Latest News

Dropdown Menu

Showing posts with label အထိမ်းအမှတ်. Show all posts
Showing posts with label အထိမ်းအမှတ်. Show all posts

Sunday, February 23, 2014

   တာချီလိတ်မြို့ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း
အဝေးအား ဖေဖေါ်ဝါရီလ (၂၃)ရက်၊ နေ့လည် (၁)နာရီအချိန်က တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်ရှိ
ဦးအောင်မျိုးဝင်း+ဒေါ်စိုးဥမ္မာတို့၏ နေအိမ်တွင်ကျင်းပရာ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ
ဝင်များနှင့် စိတ်ပါဝင်စားသူများတက်ရောက်ကြပါသည်။


    အစည်းအဝေးတွင် ရှေးဦးစွာ ကော်မတီအတွင်းရေးမှူး ဦးအောင်ဖြိုးရှိန်မှ ဖေဖေါ်ဝါရီလ (၁၈)ရက်
နေ့တွင် ကျင်းပခဲ့သော ပဏာမအစည်းအဝေးမှတ်တမ်းနှင့် ကော်မတီဖွဲ့စည်းပုံအား ရှင်းလင်းပြောကြားကာ ကော်မတီ နာယက ဦးမြင့်ဦးမှ အမှာစကားပြောကြားပါသည်။ ယင်းနောက် နာယက ဦးတင်နွယ် ၊ ဥက္ကဋ္ဌ ဦးတင့်ဆွေ နှင့် ကော်မတီဝင်များ ၊ တက်ရောက်လာကြသူများမှ ၀ိုင်းဝန်းဆွေးနွေးအကြံပြုကြကာ
(၁) ဗိုလ်ချုပ်ကြေးရုပ်ပုံစံအား အွန်လိုင်းမှတဆင့် အများပြည်သူသို့ချပြကာ ဆန္ဒတောင်းခံအတည်ပြုရေး
(၂) အပတ်စဉ်စနေနေ့တိုင်း ရှမ်းရိုးမကွင်းတွင် အများပြည်သူ ထည့်ဝင်လှူဒါန်းနိုင်ရေးအတွက် အလှူခံ
ဌာနဖွင့်လှစ်ရေး
(၃) ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ကော်မတီများမှတဆင့် ကြေးရုပ်တည်ဆောက်ခွင့်နှင့် မြေနေရာ
တောင်းခံရေး
(၄) ဗိုလ်ချုပ်ကြေးရုပ်အား မြန်မာမှုပညာရှင် တမ္မ၀တီ ဦးဝင်းမောင်ထံ လုပ်ငန်းအပ်နှံရေး
(၅) ဗိုလ်ချုပ်ကြေးရုပ် အရွယ်အစားအား ဘုရင့်နောင်မင်းတရားကြီးရုပ်ထုထက် အတန်ငယ်သေးငယ်
သောအရွယ်အစားဖြင့် သွန်းလုပ်ရေးတို့အား ဆွေးနွေးဆုံးဖြတ်ကြပါသည်။


     ထို့နောက် ဘဏ္ဍာရေးမှူး ဒေါ်စိုးဥမ္မာမှ အစည်းအဝေးဆုံးဖြတ်ချက်များအား ဖတ်ကြားအတည်ပြု
ကာ နာယက ဦးမြင့်ဦး ၊ ဥက္ကဋ္ဌ ဦးတင့်ဆွေ ၊ တွဲဖက်အတွင်းရေးမှူး ဦးစည်သူမောင် ၊ကော်မတီဝင်
ဦးမောင်လှ နှင့် အခြားအလှူရှင်များက ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးအတွက် ငွေကျပ် သိန်းတစ်ရာ
ကျော်အား စုပေါင်းထည့်ဝင်လှူဒါန်းကြပြီး အစည်းအဝေးတက်ရောက်သူများအားလုံးမှ ဘုရင့်နောင်
မင်းတရားကြီးရုပ်တုသို့သွားရောက်ကာ အရွယ်အစားအားတိုင်းတာကြရာ ဘုရင့်နောင် မင်းတရားကြီး
၏ရုပ်တုမှာ ၁၃ ပေကျော်ကျော်ရှိသည့်အတွက် ဗိုလ်ချုပ်ကြေးရုပ်အား ၁၂ပေ အမြင့်အရွယ် သွန်းလောင်းရန် အများသဘောတူ ဆုံးဖြတ်ကြပါသည်။


ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသူများအား ဗယ်လင်တိုင်းကဖေးမိသားစုမှ နေ့လည်စာဖြင့် တည်ခင်းဧည့်ခံဒါနပြုကြောင်း သိရှိရပါသည်။
သတင်းပေးပို့သူ ။        ။ မောင်ယဉ်ကျေး
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Thursday, February 13, 2014

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့တွင် တစ်ကြိမ်တစ်ခါမှ ကျင်းပ မပြုလုပ်ဖူးသည့် ထူးခြားသော အစီအစဉ် တစ်ရပ်အနေဖြင့် ဖေဖော်ဝါရီလ(၁၃)ရက်နေ့မှာ ကျရောက်သည့် (၉၉)နှစ်ပြည့် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ အထိမ်းအမှတ် အလှူကို ဖေဖော်ဝါရီလ(၁၃)ရက် နံနက်(၉း၃၀)နာရီမှ မွန်းလွဲ(၂း၂၀)နာရီအချိန်ထိ တာချီလိတ်မြို့ပေါ်ရှိ စာသင်ကျောင်း (၅)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ် ( ၃၄၃၇ )ဦးတို့အား ဗိုလ်ချုပ်ချစ်မြတ်နိုးသူများမှ ဗိုလ်ချုပ်အောင်ဆန်း ကြိုက်နှစ်သက်သော အစားအစာ တစ်ခုဖြစ်သည့် ပဲပြုတ်နှင့်နံပြားကို ကျွေးမွေးလှူဒါန်းခဲ့ပြီး နိုင်ငံတော်သမ္မတကြီးမှ လမ်းညွှန်မှာကြားထားသည့်အတိုင်း ကလေးသူငယ်များအား အာဟာရတစ်ခုအဖြစ် နို့ဗူးများလည်း တိုက်ကျွေး၍ ဗိုလ်ချုပ်အောင်ဆန်းအား ရည်စူးကာ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ကြသည်။

{ အ.မ.က ( တာလော့ }

ထိုသို့ မပြုလုပ်မီမှာ နံနက်ပိုင်းက  ဗိုလ်ချုပ်ချစ်မြတ်နိုးသူများမှ ဗိုလ်ချုပ်အောင်ဆန်းအား ရည်စူး၍ သာသနာ့ဂုဏ်ရည်ကျောင်းတိုက်မှ ဆရာတော် ဥူးဓမ္မဓဇ(သာသနဓဇ ဓမ္မာစရိယ) အပါအ၀င် သံဃာတော် အရှင်သူမြတ် (၅)ပါးတို့အား ပင့်ဖိတ်ကာ တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်၊ ၀မ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးရှိ ရပ်ကွက်ဓမ္မာရုံမှာ အာရုံဆွမ်း နှင့် သင်္ကန်းများ ဆက်လက်လှူဒါန်းကာ ရေစက်သွန်းချ တရားတော် နာယူခဲ့ကြသည်။

အာရုံဆွမ်း နှင့် သင်္ကန်းများဆက်ကပ် တရားနာ}

အဆိုပါအဖွဲ့မှ ကျောင်းများသို့ သွားရောက်၍ ပဲပြုတ်နံပြား လှူဒါန်းရာတွင် ဦးစွာပထမ ပုန်းထွန်(အ.လ.က)သို့ သွားရောက်ရာမှာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်မြတ်ဆင့် နှင့် ဆရာမများက ကျောင်းသား၊ ကျောင်းသူ အယောက်(၈၅၀)အတွက် နေရာထိုင်ခင်းများကို စီစဉ်ပြုလုပ်ပေးပြီး ဗိုလ်ချုပ်ချစ်မြတ်နိုးသူများအဖွဲ့မှ ကျောင်းသား၊ ကျောင်းသူလေးများအား ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်ဓါတ်ရေးရာ၊ ပွင့်လင်းရိုးသားမှု အကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့ကြပြီး အဆိုပါ
ကျောင်းသား ကျောင်းသူများထဲမှ အချို့အား ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် မေးခွန်း(၁၀)ခုကို ဖြေစေပြီး၊ မှန်ကန်စွာ ဖြေဆိုနိုင်သူများနှင့် အနီးစပ်ဆုံး ဖြေဆိုနိုင်သူများကို ဗိုလ်ချုပ်အောင်ဆန်းပုံပါရှိသည့် လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်၍ မျိုးချစ်စိတ်ဓါတ် ရှိစေရေးနှင့် ဗိုလ်ချုပ်အောင်ဆန်းအား အစဉ်အမြဲ သတိရနေရေးအတွက် အသိပညာပေးမှုများကို ပြုလုပ်ခဲ့ကြသည်။

{ ရန်အောင်မြေ [မူလွန်] }

ထိုနည်းတူစွာပင် အ.မ.က(တာလော့)တွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းကောင်ခမ်း နှင့် ဆရာ/မ(၁၆)ဦး အပါအ၀င် ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ် (၄၅၃)ဦး၊ ရန်အောင်မြေ (မူလွန်)တွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဌေးမာ နှင့် ဆရာ/မ(၂၈)ဦး အပါအ၀င် ကျောင်းသား၊
ကျောင်းသူ (၁၅၅၇)ဦး၊ အ.မ.က(၀မ်မိုင်၂)တွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာဆွေ နှင့် ဆရာမ(၆)ဦး အပါအ၀င်  ကျောင်းသား၊ကျောင်းသူ ကလေးသူငယ် (၂၃၀)ဦး နှင့် ၀မ်ကောင်းရပ်ကွက် ကချင်ရွာ(မူလွန်)တွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းမြဌေး နှင့် ဆရာ/မ(၁၀)ဦး အပါအ၀င် ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ် (၃၄၇)ဦး စုစုပေါင်းကျောင်းသား (၃၄၃၇)ဦးတို့ကို ပဲပြုတ်နံပြားနှင့် နို့ဗူးပါ တိုက်ကျွေးခဲ့ကြသည်။

{ ကချင်ရွာ [မူလွန်] }

ဗိုလ်ချုပ်ချစ်မြတ်နိုးသူများအဖွဲ့က ကလေးများအား ပဲပြုတ်နံပြားနှင့် နို့ဗူး တိုက်ကျွေးရုံမဟုတ်ပဲ အသိပညာပေးများဖြင့် ဟောပြောရာမှာ"ကျွန်တော်တို့တိုင်းပြည်ရဲ့တစ်ချိန်တစ်ခါက စစ်သေနာပတိချုပ်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ ပဲပြုတ်နဲ့ နံပြားစားချင်တာကို သူ့ဇနီးထံ မှာထားပုံလေးကြည့်ကာ ခေါင်းဆောင်ကောင်း တစ်ယောက်ဆိုတာ သူ့ဇနီးသားမယားနှင့် တိုင်းသူ ပြည်သားတို့ အပေါ်မှာ နိုင်ထက်စီးနင်း ပြောဆိုခိုင်းခြင်း မရှိဘူးဆိုတာကို သိစေ၊ မှတ်သားစေချင်တယ်၊ နောက်တခု ကလေးတွေ စာအုပ်တစ်အုပ်၊ စာပိုဒ်တစ်ပိုဒ်ဖတ်ပြီးတိုင်း စဉ်းစားတွေးခေါ်တတ်သော အကျင့်တွေရရှိ စေချင်တယ်"ဟု ရှင်းလင်းဟောပြောသည်။

{ အ.မ.က [တာလော့] }

ဆက်လက်၍ "ဗိုလ်ချုပ်အောင်ဆန်းကို လေးစား အားကျပြီး အတုယူချင်သော စိတ်ဓာတ်အခြေခံကာ ဗိုလ်ချုပ်ကိုချစ်သောစိတ်များ တဖွားဖွားပေါ်လာမယ် အဲဒါမှ ကျွန်တော်တို့ ဗိုလ်ချုပ်ချစ်သူများရဲ့ အဓိက ပန်းတိုင်ဖြစ်သည့် ဗိုလ်ချုပ်နှလုံးသားမျိုးနဲ့ ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်ကောင်းတွေ ပေါ်ထွန်းလာမှာပါ၊ ဘာကြောင့်လဲဆိုရင် လူရဲ့သဘော သဘာဝက ကိုချစ်တဲ့သူရဲ့ စကားဆိုရင် နားထောင်ကြတယ် မဟုတ်လား ကလေးတွေလည်း ဗိုလ်ချုပ်ကို အားကျတဲ့စိတ် လေးစားတဲ့စိတ်များ ပေါ်ပေါက်လာပြီး ဗိုလ်ချုပ်ကို ချစ်တတ်သွားမယ်လေ၊ ဒါကြောင့် သူတို့ချစ်တဲ့ ဗိုလ်ချုပ်စကားကို နားထောင်လာကြမယ်..."ဟု ရှင်းလင်း ဟောပြောသည်။

{ အ.လ.က [ပုန်းထွန်] }

တဆက်တည်းမှာပင် "အခုလို ကလေးများကို ရှင်းပြပေးလိုက်လို့ ကလေးငယ်များ သိရှိနားလည် သွားကြမယ် ဆိုရင် ငယ်စဉ်အခါထဲက ဗိုလ်ချုပ်စိတ်ဓာတ်ကို သိရှိနားလည်း ကျင့်သုံးသွားကြမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ မျိုးဆက်တွေ ကျွန်တော်တို့ လောက်ခက်ခဲကြမ်းတမ်းသော လမ်းတွေကို လျှောက်လှမ်းစရာမလိုတော့ပါဘူး ဆိုတာလေးကို ပြောပြလိုက်ပါရစေ"ဟု ကလေးများအား ပဲပြုတ်နှင့်နံပြားကျွေးရခြင်းအကြောင်း ရှင်းပြရင်းဖြင့် စိတ်ဓါတ်မြှင့်တင်ပေးခြင်း နှင့် ဗိုလ်ချုပ်အောင်ဆန်းအား အစဉ်အမြဲ ချစ်မြတ်နိုးစေရန်အတွက် ဗိုလ်ချုပ်ချစ်မြတ်နိုးသူများအဖွဲ့မှ ရှင်းလင်းဟောပြောခဲ့ကြသည်။

{ အ.မ.က [ ၀မ်မိုင်-၂] }

ထိုသို့ကျောင်း အသီးသီးတွင် ပဲပြုတ်နံပြား နှင့် နို့တိုက်ကျွေးပြီး တစ်ကျောင်းလျှင် ကျောင်းသား၊ ကျောင်းသူ (၅)ဦးမှ (၁၀)ဦးထိ ရွေးထုတ်ကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် မေးခွန်း(၁၀)ခုကို ရေးဖြေစေပြီး၊ မှန်ကန်စွာ ဖြေဆိုနိုင်သူများနှင့် အနီးစပ်ဆုံး ဖြေဆိုနိုင်သူများကို ဗိုလ်ချုပ်အောင်ဆန်း ပုံပါရှိသည့် အမှတ်တရလက်ဆောင်အား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

{ အ.မ.က [ ၀မ်မိုင်-၂] }

ပုန်းထွန်ကျောင်း၌ အခမ်းအနားပြုလုပ်ခြင်းနှင့် ပတ်သက်၍ "ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှာ အခုလို ပွင့်လင်းလွတ်လပ်ပြီး ကျောင်းတွေမှာ ပဲပြုတ်နံပြား လိုက်ကျွေးတာကို မြင်ရတော့ စိတ်ထဲ ဘယ်လို ဖြစ်မိမှန်းကို မပြောတတ်ဘူးဗျာ၊ ကြက်သီးမွှေးညင်းတောင် ထတယ်၊ ကျွန်တော် တစ်သက်နဲ့တစ်ကိုယ် အခုလို မြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူးဘူး"ဟု ပုန်းထွန်းရပ်ကွက်မှ ကျောင်းသား မိဘတစ်ဦးက ၀မ်းသာပီတိဖြင့် တာချီလိတ်အွန်လိုင်းသို့ ပြောကြားသည်။

{ အ.မ.က [တာလော့] }

"ကျွန်မ ဆရာမလုပ်လာတဲ့ သက်တမ်းတစ်လျှောက်လုံး ဒီလိုမျိုး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှာ ပဲပြုတ်နဲ့ပြားလာကျွေးတာ တခါမှ မမြင်ဖူးဘူး၊ ကြည့်ပြီး မျက်ရည်ကျမိတယ်၊ ပိုလို့ ၀မ်းသာပီတိဖြစ်မိတာက အခုလိုမျိုး ချီးမြှင့်ထိုက်သူ ဂုဏ်ပြုထိုက်သူကို ရည်စူးပြီး ပြုလုပ်ပေးတာ အရမ်းကောင်းတယ်၊ နှစ်တိုင်းလည်း ဒီလိုပွဲမျိုးတွေ ပြုလုပ်ပေးနိုင်ပါစေလို့လည်း ဆုတောင်းပေးပါတယ်"ဟု ရန်အောင်မြေ(မူလွန်)ကျောင်းမှ ဆရာမတစ်ဦးက ၀မ်းသာပီတိ မျက်ရည်ကျရင်း ပြောကြားလာသည်။

{ အ.လ.က [ပုန်းထွန်] }

ရန်အောင်မြေ(မူလွန်)တွင် ပြုလုပ်သော အခမ်းအနားမှာ အောင်ဆန်းဇာနည် သီချင်းအား သံပြိုင်သီဆိုတာနှင့် ပတ်သက်၍ "ကလေးတွေ သံပြိုင်ဆိုနေတဲ့ သီချင်းကို ကြားရတော့ ငိုချင်မိတယ်၊ စိတ်ခံစားမှုကြောင်းလားမသိဘူး၊ တစ်ခါမှ ဒီလိုမျိုး ဗိုလ်ချုပ်အောင်ဆန်းအတွက် လုပ်ပေးတာတွေ မမြင်ဖူးတော့ အံ့လည်းအံ့သြမိတယ်၊ ၀မ်းလည်းဝမ်းသာတယ်"ဟု လာရောက်ကြည့်ရှုသူ ကျောင်းသား မိဘများထဲမှ အမျိုးသမီးတစ်ဦးကလည်း တာချီလိတ်အွန်လိုင်းသို့ ၀မ်းသာပီတိဖြင့် ပြောပြသည်။

{ အ.မ.က [ ၀မ်မိုင်-၂] }

တာချီလိတ်မြို့တွင် ယခုလို ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အလှူအဖြစ် ကျောင်းများ၌ ပဲပြုတ်နှင့်နံပြား ကျွေးခြင်းသည် ပထမအကြိမ်ဖြစ်ပြီး ယခုလို လှူဒါန်းပြုလုပ်နိုင်ရန်အတွက် တာချီလိတ်မြို့ရှိ ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားပြည်သူများ နှင့် စီးပွားရေးလုပ်ငန်းရှင်များမှ ပူးပေါင်းပါဝင် လှူဒါန်းခြင်းကြောင့် ဖြစ်ကြောင်း နှင့် ယခုလို အခမ်းအနား မပြုလုပ်မီ ရက်ပိုင်းက ပြုလုပ်သော အစည်းအဝေး၌ တာချီလိတ်မြို့ အထင်ကရ နေရာတွင် လာမည့်နှစ်၌ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်အား သွန်းလုပ်ထားရှိနိုင်ရန် အတွက်လည်း ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း သိရှိရသည်။

{ ကချင်ရွာ [မူလွန်] }

တာချီလိတ်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်၍ ပထမအကြိမ် ပွင့်လင်းလွတ်လပ်သော အခမ်းအနားအဖြစ် ပြီးခဲ့သော ၂၀၁၃ခုနှစ်က အာဇာနည်နေ့ အခမ်းအနားကို ဥသြဆွဲကာ မြို့လုံးကျွတ် ကျင်းပနိုင်ခဲ့ပြီး ယခုပြုလုပ်သော ဗိုလ်ချုပ်အောင်ဆန်း (၉၉)နှစ်ပြည့် မွေးနေ့အခမ်းအနားသည်လည်း အားလုံး ပူးပေါင်းလက်တွဲကာ ပွင့်လင်းလွတ်လပ်စွာဖြင့် ကျင်းပနိုင်ခဲ့သည့် ဒုတိယအကြိမ် အခမ်းအနားဖြစ်ကြာင်း သိရသည်။

ပုံများကိုကြည့်ရန်
ဗိုလ်ချုပ်အောင်ဆန်းအားရည်စူး၍ မွေးနေ့အလှူ သံဃာတော်များအားဆွမ်းကပ်
23 photos
အ.လ.က(ပုန်းထွန်)မှ ကျောင်းသား/သူ ၈၅၀ ဦးအား ပဲပြုတ်နံပြားကျွေး
80 photos
အ.မ.က(တာလော့)မှ ကျောင်းသား/သူ ၄၅၃ ဦးအား ပဲပြုတ်နံပြားကျွေး
58 photos
ရန်အောင်မြေ(မူလွန်)မှ ကျောင်းသား/သူ ၁၅၅၇ဦးအား ပဲပြုတ်နံပြားကျွေး
37 photos
ဝမ်မိုင်-၂(အ.မ.က)မှ ကျောင်းသား/သူ ၂၃၉ ဦးအား ပဲပြုတ်နံပြားကျွေး
39 photos
ကချင်ရွာ(မူလွန်)မှ ကျောင်းသား/သူ ၃၄၇ ဦးအား ပဲပြုတ်နံပြားကျွေး
38 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Saturday, February 8, 2014

လာမည့် ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ နှင့် ကလေးများနေ့ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းကို ချစ်မြတ်နိုးသော တာချီလိတ်မြို့ရှိ ပြည်သူလူထုအနေဖြင့် တာချီလိတ်မြို့နယ်အတွင်းရှိ မူလတန်းကျောင်းများရှိ ကျောင်းသား/သူ ကလေးသူငယ်များကို ပဲပြုတ်နှင့် နံပြားအား ကျွေးမွေး၍ အလှူဒါနပြုလုပ်ကြမည်ဖြစ်ရာ ပူးပေါင်းပါဝင် လိုသူများအနေဖြင့် အောက်ပါ ဆက်သွယ်ရန် လိပ်စာမှ တဆင့် ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။

ဦးအောင်မျိုးဝင်း + ဒေါ်စိုးဥမ္မာ
ကွမ်းပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေး
ဝမ်ကောင်းရပ်ကွက်ရုံးရှေ့၊ တာချီလိတ်မြို့
မြန်မာဖုန်း။        ။ ၀၉ ၅၂၄၂၈၆၅
ထိုင်းဖုန်း ။         ။ ၀၈၂၇၅၈၁၃၀၀
မှတ်ချက်။    ။ ပဲနံပြားတစ်ပွဲ (၁၀)ဘတ် ရှိသည်။ 
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Thursday, February 6, 2014

ယနေ့ ဖေဖော်ဝါရီလ(၇)ရက်မှာ ကျရောက်သည့်  (၆၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို တာချီလိတ်မြို့ ဟောင်လိတ်ကျေးရွာအုပ်စုရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအပိုင်နေရာ အဆောက်အဦမှာ နံနက်(၈)နာရီက စတင်ပြီး တာချီလိတ်ခရိုင်အတွင်းရှိ တိုင်းရင်းသားပေါင်းစုံဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရာ လူဦးရေ(၂၀၀၀)၀န်းကျင်ခန့် တက်ရောက်လာခဲ့ကြသည်။


အဆိုပါ အခမ်းအနားအား တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသိန်းအောင်၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင် ဦးစိုင်းနွန်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အလံ နှင့် ရှမ်းပြည်အလံအား အခြေခံပညာ အထက်တန်း(ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း)၏ ဘင်ခရာတို့ဖြင့် သံပြိုင်သီးမှုတ်ကာ အခမ်းအနားသို့ တက်ရောက်လာကြသူများမှ အလေးပြုခဲ့ကြသည်။


ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှ ပေးပို့လာသော ရှမ်းပြည်နယ်နေ့ သ၀ဏ်လွှာအား တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက ဖတ်ကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်ထံမှ ပေးပို့သော ရှမ်းပြည်နယ်နေ့ သ၀ဏ်လွှာအား တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးက ဖတ်ကြားသည်။


ယင်းနောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသိန်းအောင်နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မတီ၊ နိုင်ငံရေးအတိုင်ပင်ခံ ဦးစိုင်ပင်ခမ်း တို့မှ ရှမ်းပြည်နယ်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းကို ဖတ်ကြားတင်ပြသွားပြီး အာခါစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူး ဦးအားလယ်က ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားများ ချစ်ခင်ရင်းနှီးစွာ နေသွားကြရန် ပြောကြားသွားပြီး ဦးစိုင်းထမ်းမ၀ုန်းမှ အခမ်းအနားဖြစ်မြောက်ရေးအတွက် ၀ိုင်းဝန်းကူညီ လုပ်ဆောင်ကြသူများကို ကျေးဇူးတင်ရှိပါကြာင်း ပြောကြား၍ အခမ်းအနားအား ပြီးမြောက်စေခဲ့ကြသည်။


"အခုအခမ်းအနားကတော့ ပါတီတစ်ခုတည်းကနေ လုပ်တာမဟုတ်ပဲ၊ တာချီလိတ်ခရိုင်ထဲမှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံနဲ့ စုပေါင်းပြီး ပြုလုပ်ထားတာပါ၊ ရှမ်းပြည်နယ်အတွင်းမှာ ရှိတဲ့ တိုင်းရင်းသားအားလုံးနဲ့ သက်ဆိုင်တာမို့ အားလုံးကို ကိုယ်စားပြုပြီး စည်ကားသိုက်မြိုက်အောင် ပြုလုပ်ကြတာပါ၊ နောက်နှစ်လည်း ဒီနေရာမှာပဲ ဆက်လုပ်ဖြစ်သွားမယ်လို့တော့ ယူဆရပါတယ်"ဟု ရှမ်းပြည်နယ်နေ့ဖြစ်မြောက်ရေး
ကော်မတီဝင်တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

အဆိုပါ ပွဲတော်သို့ လာရောက်ဆင်နွှဲကြသည့် တိုင်းရင်းသားများ၊ ဧည့်သည်တော်များ နှင့် မည်သည့် တိုင်းရင်းသားများမဆို လွယ်ကူလွတ်လပ်စွာ စားသုံးနိုင်ရန်အတွက် စားသောက်ဖွယ်ရာများကို စီစဉ်ပေးထားတာကိုလည်း တွေ့ရှိရသည်။

သုံးရက်တိုင်တိုင် ကျင်းပသည့် အဆိုပါ ပွဲတော်သို့ တာချီလိတ်မြို့နယ် အပါအ၀င် မိုင်းလား၊ မိုင်းတုံ၊ မိုင်းဖြတ် နှင့် မိုင်းပျဉ်း၊ တာလေမြို့နယ်ခွဲ စသည့် မြို့နယ်များမှ တိုင်းရင်းသားများမှ လာရောက်၍ ဆင်နွှဲကြတာဖြစ်ပြီး တာချီလိတ်မြို့တွင် ရှမ်းပြည်နယ်နေ့ကို နှစ်စဉ်ကျင်းပလေ့ရှိသော်လည်း အခမ်းအနားမျိုးဖြင့် ၂၀၁၃ခုနှစ်က စတင်၍ အောင်မြတ်ခန်းမ၌ ပထမအကြိမ်အဖြစ် ကျင်းပပြုလုပ်ခဲ့ပြီး ယခုအခါမှာ ဒုတိယအကြိမ်အဖြစ် စည်ကား သိုက်မြိုက်စွာဖြင့် ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီအပိုင် နေရာမှာ ကျင်းပပြုလုပ်သွားခဲ့ကြတာဖြစ်ပါသည်။

ပုံများကိုကြည့်ရန်
ရှမ်းပြည်နယ်နေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာ တာချီလိတ်၌ ကျင်းပ
120 photos

ရှမ်းပြည်နယ်နေ့ အခမ်းအနားအား တိုင်းရင်းသားပေါင်းစုံဖြင့် ကျင်းပ
101 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Saturday, January 4, 2014

တာချီလိတ်မြို့၌ ပထမဦးဆုံးအကြိမ် ပြုလုပ်သည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြု ညစာ စားပွဲကို ယနေ့ ဇန်န၀ါရီလ(၄)ရက် ည(၆)နာရီ အချိန်မှစ၍ ည (၁၀)နာရီ ၀န်းကျင် အချိန်ထိ တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်၊ ဂေါက်ကွင်းအနီးရှိ "ဟိုတယ်တာချီလိတ်"တွင် "ဟိုတယ်တာချီလိတ်"ပိုင်ရှင် ဦးထွန်းနေဦး+ဒေါ်ခင်ခင်ချို မိသားစုတို့မှ ဧည့်သည်တော် (၂၀၀)၀န်းကျင်တို့အား တည်ခင်းဧည့်ခံခဲ့ကြသည်။


အဆိုပါ ဂုဏ်ပြု ညစာ စားပွဲတွင် တာချီလိတ်စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်စွာလင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး ပါဝင်သည့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး ပါဝင်သည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် အခြားဧည့်သည်တော် (၂၀၀)၀န်းကျင် တက်ရောက်လာခဲ့ကြသည်။



ဂုဏ်ပြု ညစာစားပွဲတွင် တစ်ဦးနှင့်တစ်ဦး ရင်းရင်းနှီးနှီးဖြင့် ပျော်ရွှင်စွာ ညစာ စားသုံးကြပြီး "ဟိုတယ်တာချီလိတ်"ပိုင်ရှင် ဦးထွန်းနေဦး မှ ရင်းနှီးပျူငှာစွာဖြင့် လိုအပ်သည်များကို ဖြည့်ဆည်းပေးပြီး နောက်၊ ဌာဆိုင်ရာအကြီးအကဲများနှင့် အခြားဧည့်သည်များမှ (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် သီချင်းများ သီဆို၍ ပျော်ပျော်ပါးပါး ဆင်နွှဲခဲ့ကြသည်။


တာချီလိတ်မြို့တွင် ပထမဦးဆုံးပြုလုပ်သည့် (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြု ညစာ စားပွဲတွင် မီးရှုး/မီးပန်းများ ပစ်ဖောက်ခြင်း နှင့် မီးပုံးပျံအသေး အလုံး (၆၆)လုံး မှ (၁၀၀)၀န်းကျင် မီးပုံပြန်အကြီး တစ်လုံးတို့ကို အိုးစည်ဗုံမောင်းများဖြင့် တီးခတ်၍ လွှတ်တင်ကာ ပျော်ပျော်ပါးပါးဖြင့် ဂုဏ်ပြုညစာ စားပွဲအား ဆင်နွှဲခဲ့ကြပြီး ည(၁၀)နာရီ ၀န်းကျင်တွင် ယင်းအစီအစဉ်အား  ပြီးမြောက်စေခဲ့ကြသည်။

ပုံများကိုကြည့်ရန်
တာချီလိတ်မြို့နယ်၏ ပထမဦးဆုံး လွတ်လပ်ရေးနေ့ ဂုဏ်ပြု ညစာ စားပွဲ
87 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသော အထိမ်းအမှတ်အဖြစ် တာချီလိတ်မြို့နယ်ရှိ ထက်/လယ်/မှု စာသင်ကျောင်းများမှ စာစီစာကုံး၊ ကာတွန်းနှင့် ပန်းချီပြိုင်ပွဲများအား ပြုလုပ်ခဲ့ပြီးဖြစ်ရာ အဆိုပါ ပြိုင်ပွဲများ အသီးသီးတွင် ဆုများရရှိသော ကျောင်းသား၊ ကျောင်းသူများကို ဆုပေးပွဲအဖြစ် ယနေ့ ဇန်န၀ါရီလ(၄)ရက် နံနက် (၇း၃၀)နာရီအချိန်က တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။


ထိုသို့ ပြုလုပ်ရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက အဖွင့်အမှာစကားပြောကြားပြီး လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ၌ တစ်ဖက်တစ်လှမ်းမှ ပါဝင်ကူညီလှူဒါန်းကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။


ဆက်လက်၍ ကဗျာရွတ်ဆိုပြိုင်ပွဲအား ပြုလုပ်ကျင်းပရာ မြို့နယ်စာရေးဆရာအသင်းမှ ဒိုင်များအဖြစ် တာဝန်ယူဆောင်ရွက်ပြီး ဆုရှိသူ ပြိုင်ပွဲဝင်များနှင့် စာစီစာကုံး၊ ကာတွန်း၊ ပန်းချီပြိုင်ပွဲ စသည်တို့မှ ဆုများရရှိသူ ကျောင်းသား/သူများအား ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများမှ ဆုများအသီးသီး
ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ပုံများကိုကြည့်ရန်
(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများအား ဆုပေး
92 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကို ဇန်န၀ါရီ(၄)ရက် ၊ နံနက် (၄)နာရီ (၂၀)မိနစ်က မိုင်းဖြတ်မြို့၊  ပြည်သူ့ပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့၌ ကျင်းပပြုလုပ်ရာ
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော် နှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်သည်။


ရှေးဦးစွာ ဂုဏ်ပြုတပ်ဖွဲ့က နေရာယူပြီး၊ နိုင်ငံတော်အလံတင်အဖွဲ့က မင်္ဂလာအချိန်တွင် နိုင်ငံတော်အလံကိုလွှင့်တင်ပေးပြီး၊ တက်ရောက်လာသည့်  ဌာနဆိုင်ရာများက အလေးပြုခဲ့ကြသည်။ဆက်လက်၍ နံနက် (၇)နာရီတွင် အဆိုပါနေရာ၌  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ  ဦးသိန်းစိန် ထံမှ  ၂၀၁၄ခုနှစ်  (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သော သ၀ဏ်လွှာအား မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးအောင်မြင့်ကျော် က  ဖတ်ကြားသည်။


အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဝင်များ၊ နိုင်ငံရေးပါတီများ၊လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်  တိုင်းရင်းသားပြည်သူများ တက်ရောက်သည်။


မိုင်းဖြတ်မြို့တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မိုင်းဖြတ်-အထကကျောင်း၌       အပြေးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ထုပ်ဆီးထိုးပြိုင်ပွဲများကို  ကျောင်းသား/သူများ က     ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။
သတင်းပေးပို့သူ။           ။ ဝေယံလင်း(မိုင်းဖြတ်)

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~ 
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Friday, January 3, 2014

ယနေ့ ၂၀၁၄ခုနှစ် ဇန်န၀ါရီလ(၄)ရက်နေ့သည် မြန်မာနိုင်ငံ၏ အဖိုးမဖြတ်နိုင်သော နေ့ထူးနေ့မြတ်ဖြစ်သည့် လွတ်လပ်ရေးနေ့ဖြစ်ရာ အဆိုပါလွတ်လပ်ရေးနေ့သည် ယခုအခါမှာ (၆၆)နှစ်မြောက်ခဲ့ပြီဖြစ်သည့်အတွက် မြန်မာနိုင်ငံတစ်ပြည်လုံး၌ စုပေါင်းအလံတင်ခြင်း၊ စုပေါင်းအလေးပြုခြင်း စသည်တို့ကို ပြုလုပ်ကြသည်ဖြစ်ရာ ယနေ့ နံနက်(၆း၃၀)နာရီအချိန်က တာချီလိတ်မြို့တွင်လည်း အဆိုပါ အလေးပြုခြင်း အခမ်းအနားကို ဘုရင့်နောင်ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပခဲ့ကြသည်။



လွတ်လပ်ရေးနေ့မြတ်ကြီးအား ဂုဏ်ပြုသည့် အလေးပြု အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး ဦးဆောင်သည့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး ဦးဆောင်သည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် ထောက်ကူပြု အဖွဲ့အစည်းများ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ နှင့် တိုင်းရင်းသားများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူလူထုများ စသည်တို့မှ တက်ရောက် အလေးပြုခဲ့ကြသည်။




အဆိုပါ အလေးပြုခြင်း အစီအစဉ် အပြီးတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက ပြည်ထောင်စုသမ္မတမြန်မာငံတော် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ထံမှ ပေးပို့လာသော သ၀ဏ်လွှာအား ဖတ်ကြားခဲ့ပြီး အခမ်းအနားကို ပြီးမြောက်စေခဲ့ကြကြောင်း သိရှိရသည်။



(၆၆)နှစ်မြောက်အား ဂုဏ်ပြုသော အစီအစဉ်အဖြစ် ယနေ့ ဇန်န၀ါရီလ(၄)ရက်နေ့တွင် တာချီလိတ်မြို့နယ်၌ အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ညပိုင်းတွင် (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြု ညစာ စားပွဲကိုလည်း ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရသည်။

ပုံများကိုကြည့်ရန်
တာချီလိတ်မြို့မှ ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အလေးပြု အခမ်းအနား
126 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Monday, July 22, 2013

ဇူလိုင်လ(၁၉)ရက်နေ့က ကျရောက်ခဲ့သည်ဖြစ်သော (၆၆)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား၏ သတင်းမှတ်တမ်း ဗီဒီယိုများကို ရိုက်ကူးတင်ဆက်ထားရာမှ တစုတစည်းတည်း ပြန်လည်ဖော်ပြလိုက်ပါသည်။


(၆၆)ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားအတွက် ပြင်ဆင်ထားမှုများတွင် အောင်မြတ်ခန်းမရှေ့၌ အာဇာနည် ၉ဦးပါသည့် ပိုစတာ ၁၀ပေ ၁၈ပေ တစ်ခု၊ ခန်းမအတွင်း လှပစွာ ပြင်ဆင်ထားမှုများနှင့် ပညာရေးဌာနနှင့် ခရိုင်ပြန်/ဆက်မှ လာရောက် ပြသထားသည့် ပိုစတာများကို ဇူလိုင်(၁၈)ရက်နေ့ ညမှာ ပြည်သူများဟာ အံ့သြ၀မ်းသာမှုများဖြင့် လာရောက် ကြည့်ရှုနေကြသည်ကို တွေ့ရှိရသည်။ 
---------------=-------------
 
(၆၆)နှစ်မြောက် အာဇာနည်နေ့အား တာချီလိတ်မြို့ရှိ ပြည်သူလူထုမှ အထူးဂုဏ်ပြုသောအားဖြင့် တာချီလိတ်မြို့ အောင်မြတ်ခန်းမမှာ ဌာနဆိုင်ရာများနှင့် ပြည်သူလူထုတို့ ပူးပေါင်းကာ ကျင်းပသည့် အခမ်းအနားတွင် တာချီလိတ်မြို့ ပြည်သူလူထုမှ အုပ်စုအလိုက်သော်လည်းကောင်း၊ မိသားစု အလိုက်သော်လည်းကောင်း၊ ဌာနအလိုက်သော်လည်းကောင်း စသည်ဖြင့် ပန်းခွေများကို ကိုင်ဆောင်၍ စီတန်းရောက်လာကြကာ အောင်မြတ်ခန်းမရှေ့ရှိ အာဇာနည် ၉ဦးပါသော ပိုစတာရှေ့တွင် ပန်းခွေချခြင်း အလေးပြုခြင်းများ ပြုလုပ်နေကြစဉ်။ 
 ---------------=-------------
   
 နံနက် ၁၀နာရီ ၃၇မိနစ်အချိန်တွင် နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ၁မိနစ်အကြာ ဥသြဆွဲကာ ဌာနဆိုင်ရာများနှင့် ပြည်သူလူထုတို့မှ အလေးပြုခဲ့ကြသည်။ ---------------=-------------
 ---------------=-------------
 
(၆၆)နှစ်မြောက် အာဇာနည်နေ့အား တာချီလိတ်မြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် ဦးစွာ ဦးတင့်ဆွေ(မဇ္ဈိမလူမှုကူညီရေးအသင်း - ဥက္ကဌ )၊ ဦးအောင်မျိုးဝင်း + ဒေါ်စိုးဥမ္မာ၊ ဦးအောင်ဖြိုးရှိန်(သူရိယသင်္ကန်းတိုက်) တို့ တိုင်ပင်ခဲ့ကြပြီး ဌာနဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ပြုလုပ်ကျင်းပခွင့်ရခဲ့ရာမှ ဦးအောင်မျိုးဝင်း + ဒေါ်စိုးဥမ္မာ၊ ဦးအောင်ဖြိုးရှိန်(သူရိယသင်္ကန်းတိုက်) တို့က ယခုလို ကျင်းပနိုင်ခဲ့တဲ့အတွက် ရင်တွင်းပီတိစကားများကို အခုလို ပြောကြားသွားတာကို ရိုက်ကူးတင်ဆက်ထားပါသည်။
ပုံများကိုကြည့်ရန်
အာဇာနည်နေ့အခမ်းအနား၌ ခန်းမအတွင်း ဥသြဆွဲကာ ဂုဏ်ပြု
84 photos