Latest News

Dropdown Menu

Showing posts with label လှူဒါန်းမှု. Show all posts
Showing posts with label လှူဒါန်းမှု. Show all posts

Wednesday, December 19, 2012

၂၀၁၂ခုနှစ် ဒီဇင်ဘာ(၁၉)ရက်နေ့ နံနက်(၈း၃၀)နာရီက နဂါးနှစ်ကောင်ကျောင်းတိုက် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ Honorary Ph.D. နဂါးနှစ်ကောင် ဆရာတော်ဘုရာကြီး "ဘဒ္ဒန္တဓမ္မသီရိ"သည် အနွေးထည် အထည်(၅၀၀)ကို ဆန်ဆိုင်း(အထက်)ရပ်ကွက်တွင်းရှိ ကျောင်းနေရွယ် ကလေးသူငယ်များနှင့် ရပ်ကွက်သူ/သားများအား ပေးဝေလှူဒါန်းခဲ့ကြောင်း သိရှိရပါတယ်။

 
 

ဆရာတော်ဘုရားသည် ဆန်ဆိုင်း(အထက်)ရပ်ကွက်အတွင်းရှိ ကျောင်းနေရွယ် ကလေးသူငယ်များ နှင့် ဆင်းရဲနွမ်းပါး ရပ်ကွက်သူ/သားများအား ထိုင်းဘတ်ငွေ (၅၀၀၀၀)ဘတ်ခန့် တန်ဘိုးရှိသော ဆောင်းရာသီဝတ် အနွေးထည် အထည်(၅၀၀)ကို ဆရာတော်ဘုရား ကိုယ်တိုင်ကိုယ်ကျ ပေးဝေလှူခဲ့တာဖြစ်ပါတယ်။

 

ထိုကဲ့သို့ လှူဒါန်းရမှာ ဆန်ဆိုင်း(အထက်)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းဆင် နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များမှလည်း ဆရာတော်နှင့်အတူ လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး နဂါးနှစ်ကောင်ကျောင်းတိုက်မှာပင်  ကျောင်းနေရွယ်ကလေးသူငယ်များ နှင့် ဆင်းရဲနွမ်းပါး ရပ်ကွက်သူ/သားများအား ခေါ်ယူ၍ပေးဝေလှူခြင်းဖြစ်ပါတယ်။


ယခုအလှူနှင့်ပတ်သက်၍ ဆရာတော်ဘုရားသည် ဒီဇင်ဘာ(၇/၈)ရက်နေ့တွင် ပြုလုပ်ခဲ့ပြီးသော သက်တော်(၈၄)နှစ်ပြည့် မွေးနေ့တုန်းက ကျောင်းနေရွယ် ကလေးသူငယ်များ နှင့် ဆင်းရဲနွမ်းပါး ရပ်ကွက်သူ/သားများအား ယခုကဲ့သို့ ပေးဝေလှူဒါန်းမှုမျိုး မပြုလုပ်ခဲ့ရသေးသည်ဖြစ်တာကြောင့် ယခု(ဒီဇင်ဘာ[19]ရက်နေ့မှာ)ပြုလုပ်တာဖြစ်ကြောင်း သိရှိရပါတယ်။

သတင်းဓါတ်ပုံများကိုကြည့်ရန်


Tuesday, November 13, 2012

နိုဝင်ဘာ(၁၄)ရက်နေ့ နံနက်(၉)နာရီက တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမမှာ ချို့တဲ့ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံးစာရေးကိရိယာများထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ကြပါတယ်။


အဆိုပါ ကျောင်းသုံးစာရေးကိရိယာများထောက်ပံ့ပေးအပ်ပွဲကို တာချီလိတ် ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပတာဖြစ်ပြီး ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ရေးအတွက် တာချီလိတ်မြို့နယ်ရှိ စေတနာရှင်အလှူရှင်များမှ စုပေါင်းပါဝင်လှူဒါန်းကြရာ အလှူငွေစုစုပေါင်း ( ၇၈၀၅၀၀၀ )ကျပ် ဖြစ်ကြောင်းသိရပါတယ်။


ကျောင်းသုံးစာရေးကိရိယာများအား ပေးအပ်ရာမှာ တာချီလိတ်မြို့နယ်အတွင်းရှိ ချို့တဲ့ကျောင်းသား/သူများအတွက် တန်ဖိုးငွေကျပ်(၈၆၉၀၀၀၀/ိ)ရှိသော ကျောင်းသုံးစာရေးကိရိယာများအား မြို့နယ်ပညာရေးမှူးထံသို့ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဒေါ်နွေးနွေးလင်းမှ ပေးအပ်ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်ရွှေမိုးသူဇာမှ တာလေမြို့နယ်ခွဲအတွင်းရှိ ချို့တဲ့ ကျောင်းသား/သူများအတွက် တာလေမြို့နယ်ခွဲကျောင်းများကိုယ်စား တာလေမြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး နှင့် ကျောင်းအုပ်ကြီး(၁)ဦးအား ကျောင်းသုံး စာရေးကိရိယာများ ပေးအပ်ခဲ့ကြပါတယ်။



ဆက်လက်ပြီး ကျိုင်းလပ်မြို့နယ်ခွဲအတွင်းရှိ ချို့တဲ့ကျောင်းသား/သူများအတွက် တန်ဖိုးငွေ ကျပ်သိန်း(၂၀)ရှိ ကျောင်းသုံးစာရေးကိရိယာများအား လှူဒါန်းသည့် အလှူရှင် ဦးအားရှဲန်မှ ကျိုင်းလပ်မြို့နယ်ခွဲကျောင်းများကိုယ်စား ကျိုင်းလပ်မြို့နယ်ခွဲအုပ်ချုပ်ရေးမှူး နှင့် ကျောင်းအုပ်ကြီး(၁)ဦးတို့အား ပေးအပ်ကြပါတယ်။


တာချီလိတ် ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပပြီး ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့သည့်အကြိမ်မှာ ယခုအကြိမ်အပါအ၀င် (၁၄)ကြိမ်မြောက်ဖြစ်ကြောင်း သိရှိရပြီး ကျောင်းသုံးစာရေးကိရိယာများထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားမှာ ဌာနဆိုင်ရာများနှင့် အလှူရှင်များ စုစုပေါင်း(၁၀၀)၀န်းကျင်ခန့် တက်ရောက်လာခဲ့ကြတာကိုတွေ့ရပါတယ်။