Latest News

Dropdown Menu

Showing posts with label တွေ့ဆုံပွဲ. Show all posts
Showing posts with label တွေ့ဆုံပွဲ. Show all posts

Saturday, August 17, 2013

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ် နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် တာချီလိတ်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူလူထုများမှ တွေ့ဆုံပွဲ အခမ်းအနားတစ်ရပ်ကို တာချီလိတ်မြို့၊ အောင်မြတ်ခန်းမ၌ နံနက်ပိုင်းက ပြုလုပ်ကျင်းပခဲ့ကြသည်။


{ ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေး}


အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်မှ နိုင်ငံတော် ပြုပြင်ပြောင်းလဲရေးဆိုင်ရာများကို အဖွင့်အမှာစကားအဖြစ် ရှင်းလင်းပြောကြားရာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး နှင့် ကျန်းမာရေး အပါအ၀င် ဒေသဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို အများပြည်သူများ သိရှိစေရန်အတွက် ရှင်းလင်းပြောကြားခဲ့သည်။

{ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ် }

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဦးခွန်သိန်းမောင် က အခွန်ကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံတော်တည်ဆောက်ရာမှာ အခွန်ငွေများဖြင့် တည်ဆောက်ရတာဖြစ်ကြောင်းနှင့် ပြည်နယ်အခွန် နှင့် ပြည်ထောင်စုအခွန်ဟူ၍ နှစ်မျိုးရှိကြောင်း ရှင်းပြပြီး၊ အခွန်ဆောင်မှုများနှင့် ပတ်သက်၍လည်း ပြည်သူတွေ မသိတာကို မေးတဲ့အခါ သက်ဆိုင်ရာက စိတ်ရှည် လက်ရှည်ရှင်းပြဖို့လိုကြောင်း နှင့် နိုင်ငံတော်က အခွန်အခများကို ဖြေလျော့ပေးနေသလို ကုန်သည်များ နှင့် လုပ်ငန်းရှင်များအနေဖြင့်လည်း လမ်းမှန်ပေါ်ကနေ လုပ်ကိုင်ရန် တိုက်တွန်းလိုကြောင်း စသည်ဖြင့် အခွန်ကိစ္စရပ်များနှင့် ပတ်သက်၍ အသေးစိပ်ရှင်းလင်း ပြောကြားခဲ့သည်။

{ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဦးခွန်သိန်းမောင် }

ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူက စိုက်ပျိုးရေးနှင့် ပတ်သက်သည့် လယ်ယာမြေကိစ္စရပ်များ နှင့် လယ်သမားများ၏ အကျိုးစီးပွားရေး ကိစ္စရပ်များကို အသေးစိပ် ရှင်းလင်းပြောကြားခဲ့ပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးရဲနိုင်အောင် က အုပ်ချုပ်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ကျေးရွာ/ရပ်ကွက်၊ မြို့နယ်၊ ခရိုင် အဆင့်ဆင့် အုပ်ချုပ်မှု သဘောတရားများကို အများပြည်သူများ သိရှိစေရန်အတွက် ရှင်းလင်းပြောကြားခဲ့ပြီး၊ သက်ဆိုင်ရာ ၀န်ထမ်းများအနေဖြင့် ကြိုးနီစနစ် မကျင့်သုံးစေလိုပဲ၊ ကိစ္စရပ်တွေကို အမြန် ဆောင်ရွက်ပေးရန် လိုကြောင်းနှင့် လုပ်ငန်းများကို အချိန်ဆွဲရန်မသင့်ကြောင်းကို ဥပမာများဖြင့် အသေးစိပ် ရှင်းလင်းပြောကြားသွားသည်။

{  ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးရဲနိုင်အောင် }

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ် နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများအား တာချီလိတ်ခရိုင်အတွင်း ဆောင်ရွက်ပြီးခဲ့သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် သဘာဝဘေးကြောင့် ကျရောက်ခဲ့သည့် ရေဘေးကိစ္စရပ်များကို အခမ်းအနားသို့ တက်ရောက်လာသည့် ဒေသခံပြည်သူလူထုရှေ့မှာပင် ခရိုင်အုပ်ချုပ်ရေးမှူုး ဦးသောင်းတင်ထွေးက အသေးစိပ် ရှင်းလင်း တင်ပြခဲ့သည်။

{ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ }

၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင် က ဥပဒေပိုင်းဆိုင်ရာ ကိစ္စရပ်များကို အသေးစိပ်ရှင်းလင်းပြောကြားသွားခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ရှမ်းပြည်နယ်ဝန်ကြီးများ အပါအ၀င် ခရိုင်အုပ်ချုပ်ရေးမှူးတို့မှ အသေးစိပ် ရှင်းလင်းပြောကြားမှုများ ပြီးသည့်နောက်တွင် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားများနှင့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ဆွေးနွေးတင်ပြလိုသည်များကို ဆွေးနွေးတင်ပြနိုင်ကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ ခွင့်ပြုချက်ဖြင့် အခမ်းအနားမှူးမှ ပြောကြားရာ တက်ရောက်လာသည့် ပြည်သူလူထုမှ ဆွေးနွေးတင်ပြမှုများ ပြုလုပ်ခဲ့ကြသည်။

{  ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင် မှ ပြောကြားနေစဉ်}

ထိုသို့ ဆွေးနွေးတင်ပြရာမှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဒေါ်နန်းငွေမြက မိုင်းဖုန်း (က+ခ) မှာ ပြုလုပ်နေဆဲဖြစ်သောလမ်းမှာ အလွန်ဆိုးဝါးနေပြီး၊ မိုင်းနှစ်ဆယ်သာရှိသော လမ်းတွင် ဂိတ်ထားရှိကာ ဘတ်ငွေ ၂၀ ကောက်ခံနေကြောင်း၊ ကျိုင်းတုံမြို့ရှိ ဂိတ်တွင် အသွား/အပြန် ဂိတ်ကြေးများ ပေးဆောင်နေရကြောင်း နှင့် မိုင်းဖုန်း(က+ခ)သို့ သွားသော လမ်း၌ ဂိတ်တစ်ခုမှ ကားတစ်စီးလျှင် ဘတ် ၅၀ ကောက်ခံနေသည့် ၀ါးတားဂိတ်ကိစ္စအကြောင်း စသည်များကို ဆွေးနွေးတင်ပြလာရာ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် ကျိုင်းတုံမြို့ စည်ပင်သာယာရေးအဖွဲ့ ပြည်နယ်ရုံးခွဲ တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးလုကာ က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ဆက်လက်၍ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီမှ ဦးမောင်မောင် က မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၁) တံတားပေါ်၌ ဖြတ်သန်းသွားလာခများ ကောက်ခံနေမှုကိစ္စရပ်ကို ဆွေးနွေးတင်ပြလာရာ ခရိုင်လ၀ကမှ ဒု-ခရိုင်မှူးမှ ဖြတ်သန်းသွားလာခ ကောက်ခံမှုကို ပြန်လည်ရှင်းလင်းပြောကြားလာသည်။

{ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး}

ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်း၊ အတွင်းရေးမှူး ဦးတင်နွယ်က သတ္တုတူးဖော်ရေးလုပ်ငန်းနှင့် ပတ်သက်သည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ပြီး၊ မဇ္ဈိမလူမှုကူညီရေးအသင်းမှ ဒေါ်စောဥမ္မာက ထိုင်းနိုင်ငံဘက်သို့ ကူးသန်းသွားလာလိုသော လိုင်စင်ပါ ဆိုင်ကယ်များအတွက် ထိုင်းဘက်၌ လက်မှတ်ပြုလုပ်ခ ၃၀၀၀ ဘတ် ကောက်ခံခြင်းနှင့် ပတ်သက်၍ တင်ပြလာသည်။ ၎င်းနောက် တာချီလိတ်မြို့နယ် အာခါစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူး ဦးအားလယ်က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ သွားရောက်သည့်အခါ ကောက်ခံသည့် တံတားကူးခ နှုန်းထား ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြသည်။


ဆွေးနွေးတင်ပြမှုများကို သက်ဆိုင်ရာများမှ ပြန်လည်ဖြေကြားပေးခဲ့ကြပြီး  ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်မှ နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားအား ပြီးမြောက်စေခဲ့ကြကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
ရှမ်းပြည်နယ်ဝန်ကြီးချုပ် နှင့် ၀န်ကြီးများ တာချီလိတ်သို့ လာရောက်
75 photos

Tuesday, July 17, 2012

၂၀၁၂ခုနှစ် ဇူလိုင်(၁၇)ရက်နေ့ နေ့လည် (၁၂း၄၀)မှာ တာချီလိတ်မြို့နယ် စည်ပင်သာယာရေး ဗိုလ်မှူးကိုကို နှင့် အမှုဆောင်အရာရှိအဖွဲ့တို့သည် မြို့မအတွင်းရှိ ဆိုင်ခန်းများဖြင့် ဈေးရောင်းချသော ဈေးသူဈေးသားများနှင့်
တွေ့ဆုံဆွေးနွေးပွဲကို တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။


၎င်းတို့ တွေ့ဆုံဆွေးနွေးမှုတွင် ဈေးအတွင်း ဆိုင်ခန်းပိုင်ရှင်များအနေဖြင့် ဈေးကို ဖျက်၍
ပြန်လည်တည်ဆောက်မည်ကို သဘောတူညီမှုရှိ မရှိ အခမ်းအနားသို့ တက်ရောက်လာသူ
ဈေးသူ ဈေးသား(ဆိုင်ခန်းပိုင်ရှင်များ) အင်အား(၇၀)ကျော်ရဲ့ ဆန္ဒကို ကောက်ခံရာ အားလုံးမှ (၃)ကြိမ်တိုင်တိုင် သဘောတူညီကြောင်း တခဲနက် အတည်ပြုကြကြောင်းကို တွေ့ရှိရသည်။



စည်ပင်ဗိုလ်မှူးကိုကိုမှ ဦးဆောင်သော စည်ပင်သာယာရေးအဖွဲ့နှင့် မြို့မဈေးသူ/သား တို့ အပြန်အလှန်
ဆွေးနွေးကြရာတွင် ဈေးဆိုင်ခန်းပိုင်ရှင်တစ်ဦးဖြစ်သူမှ "ဆိုင်ခန်းကို ပြန်လည်
တည်ဆောက်မယ်ဆိုတော့ ဆိုင်ခန်းပိုင်ရှင်တွေရဲ့ အခန်းကို ဘယ်လို သတ်မှတ်ပေးနိုင်မလဲ"ဟု မေးလာသည့်အပေါ် စည်ပင်ဗိုလ်မှူးကိုကိုမှ "အဲ့ဒီအတွက် ပူပန်စရာမလိုကြောင်း အခန်းပိုင်ရှင်များကို မူလ အခန်းနံပါတ်အတိုင်း ပြန်လည် သတ်မှတ်ပေးမှာဖြစ်ပြီး အခန်းရဲ့ အလျားအနံကိုတော့ အခြားဆိုင်ခန်းများနည်းတူ သတ်မှတ်ပေးမည်ဖြစ်ကြောင်း"ပြန်လည် ဖြေကြားသည်ကို ကြားသိရသည်။


နောက်ထပ် ဈေးသား တစ်ဦးဖြစ်သူမှ ထပ်မေးလာရာတွင် ဆိုင်ခန်းများကို ဆောက်မည်ဆိုပါက
ဆောက်နေစဉ်ကာလအတွင်း ၎င်းတို့အနေဖြင့် ဈေးရောင်းရမည့်နေရာကို သိလိုကြောင်း မေးလာသောအခါ စည်ပင်ဗိုလ်မှူးကိုကိုမှ အဲ့ဒီအတွက် လတ်တလောတွင် သတ်မှတ်ထားခြင်း မရှိသေးကြောင်း
ဆောက်လုပ်ခါနီးတွင် ယခုကဲ့သို့ တွေ့ဆုံခြင်း အနေအဖြင့် ခေါ်ယူပြီး အားလုံးကို အသိပေးပြောဆိုမှာ
ဖြစ်ကြောင်း ထပ်မံဖြေကြားသည်။

၎င်းမှထပ်မံ၍ ပြောကြားရာတွင် ဈေးသူဈေးသားများအား ယခုလိုခေါ်ယူရခြင်းမှာ ဈေးတည်ဆောက်ရန်အတွက် အမှန်တကယ်လိုအပ်သလား မလိုအပ်လားဆိုတာကို ဆန္ဒကောက်ခံသည့် အနေဖြင့် ခေါ်ယူတွေ့ဆုံတာ
ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ အများက သဘောတူညီတဲ့အတွက် ၎င်းအနေဖြင့် ကျေးဇူးတင်ကြောင်း ပြောသည်။

ဈေးသူ/သားများ အနေဖြင့်လည်း မြို့မဈေးကြီးကို ပြန်လည်တည်ဆောက်ရန် အမှန်တကယ်လိုအပ်ကြောင်း တစ်ယောက်တစ်ခွန်းပြောသံကိုလည်း ကြားရသည့်အပြင် ဈေးဆောက်ပြီးပါက ၎င်းတို့အနေဖြင့် နောက်ထပ်
ငွေမည်မျှ ကုန်မည်ကိုလည်း တစ်ယောက်နဲ့တစ်ယောက် ပြောဆိုနေတာကိုလည်း ကြားခဲ့ရသည်။

ယခုအကြိမ်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးသူဈေးသားများနှင့် တွေ့ဆုံဆွေးနွေးသည်မှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်ကိုတော့ ဇူလိုင်(၁)ရက်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ပျံကျ
ဈေးသည်များနှင့် တွေ့ဆုံဆွေးနွေးတာဖြစ်ပြီး ၎င်းတို့၏ တည်နေရာအတွက်နှင့် ဈေးရောင်းရာတွင် စည်ကမ်းတကျရှိစေရန်အတွက် တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပြီး ယခုအကြိမ်မှာတော့ ဆိုင်ခန်းပိုင်ရှင်များအနေဖြင့်
ဈေးတည်ဆောက်ရန် သဘောတူညီမှု ဆန္ဒကောက်ခံသည့် သဘောဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ တွေ့ဆုံမှုမျိုးကို ဈေးကြီးတည်ဆောက်ခါနီးတွင် နောက်တစ်ကြိမ်ခေါ်ယူ တွေ့ဆုံမည်
ဖြစ်ကြောင်းလည်း သိရှိခဲ့ရသည်။


ပုံများကိုကြည့်ရန်


တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net