Latest News

Dropdown Menu

Showing posts with label အထိမ်းအမှတ်နေ့များ. Show all posts
Showing posts with label အထိမ်းအမှတ်နေ့များ. Show all posts

Tuesday, February 11, 2014

ယနေ့ ဖေဖော်ဝါရီလ(၁၂)ရက်မှာ ကျရောက်သည်ဖြစ်သော (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့နယ်ရှိ ဘုရင့်နောင်ရုပ်တုရင်ပြင်မှာ နံနက်(၇)နာရီအချိန်က တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး ဦးဆောင်သည့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး ဦးဆောင်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အထောက်အကူပြု အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ တိုင်းရင်းသား ပြည်သူများ စုံလင်စွာဖြင့် တက်ရောက်၍ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ပုဂ္ဂိုလ်များအား အလေးပြုခဲ့ကြသည်။










ဆက်လက်၍ အလေးပြုခြင်းအစီအစဉ်အပြီးမှာ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံမှ ပေးပို့လာသော သ၀ဏ်လွှာအား ဖတ်ကြားပြီး အခမ်းအနားကို ပြီးမြောက်စေခဲ့ကြသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Friday, January 3, 2014

ယနေ့ ၂၀၁၄ခုနှစ် ဇန်န၀ါရီလ(၄)ရက်နေ့သည် မြန်မာနိုင်ငံ၏ အဖိုးမဖြတ်နိုင်သော နေ့ထူးနေ့မြတ်ဖြစ်သည့် လွတ်လပ်ရေးနေ့ဖြစ်ရာ အဆိုပါလွတ်လပ်ရေးနေ့သည် ယခုအခါမှာ (၆၆)နှစ်မြောက်ခဲ့ပြီဖြစ်သည့်အတွက် မြန်မာနိုင်ငံတစ်ပြည်လုံး၌ စုပေါင်းအလံတင်ခြင်း၊ စုပေါင်းအလေးပြုခြင်း စသည်တို့ကို ပြုလုပ်ကြသည်ဖြစ်ရာ ယနေ့ နံနက်(၆း၃၀)နာရီအချိန်က တာချီလိတ်မြို့တွင်လည်း အဆိုပါ အလေးပြုခြင်း အခမ်းအနားကို ဘုရင့်နောင်ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပခဲ့ကြသည်။



လွတ်လပ်ရေးနေ့မြတ်ကြီးအား ဂုဏ်ပြုသည့် အလေးပြု အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး ဦးဆောင်သည့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး ဦးဆောင်သည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် ထောက်ကူပြု အဖွဲ့အစည်းများ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ နှင့် တိုင်းရင်းသားများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူလူထုများ စသည်တို့မှ တက်ရောက် အလေးပြုခဲ့ကြသည်။




အဆိုပါ အလေးပြုခြင်း အစီအစဉ် အပြီးတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက ပြည်ထောင်စုသမ္မတမြန်မာငံတော် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ထံမှ ပေးပို့လာသော သ၀ဏ်လွှာအား ဖတ်ကြားခဲ့ပြီး အခမ်းအနားကို ပြီးမြောက်စေခဲ့ကြကြောင်း သိရှိရသည်။



(၆၆)နှစ်မြောက်အား ဂုဏ်ပြုသော အစီအစဉ်အဖြစ် ယနေ့ ဇန်န၀ါရီလ(၄)ရက်နေ့တွင် တာချီလိတ်မြို့နယ်၌ အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ညပိုင်းတွင် (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြု ညစာ စားပွဲကိုလည်း ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရသည်။

ပုံများကိုကြည့်ရန်
တာချီလိတ်မြို့မှ ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အလေးပြု အခမ်းအနား
126 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Friday, December 14, 2012

၂၀၁၂ခုနှစ် ဒီဇင်ဘာ(၁၅)ရက်နေ့မှာ ကျရောက်မှာဖြစ်တဲ့ (၃၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ရခိုင်မိသားစုများအားလုံး တွေ့ဆုံပြီး မိတ်ဆုံစားပွဲကို တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမမှာ ဒီဇင်ဘာ(၁၅)ရက် ည(၆)နာရီမှ ည(၁၀း၃၀)နာရီထိ ပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။

ယခုလို တာချီလိတ်မြို့တွင် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ပြုလုပ်သော အကြိမ်မှာ ဒုတိယအကြိမ်ဖြစ်ကြောင်းလည်း သိရှိရပါတယ်။


ရခိုင်ပြည်နယ်ကို မဆလ အစိုးရမှ (၁၉၇၄)ခုနှစ်တွင် ပြုလုပ်သော ပြည်လုံးကျွတ် ပြည်သူ့ ဆန္ဒခံယူပွဲမှ အတည်ပြုပေးခဲ့တာဖြစ်ပြီး ယခုနှစ်(၂၀၁၂)သည် ရခိုင်ပြည်နယ်နေ့အဖြစ် (၃၈)နှစ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

Friday, October 12, 2012

၂၀၁၂ခုနှစ် အောက်တိုဘာ(၁၃)ရက်နေ့ နံနက်(၉း၃၀)နာရီမှ နံနက်(၉း၄၅)နာရီထိ တာချီလိတ်ခရိုင် မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့ရုံးမှာ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။

အဆိုပါအခမ်းအနားမှာ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဒေါက်တာစောလွင် နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ မြို့နယ် စခန်းမှူး ရဲအုပ် အောင်ဇင်၊ တာချီလိတ်မြို့အတွင်းရှိ လူမှုအကျိုးပြုအသင်းအဖွဲ့များ နှင့် ဆိုင်ကယ်အဌားယာဉ်(Taxi)ပြေးဆွဲသူများ စုစုပေါင်း အင်အား (၁၀၀)ခန့် တက်ရောက်လာကြတာကို တွေ့ရပါတယ်။




အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့နဲ့ ပတ်သက်၍ သိမှတ်ဖွယ်ရာများကို ဒေါက်တာ စောလွင်မှ ပြောကြာပြီးနောက်မှာတော့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးက မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးဒုက္ခစီမံခန့်ခွဲမှုဌာနမှ ပေးပို့လိုက်သော အရေးပေါ်သုံး သက်ကယ်ပစ္စည်းများကို ပေးအပ်ခြင်းအစီအစဉ်ကို စတင်ခဲ့ပါတယ်။



ယင်းကဲ့သို့ ပေးအပ်ရာမှာ ၂၀၁၂ခုနှစ် မေလ၊ ဇွန်လ နဲ့ ဇူလိုင်လအတွင်းက ကျောင်းအခြေပြုဘေးအန္တရာယ် လျော့ပါးရေး သင်တန်း နှင့် ကျေးရွာအခြေပြုဘေးအန္တရာယ် လျော့ပါးရေး သင်တန်းများတွင် တက်ရောက်သင်ကြားခဲ့သော သင်တန်းသူ/သားများရှိသော ကျောင်းများ ကျေးရွားများသို့ ခွဲဝေပေးအပ်ခြင်းဖြစ်ပါတယ်။

 ဘေးအန္တရာယ် လျော့ပါးရေး သင်တန်းသတင်းများအား ပြန်ဖတ်လိုလျှင်
  1. တာချီလိတ်မြို့ရှိ ကြက်ခြေနီတပ်ဖွဲ့မှ ကျေးရွာအခြေပြုဘေးအန္တရာယ် လျော့ပါးရေးသင်တန်းပို့ချ
  2. ပို့ချခဲ့သော သင်တန်းများအပေါ် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးဒုက္ခစီမံခန့်ခွဲရေးဌာန ညှိနှိုင်းရေးမှူး ဦးအောင်သောင်းရွှေ မှ ကွင်းဆင်းလေ့လာ

မှတ်တမ်းဓါတ်ပုံများကို ကြည့်ရန်