့် ထိုင်း-လာအို-မြန်မာ-တရုတ် (၄)နိုင်ငံပူးပေါင်း၍ မဲခေါင်မြစ်ရေ လမ်းကြောင်းတစ်လျှောက် လုံခြုံရေးစီမံကိန်းများကို တိုးမြှင့်ရန် ဆောင်ရွက်နေကြောင်း ထိုင်းသတင်းဌာနတစ်ခုမှသတင်းရရှိပါသည်။

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net