Latest News

Dropdown Menu

Showing posts with label လမ်းပြုပြင်. Show all posts
Showing posts with label လမ်းပြုပြင်. Show all posts

Friday, January 25, 2013

တာချီလိတ်မြို့တွင် ယာဉ်သွားယာဉ်လာများ ရှုပ်ထွေးနေမှုနှင့် ယာဉ်/လမ်းစည်းကမ်းများလျော့ပါးသွားစေရန်အပြင် မရှိမဖြစ် လိုအပ်နေသည့် မြို့ပတ်လမ်းကို ၂၀၁၂ခုနှစ် ဒီဇင်ဘာ(၅)ရက်နေ့က စတင်ပြီး ဖောက်လုပ်နေခဲ့သည်မှာ ယခုဆိုလျှင် (၉၀)ရာခိုင်နှုန်းခန့် ပြီးမြောက်နေတာကို တွေ့ရှိရပါတယ်။


အဆိုပါ မြို့ပတ်လမ်းကို မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၂) တံတားနီးမှ မေဖလားဝါးကွင်းထိ ဖောက်လုပ်နေတာဖြစ်ပါတယ်။ ယခုလက်ရှိမှာ လမ်းအား  မြေသားနှင့် ကျောက်ခင်းခြင်း အဆင့်များ ပြီးမြောက်ခဲ့ပြီး ကတ္တရာခင်းရန်အတွက် လုပ်ဆောင်နေကြတာကို တွေ့ရပါတယ်။

လောလောဆယ်တွင် အမှတ်(၂)တံတားမှ မေဖလားဝါးကွင်းထိ လမ်းအား ပြီးမြောက်ရန် လုပ်ဆောင်သွားမှာဖြစ်ပြီး ပါလျှံ ဘက်ရှိ အလံနီဖြင့် သတ်မှတ်ထားသော လမ်းကိစ္စကိုတော့ ဆောင်ရွက်ရန် အစီအစဉ်မရှိသေးကြောင်း တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသွားပါတယ်။


မြို့တွင်း မြို့ပတ်လမ်းဖောက်လုပ်နေခြင်းနှင့်ပတ်သက်၍ "တာချီလိတ်မြို့မှာက ကားတွေ ဆိုင်ကယ်တွေ တအားပေါပြီး ယာဉ်မောင်းသူတွေ စည်းကမ်းမရှိတော့ ယာဉ်တိုက်မှုခဏခဏဖြစ်တယ်..၊ အခု မြို့ပတ်လမ်း ဖောက်နေတယ်ဆိုတော့ ကောင်းတာပေါ့..၊ လမ်းဖောက်ပြီးသွားရင်လည်း ယာဉ်တိုက်မှုတွေ အဖြစ်မများအောင် နဲ့ မြေသယ်ကားတွေ ကုန်တင်ကားတွေ သစ်လုံးသယ်ကားတွေဖြစ်တဲ့ ကားကြီးတွေလည်း လမ်းအသစ်ကပဲသွားဖို့ အတွက် သက်ဆိုင်ရာတွေကလည်း ကြီးကြပ်ဖို့လိုတယ်လေ"ဟု ဆန်ဆိုင်းရပ်ကွက်နေ ရှမ်းအမျိုးသားတစ်ဦးမှ ပြောပါတယ်။

ပြီးခဲ့သော ၂၀၁၂ခုနှစ်အတွင်းက တာချီလိတ်မြို့တွင်းရှိ လမ်း(၁၃)လမ်းအား စည်ပင်သာယာရေးအဖွဲ့မှ ကတ္တရာခင်းလမ်းအဖြစ် ဖောက်လုပ်ခဲ့ကြပြီး အဆိုပါ(၁၃)လမ်း၏ ကုန်ကျငွေမှာ ကျပ်(၃၃၉၂)သိန်း ဖြစ်ကြောင်း သိရပါတယ်။
ပုံများကိုကြည့်ရန်

Saturday, December 15, 2012

ဒီဇင်ဘာ(၁၀)ရက်ဝန်းကျင်က  ဟောင်လိတ်ကျေးရွာအုပ်စုတစ်လျှောက်တွင် တာချီလိတ်မြို့၏ မြို့ရှောင်လမ်းအဖြစ် ဖောက်လုပ်ရန်အတွက် လျာထားသည့် သင်္ကေတအဖြစ် အလံနီများ လာရောက် စိုက်ထူထားခြင်းအပေါ် ဟောင်လိတ်ကျေးရွာအုပ်စု နှင့် ပါလျှံ(၁)နေ ပြည်သူလူထုအများအပြားအနေဖြင့် စိုးရိမ်မှုများ ရှိနေကြောင်း ကြားသိရပါတယ်။

{လမ်းဖောက်လုပ်ရန် ပုံစံ}

အဆိုပါအလံနီများလာရောက်စိုက်ထူခြင်းနှင့်ပတ်သက်ပြီး အလံနီ၏ ဘေးတစ်ဖက်တစ်ချက်တွင် ပေ(၃၀)စီ ဖြတ်ယူသွားမှာဖြစ်ပြီး ဘယ်ညာစုစုပေါင်း ပေ(၆၀)ခန့် ပါသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။ ပါလျှံ(၁)ရပ်ကွက်နေ တာဝန်ရှိသူများမှ အလံနီများစိုက်ထူထားရာနေရာသို့ သွားရောက်ကြပြီး လျာထားသည့်နေရာနှင့် မလွတ်ကင်းသည့် အိမ်/ခြံ/မြေများကို စာရင်းကောက်ရာ တိုက်အိမ်(၁၇)လုံး၊ ပျဉ်ထောင်အိမ်(၅)လုံး၊ မြေကွက်လပ်(၅)ကွက် နှင့် ပေါ်တော်မူဘုန်းကြီးကျောင်းရှိ စေတီနှင့်ကျောင်းနေရာ တ၀က် မလွတ်ကြောင်းကို စာရင်း၏ ဖော်ပြချက်အရ သိရှိခဲ့ရပါတယ်။

{ပေါ်တော်မူဘုန်းကြီးကျောင်း}

ထိုကိစ္စနှင့်ပတ်သက်ပြီး ပါလျှံ(၁)နေ ကျေးရွာသားတစ်ဦးမှ ပြောကြားလာရာမှာ "မြို့ရှောင်လမ်းအတွက် လျာထားတဲ့လမ်းကြောင်းကို ဖျက်သိမ်းပေးသင့်ပြီး နဂိုရပ်ရွာက လျာထားတဲ့ လမ်းဟောင်းအတိုင်း မြို့ပတ်လမ်းကို ဖောက်ပေးစေချင်ပါတယ်။ လုံးဝ ရှောင်ကွင်းလို့မရရင်တော့ ဖယ်ခံရတဲ့ အိမ်ခြံတွေကို ကာလပေါက်ဈေးအတိုင်း နစ်နာကြေးပေးပြီးမှသာ ဖောက်တာကောင်းပါလိမ့်မယ်"လို့ ပြောကြားလာပါတယ်။

{အလံနီနှင့် မလွတ်ကင်း၍ ဖယ်ရှားရဖွယ်ရှိသော အိမ်}

ဆက်လက်ပြီး လျာထားသောနေရာနှင့် မလွတ်ကင်း၍ ဖယ်ရှားခံရမည်ကို စိုးရိမ်နေသော အိမ်ပိုင်ရှင်တစ်ဦးမှ "အခု ဆောက်လက်စတွေ ဆောက်လုပ်ပြီးတော့ နေ နေကြတဲ့ အိမ်တွေ၊ တစ်ချို့အိမ်ဆို တစ်လုံးလုံး ဖယ်ရမဲ့အနေအထားမျိုးဖြစ်နေကြတယ်။ မြို့ရှောင်လမ်းဖောက်တာကိုတော့ သဘောကျပါတယ်။ ဒါပေမဲ့ ဖောက်မယ်ဆိုလည်း အိမ်တွေနဲ့ လွတ်အောင်တော့ ဖောက်စေချင်တာပေါ့လေ။ လယ်ယာထဲကနေ ဖောက်မယ်ဆိုရင် ဆုံးရှုံးစရာက သိပ်မရှိပါဘူး။ အခုက အိမ်တွေကို ကောင်းကောင်းဆောက်ထားပြီးကာမှ မလွတ်လို့ ဖယ်ရမယ်ဆိုတာကြီးကတော့ သဘောဝမကျပါဘူး။ အခု အလံတိုင်တွေစိုက်ထားတဲ့အတိုင်းတာ လမ်းဖောက်မယ်ဆိုရင်တော့ ကျွန်မတို့အပါအ၀င် ဖယ်ခံရမဲ့ လူတွေကလည်း မလိုလားအပ်တဲ့ အကြောင်းအရာတွေ ဖြစ်လာမှာကို စိုးရိမ်နေကြမှာပဲ"လို့ ပြောကြားလာပါတယ်။


ပါလျှံ(၁)တွင် မလွတ်ကင်းသည့် လူနေအိမ်များ၏ အိမ်နံပါတ်များမှာ
  • 220
  • 221
  • 222
  • 223
  • 226
  • 232
  • 237
  • 238 ( ရွာပိုင်ခန်းမဆောင် )
  • 239
  • 242
  • 243
  • 245
  • 249
  • 250
  • 251
  • 252
  • 256
  • 258
  • 264
  • 265
  • 266
  • 267
  • 268
  • 295
အိမ်နံပါတ်မသိရသော အိမ်ဝိုင်း (၄) ကျန်ရှိပါတယ်။ ကျန်ရှိ (၄)၀ိုင်းအနက် (၂)၀ိုင်းတွင် တစ်ဝိုင်းမှာ အပိုင်း(က,ခ,ဂ)ခွဲထားပြီး ကျန်တစ်ဝိုင်းမှာ ပေါ်တော်မူဘုန်းကြီးကျောင်း ဖြစ်ပါတယ်။

မြို့ပတ်လမ်းဖောက်လုပ်ရန်အတွက် လတ်တလော အလံနီများဖြင့် လျာထားချက်ကြောင့် မလွတ်ကင်းသည့်အိမ်ခြံများမှာ ပါလျှံ(၁)တွင် အများဆုံးဖြစ်ပြီး ပါလျှံ(၂)တွင် အိမ်အပါ အနည်းအငယ်သာရှိပြီး ကျန်နေရာများမှာ ယာခင်းများသာဖြစ်ကြပါတယ်။

{အလံနီနှင့် မလွတ်ကင်း၍ ဖယ်ရှားရဖွယ်ရှိသော အိမ်}

အထက်ပါကိစ္စများနဲ့ ပတ်သက်ပြီး ဌာနဆိုင်ရာတစ်ချို့ထံ သွားရောက်ပြီး စုံစမ်းမေးမြန်းခဲ့ရာမှာ မြို့ရှောင်လမ်းဖောက်လုပ်ရန်နဲ့ပတ်သက်ပြီး  ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တာချီလိတ်မြို့တွင် လိုအပ်ချက်များကို လိုက်လံကြည့်ရှုရာမှာ မြို့ရှောင်လမ်းထားရှိရန်လိုအပ်ကြောင်းကို တွေ့ရရှိရ၍ နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့တင်ပြပြီး လမ်းပုံစံထုတ်ရန် ညှိ့နှိုင်းမှုများပြုလုပ်ကာ မြို့ရှောင်လမ်းဖောက်လုပ်ရန်အတွက် လောလောဆယ်မှာ လျားထားတာဖြစ်ကြောင်း၊ လမ်းပုံစံထုတ် အင်ဂျင်နီယာအဖွဲ့မှ လမ်းပုံစံချထားရာမှာ စံချိန်စံညွှန်းအရ ဂြိုလ်တုမှ ဓါတ်ပုံ ( Google Earth )ဖြင့် ပုံများကို ထုတ်ကာ လမ်းပုံစံချထားခြင်းဖြစ်သော်လည်း ဂြိုလ်တုဓါတ်ပုံရှိ ဖော်ပြထားချက်မှာ လက်ရှိအနေအထားမဟုတ်တာကြောင့် ဖောက်လုပ်မည့် လမ်းကြောင်းပေါ်တွင် ဖယ်ရှားခံရမည့် အိမ်ခြေအရေအတွက် မည်မျှရှိကြောင်း မသိနိုင်၍  ယခုကဲ့သို့ လျာထားခြင်းဖြင့် နေရာများ လွတ်ကင်းမှုရှိမရှိနှင့် ဖယ်ခံရမည့် အိုးအိမ်များ မည်မျှရှိမည်ကို သိလို၍ဖြစ်ကြောင်း စသည့်ဖြင့် အောက်ခြေကို သိလို၍ လတ်တလောမှာ အလံနီများကို စိုက်ထူ၍ လျာထားခြင်းတာဖြစ်ကြောင်း သိရှိရပါတယ်။

ဆက်လက်ပြီး ယခုကိစ္စနှင့်ပတ်သက်၍  မြေစာရင်းမှ အလံနီများစိုက်ထူးထားသည့် နေရာသို့သွားရောက်ပြီး စာရင်းကောက်ယူကာ အိုးအိမ် ဥယျာဉ်ခြံမြေများ၊ ဘာသာရေး အဆောက်အဦများ စသည့်စာရင်းများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံ ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် တင်ပြပြီး အတည်ပြုချက်ရမှာသာ စီမံကိန်းကို အကောင် အထည်ဖော်မှာဖြစ်ပြီး လမ်းဖောက်လုပ်ရန်အတွက် လတ်တလောတွင် မည်သည့် ဆောက်လုပ်ရေး ကုမ္ပဏီကိုမှ လျာထားခြင်း ချမှတ်ပေးထားခြင်းမရှိသလို လမ်းဖောက်လုပ်ရန် အတွက်လည်း အချိန်ကြာဦးမည်ဖြစ်ကြောင်း နှင့် ကာလသတ်မှတ်ချက် မရှိသေးကြောင်းလည်း သိရပါတယ်။

တာချီလိတ်မြို့တွင် လမ်းမကြီးဟူ၍ တစ်လမ်းတည်းသာရှိသည့်အပြင် နယ်စပ်မြို့လေးဖြစ်တာကြောင့် ကားများ ဆိုင်ကယ်များ စသည်ဖြင့် ယာဉ်အမျိုးမျိုးမှာ တစ်လမ်းတည်းမှာသာ ပြည့်နေပြီး လမ်းစည်းကမ်း ယာဉ်စည်းကမ်းများ မရှိခြင်းမှာလည်း လမ်းကျဉ်းလမ်းကြပ်ဖြစ်သော တစ်လမ်းတည်းတွင်သာ သွားလာနေခြင်း ဖြစ်တာကြောင့် ယခုကဲ့သို့ ယာဉ်တိုက်မှုများ ယာဉ်ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေရတာဖြစ်ကြောင်း သုံးသပ်မိပါတယ်။

ယခုဖောက်လုပ်မည့် မြို့ရှောင်လမ်းနှင့်ပတ်သက်၍ ဖောက်လုပ်သင့်သော ကိစ္စတစ်ရပ်ဖြစ်သော်လည်း အခြေခံလူထုလူတန်းစားများအဖို့ ၎င်းတို့၏ အိုးအိမ်များမှာ စီမံချက်ထဲ ပါဝင်နေမည့်ကိစ္စရပ်များရဲ့ အကျိုးအဆက်မှာ အခက်အခဲတွေဖြစ်လာနိုင်ကြောင်းကိုလည်း တွေ့မြင်ရပါတယ်။ သို့ပါ၍ မဖြစ်မနေ မလွတ်မကင်းပဲ လမ်းဖောက်မည်ဆိုပါက အခြေခံလူထုအတွက် မနစ်နာစေရေးအတွက် အစိုးရအဖွဲ့ဝင်များ တာဝန်ရှိသူများမှ ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း တာချီလိတ်အွန်လိုင်းစာမျက်နှာမှ အချက်အလက်များကိုစုစည်း၍ တင်ပြလိုက်ပါတယ်။

 မလွတ်ကင်းသော အိမ်ပုံများကို ကြည့်ရန်

Monday, October 15, 2012

တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကို အပါအ၀င် စည်ပင်သာယာရေးအဖွဲ့ဝင်များ နဲ့ မြန်မာဧရာမွန်ကုမ္မဏီ တို့ ပူးပေါင်းညှိနှိုင်းပြီး အလျား ပေ(၅၅၀)ခန့်ရှိတဲ့ ကားကြီးကွင်းရှေ့လမ်းရှိ တော်ဝင်လမ်းအား စက်ယန္တရားများဖြင့် ကျောက်မြေများဖို့ပြီး ပြုပြင်မှုများ ပြုလုပ်ခဲ့ကြပါတယ်။


 

အဆိုပါ လမ်းပြုပြင်ရာသို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းထွေး နဲ့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူ ဦးရဲထူးတို့ လာရောက်ကြည့်ရှု့ပြီး လမ်းဘေးတစ်ဘက်တစ်ချက်စီအတွက် ပြုလုပ်ရန်လိုအပ်သည့် ရေမြောင်းကိစ္စများကို အကြံပြုပြောဆိုဆွေးနွေးခဲ့ကြပါတယ်။


 တော်ဝင်လမ်းမှာ ယခင်က လမ်းပြုပြင်မှုများ မကြာခဏ ပြုလုပ်ခဲ့သော်လည်း ဘေးတစ်ဖက်တစ်ချက်စီမှာ ရေလွှဲ ရေမြောင်းများ မရှိတာကြောင့် လမ်းမှာ ပျက်စီးမြန်ခဲ့ခြင်းဖြစ်ပါတယ်။

ယင်းအတွက် မြန်မာဧရာမွန်ကုမ္မဏီမှ လမ်းကြိတ်စက်(၁)စီး၊ Grader ( မြေညှိစက် ) (၁)စီး နဲ့ မြေသယ်ကား(၅)စီးတို့ဖြင့် အသုံးပြုပြီး ၀မ်ပုံလမ်းကဲ့သို့ ကောင်းမွန်စေရန်အတွက် ပြုလုပ်နေတယ်လို့ သိရပါတယ်။


တော်ဝင်လမ်းသည် ကားကြီးကွင်း ရှေ့တည့်တည့်တွင် ရှိသော လမ်းဖြစ်ပြီး လွယ်စတုံ တာဝေမီးစက်လမ်းမှ တဆင့်လည်း ၀င်ရောက်နိုင်တဲ့ လမ်းဖြစ်ပါတယ်။
မှတ်တမ်းဓါတ်ပုံများကို ကြည့်ရန်