Latest News

Dropdown Menu

Showing posts with label နယ်စပ်ကုန်သည်များ. Show all posts
Showing posts with label နယ်စပ်ကုန်သည်များ. Show all posts

Sunday, March 17, 2013

မတ်လ(၁၇)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းထဲရှိ တာချီလိတ်နယ်စပ်ကုန်သည်များအသင်းရုံးဖွင့်ပွဲ ကို ပြုလုပ်ကျင်းပခဲ့ကြတာဖြစ်ပါတယ်။


အဆိုပါဖွင့်ပွဲအခမ်းအနားမှာ တာချီလိတ်ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်များအပြင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ မယ်ဆိုင်မြို့ပိုင် နဲ့အဖွဲ့ဝင်များ၊ ထိုင်း-မြန်မာ နယ်ခြားကော်မတီအဖွဲ့ဝင်များ၊ မယ်ဆိုင်မြို့မှ နယ်စပ်ကုန်သွယ်ရေးအသင်းမှ အဖွဲ့ဝင်များ တက်ရောက်လာခဲ့ကြတာကို တွေ့ရပါတယ်။

{ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ပိုင် နှင့် ဥက္ကဌ ဦးမြင့်ဦး }

ဖွင့်ပွဲအနေဖြင့် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်ထွန်း နဲ့ တာချီလိတ်နယ်စပ်ကုန်သည်များအသင်း ဥက္ကဌ ဦးမြင့်ဦး တို့က  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြတာဖြစ်ပါတယ်။  အခမ်းအနားမှာ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်ထွန်း နဲ့  တာချီလိတ်နယ်စပ်ကုန်သည်များအသင်း ဥက္ကဌ ဦးမြင့်ဦး တို့က အဖွင့်အမှာစကားပြောကြားကြပြီး  တာချီလိတ်နယ်စပ်ကုန်သည်များအသင်း ဒု-ဥက္ကဌ(၁)ဖြစ်သူ ဦးဌေးအောင်က ဖွင့်ပွဲနဲ့ပတ်သက်တဲ့ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသွားခဲ့ကြပါတယ်။


တာချီလိတ်နယ်စပ်ကုန်သည်များအသင်းရုံးမဖွင့်လှစ်မီ ဇန်န၀ါရီလ(၂၀)ရက်နေ့က အောင်မြတ်ခန်းမမှာ အလုပ်အမှုဆောင်သစ်ရွေးချယ်ပွဲကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ ထို့အတူပင် ယခုလ (၄)ရက်နေ့ကနေ (၁၁)ရက်နေ့ထိ ပို့ကုန်/သွင်းကုန် လုပ်ထုံးလုပ်နည်း ရက်တိုသင်တန်းကိုလည်း ပို့ချခဲ့ကြပါတယ်။

တာချီလိတ်နယ်စပ်ကုန်သည်များအသင်းကို  အလုပ်အမှုဆောင်(၁၅)ဦး၊ အသင်းသားဦးရေ(၁၀၇)ဦး နှင့် ကုမ္ပဏီစုစုပေါင်း(၉၀)ဖြင့် ဖွဲ့စည်းထားကြောင်း သိရပါတယ်။

ပုံများကိုကြည့်ရန်

Monday, March 11, 2013

တာချီလိတ်နယ်စပ်ကုန်သည်များအသင်းရုံးမှာ ခန့်အပ်မည့် ကျား/မ မရွေး ရုံးဝန်ထမ်း အမြန်ဆုံး အလိုရှိနေကြောင်း သိရပါတယ်။

မည်သူမဆို တာချီလိတ်မြို့၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအတွင်းထဲရှိ တာချီလိတ်နယ်စပ်ကုန်သည်များ အသင်းရုံးမှာ လျှောက်လွှာများကို ယူပြီး လာရောက်လျှောက်ထားနိုင်ကြောင်း သိရပါတယ်။
လျှောက်ထားသူများ အနေဖြင့် ထိုင်းဘာသာ စကား နဲ့ ထိုင်းစာ တတ်ရန်လိုအပ်ပြီး ကွန်ပျူတာ စာရင်းဇယားပိုင်းနှင့် ပတ်သက်၍လည်း တတ်ကျွမ်းရန်လိုအပ်သလို အင်္ဂလိပ်စာ အသင့်တင့်တတ်ရန်လိုအပ်ကြောင်းလည်း သိရပါတယ်။






လိုအပ်ချက်များ
၁) ရပ်ကွက်ထောက်ခံချက်
၂) ရဲစခန်း ထောက်ခံချက်

အရည်အချင်း
၁) ထိုင်းစာ/စကား
၂) အင်္ဂလိပ်စာ/စကား(အသင့်တင့်)
၃) ကွန်ပျူတာ စာရင်း/ဇယား ကျွမ်းကျင်

အသေးစိပ်ဆက်သွယ်စုံစမ်းရန်
ဦးကျော်ဆွေ ( တာချီလိတ်နယ်စပ်ကုန်သည်များအသင်း )
မြန်မာဖုန်း။      ။ 09 4282 10579
ထိုင်းဖုန်း။        ။ 089 7550 980