Latest News

Dropdown Menu

Showing posts with label စီးပွားရေး. Show all posts
Showing posts with label စီးပွားရေး. Show all posts

Monday, February 24, 2014


ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ နယ်စပ်မြို့တစ်မြို့ဖြစ်သည့် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရက်ကွက်၊ မြန်မာ့တိုးနယားအိမ်ယာမြေစီမံကိန်း မြို့ကွက်သစ် အပိုင်း(င)၌ မြေကွက်တစ်ကွက်လျှင် ပေ(၄၀x၆၀) ရှိပြီး ပုံစံ(၁၀၅)ပါရှိသည့် လေးကွက်တွဲ ( ပေ ၈၀ x ၁၂၀ ) မြေကွက်ကို ဦးစားပေး၍ ညှိနှိုင်းဈေးနှုန်းဖြင့် ရောင်းမည်ဖြစ်ကြောင်း သိရသည်။


( ပုံစံ ၁၀၅ ပါပြီး )

အဆိုပါ မြေကွက်၏ တည်နေရာသည် မေဖလားဝါးကွင်း၏ အနီးနားမှာ တည်ရှိပြီး မြို့ပတ်လမ်းနှင့်လည်း နီးစပ်လျှက်ရှိသည့်အပြင် ယခုအခါမှာ အနီးအနားတ၀ိုက်တွင် အဆောက်အဦကြီးများ တည်ဆောက်လျှက်ရှိပြီး ဆန်ဆိုင်းဈေး၊ ပြည်တော်သာဈေး နှင့်လည်း နီးသည့်အတွက် ဈေးသွားဈေးလာအတွက်လည်း အဆင်ပြေစေသည်။


( လေးကွက်တွဲ မြေကွက် )

ယခုရောင်းချမည့် မြေကွက်သည် ပေ ၄၀ ပေ ၆၀ စီရှိသည့် လေးကွက်တွဲဖြစ်သော်လည်း တစ်ကွက်စီခွဲထုတ်၍ ရောင်းချပေးမည်မဟုတ်ပဲ လေးကွက်တွဲဖြင့်သာ ရောင်းချလိုကြောင်း သိရသည်။ သတ်မှတ်ဈေးနှုန်းကိုတော့ ၀ယ်ယူလိုသူနှင့် ရောင်းချလိုသူတို့ နှစ်ဦးနှစ်ဖက် ညှိနှိုင်းဈေးဖြင့် ရောင်းပေးမှာ ဖြစ်ကြောင်း သိရသည်။

{ မြို့ပတ်လမ်း အကွေ့}


အဆိုပါ မြေကွက်နှင့်ပတ်သက်၍ ၀ယ်ယူလိုသည်ဖြစ်စေ စုံစမ်းလိုသည်ဖြစ်စေ အောက်ပါ ဆက်သွယ်ရန် ဖုန်းနံပါတ်မှ တဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ရှုမ၀စတိုး
မြန်မာဖုန်း ။       ။ 09 - 250 130 633
              ။       ။ 09 - 524 1409
ရွှေငါးအိမ်ဆောက်ပစ္စည်းဆိုင်ဘေး၊
မကာဟိုခမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းဘေး၊ တာချီလိတ်မြို့။


~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Flag Counter

Thursday, February 20, 2014


တာချီလိတ်မြို့တွင် ၀ါဆိုပွဲတော် ၊ မဟာဘုံကထိန်ပွဲတော်နှင့် ရဟန်းခံ-ရှင်ပြု အလှူတော်မင်္ဂလာများအတွက် သင်္ကန်း+ပရိက္ခရာမျိုးစုံနှင့် ရဟန်းသံဃာအသုံးအဆောင်များဖြစ်သည့်  သပိတ်မျိုးစုံ၊ ခြုံထည်မျိုးစုံ၊ ထီးမျိုးစုံ၊ ယပ်တောင်မျိုးစုံ၊ အံသကိုက်မျိုးစုံ၊ ဆွယ်တာ/ခေါင်းစွပ်မျိုးစုံ နှင့် အခြားပစ္စည်များကို "သူရိယ"သင်္ကန်းတိုက်တွင် အထူးဈေးနှုန်းသက်သာစွာဖြင့် ၀ယ်ယူရရှိနိုင်ပါသည်။


"သူရိယ"သင်္ကန်းတိုက်တွင် "အမြတ်အစွန်းသည် သာမည ၊ အရည်အသွေးကောင်းမွန်ရေးသည် အဓိက"ဟူသော ဆောင်ပုဒ်နှင့်အညီ
အလျား-အနံပြည့် အသစ်စက်စက် (အုပ်ချုပ် )သင်္ကန်းများသာ ရောင်းချပါသည်။

"သူရိယ"သင်္ကန်းတိုက်မှ ထုတ်လုပ်သော သင်္ကန်းများသည် ၀ိနည်းတော်နှင့်အညီ အလျား/အနံပြည့် ချုပ်လုပ်ထားပြီး အသစ်စက်စက်သင်္ကန်းများဖြစ်ကာ အလွယ်တကူ ဖွင့်ဖောက်စစ်ဆေးနိုင်ရန်အတွက် ကပ်ခွာအိပ်များဖြင့် ထည့်သွင်းထားပါသည်။

"သူရိယ"သင်္ကန်းတိုက်သည် လူမှုရေးအသင်းအဖွဲ့များမှ ဆောင်ရွက်နေလျှက်ရှိသည့် နာရေးကိစ္စများတွင် အမျှဝေတရားနာသည့်အခါ သံဃာတော်အတွက် သင်္ကန်းပရိက္ခရာအစုံပါသည့် တန်ဖိုးငွေ ထိုင်းဘတ်(၇၅၀)ရှိသော ခြင်းတစ်ခြင်းကိုလည်း မည့်သည်အသင်းအဖွဲ့ကိုမဆို အခမဲ့ လှူဒါန်းပေးလျှက်ရှိပါသည်။


ဝယ်ယူရရှိနိုင်သော လိပ်စာမှာ
အကောက်ခွန်ရုံးဘေး(မျက်စောင်းထိုး)၊ ဗိုလ်ချုပ်လမ်း၊ ၀မ်ကောင်းရပ်၊ တာချီလိတ်မြို့။

  • ထိုင်းဖုန်း။       ။ 089-7558729 | 
  • မြန်မာဖုန်း။      ။ 09-49032810 | 09-43136431
  • Fax။         ။ 084-52025
ရဟန်းသံဃာအသုံးအဆောင်များပစ္စည်း အမျိုးအမည်များကို အောက်ပါ ဇယားတွင် ကြည့်ရှုနိုင်ပါသည်။

သင်္ကန်းအမျိုးမျိုး
ရဟန်းသင်္ကန်း
  ကိုရင်သင်္ကန်း
 နှစ်ထပ်သင်္ကန်း (ဒုကုဋ်)
 ရွှေကြာပွင့် ပေါ်ပလ္လင် ၃တောင်  ၁၅ခန်း(စီဝိုင်စီ)
 ရွှေနေကြာ စီဝိုင်စီ ၃တောင်ထွာ  ၂၅ခန်း(စီဝိုင်စီ)
 တရုတ် စီဝိုင်စီ ၄တောင်  ၅၅ခန်း(စီဝိုင်စီ)
 ကိုရီးယား စီဝိုင်စီ ၄တောင်ထွာ  ၇၅ခန်း(စီဝိုင်စီ)
 အင်ဒိုနီးရှား စကိတ်/စီဝိုင်စီ ၄တောင်ထွာ
(စကိတ်)
  ၁၂၅ခန်း(စီဝိုင်စီ)
  ကိုရီးယား သရီးရိုက်ဖယ်
 သရီးရိုင်ဖယ် (ဂျပန်)
 ဘိုမမာတင် (ဂျပန်)
  လီလီစပန့်
  စိန်မှုံ (ချည်သား)
  စူပါကင်း အေသုံးလုံး

ရဟန်း သံဃာ အသုံးအဆောင်ပစ္စည်းအမျိုးမျိုး
သပိတ်မျိုးစုံ ထီးမျိုးစုံ ခြုံထည်  ဖိနပ်မျိုးစုံ
 မြသပိတ်ဘုံကိုးဆင့်ထီးဖြူ ကတ္တီပါခြုံထည်ငွေဆောင်
 သံသပိတ် ဖဲထီး (၂၀လက်မ) သိုးမွှေးခြုံထည်ကွန်ပေါင်း (ကိုရင်)
 သံသပိတ် (ပရိက္ခရာစုံ) ရိုးရိုးထီးဖြူ ယိုးဒယားခြုံထည် (ရှယ်) ကွန်ပေါင်း (ရဟန်း)
 ကြွေရေသုတ်သပိတ်ရွှေထီး (၁၈)လက်မ (ဂျပန်ရွှေ) ယိုးဒယားခြုံထည် ကတ္တီပါ
 ကြွေရေသုတ်သပိတ် (ပရိက္ခရာစုံ) ရွှေထီး (၁၄)လက်မ (ဂျပန်ရွှေ)
ကျွန်းသာယာ
 စတီးသပိတ် ၁၆ကိုင်းထီးရှည် (UVပါ)
 ပိုးကလစ်

 ၀ါးထီး (အထွဋ်ကြီး)


ခေါက်ထီး


ရဟန်း သံဃာ အသုံးအဆောင်ပစ္စည်းအမျိုးမျိုး
ယပ်တောင်မျိုးစုံအံသကိုက်မျိုးစုံဆွယ်တာ|ခေါင်းစွပ်   အခြားပစ္စည်းများ
 ကိုရင်ယပ်တောင်ရဟန်းအံသကိုက် (ဆိုဒ်လွန်) ဆွယ်တာ(ပါး)ကမ္မ၀ါ (ကိုးဆောင်မူ)
  စီဝိုင်စီယပ်တောင် ရဟန်းအံသကိုက် (ဆိုဒ်ကြီး) ဆွယ်တာ(ထူ)ကတ္တီပါနေကထိုင် (အထူးချုပ်)
 ထန်းရွက်ယပ်တောင် ရဟန်းအံသကိုက် (ပုံမှန်ဆိုဒ်) ဆွယ်တာ(ရှယ်) လွယ်အိတ် (ရှယ်)
 ဖဲယပ်တောင် ကိုရင် အံသကိုက် သိုးမွှေး ခေါင်းစွပ် လွယ်အိတ် (ရိုးရိုး)
 ဖဲယပ်တောင် (ကထိန်အထူး)

 ခါးပန်းကြိုး
  စိန်ကတ္တီပါယပ်တောင်


 စိန်ကတ္တီပါယပ်တောင် (ကထိန်အထူး)


ဝယ်ယူရရှိနိုင်သော လိပ်စာမှာ
အကောက်ခွန်ရုံးဘေး(မျက်စောင်းထိုး)၊ ဗိုလ်ချုပ်လမ်း၊ ၀မ်ကောင်းရပ်၊ တာချီလိတ်မြို့။
ထိုင်းဖုန်း။       ။ 089-7558729 | မြန်မာဖုန်း။      ။ 09-49032810 | 09-43136431 
Fax။         ။ 084-52025
Flag Counter
1-7-2013-1-7-2014
အွန်လိုင်းကြော်ငြာဝန်ဆောင်မှု
Thai: 084 5225713
Myanmar: 094 500 46600
tachileik@tachileik.net

Sunday, February 16, 2014

တာချီလိတ်-ကျိုင်းတုံသွား လမ်းဆုံနှင့် လေယာဉ်ကွင်းသွား လမ်းဘေးတွင် ဧက(၆.၇၈) ကျယ်ဝန်းသည့် မြေနေရာကို  လူနေအိမ်ရာများအဖြစ် ခြံ-မြေ (၉၈)ကွက်ရိုက်၍ တည်နေရာအလိုက် ဈေးနှုန်းများ သတ်မှတ်ကာ ဦးစားပေးရောင်းချနေလျှက်ရှိရာမှ ၂၀၁၃ခုနှစ် နိုဝင်ဘာလ(၂၀)ရက်နေ့က တာချီလိတ်အွန်လိုင်းတွင် ကြော်ငြာခဲ့ပြီးနောက် (၃)လကျော်အတွင်း မြေကွက် (၉၈)ကွက်အနက် (၄၉)ကွက် ရောင်းချနိုင်ခဲ့ပြီး (၄၉)ကွက်မှာ ရောင်းချရန် ကျန်ရှိသေးသည့်အတွက် ပထမနည်းတူ မြေကွက်များကို ဦးစားပေးစနစ်ဖြင့် ရောင်းချပေးနေလျှက်ရှိကြောင်း သိရသည်။

{ အကွက် (၉၈)ကွက် အနက် (၄၉)ကွက် ရောင်းချပြီး (၄၉)ကွက် ရောင်းချရန် ကျန်ရှိ }

အဆိုပါ အိမ်ရာအတွင်းရှိ လမ်းသွယ်များအားလုံးကို ကတ္တရာဖြင့် ခင်းကျင်းပေးထားမှာဖြစ်ပြီး၊ လမ်းသွယ်၏ ဘေးတစ်ဘက်တစ်ချက်တွင် ရေနှုတ်မြောင်းများ ဖောက်လုပ်ပေးထားမှာဖြစ်ကြောင်းနှင့် သတ်မှတ်နေရာများအလိုက်မှာလည်း မီးတိုင်များကို စိုက်ထူပေးထားမည့်အပြင် လျှပ်စစ်မီးနှင့် ပတ်သက်၍ ထရန်စဖော်မာတစ်လုံး သီးသန့် တပ်ဆင်ပေးထားမှာ ဖြစ်ကြောင်းသိရပါသည်။


တာချီလိတ်မြို့ပေါ်တွင် ယခင်က (၆)ရပ်ကွက်သာရှိရာမှ ယခုအခါမှာ မြို့ပေါ်(၁၁)ရပ်ကွက် ရှိလာတော့မည်ဖြစ်ပြီး ဟောင်လိတ်ကျေးရွာအုပ်စုတွင် ရပ်ကွက် (၄)ရပ်ကွက်တိုးလာရန် အတည်ပြုပြီးသွားပြီ ဖြစ်သည့်အတွက် တာချီလိတ်-ကျိုင်းတုံသွား လမ်းဆုံအနီးတစ်ဝိုက်တွင် နောင်တစ်ချိန်မှာ ပိုမို စည်းကားလာမှာဖြစ်ပြီး လက်ရှိတွင်လည်း အနီးအနားမှာ တည်းခိုခန်းများနှင့် ဆီပန့်များလည်း ရှိနေသည်ဖြစ်ရာ စည်ကားလာမည့်နေရာတစ်ခုဖြစ်ပါသည်။

ခြံ-မြေအနေအထားအား အောက်ပါ မှတ်တမ်းဗီဒီယို၌ ကြည့်ရှုနိုင်ပါသည်။
{ ခြံ-မြေ၏ တည်နေရာ မှတ်တမ်းဗီဒီယို }

မြေကွက်များကို ရောင်းချပေးရာမှာ ဦးစားပေးစနစ်ဖြင့် ရောင်းချပေးနေပြီး ဈေးနှုန်းများကိုတော့ ဆက်သွယ်မေးမြန်းနိုင်မှာဖြစ်ပါသည်။ ခြံ-မြေ၀ယ်ယူသူများအနေဖြင့် အမည်ပေါက် ပုံစံ(၁၀၅) ရရှိမှာဖြစ်ကြောင်း သိရပါသည်။

ခြံမြေကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းလိုပါက အောက်ပါ ဖုန်းနံပါတ်များမှ တဆင့် ဖုန်းဆက်မေးမြန်းနိုင်မှာဖြစ်ပါသည်။

ဆက်သွယ်ရန်
  • Myanmar Phone: 09-36122173, 09-49030543
  • Thai Phone: 0850350011, 0835720889
အွန်လိုင်းကြော်ငြာဝန်ဆောင်မှု
Thai: 084 5225713
Myanmar: 094 500 46600
tachileik@tachileik.net

Friday, February 14, 2014

ထိုင်းနိုင်ငံတွင် ကျန်းမာရေး အရသော်လည်းကောင်း၊ အာဟာရတစ်ခု အဖြစ်သော်လည်းကောင်း ရောင်းအားကောင်းနေသည့် နေကြာပင်ပေါက်များသည် ယခုအခါမှာ စိုက်ပျိုးရေးဈေးကွက်သစ် တစ်ခုအနေဖြင့် ဖြစ်ပေါ်နေကြောင်း ထိုင်းနိုင်ငံ စိုက်ပျိုးရေးဦးစီးဌာနမှူး၏ ရှင်းလင်းချက်အရ သိရသည်။

[ Photo: praneesthaikitchen၊ chiaseedme၊ theepochtimes၊ earthgivenkitchen၊  ]

အဆိုပါ နေကြာပင်ပေါက်များကို စားသုံးခြင်းသည် သာမန်ပဲပင်ပေါက်များထက်  ပရိုတင်းဓါတ်များပြည့်ဝပြီး ဗီတာမင် A,E,B1-6 ပါဝင်သည့်အတွက် ဓါတုဆေးဝါးများ သုံးစရာမလိုပဲ မျက်စိအားတိုးခြင်း၊ အသာအရေကောင်းမွန်ခြင်း၊ အသားအရေ ရင့်ရော်မှုနှောင့်နှေးခြင်း၊ ဦးနှောက်အားတိုးခြင်း၊ သံဓါတ်များခြင်း၊ အဆီဓါတ်ကျစေခြင်း နှင့် အစာကြေလွယ်ခြင်းတို့အတွက် ကောင်းမွန်စေကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၁၂)ရက်နေ့က ထိုင်းနိုင်ငံ စိုက်ပျိုးရေးဦးစီးဌာနမှူးက နေကြာပင်ပေါက်များအား စိုက်ပျိုးနည်းနှင့် ပတ်သက်၍ နေကြာစေ့များကို ရေ နှစ်ကြိမ်ဆေး၍ ၁၀နာရီခန့် ရေစိမ်ထားရမှာဖြစ်ပြီး စိုက်ပျိုးမည့် စိုက်ဘောင် သို့မဟုတ် ဇလုံအား မြေဆွေး တစ်လက်မခန့် ထည့်၍ ပျိုးထားရမှာဖြစ်ကြောင်း၊ ထိုသို့ ပျိုးထားသည့် ပျိုးပင်များကို ရေတစ်နေ့လျှင် ရေတစ်လီတာခန့် အသုံးပြု၍ နှစ်ကြိမ် လောင်းပေးရင်းဖြင့် (၄)ရက်အတွင်း အပင်ပေါက်လာမှာဖြစ်ပြီး အပင်ပေါက်လေးများကို နေ(၃)ရက်ခံပြီးနောက် (၇)ရက်ပြည့်လျှင် ရေမဆေးပဲ အမြစ်ဖြတ်၍ ကြွပ်ကြွပ်အိမ်ထဲ ထည့်ကာ အအေးခံထားလျှင် (၇)ရက်ထားနိုင်မှာ ဖြစ်ကြောင်း ရှင်းလင်းပြောကြားသွားကြောင်း သိရသည်။

နေကြာစေ့မှ အပင်ပေါက်အဖြစ် စိုက်ပျိုးခြင်း၏ အချိန်ကာလမှ (၇)ရက် ကြာမြင့်ပြီး လက်ရှိတွင် ထိုင်းနိုင်ငံ၏ ဈေးကွက်မှာ နေကြာပင်ပေါက် တစ်ကီလိုကို ထိုင်းဘတ်ငွေ (၃၀၀)ရှိရာ ထိုင်းနိုင်ငံ လူလတ်တန်းစားများ အနေဖြင့် နေကြာပင်ပေါက်များကို တစ်ကီလိုလျှင် (၃၀၀)ဘတ်ဖြင့် ပေးဝယ်ကာ သုပ်၍လည်းကောင်း၊ ဟင်းရည်ချက်၍ လည်းကောင်း၊ ကြော်စား၍ လည်းကောင်း စားသုံးနေကြကြောင်း သိရှိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Wednesday, February 12, 2014

အစိမ်းနုရောင် ၀တ်စကုတ်အင်္ကျီ၏ ကျောဖက်တွင် "ရွှေတာချီလိတ် ခရီးသွားလုပ်ငန်း"စာတန်း တံဆိပ်ရိုက်နိပ်ကာ ၀တ်ဆင်၍ ခရီးတို၊ ခရီးရှည် တို့ကို ခရီးသည်များ စိတ်တိုင်းကျ လိုက်ပါပို့ဆောင်ပေးနေသော ဆိုင်ကယ် Taxi ပြေးဆွဲသူများ၏ မိခင်အသင်းဖြစ်သည့် လူမှုကူညီရေးအသင်း(တာချီလိတ်)၊ ရွှေတာချီခရီးသွားလုပ်ငန်းသည် ယနေ့ ဖေဖော်ဝါရီလ (၁၂)ရက် ပြည်ထောင်စုနေ့မှာ ဒုတိယအကြိမ်အဖြစ် အသင်းသားစုံညီ မိတ်ဆုံစားပွဲနှင့် အသင်း၏ ရန်ပုံငွေဖြင့် ဗလာမပါ ကံစမ်းမဲ စုမဲပေါင်း (၈၉၅)ဆု ကို ဆိုင်ကယ် Taxi ပြေးဆွဲသူ အသင်းသားများအား အခမဲ့ မဲဖေါက်ပေးသည့် အခမ်းအနားအား နံနက် (၁၀)နာရီမှာ စတင်၍ ကျင်းပပြုလုပ်ခဲ့ကြသည်။


ထိုသို ကျင်းပပြုလုပ်ရာတွင် အခမ်းအနားသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာ အကြီးအကဲများထဲမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက လူမှုကူညီရေးအသင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားသွားပြီး ရွှေတာချီခရီးသွားလုပ်ငန်း ဥက္ကဌ ဦးစိုင်းကျော်ဇံက  ရွှေတာချီခရီးသွားလုပ်ငန်း၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် နှစ်ချုပ်ဘဏ္ဍာရေးစာရင်းများအား ရှင်းလင်တင်ပြ ဖတ်ကြားသွားခဲ့သည်။


ဆက်လက်၍ ရွှေတာချီခရီးသွားလုပ်ငန်းအပေါ် အသင်းသားတစ်ဦးဖြစ်သူ မိုးသောက်ကြယ်ဂိတ်မှူး ဦးမင်းသူမှ ရင်တွင်းခံစားချက်များကို ပြောကြားသွားပြီး လူမှုရေးနှင့်ကယ်ဆယ် ကူညီမှုများတွင် ပါဝင် ကူညီဆောင်ရွက်ပေးခဲ့သော အသင်းသားများ နှင့် စံပြဂိတ်မှူးအဖြစ် ရွေးချယ်ခံရသည့် စံပြဂိတ်မှူးတို့အား တက်ရောက်လာသည့် အကြီးအကဲများက ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြင့်ခဲ့ကြသည်။


ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသည့် ကော်မတီဝင်များနှင့် အသင်းသားများ အပါအ၀င် (၇၀၀)ကျော်တို့မှ မိတ်ဆုံစားပွဲပြုလုပ်ကြပြီး ဗလာမပါ ကံစမ်းမဲ အစီအစဉ်အား စတင်ခဲ့ကြသည်။

{ ရုပ်သံ တင်ဆက်မှု }

ဗလာမပါ ကံစမ်းမဲတွင် ပထမဆု အဖြစ် TV နှင့် အောက်စက် တစ်စုံ၊ ဒုတိယဆုအဖြစ် TV တစ်လုံး၊ကျန်ဆုမဲများအဖြစ် စလောင်း (၃)ခု၊ DVD စက် (၂၀)လုံး၊ ထမင်းပေါင်းအိုး (၂၀)လုံး၊ ဆိုင်ကယ်ဦးထုပ် (၆၀)လုံး၊ တာယာ (၈၀)လုံး၊ ဘရိတ်ရှုး (၉၀)ခု၊ အင်ဂျင်ဝိုင် (၂၈၈)ဗူး နှင့် ကျွတ် (၃၃၂) စုစုပေါင်း ဆုမဲပေါင်း (၈၉၅)ဆုရှိရာ အဆိုပါ ဆုမဲများ၏ တန်ဖိုးငွေမှာ ထိုင်းဘတ်ငွေ တစ်သိန်းသုံးထောင်ဘတ် ရှိကြောင်း သိရသည်။

ရွှေတာချီခရီးသွားလုပ်ငန်းသည် ဆိုင်ကယ် Taxi ပြေးဆွဲသူ အသင်းသားများ၏ ကျန်းမာရေး နှင့် နာရေးကိစ္စတို့အား ကူညီထောက်ပံ့ပေးလျှက်ရှိပြီး ဖျားနာ၍ နားနေရပါက လစာအနားပေးထားမှာဖြစ်ပြီး အသည်းအသန်ဖြစ်ပေါ်လာသူများအား ကျန်းမာရေး စောင့်ရှောက်ရန်အတွက် ထောက်ပံ့ပေးမှုများဖြင့် ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

"အသင်းသားတွေထဲမှာလည်း ကျောင်းသားတွေ ရှိတယ်၊ တစ်ချို့ကျောင်းသားတွေဆိုရင် အဝေးသင်သွားတက်ဖို့ ၃-၄လ ကြာမယ်ဆိုရင် အသင်းရုံးကို လာရောက် အကြောင်းကြားပေးရပါမယ်၊ ဒါမှလည်း ကျွန်တော်တို့က သိပြီး လစာအနားပေးထားလို့ရမှာ"ဟု ရွှေတာချီခရီးသွားလုပ်ငန်းမှ  ကော်မတီဝင်တစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

"ဒီနေ့ အသင်းရဲ့ နှစ်ပတ်လည် အစီအစဉ် နှစ်ခုလုံးကို သဘောကျတယ်၊ နေ့လည်စာစားဖို့ စီစဉ်ထားတာရယ်၊ ဗလာမပါ ကံစမ်းမဲနှိုက်ပေးတာတွေပေါ့၊ နောက်နှစ်တွေလည်း
ဒီထက်မက ဆုမဲတွေ အများကြီးနဲ့ လုပ်နိုင်ပါစေလို့ မျှော်လင့်ပါတယ်"ဟု ဆိုင်ကယ် Taxi ပြေးဆွဲသူ အသင်းသားတစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

လူမှုကူညီရေးအသင်း(တာချီလိတ်)၏ ရွှေတာချီ ခရီးသွားလုပ်ငန်းမှ ဆိုင်ကယ် Taxi အသင်းသားများ အနေဖြင့် ဆိုင်ကယ်ပြေးဆွဲခြင်း လုပ်ငန်းအား "ရွှေတာချီ ခရီးသွားလုပ်ငန်း"အမည်ဖြင့် (၁၅.၂.၂၀၁၃)မှစ၍ ပြေးဆွဲခဲ့တာဖြစ်ကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
လူမှုကူညီရေးအသင်း(တာချီလိတ်)ရွှေတာချီခရီးသွားလုပ်ငန်းအသင်းသားစုံပွဲ
80 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Wednesday, December 25, 2013

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ သတ္တုလုပ်ငန်းရှင်များအသင်းမှ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၌ မင်းဂနီးစ်ဒိုင်အောက်ဆိုဒ် သန့်စင်သည့် စက်ရုံတည်ဆောက်ရေးအတွက် အစီအစဉ်ရှိကြောင်းနှင့် ဆောက်လုပ်ဖြစ်သွားပါက ဖြစ်ပေါ်လာမည့် လုပ်ငန်းအခြေအနေများအား အများသိရှိစေရန်အတွက် သတင်းစာရှင်းလင်းပွဲအား ဒီဇင်ဘာလ(၂၄) နံနက်ပိုင်းက တာချီလိတ်မြို့ရှိ သတ္တုလုပ်ငန်းရှင်များ အသင်းရုံး၌ ပြုလုပ်သွားခဲ့ကြသည်။

အဆိုပါ ရှင်းလင်းပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ သတ္တုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်ဦး(မြင့်ဦးအောင် သတ္တုတူးဖော်ရေးကုမ္ပဏီ)၊ အတွင်းရေးမှူး ဦးတင်နွယ် (စိုင်းလောင်ဟိန်း သတ္တုတူးဖော်ရေးကုမ္ပဏီ)နှင့် သတ္တုလုပ်ငန်းရှင်များ အပါအ၀င် နိုင်ငံရေးပါတီများ၊ သတင်းမီဒီယာများ တက်ရောက်လာခဲ့ကြပြီး မွန်ဂိုလီးယားဒေသမှာ တည်ဆောက်ထားသည့် မင်းဂနီးစ်ဒိုင်အောက်ဆိုဒ် သန့်စင်သည့် စက်ရုံအား အတွင်းရေးမှူး ဦးတင်နွယ်(စိုင်းလောင်ဟိန်း သတ္တုတူးဖော်ရေးကုမ္ပဏီ)က ၎င်းကိုယ်တိုင် သွားရောက်လေ့လာခဲ့ပြီး သက်ဆိုင်ရာတို့ဖြင့် MOU လက်မှတ်ရေးထိုးခဲ့ကြောင်းနှင့် စက်ရုံအတွင်း စက်ယန္တရားများဖြင့် အလုပ်လုပ်ပုံ၊ သတ္တုများအား ရောစပ်ပုံ၊ အဆင့်ဆင့် စမ်းသပ်ဓါတ်ခွဲ သန့်စင်ပုံ စသည်တို့ကို ၎င်းကိုယ်တိုင် ဗီဒီယိုရိုက်ကူးလာခဲ့သည့် ဗီဒီယိုမှတ်တမ်းအား အဆိုပါ ရှင်းလင်းပွဲတွင် ပြသ၍ ရှင်းလင်းသွားခဲ့သည်။


ထိုသို့ ရှင်းလင်းပြောကြားမှုတွင် တက်ရောက်လာသည့် နိုင်ငံရေးပါတီများနှင့် ဧည့်သည်တော်များက အဆိုပါ စက်ရုံအား တည်ဆောက်လိုက်ပါက ကောင်းကျိုး၊ ဆိုးကျိုး မည်သို့ သက်ရောက်မှု ရှိလာနိုင်ကြောင်း၊ လယ်ယာများနှင့် နီးစပ်ပါက ဆိုးကျိုးမည်မျှ ရှိနိုင်ကြောင်းအပြင် ရွာနှင့် နီးပါက မည်သို့ ဆောင်ရွက်ပေးနိုင်ကြောင်း စသည်ဖြင့် စိတ်ပါဝင်စားစွာ အပြန်အလှန် ဆွေးနွေးသွားခဲ့ကြသည်။

၎င်းတို့၏ ဆွေးနွေးမှုကို ဦးတင်နွယ်မှ ဖြေကြားရာမှာ အဆိုပါ စက်ရုံအား တည်ဆောက်ဖြစ်သွားပါက ယခုလက်ရှိ မွန်ဂိုလီးယား ဒေသတွင်ရှိသော စက်ရုံထက် ၂ ဆ ကောင်းမွန်မှာဖြစ်ပြီး နိုင်ငံတော် နှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အပြည့်အ၀ အထောက်အပံ့ဖြစ်စေမှာဖြစ်သလို၊ စက်ရုံတည်ဆောက်သည့် အနီးအနားတ၀ိုက်ရှိ ရွာများတွင် လမ်းများကို အကောင်းဆုံး
ဖောက်လုပ်ပေးနိုင်မည်ဖြစ်သလို အနီးအနား ကျေးရွာသို့လည်း လျှပ်စစ်မီးအခမဲ့ ပေးနိုင်မှာဖြစ်ကြောင်း နှင့် အဆိုပါ စက်ရုံသည် အနီးအနား ပတ်ဝန်းကျင်အတွက် ဘေးထွက် ဆိုးကျိုးအနေဖြင့် မရှိကြောင်း၊ စသည်ဖြင့် အကျယ်တ၀ံ့ ရှင်းလင်းပြောကြားသွားပြီး အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အသေးစိပ် သိရှိလိုပါက ၎င်းတို့ ရုံးတွင် လာရောက် စုံစမ်းမေးမြန်း ဆွေးနွေးနိုင်ပါကြောင်း ရှင်းလင်းပြောကြားသွားသည်။


{စက်ရုံအတွင်း မှတ်တမ်းရုပ်သံ}

တဆက်တည်းမှာပင် "တာချီလိတ်မြို့နယ်အတွင်း ဆောင်ရွက်နေသော သတ္တုတူးဖော်ရေး လုပ်ငန်းများသည် ကုန်ချောစက်ရုံ မတည်ဆောက်နိုင်ပါက ရှေ့လာမည့်(၅)နှစ်အတွင်း လုပ်ငန်းများ တဖြေးဖြေး ရပ်ဆိုင်းသွားနိုင်ကြောင်း၊ ယခု တစ်ချို့ ကုမ္ပဏီများမှာ လုပ်ငန်း ရပ်ဆိုင်းထားရတာကို တွေ့ရှိရပြီး ရောင်းချရန် ကျန် မင်းဂနီးစ်ဒိုင်အောက်ဆိုဒ်များမှာလည်း (၁၆၇,၃၁၆)တန်ခန့် ကျန်ရှိနေသည့် အတွက် အဆိုပါ ပစ္စည်းများ ရောင်းမထွက်ပါက ထပ်မံရင်းနှီးရန် ခက်ခဲနိုင်ကြောင်း၊ အနိမ့်ဆုံးဈေးနှုန်း တစ်တန်ကို ၇၅ဒေါ်လာဖြင့် တွက်ချက်ပါက အမေရိကန်ဒေါ်လာ (၁၂,၅၄၈,၇၀၀)ခန့် ၀င်ငွေများ နစ်နာဆုံးရှုံးလျက်ရှိကြောင်း တွေ့ရှိရပြီး အဆိုပါ ၀င်ငွေများ ရရှိပါမှ ထပ်မံထုတ်လုပ်ခြင်း တင်ပို့ ရောင်းချခြင်းများကို ဆက်လက်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း" ဦးတင်နွယ်မှ ရှင်းလင်းပြောကြားသွားခဲ့သည်။

ရှမ်းပြည်နယ်တစ်ခုလုံးအတွင်း ထွက်ရှိသော သတ္တုများမှာ ရွှေ၊ ခနောက်စိမ်း၊ မင်းဂနီးစ်၊ ခဲ၊ သွပ်၊ ခဲမဖြူ၊ကျောက်မီးသွေး၊ သံသတ္တု၊ ကြေးနီ၊ ထုံးကျောက် နှင့် လမ်းခင်းကျောက်များ ထွက်ရှိပြီး သတ္တုတူးဖော်ရေး ကုမ္ပဏီပေါင်း (၁၅၀)ခန့်တို့မှာ စမ်းသပ်တိုင်းတာခြင်း၊ အသေးစားထုတ်လုပ်ခြင်းနှင့် အကြီးစား ထုတ်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်း၌ သတ္တူတူးဖော်ရေးကုမ္ပဏီ စုစုပေါင်း(၅၀)ခန့်သည် စမ်းသပ်တိုင်းတာခြင်း၊ အသေးစား/အကြီးစား ထုတ်လုပ်ခြင်းလုပ်ငန်းများကို ပြင်ဆင်ဆောင်ရွက်လျှက်ရှိပြီး အသေးစားထုတ်လုပ်သော သတ္တုမှာ မင်းဂနီးစ်ဒိုင်အောက်ဆိုဒ်ဖြစ်ပြီး ရွှေထုတ်လုပ်မှုမှာ ဒုတိယ အများဆုံးဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်း၌ မင်းဂနီးစ်ဒိုင်အောက်ဆိုဒ် တူးဖော်ထုတ်လုပ်သည့် ကုမ္ပဏီ (၁၁)ခုရှိပြီး အဆိုပါ ကုမ္ပဏီ (၁၁)ခုမှ လုပ်ကွက်ပေါင်း (၁၇)ကွက် အသေးစား ထုတ်လုပ်မှု လုပ်ငန်းများအဖြစ်ဆောင်ရွက်
လုပ်ကိုင်နေသည်ဖြစ်ရာ ၂၀၁၃ခုနှစ် နိုဝင်ဘာလအထိ မင်းဂနီးစ်ဒိုင်အောက်ဆိုဒ် တန်ချိန်ပေါင်း (၂၄၅,၃၁၆)တန် ထုတ်လုပ်ထားကြပြီး (၇၈,၀၀၀)တန်ကို ပြည်ပသို့ တင်ပို့ရောင်းချပြီး (၃၆,၀၀၀)တန်အား ပြည်ပသို့ တင်ပို့ရောင်းချရန် စီစဉ်နေဆဲဖြစ်ကြောင်းလည်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ သတ္တုလုပ်ငန်းရှင်များအသင်း မှ သိရှိရသည်။

ပုံများကိုကြည့်ရန်
မင်းဂနီးစ်ဒိုင်အောက်ဆိုဒ်သန့်စင်စက်ရုံတည်ဆောက်ရေးသတင်းစာရှင်းလင်း
14 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Thursday, December 19, 2013

တာချီလိတ်မြို့တွင် ညနေပိုင်း အစားအစာအဖြစ် တဖြေးဖြေး တွင်ကျယ်လာသည်ဖြစ်သော "မာလာအသားကင်"ဆိုင်များသည် ယခုအခါမှာ များပြားလာပြီဖြစ်သည့်အတွက် မိသားစုများ၊ မိတ်ဆွေ အပေါင်းအသင်း၊ ရောင်းရင်းများ အနေဖြင့် ဆိုင်များကို ရွေးချယ်ဖို့ ခက်နေမယ်ဆိုရင် တာချီလိတ်အွန်လိုင်းမှ အရသာရှိပြီး သန့်ရှင်းလတ်ဆတ်သလို စားသောက်ရန် နေရာမှာလည်း အပေါ်ထပ်အောက်ထပ် ရှိသည့် ဆိုင်တစ်ဆိုင်ကို ညွှန်းလိုက်ပါရစေ...။



အဆိုပါ ဆိုင်မှာ အသားကင်၊ ငါးကင် မျိုးစုံအပြင် အထုအထောင်း နှင့် အဖျော်ယမကာမျိုးတို့ကို ရရှိနိုင်ပြီး ဆိုင်၏ အပေါ်ထပ်မှာလည်း ထိုင်ချင်စဖွယ်ရှိလှသလို အောက်ထပ်အပြင် ဆိုင်မျက်နှာစာရှေ့တွင်လည်း ထိုင်နိုင်အောင် စီစဉ်ပေးထားတာကိုလည်း တွေ့ရှိရပါသည်။


 { ဆိုင်တည်နေရာ}

"အရင်တုန်းက ရောင်နီဦးဘေးမှာ အခု ဆိုင်နာမည် Love Sweety အမည်နဲ့ပဲ မာလာအသားကင်ရောင်းခဲ့ပါတယ်။ အခုတော့ အဲ့ဒီကနေ ပြောင်းလာပြီး ပြည်တော်သာဈေး ဘေးမှာ လာဖွင့်ထားတာဖြစ်ပါတယ်၊ လာရောက်အားပေးဖို့လည်း ဖိတ်ခေါ်ပါတယ်ရှင်"ဟု Love Sweety အသားကင်ဆိုင်ပိုင်ရှင်ဖြစ်သူ ဒေါ်စိမ်းနု မှ တာချီလိတ်အွန်လိုင်းသို့ ပြောလာသည်။



ဟုတ်ပါသည်။ အဆိုပါဆိုင်သည် ယခင်က ဆန်ဆိုင်းရပ်ကွက်အတွင်းရှိ ရောင်နီဦးဘေးတွင် ဖွင့်လှစ်ရောင်းချခဲ့သည်မှာ စားသုံးသူများ တော်တော်များများ အသိဖြစ်သော်လည်း ယခုလက်ရှိ ဆိုင်နေရာသစ်အား မသိရှိသေးသူများအတွက် ထပ်မံ၍ ညွှန်းလိုက်ရပါသည်။


Love Sweety အသားကင်ဆိုင် ကို ဆန်ဆိုင်းဈေးမှ တဆင့် ဖြတ်သန်းသွားပြီး ပြည်တော်သာ ဈေး၏ အနောက်ဘက် လမ်းကြားတွင် ဖွင့်လှစ်ထားသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။

တာချီလိတ်မြို့နယ်အတွင်းရှိ မိတ်ဆွေများ နှင့် ရပ်ဝေးမြေမှ မိတ်ဆွေများလည်း မာလာအသားကင် သုံးဆောင်မည်ဆိုပါ Love Sweety အသားကင်ဆိုင်ကို သွားရောက်ပြီး အားပေးပါလို့ တာချီလိတ်အွန်လိုင်းမှ ညွှန်းလိုက်ပါရစေ....

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
1-1-2014 - 1-6-2014

Friday, November 22, 2013

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မြောက်ပိုင်း နှင့် တောင်ပိုင်းစသည့် ဒေသများရှိ တာချီလိတ် - ကျိုင်းတုံ - ကွန်ဟိန်း - ခိုလမ် - နမ့်စန် - လွယ်လင် - ပင်လုံ - လဲချား - မိုင်းကိုင် - မိုင်းရှုး - ကျေးသီး - လားရှိုး - တောင်ကြီးစသည့် မြို့များသို့  "လွိုင်နမ့်ခုံး" ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေး အဆင့်မြင့်ယာဉ်အသင်းမှ ခရီးသည်များ စိတ်တိုင်းကျ ပို့ဆောင်ပေးနေလျှက်ရှိကြောင်း သိရပါသည်။


"လွိုင်နမ့်ခုံး" ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေး အဆင့်မြင့်ယာဉ်အသင်းသည် တာချီလိတ် - ကျိုင်းတုံ - ကွန်ဟိန်း - ခိုလမ် - နမ့်စန် - လွယ်လင် - ပင်လုံ - လဲချား - မိုင်းကိုင် - မိုင်းရှုး - ကျေးသီး - လားရှိုး - တောင်ကြီး စသည့် မြို့များကို ယာဉ်လိုင်းတစ်ခုတည်းဖြစ် ပြေးဆွဲနေတာမဟုတ်ပဲ လွိုင်နမ့်ခုံမှ သတ်မှတ်ထားသော လိုင်းခွဲများအလိုက် ပြေးဆွဲနေတာဖြစ်ကြောင်း သိရသည်။


ထို့အပြင် နိုင်ငံခြားသား ဧည့်သည်များအတွက်သော် လည်းကောင်း၊ ပြည်တွင်းဧည့်သည်များ အတွက်သော် လည်းကောင်း တာချီလိတ် - ကျိုင်းတုံ - မိုင်းလား ခရီးစဉ်ကိုလည်း စီးလုံးငှားလိုပါက လက်ခံပို့ ဆောင်ပေးပြီး ခရီးသည်များ အဆင်ပြေချောမွေ့စေရန်အတွက် ဆောင်ရွက်ပေးလျှက်ရှိသည်။

"ကျွန်မတို့ "လွိုင်နမ့်ခုံး"ယာဉ်လိုင်းအနေနဲ့ ခရီးသည်ဘက်က ဖုန်းတစ်ချက် ဆက်လိုက်တာနဲ့ အိမ်တိုင်ရာရောက် လက်မှတ်လာဖြတ်ပေးပြီး ကြို/ပို့ စနစ်လည်း လုပ်ပေးပါတယ်၊ ရောက်တဲ့မြို့မှာလည်း ခရီးသည်ရဲ့ အိမ်ကို အရောက်ပို့ဆောင်ပေးပါတယ်၊ ခရီးသည် စိတ်တိုင်းကျ ခရီးစဉ်တစ်လျှောက် ၀န်ဆောင်မှုပေးပါတယ်"ဟု  "လွိုင်နမ့်ခုံး"ယာဉ်လိုင်းမှ ဒေါ်နန်းထွေးက တာချီလိတ်အွန်လိုင်းသို့ ရှင်းပြသည်။

"လွိုင်နမ့်ခုံး" ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေး အဆင့်မြင့်ယာဉ်အသင်း ယာဉ်လိုင်းသို့ ခရီးစဉ်အတွက် စုံစမ်းလိုသည်ဖြစ်စေ၊ ခရီးစဉ်လက်မှတ် ကိစ္စအတွက် စုံစမ်းလိုသည်ဖြစ်စေ အောက်ပါ သက်ဆိုင်ရာ မြို့များ၏ ဖုန်းနံပါတ်များသို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်မှာ ဖြစ်ပါသည်။

တာချီလိတ်
မြန်မာဖုန်း။     ။ 084-52141, 09-36042482, 09-49032952
ထိုင်းဖုန်း။       ။ 081-5301672, 081-5946209, 086-9234032

ကျိုင်းတုံ
084-21107, 09-428213318, 09-422507607

တောင်ကြီး
081-2125498, 09-428320474, 09-428364879

ကွန်ဟိန်း
09-250486536, 09-250252441

မိုင်းကိုင်
09-49360061

ကျေးသီး
09-33430745, 0949234718

မိုင်းရှူး
09-36042482

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
1-12-2013 --> 1.5.2014

Tuesday, November 19, 2013

တာချီလိတ်-ကျိုင်းတုံသွား လမ်းဆုံနှင့် လေယာဉ်ကွင်းသွားလမ်းဘေးတွင် ဧက(၆.၇၈) ကျယ်ဝန်းသည့် မြေနေရာ၌  လူနေအိမ်ရာများအဖြစ် ခြံ-မြေ (၉၈)ကွက်အား တည်နေရာအလိုက် ဈေးနှုန်းများသတ်မှတ်ကာ ဦးစားပေးရောင်းချနေပြီဖြစ်ကြောင်း သိရသည်။

{ ရောင်းချပေးမည့် ခြံ-မြေ (၉၈)ကွက်ပုံစံ }

အဆိုပါမြေကွက်များ၏ တည်နေရာမှာ လမ်းဆုံထောင့်တွင် တည်ရှိနေတာဖြစ်ပြီး ဘယ်ဘက်တွင် လေယာဉ်ကွင်းသို့ သွားသောလမ်းရှိပြီး၊ ညာဖက်တွင် ကျိုင်းတုံသွားလမ်းတည်ရှိပါသည်။

အိမ်ရာအတွင်းရှိ လမ်းသွယ်များအားလုံးကို ကတ္တရာဖြင့် ခင်းကျင်းပေးထားမှာဖြစ်ပြီး၊ လမ်းသွယ်၏ ဘေးတစ်ဘက်တစ်ချက်တွင် ရေနှုတ်မြောင်းများဖောက်လုပ်ပေးထားမှာဖြစ်ကြောင်းနှင့် သတ်မှတ်နေရာများအလိုက်မှာလည်း မီးတိုင်များကို စိုက်ထူပေးထားမည့်အပြင် လျှပ်စစ်မီးနှင့် ပတ်သက်၍လည်း ထရန်စဖော်မာတစ်လုံး သီးသန့် တပ်ဆင်ပေးထားမှာဖြစ်ကြောင်းသိရပါသည်။

အဆိုပါတည်နေရာသည် နောက်တစ်ချိန်မှာ အချက်အချာကျမည်ဟုယူဆရသော နေရာဖြစ်ပြီး အနီးအနားတွင် တည်းခိုခန်းများနှင့် ဆီပန့်များလည်း ရှိနေသည်ဖြစ်ရာ စည်ကားလာမည့်နေရာတစ်ခုဖြစ်ပါသည်။


မြေကွက်များကို ရောင်းချပေးရာမှာ ဦးစားပေးစနစ်ဖြင့် ရောင်းချပေးနေပြီး ဈေးနှုန်းများကိုတော့ ဆက်သွယ်မေးမြန်းနိုင်မှာဖြစ်ပါသည်။ ခြံ-မြေ၀ယ်ယူသူများအနေဖြင့် အမည်ပေါက် ပုံစံ(၁၀၅) ရရှိမှာဖြစ်ကြောင်း သိရပါသည်။

ခြံ-မြေအနေအထားအား အောက်ပါ မှတ်တမ်းဗီဒီယို၌ ကြည့်ရှုနိုင်ပါသည်။

{ ခြံ-မြေ၏ တည်နေရာ မှတ်တမ်းဗီဒီယို }

ခြံမြေကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းလိုပါက အောက်ပါ ဖုန်းနံပါတ်များမှ တဆင့် ဖုန်းဆက်မေးမြန်းနိုင်မှာဖြစ်ပါသည်။

ဆက်သွယ်ရန်
  • Myanmar Phone: 09-36122173, 09-49030543
  • Thai Phone: 0850350011, 0835720889

အွန်လိုင်းကြော်ငြာဝန်ဆောင်မှု
Thai: 084 5225713
Myanmar: 094 500 46600
tachileik@tachileik.net

Tuesday, October 29, 2013

တာချီလိတ်မြို့တွင် ပထမဦးဆုံးဖွင့်လှစ်လိုက်သည့် အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်းသည် ယခုအခါမှာ တစ်နှစ်ပြည့်သွားပြီဖြစ်သည့်အတွက် တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားအား အောက်တိုဘာလ ၂၈ရက် ည ၇နာရီအချိန်က တာချီလိတ်မြို့ရှိ ဆုံဆည်းရာ စားသောက်ဆိုင်မှာ ကျင်းပပြုလုပ်ခဲ့ကြသည်။


နှစ်ပတ်လည်အခမ်းအနားတွင် တာချီလိတ်စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်စွာလင်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး အပါအ၀င် ဖိတ်ကြားထားသည့် အထူးဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားအား စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်စွာလင်း နှင့် အဆွေတော်မိသားစုမှ ဦးမောင်လေး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။


ဆက်လက်၍ အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် ခရိုင်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းတို့က အဆွေတော်မိသားစု (၂၄)နာရီအထူးကုဆေးခန်း ဖွင့်လှစ်ထားခြင်းနှင့် ပတ်သက်၍ ၀မ်းမြောက်ဂုဏ်ယူကြောင်း နှင့် (၂၄)နာရီ ဖွင့်လှစ်ထားခြင်းကြောင့် ညရေးညတာ အရေးပေါ် ကျန်းမာရေးအခြေအနေများ ဖြစ်ပွားလာပါက ပြည်သူများအတွက် အဆင်ပြေစေကြောင်း စသည့်ဖြစ် ဂုဏ်ပြုအမှာစကားပြောကြားသွားခဲ့သည်။

{  အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်း ပိုင်ရှင် ဦးတင်လှိုင် }

ယင်းနောက် အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်း ပိုင်ရှင် ဦးတင်လှိုင်မှ အခမ်းအနားတွင် "ကျွန်တော်တို့ (၂၄)နာရီ အထူးကုဆေးခန်း ဖွင့်လှစ်ခဲ့သည့် ကာလအတွင်း လုပ်ငန်း အရှုံး/အမြတ်ကို ပဓာနမထားဘဲ တစ်လလျှင် ပြင်ပလူနာနှင့် အတွင်းလူနာ (၂၀၀၀)ကျော်ခန့်ကို ကုသဆောင်ရွက် ပေးနိုင်ခဲ့သည့် အနက်မှ တစ်နှစ်အတွင်း လူနာပေါင်း (၁၀၁၈)ဦးတို့ကို အခမဲ့ ကုသပေးနိုင်ခဲ့ပြီး ကုန်ကျစရိတ် စုစုပေါင်း ထိုင်းဘတ်ငွေ ၁၃သိန်း နီးပါးခန့် ဒါနပြု ကုသဆောင်ရွက်ပေးနိုင်ခဲ့သည့် အတွက် ကျွန်တော်တို့ အဆွေတော်မိသားစုမှ ၀မ်းမြောက်စွာ ဂုဏ်ယူမိပါတယ်ခင်ဗျာ၊ ဒါ့အပြင် သာသနာ့ဝန်ထမ်း ရဟန်းတော်များနှင့် သီလရှင် ဆရာလေးများကိုလည်း အခမဲ့ ကုသဆောင်ရွက်ပေးနိုင်ခဲ့ပြီး လိုအပ်ပါက အာရုဏ်ဆွမ်း၊ နေ့ဆွမ်းများပါမကျန် ဆပ်ကပ်လှူဒါန်းနိုင်သည့်အပြင် တာချီလိတ်မြို့ပေါ်ရှိ ပရဟိတအသင်းအဖွဲ့ များအားလုံးကိုလည်း ယခင်က ၃၀ ရာခိုင်နှုန်းသာ လျော့ပေါ့ပေးနိုင်ခဲ့ပြီး ယခုအခါမှာ ၄၀ ရာခိုင်နှုန်းအထိ ထပ်မံတိုးမြှင့် လျော့ပေါ့ပေးသွားမည်ဖြစ်ပါကြောင်း" ပြောကြားသွားခဲ့သည်။

ဆက်လက်၍ အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်း တစ်နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် တာချီလိတ်မြို့ရှိ လူမှုရေးအသင်းအဖွဲ့များဖြစ်သည့် တာချီလိတ်ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မေတ္တာရှင်နာရေးကူညီမှုအသင်း၊ တာချီလိတ်နာရေးကူညီမှုအသင်း၊ အလင်းရောင်ပရဟိတအသင်း၊ မဇ္ဈိမလူမှုကူညီရေးအသင်း၊ ဓမ္မစကူးလ်ကျောင်းတော်(တာချီလိတ်)၊ မဟာမြတ်မုနိဘုရား ဆွမ်း၊ကွမ်း၊ ဝေယျာဝစ္စအဖွဲ့ နှင့် မကာဟိုခမ်း ဆွမ်း၊ကွမ်း၊ဝေယျာဝစ္စအဖွဲ့(၁+၂)တို့အား အလှူငွေ များအသီးသီး ပေးအပ်လှူဒါန်းရာ စုစုပေါင်း အလှူငွေမှာ ဘတ် ၉၅၀၀၀ ရှိကြောင်း သိရသည်။


၂၀၁၃ ဆီးဂိမ်းသို့ တာချီလိတ် မှ နေပြည်တော်သို့ စက်ဘီးစီးနင်း၍ သွားရောက်မည့် "တာချီလိတ် ရှမ်းအရှေ့ စက်ဘီးအသင်း"အား အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်း မှ  main sponsor အဖြစ် ထိုင်းဘတ်ငွေ ၄၆၀၀၀ တန်ဖိုးရှိသည့်  ၀တ်စုံ အစုံ ၄၀ နှင့် ရန်ပုံငွေ ကျပ် ၅ သိန်းတို့အား စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်စွာလင်းမှ ပေးအပ်လှူဒါန်းပေးခဲ့သည်။



{ အခမ်းအနား ရုပ်သံ}

အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်း၏ တစ်နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် လူမှုရေးအသင်းအဖွဲ့များနှင့် စက်ဘီးအဖွဲ့အား လှူဒါန်းရာ စုစုပေါင်း တန်ဖိုးငွေမှာ ထိုင်းဘတ် ၁၅၀၀၀၀ ကျော်ရှိပြီး ဓမ္မစကူးကျောင်းတော်(တာချီလိတ်)သို့လည်း လစဉ် ထိုင်းဘတ်ငွေ ၅၀၀၀ လှူဒါန်းလေ့ရှိကြောင်း သိရသည်။

{ အဆွေတော်မိသားစု (၂၄)နာရီ အထူးကု ဆေးခန်း }

အဆွေတော်မိသားစု (၂၄)နာရီ အထူးကု ဆေးခန်းတွင် နား၊ နှာခေါင်း၊ လည်ချောင်း၊ နှလုံး၊ အရိုးအကြော၊ သားဖွား နှင့် အထွေထွေရောဂါများအား အထူးကု ဆရာဝန်ကြီးများဖြင့် ကုသပေးလျှက်ရှိရာ လူနာများအတွက် အဆင်ပြေချောမွေ့စေရန် နှင့် စိတ်ကျေနပ်မှု ရှိစေရန်အတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးနေသော  တာချီလိတ်မြို့၏ ပထမဆုံး (၂၄)နာရီ အဆင့်မြင့် အထူးကုဆေးခန်း ဖြစ်သည်။

ပုံများကိုကြည့်ရန်
အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်း တစ်နှစ်ပြည့် နှစ်ပတ်လည်
28 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~