Latest News

Dropdown Menu

Showing posts with label နမ့်ခမ်း. Show all posts
Showing posts with label နမ့်ခမ်း. Show all posts

Sunday, February 16, 2014

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ မူဆယ်ခရိုင်၊ နမ်းခမ်းမြို့ မှ တရုတ်နိုင်ငံ နောင်တောင်းမြို့သို့ သွားသည့် မန့်ဟောင်းကူးတို့ဆိပ်မှာ စိတ်ကြွဆေးပြား (၂၄၃၇၅၀)ပြား ကာလတန်ဖိုးအားဖြင့် ကျပ်ငွေသိန်းပေါင်း (၄၈၇၅)သိန်းခန့်အား မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်၊ နမ့်ခမ်းလှုပ်ရှားအဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ(၁၆)ရက် ညနေ(၅း၄၅)နာရီ အချိန်ခန့်က တရားခံနှစ်ဦးနှင့်အတူ ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။


ဖြစ်စဉ်မှာ  နောင်တောင်းမြို့သို့ သွားသည့် မန့်ဟောင်းကူတို့ဆိပ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် မူးယစ်ဆေးဝါးသတင်းအရ ကြိုတင်စောင့်ဆိုင်းနေကြစဉ် နမ်းခမ်းဘက်မှ မန့်ဟောင်း ကူးတို့ဆိပ်ဘက်သို့ မော်ဆင်ဝမ်xxx(ကျား) နှင့် ကျိုးဖန်ကတ်xxx(မ) တို့ နှစ်ဦး စီးနင်းလိုက်ပါလာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ အဆိုပါ နှစ်ဦးကြားတွင် တင်ဆောင်လာသည့် POLO တံဆိပ်ပါ အနက်ရောင် ခရီးဆောင်အိတ်အတွင်း၌ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှာဖွေတွေ့ရှိရကြောင်းသိရသည်။


ရှာဖွေတွေ့ရှိရသည့် စိတ်ကြွဆေးပြားများမှာ Wy စာတန်းပါသည့် ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြားဖြစ်ပြီး (၁)ထုပ်လျှင် (၁၉၅)ပြားပါ (၁၀)ထုပ်စီး၊ (၅)ထုပ်စီပါသည့် အထုပ်ကြီး (၂၅)ထုပ်၊ စုစုပေါင်း ဆေးပြားထုပ်ပေါင်း (၁၂၅၀)ထုပ်ရရှိပြီး စုစုပေါင်း ဆေးပြားမှာ (၂၄၃၇၅၀)ပြားရှိရာ ကာလတန်ဖိုးအားဖြင့် ကျပ်ငွေသိန်းပေါင်း(၄၈၇၅)သိန်းခန့်ရှိကြောင်း သိရသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူ အသက်(၂၀)နှစ်ရှိ မော်ဆင်ဝမ်xxx(ကျား) နှင့် အသက်(၁၈)နှစ်ရှိ ကျိုးဖန်ကတ်xxx(မ)တို့ နှစ်ဦးအား နမ့်ခမ်းမြို့မရဲစခန်းမှ မယ(ပ)၁၂/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)၂၀(ခ)/၂၁ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~

Monday, November 25, 2013

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ (၁၂)မိုင်စုစည်းကျေးရွာ၌ မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်၊ နမ့်ခမ်းလှုပ်ရှားအဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု(၁၀၁) ရှေ့တန်း အမှတ်(၁၆) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်နှင့် နမ့်ခမ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၂၄ရက် နံနက် ၈နာရီ ၃၀မိနစ် အချိန်ခန့်က ကျပ်သိန်းပေါင်း (၁၁၈၈)သိန်းခန့် တန်ဖိုးရှိသည့် ဘိန်းဖြူများ နှင့် ကျပ်သိန်းပေါင်း (၇၈၄၀)သိန်းခန့် တန်ဖိုးရှိသည့် စိတ်ကြွဆေးပြားများအား ရှာဖွေဖမ်းဆီး သိမ်းဆည်းရမိရာ တရားခံတစ်ဦး ဖမ်းဆီးရမိပြီး အဆိုပါဆေးဝါးများကို ပိုင်ဆိုင်သူ တရားခံတစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်သွားကြာင်း သတင်းရရှိသည်။


ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် ကွတ်ခိုင်မြို့နယ်၊ (၁၂)မိုင်စုစည်းကျေးရွာ၌ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ သတင်းရရှိထားသည့် အတွက် ရန်ရှောင်ဖxx၏ နေအိမ်အား အိမ်ရှာဝရမ်း အမှတ် (၇၅/၂၀၁၃)ဖြင့် ၀င်ရောက်ရှာဖွေရာ ၎င်း၏ နေအိမ် မီးဖိုခန်းနှင့် တွဲလျှက် ပစ္စည်းများထားသိုသည့် စတိုခန်းအတွင်းမှ အစိမ်းရောင် မြွေရေခွံအိတ်များအတွင်းမှ အဖြူရောင် ပလပ်စတစ်အိတ်ဖြင့် ထုပ်လျှက် ဘိန်းဖြူ (၁၂)ဂရမ်ခန့်စီပါသည့် ဘိန်းဖြူဆပ်ပြာခွက် (၄၉၅)ခွက်  စုစုပေါင်း အလေးချိန်မှာ (၅.၉၄)ကီလိုရှိရာ ကာလတန်ဖိုးမှာ ကျပ်ငွေ (၁၁၉၉)သိန်း ရှိကြောင်း သိရသည်။


ဆက်လက်၍ ရှာဖွေရာ သံသေတ္တာအတွင်းမှ မှိုင်းကိုင် စက္ကူပလပ်စတစ်တိပ်တို့ဖြင့် ပတ်ထားသည့် အပြာရောင် ပလပ်စတစ်ကပ်ခွာ အိတ်ငယ်များ အတွင်းမှ Wy စာတန်းပါ နီညိုရောင် စိတ်ကြွဆေးပြား စုစုပေါင်း (၁၁၈၈၀၀)ပြားနှင့် 88 နှင့် 1 စာတန်း တစ်ဖက်စီပါသည့် နီညိုရောင် စိတ်ကြွဆေးပြား (၂၇၃၂၄၀)ပြားတို့အား ရှာဖွေတွေ့ရှိရာ စုစုပေါင်း စိတ်ကြွဆေးပြားများမှာ (၃၉၂၀၄၀)ပြားဖြစ်ပြီး အဆိုပါ ဆေးပြားများ၏ ကာလတန်ဖိုးငွေမှာ ကျပ် (၇၈၄၀)သိန်းခန့်ရှိကြောင်း သိရသည်။

ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသော ဆေးဝါးများနှင့်ပတ်သက်၍ နမ့်ခမ်းမြို့မရဲစခန်းမှ မူးယစ်(ပ) ၉၃/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁အရ မူးယစ်ဆေးဝါးများအား လက်ဝယ်တွေ့ရှိရသူ အသက် (၃၈)နှစ်ရှိ ရန်ရှောင်ဖxxx နှင့် အဆိုပါဆေးဝါးများ၏ ပိုင်ရှင်ဖြစ်သူ ထွက်ပြေးတိမ်းရှောင်နေသူ အသက် (၅၀)၀န်းကျင်ရှိ လီကျင်းဟွာxxxတို့အား နိုဝင်ဘာလ ၂၄ရက် ညနေ ၅နာရီခွဲ အချိန်က အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~



Sunday, November 24, 2013

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ (၁၂)မိုင်စုစည်းကျေးရွာ၌ မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်၊ နမ့်ခမ်းလှုပ်ရှားအဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု(၁၀၁) ရှေ့တန်း အမှတ်(၁၆) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်နှင့် နမ့်ခမ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၂၄ရက် နံနက် ၇နာရီ ၁၅မိနစ် အချိန်ခန့်က စိတ်ကြွဆေးပြားများနှင့် ဘိန်းစိမ်းများအား တရားခံနှင့်အတူ ဖမ်းဆီးသိမ်းဆည်း ရမိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် မူးယစ်ဆေးဝါးသတင်းအရ ကွတ်ခိုင်မြို့နယ်၊ (၁၂)မိုင်စုစည်းကျေးရွာ၌ အိမ်ရှာဝရမ်းအမှတ် (၇၄/၂၀၁၃)ဖြင့် ရန်ကွမ်းxxx(ကျား)၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ နေအိမ်တွင် ရန်မြင်xx(မ)တစ်ဦးတည်း ရှိနေပြီး ဆက်လက်ရှာဖွေရာ နေအိမ်အတွင်းမှ အမဲရောင် ကျွတ်ကျွတ်အိတ်ဖြင့် ထုပ်လျှက် ကျပ်ငွေ (၁၅)သိန်းခန့် တန်ဖိုးရှိသည့် ဘိန်းစိမ်း (၁.၅)ကီလိုခန့် နှင့် အပြာရောင် ပလပ်စတစ်ကပ် ခွာအိတ်ငယ်များဖြင့် ထည့်ထားသည့် 88 နှင့် 1 စာတမ်း တစ်ဖက်စီပါသည့် နီညိုရောင် စိတ်ကြွဆေးပြား စုစုပေါင်း (၆၁၀)ပြားအား ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးများအား လက်ဝက်တွေ့ရှိရသူ ရန်မြင်(မ) နှင့် အဆိုပါ မူးယစ်ဆေးဝါးများပိုင်ရှင် ထွက်ပြေးတိမ်းရှောင်နေသူ ရန်ကွမ်းxxxx(ကျား)တို့ နှစ်ဦးအား နမ့်ခမ်းမြို့မရဲစခန်းမှ မူးယစ်(ပ) ၉၂/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁အရ နိုင်ဝင်ဘာ ၂၄ရက် ညနေ ၅နာရီဝန်းကျင်က အမှုဖွင့်၍ အရေးယူထားရှိကြောင်း သတင်းရရှိသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~


Thursday, November 21, 2013

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ရပ်ကွက်(၁၄)၌ မူးယစ်တပ်ဖွဲ့စု(၂၂) မူဆယ်၊ နမ့်ခမ်းလှုပ်ရှားမူးယစ်အဖွဲ့ နှင့် မူးယစ်တပ်ဖွဲ့စု(၁၀၁) နေပြည်တော်တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ စိတ်ကြွဆေးပြားနှင့် ဘိန်းဖြူအနည်းငယ်ကို (၂၀၁၃)ခုနှစ် နိုဝင်ဘာလ (၂၂)ရက် နံနက် (၄) နာရီ (၄၅) မိနစ်အချိန်ခန့်က ဖမ်းဆီး သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ နမ့်ခမ်းမြို့ ရပ်ကွက်(၁၄) အိမ်အမှတ် (၇၈/--) ကျန်းလုxxx ၏ နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ အဆိုပါအဖွဲ့မှ အိမ်ရှာဝရမ်းအမှတ် (၇၃/၂၀၁၃)ဖြင့် ၀င်ရောက်ရှာဖွေရာ ၎င်းအား နေအိမ် အိပ်ခန်းအတွင်း အသင့်တွေ့ရှိရပြီး ဆက်လက်၍ စစ်ဆေးရှာဖွေရာမှ ၎င်း၏ ခါးတွင် ပတ်လျှက်တွေ့ရှိရသော ဂျင်းခါးပတ်အိတ် အတွင်းမှ ကာလတန်ဖိုးငွေ ကျပ် ၃၇၂၀၀၀ခန့် ရှိသည့် Wy စာတန်းပါ နီညိုရောင် စိတ်ကြွဆေးပြား (၁၈၆)ပြား နှင့် အဖြူရောင် ပုလင်းငယ်ဖြင့်ထည့်လျှက် ဘိန်းဖြူ (၀.၇)ဂရမ်အား ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးများနှင့် လက်ဝယ်တွေ့ရှိရသူ အသက် (၃၁)နှစ်ရှိ ကျန်းလုxxxအား နမ့်ခမ်းမြို့မရဲစခန်းမှ မူးယစ်(ပ) ၉၁/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)အရ ယနေ့ နံနက် ၉နာရီခွဲအချိန်က အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~



Wednesday, November 20, 2013

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် အ၀င်မုဒ်ဦး၌ ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၁၉ရက် မွန်းလွဲ ၃နာရီခွဲ အချိန်ခန့်က မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်ပါဝင်သည့် နမ့်ခမ်းလှုပ်ရှားအဖွဲ့နှင့် သက်သေများပါသည့် ပူးပေါင်းအဖွဲ့မှ ဘိန်းဖြူ နှင့် စိတ်ကြွဆေးပြားများအား တရားခံနှင့်အတူ ဖမ်းဆီး သိမ်းဆည်း ရမိကြောင်း သတင်းရရှိသည်။


ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် နမ့်ခမ်းမြို့ အ၀င်မုဒ်ဦး၌ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အဖြစ် ဆောင်ရွက်နေကြစဉ် ကောင်းကတ်ကျေးရွာနေ နမ့်စန်ဂိုဒေါင်ရွာဘက်မှ အသက် ၃၂နှစ်ရှိ ယိုင်လွင့်xxx စီးနင်းလာသည့် ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာမှ ၎င်းဝတ်ဆင်ထားသော အနွေးအင်္ကျီ ယာဘက်အတွင်း အနီရောင် ဆပ်ပြာခွက်ထဲ၌ အဖြူရောင် ပလပ်စတစ်အိတ်ဖြင့် ထည့်လျှက် အလေးချိန် ၁၂ ဂရမ်ခန့်ရှိသည့် ဘိန်းဖြူ နှင့် အပြာရောင် ပလပ်စတစ် ကပ်ခွာအိတ်ဖြင့် ထည့်လျှက် Wy စာတန်းပါ နီညိုရောင် စိတ်ကြွဆေးပြား ၁၉၈ပြားအား ရှာဖွေတွေ့ရှိရ၍ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ ယိုင်လွင့်xxx အား နမ့်ခမ်းမြို့မရဲစခန်းမှ မူးယစ်(ပ)၉၀/၂၀၁၃၊  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူ ထားရှိကြောင်း သတင်းရရှိသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~ 
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~



Tuesday, November 19, 2013

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ကောင်းကတ်ကျေးရွာ၌ မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်၊ နမ့်ခမ်းလှုပ်ရှားမူးယစ်အဖွဲ့ နှင့် မူးယစ်တပ်ဖွဲ့စု(၁၀၁)နေပြည်တော် တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ငွေကျပ် ၃၄၀၀၀၀ခန့် တန်ဖိုးရှိသည့် စိတ်ကြွဆေးပြား ၁၇၀ ပြားအား ၂၀၁၃ခုနှစ် နိုဝင်ဘာလ၁၉ရက် နံနက် ၉နာရီအချိန်က တရားခံနှင့်အတူ ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။


ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့သည် ကောင်းကတ်ကျေးရွာ၌ မူးယစ်ဆေးဝါးများ လက်လီရောင်းချနေကြောင်းကို သတင်းရရှိ၍ ဒေါ်ခမ်းxx နေထိုင်သည့်အိမ်အား နေအိမ်ရှာဖွေခွင့်ဝရမ်းဖြင့် ၀င်ရောက်ရှာဖွေရာ ၎င်းနေအိမ် အိပ်ခန်းအတွင်းကုတင်ပေါ်ရှိ အိပ်ယာခင်းအောက်မှ အပြာရောင် ပလပ်စတစ်ကတ်ခွာအိတ်ဖြင့် ထည့်လျှက် Wy နှင့် 1 စာတန်းတစ်ဖက်စီပါ ပန်းရောင် စိတ်ကြွဆေးပြား ၁၇၀ ပြားအား တွေ့ရှိရ၍ တရားခံနှင့်အတူ ဖမ်းဆီးသိမ်းဆည်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ အသက် ၄၇ နှစ်ရှိ ဒေါ်ခမ်းxxxအား နမ့်ခမ်းမြို့မရဲစခန်းမှ မူးယစ်(ပ)၈၉/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)အရ နိုဝင်ဘာလ ၁၉ရက် မွန်းလွှဲ ၁နာရီ၄၀မိနစ် အချိန်ခန့်က အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိသည်။


ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ရက် နံနက် ၅နာရီအချိန်က အဆိုပါ ပူးပေါင်းအဖွဲ့မှပင် နမ့်ခမ်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အနော်ရထာလမ်းရှိ နေအိမ်အမှတ် (နခ/၁--) အား နေအိမ်ရှာဖွေခွင့်ဝရမ်း အမှတ် (၆၉/၂၀၁၃)ဖြင့် ၀င်ရောက်ရှာဖွေရာ အသက် ၃၁နှစ်ရှိ အိမ်ရှင်ဖြစ်သူ ကိုကျော်xx နှင့်အတူ စိတ်ကြွဆေးပြား ၁၂ပြားနှင့် ဘိန်းဖြူ ၀.၈ ဂရမ်ခန့်အား ရှာဖွေ့တွေ့ရှိရသည့်အတွက် နမ့်ခမ်းမြို့မရဲစခန်းမှ မူးယစ်(ပ) ၈၇/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆(ဂ)အရ အရေးယူထားရှိကြောင်း သိရသည်။


ထို့အတူပင် နိုဝင်ဘာလ ၁၈ရက် နေ့လည် ၁၀နာရီ ၅၅မိနစ်အချိန်ခန့်က မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ် ပါဝင်သည့် ပူးပေါင်းအဖွဲ့မှပင် နမ့်ခမ်းမြို့နယ် ကုန်းဆာရွာအ၀င် ညောင်ပင်အနီး နမ့်ခမ်း-မူဆယ် သွားသည့် ကားလမ်းမပေါ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအတွက် စစ်ဆေးမှုများ ပြုလုပ်နေစဉ် မသင်္ကာဖွယ်ရာ လူတစ်ဦးအား ရှာဖွေစစ်ဆေးရာမှ ဘိန်းဖြူ ၀.၂ ဂရမ်ခန့်အား ရှာဖွေတွေ့ရှိရ၍ တရားခံဖြစ်သူ အသက် ၄၅နှစ်အရွယ် ဦးအိုက်xx အား  နမ့်ခမ်းမြို့မရဲစခန်းမှ မူးယစ်(ပ) ၈၈/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆(ဂ)အရ အရေးယူထားရှိကြောင်း သိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~



Thursday, November 14, 2013

မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့စု (၂၂) မူဆယ်၊ နမ့်ခမ်းလှုပ်ရှား မူးယစ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ နှင့် မူးယစ်တပ်ဖွဲ့စု (၁၀၁) နေပြည်တော်မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ ငွင်အင်သင်္ချိုင်းအနီး၌ ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၁၄ရက် နံနက် ၇နာရီခွဲ အချိန်ခန့်က ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများအား တရားခံနှင့်အတူ ဖမ်းဆီးသိမ်းဆည်း ရမိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးများ လာရောက် ရောင်းချမည်ဟု ပူးပေါင်းအဖွဲ့မှ သတင်းရရှိ၍ နမ့်ခမ်းမြို့ ငွင်အင်သင်္ချိုင်းအနီးရှိ
ချုံပုတ်ထဲတွင် လျှို့ဝှက်စောင့်ဆိုင်းနေစဉ် မူးယစ်ဆေးဝါးများ လာရောက်ရောင်းချရန် ရောက်ရှိလာသူ စီလွယ်xxxအား တွေ့ရှိရ၍ လုံးထွေး ဖမ်းဆီးပြီး စစ်ဆေးရှာဖွေရာ စီလွယ်xx၏ ခါးတွင် ပတ်ထားသော မီးခိုးရောင် ခါးပတ် အိတ်အတွင်းမှ Just Modern တံဆိပ်ပါ အ၀ါရင့်ရောင် ကော်ဗူး အတွင်းမှ ၁ ဗူး လျှင် ၂ ဂရမ်ခန့်စီပါသည့် ဘိန်းဖြူ ၅ ဗူး နှင့် ဖော့အဆို့ဖြင့် ပိတ်ထားသော အဖြူရောင် ဖန်ပုလင်းထဲမှ  ၁ ဂရမ်စီပါသည့် ၂ပုလင်းတို့အား ရှာဖွေတွေ့ရှိရာ အဆိုပါ ဘိန်းဖြူများ၏ အလေးချိန် စုစုပေါင်းမှာ ၁၂ ဂရမ်ခန့် ရှိပြီး ဒေသပေါက်ဈေးအရ တန်ဖိုးငွေ ၂၄၀၀၀၀ကျပ် ရှိကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့မှ ဆက်လက်၍ ရှာဖွေရာ ခါးပတ်အိတ်ထဲမှပင် အပြာရောင် ပလပ်စတစ် ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် WY စာတန်းပါ နီညိုရောင် စိတ်ကြွဆေးပြား ၁ထုပ်လျှင် ၂၀၀ပြားစီပါသည့် အထုပ် ၂ ထုပ်ကို တွေ့ရှိရာ ဆေးပြားစုစုပေါင်းမှာ ၄၀၀ပြားရှိသည့် အတွက် ဒေသပေါက်ဈေးအရ တန်ဖိုးငွေ ၁၆၀၀၀၀၀ ကျပ် ရှိကြောင်း သိရသည်။

မူးယစ်ဆေးဝါးနှင့်အတူ လက်ဝယ်တွေ့ရှိရသူ အသက် ၃၇ နှစ်ရှိ စီလွယ်xxx အား နမ့်ခမ်း ရဲစခန်းမှ မူးယစ်(ပ) ၈၄/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~ 
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~



Tuesday, November 12, 2013

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်အတွင်း၌ မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ် နှင့် နမ့်ခမ်းလှုပ်ရှားအဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၁၂ရက်၊ နံနက် ၅နာရီအချိန်က မူးယစ်ဆေးဝါးသတင်းအရ စိတ်ကြွဆေးပြား ၁၀၈၅၀ ပြားအား တရားခံနှင့်အတူ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် နမ့်ခမ်းမြို့နယ်တွင်းနှင့် နမ့်ခမ်းမြို့ နောင်တိန်းရွာ ကူးတို့ဆိပ် အနီး၌ မူးယစ်ဆေးဝါး သတင်းအရ လျှို့ဝှက်စောင့်ဆိုင်းနေစဉ် မဖုံဆွေxxxx စီးနင်းလာသည့် တရုတ်နိုင်ငံထုတ် ဟန်ဆင်း - 125 အစိမ်းရောင်(လိုင်စင်မဲ့)ဆိုင်ကယ်အား ရပ်တန့်ရှာဖွေ စစ်ဆေးရာ ၎င်း၏ ၀ဲဘက်ပခုံးတွင် လွယ်ထားသည့် လက်ဆွဲအိတ်အတွင်းမှ ကမ္ဘာလုံးတံဆိပ်ပါ အပြာရောင်ပလပ်စတစ် ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် (88) နှင့် (1)စာတန်း တစ်ဖက်စီပါ နီညိုရောင် စိတ်ကြွဆေးပြား ၁ပြားလျှင် ၂၀၀ ပြားစီ ပါသည့် အထုပ် ၄၀ စုစုပေါင်း ဆေးပြား ၈၀၀၀ ပြား နှင့် နှင်းဆီပန်း တံဆိပ်ပါ အပြာရောင် ပလပ်စတစ် ကပ်ခွာအိတ်ဖြင့် ထည့်လျှက် WY စာတန်းပါ နီညိုရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀ပြားစီပါသည့် အထုပ် ၁၅ထုပ် စုစုပေါင်း ၂၈၅၀ပြား၊ စုစုပေါင်း ဖမ်းဆီးသိမ်းဆည်းရမိသော ဆေးပြားများမှာ ၁၀၈၅၀ ပြားရှိပြီး အလေးချိန်မှာ ၁.၀၈၅ ကီလိုရှိကြောင်း သိရသည်။ စိတ်ကြွဆေးပြားများအပြင် အမဲရောင် ပလပ်စတစ်အိတ်ဖြင့် ထုတ်ထားသည့် ဘိန်းစိမ်းဟု ယူဆရသော အမဲအစေး အလေးချိန် ၄၇၀ ဂရမ်ခန့်အား သိမ်းဆည်းရမိသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ မဖုံဆွေxxအား နမ့်ခမ်း ရဲစခန်းမှ မူးယစ်(ပ) ၈၂/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိသည်။


~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~ 
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~



၂၀၁၃ခုနှစ် နိုဝင်ဘာလ ၁၁ရက် ညနေ ၆နာရီခွဲ အချိန်ခန့်က ရှမ်းပြည်နယ်(မြောက်ပိုင်း)
 နမ့်ခမ်းမြို့နယ် ငွင်အင်ရွာအနီး၌  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၂၂)မူဆယ် နှင့် နမ့်ခမ်းလှုပ်ရှားအဖွဲ့မှ တပ်ဖွဲ့ဝင်များ ပူးပေါင်းသည့် ပူးပေါင်းအဖွဲ့တို့မှ မူးယစ်ဆေးဝါးသတင်းအရ စစ်ဆေးမှုများပြုလုပ်နေစဉ် စိတ်ကြွဆေးပြား ၁၆၆ ပြား အား တရားခံနှင့်အတူ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အဆိုပါပူးပေါင်းအဖွဲ့တို့သည် နမ့်ခမ်းမြို့နယ်၊ ငွင်အင်ရွာအနီးတွင် မူးယစ်ဆေးဝါးသတင်းအရ စစ်ဆေးမှုများ ပြုလုပ်နေစဉ် လီကျာxxx စီးနင်းလာသည့် ဟန်ဆင်း-125 ဆိုင်ကယ်အား မသင်္ကာ၍ ရပ်တန့် စစ်ဆေးရှာဖွေရာ လီကျာxxx ၀တ်ဆင်ထားသော အနွေးအင်္ကျီ ၀ဲဘက်အတွင်း အိတ်ကပ်ထဲမှ အပြာရောင် ပလပ်စတစ် ကပ်ခွာအိတ်ဖြင့် ထည့်လျှက် (88) နှင့် (1)စာတန်း တစ်ဖက်စီပါ နီညိုရောင် စိတ်ကြွဆေးပြား ၁၆၆ပြားအား ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးနှင့်အတူ လက်ဝယ်တွေ့ရှိရသူ အသက် ၂၇နှစ်အရွယ်ရှိ လီကျာxxx အား နမ့်ခမ်းရဲစခန်းမှ မူးယစ်(ပ) ၈၁/၂၀၁၃၊  မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~